Channel Myanmar
Yoon Kyung-ho
Alienoid: Return to the Future (2024) 6.9
Alienoid: Return to the Future (2024) Alienoid : Return to the Future (2024)Part 1 မှာကတည်းက ဟိုးလေးတကျော်ကျော်နဲ့ ပရိသတ်တွေ သဘောကျခဲ့တဲ့ Alienoid ‌ကတော့ Part 2 ထွက်လာပါပြီဒီတစ်ခါမှာဆိုရင်တော့ Part 1 မှာ အပြီးသတ် မရှင်းလင်းနိုင်ခဲ့တဲ့ ကမ္ဘာမြေပေါ်က ဂြိုဟ်သားအကျဉ်းသားတွေကို သုတ်သင်ပစ်ဖို့ ကြိုးစားသွားကြတော့မှာပါဂိုလျောခေတ်ထိ လိုက်လံဒုက္ခပေးခဲ့တဲ့ ဒီအကျဉ်းသားတွေကို အနာဂတ်မှာပါ ပျောက်ကွယ်သွားစေဖို့ ဘယ်သူတွေက ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ခံစားကြည့်ရှုဖို့ ပြောချင်ပါတယ်Korea Sci-Fi နယ်ပယ်မှာ ကျေနပ်စရာကောင်းတဲ့ CGI တွေအပြင် Kim Tae-Ri, Kim Woo-Bin, Ryu Jun-Yeol စတဲ့စတဲ့ တကယ့်ထိပ်တန်းသရုပ်ဆောင်တွေကိုပဲ သုံးထားတာဖြစ်လို့ Part 1 ကလိုပဲ စိတ်ကျေနပ်မှုကို ရရှိစေမယ်လို့ ထင်ပါတယ်နော်အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Fantasy, ...
movie
Alienoid: Return to the Future (2024)
2024
Alienoid (2022) 6.9
Alienoid (2022) (function(f,b,n,j,x,e){})();Aliennoid (2022)ထွက်မလာခင်ကတည်းက ဟိုးလေးတကျော်ကျော်နဲ့ ပရိသတ်တွေစောင့်နေတဲ့ Sci-Fi Action အမျိုးအစား Alienoid Part 1 ကတော့ ထွက်လာပါပြီ ကျွန်တော်ကတော့ စောင့်ရကျိုးနပ်တယ်လို့ပဲ ပြောချင်ပါတယ်သုံးထားတဲ့ CGI တွေ နောက်ခံစကားပြော သရုပ်ဆောင်တွေနဲ့ ဇာတ်ကောင်တွေနဲ့အလိုက် သရုပ်ဆောင်တွေကို သုံးထားတာတော့ အံဝင်ခွင်ကျပါပဲမင်းသား Woo Bin ရဲ့ Comeback ရုပ်ရှင်ကတော့ K Industry မှာ တစ်ခေတ်ဆန်းသစ်ပြန်ပါပြီဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဂိုလျောခေတ်ကို ဂြိုဟ်သားတွေ ရောက်လာတဲ့ကိစ္စပါပဲ တစ်ချိန်တည်းမှာပဲ လက်ရှိခေတ်မှာရော ဂြိုဟ်သားတွေ ကမ္ဘာမြေပေါ်ကိုရောက်လာပါလေရော အချိန်နှစ်ခုကို ယှဉ်ရိုက်ထားပြီး အဲဒီအချိန်နှစ်ခုကြားမှာ ဘယ်လို ပတ်သက်ဆက်နွယ်မှုတွေ ရှိသလဲဆိုတာကတော့ မြှုပ်ကွက်တစ်ခုပါပဲအားလုံးပဲသိတဲ့အတိုင်း ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း သူ့ထက်ငါ တပြားမှမလျော့ကြတဲ့သူတွေပါပဲ- Reply 1988 ထဲက Ryu JunYeol - Our Blues ထဲက Kim Woo Bin - 25-21 ထဲက သည်းသည်းတုန်လေး Kim Tae Ri ...
