Channel Myanmar

Zhang Songwen

Dust To Dust ( 2023 ) 6.1
Dust To Dust ( 2023 ) တရားခံကိုဖမ်းနိုင်ဖို့ (၂၁)နှစ်ကြာခဲ့တဲ့ (၁၉၉၅)ခုနှစ်မှာဖြစ်ခဲ့တဲ့ ဘဏ်ဓားပြမှုကိုအခြေခံပြီးရိုက်ထားတဲ့ မှုခင်းဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါ။(၁၉၉၅)ခုနှစ် ကွမ်းတုံရဲ့ ငွေစုဘဏ်လေးတစ်ခုမှာ လူနှစ်ယောက်သေနတ်နဲ့ဝင်ပြီးဓားပြတိုက်တဲ့အမှုဖြစ်ခဲ့တယ်။ သိပ်မကြာတဲ့အချိန်မှာပဲ ဘဏ်ရဲ့ငွေသယ်ယာဉ်ကိုဓားပြတိုက်မှုဖြစ်သွားပါတယ်။ တစ်ခါမှာတော့ ဘဏ်ဝန်ထမ်း(၃)ယောက်သေခဲ့ပြီး ငွေပမာဏဟာလဲအဲဒီအချိန်မှာ အများဆုံးအဖြစ်စံချိန်တင်သွားပါတယ်။နယ်မြေ(၃)ခုကရဲတွေဟာပူးပေါင်းပြီးစုံစမ်းခဲ့လို့ တရားခံ(၅)ယောက်ကို အမြန်ဖမ်းနိုင်ခဲ့ပေမယ့် ကျန်တဲ့နှစ်ယောက်ကတော့ ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတယ်။ (၂၁)နှစ်ကြာပြီးမှ တရားခံတစ်ယောက်ကို နယ်စပ်မြို့တစ်မြို့မှာ ပြန်တွေ့လိုက်ရတဲ့အခါ အမှုကပြန်ပြီးအသက်ဝင်လာပါတော့တယ်။ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ထားတာဖြစ်တဲ့အတွက် ဇာတ်လမ်းတစ်ခုလုံးကိုကစိတ်ဝင်စားဖို့ကောင်းပြီး ဒါရိုက်တာကလဲ ကောင်းကောင်းတင်ဆက်ပေးနိုင်တဲ့အတွက် မှုခင်းဇာတ်ကားကောင်းလေးတွေကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 1h 51 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie

Dust To Dust ( 2023 )

The Best is Yet to Come ( 2023 ) 5.9
The Best is Yet to Come ( 2023 ) "မိမိကြိုးစား‌‌လျှောက်လှမ်းသလောက် ပန်းတိုင်ကိုမရောက်သေးရင် လမ်းခရီးဟာအဆုံးမဟုတ်သေးလို့ပါတဲ့" ဒီလိုပါပဲ... ဒီ"အဆုံးမဲ့ပန်းတိုင်"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးမှာတော့....ဘဝရေးပြဿနာတွေကြောင့် ပိုက်ဆံချို့ယွင်းပြီး အထက်တန်းမှာတင်ကျောင်းနားလိုက်ရတဲ့-ဟန်သုန်းဟာ ပေကျင်းကိုသူ့ကောင်မလေးရှောင်ကျူးနဲ့အတူ တက်လာပြီး အလုပ်ရှာပါတော့တယ်။အဲ့အချိန်က တရုတ်နိုင်ငံကြီးဖွံ့ဖြိုးတိုးတက်ဆဲ 2003ခုနှစ်လောက်မှာပေါ့၊ ပညာအရည်အချင်းအပြင်အဆက်သွယ်ကောင်းရှိမှ လူရာဝင်မဲ့ခေတ်မှာ ဟန်သုန်းတစ်ယောက် နှစ်ဝက်ကြာတာတောင် အလုပ်ရှာမရဖြစ်နေဆဲပါပဲ။တစ်ချိန်တည်းမှာပဲ ဟန်သုန်းဟာ ခန္ဓာကိုယ်လုံးပန်းနေပေမဲ့ စိတ်ကတော့ခိုင်မာဆဲဖြစ်နေခဲ့တယ် ၊ဒီလိုနဲ့ သတင်းစာဌာနတစ်ခုကိုပန်းတိုင်အဖြစ်ထားလိုက်တဲ့အခါ...∆လူ့အသိုင်းဝိုင်းရဲ့မျက်နှာသာပေးမှုနဲ့လောကဓံက သူ့အပေါ်မှာ ဘယ်လိုရေလှိုင်းအသွင်နဲ့ တိုက်စားသွားမလဲ? ကြိုးစားတိုင်းအောင်မြင်မှာမသေချာပေမဲ့ မကြိုးစားရင် ဘာမှမရလာမှာ‌ေတာ့‌ေသချာတဲ့သဘောတရားကို သူနားလည်သွားပြီး တစ်ခြားသူ့လိုဒုက္ခရောက်နေသူတွေကရော နားလည်လက်ခံနိုင်ပါ့မလားဆိုတာ.စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated By CM Team Reviewed By Clytie Encoded by LK
movie

