Channel Myanmar

Yo Yoshida

My Broken Mariko (2022) 6.3
My Broken Mariko (2022) My Broken Mariko (2022)အခုတစ်ခါတင်ဆက်ပေးမယ့် ဒီဇာတ်လမ်းလေးကတော့ သူငယ်ချင်းမိန်းကလေးနှစ်ယောက်ကြားကသံယောဇဉ်လေးကို သရုပ်ဖော်ထားတဲ့ ကာတွန်းစာအုပ်အား ပြန်လည်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာ rating ကောင်းကောင်းရရှိထားတဲ့ စာအုပ်ဆိုလဲမမှားပါဘူး။ ဇာတ်ကားရဲ့ နာမည်လေးအတိုင်း စိတ်ဓါတ်ကျမှူ၊ စွန့်ပစ်ခံရမှုနဲ့ စော်ကားခံရမှုတို့နဲ့ ပြည့်နှက်နေတဲ့ မာရီကိုရဲ့ဘက်မှာ ရပ်တည်ပေးတဲ့သူကတော့ သူ့ရဲ့တစ်ဦးတည်းသော ငယ်သူငယ်ချင်းဖြစ်သူ တိုမိုယိုရှီနိုပဲရှိပါတယ်။မာရီကိုနဲ့ရှီနိုတို့ရဲ့ သံယောဇဉ်ဟာ အတော်လေးကိုနက်ရှိုင်းကြတယ်။ တစ်နေ့ဒီလိုနဲ့ မာရီကိုသေဆုံးသွားတဲ့သတင်းကို ရှီနိုကြားလိုက်ရတဲ့အချိန်မှာ သူအရမ်းကိုတုန်လှုပ်သွားခဲ့တယ်။ရှီနိုဟာ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကို အမှောင်ထဲကနေရုန်းထွက်ဖို့ မကူညီနိုင်ခဲ့သလို ခံစားခဲ့ရတာကြောင့် မာရီကိုရဲ့အရိုးပြာတွေကို နောက်ဆုံးခရီးတစ်ခုအတွက် လွတ်မြောက်ပေးနိုင်ဖို့ စိတ်ပိုင်းဖြတ်ပြီးတဲ့နောက်မှာတော့ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။)File Size          : 1.7GB, 543MB, 263MB Quality            : 1080p WEB-DL ...
movie

My Broken Mariko (2022)

2022
Flying Colors (2015) 7.3
Flying Colors (2015) ကဲ .. ဒီတစ်ပတ်တော့ ကျောင်းသူကျောင်းသားများ ဒါမှမဟုတ် စာမေးပွဲတစ်ခုခုဖြေစရာရှိသူများအတွက် ရုပ်ရှင်ကြည့်လိုက်ရုံနဲ့ ကြိုးစားချင်စိတ် motivation တွေ တဖွားဖွားပေါ်လာစေမယ့် ဂျပန်ရုပ်ရှင်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်။ နာမည်ကတော့ Flying Colors (ဂုဏ်ထူး) ပါတဲ့ ။ ဂျပန်ပြည်တွင်းမှာတော့ Biri Gyaru (ဘိတ်ချီးကောင်မလေး) လို့အမည်ရတဲ့ ဒီဇာတ်ကားလေးဟာ ၂၀၁၅ခုနှစ်မှာ ဒါရိုက်တာ Doi Nobuhiro ကနေ ကျူရှင်ဆရာတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဝတ္ထုကိုအခြေခံရိုက်ကူးထားတဲ့ ဘဝဟာသဇာတ်ကားတစ်ကား ဖြစ်ပြီး၊ ဂျပန် Box office မှာ နံပါတ်တစ်ချိတ်ခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ Gyaru ဆိုတာကတော့ ဂျပန်ဖက်ရှင် ၊ music ပိုင်းနဲ့ ရင်းနှီးသူတွေအတွက် ခဏခဏကြားဖူးနေပါလိမ့်မယ်။ Gal(Girl) ဆိုတာက ဂျပန်အသံထွက်နဲ့ slang ပုံစံသုံးကြရာက တွင်ကျယ်လာတဲ့ ဒီစကားလုံးဟာ သုံးနှုန်းပုံဖွင့်ဆိုချက်တွေ၊ အမျိုးအစားတွေအများကြီးရှိပေမယ့် ဒီမှာနားလည်ရလွယ်အောင်လို့ အလှအပအရမ်းဦးစားပေးပြီး၊ ...
movie

