Channel Myanmar

Thomas Jane

Warning (2021) 5.0
Warning (2021) Warning (2021)=============အနာဂတ်ခေတ်တစ်ချိန်မှာ ကမ္ဘာပေါ်ကို အန္တရာယ်တစ်ခုကျရောက်လာတဲ့အခါလူတွေရဲ့နေ့စဥ်ဘဝတွေအပေါ်သက်ရောက်ပုံကို Sci-fi, thriller အမျိုးစားပုံစံနဲ့သရုပ်ဖော်ထားတာဖြစ်ပါတယ်။ ဂြိုလ်တုတစ်ခုပေါ်ကနေ ဘေးအန္တရာယ်ကြောင့် မတော်တဆ အာကာသထဲလွင့်ထွက်သွားတဲ့အာကာသယာဥ်မှူးတစ်ယောက်ကစလို့ သီးခြားဇာတ်ကောင်တွေကိုယ်စီရဲ့ မိသားစုရေး အချစ်ရေးဘာသာရေး စတဲ့ကိစ္စတွေ အဆင့်မြင့်နည်းပညာတွေနဲ့ဆက်နွယ်နေပုံကို ပြထားတာပါ။18+ခန်းအနည်းငယ်ပါလို့ မိသားစုနဲ့တော့ သိပ်မကြည့်သင့်ပါဘူး။ ဒီဇာတ်လမ်းမှာအဖြစ်အပျက်တွေကိုဒါကဒီလိုဖြစ်နေတယ်ဆိုပြီး ပေါ်တင်မပြောပြပဲ ကြည့်ရင်းအဓိပ္ပါယ်ကောက်သွားရမှာမျိုးပါ။Sci-fi ကားမျိုး thriller ကားမျိုးကြိုက်သူတွေ၊ ကြည့်ရင်းတွေး တွေးရင်းကြည့် သွားရမယ့်ကားမျိုးကြိုက်တဲ့သူတွေ လက်လွှတ်မခံသင့်တဲ့ကားမျိုးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Pyi T. Nyein မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ JimX, Pyi T. Nyein တို့ပဲပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1hr 25minSubtitle – Myanmar HardsubFormat – Mp4Genre : Sci-Fi, ThrillerSource : 1080p.WebRipTranslator – JimX, Pyi ...
movie

Warning (2021)

2021
Run Hide Fight (2020) 7.0
Run Hide Fight (2020) Run Hide Fight (2020)==================IMDb Rating - 7.၀/10 ဒီတစ်ခါတော့ CM ပရိသတ်တွေအကြိုက်တွေ့စေမယ့် action and thriller ဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ ဇီုအီဟာ အသက် ၁၇ နှစ်အရွယ် ကောင်မလေးတစ်ယောက််ဖြစ်ပြီး အများနဲ့မတူဘောက်ဆတ်ဆတ်နိုင်တဲ့သူပါ။ သူနဲ့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း လူး၀စ်ဆိုတဲ့ ကောင်လေးတို့ဟာ ဗာနွန်အထက်ကျောင်းက ကျောင်းသားတွေပဲဖြစ်ကြပါတယ်။အမေရိကန်အထက်ကျောင်းတွေရဲ့ သဘာ၀ ကပွဲတို့ ပျော်ပွဲရွှင်ပွဲတို့ စတဲ့အထိမ်းအမှတ်ပွဲတွေ မကြာခဏကျင်းပတာဟာသဘာ၀ပါပဲ ။ ဒီလို event တွေထဲမှာ Senior Prank ဆိုတဲ့ အစီအစဉ်လေးအပါအ၀င်ပါပဲ။Senior Prank Day မှာ ကျောင်းသားတွေအားလုံး ဆရာဆရာမတွေအပါအ၀င် တစ်ယောက်နဲ့တစ်ယောက်စကြနောက်ကြပါတယ်။ဥပမာ- စာသင်ခန်းတစ်ခန်းလုံး ပူပေါင်းတွေအပြည့် ထည့်ခဲ့တာမျိုးပေါ့။ဒါပေမယ့် ဒီဇာတ်လမ်းထဲက ဗာနွန်အထက်တန်းကျောင်းသားတွေရဲ့ Prank Day ကတော့ ပျော်စရာမကောင်းခဲ့ပါဘူး။ စနောက်ကြတဲ့ နေ့ကို အသုံးချပြီး ဆိုးသွမ်းတဲ့ ကျောင်းသားတစ်စုက ကျောင်းကန်တင်းကို ...
movie