The Best is Yet to Come ( 2023 )

Break Through the Darkness ( 2021 ) 6
Break Through the Darkness ( 2021 ) ဝေ့ဟယ်ခရိုင် ကျောက်ကျားရွာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများနဲ့ ပတ်သတ်ပြီး ဖျိုဖျက်မှုများ ပြုလုပ်ကြရမှာ မတော်တဆတစ်ခုဖြစ်ပွားခဲ့ပါတယ် ။ အဲဒီအတွက်ကြောင့် ခရိုင်ဘက်ကနေပြီး ရာဇဝတ်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ကိုစေလွှတ်ပြီး ဒေသဆိုင်ရာ စစ်ဆေးမှုတွေလုပ်စေခဲ့ပါတယ်။အဖွဲ့ခေါင်းဆောင် စုန့်ရီးရွေ့ရဲ့ ညွှန်ကြားချက်အောက်မှာ ကျောက်ကျားရွာက ရွာရဲ့ မျက်နှာဖုံး သားအဖနှစ်ယောက်ကို အမှုကိစ္စနဲ့ပတ်သတ်ပြီးစစ်ဆေးမှုတွေလုပ်ခဲ့ပါတော့တယ်။စစ်ဆေးမှုတွေပြုလုပ်ရင်း ပရော့ဂျက်စီစဥ်ရေးခေါင်းဆောင် ချီဖေးယွီကို စစ်ဆေးခဲ့ပြီး အမှုပေါ်ခါနီးမှာမှ ချီဖေးယွီတစ်ယောက် ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့တဲ့အခါမှာတော့....?အကြိမ်ကြိမ် အခါခါ ခြိမ်းခြေက်မှုတွေခံရပေမဲ့လဲ စုံစမ်းစစ်ဆေးရေးအဖွဲ့က လက်မလျှော့ခဲ့ပါဘူး ။ နောက်ကွယ်က ကြိုးကိုင်နေသူတွေကို တစ်စ တစ်စ လိုက်လံစုံစမ်းရင်း စွန့်စားမှုတွေကိုပါ ကြုံတွေ့လာတဲ့အခါ...?❏ ဘာတွေဆက်ဖြစ်ကြမှာလဲ? ❏ အဖြစ်မှန်ကိုရော သူတို့ရှာတွေ့နိုင်ပါ့မလား? ❏ နယ်ခံတွေရဲ့ မျှော်လင့်ချက်လေးကိုရော သူတို့ ရှာဖွေပေးနိုင်ပါ့မလားဆိုတာ စိတ်ဝင်တစားကြည့်ရှုအဖြေရှာလိုက်ရအောင်လားရှင် [Reviewed Bu Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Crime Runtime : 1h 52 min Subtitle : ...
movie

Break Through the Darkness ( 2021 )

