Channel Myanmar

The Boy and the Heron (2023) Cam Version

Kimitachi wa dô ikiru ka    

2h 4m ActionAdventureAnimation

7.6
IMDB: 7.6/10 votes

Japan

254221

Report error

IMDb – 7.6/10
Rotten Tomatoes – 97%

Studio Ghibliရဲ့နောက်ဆုံးထွက်ဇာတ်ကားလည်းဖြစ်ပြီး

Spirited Awayဇာတ်ကားအပြီး ဒုတိယမြောက်

Oscarရထားတဲ့ဇာတ်ကားလည်းဖြစ်တဲ့ ဒီကားဟာ

ပြောရရင် နည်းနည်းဆန်းတယ်ပြောရမလားပဲ။

ဒီကားကိုရုံတင်ခါနီးအထိ marketingနဲ့ပတ်သတ်ပြီး

ဘာမှထွေထွေထူးထူးမလုပ်ခဲ့သလို trailerတောင်မကောင်းတတ်လို့

ထုတ်ပေးလိုက်တဲ့ပုံစံမျိုး ချေပြခဲ့တာပါ။

ပြောရမယ်ဆိုရင် ငါတို့Studio Ghibliကထုတ်တာမလို့

ဘာမှထွေထွေထူးထူးmarketingဆင်းစရာမလိုဘူး။

ကောင်းကိုကောင်းစေရမယ်။

လာကြည့်ကြဆိုတဲ့အထာမျိုးပေါ့။

တခြားstudioတွေသာ အဲ့အကွက်လုပ်ရင်

ပေါက်သင့်သလောက်မပေါက်ပဲ ဖြစ်မှဖြစ်ပေမဲ့

Studio Ghibliက ဆရာကြီးမှ တကယ့်ဆရာကြီးဆိုတော့

ရုံလည်းတင်ရော သူတို့studioက တင်တင်ချင်းရက်မှာ

ဝင်ငွေစံချ်န်ချိုးခဲ့တဲ့ Howl’s moving castleရဲ့

အဖွင့်ရက်ဝင်ငွေကိုတောင် ပြန်ချိုးခဲ့ပြီး

Japan box officeမှာ အောင်ပွဲခံခဲ့ပါတယ်။

အခုအထိလည်း နိုင်ငံတကာမှာပြသနေတဲ့အပြင်

ကြည့်သူတွေအများအပြားရှိသေးတာမလို့ digital release(အကြည်)ဟာ

ဇွန်လမှထွက်မယ်ဆိုတဲ့အထိကို ကြမ်းနေပါတယ်။

သတင်းတွေကလည်း စွတ်ကြီးနေတော့ ကျနော်ကိုယ်တိုင်လည်း

ဟုတ်ပါ့မလားဆိုပြီး ကြည့်ချင်နေခဲ့တာပါ။

နောက်တော့ januaryလမှာပဲ ရုံခိုးရိုက်ထွက်လာပါတယ်။

ဖွင့်ကြည့်တော့ တော်တော်ကိုရိုက်ထားတာအဆင်မပြေတာရော၊

ဘိုစာတန်းမဟုတ်တာရောကြောင့် မကြည့်ဖြစ်ခဲ့ဘူးဗျ။

ပြီးခဲ့တဲ့တစ်လလောက်မှာတော့ ဘိုစာသီးသန့်ထွက်လာပါတယ်။

ဒါပေမဲ့ ရုံခိုးရိုက်ပဲရှိသေးတာမလို့ ကြည့်သင့်မကြည့်သင့်လုပ်နေရာကနေ

၂ပတ်ကြာသွားခဲ့တယ်လေ။

ဒီနေ့တော့ ဘာပဲဖြစ်ဖြစ် နည်းနည်းတော့ ကြည့်လိုက်မယ်ကွာဆိုပြီး

အစပိုင်းလေးဖွင့်ကြည့်ဖို့လုပ်ရာကနေ ရုံခိုးရိုက်ဆိုတာရော၊

အသံဝါးတာရော အကုန်မေ့သွားပြီး ဇာတ်လမ်းကိုအဆုံးထိမျောပါသွားခဲ့တာဗျ။

