Channel Myanmar

Report error

အိမ်ထောင်တစ်ခုမှာ မိန်းမသားတွေဟာ အိမ်မှုကိစ္စလုပ် ၊ အမျိုးသားတွေကိုပြုစု ၊
ကလေးမွေး / ကလေးထိန်း ဖို့ပဲတာဝန်ရှိပြီး
တစ်ခြားအလုပ်တွေလဲလုပ်စရာမလို လူမှုနယ်ပယ်ကိုလဲ
ဝန်ဆံ့စရာမလိုဘူးဟု ထင်မှတ်ထားသူ စာရေးဆရာ – ဟူထျယ်နမ်

ဒီလို အတွေးမျိုးကို ပုံသေတစ်ခုအဖြစ်မှတ်ထားတဲ့ ဟူထျယ်နမ်ဟာ
သူအပြင်မှာ ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ပေး မိသားစုအတွက်
ငွေရှာပေးနေတာနဲ့တင် သူ့ရဲ့ ခင်ပွန်းဝတ္ထရား ကျေပွန်ပြီဟု ထင်မှတ်နေသူပါ ။
ဇနီးဖြစ်သူကိုလဲ အလုပ်လုပ်မခိုင်းသလို လူမှုနယ်ပယ်မှာလဲ
ဝန်ဆံ့ဖို့ ပိတ်ပင်ထားပါတယ် ။ တစ်နေ့မှာတော့ ဟူထျယ်နမ်
တစ်ယောက် အလုပ်သွားဖို့ ဓာတ်လှေကား စီးနေစဥ်အတွင်းမှာ
မတော်တဆ ဖြစ်ကာ သူလက်ရှိနေနေတဲ့ လောကကြီးနဲ့
ဆန့်ကျင်ဘက်ဖြစ်တဲ့ နေရာဆီကို ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့ပါတော့တယ် ။

အဲ့ဒီလောကမှာရှိတဲ့ မိန်းမသားတွေက အိမ်ထောင်ကိုဦးစီးပြီး
ယောကျာ်းတွေက အိမ်မှုကိစ္စ အဖြာဖြာလုပ်ပြီး ကလေးမွေး ၊
ကလေးထိန်းအစရှိတဲ့ အလုပ်တွေကို လုပ်နေကြရပါတယ် ။
အစပိုင်းမှာ ဟူထျယ်နမ်တစ်ယောက် လက်မခံပဲ ဆက်ဆက်ထိမခံ
ဆန့်ကျင်ခဲ့ပေမဲ့ မရခဲ့ချေပါဘူး ။ သူကိုယ်တိုင် မိန်းမသားတွေ
လုပ်ကိုင်ကြရတဲ့ အရာတွေကို မျက်မြင်ကိုယ်တွေ့ ကြုံလာရတဲ့အခါမှာ ….?

ဟူထျယ်နမ်တစ်ယောက် နောင်တရပြီး အမြင်မှန် ပြန်ရသွားမလား ။
မ်ိန်းမအပေါ်ကို နားလည်ပေးပြီး အရာရာကို ပြောင်းလဲ ပြင်ဆင်သွားမလား ။
သူအမြင်မှန် ရသွားတဲ့ အချိန်မှာရော အရာအားလုံးက
ပြင်ဆင်ဖို့ အချိန်မှီသေးပါ့မလား ဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်ရှင် ။
ဒီကားလေးကိုကြည့်ပြီးသွားရင်တော့ မိန်းမသားတွေကို
အိမ်မှုကိစ္စတစ်ခုထဲ လုပ်ဖို့မသတ်မှတ်ထားသင့်ကြောင်း
၊ ယောကျာ်းတွေအနေနဲ့လဲ အလုပ်နဲ့ မိသားစုအရေးမှာ
မျှမျှတတ အချိန်ပေးသင့်ကြောင်း အစရှိတာတွေကို သေချာနားလည်စေမှာ အမှန်ပါပဲ ။

[Reviewed By Chit Mya Mya Hmwe]

Quality : WEB-DL 1080p , 480p
Format : mp4
Genres : Drama , Comedy
Runtime : 1h 31 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Better Man ( 2023 )


No downloads available

Genres



Related movies