Channel Myanmar

Action

Signal: Long-Term Unsolved Case Investigation – The Movie (2021) 6.0
Signal: Long-Term Unsolved Case Investigation – The Movie (2021) Signal : The Movie (2021)2021 မှာထွက်လာတဲ့ The signal ဆိုတဲ့ ဇာတ်ကားလေးကတော့2018 မှာထွက်ခဲ့တဲ့ ဇာတ်လမ်းတွဲရဲ့ အဆက်ပဲဖြစ်ပါတယ်ဒီကားလေးက thriller ကားအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းကတော့ mysteryတွေနဲ့ပြည့်နေပြီး စုံထောက်ကားကြိုက်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာပါ2018 ဇာတ်ကားမှာတုန်းက အတိတ်နဲ့ ပစ္စုပ္ပန်မှာ ရှိကြတဲ့ စုံထောက်နှစ်ယောက်ဟာ စကားပြောစက် walkie-talkieလေးကနေ ထူးထူးဆန်းဆန်း ဆက်သွယ်မိကြပါတယ် သူတို့နှစ်ယောက်ဟာဒီလိုဆက်သွယ်ပြီး အနာဂတ်မှာအတိတ်ကဖြစ်ခဲ့တဲ့အမှုတွေမဖြစ်အောင် အတူတူတားဆီးကြတာဖြစ်ပါတယ်ခုဒီဇာတ်ကားမှာလည်း "‌cold case investigate team"က စုံထောက်ဆိုင်ကူဆာနဲ့ အတိတ်ကစုံထောက် အိုယာမာတို့ဟာ အတိတ်နဲ့ပစ္စုပ္ပန်တို့မှာဖြစ်တဲ့ တူညီတဲ့ လုပ်ကြံမှုအကြမ်းဖက်မှုတွေပေါ်မှာ အခြေခံပြီး နှစ်ယောက်သား အမှုမှန်ပေါ်အောင်ဖော်ထုတ်ကြတာပဲဖြစ်ပါတယ်ဇာတ်ကားရဲ့ပုံစံက action scene တွေသိပ်မပါဘဲ ပဟေဠိဆန်ဆန်ပုံစံနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတာပါ၂၀၁၈ တုန်းက ဇာတ်ကားမကြည့်ရသေးတဲ့သူတွေလည်း ဇာတ်ကားအစမှာ ဇာတ်လမ်းဆက်ကိုအကျဉ်းချုပ်ရှင်းပြထားတာမို့ တန်းကြည့်လို့အဆင်ပြေပါတယ် စုံထောက်ကား ဖန်တွေ အေးဆေး "chill ‌and think"လို့ရပါပြီအညွှန်း နဲ့ ဘာသာပြန်ကတော့ Loon Swal Eain ပဲ ဖြစ်ပါတယ်။Genre.....Action, Mystery, Thriller Quality….WEB-DL 1080p ...
movie

Signal: Long-Term Unsolved Case Investigation – The Movie (2021)

Rudhramadevi (2015) Rudramadevi 5.8
Rudhramadevi (2015) Rudramadevi အိန္ဒိယတောင်ပိုင်း ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ရူဒမာဒေဗီဟာဆိုရင် အိန္ဒိယ သမိုင်းမှာ အုပ်ချုပ်ခဲ့တဲ့ အနည်းငယ်မျှသော ဘုရင်မတွေထဲကမှ ရူဒမာဒေဝီ ဘုရင်မ ရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူး ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ငယ်ဘဝထဲက အခက်အခဲ အကြမ်းတမ်းစွာ ယောကျာ်းလေးဟန်ဆောင်ပြီး ဖြတ်သန်းခဲ့ရတဲ့ ရူဒမာဒေဝီ ၊ ငယ်ရွယ်စဉ်ဘဝထဲက မိန်းကလေး တန်မဲ့ မင်းသားတို့ တတ်အပ်တဲ့ အဌာရသ ၁၈ရပ်ကို ပင်ပန်းခက်ခဲ့စွာ သင်ကြားခဲ့ရတဲ့ ရူဒမာဒေဝီ အသက်အရွယ်ကြီးပြင်းလာတဲ့အခါမှာတော့ ပြိုင်ဘက် တိုင်းပြည်တွေကို ဘယ်လို ဖြိုခွင်းပြီး အခက်အခဲတွေကြားထဲက တိုင်းပြည်ကို ဘယ်လို ကာကွယ် စောင့်ရှောက်မလဲဆိုတာ.........။မင်းသမီး Anushka Shetty က ရူဒမာဒေဗီဘုရင်မအဖြစ် ပါဝင်ထားပြီး တောင်ပိုင်းရဲ့ Stylish Star မင်းသားအာလူးအာဂျွန်းကိုလဲ စတိုင်အပြည့်နဲ့ တွေ့မြင်ရမှာပါ။Action,Fantasy သဘောတင်ဆက်ထားတာမို့ ချခန်းဖိုက်ခန်းတွေကြိုက်ရင် မိုက်မှာပါ။ File size…(3.5 GB) / (1.6 GB) Quality…WEB-DL HEVC 1080p/720p Format…mkv/mp4 Duration….02:30:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Rudhramadevi (2015) Rudramadevi

1080p HEVC
Catwoman: Hunted (2022)
Catwoman: Hunted (2022) Animated Movie တွေထဲမှာ Catwoman အတွက်သီးသန့်ရုပ်ရှင်မရှိသေးတဲ့အတွက် Catwoman: Hunted ဆိုတဲ့ နာမည်နဲ့Animated ရုပ်ရှင်တစ်ခုထွက်လာခဲ့ပါတယ်။အရင် Animated Movie တွေတုန်းကလို ပုံစံမျိုးမဟုတ်ဘဲဒီတစ်ခါမှာတော့ ဂျပန်ဒါရိုက်တာက ရိုက်ကူးထားတာဖြစ်ပြီးAnimation တွေကလည်း အရင်ခေတ်က Anime တွေလိုပုံစံမျိုးတွေဖြစ်နေပါတယ်။ အမြင်တစ်မျိုးလေးဆန်းတယ်ပဲဆိုရမှာပေါ့။ရတနာသူခိုးလို့ နာမည်ကြီးနေတဲ့ Catwoman တစ်‌ယောက်ကဒီတစ်ခါလည်း ထုံးစံအတိုင်း ရတနာပဲခိုးပြန်ပါတယ်။သူခိုးတဲ့ရတနာကတော့ တန်ဖိုးဖြတ်လို့မရတဲ့မြကျောက်ပဲဖြစ်ပါတယ်။မြကျောက်ကိုခိုးမိလိုက်တဲ့အတွက် Catwoman ရင်ဆိုင်ရမယ့်သူတွေကနယ်နယ်ရရတော့မဟုတ်ပါဘူး။ Black Mask တို့ Cheetah တို့ ဦးဆောင်တဲ့Leviathan ဆိုတဲ့ ဒုစရိုက်ဂိုဏ်းရယ်၊ အင်တာပိုလ်အေးဂျင့်တွေရယ်၊Batwoman ရယ်ပဲဖြစ်ပါတယ်။တစ်ဖက်ကလည်း အသေသတ်မယ့် Leviathan အဖွဲ့ရယ်၊မကူညီရင် ‌ထောင်ချမယ်ဆိုတဲ့ အင်တာပိုလ်အေးဂျင့်တွေရယ်ကြားမှာCatwoman တစ်ယောက် ဘယ်လိုတွေအကွက်ရွှေ့နိုင်ဦးမှာလဲ။  File size…1.4GB / 700MB / 300MB Quality…1080p BluRay AAC 5.1CH / 720p / 360p Format…mp4 Duration….1h18min Subtitle….Myanmar Subtitle (Hard ...
movie