movie
Alienoid (2022)
2022
4K HEVC
A Birth aka Birth (2022) 8.5
A Birth aka Birth (2022) A Birth aka Birth (2022)*************************** ဒီကားက ဂျိုဆွန်းရဲ့ ပထမဆုံး ကက်သလစ်ဘုန်းတော်ကြီး ဂင်ဒယ်ဂွန်ရဲ့ အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်...၁၈ ရာစုနှောင်းပိုင်း ကွန်ဖြူးရှပ်ဝါဒ လွှမ်းမိုးတဲ့ အရှေ့ဘက်စွန်းရဲ့ တိုင်းပြည်လေး ဂျိုဆွန်းမှာ စာသင်သားအချို့ဟာ ပေကျင်းကနေ ဝင်လာတဲ့ စာအုပ်တွေကနေတစ်ဆင့် ကက်သလစ်ဘာသာကို ပညာရပ်အနေနဲ့ လေ့လာရာကနေ ဘာသာတရားအဖြစ် လက်ခံလာကြတယ်.တိုင်းပြည်အုပ်ချုပ်တဲ့ အာဏာရှင်တွေဟာ ကက်သလစ်ဘာသာကို မကိုးကွယ်သင့်တဲ့အရာလို့သတ်မှတ်ထားကြသလို ကိုးကွယ်တဲ့သူတွေကိုလည်း သေဒဏ်ပေးသည့်အထိ ရက်စက်စွာ ပြစ်ဒဏ်ချမှတ်လေ့ရှိကြပါတယ်...ဒီကြားထဲ အိမ်နီချင်းနိုင်ငံတွေကလည်း စစ်ပွဲမျိုးစုံတိုက်နေကြတဲ့ကာလဆိုတော့ တိုင်းပြည်ဟာ ဆူပူမှုပေါင်းများစွာနဲ့ မအေးချမ်းလွန်းတဲ့ကာလဖြစ်ပါတယ်...ဒီလိုအချိန်မှာ ဂျိုဆွန်းရဲ့ ပထမဆုံး ကက်သလစ်ဘုန်းတော်ကြီး ဂင်ဒယ်ဂွန် ဘယ်လိုတွေဆက်လုပ်မလဲဆိုတာကိုတော့... ဒီကားက ဗဟုသုတလည်းရသလို စိတ်လှုပ်ရှားဖို့လည်းကောင်းပါတယ်...နာမည်ကြီးသရုပ်ဆောင်များစွာလည်းပါသလို ဘက်ဂျက်လည်း တော်တော်သုံးထားတာကိုတွေ့ရတာမို့ ကြည့်သင့်ပါကြောင်း...Size - 2.10GB, 898MB Quality - 1080p, 720p IMDb Rating - 8.5/10 Format - mp4 Duration - 2H 31Min Genre - Drama, History  Subtitle - Myanmar Subtitle (Hardsub) Translated by Hnin ...
movie
A Birth aka Birth (2022)
Punch (2011) 7.3
Punch (2011)  တစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကား‌ လေးကတော့ 2011ခုနှစ်မှာထွက်ရှိခဲ့တဲ့Punch ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် အသက်18နှစ်အရွယ်ဒိုဝမ်ဒုကခါးကုန်းနေတဲ့အဖေဂျောင်ဘို့နဲ့ စကားထစ်တဲ့ဦးလေးမင်ဂုတို့နဲ့အတူနေထိုင်တယ်အကသမားအဖြစ် နှစ်တွေအကြာကြီးအလုပ်လုပ်ခဲ့တဲ့ ကပွဲရုံပိတ်သွားပြီးတဲ့နောက်ဈေးတွေကိုလှည့်ပြီးတော့ဈေးရောင်းတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ်ကျောင်းသားတိုင်းကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံတတ်တဲ့ ဝမ်ဒုရဲ့အတန်းပိုင်ဆရာအီဒုံဂျူက ဘေးအိမ်ခေါင်မိုးထပ်မှာနေတယ် ဝမ်ဒုရဲ့အဖေဖြစ်သူကဈေးလှည့်ရောင်းဖို့သွားရတိုင်းဝမ်ဒုကိုစောင့်ရှောက်ပေးဖို့ဆရာ့ကို အကူအညီတောင်းရာကနေဆရာနဲ့ရင်းနှီးလာခဲ့တယ် တစ်နေ့မှာ 17နှစ်ကြာအောင်အမေမရှိဘူးလို့တွေးပြီး ကြီးပြင်းလာတဲ့ဝမ်ဒုကိုဆရာက အမေရှိကြောင်းနဲ့အမေကတွေ့ချင်နေကြောင်းပြောတဲ့အခါမှာတော့ ဝမ်ဒုတစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မလဲ အဖေကမသန်မစွမ်းဖြစ်တာကြောင့်‌ရောဆင်းရဲတာကြောင့်ပါအလှောင်ခံရပြီးပေပေတေတေလမ်း‌ပေါ်ကရန်ပွဲတွေမှာပါဝင်တတ်တဲ့ အခန်းရဲ့ဘိတ်ချေး ကောင်လေးတစ်‌ယောက်သူကျွမ်းကျင်တဲ့လက်သီးကိုဘယ်လိုအသုံးချမလဲမသန်မစွမ်းအဖေနဲ့ရွေ့ပြောင်းနေထိုင်သူအ‌မေရှိတဲ့ အထီးကျန်နေတဲ့ဆယ်ကျော်သက်အရွယ်လူငယ်လေးတစ်ယောက်က ပျော်ရွှင်နိုင်လာပြီးတော့ အိမ်မက်တွေကိုအောင်မြင်နိုင်မှာလား အာရှဒေသမှာဖြစ်ပွားနေတဲ့‌ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝတွေကဘယ်လိုမျိုးလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ်  File size…1.91 GB / 688 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ….. Comedy , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phyu
