Channel Myanmar

Wang Zhi

Goodbye Mr. Loser ( 2015 ) 6.7
Goodbye Mr. Loser ( 2015 ) ဒီကား​လေးဟာ imdb6.7ရရှိထားပြီးChinese box officeမှာ $228millionအထိဝင် ငွေရရှိ​ထားတဲ့ဇာတ်​ကား​ကောင်​း​လေးတစ်​ကားဖြစ်​ပါတယ်​.. ဇာတ်​လမ်​းအကျဉ်​း​လေးက​တော့ရှ​လော့ဟာ​တေး​ရေးအဆို​ကျော်​ဖြစ်​ချင်​​နေ​ပေမယ်​့ မ​အောင်​မြင်​နိုင်​ပဲ အမြဲကျရှုံး​နေရသူပါ...တစ်​​နေ့မှာသူငယ်​စဉ်​ကcrushခဲ့ရတဲ့ ​ကျောင်​းရဲ့အလှဘုရင်​မ​လေးချုံးယာမင်္ဂလာ​ဆောင်​ကိုစမတ်​ကျကျနဲ့ ဟန်​​ဆောင်​ပြီးသွားရာက​နေ​ မင်္ဂလာပွဲမှာဘယ်​​လို​တွေရှုပ်​ယှက်​ခတ်​ကုန်​မလဲ..သူ့မိန်​းမ မာတုန်​းမိန်​လို်က်လာပြီးအရှက်​​တွေကွဲပြီးထွက်​​ပြေးရာက​နေ 1990ခုနစ်​ သူ့ရဲ့အထက်​တန်​း​ကျောင်​းသားဘဝကို အမှတ်​မထင်​အချိန်​ခရီးသွားပြီး ပြန်​လည်​​ရောက်​ရှိသွားပါ​တော့တယ်​...ဒီလိုနဲ့ သူ မပိုင်​ဆိုင်​နိုင်​ခဲ့တဲ့အချစ်​နဲ့ ​အောင်​မြင်​မှု​တွေကို ရယူနိုင်​ဖို့ကြိုးစားပါ​တော့တယ်​... ရာစုနှစ်​၂စု​လောက်​​နောက်​ကျပြီးမှထွက်​လာမယ်​့အဆို​ကျော်​​တွေရဲ့သီချင်​း​တွေကို Copyလုပ်​ပြီး​အောင်​မြင်​​ကျော်​ကြားလာပါ​တော့တယ်​.....သူလိုချင်​တဲ့​အောင်​မြင်​မှု​တွေနဲ့ချုံးယာကိုပိုင်​ဆိုင်​ခဲ့ရ​ပေမယ်​့ ဒါကသူလိုချင်​တဲ့ဘဝမျိုးဖြစ်​ရဲ့လား...သူ့နှလုံးသားထဲမှာရှိ​နေတဲ့ မိန်​းက​လေးဟာတစ်​စုံတစ်​​ယောက်​လို့သိလိုက်​ရချိန်​မှာ​တော့.. ဇာတ်​ကားတစ်​ခုလုံးကိုစိတ်​ဝင်​စားဖွယ်​ကြည်​့ရှုရမှာဖြစ်​ပါတယ်​..ဒီဇာတ်​ကား​လေးကြည်​့ပြီးရင်​​တော့ ကိုယ်​မပိုင်​ဆိုင်​ခဲ့ရတဲ့ဘဝ​တွေကိုတမ်​းတ​နေမဲ့အစား ကိုယ်​့​ဘေးမှာ ဆိုးတူ​ကောင်​းဖက်​ရှိ​နေ​ပေးတဲ့သူကို မြင်​နိုင်​ပြီးတန်​ဖိုးထား​ရမယ်​ဆိုတာသိလာမိပါတယ်​.... Quality : Bluray 1080p , 720p Format : mp4 Genres : Romance , Comedy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Phyo Zaw Encoded by LK
movie

Goodbye Mr. Loser ( 2015 )