Catwoman: Hunted (2022)

2022
Tadap (2021) 6.0
Tadap (2021) Tadap (2021) --------------------- ဒီကားလေးကတော့ RX100 (2018) တုန်းကဇာတ်ကားကိုအခြေခံပြီးရိုက်ကူးထားတဲ့ အချစ်ဇာတ်ကားချိုချိုလေးပဲဖြစ်ပါတယ်မဆူရီမြို့မှာ လူတိုင်းက ဒယ်ဒီလို့ခေါ်ကြတဲ့ လူတစ်ယောက် အီရှာနာကိုငယ်ငယ်လေးကတည်းက မွေးစားခဲ့ပါတယ်။ ဒယ်ဒီဟာ ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ ဒမိုဒါ နောတ့်တီရယ်နဲ့အလွန်တရာမှ ရင်းနှီးကြတဲ့မိတ်ဆွေတွေပါ။အီရှာနာ တစ်ယောက်ကတော့ အဖေဖြစ်သူဒယ်ဒီနဲ့ နောတ့်တီရယ်ကို အဖက်ဖက်မှကူညီအားဖြည့်ပေးနေသူပေါ့။ တစ်နေ့မှာ လန်ဒန်မှ ပညာတော်သင်ပြန်လာတဲ့ဒမိုဒါ ရဲ့ သမီးဖြစ်သူ ရမီဆာ က အီရှာနာကို သဘောကျပြီး ဖွင့်ပြောခဲ့ရာမှကြည်နူးစရာအချစ်ဇာတ်လမ်းလေးတစ်ပုဒ်စတင်လာပါတယ်။ အချစ်စစ်မှန်ရင်လမ်းကြမ်းစမြဲပါပဲ။ သူတို့ကြား ဘယ်လိုအတားအဆီးတွေ ဝင်ရောက်လာမှာလဲ။ဒမိုဒါရဲ့ပြိုင်ဘက်ပါတီဝင်ကရော ဘယ်လိုကောက်ကျစ်ယုတ်မာမလဲ။မင်းသမီး မင်းသားချောချောလေးနဲ့အတူ စောင်ကိုက်ပြီး ကြည့်ရှုရမဲ့အချစ်ခန်းချိုချိုအီအီလေးတွေပါတာကြောင့် မသေခင်ကြည့်ရှုသွားသင့်တဲ့ရိုမန့်တစ်ဇာတ်ကားကောင်းလေးလို့ညွှန်းလိုက်ပါရစေ............  File size…2.3Gb / 1.2Gb / 400MB  Quality…1080p AAC 2.0CH / 720p / 360p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pwint & Haruko &  Yunni 
movie

Tadap (2021)

[18+] Hugas (2022) 7.5
[18+] Hugas (2022) အယ်လ်က လမ်းဘေးမှာပဲတစ်ကောင်ကြွက်အဖြစ် ခိုးဆိုးလုနှိုက်အလုပ်တွေနဲ့ကြီးပြင်းလာတဲ့ လမ်းပျော်လူငယ်တစ်ဦးပါ။ သူ့မိတ်ဆွေတစ်ယောက်အဆက်အသွယ်နဲ့ ဘဏ်ဓားပြ၊မူးယစ်မှောင်ခို အစရှိတဲ့အလုပ်တွေလုပ်ကိုင်တဲ့ ဒန်ချိုရဲ့လူဆိုးဂိုဏ်းကို ဝင်ရောက်လာခဲ့ပြီး သူ့ကျွမ်းကျင်မှုတွေကြောင့် အချိန်တိုအတွင်းမှာပဲ လူယုံတစ်ယောက်ဖြစ်လာပါတော့တယ်။အဲ့ဒီဂန်းစတားပေါက်စလေး အယ်လ်အနေနဲ့ ဒုစရိုက်လောကကိုစွန့်ခွာချင်စရာအကြောင်းပြချက်က ဒီဂိုဏ်းထဲမှာပဲတွေ့ခဲ့တဲ့ လီဆယ်လ်ဆိုတဲ့ မိန်းမလှလေး တစ်ဦးဖြစ်လာခဲ့ပါတယ်။ဖိလစ်ပိုင်သမ္မတ ဒူတာတေးခေတ်မှာ မူးယစ်ဂိုဏ်းတွေအပေါ်ရိုက်ခတ်လာခဲ့တဲ့ တွေ့ရာနေရာ အမေးအမြန်းမရှိ ပစ်ခတ်သတ်ဖြတ်တဲ့ စီရင်မှုတွေ၊ ဂိုဏ်းအချင်းချင်းနယ်မြေလု ဖျံကျတဲ့အကွက်တွေ၊ အချင်းချင်း နောက်ကျောကနေ ဓားနဲ့ထိုးဖို့ဝန်မလေးတဲ့လောက ကနေ သူတို့ဘယ်လိုလွတ်အောင်ရုန်းမလဲဆိုတာကို ဆက်လက်ရှုစားကြပါ။ဇာတ်လမ်းက အပစ်အခတ်အညှစ်အသတ်တွေများသလို အညစ်အပတ်တွေလဲအရမ်းများပါတယ်၊ဘဏ်ဓားပြတိုက်ရင်း စာရေးမကအထာပေးလို့ဂျိမ်းတာ၊ ချစ်သူချင်းမင်္ဂလာဦးညဂျိမ်းတာ၊ ပျော်လို့ဂျိမ်းတာ၊ စိတ်ညစ်တာကိုဖေးမနှစ်သိမ့်ရင်းလမ်းကြုံလို့ဂျိမ်းတာ စသဖြင့်အားနေဂျိမ်းနေကြတာဖြစ်လို့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါဘူး။မင်းသမီးတွေကလဲချစ်စဖွယ်မျက်နှာလေးတွေနဲ့မလိုက်အောင် ရွှေရင်ဌေးဌေးတွေဆိုတော့ ခဏခဏ pause လုပ်မိနေမှာဖြစ်လို့ တစ်ယောက်တည်းကြည့်တာကောင်းပါလိမ့်မယ်။ File size…(1.2 GB) (500 MB) Quality…WEB-DL 1080p/720p Format…mkv Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias
movie