Run Hide Fight (2020)

2020
Face/Off ( 1997 ) 7.3
Face/Off ( 1997 ) အက်ရှင်၊ thriller လို့ပြောတာနဲ့ ဘယ်ခေတ်ကိုရောက်ရောက်ရိုးမသွားမယ့် ရုပ်ရှင်တစ်ကား တင်ပေးလိုက်ပါတယ်။IMDb 7.3 ရရှိထားတဲ့ဇာတ်ကားဖြစ်ပါတယ်ကြည့်ဖူးသူတွေကတော့ မေ့မှာမဟုတ်ပါဘူး။ နီကိုးလတ်ကေ့ နဲ့ဂျွန်ထရာဗိုတာတို့ အပြိင်ကျဲခဲ့တဲ့ကားပါ။ ဇာတ်လမ်း၊ သရုပ်ဆောင်၊ရိုက်ချက် အားလုံးကောင်းပါတယ်။ သားဖြစ်သူကို သတ်သွားတဲ့အကြမ်းဖက်သမားကို တစ်ဘဝလုံး နှစ်မြှပ်ပြီး လိုက်ဖမ်းနေခဲ့တဲ့အက်ဖ်ဘီအိုင်အေးဂျင့် ရှောင်ဟာ နောက်ဆုံးတော့အကြမ်းဖက်သမား ကတ်စတာကို မိသွားပါတယ်။ မိသွားချိန်မှာကတ်စတာ ထောင်ခဲ့တဲ့ ဗုံးနေရာကို သိဖို့အတွက် ကတ်စတာရဲ့မျက်နှာကိုခွာယူပြီး ခွဲစိတ်ပြုပြင်ပြီး ကတ်စတာ အဖြစ်ဟန်ဆောင်စုံစမ်းနေရပါတယ်။ဒီအချိန်မှာပဲ ကတ်စတာက ရှောင်ရဲ့ မျက်နှာကို ယူပြီးအက်ဖ်ဘီအိုင်အေးဂျင့်အဖြစ် ပြန်လိုက်ဒုက္ခပေးတဲ့အခါမှာ….. Quality : Bluray 1080p (5.1ch ) HEVC & Bluray 720pDuring : 2h 18 minFormat : mkv ( 1080p ) , mp4 ( 720p )Subtitle ...
movie

Face/Off ( 1997 )

