Channel Myanmar

Zhou Ye

Flaming Cloud ( 2023 ) 6.0
Flaming Cloud ( 2023 ) ဒီဇာတ်လမ်းလေးကတာ့ အချစ်စစ်နဲ့ ပတ်သတ်ပြီး နတ်ဘုရားတွေရဲ့သေခြင်းရှင်ခြင်းကို ဆုံးဖြတ်တဲ့ လောင်းကစား တစ်ခုကနေစတင်လာခဲ့တဲ့ ဇာတ်လမ်းလေးပါပဲ...ကောင်းကင်ဘုံမှာ အချစ်စစ်နဲ့ပတ်သက်ပြီးလောင်းကစားလုပ်ဖို့စတင်ခဲ့တာ လောင်းကြေးကတော့ တိမ်လွှာ မီးတောက်လို့ခေါ်တဲ့နတ်ဘုရားတွေရဲ့ သေဆုံးခြင်းပေါ့... အဲ့ဒီအတွက် ဝမ်စန်းကွေ့ဆိုတဲ့ ကလေးလေးဟာ အချစ်စစ်နဲ့ ကျိန်စာဖြေရမယ့် လူသားတစ်ယောက်အဖြစ်ရွေးချယ်ခံခဲ့ရတယ်...ငယ်စဥ်ကတည်းက မိဘမရှိ အဖွားနဲ့နေခဲ့ရပြီး သူငယ်ချင်းဆိုတာလည်းမရှိသူတစ်ယောက်ပါ... တစ်နေ့မှာ သူသွားနေကျ စွန့်ပစ်ပန်းခြံတစ်ခုရဲ့ ကိုယ်ပိုင်နေရာလေးကို လာသိမ်းပိုက်တဲ့ ထင်ထင် ဆိုတဲ့ကောင်မလေး တစ်ယောက်ပေါ်လာခဲ့တယ်...ထင်ထင်နဲ့အစမှာတော့ မတည့်ကြပေမယ့်ပြေလည်မှုရပြီးနောက်မှာသူငယ်ချင်းမရှိတဲ့ ဝမ်စန်းကွေ့အတွက်တော့ သံယောဇဥ်တွေတွယ်လာခဲ့တယ်... အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ ကျိန်စာဆိုးကပေါ်ထွက်လာခဲ့တော့တာပါပဲ... နမ်းလိုက်တဲ့ ဘယ်သူမဆို ချက်ချင်း အိပ်ပျော်သွားခဲ့တယ်.. ကျိန်စာဆိုးကြောင့်နားလည်မှုလွဲခဲ့ပြီး ထင်ထင်နဲ့ကွဲကွာခဲ့တဲ့အပြင် တစ်ဦးတည်းသောအဖွားလည်းဆုံးရှုံးခဲ့ရတဲ့ ဝမ်စန်းကွေ့...ရှေ့ဆက်ပြီး ကျိန်စာဆိုးနဲ့ဘယ်လိုတွေဆက်ဖြစ်မလဲ... ထင်ထင်ကရော အချစ်စစ်ဖြစ်လာနိုင်မလား... ကျိန်စာဆိုးကိုရောဖြေရှင်းနိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှုကြရအောင် ... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Fantasy Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Flaming Cloud ( 2023 )

