Channel Myanmar

Victor Solé

The Communion Girl (2022) 5.3
The Communion Girl (2022) The Communion Girl (2022) =====================Horror ဇာတ်လမ်းဆိုရင် Annabelle ကို ပြေးမြင်ရတဲ့အထိ အရုပ်လေး တစ်ရုပ်ရဲ့ ဖြစ်တည်မှုက လူတွေကို Trauma ရတဲ့အထိ သွေးပျက်စေခဲ့ဖူး တယ်မဟုတ်လား။ ဒီဇာတ်လမ်းကလည်း အရုပ်လေးတစ်ရုပ်ကနေ စတင် လာခဲ့တဲ့ ကြောက်မက်ဖွယ် ကျိန်စာသင့်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ဆာရာ ဆိုတဲ့ ကောင်မလေးတို့ မိသားစုက မြို့လေးတစ်မြို့ဆီကို ပြောင်း ရွှေ့လာကြတဲ့ လူသစ်တွေပါ။ နေရာအသစ် ကျောင်းအသစ်မှာ ဆာရာ့ အတွက် တစ်ဦးတည်းသောအဖော်က ရေဘက်ကာဆိုတဲ့ ခပ်ဆိုးဆိုး ကောင်မလေးတစ်ယောက်ပါပဲ။ တစ်ရက်မှာတော့ ဆာရာတို့ သူငယ်ချင်း နှစ်ယောက် တခြားမြို့က ကလပ်တစ်ခုဆီ သွားပျော်ခဲ့ကြတယ်။ အပြန်လမ်း မှာတော့ ကလပ်မှာတွေ့ခဲ့တဲ့ ကောင်လေးနှစ်ယောက်ရဲ့ကားကို လိုက်စီး ကြရင်း တောလမ်းတစ်နေရာစီ အရောက်မှာတော့ ဝတ်စုံဖြူဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်ကို ကားနဲ့ တိုက်မိမလို ဖြစ်သွားခဲ့တယ်။သူတို့တွေ ကားပေါ်ကနေ ဆင်းပြီး ရှာကြတဲ့အချိန်မှာတော့ ကောင်မလေး အစား အရုပ်လေးတစ်ရုပ်ကိုပဲ တွေ့ခဲ့ကြရတယ်။ မြို့ခံကောင်လေးတွေက တော့ ဒီအရုပ်ရဲ့ ရာဇဝင်ကို သိထားကြပေမဲ့ ဆာရာကတော့ မသိခဲ့ပါဘူး။ ဒီလိုနဲ့ ဆာရာတစ်ယောက် ...
movie

The Communion Girl (2022)

2023
The Pope’s Exorcist (2023) 6.2
The Pope’s Exorcist (2023) The Pope's Exorcist (2023) " R-rated အကြမ်းပတမ်းဇာတ်ကားမို့ မိသားစုနဲ့အတူကြည့်လို့အဆင်‌မပြေနိုင်ပါဘူးခင်ဗျာ " မင်းသားကြီး ရက်ဆဲခရိုးရဲ့ ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ အတော်လည်းကောင်းသလို ဇာတ်အိမ်ကြီးတာမို့ အဆက်တွေလည်းထွက်လာနိုင်တဲ့ရုပ်ရှင်မျိုးပါပဲ။ အဓိကဇာတ်ကောင်ကိုလည်း အပြင်မှာ တကယ်ရှိခဲ့တဲ့ နာမည်ကြီး အပနှင် ဘုန်းတော်ကြီး Gabriele Amorth ကို အခြေခံထားပါတယ်။ ဇာတ်လမ်းကလည်း Gabriele Amorth ရဲ့ အပနှင်တဲ့အတွေ့အကြုံတွေကို အခြေခံထားတာဖြစ်ပါတယ်။ Gabriele Amorth ဟာ နတ်ဆိုးဗေဒနဲ့ အပနှင်ခြင်းအကြောင်းကို ကမ္ဘာကသိလာအောင် လုပ်ခဲ့တာကြောင့် ခရစ္စယာန်သမိုင်းမှာ ထင်ရှားတဲ့ အီတလီဘုန်းတော်ကြီးတစ်ဦးပါပဲ။~ ဇာတ်လမ်းအကျဉ်း ~ပုပ်ရဟန်းမင်းကြီး ယုံကြည်ရတဲ့ အပနှင်အဖွဲ့ခေါင်းဆောင် ဂါဘရီရဲ အာမော့ဟာ သာမန် အပနှင်အမှုလေးတွေကို လိုက်နေရင်းနဲ့ တစ်နေ့မှာ စပိန်က ကလေးတစ်ယောက်နတ်ဆိုးပူးခံရတာကို ကူညီဖို့ ဖန်လာပါတယ်။ ဒါပေမဲ့ ကလေးကိုဝင်ပူးနေတဲ့နတ်ဆိုးက သာမန်မဟုတ်ဘဲ အရမ်းအစွမ်းထက်နေပြီး ဂါဘရီရဲကို တမင်မျှားခေါ်လိုက်တဲ့ နတ်ဆိုးဖြစ်နေပါတယ်။ ...
movie