2015
Lose To Win ( 2023 ) 5.8
Lose To Win ( 2023 ) ဒီဇာတ်ကားလေးကတော့ teamwork နဲ့ ယှဉ်ပြိုင်လိုစိတ် ၊ အရှုံးမပေးတတ်တဲ့စိတ်ဓာတ် အစရှိတဲ့ message တွေပေးသွားပြီးတော့ ရယ်စရာဟာသလေးတွေနဲ့ပါ တစ်ပါတည်းကြည့်ရမဲ့ ဟာသကားကြိုက်တတ်တဲ့ ပရိသတ်ကြီး‌တွေ အကြိုက်တွေ့စေမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။‌ဘတ်စကတ်ဘောအားကစားကိုအရမ်းရူးသွပ်ပြီး ပွဲတိုင်းအနိုင်လိုချင်တဲ့ နည်းပြဝေ့ကော်ကျိမ့်ဟာ သူ့ကျောင်းက ဘတ်စကတ်ဘောအသင်းကို ၇နှစ်ဆက်တိုက်ဘယ်သူမှအနိုင်မပိုင်းနိုင်တဲ့အသင်းအဖြစ် မှတ်တမ်းတင်ထားနိုင်ခဲ့တဲ့ နည်းပြတစ်ဦးပဲဖြစ်ပါတယ် ။ တစ်နေ့မှာတော့ ပြိုင်ဘက်အသင်းက နိုင်ငံခြားသားတွေကိုငှားလာပြီး ပြိုင်ပွဲဝင်ခဲ့တဲ့အချိန်မှာ နည်းပြဝေ့တို့အသင်းရဲ့ ၇နှစ်အရှုံးမရှိမှတ်တမ်းကို ချိုး‌ဖျက်တော့မလိုအခြေအနေဖြစ်လာခဲ့ပါတယ် ။နည်းပြဝေ့တစ်ယောက် နိုင်ချင်ဇောကြီးပြီး ကမူးရှူးထိုးတွေထလုပ်ချိန်မှာတော့ ရန်တွေဖြစ်ကြပါတော့တယ် ။ သူအဲလိုလုပ်လိုက်တဲ့အခါမှာ ၇နှစ်မှတ်တမ်းကိုထိန်းသိမ်းနိုင်လိုက်ပေမဲ့ တစ်ဖက်မှာလည်း အဖွဲ့အစည်းကနေ သူ့ကိုယာယီရာထူးရပ်ဆိုင်းပြီး ဖွံ့ဖြိုးမှုနှောင့်နှေးတဲ့ ချို့တဲ့တဲ့ ပရဟိတမိသားစုအဖွဲ့အစည်းဆီကို ဘတ်စ‌ကတ်‌ေဘာနည်းပြလုပ်ပေးဖို့လွှတ်လိုက်ချိန်မှာတော့ခေါင်းဆောင်ဝေ့တစ်ယောက် ပြောဆိုဆက်ဆံရခက်တဲ့ လူတစ်စုနဲ့ ဘယ်လိုဆက်ပြီး ရှေ့ဆက်လဲ ? သူလိုချင်နေတဲ့ အနိုင်ပွဲတွေကရော ဦးနှောက် ဖွံ့ဖြိုးမှုနှောင့်နှေးနေတဲ့လူတစ်စုနဲ့ဆို ရ‌နိုင်ပါအုံးမလားဆိုတာကို... ပျော်ပျော်ရွှင်ရွှင်နဲ့ မပျင်းရအောင်ကြည့်ရမှာဖြစ်လို့ ဟာသကားကြိုက်ပြီးဇာတ်အိမ်ခိုင်မှကြည့်တတ်တဲ့သူတွေအတွက် ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie

Lose To Win ( 2023 )

