Channel Myanmar

After the Rain (2018)

Koi wa ameagari no yô ni    

TV-PG 1h 52min DramaRomanceSport

6.8
IMDB: 6.8/10 804 votes

, , , , , , , , ,

Japan

411301

Report error

After the Rain (2018)_____IMDb – 6.8/10

 

 

အခိရာ တချိဘန ဆိုတဲ့

ကောင်မလေး ဟာ အသက် ၁၇ နှစ် ရှိပြီဖြစ်ပြီး

အထက်တန်းကျောင်းသူလေး တစ်ယောက်ပေါ့…

သူမ ဟာ ကျောင်းမှာ စာတော်ပြီး အားကစားမှာလဲ

အပြေး ချံပီယံ ဖြစ်ပါတယ် သူမ ရဲ့ စံချိန်ကို မှီတဲ့

သူ တစ်ယောက်မှ ပေါ်ထွက်မလာခဲ့ပါဘူး…

တစ်ရက်မှာတော့ ခြေထောက်ဒဏ်ဖြစ်ပြီး

သူမ အိပ်မက်တွေ အကုန်လုံး ဆုံးရှုံးသွားခဲ့တယ်…

စိတ်ပျက်လက်ပျက်ဖြစ်ပြီး သူမ အားကစားအဖွဲ့ကို

ဘယ်တော့မှ ထပ်မလာခဲ့တော့ဘူး…

အဲ့ဒီအစား သူမ အတွက် မက်လောက်စရာ ဘာမှ မရှိတဲ့

အိမ် နဲ့ ဝေးတဲ့ စားသောက်ဆိုင် သေးသေးလေး တစ်ခုမှာ

စားပွဲထိုး ဝင်လုပ်နေခဲ့တယ်…

ဆိုင်မှာ ရှိတဲ့ ယောင်္ကျားလေး မှန်သမျှ ဟာ သူမ ကို

စိတ်ဝင်စားကြတယ် သူမ ရဲ့ မျက်နှာချေချေ နေမှုကြောင့်

ဘယ်သူမှ မစ ရဲကြဘူး…

အားလုံးကလဲ ဒီလို ချစ်ဖို့ကောင်းလွန်းတဲ့ ကောင်မလေး

တစ်ယောက်က စားပွဲထိုး လာလုပ်နေလဲ

ဆိုတာလဲ နားမလည်နိုင်ခဲ့ကြဘူး…

ဒါပေမဲ့ အဲ့ဒီနေရာမှာ အခီရာ အတွက်

အရေးကြီးတဲ့ လူတစ်ယောက်ရှိနေပါတယ်

သူမ ချစ်သော ဦး ပေါ့…

အဲ့ဒီ ဦး က အသက် ၄၅ နှစ် ရှိပြီ အရမ်းရိုးအေးတဲ့ လူ

စိတ်ဓါတ်လဲ မှန်တယ် အူကြောင်ကြောင် ပုံစံ ဖြစ်နေပေမဲ့

သူမ ချစ်တာက အဲ့ဒီပုံစံလေး ဖြစ်နေတာတော့ မတက်နိုင်ဘူးပေါ့

အခီရာ က ဦးကို ချစ်နေပေမဲ့ ဖွင့်မပြောပါဘူး မျက်နှာချင်းဆိုင်မိတောင်

မျက်နှာကို ခပ်တည်တည်ထားပြီး မျက်လုံးစိမ်းကြီးတွေနဲ့ ကြည့်ပစ်တဲ့

ကလေးမလေးပါ….

အခီရာ ရဲ့ ဦး ကိုချစ်တဲ့ အချစ်ဟာ ဆယ်ကျော်သက်တွေ

စိတ်ကစားသလို အချစ်မဟုတ်ပဲ အရမ်းကို ဆန်းကျယ်ပြီး

ခမ်းနားလှတဲ့ အချစ်မျိုး နဲ့ ချစ်တာပါ

ဦး ကို အရိပ်တကြည့်ကြည့်မြင်ရတဲ့နေရာမှာ

အလုပ်လုပ်တယ် ဦး ရဲ့ အငွေ့အသက်နဲ့

သူမ အသက်ဆက်ရှင်တယ်….

ဒီလိုနဲ့ တစ်ရက်မှာတော့ ဦးကို ချစ်တဲ့အကြောင်းတွေ

ပြောပြရဖို့ အကြောင်း ဖန်လာခဲ့သော အခါ….

 

ဒီရုပ်ရှင်ကားကို ThinZar Htet က ဘာသာပြန်ထားပြီး

 

Thit San Khant မှ တင်ဆက်ပေးထားပါတယ်

 

 

 

ကျနော့် အနေနဲ့ မိုး နဲ့ ပတ်သက်တဲ့ ဇတ်လမ်းတွေဆိုရင်

My Raining Day လို ဂျပန်ကားမျိုးကို မျက်ရည်ဝဲလောက်တဲ့အထိ

ကြိုက်ခဲ့မိတယ်….

နောက်တစ်ခုက One Day လို ထိုင်းရုပ်ရှင်ကားမျိုး

၂ ခု လုံးက ရင်ထဲကိုရောက်ခဲ့တဲ့ ဇတ်လမ်းတွေ

တစ်ဖက်သက် အချစ်လို့ ပဲ ပြောရမှာပေါ့…

ဒီ After The Rain ဆိုတဲ့ ရုပ်ရှင်ကလဲ

အသက် ၁၇ နှစ်လောက်ပဲ ရှိသေးတဲ့ အရမ်းချစ်စရာကောင်းတဲ့

ကလေးမလေး တစ်ယောက်က သူ့ အဖေ အရွယ်လောက်ရှိတဲ့

ဦး ကို အရမ်းတွေ ချစ်ပြီး ဘဝကြီးတစ်ခုလုံးထက် အရေးကြီးတဲ့

နေရာမှာ ထားပြီး တစ်ဖက်သက် ချစ်နေဖို့ ဆိုတာ

စိတ်ကစားတက်တဲ့ အချစ်ထက် ပိုပြီး ဆန်းကျယ်တယ်

ခမ်းနားတယ် လိုက်မမှီနိုင်ဘူး….

ဘာပဲ ဖြစ်ဖြစ် ဦး ကို ချစ်တဲ့ ကလေး ရဲ့ ဇတ်လမ်းကို

ဒီနေ့ မနက်တော့ CM မှာ ကြည့်လို့ရပါပြီ။

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

After the Rain (2018)


No downloads available

Genres



Related movies