Channel Myanmar

Zhang Tianai

The Ex-Files 4: Marriage Plan ( 2023 ) 6.1
The Ex-Files 4: Marriage Plan ( 2023 ) အသက် ၃၀ ကျော် လူလတ်ပိုင်းအရွယ်‌ရောက်လာပြီဖြစ်တဲ့ ယွီဖေးနဲ့ မုန့်ယွင်တို့ သူငယ်ချင်း ၂ ယောက်ဟာ ဒီတစ်ခါမှာတော့ အိမ်ထောင်ပြုဖို့ အစီအစဥ်ဆွဲတဲ့ဆီကို ရောက်လာကြပါတော့တယ်မိဘက ကြင်ဖက်တွေ့ခိုင်းတဲ့အခါ လာတွေ့တဲ့ တစ်ဖက်မိန်းကလေးဆီက အချစ်ကို အရင်ဆုံးမျှော်လင့်တဲ့ မုန့်ယွင် လက်ရှိချစ်သူနဲ့ အိမ်ထောင်မပြုခင်မှာ အိမ်ထောင်သည်ဘဝကို လက်တွေ့ခံစားကြည့်လို့ရအောင် ချစ်သူနဲ့ တစ်မိုးအောက်မှာ အတူတူနေကြည့်တဲ့ ယွီဖေးမုန့်ယွင် ကြင်ဖက်တွေ့ရတဲ့မိန်းကလေးတွေက အိမ်ထောင်ရေးကို အပေးအယူလို သဘောထားနေသလို ချစ်သူနဲ့ တစ်အိမ်ထဲနေကြည့်တဲ့ ယွီဖေးတစ်ယောက် အိမ်ထောင်သည်ဘဝဆိုတာ သူထင်ထားသလို ပျော်ရွှင်ကြည်နူးစရာ မကောင်းတော့တဲ့အခါလူတွေဘာကြောင့် အိမ်ထောင်ပြုကြတာလဲဆိုတာကို အဖြေရှာနေတဲ့ သူတို့ သူငယ်ချင်း ၂ ယောက် ဒီတစ်ခါမှာရော အိမ်ထောင်သည်ဘဝကို တကယ်ပဲ ပျော်ရွှင်စွာနဲ့ ကူးပြောင်းနိုင်ပြီလားဆိုတာတော့ ဒီဇာတ်ကားလေးမှာ စောင့်ကြည့်လိုက်ကြပါဦးအရင် EX FILES ဇာတ်လမ်းတွေရဲ့ အဆက်မို့ ပရိသတ်ကြီးလည်း အကြိုက်တွေ့ကြမှာ သေချာပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 2h ...
movie

The Ex-Files 4: Marriage Plan ( 2023 )

Martial Universe ( 2018 ) 6
Martial Universe ( 2018 ) အားလုံးသိကြတဲ့ Yang Yang(ယန်ယန်)ရဲ့2018ကထွက်ရှိခဲ့တဲ့ movieလေးကို တင်ဆက်ပေးလိုက်ပါပြီနော် လွန်ခဲ့တဲ့နှစ်ရာကျော်တုန်းက တာအိုသခင်ကြီးက နတ်ဝိညာဉ်စွမ်းအားကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့ပေမဲ့ အမှတ်မထင် လောကတံခါးကို ဖွင့်ချမိခဲ့တယ်၊ ဒီလိုနဲ့ တစ်ခြားကမ္ဘာခြား မှော်မိစ္ဆာက ရောက်ရှိလာခဲ့ပြီး ကမ္ဘာကြီးကို ကပ်ဘေးစိုက်စေခဲ့တယ်။ဒီလိုနဲ့ တာအိုသခင်ကြီးက တပည့်ရှစ်ဦးကိုဦးဆောင်ပြီး မှော်မိစ္ဆာကို တိုက်ခိုက်ချိတ်ပိတ်ခဲ့တယ်၊ဒါပေမဲ့ နှစ်ရာချီကျော်လွန်ပြီးနောက်မှာတော့ မှော်မိစ္ဆာက သွေးဆူလာခဲ့တော့တယ်။ မှော်မိစ္ဆာပြန်လည်ထကြွလာတဲ့အခါ ကမ္ဘာကြီးပျက်သုန်းခြင်းကပ်ဘေးဆိုက်ရောက်မှာဖြစ်ပါတယ်။တစ်ဖန် မှော်မိစ္ဆာကိုသုတ်သင်ရှင်းလင်းဖို့ လူ့ပြည်ဆင်းသက်လာကြတဲ့ တာအိုဆရာအဖွဲ့အစည်းနဲ့ လင်သုန်းဆိုတဲ့ ပေါ့ပျက်ပျက်ကောင်လေးတို့ တွေ့ဆုံခဲ့ကြတယ်၊ အဲ့ဒီအချိန် တာအိုသခင်ကြီးက လင်သုန်းကို အဖွဲ့အစည်းဂိုဏ်းထဲဝင်ပြီး ဂိုဏ်းအကြီးအကဲရာထူးဆက်ခံဖို့ ကမ်းလှမ်းခဲ့ပြီးနောက်မှာတော့ ...-မှော်မိစ္ဆာကိုဘယ်သူကဇီဝိန်ခြွေနိုင်မလဲ -လင်သုန်းကရော ဘယ်လိုရဲစွမ်းသတ္တိလမ်းကိုခင်းမလဲဆိုတာ အသေးစိတ်ကို ဆက်လက်ကြည့်ရှုခံစားပါ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie

Martial Universe ( 2018 )

Chinese Doctors (2021) 5
Chinese Doctors (2021) Chinese Doctors (2021)Wuhanဆိုတဲ့ အမည်ကိုကြားလိုက်တာနဲ့ ကျွန်​တော်တို့ရဲ့အ​တွေးထဲမှာ ​နေရာတစ်ခုကိုတန်းပြီး ​ပြေးမြင်မိမှာပါ၊ ဟုတ်ပါတယ် ..... တစ်ကမ္ဘာလုံးက လူသန်း​ပေါင်းများစွာကို ဒုက္ခ​​ပေးခဲ့၊ ​ပေးဆဲဖြစ်တဲ့ Covid 19လို့​​ခေါ်တဲ့ ကမ္ဘာ့ကပ်​ရောဂါဆိုးကြီး စတင်​ပေါ်​ပေါက်ခဲ့တဲ့​နေရာပါ၊ဒီရုပ်ရှင်က​တော့ Wuhan မြို့မှာ Corona virusစတင်​တွေ့ရှိချိန်ကစပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်မျိုးပါ၊ ရုပ်ရှင်လို့လည်း ဆိုနိုင်သလို Real footage ​တွေပါ ပြန်သုံးထားတဲ့အတွက် Documentary လို့​​လည်း သတ်မှတ်လို့ရနိုင်ပါတယ်ဒီရုပ်ရှင်ထဲမှာ ဒီ Virusက ဘယ်​လောက်ထိ​ကြောက်ဖို့​ကောင်းလဲ ​ရောဂါအ​ကြောင်း ဂဃနဏမသိ​သေးတဲ့ စမ်းတဝါးဝါးအချိန်မှာကတည်းက ဘယ်​လောက်ထိ ဒုက္ခ​ပေးနိုင်လဲဆိုတာ ကိုယ်တိုင်တကယ်ကြုံ​နေရသလို ခံစားရမယ်၊ ဇာတ်​ကောင်​တွေနဲ့အတူ စီး​မြောပြီး ရင်​​မောရပါမယ်ပြီး​တော့ ဆရာဝန်​တွေရဲ့ကျင့်ဝတ်နဲ့ ကိုယ်ကျိုးယှဉ်လာတဲ့အချိန်မှာ ဘယ်​လောက်ထိ ​ဝေခွဲရခက်တယ်၊ ​ရွေးရခက်တယ်ဆိုတာ မြင်နိုင်တယ်၊ အပြင်လူ​တွေသိဖို့ခက်တဲ့ ဆရာဝန်​တွေရဲ့ဘဝကို​​တွေ့ရမယ်၊ လူနာအသက်ကိုကယ်ဖို့ဆိုရင် ဘာမဆိုလုပ်ရလုပ်ရဆိုတဲ့ သမားဂုဏ်ကိုလည်း ​ပေါ်လွင်​အောင် ရိုက်ကူးပြထားတယ်Covidအ​ကြောင်းပဲလား၊ ဆရာဝန်​တွေရဲ့ရှု​ထောင့်ပဲလားဆိုရင် မဟုတ်ပြန်ပါဘူး၊ လူနာ​တွေရဲ့ ...
movie

Chinese Doctors (2021)