[18+] Hugas (2022)

The 355 (2022) 4.8
The 355 (2022) The 355 (2022)ဒီတစ်ခါတော့ "The 355" ဆိုတဲ့ အလန်းစားဆိုက်ဘာအက်ရှင်ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် အင်တာနက်တွေ ဆိုက်ဘာနည်းပညာတွေ တိုးတက်လာတဲ့ခေတ်မှာ တီထွင်မှုတွေကလည်း အပြိုင်အဆိုင်ကို ပေါ်ပေါက်လာခဲ့ပါတယ် ကိုလံဘီယာ ဘိုဂိုဒါမှာ ကမ္ဘာကြီးရဲ့ ဘယ်အရာကိုမဆို ထိန်းချုပ်နိုင်တဲ့ ဒရိုက်ဗ်တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ် အဲဒီဒရိုက်ဗ်ကို ကိုလံဘီယာအေးဂျင့် လူဝစ်က ရရှိသွားပြီးတော့ စီအိုင်အေကို ဒေါ်လာသုံးသန်းနဲ့ အပေးအယူလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါမှာတော့ အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ စီအိုင်အေ အေးဂျင် မေ့စ်နဲ့ သူ့ချစ်သူ နစ်ခ်တို့နှစ်ယောက် ပဲရစ်ကိုရောက်လာကြပါတော့တယ် အပေးအယူလုပ်တဲ့နေရာမှာ ဂျာမန်အေးဂျင့် မယ်ရီက ပိုက်ဆံထည့်ထားတဲ့ အိတ်ကို ကြားထဲကနေ ဖြတ်ယူသွားပါတော့တယ် မေ့စ်က မယ်ရီနောက်လိုက်နေတုန်း နစ်ခ်က ပစ်သတ်ခံလိုက်ရပါတယ် စီအိုင်အေကို ပြန်ရောက်တော့မှ မေ့စ်တစ်ယောက် နစ်ခ်အသတ်ခံလိုက်ရမှန်း သိသွားပါတော့တယ် မေ့စ်ရဲ့ အထက်လူကြီး မတ်ခ်က မေ့စ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဒရိုက်ဗ်ကို ပြန်ရအောင်ယူခိုင်းတဲ့အခါမှာတော့ မေ့စ်တစ်ယောက်ဘယ်လိုတွေလုပ်မလဲ- စီအိုင်အေ အေးဂျင့် မေ့စ် - ဂျာမန်အေးဂျင့် မယ်ရီ - ကွန်ပျူတာကျွမ်းကျင်သူ ခါဒီဂျာ - ကိုလံဘီယာစိတ်ရောဂါကုဆရာဝန် ဂရေစီယယ်လာသူတို့တွေ တတိယကမ္ဘာစစ်ကြီး မဖြစ်အောင် ဘယ်လိုတွေကာကွယ်ကြမလဲဆိုတာ ...
movie

The 355 (2022)

Uncle Nine:  The Curious Case of the Ancient Coffin ( 2021 ) 6
Uncle Nine: The Curious Case of the Ancient Coffin ( 2021 ) တရုတ်တစ္ဆေ ခုန်စွခုန်စွ ဖုတ်ကောင်ကားသစ်လေးလာပါပြီဇာတ်လမ်းအကျဉ်းကတော့ဦးလေး၉ဟာ ဘိုးဘေးလုပ်ငန်းဖြစ်တဲ့ဖုန်းရွှေဆရာအလုပ်ကိုမလုပ်ပဲ ဆေးဆရာအဖြစ်အသက်မွေးဝမ်းကျောင်းနေပါတယ်။နေကြတ်တဲ့နေ့တစ်နေ့ အပုပ်ချိန်မှာ ရှေးဟောင်းအလောင်းစာပိုးကောင်တွေထကြွပြီးအခေါင်းစောင့်မြွေကြီးကလဲ လူတွေကိုထွက်စားနေပါတယ်။ဦးလေး၉နဲ့တပည့်တွေဟာ ဖုတ်ကောင်အုပ်စုတိုက်ခိုက်ခြင်းကိုခံရပြီးမြို့ငယ်လေးမှာကံဆိုးစွာ မကောင်းတဲ့ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။ထူးဆန်းတဲ့သေဆုံးမှုတွေကြောင့်ရဲအရာရှိတွေနဲ့ ဦးလေး၉ နဲ့အတူအမှုကိုအပြင်းအထန်စစ်ဆေးကြပါတယ်။နစ်နာသူပြည်သူတွေရဲ့ကိုယ်ပေါ်မှာအလောင်းဆိပ်မိနေပါတယ်။ဦးလေး ၉ ဟာ တိတ်တဆိတ်စုံစမ်းရင်း ဂျပန်တွေရဲ့ဆေးကုသဖို့ဖိတ်ကြားမှုကိုခံရပြီး ဂျပန်တပ်သားတွေရဲ့သင်္ချိုင်းဖောက်တဲ့အကြံအစည်ကိုသိသွားတော့ ဂျပန်တွေရဲ့ကွပ်မျက်ခံရလုဆဲဆဲအခြေနေကိုရောက်သွားပါတယ်။ဓားသွားပေါ်ကအခြေအနေမှာရောက်နေတဲ့ ဦးလေး၉ ဟာဘယ်လိုအသက်လွတ်အောင်လုပ်ပြီး တစ္ဆေနှိမ်နင်းကာနိုင်ငံရတနာတွေကိုဘယ်လိုစောင့်ရှောက်မလဲ။ပြီးတော့ ဂျပန်သင်္ချိုင်းဖောက်ထွင်းအဖွဲ့ကရောဘာတွေနဲ့ပတ်သက်နေမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ဟောင်ကောင်ကား Mr Vampire (၁၉၈၅) ပုံစံအတိုင်းပဲဟာသလေးတွေနှောပြီးပြန်ရိုက်ထားတာဖြစ်တဲ့အတွက် ငယ်ဘဝကိုပြန်အမှတ်ရသွားမှာသေချာပါတယ်။ပေါ့ပေါ့ပါးပါး ဖုတ်ကောင်ကားလေးကိုအားပေးကြပါဦးနော်။  Quality : WEB-DL 1080p Format : mp4 Genres : Action , Mystery , Fantasy During : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Encoded by LK  
movie