movie
Punch (2011)
Love Reset(2023) 7.2
Love Reset(2023) Love Reset(2023)*************** Kang Ha Neul နဲ့ Jung So Min တို့ရဲ့အချစ်ဟာသ ရုပ်ရှင် Love Reset/30Days 🔥 Love Reset ရုပ်ရှင်ဟာ Oct 3 ရက်နေ့က စရုံတင်ခဲ့ပြီး 11 ရက်ကြာ Box Office No 1နေရာမှာရှိနေခဲ့ပြီး နောက်မှာတော့ အခုဆိုရင်ကြည့်ရှုသူ 1 millionထိများခဲ့တာအတော်များများသိကြမှာပါ.... ဒီကားကထရေလာမှာပဲ နင်းကန်ရယ်ရမယ်ထင်ထားတာ....ကားထွက်တော့ ထင်ထားတာထက်ပိုရယ်နေရတယ်.... ဇာတ်လမ်းအကျဉ်း....ရှေ့နေစာမေးပွဲဖြေပြီး ဉပဒေလောကထဲတိုးဝင်ဖို့ကြိုးစားနေတဲ့ငမွဲငတေကောင်လေးတစ်ယောက်ရှိတယ်....အခြေခံလူတန်းစားဖြစ်ပြီး ရိုးသားတဲ့သူဟန်ကြောင့်ကံကောင်းထောက်မစွာ ရွှေဇွန်းကိုက်မွေးလာတဲ့ ဘောစိမလေးနဲ့ဖူးစာပါလာတယ်.... အခက်အခဲတွေကြားထဲကမှ သူတို့အိမ်ထောင်ကျခဲ့ကြလေသတည်းပေါ့..ဇာတ်လမ်းက ခုမှစတာ....မင်္ဂလာဆောင်ပြီးကတည်းက ပြဿနာပေါင်းစုံတက်တာ...၂ယောက်လုံးရဲ့အပြုအမူတွေက ဆိုးဝါးစွာထင်းကနဲပေါ်လာသလိုကြီးပြင်းလာတဲ့ပတ်ဝန်းကျင်မတူတော့ သူတို့စရိုက်နဲ့ခံယူချက်တွေကလည်းလုံးဝကွဲပြားနေတယ်...ဒီလိုနဲ့ပဲဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...File size… 2.12GB & 827MB Quality…WEB-DL 720p Format…mp4 Duration….1h 59m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Stary Htet , Phyu Sin ...
movie
Love Reset(2023)
Smugglers (2023) 6.8
Smugglers (2023) Smugglers (2023)အားလုံး တမျှော်မျှော်ဖြစ်နေခဲ့ကြတဲ့ Smugglers ရပါပြီ။Crime Action ကိုမှ ပင်လယ်ကိုအခြေပြုပြီး ဇာတ်အိမ်ဆန်းဆန်းလေး တည်ထားတာမို့ မတူညီတဲ့ ရသတစ်မျိုးကို ခံစားရမယ်လို့တော့ ထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ငါးဖမ်းတဲ့ ရေငုပ်သမဘဝကနေ မှောင်ခိုပစ္စည်းတွေကို ရေငုပ်ပြီး လိုက်လံရှာဖွေကြရင်း မှောင်ခိုသမားတစ်မျိုး ဖြစ်သွားခဲ့ကြတဲ့ ဂျန်ဆုနဲ့ချွန်းဂျာတို့ သူငယ်ချင်းနှစ်ယောက်ရယ်၊ တစ်နိုင်ငံလုံးမှာ အတော်ဆုံး မှောင်ခိုဘုရင်လို့ တင်စားကြတဲ့ သူဌေးဂွမ်ရယ်၊ ဂွန်းချွန်းနယ်က မှောင်ခိုခေါင်းဆောင် ဂျန်ဒိုရီရယ်…။သူတို့တွေရဲ့ တရားမဝင်မှောင်ခိုလောက,က နောက်ကျောဓားနဲ့ထိုးမှုတွေ၊ သူငယ်ချင်းအချင်းချင်း အထင်အမြင်လွဲမှားမှုတွေ၊ လူတွေရဲ့ အပေါ်ယံမျက်နှာဖုံးနောက်ကွယ်က သရုပ်မှန်တွေအကြောင်းကို Crime Action genre လေးနဲ့ ခံစားကြည့်ရှုရမှာပါ။မင်းသားမင်းသမီးတွေကတော့ အထွေအထူး ညွှန်းနေစရာမလိုတဲ့ Jo In-Sung, Kim Hye-Soo နဲ့ Yum Jung-Ah တို့ဖြစ်တာမို့ အားလုံး ကျေကျေနပ်နပ်ကြီး ကြည့်ကြရမယ်လို့ ထင်ပါတယ်နော်။အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထဂးတာကတော့ Hmwe & Joyz ပဲ ဖြး်ပါတယ်။Genre..... ...
