Channel Myanmar

Sophie Desmarais

Days of Happiness (2023) 6.8
Days of Happiness (2023) Days of Happiness (2023)~ IMDb - 6.8/10, Rotten Tomatoes - 100% ~ခမ်းနားလှတဲ့စင်မြင့်တွေပေါ်မှာ သံစုံတီးဝိုင်းကြီးတွေနဲ့အတူ များပြားလှတဲ့ ဂီတပညာရှင်တွေကို ညွှန်ကြားရတဲ့ ဂီတမှူးတွေကို တွေ့ဖူးကြမှာပါ။ ဒါပေမဲ့ မကြာမကြာတွေ့လေ့ရှိတာကတော့ အမျိုးသားဂီတမှူးတွေပဲဖြစ်မှာပါ။ ကမ္ဘာပေါ်မှာ ဂီတမှူးအဖြစ်အသက်မွေးတဲ့ အမျိုးသမီးအချိုးဟာ 36.4% ပဲ ရှိတာကြောင့် တော်ရုံတွေ့မိဖို့ကလည်း ကြုံတောင့်ကြုံခဲပါပဲ။ ဒီရုပ်ရှင်လေးကတော့ အမ်မာလို့ခေါ်တဲ့ ထူးချွန်ပြောင်မြောက်လွန်းတဲ့ အမျိုးသမီးဂီတမှူးလေးတစ်ဦးအကြောင်းပဲ ဖြစ်ပါတယ်။ကနေဒါနိုင်ငံ၊ မွန်ထရီရယ်ရဲ့ စင်မြင့်တွေမှာ တက်သစ်စကြယ်ပွင့်လေးဖြစ်တဲ့ အမ်မာလေးဟာ နှစ်ပေါင်းများစွာ သူ့ဖခင်ရဲ့ အလိုအတိုင်း သူ့ဖခင်ရဲ့ ချုပ်ကိုင်မှုအတိုင်း မျက်စိမှိတ် လိုက်နာလာခဲ့သူလေးပဲဖြစ်ပါတယ်။ ပက်ထရစ်ဟာ အမ်မာ့ ဖခင်ဖြစ်ရုံမက အမ်မာ့ရဲ့ အေးဂျင့်လည်းဖြစ်ပြန်ပါသေးတယ်။ ဒီတော့ ဘယ်ပွဲမှာ ဖျော်ဖြေလို့ ဘယ်အေဂျင်စီနဲ့ စာချုပ်ချုပ်မယ်ဆိုတာမျိုးတွေကအစ သူ့အဖေ ပက်ထရစ်ရဲ့ သဘောဖြစ်ပြီး အမ်မာဆိုတာ သူ့အဖေ ...
movie

Days of Happiness (2023)

Polytechnique (2009)
Polytechnique (2009) လူတွေဟာ စိတ်အလိုမကျမှုတွေ၊ စိတ်မွန်းကျပ်မှုတွေ၊ ဒေါသစိတ်တွေ အဆုံးစွန်ထိများပြားလာပြီး ဘယ်လိုမှမထိန်းနိုင်တော့တဲ့အခါ တစ်နည်းနည်းနဲ့ ပွင့်ထွက်ပေါက်ကွဲတတ်ကြတာ မဆန်းတဲ့ဖြစ်စဥ်တစ်ရပ်ဖြစ်ပါတယ်။ အဲ့လိုဖိစီးမှုတွေများလာတဲ့အခါ အချို့က တရားဓမ္မနဲ့ ပွင့်ထွက်စေသလို၊ တချို့က လောင်းကစား၊ အရက်မူးယစ်ဆေး၊ အပျော်အပါးတွေနဲ့ ဖြေလျှော့တတ်ပြီး တချို့ကျတော့လည်း တေးဂီတ၊ ရုပ်ရှင်တွေနားဆင်ကြည့်ရှုတာမျိုး၊ အပန်းဖြေခရီးထွက်တာမျိုးတွေနဲ့ အဆင်ပြေသွားတတ်ကြပါတယ်။ဒါပေမဲ့ တချို့လူတွေကတော့ စိတ်ထဲမှာအရမ်း overwhelmed ဖြစ်လာတဲ့အခါ တခြားသူတွေလို နည်းအမျိုးမျိုးနဲ့ဖြေသိမ့်ဖြေလျှော့နိုင်စွမ်းတွေမရှိကြပါဘူး။ သူတို့ဟာ များသောအားဖြင့် စိတ်ပညာသဘောတရားအရ introvert (အတွင်းကြိတ်) တွေဖြစ်လေ့ရှိကြပါတယ်။ အဲ့လိုလူတွေဟာ အတွင်းအဇ္ဈတ္တရဲ့ပူလောင်မွန်းကျပ်မှုကို တကိုယ်လုံး စိတ်ရောကိုယ်ပါ အကူးစက်ခံပြီးတဲ့အဆုံး၊ မတတ်သာတဲ့အဆုံးမှာတော့ နောက်ဆုံးထွက်ပေါက်ဖြစ်တဲ့ သေကြောင်းကြံတာမျိုးတွေ လုပ်တတ်ကြပါတယ်။တချို့အဲ့လိုလူမျိုးတွေကတော့ မိမိကိုယ်ကိုလည်း သေကြောင်းကြံသလို မိမိဘက်ကမတရားဘူးလို့ယူဆတဲ့အရာ၊ မိမိဒုက္ခတွေရဲ့ အရင်းအမြစ်လို့ သူ့ဟာသူယူဆတဲ့အရာတွေကိုပါ တပါတည်းအဆုံးသတ်ပြီးမှ သေကြောင်းကြံလေ့ရှိသလို တချို့ကျတော့လည်း အဲ့ဒီအရာတွေပေါ်ကို စိတ်လွှတ်ချပေါက်ကွဲပစ်လိုက်ရုံနဲ့ နှစ်သိမ့်ရာရသွားတတ်ကြတာမျိုးလည်းရှိပါတယ်။ဒါတွေဟာ ယနေ့ခေတ်မှာ ကျွန်တော်တို့မကြားချင်ဘဲကြားကြားနေကြရတဲ့ လက်နက်မဲ့သူတွေအပေါ် အကြမ်းဖက်မှုတွေ၊ ...
movie

