Channel Myanmar

The Great Escaper (2023)

Drama

7.2
IMDB: 7.2/10 1.4K votes

47036

Report error

 

ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတဲ့ The Great Escaper ရုပ်ရှင်မှာ

မင်းသားကြီး Michael Caine က ဒုတိယကမ္ဘာစစ် D-Day မှာပါဝင်တိုက်ခိုက်ခဲ့တဲ့

ရေတပ်သားကြီး Bernard Jordan နေရာကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားဟာ အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ Michael Caine နဲ့

မင်းသမီးကြီး Glenda Jackson တို့ရဲ့ နောက်ဆုံးရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။

မင်းသမီးကြီး Glenda Jackson ဟာ သူမရဲ့ဇာတ်ဝင်ခန်းများရိုက်ကူးပြီး

ကိုးလအကြာမှာ ကွယ်လွန်သွားခဲ့ပြီး မင်းသားကြီး Michael Caine ကတော့

၂၀၂၃ ခုနှစ် အောက်တိုဘာမှာ ရိုက်ကူးရေးကနေအနားယူလိုက်ပြီဖြစ်ပါတယ်။

ဇာတ်လမ်းအနှစ်ချုပ်

ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတော်ဝင်ရေတပ်မှာ အမှုထမ်းခဲ့တဲ့

အသက် ၈၉ နှစ်အရွယ် စစ်ပြန်ကြီး Bernard Jordan ဟာ ပြင်သစ်နိုင်ငံမှာပြုလုပ်တဲ့

နော်မန်ဒီကမ်းတက်တိုက်ပွဲ နှစ် (၇၀) ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို

တက်ရောက်လိုတဲ့အတွက် သူနေထိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာကနေ

ခိုးထွက်လာခဲ့ပါတယ်။ အဘိုးအိုကြီးတစ်ယောက်တည်း အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီး

ပြင်သစ်နိုင်ငံကိုထွက်လာခဲ့တဲ့သတင်းဟာ လူမှုကွန်ယက်နဲ့သတင်းဌာနတွေမှာ

နေ့ချင်းညချင်းနာမည်ကျော်သွားပေမယ့် သူဘယ်ရောက်နေတယ်ဆိုတာ

ဘယ်သူမှမသိကြပါဘူး။

အောက်မေ့ဘွယ်အခမ်းအနားတက်ရောက်ဖို့လာတာဆိုပေမယ့် စစ်မှုထမ်းဟောင်းကြီးမှာ

တခြားလုပ်စရာကိစ္စလေးတွေလည်းရှိနေသလို ကမ္ဘာစစ်ကြီးပြီးကတည်းက

စိတ်အာရုံမှာ မကြာခဏခြောက်လှန့်နေတဲ့ ကိစ္စတစ်ခုကို ဖြေရှင်းတဲ့ဆန္ဒလည်းရှိပါ

သေးတယ်။ ဒီလိုစွန့်စားခန်းဖွင့်နေချိန်မှာပဲ ဂေဟာမှာကျန်ခဲ့တဲ့ ဇနီးသည်ကျန်းမာရေး

ချွတ်ယွင်းလာတာကို မသိသေးတဲ့ စစ်မှုထမ်းဟောင်းကြီးဟာ သူလုပ်စရာရှိတာကိုသာ

သဲကြီးမဲကြီးအာရုံစိုက်နေရာက ဘဝတူစစ်ပြန်ကြီး Arthur ရဲ့အကူအညီကြောင့်

မမျှော်လင့်ထားတဲ့နေရာကို ရောက်ခဲ့ပါတော့တယ်။ ခရီးသွားဟန်လွဲဆုံရတဲ့ Arthur ရဲ့

နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိမလဲ၊ Bernard သူရည်မှန်းထားတာတွေ

အားလုံးလုပ်နိုင်ပါ့မလား။ သူတွေ့ချင်တဲ့အရာတွေနဲ့တွေ့နိုင်ပါ့မလား၊ ကျန်ရစ်ခဲ့တဲ့

ဇနီးသည်ရဲ့ ကျန်းမာရေးအခြေအနေဟာ ပြန်ရောက်တဲ့အထိ အသက်ရှည်ပါ့မလားဆိုတာ

IMDB 7.2, Rotten Tomato 79% ရထားတဲ့ The Great Escaper ရုပ်ရှင်ဇာတ်ကားနဲ့

အတူစီးမျောရင်းခံစားသက်ဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

 

File size…1.28GB / 499MB
Quality…WEB-DL 1080p 5.1CH / 720p
Format…mp4
Duration….1h 36m
Genre ….. Drama
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by miyamoto



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Great Escaper (2023)
The Great Escaper (2023)
The Great Escaper (2023)
The Great Escaper (2023)


No downloads available

Genres



Related movies