The Wandering Earth II (2023)
The Wandering Earth II (2023) ဒီတရုတ်ရုပ်ရှင်ကတော့ သိပ္ပံစိတ်ကူးယာဉ် အာကာသစွန့်စားခန်းရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ မူရင်းနာမည်ကျော်ဝတ္ထုကို ပြန်ရိုက်ထားတာမို့ ဇာတ်အိမ်ကလည်း ကြီးပါတယ်။ ပြသချိန်ကလည်း ၃ နာရီတောင်ရှိပါတယ်။ ဒီရုပ်ရှင်က တရုတ်ရဲ့ ပထမဆုံး Full-scale သိပ္ပံရုပ်ရှင်လို့ သတင်းတွေမှာတောင် ရေးကြပါတယ်။ ဒီရုပ်ရှင်ရဲ့အဓိက မင်းသား ဝူကျင်းဆိုရင်လည်း ပထမဆုံးအနေနဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပဲ ပါဖို့သဘောတူထားပေမဲ့ ဒါရိုက်တာက သူ့ကိုသဘောကျလို့ သူပါတဲ့အခန်းတွေ ဆက်တိုက်ထည့်သွင်းရိုက်ကူးခဲ့ရပါတယ်။ နောက်ဆုံးမှာ သရုပ်ဆောင်ကြေးက ဒေါ်လာ ၁၀ သန်းကျော်လာပြီး ရုပ်ရှင်ကိုလည်း အရမ်းကောင်းမွန်အောင် မွန်းမံရင်းနဲ့ ဘက်ဂျက်ကျော်သွားတာမို့ ဒါရိုက်တာက ဝူကျင်းကို ပိုက်ဆံမယူဘဲ ဆက်ရိုက်ပေးဖို့ အကူအညီတောင်းခဲ့ရတဲ့အထိပါပဲ။ ဝူကျင်းက ရုပ်ရှင်ကို အရမ်းသဘောကျနေပြီမို့ ပိုက်ဆံမယူတဲ့အပြင် အိတ်ထဲကနေ ၉ သန်းပါ ထပ်စိုက်ပြီး ရိုက်ကူးစေခဲ့ပါတယ်။ အခုချိန်မှာတော့ သန်း ၁၀၀ နီးပါးရင်းခဲ့တဲ့ ဒီရုပ်ရှင်ဟာ သန်း ၅ ရာကျော် ဝင်သွားပြီး အတော်မြတ်သွားခဲ့ပြီဖြစ်ပါတယ်။ ...
movie

The Wandering Earth II (2023)

Better Man ( 2023 ) 6
Better Man ( 2023 ) အိမ်ထောင်တစ်ခုမှာ မိန်းမသားတွေဟာ အိမ်မှုကိစ္စလုပ် ၊ အမျိုးသားတွေကိုပြုစု ၊ ကလေးမွေး / ကလေးထိန်း ဖို့ပဲတာဝန်ရှိပြီး တစ်ခြားအလုပ်တွေလဲလုပ်စရာမလို လူမှုနယ်ပယ်ကိုလဲ ဝန်ဆံ့စရာမလိုဘူးဟု ထင်မှတ်ထားသူ စာရေးဆရာ - ဟူထျယ်နမ်ဒီလို အတွေးမျိုးကို ပုံသေတစ်ခုအဖြစ်မှတ်ထားတဲ့ ဟူထျယ်နမ်ဟာ သူအပြင်မှာ ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ပေး မိသားစုအတွက် ငွေရှာပေးနေတာနဲ့တင် သူ့ရဲ့ ခင်ပွန်းဝတ္ထရား ကျေပွန်ပြီဟု ထင်မှတ်နေသူပါ ။ ဇနီးဖြစ်သူကိုလဲ အလုပ်လုပ်မခိုင်းသလို လူမှုနယ်ပယ်မှာလဲ ဝန်ဆံ့ဖို့ ပိတ်ပင်ထားပါတယ် ။ တစ်နေ့မှာတော့ ဟူထျယ်နမ် တစ်ယောက် အလုပ်သွားဖို့ ဓာတ်လှေကား စီးနေစဥ်အတွင်းမှာ မတော်တဆ ဖြစ်ကာ သူလက်ရှိနေနေတဲ့ လောကကြီးနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နေရာဆီကို ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့ပါတော့တယ် ။အဲ့ဒီလောကမှာရှိတဲ့ မိန်းမသားတွေက အိမ်ထောင်ကိုဦးစီးပြီး ယောကျာ်းတွေက အိမ်မှုကိစ္စ အဖြာဖြာလုပ်ပြီး ကလေးမွေး ၊ ကလေးထိန်းအစရှိတဲ့ အလုပ်တွေကို လုပ်နေကြရပါတယ် ။ အစပိုင်းမှာ ဟူထျယ်နမ်တစ်ယောက် လက်မခံပဲ ဆက်ဆက်ထိမခံ ဆန့်ကျင်ခဲ့ပေမဲ့ မရခဲ့ချေပါဘူး ။ သူကိုယ်တိုင် မိန်းမသားတွေ လုပ်ကိုင်ကြရတဲ့ အရာတွေကို မျက်မြင်ကိုယ်တွေ့ ကြုံလာရတဲ့အခါမှာ ....?ဟူထျယ်နမ်တစ်ယောက် ...
movie

