Channel Myanmar

Will Fletcher

The Great Escaper (2023) 7.2
The Great Escaper (2023)  ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတဲ့ The Great Escaper ရုပ်ရှင်မှာမင်းသားကြီး Michael Caine က ဒုတိယကမ္ဘာစစ် D-Day မှာပါဝင်တိုက်ခိုက်ခဲ့တဲ့ရေတပ်သားကြီး Bernard Jordan နေရာကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်ဇာတ်ကားဟာ အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ Michael Caine နဲ့မင်းသမီးကြီး Glenda Jackson တို့ရဲ့ နောက်ဆုံးရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။မင်းသမီးကြီး Glenda Jackson ဟာ သူမရဲ့ဇာတ်ဝင်ခန်းများရိုက်ကူးပြီးကိုးလအကြာမှာ ကွယ်လွန်သွားခဲ့ပြီး မင်းသားကြီး Michael Caine ကတော့၂၀၂၃ ခုနှစ် အောက်တိုဘာမှာ ရိုက်ကူးရေးကနေအနားယူလိုက်ပြီဖြစ်ပါတယ်။ဇာတ်လမ်းအနှစ်ချုပ်ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတော်ဝင်ရေတပ်မှာ အမှုထမ်းခဲ့တဲ့အသက် ၈၉ နှစ်အရွယ် စစ်ပြန်ကြီး Bernard Jordan ဟာ ပြင်သစ်နိုင်ငံမှာပြုလုပ်တဲ့နော်မန်ဒီကမ်းတက်တိုက်ပွဲ နှစ် (၇၀) ပြည့်အောက်မေ့ဖွယ်အခမ်းအနားကိုတက်ရောက်လိုတဲ့အတွက် သူနေထိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာကနေခိုးထွက်လာခဲ့ပါတယ်။ အဘိုးအိုကြီးတစ်ယောက်တည်း အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီးပြင်သစ်နိုင်ငံကိုထွက်လာခဲ့တဲ့သတင်းဟာ လူမှုကွန်ယက်နဲ့သတင်းဌာနတွေမှာနေ့ချင်းညချင်းနာမည်ကျော်သွားပေမယ့် သူဘယ်ရောက်နေတယ်ဆိုတာဘယ်သူမှမသိကြပါဘူး။အောက်မေ့ဘွယ်အခမ်းအနားတက်ရောက်ဖို့လာတာဆိုပေမယ့် စစ်မှုထမ်းဟောင်းကြီးမှာတခြားလုပ်စရာကိစ္စလေးတွေလည်းရှိနေသလို ကမ္ဘာစစ်ကြီးပြီးကတည်းကစိတ်အာရုံမှာ မကြာခဏခြောက်လှန့်နေတဲ့ ကိစ္စတစ်ခုကို ဖြေရှင်းတဲ့ဆန္ဒလည်းရှိပါသေးတယ်။ ဒီလိုစွန့်စားခန်းဖွင့်နေချိန်မှာပဲ ဂေဟာမှာကျန်ခဲ့တဲ့ ဇနီးသည်ကျန်းမာရေးချွတ်ယွင်းလာတာကို ...
movie

The Great Escaper (2023)