1997
Hot Summer Nights 2017 6.4
Hot Summer Nights 2017 ၁၉၉၁ ခုနှစ်၀န်းကျင်က နွေကာလတစ်ခုကို အခြေခံရိုက်ကူးထားပြီး ပျိုပျိုမေတို့ အသဲစွဲ Timothee Chalamet ၊ Maika Monroe နဲ့ Alex Roe တို့က အဓိကပါ၀င် သရုပ်ဆောင်ထားပါတယ်။ ဒန်နီရယ်ဟာ အဖေဖြစ်သူဆုံးပြီးနောက်ပိုင်း ဘ၀ကို လေလေလွင့်လွင့်ဖြတ်သန်းနေသူဖြစ်ပါတယ်။ တစ်နေ့သူ့ရဲ့ အမေဖြစ်သူဟာ အဒေါ်ဖြစ်သူနဲ့ နွေရာသီမှာ သွားနေဖို့အတွက် Cape Cod ဆိုတဲ့ Massachusetts ပြည်နယ်က ကမ်းရိုးတန်းဒေသတစ်ခုကို လွှတ်လိုက်ပါတယ်။ အဲ့ဒီဒေသလေးဟာ နွေရာသီဆို ခရီးသွားတွေနဲ့ပြည့်နေပြီး မူးယစ်ဆေးဝါးတွေနဲ့ ပြည့်နက်နေတဲ့ အရပ်ဒေသတစ်ခုပါ။ လူသစ်ဖြစ်တဲ့ ဒန်နီရယ်တစ်ယောက် ဟန်တာ ဆိုတဲ့ လူတစ်ယောက်နဲ့ ပေါင်းမိပြီး မူးယစ်ဆေးလောကထဲကို အခြေချမိသွားပြီး မူးယစ်ဆေးဝါးတွေ ရောင်းတဲ့သူတစ်ယောက်ဖြစ်သွားပါတော့တယ်။ မူးယစ်ဆေးရောင်းရင်း ရေလျှံလာပြီး ပင်လယ်ရေလို သောက်လေငတ်မပြေဖြစ်သွားတဲ့ ဒန်နီရယ်တစ်ယောက် ဘယ်လိုအဖြစ်တွေကြုံရမလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ရှူခံစားလိုက်ပါ ဒီဇာတ်လမ်းထဲက အဖြစ်အပျက်အများစုဟာ ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။ ဆဲရေးတိုင်ထွာတဲ့စကားတွေ သွေးထွက်သံယိုတွေပါတဲ့အတွက် Rated R အဖြစ်သတ်မှတ်ထားပါတယ် File size…(1.3 GB) and (700 Mb) Quality….BluRay 1080p and 720p Format…Mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Yoon Sandi Aung  
movie

Hot Summer Nights 2017

Money Plane 2020 3.3
Money Plane 2020 ဂျက်ဟာ ဒုစရိုက်သမားကြီး တစ်ဦးဆီမှာ အကြွေးများစွာ တင်နေတဲ့သူပါ။ သူ့မှာ အဖွဲ့တစ်ဖွဲ့လည်း ရှိပါတယ်။ ဆိုးတူကောင်းဖက် လုပ်စားကြမယ့် အဖွဲ့ပေါ့။ ဂျက်အကြွေးတွေကို အကြေချေပေးမယ်လို့ ပြောပြီး ဒုစရိုက်သမားကြီးက အလုပ်တစ်ခု ခိုင်းလာပါတယ်။ ပြတိုက်ထဲက ဒေါ်လာသန်းချီတန်တဲ့ ပန်းချီကားကို ခိုးဖို့ပေါ့။ အလုပ်ကို သေချာလုပ်တတ်တဲ့ ဂျက်တို့အဖွဲ့က သေချာပေါက်ဖြစ်စေရမယ်လို့ ယုံကြည်ပြီး ခိုးဖို့လုပ်ကြတယ်။ ဒါပေမဲ့ သူတို့လာမယ်ဆိုတာကို ပြတိုက်က ဘယ်လိုသိသွားတယ် မသိဘဲ ခိုးလို့ မရခဲ့ကြဘူး။ ဒီမှာပဲ ဒုစရိုက်သမားကြီးက မကျေနပ်တာနဲ့ ဒီထက်ပိုအန္တာရာယ်ကြီးပြီး ပိုပွပေါက်ရမယ့် Money Plane ဆီကို လွှတ်လိုက်တော့တယ်။ ကျန်တာတွေကို ဂျက်တို့အဖွဲ့ ဘယ်လိုလှုပ်ရှားမလဲဆိုတာကို ကြည့်ကြည့်ကြပါဦး။File Size : 600 Mb / 300 Mb Quality :WEB-DL 720p Format…mp4 Duration…01:22:00 Genre : Action Subtitle : Myanmar ...
movie