Better Man ( 2023 )

Home Coming ( 2022 ) 6.5
Home Coming ( 2022 ) ဒီနေ့မှာဆိုရင်တော့ Channel Myanmar က ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ရုံတင်ခဲ့ပြီး ရုံဝင်ငွေ ၁.၅ ဘီလီယံကျော်ရရှိခဲ့တဲ့《Home Coming》 ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေNumedia နိုင်ငံစစ်ပွဲဖြစ်စဥ် အချိန်ကာလ , သံရုံးမှာ လူအင်အားမမျှသောကြောင့် စစ်ပွဲအတွင်းက တရုတ် ပြည်သူတွေကိုသာ ကယ်ဆယ်ဖို့ စီစဥ်ထားပေမဲ့လဲ အဆင်မပြေခဲ့ပါဘူး တစ်ဆက်ထဲမှာပဲ အဲဒီနေ့ကမှ ဇာတိမြေကို ပြန်ဖို့စိတ်ကူးထားတဲ့ သံတမန်ဝန်ကြီးချုပ်ဟောင်း ဇုံးတဝေ နဲ့ နိုင်ငံရေးဌာနမှ လူသစ်တစ်ဦးဖြစ်တဲ့ ချန်လန် တို့ဟာ အန္တရာယ်ကြားထဲကနေပြီးတော့ တာဝန်တွေကို သက်စွန့်ဆံဖျား လုပ်ကိုင်ပေးခဲ့ကြပြီး မိမိတို့ အိမ်ပြန်မည့် အခွင့်အရေးကို လက်လွှတ်ကာ စစ်ပွဲအတွင်းက ပြည်သူများ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့အတွက် နေရစ်ခဲ့ကြပါတယ်အဲဒီနောက်မှာတော့ တာဝန်တွေကို ကြိုးစားလုပ်ကိုင်ရင်း တာဝန်ပြီးဆုံးသွားပြီလို့ ထင်နေပေမဲ့ နောက်ထပ် စစ်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ တစ်ပြည်ထဲသား လူတစ်စု ရှိနေသေးတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ပိုင်ဟွ ဆိုသူရဲ့ ဦးဆောင်လမ်းပြမှုနဲ့ အတူတူ နယ်စပ်ရွှေ့ပြောင်းရေး စခန်းကို သွားရောက်ခဲ့ကြပါတော့တယ် အရေးပေါ်ဖြစ်နေတဲ့ အခြေအနေအောက်မှာ နှစ်ယောက်သားဟာ အိမ်ပြန်ဖို့ အခွင့်အရေးကို ထပ်မံစွန့်လွှတ်ခဲ့ကြပြီးတော့ စစ်ပွဲအတွင်းထပ်မံခြေချခဲ့ပြန်ပါတော့တယ် အဲဒီနောက်မှာတော့ ...
movie

Home Coming ( 2022 )

Drug War(2012) 7.0
Drug War(2012) Drug War(2012) အညွှန်း**********************IMDb...7.0ဟောင်ကောင်ရဲ့ ထိတ်ထိတ်ကြဲမင်းသား Louis Kooနဲ့ နာမည်ကြီးတရုတ်မင်းသားSun Hongeliတို့ အပြိုင်သရုပ်ဆောင်ထားတဲ့ Action/ Crimeဇာတ်ကားပါ။Action/Crimeဇာတ်ကားတွေကြောင့် အနောက်တိုင်းထိကျော်ကြားတဲ့ဟောင်ကောင်ဒါရိုက်တာ Johnnie Toရဲ့လက်ရာဖြစ်တာကြောင့် သေသပ်လှပါတယ်။ တရုတ်နိုင်ငံတွင်းမူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချနေတဲ့တင်မီချိုဟာခေါင်းဆောင်ဇန်းဦးဆောင်တဲ့ မူးယစ်တပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးနောက်သေဒဏ်မှလျှော့ပေါ့ပြစ်ဒဏ်ကျခံနိုင်ရန်အတွက် အကုန်ဖော်ကာ၊ရဲတပ်ဖွဲ့ရဲ့အသွင်ယူလုပ်ငန်းစဉ်များတွင်လည်း ပူးပေါင်းဆောင်ရွက်ပြီးပြည်မကြီးတွင်ထုတ်လုပ်ဖြန့်ဖြူးနေတဲ့အဓိကလက်မဲကြီးများကို ဖမ်းဆီးနိုင်ရန်လိုက်ပါဆောင်ရွက်ရပါတော့တယ်။ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့.................File Size :(2.1GB)(966 MB) and (369 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:47:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Phyo Pyae
movie

