Channel Myanmar

Toby Sebastian

Coffee Wars (2023) 5.5
Coffee Wars (2023)  ကော်ဖီထဲမှာ နွားနို့ထည့်ပြီးတော့ မလိုင်အပြည့်နဲ့သောက်ရတာကိုအကုန်လုံးကြိုက်နှစ်သက်ကြမှာပါ။ ဒါပေမဲ့ နွားနို့ပါတဲ့ ကော်ဖီတစ်ခွက်သောက်လိုက်တိုင်းမှာ ကမ္ဘာကြီးအတွက် ဘေးအန္တရာယ်တွေအများကြီးဖြစ်စေတယ်ဆိုတာ သိပါသလား။ ကော်ဖီအထဲမှာ ထည့်တဲ့ နွားနို့တစ်ဂါလံရဖို့ ရေဂါလံပေါင်းများစွာကိုအသုံးပြုရပါတယ်တဲ့။ နွားနို့ရဖို့ နွားမတွေဆီက ညှစ်တဲ့အခါမှာလည်းနွားမတွေကို ဘေးအန္တရာယ်တွေဖြစ်စေတာ၊ နို့ထွက်အောင်လို့အတင်းသားဖောက်ခိုင်းတာ ဒါတွေဟာ ဘဘာဝရဲ့သယံဇာတဖြစ်မှုကိုဖျက်ဆီးနေတာပါပဲ။ ဒီဇာတ်ကားအထဲမှာ ဂျိုးဆိုတဲ့သူဟာ ကော်ဖီဆိုင်ဖွင့်ထားပြီး ကမ္ဘာကြီးအတွက်တိုက်ခိုက်နေတဲ့သူပါ။ "ကော်ဖီတစ်ခွက်ရောင်းရတိုင်း ကမ္ဘာကြီးကိုကယ်တင်မယ်"ဆိုတာ သူမရဲ့ဆောင်ပုဒ်ပါပဲ။ အဲဒီတော့ သူဟာ နွားနို့အစား အသီးအနှံတွေကိုအခြေခံပြီးထုတ်လုပ်တဲ့ ပဲနို့၊ ဂျုံနို့၊ almond နို့တွေပဲ သူ့ရဲ့ကော်ဖီထဲမှာထည့်သွင်းအသုံးပြုပါတယ်။သိတဲ့အတိုင်းပဲ မလိုင်အပြည့်နဲ့ နွားနို့လောက်တော့ အရသာမကောင်းတဲ့အတွက်ဆိုင်ကအရှုံးပေါ်လုနီးနီးဖြစ်နေတာပါ။Britain မှာ တစ်နှစ်တစ်ကြိမ် အကောင်းဆုံးကော်ဖီဖျော်ဆရာကို ရွေးချယ်တဲ့ပြိုင်ပွဲကျင်းပပါတယ်။ ဂျိုးက မနှစ်ကဝင်ပြိုင်ခဲ့ပေမဲ့ နွားနို့ကိုအသုံးမပြုဘူးလို့ငြင်းဆန်တဲ့အတွက် အရည်အချင်းမပြည့်မှီဘူးလို့ သတ်မှတ်ခံခဲ့ရပါတယ်။ဒီနှစ်မှာတော့ သူ့စီးပွားရေးအခြေအနေက ဆိုးရွားလာတဲ့အတွက် ပြိုင်ပွဲဝင်ပြိုင်ပြီးဆုငွေရမှဖြစ်မှာပါ။ကဲ ဂျိုးတစ်ယောက် သူ့ရဲ့အသင်းသားတွေနဲ့အတူတူ ပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရအောင်လုပ်မလဲ၊ ကမ္ဘာကြီးကိုရော ကယ်တင်ဖို့ လုပ်ဆောင်နိုင်ပါ့မလားဆိုတာကိုဇာတ်ကားထဲမှာ ကြည့်ရှုကြရမှာပါ။ဇာတ်ကားကြည့်ပြီးရင် နွားနို့ကိုမရှောင်ဖြစ်ရင်တောင် တစ်နေ့မှာ ကော်ဖီတစ်ခွက်လောက်တော့ ...
movie

Coffee Wars (2023)

Barely Lethal (2015) 5.4
Barely Lethal (2015) Barely Lethal (2015)" ဒီရုပ်ရှင်ဟာ ကလေးတွေကို လေ့ကျင့်ပေးပြီး လုပ်ကြံရေးသမားတွေအဖြစ်ခိုင်းတဲ့ အစိုးရလျှို့၀ှက်ကျောင်းက ဥက္ကဌ မာသားဖာ့ခ်ကာကြီးဟာ အတော်ဆုံးအေးဂျင့်လေးဖြစ်တဲ့ Bumblebee ထဲက စကီလေးကို ကွင်းဆင်းတာ၀န်ပေးရာက ကလေးဆိုတော့ အပြင်လောကကိုရောက်လာပြီးတဲ့နောက် သိချင်စိတ်များလာရာက သေချင်ယောင်ဆောင် ထွက်ပြေးသွားပြီး မွေးစားမိဘအိမ်တစ်အိမ်မှာနေရင်း အထက်တန်း ကျောင်းသူဘ၀ကို ဖြတ်သန်းရာက ဆယ်ကျော်သက်တွေ ကျောင်းမှာကြုံရတဲ့ ပြဿနာတွေကို ကြုံလာရတဲ့အပြင် သူဖမ်းထားခဲ့တဲ့လူဆိုးဖြစ်တဲ့ ဂျက်စီကာအယ်ဘာက လွတ်လာပြီး သူ့မွေးစားမိဘအိမ်ကိုပါ အန္တရာယ်ပေးဖို့ လုပ်လာတာကိုပါ တားဆီးဖို့လုပ်ရတာကို ဇာတ်အိမ်တည်ပြီး နာမည်ကြီးသရုပ်ဆောင်များစွာသုံးထားတဲ့ဆယ်ကျော်သက်သဘာ၀တို့ဘာတို့ကို မက်ဆေ့ပေးမယ့် Teenage Movieလေးတစ်ကားပါ"ဇာတ်လမ်းရဲ့အညွှန်းကတော့ ဒီစာတစ်ကြောင်းပါပဲ။ အောက်ကတော့ သူ့အရသာကို ထပ်ညွှန်းထားရုံပါ။ မဖတ်လည်းရပါတယ်။ကျွန်တော်တို့ငယ်ငယ်က တိတ်ခွေခေတ်ကိုတော့ မှီလိုက်သေးတယ်။ အဲဒီကာလတွေမှာ Lion King တို့၊ Tom and Jerry တို့ Terminator တို့ ခေတ်စားခဲ့တာပေါ့။ ကျွန်တော်တို့ ညီအစ်ကိုတွေတော့ ...
movie