Money Plane 2020

Crown Vic (2019) 6.3
Crown Vic (2019) ဒီကားလေးကတော့ IMDb 6.3 ရထားတဲ့ ကားလေးပါအခုမှသူ့မွေးရပ်နေရာကိုပြန်လာပြီး ရဲအလုပ်လုပ်ရင်းပထမဆုံးကင်းစလှည့်မယ့်ဟိုလန်တစ်ယောက်ကိုသူ့ရဲ့အထက်လူကြီးသူနဲ့အတူကင်းလှည့်ပြီးတာဝန်တွေလုပ်ငန်းစဥ်တွေသင်ကြားပြသပေးမယ့်ရဲတစ်ယောက်တို့ရဲ့တစ်ညတာကင်းလှည့်ပြီး အမှုတွေဖြေရှင်းတာကိုရိုက်ကူးထားတာပါဟိုလန်တစ်ယောက်ရဲသင်တန်းကနေကျင့်ဝတ်လမ်းစဥ်တွေသင်ယူခဲ့ရပေမယ့်တကယ်ကင်းလှည့်တဲ့အချိန်မှာတော့ အခြေအနေအချိန်အခါတွေကွဲ ပြားသွားတဲ့အခါကင်းလှည့်ရင်းလူမျိုးစုံပုံစံမျိုးစုံအန္တရာယ်မျိုးစုံကိုရင်ဆိုင်ရတဲ့အခါသူ့အထက်လူကြီးရဲ့လျှို့ဝှက်ချက်တွေကိုပါသိရှိပြီးနောက်ဆုံးဘဏ်ကိုဓါးပြတိုက်သွားတဲ့လူတွေကိုပါဖမ်းဖို့အကြောင်းဖန်လာတဲ့အခါမှာဒီဇာတ်လမ်းကတစ်ညတာကင်းလှည့်ပြီးသူတို့နိုင်ငံရဲတွေရဲ့လုပ်ငန်းတာဝန်တွေလူဆိုးဖမ်းတာတွေကိုသေချာရိုက်ပြထားတဲ့ကားလေးတစ်ကားဖြစ်တာကြောင့်ဒီလိုဇာတ်အိမ်မျိုးကိုသဘောမကျတဲ့သူတွေအတွက်တော့ပျင်းဖို့ကောင်းလောက်ပေမယ့်စိတ်ဝင်စားမယ်ဆိုရင်တော့ကြည့်ရတန်မယ့်ကားကောင်းလေးပါ File Size : ( 1 GB , 404 MB )Quality : WEB-DL 720pRunning Time : 1 hr 50 minFormat : Mp4Genre : Action , Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by ...
movie

Crown Vic (2019)

The Sweetest Thing (2002) 5.2
The Sweetest Thing (2002) Unicode Version============ခရစ်စတီးနား (Cameron Diaz) နဲ့ ကော့တ်နေး (Christina Applegate) တို့ဟာ ကိုယ့်အလုပ်နယ်ပယ်မှာအောင်မြင်ကြသလို ရုပ်ရည် စတိုင် ဒီဇိုင်း ကာလာ ဘာညာ တော်ကီ အနေအထားအရလဲထိပ်တန်းဖြစ်တယ်ဆိုတော့ ကြုံဖူးသမျှယောက်ျားတိုင်းက သူတို့ကို တန်းတန်းစွဲကြပါတယ်။(အခုခေတ်မှာတော့ ထက်မြက်တဲ့ မိန်းမတွေလို့ခေါ်မှာပေါ့) သူတို့ကတော့ ယောက်ျားတွေ မှန်သမျှကို ကစားစရာလို့ သဘောထားပုံပါပဲ။ဇာတ်ကားရဲ့ အဖွင့်ကို အဓိက ဇာတ်ကောင်ဖြစ်တဲ့ ခရစ်စတီးနား အသည်းခွဲတာခံရခဲ့ဖူးတဲ့ယောက်ျားတွေရဲ့ နာကျည်းချက်တွေကို အင်တာဗျူးပုံနဲ့စ ထားပါတယ်။ အချစ်ကို ကစားစရာလို့ ထင်ကြတဲ့ ခရစ်စတီးနားနဲ့ ကော့တ်နေးမှာ သိပ်ရိုးအေးပြီး အချစ်ကို ကိုးကွယ်တဲ့ ဂျိန်း( Selma blair) ဆိုတဲ့ သူငယ်ချင်းမလေးတစ်ယောက်ရှိသေးတယ်။ အဲ့ဒီကောင်မလေး ဘဲပစ်ခံရလို့ အသည်းကွဲနေတဲ့ အချိန်မှာ ထက်မြက်တဲ့ အပျိုကြီး နှစ်ယောက်က နင့်ကို လင်အသစ်ရှာပေးမှဖြစ်တော့မယ်ဆိုပြီး နာမည်ကြီး ကလပ်တစ်ခုကို ခေါ်သွားပါတယ်။ အသည်းကွဲနေတဲ့ ဂျိန်းကို ခရစ်စတီးနားက ...
movie