Drug War(2012)

The Human Comedy ( 2019 ) 5
The Human Comedy ( 2019 ) ဘဝကို ရိုးရိုးအေးအေး ဖြတ်သန်းနေတဲ့ ပုထုံ တစ်ယောက်ဟာသူ့အမူအကျင့်အတိုင်း အားနာတတ် ရိုးအလွန်းတာကြောင့် အမှုတွဲထဲပါသွားခဲ့တယ်...အရင်ဆုံး ပုထုံဘယ်လောက် ရိုးအတယ်ဆိုတာလေး ပြောပြမယ်နော်...ကြောက်တတ် အားနာတတ် ရိုးအတတ်လွန်းလို့ ကုမ္ပဏီကလစာ ၃ လစာ မပေးဘဲ အကြွေးထားတာတောင် မတောင်းခဲ့ဘူးလေ...ဒီလို ပုထုံက... သူ့ရဲ့ မရသေးတဲ့ ၃ လစာတောင်းရင်းနဲ့ လူမိုက်အဖွဲ့ကိုအကြွေး ၁ သန်းတင်နေတဲ့ ယန်ရှောင်ဝေနဲ့ တွေ့တော့တာပဲ...ဒီမှာ ဇာတ်လမ်းကစပြီ...ယန်ရှောင်ဝေဟာ နာမည်ကြီး စီးပွားရေးပညာရှင်ရဲ့သားမိတဆိုးသားလေးဖြစ်ပေမယ့် တစ်ဦးတည်းသော အဖေကြီးရဲ့ ပစ်ပယ်ခြင်း ခံခဲ့ရတယ်အကြွေး ၁ သန်းအတွက်ပါ ဆပ်ပေးဖို့အထိ ပစ်ပယ်ခဲ့တယ်လေ...ဒါကြောင့် ယန်ရှောင်ဝေက အကြွေး ၁သန်း ကိုယ့်ဘာသာဆပ်ဖို့ကြိုးစားရင်း အလွဲလွဲအချော်ချော်တွေ ဖြစ်ပြီးဒီဇာတ်ရှုပ်ထဲကို ပုထုံပါဝင်သွားတော့တာပါပဲ...ဘယ်လိုတွေ လွဲပြီး ဘယ်လိုရှုပ်တဲ့ ဇာတ်ဆိုတာတော့ဇာတ်လမ်းလေးကြည့်ရင်း အဖြေထုတ်လိုက်ကြပါ Translated & Review By Chu ChuEncoded By LK
movie

The Human Comedy ( 2019 )