Barely Lethal (2015)

2015
Trading Paint (2019) 4.9
Trading Paint (2019) ပြိုင်ကားပွဲစဉ်နဲ့ဖန်တီးထားတဲ့ဇာတ်လမ်းလေးပါ။နာမည်ကြီး ပြိုင်ကားသမား ဆမ်မွန်ရိုးရဲ့သား ကမ်မွန်ရိုးဟာခက်ခဲလှတဲ့ဘဝမှာ ရုန်းကန်ရင်းနဲ့ သူ့အဖေအတွက်ပြိုင်ကားပွဲစဉ်တွေမှာ ဝင်ပြိုင်ပါတယ်။ဒါပေမယ့် ကားကိုပစ္စည်းအကောင်းစားတွေမဆင်နိုင်ခဲ့တဲ့အတွက်ပြိုင်ပွဲမှာ အနိုင်မရတဲ့အခါ သူ့ဘဝကို အလိုမကျဖြစ်လာခဲ့ပါတော့တယ်။ဒါ့ကြောင့် သူ့အဖေရဲ့ပြိုင်ဘက်ဖြစ်တဲ့ဘော့ဘ်လက်စကီရဲ့ကမ်းလှမ်းမှုကိုလက်ခံပြီးသူ့အတွက် ဝင်ပြိုင်လိုက်ပါတော့တယ်။သားအဖ၂ယောက်ကြား ပဋိပက္ခတွေဖြစ်ကာဆမ်မွန်ရိုးကိုယ်တိုင် ပြိုင်ပွဲမှာဝင်ပါလာတဲ့အချိန်မှာတော့ ပွဲစဉ်ကအရမ်းကိုကြမ်းတမ်းလာခဲ့ပါတော့တယ်။ File Size : ( 812 MB) & ( 305 MB)Quality : Web-DL 720pRunning Time :1hr 56 minFormat : Mp4Genre : Action , Drama , SportSubtitle : Myanmar Subtitle (Hard Sub)Translated by Ye Man AungEncoded by May Pyae Sone Oo
movie

Trading Paint (2019)

2019
After the Dark (2013) 5.7
After the Dark (2013) After the Dark (2013) ဆိုတဲ့ရုပ်ရှင်ကားလေး အကြောင်းနည်းနည်းပြောပြမယ်ဒီကားကို နောက်နာမည် တစ်မျိုးနဲ့The Philosophers လို့လဲ ခေါ်တယ်တစ်ရက်သော နေ့မှာ ဘာမှ ကြည့်စရာမရှိလို့အဲ့ဒီကားလေးကို သည်းခံကြည့်နေတာအတော်ပျင်းဖို့ ကောင်းတာပါစာသင်ခန်းထဲက အကြောင်းလေးတွေ ဘာညာပေါ့ဒီလိုနဲ့ တကယ်ကောင်းတဲ့ အခန်းက သိပ်မကြာဘူးရောက်လာတယ်ကျောင်းသားတွေရဲ့ philosophy teacher ကကျောင်းသား တွေ အားလုံးကို စုပြီး Game တစ်ခု ကစားတယ်စိတ်ထဲကနေ ကစားရတာမျိုး အတွေးအခေါ် နဲ့ပေါ့ကျောင်းသားတွေ အားလုံးကို ကမ္ဘာစစ်ကြီး ဖြစ်ပြီးတဲ့အချိန်ကို ခေါ်သွားတယ် (စိတ်ထဲကနေ)ပြီးတော့ ကမ္ဘာပေါ်မှာ အဆိပ်ငွေ့နေတုန်းဖုံးလွမ်းနေတုန်း အချိန်မှာ အသက်ရှင်နိုင်တဲ့မြေအောက်ခန်း ရှိနေတယ်ဒါပေမယ့် အဆိပ်ငွေ့တွေ ကုန်တဲ့ အချိန်ထိ ဆိုရင်အသက်ရှင်ဖို့ စားဖို့ သောက်ဖို့ အောက်စီဂျင် နဲ့အစားအသောက်က ၁၀ ယောက် စာပဲ ရှိတယ်ဒီတော့ကာ ကျောင်းသားတွေကို မဲလိပ် နှိုက်ခိုင်းတယ်ပညာရှင်ရွေးတာမျိုး မဲလိပ်တွေထဲမှာကဗျာဆရာ ၊ ...
movie

After the Dark (2013)

2013