movie
Smugglers (2023)
2023
Take Off 2 (2016) 7.0
Take Off 2 (2016) Take Off 2 (2016)**************** 2003 ခုနှစ် အာရှဂိမ်းမှာ ကိုးရီးယားက ပထမဆုံးအနေနဲ့ အမျိုးသမီးဟော်ကီကစားပွဲဝင်ပြိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။အာရှဂိမ်းဝင်ပြိုင်ဖို့ ပထမဆုံးအမျိုးသမီးဟော်ကီအဖွဲ့ဖွဲ့ရမယ်ဆိုပြီး အစိုးရက နည်းပြနဲ့ကစားသမားတွေဖိတ်ခေါ်နေပါတယ်။ ဒါပေမဲ့ နည်းပြတစ်ယောက်ကမှ တာဝန်မယူချင်တဲ့အတွက် ညတိုင်းအရက်သောက်ပြီး ဘယ်သူကမှအလုပ်မခန့်တဲ့ ဟော်ကီနည်းပြဟောင်းတစ်ယောက်ကို ခန့်လိုက်ပါတယ်။ကစားသမားတွေအနေနဲ့က မြောက်ကိုးရီးယားကထွက်ပြေးလာတဲ့ ပြည်ပြေးအီဂျီဝန်၊ စကိတ်ပြိုင်ပွဲဝင်ရာကအသင်းသားကိုတွန်းထုတ်သလိုဖြစ်ခဲ့လို့ ပြိုင်ပွဲဝင်ခွင့်ပိတ်ခံထားရတဲ့ ဘတ်ချယ်ယောင်း၊ အလှအပအရမ်းကြိုက်တဲ့ဂင်ဂါယွန်း၊ အထက်တန်းကျောင်းသူရှင်းဆိုဟျွန်း၊ သက်လတ်ပိုင်းအရွယ်ဂိုယောင်းဂျာ၊ ကုမ္ပဏီတစ်ခုရဲ့အတွင်းရေးမှူး ဂျိုမီရန်တို့ပဲဖြစ်ပါတယ်။ဘာအထောက်အပံ့မှမရတဲ့သူတို့ဟာ ယောက်ျား‌လေးဟော်ကီအသင်းကစွန့်ပစ်ထားတဲ့အင်္ကျီတွေဝတ်ရပြီး လေ့ကျင့်စရာနေရာမရှိလို့ ရွာလေးတစ်ရွာရဲ့ကင်းမွန်အခြောက်လှမ်းတဲ့နေရာမှာ သွားလေ့ကျင့်ကြရပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကတစ်ခုတည်းပါပဲ။ အာရှဂိမ်းမှာဆုတံဆိပ်တစ်ခုရနိုင်ဖို့ပါ။ ဒီလိုမျိုးကြိုးစားရာက အာရှဂိမ်းမှာ ဆုတံဆိပ်တကယ်ရယူနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဒိတ်ဒိတ်ကြဲမင်းသမီးတွေသရုပ်ဆောင်ထားပြီး အသင်းအဖွဲ့စိတ်ဓါတ်နဲ့ အချင်းချင်းကူညီရိုင်းပင်းကြတာတွေ၊ ခဏခဏရန်ဖြစ်ကြတာတွေ၊ တစ်ယောက်ချင်းစီရဲ့ဘဝဇာတ်ကြောင်းတွေကို သရုပ်ဆောင်ချက်ကောင်းကောင်း၊ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ File size… 2.19GB & 981MB Quality… WEB-DL1080p,720p Format…mp4 Duration….2h 06min Genre ….. Sport, Drama Subtitle….Myanmar Subtitle (Hard ...
movie
Take Off 2 (2016)
Wedding Dress (2010) 7.5
Wedding Dress (2010) Wedding Dress (2010)ဘဝမှာ ကိုယ်ချစ်ရဆုံးသူတစ်ယောက် ရှိကြမှာပါ ဒီဇာတ်လမ်းလေးထဲမှာတော့ တစ်ခုလပ်မိခင် ဂိုဝွန်းက မင်္ဂလာဝတ်စုံဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး သူ့မှာ သွေးကင်ဆာရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်အဲဒီနောက်မှာ သူမရဲ့သမီးလေး ဂျောင်ဆိုရာကို သူမမပါဘဲ နေထိုင်တတ်ဖို့ ဆိုရာအကျင့်တွေနဲ့ပက်သက်ပြီး ဘယ်လိုတွေပြင်ဆင်ပေးခဲ့မလဲ သမီးလေးနဲ့မခွဲခင်မှာ သမီးလေးအတွက် မင်္ဂလာဝတ်စုံဝတ်ဆင်ခြင်းအပါအဝင် သမီးလေးအတွက် တတ်နိုင်သမျှ အကုန်လုပ်ပေးချင်ခဲ့ပါတယ် သူမရဲ့ရောဂါပိုဆိုးလာနဲ့အမျှ ဆိုရာလည်း သူ့အမေနေမကောင်းဖြစ်နေတာကို သိသွားပြီး သူ့အမေရဲ့ဆန္ဒတွေကို လျှို့ဝှက်ပြီး ဘယ်လိုဖြည့်ဆည်းပေးဖို့ကြိုးစားမလဲ ချစ်ရတဲ့သူ့ရဲ့အမေအတွက် သူ့အကျင့်တွေကိုပြင်ပြီး ဘယ်လိုတွေရှေ့ဆက်မလဲ ကိုယ်ချစ်ရဆုံးအမေနဲ့ မခွဲရခင်မှာ ဆိုရာလေးက ဘယ်လိုတွေဖြည့်ဆည်းပေးမလဲဆိုတာကိုတော့....အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.5GB | 724MB | 352MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Myo Myo Encoder ..... Aaron