The Sweetest Thing (2002)

2002
The Thin Red Line (1998) 7.6
The Thin Red Line (1998) The Thin Red Line (1998) IMDb - 7.6/10_____Rotten - 80%    စစ်ကားတွေထဲမှာ အထူးသဖြင့် ကျွန်တော်သိသလောက် Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေဟာ ရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်...ဒီလိုခြေကုတ်ယူထားတဲ့နေရာဆိုတာနဲ့ ရာနှုန်းပြည့် ပစ်ကွင်း မြင်ကွင်း အရာအားလုံးကို အသာစီးရနေပါတယ်...... ဒါ့ကြောင့် အပေါ်က ကျွန်တော်ပြောခဲ့တဲ့ စစ်ကားကြီး(၂)ကားမှာ တက်သိမ်းတဲ့သူတွေဟာ အဲ့ဒီနေရာလေး တစ်နေရာ ရဖို့အရေး အလောင်းတွေ တောင်လိုပုံခဲ့ရပါတယ်.... The Thin Red Line(1998) ဟာလည်း  ဂျပန်တွေ သိမ်းထားတဲ့ ပစိဖိတ်စစ်မြေပြင်ရှိ Guadalcanal အရပ်က အော်စတန်တောင်ကုန်းကို အမေရိကန်တို့ ပြန်လည်သိမ်းယူတဲ့ တိုက်ပွဲကို အဓိကထား ရိုက်ကူးထားတာပါ....ဒီစစ်ကားရဲ့ကောင်းမွန်ခြင်းတွေက  Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) တို့ နဲ့တောင် တန်းတူတောင်ထားလို့ရမယ်ထင်တယ်... အော်စတန်တောင်ကုန်းက ကျယ်တဲ့အပြင်  ချိုင့်ဝှမ်းတွေ ချုံတွေ များပြားလွန်းပါတယ်...ဂျပန်တွေဆိုတာကလည်း လာရောက်သိမ်းမယ့် အမေရိကန်တို့ရန်ကို ကြိုသိနေလို့ အခိုင်အမာ ...
movie

The Thin Red Line (1998)

1998
A.X.L (2018) 5.1
A.X.L (2018) အဆိုတော်ချောချောလေး Becky G ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က A.X.L (2018) ပါ။Science fiction/action ဇာတ်လမ်းကောင်းလေးတွေသဘောကျနှစ်ခြိုက်တဲ့Channel Myanmar ပရိသတ်ကြီးအတွက်တော့ စိတ်ကြိုက်ဖြစ်မှာပါပဲ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ တင်ဆက်ပေးပါဦးမယ်။A.X.Lဆိုတာက စစ်တပ်သုံးဖို့ အထူးတီထွင်ထုတ်လုပ်ထားတဲ့ ခွေးစက်ရုပ်ပါ။A.X.L ဆိုတဲ့နာမည်လေးရဲ့ အဓိပ္ပါယ်ကိုပြောပြရရင်A = Attack(အတိုက်ခိုက်စွမ်းရည်) ,X = Exploration (ရှာဖွေစွမ်းရည်) ,L = Logistics (စဉ်းစားဆင်ခြင်တတ်တဲ့စွမ်းရည်)ဒီလိုအရည်အချင်းတွေနဲ့ ပြီးပြည့်စုံတဲ့ စက်ရုပ်ခွေးဖြစ်ပါတယ်...စစ်တပ်ဟာအနာဂါတ်အတွက် စစ်မြေပြင်မှာအသုံးချဖို့အတွက် လူသားတွေအပေါ်သစ္စာအရှိဆုံးသတ္တဝါတွေထဲမှ ခွေးရဲ့ပုံစံကိုရွေးပြီးတော့စက်ရုပ်ခွေးဖန်တီးခဲ့ပါတယ်...ဒါပေမယ့် စစ်တပ်ကိုမပို့မီ အချိန်မှာA.X.L က ဓာတ်ခွဲခန်းထဲကနေ ထွက်ပြေးလာခဲ့ပြီးဆိုင်ကယ်စီးကျွမ်ကျင်သူဟေးလ်နဲ့ ကွင်းပြင်ထဲမှာဆုံမိပါတော့တယ်။ကြမ်းတမ်းသန်မာတဲ့စက်ရုပ်ခွေးဖြစ်သူ A.X.L နဲ့ လူသားဖြစ်သူဟေးလ်တစ်ယောက် ဘယ်လိုရှေ့ဆက်ဖြစ်ကြမလဲ?ဘာတွေဆက်ဖြစ်ကြမလဲ?စတဲ့မေးခွန်းတွေ အကြင်နာတရားနဲ့ စိတ်လှုပ်ရှားစရာကိုဒွန်တွဲဖော်ပြတင်ဆက်ထားတဲ့ကားကောင်းလေးပါ။Spoilerပါမှာစိုးလို့ အနည်းငယ်သာဖော်ပြလိုက်ပါတယ်။File Size : (1.8 GB) and (918 MB) and (278 MB)Quality : BluRay 1080p 5.1 CH ...
movie