Uncle Nine: The Curious Case of the Ancient Coffin ( 2021 )

Firebreather (2010) 6.2
Firebreather (2010) Firebreather (2010)ဒီ animation ဇာတ်ကားကောင်းလေးကို မသိတဲ့သူတော်တော်ရှားမယ်ထင်ပါတယ်။ ကျွန်တော်တို့တွေ ကလေးဘ၀မှာ အသည်းစွဲဖြစ်ခဲ့ရတဲ့ ကာတွန်းကားလေးတစ်ကားဆိုရင်လည်း မှားမယ်မထင်ပါဘူး။မကြည့်ဖူးသေးတဲ့သူတွေရော ကြည့်ပြီးတဲ့သူတွေပါ ဘာသာပြန်ကောင်းကောင်းလေးနဲ့ သေချာပြန်လည်ခံစားလို့ရအောင်လို့ Channel Myanmar ကနေ ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ကတော့......ကမ္ဘာကြီးဟာ ကိုင်ဂျူးလို့ခေါ်တဲ့ ဧရာမသတ္တဝါကြီးတွေနဲ့ လူသားတွေ ရောထွေးနေထိုင်တဲ့ နေရာတစ်ခုဖြစ်လာပါတယ်။ မျိုးနွယ်နှစ်ခုကြား စစ်ပွဲရှည်ကြီး တစ်ခုဖြစ်လာခဲ့ပြီး ဒီစစ်ပွဲကို အဆုံးသတ်ပေးလိုက်တာကတော့ မားဂရက်ဆိုတဲ့ လူသားမျိုးနွယ် မိန်းကလေးတစ်ဦးနဲ့ ကိုင်ဂျူးဘုရင်ကြီး ဘယ်လော့ခ် တို့ရဲ့ ချစ်ကြိုက်မှုပဲ ဖြစ်ပါတယ်။စစ်ပွဲကြီးရပ်တန့်သွားပြီးနောက် ကိုင်ဂျူးတွေဆိုတာလည်း ဒဏ္ဍာရီသဖွယ် ဖြစ်လာခဲ့ပါတော့တယ်။ ဒါပေမယ့် ဒန်ကန်ဆိုတဲ့ ကိုင်ဂျူးတစ်၀က် လူသားတစ်၀က် ဆယ်ကျော်သက်ကောင်လေးကတော့ ဒဏ္ဍာရီမဟုတ်ခဲ့ပါဘူး။ကိုင်ဂျူးတစ်ကောင်ရဲ့အစွမ်းတွေနဲ့ လူသားလေး ဒန်ကန်ဆီကို တစ်ရက်မှာ ကိုင်ဂျူးဘုရင် ဘယ်လော့ခ်ကြီးက ဆိုက်ဆိုက်မြိုက်မြိုက် ပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့...... (ဇာတ်ကားနဲ့ အညွှန်းကို Chuck Chuck မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.3GB, 608MB Quality - ...
movie

Firebreather (2010)

2010
Iddarammayilatho (2013) 5.8
Iddarammayilatho (2013) Iddarammayilatho (2013)အညွှန်းဇာတ်လမ်းစဖွင့်ပုံက... နိုင်ငံအတွင်းမှာ ဖြစ်သွားတဲ့ ကုဋေ တစ်သိန်းတန်လာဘ်စားမှုကြီးတစ်ခုအကြောင်းကို IAS အရာရှိတစ်ယောက်ကဝန်ကြီးကို မေးမြန်းပြီး ၊ အဲ့ဒီကိစ္စကို စုံစမ်းပေးဖို့ ဝန်ကြီးကIAS အရာရှိကို တာဝန်ပေးလိုက်ရာက စဖွင့်ပါတယ်။ဒီနောက်တော့ ဝန်ကြီးရဲ့သမီး နိုင်ငံခြားကိုစိတ်ပညာဘွဲ့လွန်သွားတက်တာကို ပြပါတယ်။ဒါက ဇာတ်လမ်းရဲ့ နိဒါန်းပဲ ရှိပါသေးတယ်။ဒီနောက်တော့ ဝန်ကြီးသမီး အာကန်ရှာဟာ ပြည်ပမှာ ကောလိပ်တက်ဖို့အဆောင်တစ်ခုကို ရောက်လာပါတယ်။ အဲ့ဒီအဆောင်က သူတည်းခိုတဲ့အခန်းထဲကနေ မိန်းကလေးတစ်ယောက်ရဲ့ ဒိုင်ယာရီစာအုပ်ကိုတွေ့လို့ဖတ်ကြည့်မိရာကနေ ဒီဇာတ်လမ်းတစ်ခုလုံးဟာ ရုပ်လုံးပေါ်လာတော့တာပါပဲ။တစ်ချို့က ကြည့်ဖူးကြပေမယ့် တစ်ချို့ကတော့ မကြည့်ဖူးလောက်ပါဘူး။ဇာတ်လမ်းကို ခြုံငုံသုံးသပ်ရရင် ဇာတ်အိမ်ကို အားမရပေမယ့် တေလဂူးဇာတ်ကားလေးတွေရဲ့ထုံးစံအတိုင်း ချစ်ခန်းကြိုက်ခန်း ၊ ဟာသခန်းလေးတွေ ညှပ်ထည့်ထားပုံကဇာတ်လမ်းကို မြူးကြွစေပြီး ၊ တေလဂူးမင်းသမီးလေးတွေရဲ့ ညုတုတု အမူအရာ ၊သရုပ်ဆောင်ပုံလေးတွေက အသည်းယားစရာ ကောင်းလှပါတယ်။မိသားစုနဲ့ အတူ ကြည့်နိုင်သလို ၊မိမိရဲ့ ရည်းစား ၊ မိမိရဲ့ အိမ်ထောင်ဖက်နဲ့လည်း အတူကြည့်ရင်း အချစ်တွေပိုတိုးလာစေနိုင်ပါတယ်။ ...
movie

Iddarammayilatho (2013)