2021
The Captain(2019) 6.0
The Captain(2019) The Captain(2019)အညႊန္း*************************(Unicode)လေယာဉ်စီးတာဘယ်လောက်ပဲအတွေ့အကြုံတွေများတဲ့သူဖြစ်ပါစေ... ခရီးစဉ်ချောချောမွေ့မွေ့ရောက်ပါ့မလားလို့ ပူပန်ကကြတာတော့ အနည်းနဲ့ အများသာကွာခြားလေသည်..... သတင်းတွေထဲလည်း ဘယ်မှာ ခရီးသည်တင်လေယာဉ်ပျက်ကျပြန်ပြီ အသက်တွေဆုံးရှုံးကြပြန်ပြီဆိုတာကို ခဏ ခဏမြင်နေကြားနေရတာကြောင့် လည်းပါမည်....ဒီတရုတ်ကားမှာတော့ ခရီးသည်တင်လေယာဉ်တစ်စီး ပျံသန်းစဉ် မမျှော်လင့်တဲ့အန္တရယ်ကြောင့် ကြီးမားတဲ့ပြသနာကြီးကြုံတွေ့ရတာကိုရိုက်ပြထားတာပါ....ဒီကားက ဇာတ်လမ်းအစမှ အဆုံးထိစိတ်ဝင်စားဖို့ကောင်းသလို ရင်လည်း တထိတ်ထိတ်ခုန်ရင်း ကြည့်ရအတော်ကိုကောင်းပါတယ်...လေကြောင်းလိုင်းတွေရဲ့ အဆင့်ဆင့် အလုပ်လုပ်ပုံတွေ လေယာဉ်မယ်တွေရဲ့ ဝန်ဆောင်မှုပုံစံတွေ ပိုင်းလော့တွေရဲ့ တာဝန်ယူရတဲ့အပိုင်းတွေ မြေပြင်အခြေစိုက်ဌာနဲ့ရဲ့ ကွပ်ကဲပုံတွေကို ကြည့်လို့လည်းကောင်းဗဟုသုတလည်းရပါတယ်.... သရုပ်ဆောင်တွေလည်းနာမည်ကြီးမင်းသားမင်းသမီးတွေသုံးထားသလို ရိုက်ချက်တွေလည်း အတော်ကိုလန်းပါတယ်... အထူးသဖြင့် လေယာဉ်မယ်လေးတွေကိုကြည့်ရတာနဲ့တင် နှလုံးပီတိဖြစ်ရပါတယ်.. ခံစားကြည့်ကြပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Noami Noe ပဲဖြစ်ပါတယ်....(zawgyi)လေယာဉ်စီးတာဘယ်လောက်ပဲအတွေ့အကြုံတွေများတဲ့သူဖြစ်ပါစေ... ခရီးစဉ်ချောချောမွေ့မွေ့ရောက်ပါ့မလားလို့ ပူပန်ကကြတာတော့ အနည်းနဲ့ အများသာကွာခြားလေသည်..... သတင်းတွေထဲလည်း ဘယ်မှာ ခရီးသည်တင်လေယာဉ်ပျက်ကျပြန်ပြီ အသက်တွေဆုံးရှုံးကြပြန်ပြီဆိုတာကို ခဏ ခဏမြင်နေကြားနေရတာကြောင့် လည်းပါမည်....ဒီတရုတ်ကားမှာတော့ ခရီးသည်တင်လေယာဉ်တစ်စီး ပျံသန်းစဉ် မမျှော်လင့်တဲ့အန္တရယ်ကြောင့် ကြီးမားတဲ့ပြသနာကြီးကြုံတွေ့ရတာကိုရိုက်ပြထားတာပါ....ဒီကားက ဇာတ်လမ်းအစမှ အဆုံးထိစိတ်ဝင်စားဖို့ကောင်းသလို ရင်လည်း တထိတ်ထိတ်ခုန်ရင်း ကြည့်ရအတော်ကိုကောင်းပါတယ်...လေကြောင်းလိုင်းတွေရဲ့ အဆင့်ဆင့် အလုပ်လုပ်ပုံတွေ လေယာဉ်မယ်တွေရဲ့ ၀န်ဆောင်မှုပုံစံတွေ ပိုင်းလော့တွေရဲ့ တာဝန်ယူရတဲ့အပိုင်းတွေ မြေပြင်အခြေစိုက်ဌာနဲ့ရဲ့ ကွပ်ကဲပုံတွေကို ကြည့်လို့လည်းကောင်းဗဟုသုတလည်းရပါတယ်.... သရုပ်ဆောင်တွေလည်းနာမည်ကြီးမင်းသားမင်းသမီးတွေသုံးထားသလို ရိုက်ချက်တွေလည်း အတော်ကိုလန်းပါတယ်... အထူးသဖြင့် လေယာဉ်မယ်လေးတွေကိုကြည့်ရတာနဲ့တင် နှလုံးပီတိဖြစ်ရပါတယ်.. ခံစားကြည့်ကြပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Noami Noe ပဲဖြစ်ပါတယ်....File Size : ...
movie

The Captain(2019)