movie
Wedding Dress (2010)
2010
Honest Candidate 2 (2022) 5.1
Honest Candidate 2 (2022) Honest Candidate 2 (2022)"မုသားမပါ လင်္ကာမချော" တဲ့ လောကကြီးမှာ သင်က လုံးဝလိမ်လို့မရတဲ့သူတစ်ယောက်ဖြစ်နေမယ်ဆိုရင် ဘယ်လိုဖြစ်မယ်ထင်ပါသလဲအူတက်အောင်ရယ်ရမယ့် Honest Candidate 2 မှာဆိုရင်တော့ အလိမ်အညာစကားတွေပြောရတာကို ကျင့်သားရနေတဲ့ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း ဂျူဆန်းဆုဟာ ရုတ်တရက်ကြီးဖြစ်သွားတဲ့ မတော်တဆမှုတစ်ခုကြောင့် သူ့ရဲ့အလိမ်စွမ်းရည်တွေ ပျောက်ဆုံးကုန်တာကို တွေ့ရမှာပါလိမ်ရင် ကြို့ထိုးတာလောက်တင် မကဘဲ အလိမ်အညာစကားဆို လုံးဝပြောမရတော့တဲ့အပြင် တည့်တိုးစကားလုံးတွေချည်းပဲ ပါးစပ်က ထွက်လာတော့တာမို့ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ အခက်တွေ့နေတာဖြစ်ပါတယ်ဒီလိုနဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ၃ ကြိမ်တိုင် အနိုင်ရရှိခဲ့ပြီးဖြစ်တဲ့ ဂျူဆန်းဆုဟာ ၄ ကြိမ်မြောက်မတိုင်ခင် အခုလိုဖြစ်သွားခဲ့ပြီးတဲ့နောက်မှာတော့ နိုင်ငံရေးလောကမှာ သူဘယ်လိုဆက်ပြီး ရပ်တည်သွားမလဲ၊ ၄ ကြိမ်မြောက် ရွေးကောက်ပွဲမှာရော အနိုင်ရရှိသွားဦးမှာလားဆိုတာကို ရယ်ရယ်မောမောနဲ့ ကြည့်ရှုခံစားနိုင်မှာဖြစ်လို့ အလောင်တွေပျော်စေမယ့် ဇာတ်ကားလေးတစ်ကားပါပဲသရုပ်ဆောင်တွေအနေနဲ့လည်း Reply 1988 ထဲက Ra Miran, The Grid ထဲက Kim Mu Yeol တို့အပြင် ဟာသသရုပ်ဆောင်တွေဖြစ်ကြတဲ့ Park JinJoo နဲ့ ...
movie
Honest Candidate 2 (2022)
2022
I Want to Know Your Parents (2022) 7
I Want to Know Your Parents (2022) I want to know your parents (2022)အကြောင်းပြချက်အမျိုးမျိုးနဲ့ အားကြီးသူကအားနည်းသူကိုထိုးနှက်ဖိနှိပ်ပြီး တစ်ယောက်နဲ့ တစ်ယောက်နိုင်ထက်စီးနင်းလုပ်နေကြတဲ့ လူ့အဖွဲ့အစည်းမှာ ကျောထောက်နောက်ခံမရှိဘဲ တရားမျှတမှုကိုရှာဖွေရတဲ့ ခရီးလမ်းဟာ ဘယ်လောက်ခက်ခဲမလဲအားလုံးခန့်မှန်းမိကြမှာပါ။ဟန်နင်းမ် အင်တာနေရှင်နယ်အလယ်တန်းကျောင်းလို့ခေါ်တဲ့ တောင်ကိုရီးယားရဲ့ဂုဏ်သတင်းအမွှေးဆုံးအလယ်တန်း‌ကျောင်းမှာ ကျောင်းတွင်းအကြမ်းဖက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဲဒီအကျိုးဆက်အနေနဲ့ ကျောင်းသားလေးတစ်ဦးဟာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့ပါတယ်။ အသက်ဆုံးရှုံးလိုက်ရတဲ့ နစ်နာသူကျောင်းသားလေးရဲ့ဘက်မှာ မျက်နှာမွဲမိခင်နဲ့ ယာယီစာချုပ်ဝန်ထမ်းဖြစ်တဲ့ ဆရာမလေးတစ်ယောက်သာရှိပြီး တစ်ဖက်မှာ အကောင်းဆုံးအလုပ်အကိုင်တွေနဲ့ အထက်တန်းလွှာတွေကို ရင်ဆိုင်တိုက်ခိုက်ရမယ့်ပွဲမှာ ဘယ်လို အလှည့်အပြောင်းတွေဆက်ဖြစ်လာမလဲ ဒီအမှုကိစ္စကရောအားလုံးတွက်ဆထားသလို ရိုးရှင်းပါ့မလား?ရင်တဖိုဖိုနဲ့ လောင်ရတဲ့ဇာတ်လမ်းတွေကိုနှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ကျောင်းတွင်းအကြမ်းဖက်မှုကို ဇာတ်အိမ်တည်ထားတဲ့ ၂၀၂၂ ခုနှစ်ထွက် I Want To Know Your Parents ရုပ်ရှင်နဲ့ မိတ်ဆက်ပေးပါရစေ။မင်းသားကြီး Sol Kyung Gu နဲ့မင်းသမီး Woo Hee Chun တို့ကအဓိကပါဝင်ထားပြီး Dal Su Oh, Chang Seok Ko, Kim Hong Pa, Kang Shin ...