2013
Escape From Alcatraz (1979) 7.6
Escape From Alcatraz (1979) Escape from Alcatraz (1979)~ IMDb- 7.6/10, RT - 96%, Meta - 76%အပြင်လောကမှာလူမိုက်တွေက "ထောင်အပြင်မှာ တန်းမရှိဘူးကွ"လို့ ကြွေးကြော်ရင်း မိုက်ဂုဏ်ပြလေ့ရှိပါတယ်။ ဟုတ်ကဲ့၊ ထောင်အပြင်မှာသာတန်းမရှိတာပါ။ ထောင်ထဲမှာတော့ တန်းလည်းရှိတယ်၊ တိုက်လည်းရှိတယ်၊ မိုက်ပေ့ဆိုတဲ့ငနဲတွေအထဲရောက်လာရင် ဦးကျိုးသွားအောင်ချိုးပြမယ့်သူတွေကလည်းအသင့်စောင့်နေတာပါ။ ဆရာကျော်မြသန်းတို့၊ ဆရာရန်အောင်မောင်မောင်တို့ရဲ့ဝတ္ထုတွေကိုဖတ်ရင်း ထောင်လောကအကြောင်း မြည်းစမ်းကြည့်ဖူးသူတွေအတွက်တော့ အခုတင်ပြမယ့်ဇာတ်ကားဟာ စွဲမက်ဖွယ်ရသအပြည့်ပေးပါလိမ့်မယ်။ ထောင်ဆိုတာဘာလဲ မသိသေးသူတွေအတွက်လည်း မြည်းစမ်းကြည့်သင့်ပါတယ်။အလ်ကာထရက်ဇ်ဆိုတာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုပင်လယ်အော်နားက ကျောက်ဆောင်တွေပြည့်နေတဲ့ကျွန်းတစ်ခုပါ။ အစက စပိန်တွေပိုင်ခဲ့တယ်၊ သူ့နာမည်ကိုက ငှက်ကြီးဝန်ပိုကျွန်းလို့ စပိန်လိုခေါ်ရာကနေအမည်တွင်လာတာပါ။ အမေရိကန်ပိုင်ကျွန်းတစ်ခုဖြစ်လာပြီးတဲ့နောက် ၁၈၆၁ခုနှစ်မှာ အဲဒီကျွန်းကို စစ်ပြေးတွေ၊ သူပုန်တွေကိုအကျဉ်းချတဲ့နေရာအဖြစ်စအသုံးပြုခဲ့ပါတယ်။ ၁၉၃၄မှာတော့ ခေတ်မီအဆောက်အဦတွေနဲ့အတူ တစ်နိုင်ငံလုံးမှာ လုံခြုံရေးအတင်းကျပ်ဆုံးထောင်အဖြစ်နဲ့စတင်ခဲ့ပါတယ်။ အလ်ကာထရက်ဇ်ကို အဆိုးဆုံး၊ အကြမ်းဆုံးရာဇဝတ်ကောင်တွေထားတယ်ဆိုတာထက် စည်းကမ်းအဖောက်ဆုံးထောင်သားတွေပို့လေ့ရှိတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူတို့ကို တစ်ယောက်တစ်ခန်းစီခွဲပြီးချုပ်ထားတယ်။ အဲဒီနေရတဲ့အခန်းကလည်း အလျားဆယ်ပေ၊ အနံလေးပေခွဲသာကျယ်ပါသတဲ့။ တစ်နေ့ကို ...
movie

Escape From Alcatraz (1979)

1979
Son of Satyamurthy (2015) 7.1
Son of Satyamurthy (2015) Son Of Satyamurthy (2015)ဖခင်ဆိုတဲ့ ကြီးမားလှတဲ့အရိပ်ကို ခိုလှုံရင်း ဘဝကို ခပ်အေးအေးနေခဲ့တဲ့ လူငယ်တစ်ယောက်...အက်ဆီးဒင့်ကြောင့် ဖခင်ဖြစ်သူ သေဆုံးပြီးနောက်ပိုင်း ဖခင်အရိုက်အရာကိုလက်ခံကာ...ကြုံလာသမျှအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်သလဲဆိုတာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းတကယ်ကောင်းသလို ၊ ရိုက်ချက်တွေလည်းကောင်းတယ်။Stylish Star အာလူအာဂျွန်းရဲ့ ထုံးစံအတိုင်း ခပ်မြူးမြူးလေးဆိုတော့ကြည့်ဖူးသူလည်း မူရင်းတီလူဂူးအသံနဲ့ ထပ်ကြည့်လို့ရတာပေါ့ခင်ဗျာ။ အိုဗာအက်ရှင်ပါတာလေးတွေတော့ သည်းခံကြည့်ရမယ်။File size…4.64Gb / 2.4Gb / 1.2GB Quality…1080p Blu Ray AAC 5.1Ch / 1080p AAC 2.0 / 720p Format…mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myint Thu  
movie

Son of Satyamurthy (2015)