Polytechnique (2009)

Head in the Clouds (2002) 6.6
Head in the Clouds (2002) ဇာတ်လမ်းလေးကတော့ ၁၉၃၃ခုနှစ် မိုးသည်းညလေးတစ်ညမှာ ဂယ်ဒါတဲ့ပိုက်ဆံရှိအထက်တန်းလွှာကမိန်းမချောလေးတစ်ယောက် ကမ်းဘရေခ်ျ့တက္ကသိုလ်ဝင်းထဲကိုပြေးဝင်လာရင်းနဲ့ ဂိုက်မယ်လွန်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ အခန်းမှာဝင်ပုန်းရင်းကနေဒီဇာတ်လမ်းလေးကိုစတင်ခဲ့တယ်ပဲဆိုရမှာပေါ့ ဂယ်ဒါကလှသသလို ကောင်လေးတွေကြားမှာလဲ ရေပန်းစားတဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ဇာတ်ကြောင်းကခပ်ရှုပ်ရှုပ်ရယ် ဒီလိုကောင်မလေးကိုမှ တစ်ညတာသူ့အခန်းထဲမှာပေးနေမိတဲ့ဂိုက်အတွက်ကတော့ ကံကောင်းခြင်းတွေပဲသယ်ဆောင်လာလေသလား တခြားကောဘာတွေဖြစ်နိုင်မလဲဆိုတာကိုတော့ အဲ့အချိန်တုန်းကတော့မသိနိုင်ခဲ့ဘူးပေါ့လေ နောက်ဂယ်ဒါလန်ဒန်ကနေနှစ်အတော်ကြာအောင်ပျောက်သွားပြီးတဲ့နောက် သူရောက်နေတဲ့ပဲရစ်ကိုလာခဲ့ဖို့ဂိုက်ကိုစာပို့လိုက်တဲ့အခါ ဂိုက်တစ်ယောက်ဂယ်ဒါနောက်ကိုရရာရထားနဲ့ဆွဲပြီးတော့လိုက်သွားပါလေရောပေါ့ အဲ့အချိန်မှာ ဂယ်ဒါကအနုပညာအလုပ်တစ်ခုကိုလုပ်နေပြီးတော့ သူ့ကိုကူညီပေးနေတဲ့မီယာဆိုတဲ့ကောင်မလေးတစ်ယောက်လဲသူ့ဘေးနားမှာရှိနေခဲ့ပါတယ် ဂယ်ဒါ ဂိုက် မီယာတို့၃ယောက်ရဲ့ဆက်နွယ်မှုတွေကိုစစ်နောက်ခံထားပြီးတော့ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ ဇာတ်လမ်းလေးကတစ်မျိုးလေးစိတ်ဝင်စားစရာကောင်းပါတယ် အခုပြောပြထားတာက ဇာတ်လမ်းရဲ့တစ်ဝက်တောင်မရှိသေးပါဘူး Rating6.6 ရထားပီး ဇာတ်ကားနဲပတ်သက်ပီ ဆုတွေလဲရထားတဲ့ ကားလေးလဲဖြစ်ပါတယ်။ ဆုရကားလေးမလို့ကြည့်ရှုသင့်ပါကြောင်းထပ်လောင်းပြောကြားပါရစေ။ (ဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Charm ပဲဖြစ်ပါတယ်)  File Size : (1.00 GB) & (445 MB) Quality : .1080p.BluRay Running Time : 2h 1min Format : Mp4 Genre    :  Drama, Romance, War  Subtitle : Myanmar Subtitle (Hard Sub) Translated by Charm Encoded by Arkar Phyo (Yrfatt)
movie

Head in the Clouds (2002)