movie
I Want to Know Your Parents (2022)
2022
Toxic (a.k.a) Air Murder (2022) 6.6
Toxic (a.k.a) Air Murder (2022) Toxic (2022) လောကကြီးမှာ ကိုယ်ငွေရဖို့ တစ်ခုအတွက်နဲ့ သူများတကာတွေရဲ့ အသက်ကို ကစားစရာလို သဘောထားကြတဲ့ လူ့ဘီလူးတွေ ပေါများလှပါတယ်။ဒီကားလေးကလည်း ​အဲသဘောအတိုင်းပါပဲ။ O2 လို့ခေါ်တဲ့ ကုမ္ပဏီကြီးတစ်ခုကနေ ထုတ်လုပ်လိုက်တဲ့ humidifier disinfectant ကနေ လူပေါင်းများစွာ သေကြေပြီး ရောဂါတွေဖြစ်ပွားစေခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူတွေသေသေ ငါမသေဖို့အရေးကြီးတယ် ဆိုသလို O2 ကုမ္ပဏီဘက်ကနေ ကိုယ့်အပြစ်အတွက် ဝန်ခံခြင်းလည်းမရှိသလို ​ဆက်ပြီးလည်း ရောင်းချနေခဲ့ပါတယ်။ နစ်နာသူတွေ အားလုံးစုပြီး O2 ကို တရားစွဲဆိုမှု လုပ်ခဲ့ပေမဲ့ ကြီးနိုင်ငယ်ညှင်း ဆိုတဲ့ အတိုင်း နိုင်ဖို့အလားအလာ အင်မတန် နည်းပါးခဲ့တာပေါ့။ ဒါပေမဲ့ လုံးဝအရှုံးမပေးတဲ့ ရှေ့နေမလေး ဟန်ယောင်းဂျူကတော့ ရှေ့ဆက်တိုးရင်း တခြားဘယ်လို လှည့်ကွက်တွေနဲ့ အပြစ်ပေးသွားမလဲ?ဒီလိုပြဿနာမျိုးတွေက အပြင်မှာလည်း တကယ်ရှိတဲ့ အရာလေးတွေဖြစ်ပြီး ဒီဇာတ်ကားကလည်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာမို့ ကြည့်ရတာ အရမ်းကို ဘဝင်ကျစေမှာပါ။ ...
movie
Toxic (a.k.a) Air Murder (2022)
2022
Escape from Mogadishu (2021) 7.5
Escape from Mogadishu (2021) Escape from Mogadishu (2021)IMDb - 7.5/10ကိုရီးယား Box Office မှာ နံပါတ် တစ်နေရာကို ရက်သတ္တပတ်ပေါင်းများစွာ နေရာယူခဲ့ပြီး လက်ရှိမှာ ၂၀၂၁ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် ရပ်တည်နေတဲ့ Escape from Mogadishu ကို တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းနာမည်အတိုင်းပါပဲ။ မိုဂါဒီရှူကနေ ထွက်ပြေးကြတာကို ရိုက်ထားတာပါပဲ။၁၉၉၁ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ဘယ်လိုထွက်ပြေးကြလဲ ဆိုတော့ ..... တောင် နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ သံရုံးဝန်ထမ်းတွေ ပေါင်းပြီး ထွက်ပြေးကြတာပါ။ဆိုမာလီယား နိုင်ငံ ရဲ့ မြို့တော် မိုဂါဒီရှူမှာ အာဏာရှင်အစိုးရကို မကျေနပ်တဲ့ ပြည်သူတွေကြောင့် အဓိကရုဏ်း ဖြစ်ပါတော့တယ်။ဒီကြားထဲမှာ ညပ်တာကတော့ သံရုံးဝန်ထမ်းတွေပါပဲ။ ဒီနိုင်ငံမှာ ဆက်နေရင် ဒီအဖြစ်နဲ့ ဆက်ကြုံရမယ်။ ဒီတော့ ထွက်ပြေးဖို့ လုပ်ရတာပါပဲ။ထွက်ပြေးတဲ့အချိန်မှာတော့ ..... တောင် နဲ့ မြောက် ပူးပေါင်းပြီး ထွက်ပြေးဖို့ စီစဉ်ကြတဲ့အကြောင်းပါ။မင်းသားကြီး ၃ လက် ဖြစ်တဲ့ Jo In ...