2015
Akhanda (2021) 7.8
Akhanda (2021) Akhanda 2021 Drama/ Fantasy IMDb 7.9/10၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ တမီးလ်ရုပ်ရှင်ကားကောင်းတွေထဲမှာနောက်ဆုံးပိတ်အိတ်နဲ့လွယ်ကားလို့ပြောရလောက်အောင်ကိုရှယ်ကောင်းတဲ့‌တောင်ပိုင်းကားလေးပါ။ Box office မှာကုဋေ ၂၀၀ အထိဝင်ငွေကြမ်းခဲ့ပြီး ၂၀၂၁ ခုနှစ်ရဲ့ ဒုတိယမြောက်ဝင်ငွေအကြမ်းဆုံးကားဆိုလည်း ဟုတ်တယ်ဗျ။Box Office မှာ ၂၀၂၁ ခုနှစ်မှာ ဒုတိယဝင်ငွေအများဆုံးဖြစ်ရတဲ့အကြောင်းကိုပြောပါဆို နာမည်ကြီးဝါရင့်သရုပ်ဆောင် Nandamuri ပါတာရယ်မင်းသမီးချောနှစ်လက်ဖြစ်တဲ့ Pragya နဲ့ Shamna တို့ပါတာကြောင့်လည်းပါတယ်ပေါ့ဗျာ။အဲလိုပြောလို့ Red Notice လိုနာမည်ကြီးသရုပ်ဆောင်တွေနဲ့ထိန်းသွားတဲ့ကားလားဆိုရင်တော့လည်း မဟုတ်ပြန်ဘူးဗျ။ ဇာတ်လမ်းဇာတ်ကွက်ကကုလားကားဆန်ဆန်ရိုက်ချက်တွေပါနေတာကလွဲရင်(ကုလားကားကိုးဗျ) ရှယ်ကိုကောင်းနေတာမျိုးဗျ။မျောပြီးကြည့်နေရင်းကြက်သီးထရလောက်တဲ့စကားမျိုးတွေထပြောလေ့ပြောထရှိတဲ့တောင်ပိုင်းကားတွေရဲ့ဗီဇကိုသိပြီးပြီဆိုရင်တောင် ဒီကားထဲက ကြက်သီးထစရာဇာတ်ဝင်စကားတွေကတစ်ခြားတွေနဲ့ကိုမတူတာအမှန်။ ကြည့်ရင်းမျောရင်း၊ မျောရင်းကြည့်ရင်းအ‌ဆုံးကိုဘယ်လိုရောက်လို့ရောက်သွားမှန်းမသိမယ့်ကားကောင်းမျိုးဗျ။ဇာတ်လမ်းအကျဉ်းချုပ်ကိုပြောပြရမယ်ဆိုရင် ရွှေကျေးညီနောင်ပေါ့ဗျာ။ကျေးညီနောင်နှစ်ကောင်ဟာ တစ်ကောင်က ကောင်းရာအရပ်‌ရောက်ပြီးကျေးလိမ္မာဖြစ်သွားပေမဲ့ တစ်ကောင်ကတော့ ဆိုးရာအရပ်ရောက်ပြီးကျေး‌မိုက်ဖြစ်သွားသလိုမျိုးပဲပေါ့။ ဒါပေမဲ့ မတူတဲ့အချက်ကတော့ဒီဇာတ်ကားထဲက ညီအစ်ကိုနှစ်ယောက်ကိုကျ မွေးကတည်းကဘုရားလူကြီးက နိမိတ်ဖတ်သွားတာပဲ။ ဒီတစ်‌‌ယောက်ဟာသဘာဝတရားနဲ့ တူလိမ့်မယ်၊ ဒီတစ်ယောက်ဟာ သဘာဝဘေးဆိုးနဲ့တူလိမ့်မယ်ဆိုပြီးသဘာဝတရားကိုချစ် သဘာဝဘေးဆိုးကို စွန့်ပစ်ခိုင်းခဲ့တာမျိုးပေါ့။ ဒီတော့ဗျာညီအစ်ကိုနှစ်ယောက်ထဲက သဘာဝတရားဖြစ်တဲ့တစ်ယောက်ကပြည်နယ်အုပ်ချုပ်ရေးမှူးချောချောလေးနဲ့ တစ်စခန်းသွားတော့မယ်အချိန်မှာသဘာဝဘေးဆိုးဖြစ်တဲ့တစ်ယောက်ကကျ ဘယ်လိုအရပ်ရောက်ပြီးဘယ်လောက်တောင်ဆိုးနေမယ် ညီအစ်ကိုနှစ်ယောက် ဘယ်လိုပြန်တွေ့ကြမယ်ဆိုတာမျိုးပေါ့။ဒီလိုသဘောတရားဇာတ်လမ်း‌တွေရှိပေမဲ့ ဒီကားလောက်တော့ ...
movie

Akhanda (2021)

2021
For a Few Dollars More (1965) 8.2
For a Few Dollars More (1965) For a Few Dollars More (1965) ~ IMDb - 8.2/10, RT- 92%, Meta - 74%နာမည်မရှိသော ကောင်းဘွိုင်ကြီး လာပါပြီခင်ဗျာ။ ဇာတ်ကားသုံးကားကို သုံးနှစ်ဆက်တိုက် ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့၊ ကောင်းဘွိုင်ကားသမိုင်းမှာ မှတ်ကျောက်တင်ခဲ့တဲ့ Clint Eastwood ရဲ့ သမိုင်းမှတ်တိုင်တွေပါ။ အခုကားကတော့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကောင်းဘွိုင် ယန်းကီးလေးဟာ ဆုကြေးစား လူဆိုးဖမ်းသမား ဖြစ်နေပြန်ပါပြီ။ အရင်ဇာတ်ကားကရခဲ့တဲ့ ပိုက်ဆံတွေ ဘယ်တည်းခိုခန်းမှာ ဖြုန်းလိုက်လဲ မသိပါဘူးဗျာ။ အခုတော့ ဒေါ်လာတစ်ထောင်တန် လူဆိုးလေးတွေ လိုက်ဖမ်းနေလေရဲ့။အချီကြီးကြံတတ်တဲ့ ပုဂ္ဂိုလ်ဆိုတော့လည်း တကယ့် ဒိတ်ဒိတ်ကြဲ လူဆိုးဂိုဏ်းနောက်ကို အမဲလိုက်ဖို့ ဖြစ်လာတာပေါ့။ တစ်ခါတလေမှာ မုဆိုးက ကျားစာမိသွားတာမျိုးလည်း ရှိတတ်တာမျိုးလေ။ အဲဒီမှာ ပုဂ္ဂိုလ်ရေးရန်ငြိုးနဲ့ လိုက်လာတဲ့ ဘဲကြီးတစ်ပွေရယ်၊ နာမည်မရှိတဲ့ ယန်းကီးလေးရယ်တို့ ခြင်္သေ့ဂူထဲဝင်ပြီး လူဆိုးတစ်သိုက်နဲ့ ဘတပြန် ...
movie

For a Few Dollars More (1965)

1965
A Fistful of Dollars (1964) 8
A Fistful of Dollars (1964) A Fistful of Dollars (1964) ~ IMDb - 8/10, RT - 98% ~ဇာတ်ကား သုံးကားမှာ အဓိက သရုပ်ဆောင်ဖြစ်ပေမယ့် ဇာတ်ကားထဲမှာ သူ့နာမည်ကို ဘယ်သူမှ မသိကြဘူး။ သိတဲ့သူတွေကလည်း သူ့နာမည်ကို မခေါ်ကြဘူး။ ဒီတော့ ကောင်းဘွိုင်ရုပ်ရှင်ချစ်ပရိသတ်က သူ့ကိုချစ်စနိုးခေါ်ကြတာ Man with No Name တဲ့။ နာမည်မရှိတဲ့လူသားကြီး၊ လူကြမ်းကြီး၊ ခြေသလုံးအိမ်တိုင်၊ လေနှင်ရာလွင့်၊ ရောက်တဲ့အရပ်မှာ ဘဝကို ကုလားဖန်ထိုး၊ မတရားတာတွေ့ရင် ဓားခုတ်ရာ လက်ဝင်လျှိုတတ်သေး။အမေရိကန်မြောက်ပိုင်းသား ယန်းကီး၊ မြင်းနဲ့ မြည်း စပ်ပြီးကျလာတဲ့ mule တစ်ကောင်နဲ့၊ ပွိုင့် 45 ပစ္စတို (ခြောက်လုံးပူး) တစ်လက်နဲ့၊ ဘယ်အချိန်မဆို ဘိုင်ကျ အိတ်ကပ်ခါလီသမား။ ခါးကြားကဗျောက်ကိုထုတ် တစ်စက္ကန့်အတွင်းမှာ 6 rounds (ကျည်ခြောက်တောင့်) လုံးကို ...
movie