Yesterday Once More ( 2023 ) 6.2
Yesterday Once More ( 2023 ) ဒီ စိတ်ကူးယဉ် အချစ်ရုပ်ရှင်လေးမှာတော့ မင်းသားချော Arthur Chen နဲ့ မင်းသမီးချောလေး Zhou Ye တို့ အတူသရုပ်ဆောင်ထားပါတယ်။ အတိတ်တွေ၊ နောင်တတွေ လူတိုင်းမှာ ရှိတတ်ကြတာမို့ တကယ်လို့ အချိန်နောက်ပြန်သွားခွင့်ရရင် ပြင်ဆင်ချင်တဲ့ အမှားတွေ လူတိုင်းမှာရှိမှာပါပဲ။ ဒါပေမဲ့ အနာဂတ်ကိုကြိုသိနေတဲ့တိုင်အောင် အတိတ်ကို တကယ်ပြောင်းလဲနိုင်ပါ့မလား ပြောင်းလဲတတ်ပါ့မလားဆိုတာတော့ မေးခွန်းထုတ်စရာပါပဲ။ဇာတ်လမ်းအကျဉ်းကူးယိရွှမ်းဟာ ငယ်စဉ်ကတည်းက အမေမရှိတဲ့သူ အဖေကလည်း အမြဲမူးနေတဲ့သူဖြစ်ပြီး မွေးနေ့ကို တစ်ယောက်တည်း ဖြတ်သန်းဖို့ကြိုးစားနေခဲ့ရပါတယ်။ အဲဒီအချိန် ကလေးဘဝမှာပဲ ဟန်ရှုရန်ဆိုတဲ့ ကလေးမလေးက သူနဲ့အတူ မမေ့နိုင်စရာ မွေးနေ့ကို အဖော်လုပ်ပေးခဲ့ပါတယ်။အဲဒီနောက်မှာ သူတို့တွေ ကွဲသွားကြတယ်၊ အသက်ကြီးလာချိန်မှာ ပြန်တွေ့ကြတယ်၊ ချစ်မိသွားကြတယ်ပေါ့။ ဒီအထိကတော့ ရိုးရိုးလေးနဲ့ လှလှလေးပါပဲ။ ဒါပေမဲ့ သူတို့ထဲက တစ်ယောက် မတော်တဆဖြစ်ပြီး သေဆုံးသွားချိန်မှာ နောက်တစ်ယောက်ဟာ သူတို့ငယ်ငယ်က အမှတ်တရသိမ်းထားခဲ့တဲ့ ဖယောင်းတိုင်လေးနဲ့ ဆုတောင်းမိရင်း အချိန်ခရီးသွားမိပါတော့တယ်။အချိန်ကလည်း သူ့ချစ်သူ မသေခင် တစ်ရက်လေးကိုပဲ ပြန်သွားနိုင်တာဖြစ်ပြီး ချစ်သူကိုကယ်ဖို့ ကြိုးစားပေမဲ့ တစ်နည်းမဟုတ်တစ်နည်းနဲ့ သေဆုံးသွားရတာပါပဲ။ ဒီဖယောင်းတိုင်လေးတွေ မကုန်ခင်မှာ သူ့ကို ကယ်နိုင်မလား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်ပြီး ...
movie

Yesterday Once More ( 2023 )