movie
Escape from Mogadishu (2021)
2021
Start-Up 2019 6.3
Start-Up 2019 Start Up (2019) အညွှန်း ******************** imdb 6.3 မင်းသားကြီး Ma Dong Seok ပါဝင်သရုပ်​ဆောင်ထားတဲ့ comedy-drama ကား​လေးတစ်ခုကိုတင်ဆက်​ပေးချင်ပါတယ် ဇာတ်လမ်းထဲမှာ ထယ်အီဆိုတဲ့​​ကောင်​လေးဟာ အထက်တန်း​ကျောင်းကထွက်ပြီး က​​လေက​ချေဖြစ်​နေတဲ့​ ဆယ်​ကျော်သက်အရွယ်​ကောင်​လေးတစ်​ယောက်ပါ ဒီအရွယ်မှာ ဖြစ်တတ်တဲ့သ​ဘာဝအတိုင်း မိခင်ဖြစ်သူနဲ့အဆင်မ​ပြေဖြစ်ကာ အိမ်ကသွားထွက်သွားခဲ့ပါတယ် နောက်​တော့ နေထိုင်စား​သောက်ဖို့အတွက် စား​သောက်ဆိုင်တစ်ဆိုင်မှာဝင်လုပ်ခဲ့ပါတယ် တစ်ချိန်ထဲမှာပဲ ထယ်အီ ရဲ့ မိုက်​ဖော်မိုက်ဖက်သူငယ်ချင်း ဆန်းပယ်ကလည်း အ​ကြွေးရှင်လုပ်ငန်းတစ်ခုမှာ အလုပ်ရသွားခဲ့ပါတယ် သူတို့နှစ်​ယောက် အလုပ်ခွင်မှာကြုံ​တွေ့ရမယ့် အဖြစ်အပျက်​တွေက သူတို့ရဲ့ဘဝကို ဘယ်လိုတည့်မတ်​ပေးသွားမလဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ် ဒီကားမှာလူငယ်​တွေဖြစ်တတ်တဲ့သ​ဘာဝ​တွေကို​သေချာချပြသွားပြီး တစ်ချို့​ရိုက်ကွက်​လေး​တွေဆို တော်​တော်ကိုမှတ်သားစရာ​လေး​တွေရှိတာကို​တွေ့ရပါတယ် ဒီကားမှာ မင်းသားကြီးရဲ့​မြင်​နေကျဇာတ် ရုပ်​တွေနဲ့မတူညီတဲ့ သရုပ်​ဆောင်မှူ​တွေကို မြင်​တွေ့ရမှာဖြစ်ပြီးတော့ ရီရီ​မော​မောနဲ့ကြည့်ရှုရမှာမို့ သူ့ရဲ့ပရိသတ်​တွေဆိုရင်လက်လွှတ်ခံလို့မဖြစ်ပါဘူး​​နော် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက​တော့- Thet Hnin Hsu ပါ   Translator  - Thet Hnin Hsu Encoder - Thit San Khant File Size -1GB and 500MB Quality - 1080p and 720p
movie
Start-Up 2019
2019
MAL·MO·E: The Secret Mission(2019) 6.5
MAL·MO·E: The Secret Mission(2019) MAL·MO·E: The Secret Mission(2019)အရင်ဆုံး ဇာတ်ကားထဲကသရုပ်ဆောင်တွေအကြောင်းပြောရရင် ယောင်္ကျားလေးပရိသတ်တွေ အရမ်းကြွေတဲ့ The Outlaws ထဲက ဆံရှည်ဘဲကြီးက အဓိကသရုပ်ဆောင်တစ်ဦးအနေနဲ့ပါဝင်ထားပါတယ် ဒီထဲမှာတော့ တာဝန်ယူမှုအပြည့်နဲ့ ထက်မြက်တဲ့ စာပေအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် မြင်တွေ့ရမှာပါ..... တခြားဇာတ်ဆောင်နဲ့ဇာတ်ပို့တွေကလည်း ကျရာဇာတ်ရုပ်ကိုပိုင်နိုင်တဲ့ ခပ်မိုက်မိုက် သရုပ်ဆောင်တွေဖြစ်တာမလို့ ဇာတ်ကောင်အတွက် နောက်ဆံတင်းစရာမလိုဘဲ စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်...ဇာတ်ကားနောက်ခံကတော့ ဂျပန်ကိုလိုနီခေတ်ကို အခြေတည်ပြီးရိုက်ထားတယ် ငါတို့အမိန့်အတိုင်းလိုက်နာရမယ် ဂျပန်ဘာသာစကားကိုပဲသုံးရမယ် မလုပ်ရင်ဖမ်းပြီးထောင်ချမယ် ဒီလိုကျွန်ပြုမှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ဘာသာစာပေမပျောက်ကွယ်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပုံကို ကွင်းကွင်းကွက်ကွက်မြင်အောင်ရိုက်ပြထားတယ် ဂျပန်ခေတ်ဖိနှိပ်ချုပ်ခြယ်မှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့စိတ်ဝိဉာဉ်မပျောက်ကွယ်အောင် တကယ်တမ်းလုပ်ဆောင်ကြတဲ့အခါ ဘယ်လောက်ထိခက်ခဲခဲ့တယ် ဘယ်လိုတွေပေးဆပ်ပြီး ဘာသာစာပေကို ဘယ်လိုပုံစံနဲ့ကာကွယ်ခဲ့ရတယ်ဆိုတာတွေ ရင်ထဲထိအောင် ကြည့်နေရင်းနားလည်ပေးနိုင်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံသင့်ကြောင်းပြောချင်ပါတယ် ( ကိုရီးယားလူမျိုးတွေ ဂျပန်ကိုလိုနီနဲ့ပတ်သတ်ရင် ဘာကြောင့်ဆတ်ဆတ်ထိမခံဖြစ်ရလဲ ဒီဇာတ်ကားထဲမှာ အသေအချာမြင်နိုင်ပါလိမ့်မယ် )ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Phu Nge Nge Thein ပဲဖြစ်ပါတယ်.....File Size :(1.04 GB) and (321 MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre :  Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