A Fistful of Dollars (1964)

1964
The King’s Daughter(2022)
The King’s Daughter(2022) The King's Daughter(2022) အညွှန်း*******************************ဂျိန်းစဘွန်းမင်းသားကြီ: Pierce Brosnan နဲ့  အချောအလှလေး Bingbing FanKaya Scodelario တို့ပါဝင်ထားတာနဲ့ ဒီကားက ကြည့်ဖို့တန်နေပါပြီ...1997 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Moon and The Sun ဝတ္ထုကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ Adventure/Fantasy ဇာတ်ကားဖြစ်ပါတယ်Mermaid ခေါ် ရေသူမ ဆိုတဲ့ဒဏ္ဍာရီလာ ရေနေသတ္တဝါတွေအကြောင်းပုံပြင် ဇာတ်လမ်းတွေ အများကြီးကြည့်ရှူဖူးကြမယ်လို့ထင်ပါတယ်..ဒီကားလေးကလည်း အဲဒီလိုကားတွေထဲက တစ်ခုဖြစ်တာမို့ စိတ်ဝင်စားရင်တကယ် လက်မလွှတ်သင့်ပါဘူး ဝတ္တုကိုက ဆုရထားတာမို့လို့ပါ...အချိန်ကာလအားဖြင့် ၁၈ ရာစုဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ လူးဝစ် ၁၄ ဆိုတဲ့ရှင်ဘုရင်တစ်ပါးစိုးစံလျက်ရှိပါတယ် ပြင်သစ်ဟာ မကြာသေးခင်ကမှ စစ်နိုင်ထားကာ ပြန်လည်ထူထောင်စ ဖရိုဖရဲ အခြေအနေပါ ရန်သူတွေကလည်း ပတ်လည်ဝိုင်းနေတာပေါ့...တစ်နေ့မှာတော့ တော်ဝင်သမားတော်က ထာဝရရှင်သန်နိုင်စေမယ့်နည်းလမ်းကိုရှာတွေ့ထားတယ်လို့ လျှောက်တင်လာပါတယ် အဲဒါကတော့ နေကြတ်ချိန်မှာ ဒဏ္ဍာရီလာ ရေသူမရဲ့ နှလုံးကို ရှင်ဘုရင်ထံ လွှဲပြောင်းဖို့ပါပဲ မသေချင်တဲ့ ရှင်ဘုရင်ဟာလည်း ...
movie

The King’s Daughter(2022)

Rusty Blade (2022) 6.5
Rusty Blade (2022) ဓါးနဲ့အသက်မွေးလမ်းကြောင်းလုပ်ဖို့ ရွေးချယ်ပြီးရင် အဲ့ဒီဓါးကိုလုံးဝလွှတ်ချလို့မရတော့ဘူး” တဲ့သူ့ဆရာကပြောဖူးတယ်။ သူစဉ်းစားမိတယ် ဓါးကိုလွှတ်ချလို့မရတာမဟုတ်ပါဘူး.. လွှတ်ချခွင့်မရှိတော့တာပါ။စားဝတ်နေရေးကြပ်တည်းတဲ့နေ့ရက်တွေကို ဓါးသမားမပြောနဲ့ သာမာန်လူလည်းမခံနိုင်ပါဘူး။နေမကောင်းဖြစ်နေတဲ့ဇနီးနဲ့ လူမမည်သမီးတစ်ယောက်ရှိနေတဲ့အိမ်ဆို ပိုဆိုးတာပေါ့။အမျိုးသမီးကတော့ ပြောရှာပါတယ်။ ခက်ခဲတဲ့နေ့ရက်တွေကို ရင်ဆိုင်နိုင်ပေမယ့်ကျွန်မတို့နဲ့မသက်ဆိုင်တဲ့ပိုက်ဆံတွေကိုတော့ မယူလာပါနဲ့တဲ့။ဆယ်နှစ်တာအချိန်တွေကို နယ်စပ်မှာကုန်လွန်ရင်း ဓါးကိုလည်းမြေမြှုပ်လိုက်ပါပြီ။သူငယ်ချင်းတွေလည်း အရာရှိဖြစ်သွားပြီ။ ဒါပေမဲ့ လွှတ်ချထားလိုက်မိတဲ့ဓါးရဲ့အတိတ်ကပစ္စုပ္ပန်အထိလိုက်နှောင့်ယှက်လာတော့..... ကျွန်တော်ပြောသားပဲ “ဓါးကိုလွှတ်ချခွင့်မရှိတာပါလို့”....ဓါးသမားတစ်ယောက်ရဲ့ ခံစားချက်၊ သစ္စာတရားနဲ့မေတ္တာတရားတို့ကို အဓိကထားရိုက်ကူးထားတဲ့ကားလေးဖြစ်တာမို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးဗျာ...  File size…900MB  / 498MB Quality…1080p / 720p Format…mp4 Duration….86mins Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by JoJoVa
movie

Rusty Blade (2022)

2022
The Karate Kid (1984) 7.3
The Karate Kid (1984)   '' တပည့်ဆိုးဆိုတာ မရှိဘူး၊ ဆရာဆိုးပဲ ရှိတယ်'' '' တိုက်ခိုက်တာကိုဘာလို့လေ့ကျင့်ရတာလဲ၊ တိုက်ခိုက်ဖို့မလိုအောင်ပေါ့''ဂျက်ကီချန်းရဲ့ Karate Kid ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ အဲဒီရုပ်ရှင်ရဲ့ မူရင်းဗားရှင်း ဂန္ဓဝင်ရုပ်ရှင်ကားကြီးကို ပြန်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်မှာ ကရာတေးဆရာကြီး မီယာဂီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Pat Morita ဟာ အကောင်းဆုံးဇာတ်ပို့ဆု အော်စကာဆန်ခါတင်ဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ fight scene တွေထက် မှတ်သားစရာ စကားတွေ သင်ခန်းစာယူစရာ အကြောင်းအရာတွေက ပိုပြီး စိတ်ဝင်စားဖို့တောင်ကောင်းပါသေးတယ်။ Action,Drama,Family ရုပ်ရှင်တွေထဲမှာတော့ ကြည့်ကိုကြည့်သင့်တဲ့ ကားပါပဲ။ File size…(2.2 GB)/(1.1 GB)/(500 Mb) Quality….Bluray rip 1080p / 720p / 480p Format…mp4 Duration….02:06:00 Genre...Drama, Action, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield 
movie

The Karate Kid (1984)

