Channel Myanmar

Stephanie Kirves

Forest of Death (2023) 4.8
Forest of Death (2023) Forest of Death (2023)===============ဇာတ်လမ်းအကျဉ်း - Deanနဲ့Samရဲဲ့Supernaturalကြည့်ဖူးသူဆိုရင် ၀င်ဒီဂိုဆိုတဲ့မကောင်းဆိုးဝါးနဲ့ စိမ်းမယ်မထင်ပါဘူး။ အသွင်ပြောင်းနိုင်ကောင်တွေဖြစ်ပြီး လူတွေရဲ့အသံကိုတုပပြီး ရုပ်ကိုလည်းပုံစံတူအောင်လုပ်နိုင်ကြတဲ့ကောင်တွေပါ။ဒီကားထဲမှာဆိုရင် သူငယ်ချင်းလေးယောက် တောအုပ်ဘေးက သစ်သားအိမ်လေးကို ပိတ်ရက်အပန်းဖြေဖို့လာရင်း ၀င်ဒီဂိုရဲ့ သားကောင်ဖြစ်သွားကြပုံတွေကို စိတ်လှုပ်ရှားစွာကြည့်ရှုရမှာပါ။ဒီကားလေးက horror/thrillerဖန်တွေအကြား ခရမ်းချဉ်သီးပုပ် ၁၀၀အပြည့်ရထားတဲ့အတွက် ကြိုက်သူ မကြိုက်သူတွေ ဝေဖန်မှုအများဆုံးကားတွေထဲကတစ်ကားပါ။ဇာတ်ကားပေါ်မှာ တစ်ယောက်ချင်းစီရဲ့ခံစားမှုအရသာကလည်း မတူညီနိုင်တဲ့အတွက် ကောင်းလား မကောင်းဘူးလားဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုဆုံးဖြတ်ပေးကြပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Soe Thiri Swe ပါ )File size_(500MB) Quality_Blu-Ray 720p Format_mp4 Duration_01:05:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Soe Thiri Swe
movie

Forest of Death (2023)

The Pumpkin Man (2023)
The Pumpkin Man (2023)   ငယ်ငယ်တုန်းက အပျော်အပျက်သဘောနဲ့သရဲခေါ်တမ်း ကစားဖူးပါသလား ?The Pumpkin 2023 ရုပ်ရှင်မှာတော့ အဲဒီလိုမျိုးလက်တည့်စမ်းချင်တဲ့ ကလေးတစ်သိုက်ရဲ့ အဖြစ်အပျက်ကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် ။ခရုမ်းဝဲလ်လို့ ခေါ်တဲ့ မြို့ကလေးမှာ ဖရုံသီးလူသားဆိုတာဟောလိုးဝင်းအချိန်ရောက်တိုင်း နာမည်ကြီးလာနေကျဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်သလို မြို့ရဲ့ အတိတ်ဆိုးတစ်ခုလို့လည်း ပြောလို့ရပါတယ် ။ သည်းထိပ်ရင်ဖိုတွေကိုစိတ်ဝင်စားတဲ့ ကတ်သရင်းလို့ ခေါ်တဲ့ ကလေးမလေးဟာသူငယ်ချင်းဖြစ်သူ ဂျန်းနီနဲ့အတူ သရဲအိမ်ဝင်ရင်း ဖရုံသီးလူသားနဲ့ ဆက်စပ်နေတဲ့ စာရွက်ပိုင်းလေးတစ်ခုကိုရှာတွေ့ခဲ့ပါတယ် ။ ကလေးပီပီ စပ်စုချင်စိတ်တွေက ဒီမှာတင်ရပ်တန့်မသွားခဲ့ဘဲ နောက်ဆုံးမှာ ကတ်သရင်း ၊ ဂျန်းနီတို့အပြင် နောက်ထပ် သူငယ်ချင်းနှစ်ယောက် ဖြစ်တဲ့ မိုက်ကယ်နဲ့တီနာကိုပါ အဖော်ညှိပြီး ဖရုံသီးလူသားကို ဆင့်ခေါ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ် ။အပျော်သဘောနဲ့ စမ်းကြည့်တဲ့ သူတို့လုပ်ရပ်ကြောင့်တကယ်ပဲ ဖရုံသီးလူသားက ရောက်လာမှာလား ?မကြာခင်မှာပဲ တီနာတစ်ယောက် ပျောက်ချင်းမလှပျောက်သွားရပါတော့တယ် ။ တီနာကို တကယ်ပဲဖရုံသီးလူသားက ခေါ်သွားတာလား ။ ကျန်တဲ့ သူငယ်ချင်းတွေကရော ...
movie

The Pumpkin Man (2023)