Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Soma Santoki
7.6
The Boy and the Heron (2023) Cam Version
IMDb - 7.6/10 Rotten Tomatoes - 97%Studio Ghibliရဲ့နောက်ဆုံးထွက်ဇာတ်ကားလည်းဖြစ်ပြီးSpirited Awayဇာတ်ကားအပြီး ဒုတိယမြောက်Oscarရထားတဲ့ဇာတ်ကားလည်းဖြစ်တဲ့ ဒီကားဟာပြောရရင် နည်းနည်းဆန်းတယ်ပြောရမလားပဲ။ ဒီကားကိုရုံတင်ခါနီးအထိ marketingနဲ့ပတ်သတ်ပြီးဘာမှထွေထွေထူးထူးမလုပ်ခဲ့သလို trailerတောင်မကောင်းတတ်လို့ထုတ်ပေးလိုက်တဲ့ပုံစံမျိုး ချေပြခဲ့တာပါ။ ပြောရမယ်ဆိုရင် ငါတို့Studio Ghibliကထုတ်တာမလို့ဘာမှထွေထွေထူးထူးmarketingဆင်းစရာမလိုဘူး။ကောင်းကိုကောင်းစေရမယ်။လာကြည့်ကြဆိုတဲ့အထာမျိုးပေါ့။ တခြားstudioတွေသာ အဲ့အကွက်လုပ်ရင်ပေါက်သင့်သလောက်မပေါက်ပဲ ဖြစ်မှဖြစ်ပေမဲ့Studio Ghibliက ဆရာကြီးမှ တကယ့်ဆရာကြီးဆိုတော့ရုံလည်းတင်ရော သူတို့studioက တင်တင်ချင်းရက်မှာဝင်ငွေစံချ်န်ချိုးခဲ့တဲ့ Howl's moving castleရဲ့အဖွင့်ရက်ဝင်ငွေကိုတောင် ပြန်ချိုးခဲ့ပြီးJapan box officeမှာ အောင်ပွဲခံခဲ့ပါတယ်။ အခုအထိလည်း နိုင်ငံတကာမှာပြသနေတဲ့အပြင်ကြည့်သူတွေအများအပြားရှိသေးတာမလို့ digital release(အကြည်)ဟာဇွန်လမှထွက်မယ်ဆိုတဲ့အထိကို ကြမ်းနေပါတယ်။ သတင်းတွေကလည်း စွတ်ကြီးနေတော့ ကျနော်ကိုယ်တိုင်လည်းဟုတ်ပါ့မလားဆိုပြီး ကြည့်ချင်နေခဲ့တာပါ။နောက်တော့ januaryလမှာပဲ ရုံခိုးရိုက်ထွက်လာပါတယ်။ဖွင့်ကြည့်တော့ တော်တော်ကိုရိုက်ထားတာအဆင်မပြေတာရော၊ဘိုစာတန်းမဟုတ်တာရောကြောင့် မကြည့်ဖြစ်ခဲ့ဘူးဗျ။ ပြီးခဲ့တဲ့တစ်လလောက်မှာတော့ ဘိုစာသီးသန့်ထွက်လာပါတယ်။ဒါပေမဲ့ ရုံခိုးရိုက်ပဲရှိသေးတာမလို့ ကြည့်သင့်မကြည့်သင့်လုပ်နေရာကနေ၂ပတ်ကြာသွားခဲ့တယ်လေ။ ဒီနေ့တော့ ဘာပဲဖြစ်ဖြစ် နည်းနည်းတော့ ကြည့်လိုက်မယ်ကွာဆိုပြီးအစပိုင်းလေးဖွင့်ကြည့်ဖို့လုပ်ရာကနေ ရုံခိုးရိုက်ဆိုတာရော၊အသံဝါးတာရော အကုန်မေ့သွားပြီး ဇာတ်လမ်းကိုအဆုံးထိမျောပါသွားခဲ့တာဗျ။ဇာတ်လမ်းဆုံးတော့လည်း Studio Ghibliကတော့ လုပ်ချလိုက်ပြန်ပြီ။တကယ့်ဆရာကြီးပါကွာဆိုပြီးပဲတွေးမိနေတော့တယ်။ဇာတ်လမ်းအမျိုးအစားကတော့ Studio Ghibliရဲ့ အော်စကာဆုရSpirited awayလို နတ်ဖွက်တဲ့ဇာတ်လမ်းပါပဲ။ ဒါပေမဲ့ တူတော့မတူဘူးဗျ။ alice ...
movie
The Boy and the Heron (2023) Cam Version
2023