MAL·MO·E: The Secret Mission(2019)
Honest Candidate (2020) 6.3
movie
Honest Candidate (2020)
The Juror (2019) 7.1
The Juror (2019) အရင် ဟိုးရှေးရှေးတုန်းကလိုပဲ ပြောရမလားရှေးမြန်မာတွေရဲ့ တရားစီရင်တဲ့နည်းလမ်းက အပြစ်ရှိသူကို သမာသမတ်ရှိတဲ့ လူကြီးတွေကို သူကြီးကခေါ်ပြီးတရားခံအပြစ်ရှိမရှိ ဝိုင်းပြီး စီရင်ဆုံးဖြတ်စေပါတယ်တဲ့။အဲဒါကို သဘောကျလို့ဖြစ်မယ်။အနောက်တိုင်း တရားစီရင်ရေးမှာ ဂျူရီလို့ခေါ်တဲ့ အရပ်သားတွေနဲ့ စုဖွဲ့ထားတဲ့အဖွဲ့တစ်ဖွဲ့ကို တရားသူကြီးက စီရင်ချက်ချရာမှာ အကူအညီဖြစ်အောင် ခေါ်ထားပါသတဲ့။ဒီ Juror 8 (2019) ဆိုတဲ့ ဇာတ်ကားလေးကတော့ ကိုရီးယားနိုင်ငံရဲ့ တရားစီရင်ရေးမှာ ပထမဆုံး ဂျူရီပါတဲ့ တရားခွင်အကြောင်းကို ရိုက်ကူးထားတာပါ။တကယ်ဖြစ်ရပ်မှန်ကိုရိုက်ထားတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ ဂျူရီတွေရဲ့ အခန်းကဏ္ဍကို ပေါ်လွင်အောင် ပြသပေးခဲ့ပါတယ်။စီရင်ချက်ချမယ့် တရားသူကြီးရှိရဲ့သားနဲ့ ဘာလို့ ဂျူရီတွေခေါ်နေရလဲဆိုတဲ့ မေးခွန်းရဲ့အဖြေက ဒီဇာတ်ကားထဲမှာပါပါတယ်။Drama ဇာတ်ကားဆိုပေမဲ့ ပျင်းစရာမရှိပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ သူ့ရဲ့မိခင်ကို သတ်တယ်လို့ စွပ်စွဲခံထားရတဲ့ ကန်ဒူဆစ် ကိုစီရင်ချက်ချရမယ့် တရားခွင်က ဂျူရီပါဝင်တဲ့ ပထမဆုံးတရားခွင်ပါ။ဂျူရာ ...
movie
The Juror (2019)
2019
Intimate Strangers(2018) 6.7
Intimate Strangers(2018) Intimate Strangers(2018) IMDb...6.8 ကလေးဘ၀ထဲက ပေါင်းသင်းခဲ့တဲ့ ငယ်သူငယ်ချင်း(၅)ယောက်ရှိတယ်.. ပေါက်ဖွားခဲ့တဲ့ မိသားစု၊အခြေအနေတွေမတူခဲ့ပေမယ့် သူတို့ဟာ သိပ်ကိုခင်ကြတယ်.. ဒီလိုနဲ့အရွယ်ရောက်လာတော့ တစ်ချို့လည်းအိမ်ထောင်ကျ တစ်ချို့လည်း တစ်ကိုယ်ထဲသမားတွေဖြစ်လို့နေတယ်.. တစ်နေ့တော့ သူငယ်ချင်းတစ်ယောက်ရဲ့အိမ်ပြောင်းအိမ်သစ်တက်ပွဲဆိုပြီး ညစာ စားပွဲလုပ်တော့ အားလုံးစုဆုံကြတယ်....အလုပ်ကိုယ်စီ မိသားစုကိုယ်စီဖြစ်တော့ ဆုံတောင်ဆုံခဲအခြေအနေမှာ ဒီလို အိမ်သစ်တက်ပွဲလေးမှာ သူငယ်ချင်းတွေပြန်ဆုံတွေ့တာတကယ့်ကိုပျော်စရာပါ.. ပြောမနာဆိုမနာနဲ့ သူတို့မိန်းမတွေရည်းစားတွေကလည်း အကုန်လုံးနဲ့ရင်းနှီးနေတော့ တွေ့ဆုံပွဲလေးဟာ တကယ့်ကို စိုစိုပြေပြေနဲ့ ပျော်ရွှင်စရာပဲ.... ဒါပေမယ့် အမျိုးသမီးတစ်ယောက်က စပြီး Game လေးတစ်ခုဆော့ကြရအောင်ဆိုပြီးပြောတယ်.. ဒီကစားတဲ့ Game ဟာ ဇာတ်ကားတစ်ကားလုံးရဲ့အသက်လို့ပြောလို့ရသလို တကယ့်ကို လူ့သဘော လူ့မနောအချို့ကိုပညာသားပြပြချပြလိုက်သလိုပါပဲ.. အဲ့ဒီဂိမ်းကတော့ ထမင်းစားသောက်နေစဉ်မှာ ဖုန်းတွေကို ထမင်းဝိုင်းအလယ်မှာချထားရမယ်.. Message တွေ Email တွေ ကို အဲ့အချိန်လာသမျှအကုန်ဖွင့်ဖတ်ရမယ့်အပြင် လာတဲ့ဖုန်းတိုင်းကိုလည်း Speaker ဖွင့်ပြီးပြောရမယ်တဲ့... တကယ့် သဲထိတ်ရင်ဖို ဇာတ်ကားတွေထက်တောင် စိတ်လှုပ်ရှားစရာကောင်းပါတယ်.. ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး.. စကားမစပ် ခင်ဗျားတို့ဆိုရင်ရော အဲ့လိုဆော့ရလား... မှတ်ချက် FA များမပါ...... File Size : (950 MB) and (354 MB) Quality : Blu-Ray 720p Format…mp4 Duration…01:55:00 Genre ...
movie
Intimate Strangers(2018)
2018