2019
The Wandering Earth(2019) 7.5
The Wandering Earth(2019) The Wandering Earth(2019) IMDb.....7.5 ဒီဇာတ်လမ်းအကျဉ်းကတော့....ကမ္ဘာပျက်ခြင်းနဲ့ကြုံတွေ့ရတော့မယ့်အခြေအနေတစ်ခုကို ရှောင်လွှဲနိုင်ဖို့အတွက် တစ်ကမ္ဘာလုံးကလူသားမျိုးနွယ်များပူးပေါင်းပြီး ကမ္ဘာပျက်မယ့်အန္တရာယ်ကနေ ကယ်တင်ကြပုံအကြောင်းကို သိပ္ပံအက်ရှင်ဆန်ဆန်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် ဇာတ်လမ်းထဲမှာနေမင်းကြီးဟာ တဖြေးဖြေးအရွယ်အစားထုတည်ကြီးမားလာပြီး နောင်နှစ်ပေါင်းသုံးရာအတွင်းမှာ ကမ္ဘာဂြိုလ်ကြီးကိုပါဝါးမြိုတော့မယ့် အခြေအနေနဲ့ရင်ဆိုင်ကြုံတွေ့ရတော့မှာပါ အဲ့အချိန်မှာလူသားအားလုံးပေါင်းစည်းပြီး ကမ္ဘာကြီးကိုနေစကြာဝဌာအပြင်ဘက်ကိုတွန်းထုတ်သွားဖို့အတွက် ပြင်ဆင်ကြပါတော့တယ် အဲ့လိုလုပ်ဖို့အတွက် ကမ္ဘာ့အင်ဂျင်ကြီးများလို့ခေါ်တဲ့ ဧရာမအင်ဂျင်အလုံးပေါင်း၁ဝဝဝဝကိုတည်ဆောက်ပြီး ကမ္ဘာကိုဟိုးအဝေးနေနဲ့အဝေးဆုံးကို တွန်းပို့ခဲ့ကြတယ်...ဒါပေမယ့်တစ်နေ့မှာ ဂျူပီတာဂြိုလ်ကြီးရဲ့ဆွဲငင်အားပတ်လမ်းကြောင်းနဲ့ ကမ္ဘာဂြိုလ်ကြီးနီးကပ်သွားတဲ့အချိန်မှာတော့...ကမ္ဘာကြီးကိုဂျူပီတာဂြိုလ်ကြီးရဲ့ဆွဲအားအောက်ကနေ ဘယ်လိုမျိုးပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ကြမလဲဆိုတာကိုတော့...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ဖြစ်ပါတယ်... File Size : (864 MB) and (399 MB) Quality :WEB-DL 720p, Format…mp4 Duration…02:05:00 Genre :  Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae
movie

The Wandering Earth(2019)

2019
Kung Fu Traveler 2 (2018) 5.0
Kung Fu Traveler 2 (2018) ဒီကားကတော့ Kung Fu Traveler 1 ရဲ့အဆက်ဖြစ်ပါတယ်ဇာတ်လမ်းကျောရိုးကတော့ ဂြိုလ်သားတွေ ကမ္ဘာမြေကိုကျူးကျော်လာပြီးနောက်ပိုင်း သူတို့ကို တိုက်ခိုက်နိုင်တာဟာ ကွန်ဖူးသိုင်းပညာတစ်ခုပဲရှိပါတော့တယ်ပထမဇာတ်ကားတုန်းက လူသားတွေဘက်က စက်ရုပ်တစ်ကို ၁၈ရာစုကို အချိန်ခရီးသွားစေခဲ့ပြီးတောင်ပိုင်းကွန်ဖူးပညာကို ယူစေခဲ့ပါတယ်ဒါပေမယ့် ပိုအဆင့်မြင့်တဲ့ ဂြိုလ်သားတွေအတွက်တော့ ထိုတောင်ပိုင်းပညာတစ်ခုနဲ့တင် မလုံလောက်ခဲ့ပါဘူးအဲ့ဒါကြောင့် ဒီဒုတိယဇာတ်ကားမှာတော့ စက်ရုပ်နှစ်ကို မြောက်ပိုင်းခြေထောက်သိုင်းဘုရင်ဆီကို ထပ်မံ စေလွှတ်ပြီး ပညာသင်စေခဲ့ပါတယ်အချိုးအကွေ့တွေများစွာနဲ့အတူ စက်ရုပ်နှစ်နဲ့ ဇုဇီရင်းတို့နှစ်ယောက်ကွန်ဖူးဆရာကြီးကိုရှာပုံတော်ဖွင့်ခန်းကို ကြည့်ရှုရမှာဖြစ်ပါတယ်ပထမဇာတ်ကားရဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Tiger Wu Chan နဲ့ မင်းသမီး Zhi Wang က ပါဝင်သရုပ်ဆောင်ထားပါတယ်တစ်ခုပါပဲ Low budget CGI ဖြစ်ပြီး ပထမဇာတ်ကားလောက်သိပ်အားမရခဲ့ပေမယ့် တရုတ်ရိုးရာသိုင်းကွက်တွေကိုအဓိကထားကြည့်ရှုရမှာမို့Entertaining တော့ဖြစ်ခဲ့ပါကြောင်း...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ မေမြတ်သူပါ)File Size : (750 MB) and (360 MB) Quality : WEB-DL 720p Running Time ...
movie

Kung Fu Traveler 2 (2018)

2018