The Pope’s Exorcist (2023)

2023
4K HEVC
Messi(2015) 7.3
Messi(2015) Messi(2015)အညွှန်း****************ကျွန်တော်တို့ ဘောလုံးချစ်တဲ့ပရိတ်သတ်အကုန်လုံး သတ်မှတ်ထားတာရှိတယ်.."ဒီလူတွေက တခြားဂြိုလ်ကကွ.နှိုင်းယဉ်မနေနဲ့"တစ်ခါတစ်လေတွေးမိကြတယ်..ဒီလူတွေဘောလုံးကန်တဲ့ခတ်ကိုမီှတာ ကံထူးလေစွဆိုပြီးတော့ပေါ... သိတဲ့ အတိုင်းမက်ဆီပါပဲ...အရပ်ခပ်ပုပု လူကောင်သေးသေးညှက်ညှက်နဲ့  ၆ပေဝန်းကျင် လူကောင်ကြီးတွေကြားထဲမှာ ဆံပင်လေးတွေနဲ့အတူယိမ်းရင်း ဘယ်ခြောက်ထောက်နဲ့ ဂိုးပိုက်ထဲကို ရင်သပ်ရှုမောဖွယ်ရာ ကန်သွင်းတတ်တဲ့သူပေါ့...ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ( Ballon d’Or) ဆုကို အများဆုံးနဲ့ ခြောက်ကြိမ်အထိ ရရှိထားတဲ့ ဘာစီလိုနာရဲ့ ဂန္တဝင်ကစားသမားကြီး လီယွန်နယ်မက်ဆီရဲ့ ဟိုး ကလေးဘဝကနေ အောင်မြင်ခဲ့တဲ့အချိန်အထိ...ငယ်ဘဝအခက်အခဲပေါင်းများစွာကိုဖြတ်သန်းပုံတွေ ..သူ့ရဲ့ပါရမီတွေ..ဘာစီလိုနာရဲ့ အရေးပါတဲ့ဂိုးတွေကို တဒိုင်းဒိုင်းသွင်းပုံတွေအယိမ်းအနွဲ့ပေါင်းများစွာနဲ့ ပြိုင်ဘက်လုတဲ့ဘောလုံးသမားတွေကိုအရူးလုပ်ခဲ့ပုံတွေက အစ ရိုက်ကူးပြထားတာပါ...ဘောလုံးဝါသနာရှင်တွေတင်မကပဲ အားကစားကိုချစ်မြတ်နိုးတဲ့သူတွေပါ ကြည့်ရှုသင့်တဲ့ တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးမို့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ,,,File Size :(900 MB) and (380 MB) Quality : FHDRip 720p Format…mp4 Duration…01:33:00 Genre :  Documentary, Biography, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Initiative Encoded ...
movie

Messi(2015)

Cloud Atlas (2012) 7.4
Cloud Atlas (2012) Cloud Atlas (2012) IMDb.....7.4,,,,Rotten...66%   Storyline Cloud Atlas ဟာ ၁၈၀၀ ခုနှစ်များကစတင်ပြီး ယခု ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပျက်ဆီးသွားတဲ့အထိ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက် များ၊ အပြုအမူများဟာ ခေတ်အဆက်ဆက် ဘယ်လောက်ထိ အကျိုးသက် ရောက်မှုရှိတယ်ဆိုတာကို ရိုက်ပြထားပါတယ်။ Review ကျွန်တော် ရုပ်ရှင်တော်တော်များများကြည့်ဖူးပါတယ်။ ဒါပေမယ့် Cloud Atlas လို ဇာတ်အိမ်ကြီးတဲ့ ရုပ်ရှင်မျိုးမကြည့်ဖူးဘူးလို့ ဝန်ခံရမှာပါပဲ။ ဇာတ်အိမ်ကြီးလှပါတယ်ဆိုတဲ့ J.R.R Tolkien ရဲ့ Lord of the Rings Universe ကတောင် ၁၈၀၀ ခုနှစ် ကနေ ဒီကမ္ဘာပျက်သွားပြီး နောက်ထပ်ဂြိုလ်တွေပေါ်မှာ လူတွေသွားနေရတဲ့ ခေတ်များ အထိ ဇာတ်လမ်းဆင်ထားတဲ့ Cloud Atlas လောက်ကြီးပါ့မလားလို့ တွေးမိပါတယ်။ Cloud Atlas မှာ အဓိကအားဖြင့် ဇာတ်ကောင် ၆ ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ပြထားပြီး အဲ့ ဇာတ်ကောင် ၆ ယောက်ဟာ ၁၈၀၀ နှစ်များ၊ ၁၉၃၀၊ ၁၉၇၀၊ ၂၀၁၂၊ ...
movie

Cloud Atlas (2012)

2012