Railway Heroes (2021) 5.8
Railway Heroes (2021) Railway Heroes (2021)အခုတင်ဆက်ပေးမှာတော့ Railway Heroes ဆိုတဲ့ ရှန်းတုန်းမီးရထားလမ်းအဖွဲ့သားတွေကိုဂုဏ်ပြုတဲ့အနေတဲ့ရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်။ တရုတ်-ဂျပန် ဒုတိယစစ်ပွဲအတွင်းအချိန်ပိုင်းကိုရိုက်ကူထားတာဖြစ်ပါတယ်။ ကျင်းဖူးမီးရထားလမ်းကို ၁၉၀၈ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ဂျာမဏီနှင့်ဗြိတိန်ကုမ္ပဏီတို့ကပူးတွဲတင်ဒါယူဆောက်လုပ်ခဲ့ပါတယ်။ တရုတ်ပြည်တောင်မြောက်ဆက်သွယ်ထားတဲ့ကုန်သွယ်ရေးပင်မမီးရထားလမ်းဟာ ၁၉၃၈ခုနှစ်မှာ ဂျပန်တွေရဲ့ထိန်းချုပ်မှုအောင်ကိုရောက်သွားပါတယ်။ ဂျပန်တွေရဲ့လက်နက်ခဲယမ်းသည်ဆောင်ဖို့အသုံးချစရာဖြစ်သွားပါတယ်။ အဲဒီအချိန်မှာပဲ လင်ချန်မြို့ဘူတာလေးမှာ လောင်ဟုန်ဦးဆောင်တဲ့ မီးရထားလုပ်သားတစ်ဖွဲ့ဟာ သက်စွန့်စံဖျား လက်နက်တွေကိုဖြတ်ယူပြီဖို့ကြိုစားကြပါတယ်။ ဂျပန်တွေကလောင်ဟုန်တို့အဖွဲ့ကိုကြိုးစားဖမ်းပေမယ့် လောင်ဟုန်ဟာဒဏ်ရာနဲ့ထွက်ပြေးလွှတ်မြောက်သွားပါတယ်။ အဲဒီအချိန်မှာရှေ့တန်းအတွက်အရေးပါတဲ့လက်နက်ဟာ လင်ချန်ဘူတာလေးကိုဆိုက်ရောက်မှာဖြစ်တဲ့အတွက် လောင်ဟုန်တို့ကဘယ်လို့များထပ်ပြီးလက်နက်တွေကိုလုယူကြမလဲ။ သန်မာတဲ့ယောင်္ကျားပဲဖြစ်ဖြစ် အားနွဲ့တဲ့မိန်းကလေးဖြစ်ဖြစ် တိုင်းပြည်လွတ်မြောက်ဖို့အတွက် တတ်နိုင်တဲ့နေရာကနေပါဝင်ပြီး ပါဝင်စွန့်စားကြတာကို ကြည့်ရတာ စိတ်ထဲမှာတစ်ခုခုတော့ စွဲကျန်ခဲ့မှာသေချာပါတယ်။ဒါရိုက်တာရန်ရဲ့ နှင်းတောထဲကရိုက်ချက်တွေကလဲ Zhang Yimou နဲ့အပြိုင်မလို့ Cinematography ကပြောစရာမရှိအောင်လှပါတယ်။ တော်လှန်ရေးကားကြိုက်တတ်တဲ့သူတွေအတွက်တော့ လုံးဝကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Nu Mon ပဲ ဖြစ်ပါတယ်Genre.....Drama, History, War Quality….WEB-DL 1080p and 720p and 360p File size…1.75GB, 909MB, 301MB Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hardsub) Translator ..... Nu Mon Encoder .....LK
movie

Railway Heroes (2021)