Ram Asur (2021) 9.1
Ram Asur (2021) အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ Ram ဆိုတဲ့ လူငယ်လေးလူလုပ် စိန်ကို ကြိုးစားဖန်တီးနေတဲ့ကောင်လေးတစ်ယောက်ဘယ်လောက်ကြိုးစားကြိုးစားရှုံးနိမ့်မှုတွေနဲ့ကြုံနေရတဲ့သူ ရည်မှန်းချက်တွေအောင်မြင်ဖို့Suri ဆိုတဲ့ သူတစ်ယောက်နဲ့ တွေ့ဖို့အကြောင်းဖန်လာတဲ့အခါRam ရဲ့စိတ်ကူးအိပ်မက်တွေအမှန်တကယ်ဖြစ်လာမလား Suri ကရောRam အတွက်ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်လာပါ့မလားခေတ်နှစ်ခေတ်ကိုယှဉ်တွဲရိုက်ပြတင်ဆက်ထားတဲ့ဇာတ်လမ်းဖြစ်တဲ့အပြင် ဇာတ်ကြောင်းတစ်ခုကတော့၁၉၈၉ အဖြစ်အပျက်လေးကိုရိုက်ကူးထားပြီးနောက်ဇာတ်ကြောင်းလေးကတော့လက်ရှိ ၂၀၂၀ အဖြစ်အပျက်လေးတွေကိုရိုက်ကူးပုံဖော်ထားတာပါဒီမတူညီတဲ့ ခေတ်နှစ်ခု ဇာတ်ကြောင်းနှစ်ခု ရည်မှန်းချက်တူပေမယ့်ခံယူချက်ချင်းမတူတဲ့လူနှစ်ယောက် ကြားက ဆက်နွယ်ချက်လေးကဘာဖြစ်မလဲ ဒီဇာတ်လမ်းရဲ့နောက်ကွယ်က အဓိကဇာတ်ကြောင်းလေးကဘာဖြစ်မလဲဆိုတာသိပ္ပံစမ်းသပ်ချက်တွေအက်ရှင်အကြမ်းစားလေး တွေ နဲ့ စောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားအဖြစ် တင်ဆက်ပေးလိုက်ပါတယ်...  File size…2.3Gb / 1.06Gb Quality…1080p True WEB DL AAC 5.1CH Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Poe & Haruko
movie

Ram Asur (2021)

2021
Firestorm (2013) 6.2
Firestorm (2013) Firestorm (2013)Firestorm ဟာ ကိုးဆယ်ခုနှစ်ဟောင်ကောင် ရဲအက်ရှင်ကားတွေဟန်မျိုးရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး အက်ရှင်ပရိသတ်တွေ စိတ်မပျက်ရအောင် အက်ရှင်ခန်းတွေ ဆက်တိုက်သလို ထည့်သွင်းထားတဲ့ကားပါ။ Infernal Affairs လို ရဲတွေနဲ့ ဒုစရိုက်သမားတွေကြားက လောဘတွေ အတ္တတွေကို နှစ်ဖက်လုံးပုံဖော်ထားတဲ့ကားလို့လည်း ဝေဖန်ရေးသမားတွေက ဆိုပါတယ်။"ပြည်သူ့တာဝန်ကို ကြည်ညို ဥပဒေကို လက်ကိုင်ထားပါ" တဲ့။ ဒါပြည်သူ့ရဲတစ်ယောက်ဖြစ်တဲ့ အထူးတပ်ဖွဲ့ အရာရှိ လူမင်းချင်ရဲ့ လက်ကိုင်စကားပါ။"ရဲလောကမှာ အရက်သမားတွေ လောင်းကစားသမားတွေ ပုံနေသလို မုဆိုးမဖြစ်သွားတဲ့ မိန်းမတွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့ ငါတို့ ဒီအလုပ်ကို ဘာလို့ဆက်လုပ်နေလဲဆိုတော့ အပြစ်မဲ့တဲ့ ပြည်သူတွေ မသေစေချင်လို့ပဲ"တဲ့။ဒီလိုမျိုး တာဝန်သိတဲ့ စုံထောက်လူမင်းချင်နဲ့ ငွေအားလူအား တောင့်တင်းတဲ့ လူဆိုးဂိုဏ်းတစ်ခုနဲ့ ရင်ဆိုင်အားပြိုင်ရတဲ့အချိန်မှာ ဘယ်သူတွေက မြေစာပင်ဖြစ်ကျန်ခဲ့မလဲ ဘယ်သူတွေကို ပေးဆပ်ပြီး အဲ့ဂိုဏ်းကြီးကိုဖြိုခွင်းရမှာလဲ စသည်ဖြင့် အပစ်အခတ် ဒရာမာစုံလင်စွာနဲ့ ကြည့်ရှုရမဲ့ ပရိသတ်တွေနဲ့ မစိမ်းတဲ့ ...
movie

Firestorm (2013)

2013
Raja Vikramarka (2022) 8.8
Raja Vikramarka (2022)  မကြာသေးခင်ကမှထွက်ရှိထားတဲ့ အိန္ဒိယစပိုင်အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အက်ရှင်ခန်းတွေအပြင် ဟာသ၊ ဒရာမာ စုံလင်စွာပါဝင်တဲ့ ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်းဇာတ်အိမ်လည်းခိုင်မာတဲ့အပြင် သရုပ်ဆောင်တွေကလည်းအပြစ်ပြောစရာမရှိသလောက်ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ NIA အေးဂျင့်အဖွဲ့ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကရန်ငြှိုးရှိခဲ့ဖူးတဲ့ ဂုရုနာရာရနာဆိုတဲ့လူဆိုးဂိုဏ်းနဲ့ ပတ်သတ်နေတဲ့ နိုင်ငံခြားသားလက်နက်ရောင်းဝယ်ဖောက်ကားသူကိုဖမ်းဆီးရမိခဲ့ပါတယ်။ ဒါပေမဲ့ မမျှော်လင့်စွာပဲ ဗစ်ခရမ်မှ အဲဒီနိုင်ငံခြားသားကို မတော်တဆပစ်သတ်မိတဲ့အခါ ရာထူးဆိုင်းငံ့ခံရပြီး ဘာတွေဆက်ဖြစ်လာမလဲ.... မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေပါဝင်တာကြောင့် စပိုင်အက်ရှင်ကားတွေကိုနှစ်သက်တတ်မယ်ဆိုရင် လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်း တစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။  File size…(2.06 GB) /(587 MB) Quality….WEBDL 1080p /720p Format…mp4 Duration….02:18:00 Subtitle….Myanmar Subtitle (Hardsub) Encoder…. Thit San Khant Translated by Shwe Pwint , Haruko , Yunni , Honeyey
movie

Raja Vikramarka (2022)

2022