Knock Knock ( 2021 ) 6.8
Knock Knock ( 2021 ) ဒီ knock knockဇာတ်ကားတော့ တော်တော်စဉ်းစားပြီးခေါင်းခြောက်စွာကြည့်ရမဲ့ မှုခင်းဇာတ်ကားလေးပါဇာတ်ကားအစမှာတော့ လောင်လီဆိုတဲ့သူခိုးတစ်ယောက်က သူ့ရဲ့သားလေးဆေးကုပေးဖို့အတွက်ပိုက်ဆံခိုးဖို့ လူနေအဆောက်အအုံဟောင်းတစ်ခုကို ဝင်သွားတာကနေ စတင်ခဲ့တဲ့ လူသတ်မှုတစ်ခုဖြစ်ပါတယ်အဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်က ထူးထူးဆန်းဆန်းအသတ်ခံထားရတာကိုတွေ့ပါတယ်အဲ့အချိန်မှာ သူခိုးဖြစ်သူ လောင်လီက အိမ်ထဲမှာ လူငယ်တစ်ယောက်ကိုတွေ့ရာမှလူသတ်သမားထင်ပြီး ဒီလူသတ်အမှုကြီးထဲလည်းမပါအောင် ပိုက်ဆံလည်းရအောင် ခြိမ်းခြောက်ပြီးငွေညစ်ရာမှပစ္စည်းပို့သမား‌ဖြစ်တဲ့ မာမင်လျန့်က ရုပ်တရက်ကြီးအဆောက်အအုံထဲကိုရောက်နေပါတယ်သူတို့ ၃ယောက် ဒီအမျိုးသမီးအလောင်းကိုကြည့်ပြီး ဘယ်လိုဆက်လုပ်ကြမလဲပစ္စည်းပို့သမား မာမင်လျန့်ကရော ဘာဖြစ်လို့အိမ်ထဲကိုရောက်နေတာလဲလူသတ်သမားက ဘယ်သူဖြစ်မလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ ဆက်လက်ကြည့်ရှုပေးကြပါ Quality : WEB-DL 1080pFormat : mp4Genres : Comedy , Drama , Crime , MysteryDuration : 1h 47minSubtitle : Myanmar Subtitle ( Hardsub )Translated By A Pu Lay & Nu MonEncoded By ...
movie

Knock Knock ( 2021 )

Chinese Doctors (2021) 5
Chinese Doctors (2021) Chinese Doctors (2021)Wuhanဆိုတဲ့ အမည်ကိုကြားလိုက်တာနဲ့ ကျွန်​တော်တို့ရဲ့အ​တွေးထဲမှာ ​နေရာတစ်ခုကိုတန်းပြီး ​ပြေးမြင်မိမှာပါ၊ ဟုတ်ပါတယ် ..... တစ်ကမ္ဘာလုံးက လူသန်း​ပေါင်းများစွာကို ဒုက္ခ​​ပေးခဲ့၊ ​ပေးဆဲဖြစ်တဲ့ Covid 19လို့​​ခေါ်တဲ့ ကမ္ဘာ့ကပ်​ရောဂါဆိုးကြီး စတင်​ပေါ်​ပေါက်ခဲ့တဲ့​နေရာပါ၊ဒီရုပ်ရှင်က​တော့ Wuhan မြို့မှာ Corona virusစတင်​တွေ့ရှိချိန်ကစပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်မျိုးပါ၊ ရုပ်ရှင်လို့လည်း ဆိုနိုင်သလို Real footage ​တွေပါ ပြန်သုံးထားတဲ့အတွက် Documentary လို့​​လည်း သတ်မှတ်လို့ရနိုင်ပါတယ်ဒီရုပ်ရှင်ထဲမှာ ဒီ Virusက ဘယ်​လောက်ထိ​ကြောက်ဖို့​ကောင်းလဲ ​ရောဂါအ​ကြောင်း ဂဃနဏမသိ​သေးတဲ့ စမ်းတဝါးဝါးအချိန်မှာကတည်းက ဘယ်​လောက်ထိ ဒုက္ခ​ပေးနိုင်လဲဆိုတာ ကိုယ်တိုင်တကယ်ကြုံ​နေရသလို ခံစားရမယ်၊ ဇာတ်​ကောင်​တွေနဲ့အတူ စီး​မြောပြီး ရင်​​မောရပါမယ်ပြီး​တော့ ဆရာဝန်​တွေရဲ့ကျင့်ဝတ်နဲ့ ကိုယ်ကျိုးယှဉ်လာတဲ့အချိန်မှာ ဘယ်​လောက်ထိ ​ဝေခွဲရခက်တယ်၊ ​ရွေးရခက်တယ်ဆိုတာ မြင်နိုင်တယ်၊ အပြင်လူ​တွေသိဖို့ခက်တဲ့ ဆရာဝန်​တွေရဲ့ဘဝကို​​တွေ့ရမယ်၊ လူနာအသက်ကိုကယ်ဖို့ဆိုရင် ဘာမဆိုလုပ်ရလုပ်ရဆိုတဲ့ သမားဂုဏ်ကိုလည်း ​ပေါ်လွင်​အောင် ရိုက်ကူးပြထားတယ်Covidအ​ကြောင်းပဲလား၊ ဆရာဝန်​တွေရဲ့ရှု​ထောင့်ပဲလားဆိုရင် မဟုတ်ပြန်ပါဘူး၊ လူနာ​တွေရဲ့ ...
movie