2021
Chinese Doctors (2021) 5
Chinese Doctors (2021) Chinese Doctors (2021)Wuhanဆိုတဲ့ အမည်ကိုကြားလိုက်တာနဲ့ ကျွန်​တော်တို့ရဲ့အ​တွေးထဲမှာ ​နေရာတစ်ခုကိုတန်းပြီး ​ပြေးမြင်မိမှာပါ၊ ဟုတ်ပါတယ် ..... တစ်ကမ္ဘာလုံးက လူသန်း​ပေါင်းများစွာကို ဒုက္ခ​​ပေးခဲ့၊ ​ပေးဆဲဖြစ်တဲ့ Covid 19လို့​​ခေါ်တဲ့ ကမ္ဘာ့ကပ်​ရောဂါဆိုးကြီး စတင်​ပေါ်​ပေါက်ခဲ့တဲ့​နေရာပါ၊ဒီရုပ်ရှင်က​တော့ Wuhan မြို့မှာ Corona virusစတင်​တွေ့ရှိချိန်ကစပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်မျိုးပါ၊ ရုပ်ရှင်လို့လည်း ဆိုနိုင်သလို Real footage ​တွေပါ ပြန်သုံးထားတဲ့အတွက် Documentary လို့​​လည်း သတ်မှတ်လို့ရနိုင်ပါတယ်ဒီရုပ်ရှင်ထဲမှာ ဒီ Virusက ဘယ်​လောက်ထိ​ကြောက်ဖို့​ကောင်းလဲ ​ရောဂါအ​ကြောင်း ဂဃနဏမသိ​သေးတဲ့ စမ်းတဝါးဝါးအချိန်မှာကတည်းက ဘယ်​လောက်ထိ ဒုက္ခ​ပေးနိုင်လဲဆိုတာ ကိုယ်တိုင်တကယ်ကြုံ​နေရသလို ခံစားရမယ်၊ ဇာတ်​ကောင်​တွေနဲ့အတူ စီး​မြောပြီး ရင်​​မောရပါမယ်ပြီး​တော့ ဆရာဝန်​တွေရဲ့ကျင့်ဝတ်နဲ့ ကိုယ်ကျိုးယှဉ်လာတဲ့အချိန်မှာ ဘယ်​လောက်ထိ ​ဝေခွဲရခက်တယ်၊ ​ရွေးရခက်တယ်ဆိုတာ မြင်နိုင်တယ်၊ အပြင်လူ​တွေသိဖို့ခက်တဲ့ ဆရာဝန်​တွေရဲ့ဘဝကို​​တွေ့ရမယ်၊ လူနာအသက်ကိုကယ်ဖို့ဆိုရင် ဘာမဆိုလုပ်ရလုပ်ရဆိုတဲ့ သမားဂုဏ်ကိုလည်း ​ပေါ်လွင်​အောင် ရိုက်ကူးပြထားတယ်Covidအ​ကြောင်းပဲလား၊ ဆရာဝန်​တွေရဲ့ရှု​ထောင့်ပဲလားဆိုရင် မဟုတ်ပြန်ပါဘူး၊ လူနာ​တွေရဲ့ ...
movie

Chinese Doctors (2021)

2021
Better Days ( 2019 ) 7.5
Better Days ( 2019 ) Zawgyi*******ကျောင်းတွင်း အနိုင်ကျင့်မှုက နေရာတိုင်းမှာ ဖြစ်နေတာပါ... မြင်အောင်ကြည့်ရင် သင်ရှေ့မှာလည်း အနိုင်ကျင့်မှုတစ်ခုခု ရှိနေမှာပါ... ဒါပေမယ့်... အနိုင်ကျင့်မှုတစ်ခုကို မြင်ရင် ဘယ်လိုဖြေရှင်းမှာလဲ? ဒီကားထဲက ချန်နမ်ဆိုတဲ့ ကောင်မလေးကတော့ နှုတ်ဆိတ်နေခဲ့တယ်... ဒီကားထဲက ရှောင်ပေကတော့ သူ့နည်း သူ့ဟန်နဲ့ ကာကွယ်ပေးလိုက်တယ်... ဘယ်သူ့နည်းလမ်းက အမှန်ဖြစ်မှာလဲ? သင်ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ ?PS. မျက်ရည်ခိုင်မှ ကြည့်စေလိုပါတယ် Unicode*******ကျောင်းတွင်း အနိုင်ကျင့်မှုက နေရာတိုင်းမှာ ဖြစ်နေတာပါ... မြင်အောင်ကြည့်ရင် သင်ရှေ့မှာလည်း အနိုင်ကျင့်မှုတစ်ခုခု ရှိနေမှာပါ... ဒါပေမယ့်... အနိုင်ကျင့်မှုတစ်ခုကို မြင်ရင် ဘယ်လိုဖြေရှင်းမှာလဲ? ဒီကားထဲက ချန်နမ်ဆိုတဲ့ ကောင်မလေးကတော့ နှုတ်ဆိတ်နေခဲ့တယ်... ဒီကားထဲက ရှောင်ပေကတော့ သူ့နည်း သူ့ဟန်နဲ့ ကာကွယ်ပေးလိုက်တယ်... ဘယ်သူ့နည်းလမ်းက အမှန်ဖြစ်မှာလဲ? သင်ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ ?PS. မျက်ရည်ခိုင်မှ ကြည့်စေလိုပါတယ် Translated & Reivew By Chu ChuEncoded By LK
movie

Better Days ( 2019 )