Channel Myanmar

The Pumpkin Man (2023)

Horror

IMDB: /10 votes

37972

Report error

 

 

ငယ်ငယ်တုန်းက အပျော်အပျက်သဘောနဲ့

သရဲခေါ်တမ်း ကစားဖူးပါသလား ?

The Pumpkin 2023 ရုပ်ရှင်မှာတော့ အဲဒီလိုမျိုး

လက်တည့်စမ်းချင်တဲ့ ကလေးတစ်သိုက်ရဲ့ အဖြစ်

အပျက်ကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် ။

ခရုမ်းဝဲလ်လို့ ခေါ်တဲ့ မြို့ကလေးမှာ ဖရုံသီးလူသားဆိုတာ

ဟောလိုးဝင်းအချိန်ရောက်တိုင်း နာမည်ကြီးလာနေကျ

ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်သလို မြို့ရဲ့ အတိတ်ဆိုးတစ်ခု

လို့လည်း ပြောလို့ရပါတယ် ။ သည်းထိပ်ရင်ဖိုတွေကို

စိတ်ဝင်စားတဲ့ ကတ်သရင်းလို့ ခေါ်တဲ့ ကလေးမလေးဟာ

သူငယ်ချင်းဖြစ်သူ ဂျန်းနီနဲ့အတူ သရဲအိမ်ဝင်ရင်း ဖရုံသီး

လူသားနဲ့ ဆက်စပ်နေတဲ့ စာရွက်ပိုင်းလေးတစ်ခုကို

ရှာတွေ့ခဲ့ပါတယ် ။ ကလေးပီပီ စပ်စုချင်စိတ်တွေက ဒီမှာတင်

ရပ်တန့်မသွားခဲ့ဘဲ နောက်ဆုံးမှာ ကတ်သရင်း ၊ ဂျန်းနီတို့

အပြင် နောက်ထပ် သူငယ်ချင်းနှစ်ယောက် ဖြစ်တဲ့ မိုက်ကယ်နဲ့

တီနာကိုပါ အဖော်ညှိပြီး ဖရုံသီးလူသားကို ဆင့်ခေါ်ဖို့

ဆုံးဖြတ်လိုက်ကြပါတယ် ။

အပျော်သဘောနဲ့ စမ်းကြည့်တဲ့ သူတို့လုပ်ရပ်ကြောင့်

တကယ်ပဲ ဖရုံသီးလူသားက ရောက်လာမှာလား ?

မကြာခင်မှာပဲ တီနာတစ်ယောက် ပျောက်ချင်းမလှ

ပျောက်သွားရပါတော့တယ် ။ တီနာကို တကယ်ပဲ

ဖရုံသီးလူသားက ခေါ်သွားတာလား ။ ကျန်တဲ့ သူငယ်ချင်း

တွေကရော ဖရုံသီးလူသားနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို

ဟောလိုးဝင်းအငွေ့အသက်တွေ လွှမ်းနေတဲ့ The Pumpkin Man

ရုပ်ရှင်မှာ အားလုံးအတူတူ ကြည့်ရှုလိုက်ရအောင်နော် ။

 

File size…1.22GB / 555MB
Quality…Blu-Ray 1080p  / 720p
Format…mp4
Duration….1h 31m
Genre ….. Horror
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Ashley



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Pumpkin Man (2023)


No downloads available

Genres



Related movies