ဇာတ်လမ်းဆုံးတော့လည်း Studio Ghibliကတော့ လုပ်ချလိုက်ပြန်ပြီ။

တကယ့်ဆရာကြီးပါကွာဆိုပြီးပဲတွေးမိနေတော့တယ်။

ဇာတ်လမ်းအမျိုးအစားကတော့ Studio Ghibliရဲ့ အော်စကာဆုရ

Spirited awayလို နတ်ဖွက်တဲ့ဇာတ်လမ်းပါပဲ။

ဒါပေမဲ့ တူတော့မတူဘူးဗျ။ alice in wonderlandလို အရသာမျိုးလည်း

ကြည့်နေရင်း ရပါတယ်။

ဒါပေမဲ့ ရုံခိုးရိုက်ဖြစ်နေတော့ ကြားထဲမှာ ၁၀မိနစ်စာလောက် ပါမလာတာတော့ရှိပေမဲ့

ဇာတ်လမ်းက ကောင်းလွန်းနေတော့ အဆုံးထိဆက်ကြည့်ဖြစ်တာပါပဲ။

ဇာတ်လမ်းအကျဥ်းကတော့

မဟိတိုဆိုတဲ့ကောင်လေး အမေဟာ ဆေးရုံမီးလောင်မှုမှာဆုံးပါးသွားခဲ့ပါတယ်။

မဟတိုဟာ နောက်တော့ သူ့အဖေနဲ့အတူ တိုကျိုမြို့ကနေထွက်ခွာပြီး

နယ်မြေလေးကိုပြောင်းရွှေ့ခဲ့တာပါ။

အဲ့ဒီနယ်မြို့လေးမှာက မဟိတိုရဲ့မိထွေးဖြစ်သူဟာ နေထိုင်နေတာလေ။

တရက်ကျတော့ ငဟစ်ငှက်ကြီးတစ်ကောင်ပေါ်လာပြီး

မဟိတိုရဲ့အမေမသေသေးကြောင်း မဟိတိုကိုလာပြောပါတယ်။

အမေကိုပြန်တွေ့ချင်ရင် သူ့နောက်လိုက်ခဲ့ဖို့ပါထပ်ပြောတယ်လေ။

နောက်ရက်အနည်းငယ်ကြာတော့ မဟိတိုရဲ့မိထွေးဟာ ပျောက်သွားခဲ့တယ်။

အဲ့လိုနဲ့မဟိတိုဟာ မိထွေးဖြစ်သူကိုလိုက်ရှာရင်းကနေ

ငဟစ်ငှက်ကြီးနဲ့ပြန်ဆုံပါတယ်။

ငဟစ်ငှက်ကြီးဟာ တကယ်တော့…….

အညွှန်းကိုဒီလောက်နဲ့ရပ်လိုက်ပါမယ်။

ကြည်မှကြည့်ချင်သူတွေကတော့ ဇွန်လအထိ စောင့်လိုက်ပါ။

အခုversionကလည်း အသံဝါးနေပြီး

ဇာတ်ဝင်တေးမပါတာကလွဲရင် ကြည့်ရတော်တော်အဆင်ပြေပါတယ်။

ဇာတ်လမ်းကောင်းတာလေးနဲ့အချိန်ကုန်ဆုံးချင်သူတွေကတော့

ကြည့်ကိုကြည့်သင့်ပါတယ်။

အကြည်ထွက်လာရင်လည်း စာပြန်စစ်ပြီး

သီချင်းတွေပါ ဖြည့်ပေးပါမယ်။

ရုပ်ရှင်ကားကို ဘာသာပြန်ပြီး ဇာတ်လမ်းအညွှန်းကို Dr.Nyan ကပဲ

ကိုယ်တိုင်ရေးပေးထားပါတယ်။

File size…     2.8 GB /   1.4 GB
Quality… CamRip 1080p / 720p
Format… mp4
Duration…. 2h 4m
Genre ….. Animation/Adventure
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Dr.Nyan

ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

No downloads available

Genres

Related movies