Channel Myanmar

Yvette Rachelle

Frost/Nixon (2008) 7.7
Frost/Nixon (2008) ၁၉၇၂ မှာ​ အမေရိကန်​ပြည်ထောင်​စုနဲ့​ ကမ္ဘာ့သမိုင်းအတွက် အချိုးအကွေ့ဖြစ်ရပ်တစ်ခု​ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ Watergate ဖြစ်ရပ်ပါ။ ဒီကိစ္စ​ကိုနောက်ကွယ်ကနေ ကြိုး​ကိုင်​ခဲ့တဲ့​ အမေရိကန်​သမ္မတ​ Richard Nixon ဟာ​ မကြာခင်​မှာပဲ​ ရာထူးကဆင်းပေးလိုက်ရပါတယ်။ Nixon အိမ်​ဖြူ​တော်​က​ ထွက်​ခွာနေတဲ့အခမ်းအနားကို ဗြိတိသျှ​ရုပ်သံ​တင်ဆက်​သူတစ်ဦးဖြစ်တဲ့ David Frost က​ TV ကနေကြည့်ရင်း နစ်​ဆင်နဲ့ အင်တာဗျူးလုပ်ဖို့ အကြံရခဲ့ပါတယ်။ ၂၀၀၈ မှာထွက်ရှိခဲ့တဲ့ Frost/Nixon ဇာတ်ကားက​ ၁၉၇၇ မှာပြုလုပ်ခဲ့တဲ့ ဒီအင်တာဗျူးကို​ အခြေတည်ထားတာဖြစ်ပြီး Political​ Drama အမျိုး​အစားဖြစ်ပါတယ်။ Frost က​ ဖျော်​ဖြေရေး Talk Show တွေတင်ဆက်ရတာကို ငြီးငွေ့​လာပြီး​ ပိုပြီးလေးနက်တဲ့ နိုင်ငံ​ရေးအင်တာဗျူးတွေ​ကို​ တင်ဆက်​ချင်လို့​ ဒီကိစ္စ​ကိုအကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး Nixon ဘက်ကလည်း​ သူ့ရဲ့ကျဆင်းသွားတဲ့ နိုင်ငံ​ရေး​ဂုဏ်​သိက္ခာ​ကို​ ဒီအင်​တာဗျူးက​နေ​တဆင့်​ လူထုကိုစည်းရုံးရင်း ပြန်တည်ဆောက်ချင်တာဖြစ်ပါတယ်။ Frost လို​ နိုင်ငံ​ရေးအကင်းမပါးတဲ့​ ...
movie

Frost/Nixon (2008)