Chinese Doctors (2021)

2021
The Four (2012) 5.8
The Four (2012) The Four (2012)_____IMDb - 5.8/10  ပရိတ်သတ်တွေရဲ့ အသည်းကျော် ဂူဂူးလေးရဲ့ The Four ကားလေးကို စာအမှန် ရုပ်ထွက်အကြည် နဲ့ ပြန်တင်ဆက် ပေးလိုက်ပါတယ်ဗျာ။ဇာတ်လမ်းအကျဉ်းလေးကတော့ ..... ရဲချုပ် လျှို လူကြီးမင်းဦးဆောင်နေတဲ့ ဌာန ၆ ဆိုတဲ့ အထူးစုံစမ်းထောက်လှမ်းရေး အဖွဲ့တစ်ခုရှိတယ် ။ ခက်ခဲနက်နဲတဲ့ အမှုတော်တော်များများကို ဖော်ထုတ်နိုင်လို့ မင်းနေပြည်တော်မှာ အထူးနာမည်ရပြီး အာဏာရနေတဲ့အဖွဲ့ပေါ့ ။ တစ်နေ့မှာ ရွှေဒင်္ဂံါးပြားအတု ထုတ်တဲ့ ဘလောက်တုံး ပျောက်ဆုံးမှု အမှုတစ်ခုကို ဌာန ၆ က ရဲချုပ်ကိုယ်တိုင် ဆင်းဖမ်းရင်း ဆန်ဟုန်ဖူး ဆိုတဲ့ အဖွဲ့တစ်ခုနဲ့ သွားဆုံမိတယ် ။ ဆန်ဟုန်ဖူး အဖွဲ့ဆိုတာနန်းတွင်းဘုရင့်အမိန့်တော်နဲ့ ကျူကယ်ကျုံး ဦးဆောင်ဖွဲ့စည်းထားတဲ့ အထူးလျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့ဖြစ်နေတယ် ။ ကျူကယ်ကျုံးဆိုတာ အရင်တုန်းက ဘုရင့်ကိုယ်ရံတော် ။ စည်းစိမ်ဥစ္စာပြည့်စုံတဲ့ ကိုယ်ရံတော် ရာထူးကို ကျူကယ်ကျုံးက ချိုင်လူကြီးမင်းနဲ့ ပြသနာရှိတယ် ဆိုပြီး စွန့်လွှတ်ခဲ့ပြီး ဆန်ဟုန်ဖူးဆိုပြီး ...
movie

The Four (2012)

2012