Channel Myanmar

Wang Xichao

The Journey of Flower ( 2024 ) 5.8
The Journey of Flower ( 2024 ) ကဲ ဒီတစ်ခါမှာတော့ CM ကနေတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ တရုတ်ကားပရိတ်သတ်တိုင်းနဲ့မစိမ်းတဲ့ ဟွားချန်းကူ Movieဗာရှင်းလေးပဲဖြစ်ပါတယ် အဓိကဇာတ်ကောင်ဖြစ်တဲ့ ဟွားချန်းကူနေရာကို ခုနောက်ပိုင်း နာမည်ရလာတဲ့ အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ မင်းသမီးလေး Cheng Duling ချန်လျိုဂိုဏ်းချုပ် ဟွားချန်းကူရဲ့ဆရာဖြစ်သူပိုင်ကျစ်ဟွအဖြစ် Soulmate ဇာတ်ကားနဲ့ နာမည်ရလာတဲ့ Li Chengbin ဟွားချန်းကူရဲ့ မမဖြစ်တဲ့ ရှားချန်းမော့ အဖြစ် Mao Zijunတို့က ပါဝင်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ မကောင်းဆိုးဝါးဘုရင်ကို နှိမ်နင်းအပြီးမှာ သူ့ရဲ့စွမ်းအားတွေကို နတ်လက်နက်သုံးခုစီမှာ ခွဲပြီးချိတ်ပိတ်ခဲ့ပါတယ် အဲ့လက်နက်တွေကိုလည်း သူတော်စင်ဂိုဏ်းကြီး၃ဂိုဏ်းက စောင့်ကြပ်ကြတာပေါ့နော်နှစ်တွေကြာပြီးနောက်ပိုင်းမှာတော့ လုကျိုရွာမှာ နိမိတ်ဆိုးကြယ်ကနေ လူဝင်စားတဲ့ ကလေးမလေးဟွားချန်းကူကို မွေးလာခဲ့ပါတယ် မွေးပြီးပြီးချင်းမှာပဲ သူ့အမေကတော့ဆုံးသွားခဲ့ပါတယ်သူ့အဖေရောပဲ သူ့ကြောင့်နဲ့ဆုံးသွားခဲ့ပြီး သူတို့ရွာကလူတွေကလည်း အသေအပျောက်များလာတော့ ဟွားချန်းကူကို မကောင်းဆိုးဝါးမလို့ အမည်တပ်အပြစ်ပုံချပြီး သတ်ဖို့ကြိုးစားကြတာပေါ့အဲ့လိုနဲ့ပဲ ဟွားချန်းကူတစ်ယောက် အသက်၁၆နှစ်မှာ သူ့ရွာကနေ စွန့်ခွာပြီး ချန်လျိုဂိုဏ်းကို သွားပြီး သူ့ကံကြမ္မာဆိုးကို ပြုပြင်ဖို့ မသေမျိုးအဖြစ်ကျင့်ကြံဖို့ သွားခဲ့ပါတယ် နိမိတ်ဆိုးအသွင်ဆောင်မှန်းသိကြတော့ လူတိုင်းကျဉ်ဖယ်ကြပေမယ့် ဟွားချန်းကူရဲ့ ရှိရင်းစွဲအပြစ်ကင်းစင်မှုလေးတွေကပဲ သံယောဇဉ်မဲ့နေတဲ့ ပိုင်ကျစ်ဟွကိုပါ လှုပ်ခတ်စေနိုင်ခဲ့တာပေါ့ မကောင်းမှန်းသိလို့ ပြုပြင်ဖို့ ကြိုးစားနေတဲ့သူကို ဝိုင်းပြီးတော့ အနိုင်ကျင့်ဖျက်စီးကြတော့ ဇာတ်သိမ်းလေးကတော့ မလှခဲ့ပါဘူး Series ကတော်တော် ကောင်းလွန်းတော့ ရုပ်ရှင်မှာဝေဖန်ခံရတယ်ဆိုပေမယ့် အမြင်တစ်မျိုးလေးဖြစ်သွားအောင် ကြည့်ချင်သူတွေကြည့်လို့ရအောင်လို့တင်ဆက်ပေးလိုက်ပါတယ် Quality ...
movie

The Journey of Flower ( 2024 )

Detective Dee: The Four Heavenly Kings (2018) 6.4
Detective Dee: The Four Heavenly Kings (2018) Detective Dee: The Four Heavenly Kings (2018)IMDb Rating (6.4) / Rotten Tomatoes (60%)ဒီရုပ်ရှင်ကတော့ ၂၀၁၃ ကထွက်ရှိခဲ့တဲ့ Young Detective Dee - Rise of The Sea Dragon ရဲ့ Sequel အနေနဲ့ထွက်ရှိလာခဲ့တာပါ။ ရှေ့က အဓိကသရုပ်ဆောင်တွေ အကုန်နီးပါး ပြန်ပါဝင်ထားပါတယ်။ ၂၀၁၀ ကထွက်ရှိပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ Detective Dee-Mystery of The Phantom Flame ရုပ်ရှင်ရဲ့ Prequel ရုပ်ရှင်တွေဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ Rise of The Sea Dragon ရုပ်ရှင် အဆုံးကနေပြန်လည်စတင်ထားပြီး ရှင်ဘုရင်က စုံထောက်ဒီးကို နဂါးနိုင်ဓါး (ကျိုင်းတံ) အပ်နှင်းပြီး တစ်တိုင်းပြည်လုံးကို စေခိုင်းနိုင်တဲ့ အခွင့်အာဏာအပ်နှင်းလိုက်တာကနေ စတင်ပါတယ်။ ဒီလိုအာဏာအပ်နှင်းလိုက်တဲ့အတွက် ရှင်ဘုရင်ကို (တရုတ်ပြည်သမိုင်းမှာတစ်ဦးတည်းသောဘုရင်မဖြစ်လာမယ့်) မိဖုရားဝူက အမျက်ရှတော်မူပါတယ်... စုံထောက်ဒီးလို ဦးနှောက်ပဲရှိပြီး ...
movie

