Channel Myanmar

Song Ziqiao

Spoony Woman ( 2023 ) 5.9
Spoony Woman ( 2023 ) အခုတစ်ခေါက် ဘာသာပြန် တင်ဆက်ပေးမဲ့ ရုပ်ရှင်လေးကတော့ တရုတ်ဒဏ္ဍာရီပုံပြင်လေးကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-မြေခွေး မိစ္ဆာမလေး ယင်းနင်ဟာ မွေးစားအမေနဲ့အတူ မြို့အပြင်တစ်နေရာမှာ အပူအပင်ကင်းစွာ နေထိုင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ လူ့ပြည်က ရှန့်ယွမ်ပွဲတော်ကို သွားလည်တဲ့ လမ်းမှာ ဝမ်းကျီဖူဆိုတဲ့ ပညာရှိနဲ့ ဆုံတွေခဲ့ပါတယ်။ဝမ်ကျီဖူဟာ ယင်းနင်အပေါ် မြင်မြင်ချင်း ချစ်မိသွားပြီး မစားနိုင် မသောက်နိုင် ဖြစ်ခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ ယင်းနင်ရဲ့ နေထိုင်ရာ နေရာကို ရှာတွေ့သွားပြီး လက်ထပ်ခွင့်တောင်းကာ အိမ်ကို ပြန်ခေါ်လာခဲ့ပါတယ်။ပညာတတ်မိသားစုဖြစ်တဲ့အတွက် ဝမ်ကျီဖူရဲ့ အမေဖြစ်သူ သခင်မဝမ်ဟာ လွတ်လပ်သွက်လက်တဲ့ ယင်းနင်ကို ကြည့်မရ ဖြစ်နေပါတယ်။ ယင်းနင်ဟာ မြေခွေးမိစ္ဆာဖြစ်ကြောင်း သိပြီးနောက်မှာတော့ သူ့သားနဲ့ ယင်းနင်နဲ့ကို ရအောင် ခွဲပါတော့တယ်။ယင်းနင်တစ်ယောက် သူ့အပေါ် အထင်အမြင်လွှဲမှား မှုတွေကို ဘယ်လို ဖြေရှင်းမလဲ ...... သူမရဲ့ မိဘအရင်းကရော ဘယ်သူတွေ ဖြစ်မလဲ..... ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : ...
movie

Spoony Woman ( 2023 )

Typhoon ( 2022 ) 6.3
Typhoon ( 2022 ) ဒီတစ်ခါမှာတော့ CMပရိသတ်ကြီးကိုသိုင်းလောကကနေခဏနားပြီး မတူညီတဲ့ရသတစ်မျိုးခံစားကြည့်နိုင်အောင် သဘာဝဘေးအန္တရာယ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့ Zhang Yi Fan ဆိုတဲ့ ကယ်ဆယ်ရေးသမားကြီးဟာ ၂၀၁၁ခုနှစ်လောက်တုန်းမှာ ပြင်းထန်တဲ့မုန်တိုင်းကြားမှာ သူတစ်ပါးကိုကယ်ဖို့ကြိုးစားရင်း သူ့သားအရင်းကိုဆုံးရှုံးလိုက်ရပါတယ်။ သားကိုဆုံးရှုံးရပြီးနောက်ပိုင်းမှာ ၁၀နှစ်ကြာတဲ့အထိ သူ့ဘဝဟာအဲဒီအရိပ်မဲထဲကနေမထွက်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့်ပဲ သူ့ဇနီးနဲ့သမီးဟာ သူနဲ့ကင်းကင်းရှင်းရှင်းနေဖို့တောင်းဆိုလာကြပါတယ်။သူ့သမီးလေးYao Yao ရဲ့မွေးနေ့မှာ မုန်တိုင်းကြီးထပ်ကျရောက်လာပါတော့တယ်။ ဒီမုန်တိုင်းဟာသာမန်မုန်တိုင်းဖြစ်ပေမယ့် ကမ္ဘာကြီးရဲ့ဝင်ရိုးစွန်းလည်ပတ်နှုန်းဟာမြင့်တက်လာတဲ့အတွက် အီကွေတာအနီးတစ်ဝိုက်ကလှိုင်းတွေဟာမြင့်တက်လာပြီး ကမ်းရိုးတန်းတွေဆီရောက်တဲ့အခါဆူနာမီလိုလှိုင်းကြီးတွေဖြစ်သွားပြီး အလွန်အားပြင်းတဲ့မုန်တိုင်းအသွင်ပြောင်းသွားပါတော့တယ်။အဲဒီအချိန်မှာမွေးနေ့ပွဲကျင်းပနေတဲ့ Yao Yao ဟာ သူ့ရဲ့သူငယ်ချင်းနဲ့ မြေအောက်ခန်းထဲမှာပိတ်မိသွားပါတယ်။ အလွန်အားပြင်းတဲ့မုန်တိုင်းကြားမှာ ကယ်ဆယ်ရေးသမားကြီးတစ်ယောက်ဇနီးနဲ့သမီးကိုဘယ်လိုကယ်တင်ရပါ့မလဲ။ သားကိုဆုံးရှုံးလိုက်ရသလိုမျိုးထပ်မဖြစ်ရလေအောင် ကယ်ဆယ်ရေးသမားကြီး အစွမ်းကုန်ကြိုးစားပုံကို သဲထိတ်ရင်ဖိုအားပေးလိုက်ကြပါဦးရှင် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Typhoon ( 2022 )