Channel Myanmar

Frost/Nixon (2008)

BiographyDramaHistory

7.7
IMDB: 7.7/10 votes

144177

Report error

၁၉၇၂ မှာ​ အမေရိကန်​ပြည်ထောင်​စုနဲ့​ ကမ္ဘာ့သမိုင်းအတွက် အချိုးအကွေ့ဖြစ်ရပ်တစ်ခု​ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ Watergate ဖြစ်ရပ်ပါ။ ဒီကိစ္စ​ကိုနောက်ကွယ်ကနေ ကြိုး​ကိုင်​ခဲ့တဲ့​ အမေရိကန်​သမ္မတ​ Richard Nixon ဟာ​ မကြာခင်​မှာပဲ​ ရာထူးကဆင်းပေးလိုက်ရပါတယ်။ Nixon အိမ်​ဖြူ​တော်​က​ ထွက်​ခွာနေတဲ့အခမ်းအနားကို ဗြိတိသျှ​ရုပ်သံ​တင်ဆက်​သူတစ်ဦးဖြစ်တဲ့ David Frost က​ TV ကနေကြည့်ရင်း နစ်​ဆင်နဲ့ အင်တာဗျူးလုပ်ဖို့ အကြံရခဲ့ပါတယ်။ ၂၀၀၈ မှာထွက်ရှိခဲ့တဲ့ Frost/Nixon ဇာတ်ကားက​ ၁၉၇၇ မှာပြုလုပ်ခဲ့တဲ့ ဒီအင်တာဗျူးကို​ အခြေတည်ထားတာဖြစ်ပြီး Political​ Drama အမျိုး​အစားဖြစ်ပါတယ်။ Frost က​ ဖျော်​ဖြေရေး Talk Show တွေတင်ဆက်ရတာကို ငြီးငွေ့​လာပြီး​ ပိုပြီးလေးနက်တဲ့ နိုင်ငံ​ရေးအင်တာဗျူးတွေ​ကို​ တင်ဆက်​ချင်လို့​ ဒီကိစ္စ​ကိုအကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး Nixon ဘက်ကလည်း​ သူ့ရဲ့ကျဆင်းသွားတဲ့ နိုင်ငံ​ရေး​ဂုဏ်​သိက္ခာ​ကို​ ဒီအင်​တာဗျူးက​နေ​တဆင့်​ လူထုကိုစည်းရုံးရင်း ပြန်တည်ဆောက်ချင်တာဖြစ်ပါတယ်။ Frost လို​ နိုင်ငံ​ရေးအကင်းမပါးတဲ့​ ရုပ်​သံ​တင်​ဆက်ဖျော်ဖြေသူတစ်ယောက်နဲ့ အင်တာဗျူး​ပြီး​ Nixon က​ သူ့ကိုယ်ကျိုးအတွက်အမြတ်ထုတ်ချင်သလို Frost ဘက်ကလည်း​ ဝါးတားဂိတ်​အပါအဝင်​ Nixon ကျူး​လွန်ခဲ့တဲ့​အခြားကိစ္စတွေကို ဒီအင်တာဗျူးမှာဝန်ခံခိုင်းပြီး ပြည်​သူလူထုကို တောင်းပန်စေချင်တာဖြစ်ပါတယ်။ ရည်ရွယ်​ချက်ချင်းမတူတဲ့ သူတို့​နှစ်ယောက်​ အင်​တာဗျူးမှာ​ထိပ်တိုက်တွေ့ချိန်မှာတော့ တစ်ယောက်ကိုတစ်ယောက်​ အသာစီးရဖို့၊ အနိုင်​ပိုင်းဖို့ကြိုးစားကြရင်း အားပြိုင်ကြတာကို ဒီရုပ်ရှင်မှာတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီ​ဇာတ်ကားက​ Tony ဆုရရှိခဲ့တဲ့ Frost/Nixon ပြဇာတ်ကို​ ရုပ်​ရှင်အဖြစ်အသက်သွင်းထားတာဖြစ်ပြီး အောင်​မြင်​တဲ့ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ Michael Sheen နဲ့​ Frank Lagella တို့က​ Frost နဲ့​ Nixon အဖြစ်​သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကား​ဆု၊ ဒါရိုက်တာ​ဆုနဲ့ သရုပ်ဆောင်​ဆုအပါအဝင် အော်​စကာ​ဆုငါးဆုအထိ​ ဆန်ခါတင်ရွေးချယ်ခံခဲ့ရတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဖြစ်ရပ်​မှန်​နိုင်​ငံရေး​ဇာတ်​လမ်း​ဆိုပေမဲ့​ ဒရာမာအငွေ့အသက်တွေ​ ထည့်သွင်းထားတဲ့အတွက် ငြီးငွေ့​စရာ​မဆန်ဘဲ ပရိတ်သတ်​ရဲ့အာရုံကိုဆွဲဆောင်နိုင်တဲ့ရုပ်ရှင်မျိုးလည်းဖြစ်သလို Nixon နဲ့​ Frost အကြား​အား​ပြိုင်​မှုကို​ လက်​ဝှေ့ပွဲတစ်ပွဲယှဥ်ပြိုင်နေရတဲ့ tension​ မျိုး​ ထည့်သွင်းတင်ဆက်ထားပါတယ်။ သမိုင်း​ထဲက​ ပုဂ္ဂိုလ်​နှစ်ဦးရဲ့ character​ ကို​ ကောင်းမွန်​စွာဖော်ကျူးထားနိုင်တဲ့အတွက်​ ရုပ်​ရှင်ဝေဖန်သူတွေ ချီးကျူး​ခြင်းကိုခံခဲ့ရပါတယ်။ Nixon နေရာမှာ​ သရုပ်ဆောင်​တဲ့​ Lagella ဟာ အော်စကာ Best Actor​ ဆုအတွက် nominee ဝင်ခဲ့ပါတယ်။ နိုင်​ငံ​ရေး​ဒရာမာ​ရုပ်ရှင်​မျိုး​ နှစ်သက်သူတွေအတွက်​ မဖြစ်​မနေကြည့်သင့်တဲ့​ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဝါးတားဂိတ်​လို​ အထင်​ကရဖြစ်ရပ်အကြောင်းကို​လည်း​ အဓိက​ Element အနေနဲ့ထည့်သွင်းထားတဲ့အတွက် သမိုင်း​စိတ်​ဝင်စား​သူတွေလည်း​ ကြည့်ရှုသင့်ပါတယ်။

 

File size…(2.9 GB)/(980 Mb)
Quality….Webrip 1080p / 720p
Format…mp4
Duration….02:02:00
Genre…Drama, History, Biography
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Wolfenheim​

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Frost/Nixon (2008)
Frost/Nixon (2008)
Frost/Nixon (2008)
Frost/Nixon (2008)
Frost/Nixon (2008)


No downloads available

Genres



Related movies