Detective Dee: The Four Heavenly Kings (2018)

2018
1080p HEVC
The Warlords (2007) 7
The Warlords (2007)  The Warlords (2007)IMdb Rating (7) / Rotten Tomatoes (63%)၁၉ရာစုအလယ်မှာ ချင်မင်းဆက်ရဲ့ အကျင့်ပျက်ခြစားတဲ့ အုပ်ချုပ်မှုဒဏ်ကို မခံနိုင်တော့တဲ့ပြည်သူတွေဟာ တိုင်ပင်းပုန်ကန်မှုကို အစပြုခဲ့တယ်။ ဒီပြည်တွင်းစစ်ကာလဟာ ၁၄နှစ်ကြာမြင့်ခဲ့ပြီး အငတ်ဘေးနဲ့ စစ်ပွဲကြောင့် လူသန်း၇၀ကျော်သေဆုံး ခဲ့ရတယ်။ ၁၅ရာစုကဆောက်ခဲ့တဲ့ အလယ်ခေတ် ကမ္ဘာ့အံ့ဖွယ်၇ခုထဲပါတဲ့ နန်ဂျင်းကကြွေမျှော်စင်ဆို မြေကွက်လပ်ပဲကျန်တဲ့အထိ ပျက်စီးဆုံးရှုံးမှု များခဲ့တယ်။ ဒီရုပ်ရှင်ဟာ အဲ့ဒီကာလက ဇာတ်အိမ်တည်ထားတဲ့ စစ်ခေါင်းဆောင် သွေးသောက်ညီအစ်ကိုသုံးယောက်ကို ဗဟိုပြုပြီး ဇာတ်အိမ်တည်ထားတယ်။စစ်ကိုဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်တွေမှာ တိုက်ပွဲကိုအသားပေးတဲ့ရုပ်ရှင်ရယ် တိုက်ပွဲထဲက လူတွေရဲ့ စိတ်အခြေအနေကို အသားပေးတဲ့ရုပ်ရှင်ရယ် ရှိတဲ့အထဲ ဒီရုပ်ရှင်ဟာ ဒုတိယအမျိုးအစားရုပ်ရှင်လို့ ပြောလို့ရတယ်။ အောက်ခြေစစ်သားတွေထက် အမိန့်ပေးဆုံးဖြတ်မှုလုပ်ရတဲ့ ခေါင်းဆောင်တွေရဲ့ စိတ်ကို ပိုအသားပေးပြတယ်။တကယ်တမ်းပြောရရင် သွေးသောက်ညီအစ်ကိုစစ်ခေါင်းဆောင်သုံးယောက်မှာ ဒုတိယညီရယ် တတိယညီရယ်ကို နားလည်နိုင်ပေမဲ့ အကိုကြီးဖြစ်တဲ့ ဂျက်လီရဲ့ ကာရိုက်တာ ဖန်းကွမ်ရန်ကို သိပ်နားမလည်နိုင်ဘူး။ ဟိုးငယ်ငယ်တုန်းက တစ်ခါကြည့်ဖြစ်ခဲ့တုန်းကတော့ ဂျက်လီရဲ့ ဒီကာရိုက်တာကို လူယုတ်မာလိုသတ်မှတ်ခဲ့ဖူးပေမဲ့ ဒီတစ်ခါပြန်ကြည့်ဖြစ်တဲ့အခါကျ သူ့လုပ်ရပ်တွေဟာ တစ်နည်းတစ်ဖုံနဲ့ မှန်နေတာကိုလည်း မြင်လာတယ်။ တစ်ချိန်တည်းမှာပဲ သူ့ကာရိုက်တာရဲ့ စိတ်ဟာ နားလည်ရခက်တဲ့ အခြေအနေတစ်ခုဖြစ်သွားတယ်။ ဘယ်သူ့လုပ်ရပ်မှန်ပြီးဘယ်သူ့လုပ်ရပ်မှားတယ်ဆိုတာ အဖြေမထွက်တော့ဘူး။အမှန်ဆိုတာ ပိုဝေဝါးလာတယ်။ စာအုပ်တစ်အုပ်ကို နှစ်ခါဖတ်လို့မရဘူးဆိုတဲ့စကားလိုပဲ ဒီရုပ်ရှင်ကို ငယ်ငယ်တုန်းက အတော်များများလည်း ကြည့်ဖူးခဲ့ကြမှာပဲ ကြည့်တဲ့လူရဲ့စိတ်ပေါ်မူတည်ပြီး ရုပ်ရှင်တစ်ကားကိုလည်း နှစ်ခါပြန်ကြည့်လို့ရမှာတော့ မဟုတ်‌လောက်ဘူး။WARLORDS ဟာ ဂျက်လီကားတွေထဲ Heroနဲ့ Fearless အပါအ၀င် ဂျက်လီရဲ့ ...
movie

The Warlords (2007)