2019
Legend of the Naga Pearls (2017) 6.6
Legend of the Naga Pearls (2017)  လွန်​ခဲ့တဲ့ နှစ်​​ပေါင်းများစွာက ​လူသားမျိုးနွယ်​နဲ့ ​တောင်​ပံလူသားမျိုးနွယ်​တို့ စစ်​ပွဲ​တွေဆင်​နွှဲခဲ့ကြပါတယ်​။ဒီလိုအငြိုးအ​တေး​တွေနဲ့တိုက်​ခိုက်​မှု​တွေရှိခဲ့တဲ့အတွက်​​ကြောင့်​တောင်​ပံလူသား​တွေဟာ သူတို့ရဲ့ အသက်​ဖြစ်​တဲ့ ကြယ်​​ကြွေပန်းကို ဆုံးရှူံးခဲ့ရပြီး မပျံသန်းနိုင်​​တော့တဲ့အထိဖြစ်​ခဲ့ရပါတယ်​။အဲ့ဒါ​ကြောင့်​ တောင်​ပံလူသားတစ်​ဦးဖြစ်​တဲ့ရွှယ်​လျဲ့ ဟာနာကြည်းမုန်​တီးမှုရန်​ငြိုး​တွေ​ကြောင့်​ငါးမန်းပုလဲကို ရယူပြီး လူသား​တွေရဲ့ ကမ္ဘာကို ပျက်​​စီးအောင်​ ကြိုးစားပါ​တော့တယ်​။အဲ့ဒါ​တွေကို ဓားပြကြီးနီခုံးခုံး၊ မိန်းမလှ​လေးတောင်​ပံမည်းနဲ့ ဘုရင့်​သား​တော်​​ဟော့လိတို့စု​ပေါင်းပြီးတားဆီးရွယ်​လျဲ့ ကိုတားဆီးဖို့ကြိုးစားကြမှာပါ။ဘယ်​လိုတားဆီးကြမလဲဆိုတဲ့ ဇာတ်​လမ်းဇာတ်​ကွက်​​တွေကို​တော့ပရိသတ်​​တွေရင်​သတ်​ရှု​မောစိတ်​ဝင်​စားဖွယ်​ကြည့်​ရှုရမှာပဲဖြစ်​ပါတယ်​။အချစ်​ရသအ​နေနဲ့က​တော့ဓားပြကြီးနီခုံးခုံးနဲ့ ​မိန်းမလှ​လေး​တောင်​ပံမည်းတို့ရဲ့ မေတ္တာ​​ရေးဇာတ်​လမ်းကိုလည်းရိုမတ်​တစ်​ဆန်ဆန်​​လေး​ခံစားကြရမှာပါ။သူတို့ရဲ့တိုက်​ပွဲကဘယ်​လို​တွေ​တောင်​ပြင်းထန်​သွားမလဲ ဆိုတဲ့Action ​တွေ အချစ်​ရေးဖြစ်​တဲ့ Drama ​တွေက​​ကောဘယ်​လို​တွေရင်​ခုန်​​မျှော်​လင့်​ကြရမလဲဆိုတာက​တော့...... Translated By LinaEncoded By LK
movie

Legend of the Naga Pearls (2017)

2017
Legend of the Demon Cat(2018) 6.4
Legend of the Demon Cat(2018) ကဲအခုတစ်​ခါ​တော့​မှော်​ကားကြိုက်​တဲ့ပရိတ်​သတ်​ကြီးအတွက်​ တရုတ်​​မှော်​ကား​လေးတစ်​ကားကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​ ဇာတ်​ကား​လေးကCGI affect ​တွေနဲ့ အလန်းစား ကြည့်​ကြရမှာဖြစ်​ပြီး​တော့၂၀၁၈ ခု ၁လပိုင်း ၁၁ ရက်​​နေ့မှာရုံတင်​ပြသထားတဲ့ကား​လေးပဲဖြစ်​ပါတယ်​ဇာတ်​လမ်းအကျဉ်း​လေးက​တော့ တန်​​ခေတ်​​နှောင်းပိုင်းမှာမိစ္ဆာ​တွေကြီးစိုးပြီး ​ကြောင်​မိစ္ဆာ​တွေရဲ့ကျူး​ကျော်​မှုကိုလူသား​တွေဟာ အလူးအလဲခံကြရပါတယ်​အဲ့ဒီအချိန်​မှာပဲ တ​ဘောင်​တစ်​ခု​ပေါ်ခဲ့ ပြီးအဲ့တ​ဘောင်​ကို လိုက်​လံစုံစမ်းရာမှာ မင်းသားဟာဘုန်းကြီးတစ်​ပါးနဲ့ဆုံခဲ့ ပြီး ဒီဘုန်းကြီးကဘာ​တွေကူညီ​ပေးမလဲ သူတို့၂​ယောက်​က​ကောဒီသမိုင်းဖြစ်​ရပ်​ကြီးကို​ဖော်​ထုပ်​နို​ပါ့မလားဆိုတာကို​တော့ပရိတ်​သတ်​ ကြီးကဆက်​လက်​ကြည့်​ကြရမှာပါQty - 720p Web DlDuration - 2hr 01minGern - Fantasy / MysteryTranslator - Yamin Thawdar MaungEncoder - Kyaw Ye Aung
movie

Legend of the Demon Cat(2018)

2017