Flying Colors (2015)

The Anthem of the Heart (2015) 7.4
The Anthem of the Heart (2015) Anthem of the heartNaruse Jun ဆိုတဲ့ကောင်မလေးဟာ သူအမှတ်မထင်ပြောလိုက်တဲ့စကားကြောင့် သူ့မိဘတွေခွဲခွာသွားတာလို့ ယူဆထားပါတယ်။အဖေဖြစ်သူထွက်သွားလို့ ငိုနေချိန်မှာ ကြက်ဥလေးတစ်လုံးပေါ်လာကာ ရှေ့လျှောက်သူ့စကားတွေကြောင့် သူ့ဘဝမပျက်စီးရအောင်ဆိုပြီး စကားမပြောနိုင်အောင်ကျိန်စာခတ်လိုက်ပါတော့တယ်။အလယ်တန်းအရွယ်ရောက်လာတဲ့အခါ စန္ဒရားတီးတတ်သူ အတန်းဖော် ကောင်လေး Sakagami နဲ့ရင်းနှီးသွားပြီး Jun ဟာ စကားမပြောနိုင်ပေမယ့် သီချင်းဆိုလို့ရတယ်ဆိုတာ သိလိုက်ရပြီးနောက် သူပြောချင်တဲ့စကားတွေကို သီချင်းအဖြစ်ရေးဖို့ Sakagami ကို အကူအညီတောင်းပါတော့တယ်...  Translated by :Pyi T NyeinEncoded by : YKQuality : 1080p and 720pFile Size : 1.9Gb and 1.3GbDuration : 1h 59minsOriginal Name : Kokoro ga sakebitagatterund
movie

The Anthem of the Heart (2015)

2015
After the Rain (2018) 6.8
After the Rain (2018) After the Rain (2018)_____IMDb - 6.8/10    အခိရာ တချိဘန ဆိုတဲ့ ကောင်မလေး ဟာ အသက် ၁၇ နှစ် ရှိပြီဖြစ်ပြီး အထက်တန်းကျောင်းသူလေး တစ်ယောက်ပေါ့... သူမ ဟာ ကျောင်းမှာ စာတော်ပြီး အားကစားမှာလဲ အပြေး ချံပီယံ ဖြစ်ပါတယ် သူမ ရဲ့ စံချိန်ကို မှီတဲ့ သူ တစ်ယောက်မှ ပေါ်ထွက်မလာခဲ့ပါဘူး... တစ်ရက်မှာတော့ ခြေထောက်ဒဏ်ဖြစ်ပြီး သူမ အိပ်မက်တွေ အကုန်လုံး ဆုံးရှုံးသွားခဲ့တယ်... စိတ်ပျက်လက်ပျက်ဖြစ်ပြီး သူမ အားကစားအဖွဲ့ကို ဘယ်တော့မှ ထပ်မလာခဲ့တော့ဘူး... အဲ့ဒီအစား သူမ အတွက် မက်လောက်စရာ ဘာမှ မရှိတဲ့ အိမ် နဲ့ ဝေးတဲ့ စားသောက်ဆိုင် သေးသေးလေး တစ်ခုမှာ စားပွဲထိုး ဝင်လုပ်နေခဲ့တယ်... ဆိုင်မှာ ရှိတဲ့ ယောင်္ကျားလေး မှန်သမျှ ဟာ သူမ ကို စိတ်ဝင်စားကြတယ် သူမ ရဲ့ မျက်နှာချေချေ နေမှုကြောင့် ဘယ်သူမှ မစ ရဲကြဘူး... အားလုံးကလဲ ဒီလို ချစ်ဖို့ကောင်းလွန်းတဲ့ ကောင်မလေး တစ်ယောက်က စားပွဲထိုး လာလုပ်နေလဲ ဆိုတာလဲ နားမလည်နိုင်ခဲ့ကြဘူး... ဒါပေမဲ့ အဲ့ဒီနေရာမှာ အခီရာ အတွက် အရေးကြီးတဲ့ လူတစ်ယောက်ရှိနေပါတယ် သူမ ချစ်သော ဦး ပေါ့... အဲ့ဒီ ဦး ...
movie

After the Rain (2018)

2018