Channel Myanmar

Tenoch Huerta Mejía

Tigers Are Not Afraid (2017)
Tigers Are Not Afraid (2017)  IMDb-6.9/10 Rotten Tomatoes-97%မက္ကဆီကိုနိုင်ငံမှာ 2006 ခုနှစ်ကနေစပြီး မှုးယစ်စစ်ပွဲတွေဖြစ်ခဲ့လို့ လူပေါင်းသိန်းနဲ့ချီသေဆုံးပြီး သောင်းနဲ့ချီပျောက်ဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့ ကလေးဦးရေနဲ့ ပျောက်ဆုံးကလေးဦးရေကိုတော့ အတိအကျမကောက်ယူနိုင်ခဲ့ပါဘူး။ 2017 မှာထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်မှာတော့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းက အမေဖြစ်သူကို ပြန်ပေးဆွဲပြီး သ-တ်လိုက်တဲ့အခါ ကျန်ရစ်ခဲ့တဲ့ ဆယ်နှစ်အရွယ်သမီးဖြစ်သူမှာ ဆုတောင်းသုံးခုရလာပုံကို ရိုက်ကူးထားတဲ့စိတ်ကူးယဉ်ဟော်ရာကားကောင်းတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ အမေဖြစ်သူကို ဟွာစကာ့စ်ဂိုဏ်းကသ-တ်တာခံရပြီးတဲ့နောက်မှာ ဆုတောင်းသုံးခုရခဲ့တဲ့ အက်စရယ်လာဟာ ပထမဆုံးဆုတောင်းအနေနဲ့ သူ့အမေပြန်လာဖို့ဆုတောင်းခဲ့ပါတယ်။ သူ့အမေပြန်လာခဲ့ပေမဲ့ သေဆုံးခဲ့ပြီးပြီဖြစ်လို့ ဝိဉာဉ်အနေနဲ့ အက်စရယ်လာနောက်ကိုတချိန်လုံးလိုက်နေတဲ့အပြင် မူးယစ်စစ်ပွဲမှာသေဆုံးခဲ့ရတဲ့ ဝိဉာဉ်တွေကလည်း သူ့နောက်တချိန်လုံးလိုက်နေပါတယ်။ဒီလိုနဲ့အက်စရယ်လာတစ်ယောက် မြို့ထဲမှာလျောက်သွားနေရင်း သူ့လိုမျိုးဘဝတူကလေးတွေအဖွဲ့နဲ့တွေ့ပြီးအဆင်ပြေသွားပေမဲ့ အဲဒီအဖွဲ့ခေါင်းဆောင် ရှိုင်းဆီမှာ ဂိုဏ်းဘက်ကလိုချင်‌နေတဲ့ ပစ္စည်းတစ်ခုရှိနေလို့ သူတို့အဖွဲ့လေးကို ပစ်မှတ်ထားခံရပါတော့တယ်။ ဒီလိုနဲ့ အသက်မပြည့်သေးတဲ့ ကလေးတစ်သိုက် လူမိုက်ဂိုဏ်းတွေရဲ့ရက်စက်မှုကို ရင်ဆိုင်ကြရပုံတွေ၊ အက်စရယ်လာရဲ့ ဆုတောင်းတွေက မျှော်လင့်တဲ့အတိုင်းအလုပ်ဖြစ်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1 GB)/(550 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Drama, Thriller,  Horror Subtitle….Myanmar ...
movie

Tigers Are Not Afraid (2017)

Escobar: Paradise Lost (2014) 6.5
Escobar: Paradise Lost (2014) Pablo Escobar ဆိုတဲ့ ကိုလံဘီယာက မူးယစ်ရာဇာကို ရုပ်ရှင်၊ စီးရီးများအဖြစ် ပုံဖော်ခဲ့ကြတဲ့ဇာတ်လမ်းတွေ အများကြီးရှိခဲ့ကြပါတယ်။ ဒီ Escobar Paradise Lost ဆိုတဲ့ ဇာတ်လမ်းလေးမှာတော့ပုံမှန်ချဉ်းကပ်နေကြ ဇာတ်လမ်းပုံစံမျိုးတွေထက်အချစ်နဲ့ အန္တရာယ်ကြားထဲကသည်းထိတ်ရင်ဖိုဇာတ်လမ်းပုံစံမျိုးကိုအသားပေး ဖော်ပြထားပါတယ်။ပါဘလို အက်စကိုးဘားအဖြစ် Benicio Del Toro က သရုပ်ဆောင်ထားပြီး Josh Hutcherson ကနစ်ခ်ဘရေဒီ အဖြစ် ပါဝင်ထားပါတယ်။ The Usual Suspects, Che, Sicario စတဲ့ ဇာတ်ကားတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ Legend ကြီး Benicio Del Toro နဲ့The Hunger Games ဇာတ်လမ်းတွဲတွေရဲ့ စတားJosh Hutcherson တို့ အားပြိုင်မှုကိုလည်း တွေ့ရပါတယ်။နစ်ခ်ဘရေဒီဟာ ကိုလံဘီယာမှာ အစ်ကိုနဲ့အတူအလုပ်လုပ်နေပြီးတော့ မာရီယာနဲ့ တွေ့ဆုံပြီးချစ်မိသွားခဲ့တာဖြစ်ပါတယ်။ မာရီယာကလည်းမူးယစ်ရာဇာ Pablo Escobar ရဲ့ တူမ ဖြစ်နေပြန်ပါတယ်။အစပိုင်းမှာတော့ သူတို့အချစ်ရေးကအားလုံးကလည်း သဘောတူကြည်ဖြူတဲ့အတွက်ဖြောင့်ဖြူးသလိုရှိခဲ့ပေမယ့်..အက်စကိုးဘားမိသားစုထဲ ပိုပြီးဝင်ရောက်လာလေ ...
movie

Escobar: Paradise Lost (2014)

2014
Get the Gringo (2012) 6.9
Get the Gringo (2012) q IMDb 6.9/10 The Passion of the Christ, Braveheart စသည့်ဇတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Mel Gibson ရဲ့ထောင်တွင်းဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ San Diego ကလူဆိုးတစ်ယောက်ဆီကနေ ငွေနှစ်သန်းဘတ်လာတဲ့ မင်းသားဟာ Mexico ဖက်မှာ အဖမ်းခံရပြီး ထောင်ထဲရောက်သွားပါတယ်။ အဲဒီမှာ လူဆိုးဂိုဏ်းတွေနဲ့တွေ့ပြီး ကောင်လေးတစ်ယောက်အကူအညီနဲ့ ထောင်ကနေလွတ်အောင်ဘယ်လိုလုပ်မလဲ။ ငွေတွေကိုရော ပြန်ရပါ့မလားဆိုတာ ကြည့်ရမယ့် တကယ့်အက်ရှင် ဇာတ်ကားကောင်းတစ်ကားပါ။ မက္ကဆီကို ထောင်တွင်းအခြေအနေတွေကိုလည်း ရှင်းရှင်းလင်းလင်း တင်ဆက်ထားတဲ့ကားဖြစ်ပါတယ်။ File size…(1.6 GB)/(903 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Action, Thriller, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wai Yan
movie

Get the Gringo (2012)