A.X.L (2018)

2018
1922 (2017) 6.3
1922 (2017) 1922 (2017) IMDb - 6.3/10_____Rotten - 91%   ကမ္ဘာကျော် သည်းထိတ်ရင်ဖို ဝထ္ထုဆရာကြီး Stephen King ရဲ့ ပြောင်မြောက်တဲ့အတွေးနဲ့ လက်ရာအရေးသားတို့ တန်ဆာဆင်ထားတဲ့သံဝေဂ ရစရာ သည်းထိတ်ရင်ဖို သရဲကား တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားကားကြည့်ပြီးရင် ရင်ထဲမှာ တစ်ခုခု ထင်ကျန်နေခဲ့မှာအသေချာပါပဲ။သေချာတာကတော့ Stephen King ရဲ့ ထူးခြားဆန်းပြားတဲ့ အတွေးခေါ်တွေနဲ့ လူ့သဘာဝကို ဖေါ်ကျူးထားပုံက လက်ဖျားခါရလောက်ပါပေတယ်။ဇာတ်လမ်းကို ဇာတ်ကောင်အနဲစုနဲ့ တည်ဆောက်ထားပြီးတော့ တစ်ယောက်ချင်းစီရဲ့ မရှိသင့်တဲ့ မာန နဲ့ တစ်ကိုယ်ကောင်းစိတ် တွေကို ရောယှက်ထားပါတယ်။တောသဘာဝကို အခြေခံရိုက်ကူးထားပြီး တောပျော်တွေရဲ့ စိတ်ဓာတ်ကို ပုတ်ခတ်လှုပ်နှိုးထားတာပါပဲ။ဇာတ်လမ်းလေးကို မိသားစုနှစ်စုနဲ့ လှစ်ဟပြထားပါတယ်။ဝစ် တစ်ယောက်သူနဲ့ ခံယူချက်ချင်းမတူတဲ့ သူ့ဇနီး အလက်တီကြောင့် အကြံအိုက်နေပါတယ်။အိမ်ထောင်ဦးစီးဖြစ်နေပေမဲ့ သူ့ရဲ့သြဇာကဘယ်လိုနည်းနဲ့မှ မညောင်းတော့ပါဘူး။သူ့ဇနီးကလည်း ခက်ထန် တစ်ယူသန်သူတစ်ယောက်ဖြစ်နေပါတယ်ပိုဆိုးတာက လက်ရှိလယ်တွေက သူ့အဖိုးကပေးထားတဲ့သူ့နာမည်ပေါက် လယ်တွေကြောင့်ပါပဲ။အလက်တီ အစီစဉ်က တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ ထုံးကိုမူ ရှိသမျှလယ်တွေကို ...
movie

1922 (2017)

2017