Channel Myanmar

Action

Detective Dee: The Sly Red Eye (2021)Di Renjie Red Eyes
Detective Dee: The Sly Red Eye (2021)Di Renjie Red Eyes ဒါကတော့ CM ကနေ ငါးကားမြောက်အဖြစ် တင်ဆက်ပေးမယ့် Young Detective Dee ဇာတ်ကားပါပဲ။ အရင်ကားများကို ကြည့်ဖူးသူများကတော့ နှလုံးပီတိ ဂွမ်းဆီထိပြီး ကြည့်ရမယ့် ဇာတ်ကားပေါ့။ Dee ရဲ့ ဟန် အရရော စုံထောက်ဇာတ်လမ်း ဟန် အရရော ဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ ဟာခနဲ ဟင်ခနဲ ဖြစ်စေရမယ့် ဇာတ်ကားတွေပေါ့။မကြည့်ဖူးသေးတဲ့ သူများအတွက်တော့ CM မှာ အရင်တင်ထားတဲ့ ဇာတ်ကားတွေကို ထွက်ရှိရာခုနှစ်ကို အလိုက် ကြည့်ရှုသင့်ပါတယ်။ဒီနေရာမှာ တစ်ခုပြောစရာရှိတာကတော့ မင်းသားတွေပါပဲ။ အဓိကဇာတ်ဆောင်မင်းသား နှစ်ယောက် ရိုက်ကူးထားပါတယ်။ Mark Chao နဲ့ Andy Lau တို့ပါ။ တကယ်တမ်း Dee ဇာတ်ကောင်နဲ့ ကျွန်တော်တို့ကို မိတ်ဆက်ပေးသွားတဲ့ မင်းသားကြီး Andy Lau ကတော့ ကျွန်တော့်ရဲ့ အကြိုက်ဆုံးပါပဲ။ Mark Chao ...
movie

Detective Dee: The Sly Red Eye (2021)Di Renjie Red Eyes

4K HEVC Web-DL
Singh Is Bliing (2015) 5.0
Singh Is Bliing (2015) ကိုရီးယားရုပ်ရှင် My Wife is a Gangster 3 ကို Bollywood Version နဲ့ ပြန်လည် ပုံဖော်ထားတဲ့ Singh is Bliing အက်ရှင် Comedy ရုပ်ရှင်လေးပါCast တွေအဖြစ် Akshay Kumar နဲ့ Amy Jackson တို့က ခေါင်းဆောင်နေရာက ပါဝင်ထားပါတယ်ဒီကားထဲမှာတော့ မင်းသမီး Amy Jackson ရဲ့ အကအလှတွေ ဘီကိနီအလှတွေနဲ့အတူ ကြမ်းကြမ်းရမ်းရမ်းအက်ရှင်တွေကိုလည်း ရှုစားရဦးမှာပါဇာတ်လမ်းအကျဥ်းကတော့ဒီလိုပါဆင်း ဟာ အမြဲတမ်းပျော်ပျော်နေတတ်ပြီး တာဝန်ဝတ္တရားတွေကို ပြီးမြောက်အောင်မလုပ်တဲ့ ခပ်ပျက်ပျက် လူတစ်ယောက်ပေါ့ တစ်နေ့မှာတော့ သူ့အဖေရဲ့ ဂိုအာက သူ့သူငယ်ချင်းဆီမှာ အလုပ်လုပ်ရင်လုပ် မလုပ်ရင် မင်္ဂလာဆောင်ရမယ်ဆိုပြီး အတင်းအကြပ်ရွေးချယ်ခိုင်းမှုကြောင့် ဆင်းတစ်ယောက် ဂိုအာကို ထွက်ခဲ့ဖို့ဖြစ်လာပါတယ် အဲ့မှာ ဆာရာနဲ့ဆုံဖို့ အကြောင်းပါလာပါတော့တယ်ဆာရာကတော့ ရို​မေးနီးယားနိုင်ငံက လက်နက်စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးရဲ့ သမီးဖြစ်ပြီး သူမအမေကိုရှာဖို့တစ်ကြောင်း ပြိုင်ဖက်စီးပွားရေး ...
movie

Singh Is Bliing (2015)

HEVC 1080p
American Sicario (2021)
American Sicario (2021) ကြမ်းမယ့်ရမ်းမယ့် မူးယစ်ဆေးကုန်သည်ဂိုဏ်းစတားတစ်ယောက်အကြောင်းပါဝင်တဲ့ American-Sicario 2021ဒီမူးယစ်ဆေးကုန်သည်လောကမှာ သစ္စာတရားက အရေးအကြီးဆုံးဆိုပေမဲ့ သစ္စာတရားကြောင့်ပဲ မိသားစုတွင်း ပြဿနာတွေဖြစ်ရတဲ့အခါ ဘယ်လိုမျိုး ဖြေရှင်းကြမလဲဆိုတာ ကြမ်းကြမ်းရမ်းရမ်း ကြည့်ရမယ်ဗျာ..။ဇာတ်လမ်းဇာတ်အိမ် Storyline ကတော့ သာမန် ဇာတ်ကောင်ကိုပဲ အသားပေးထားတဲ့ ပြည့်စုံမှုတွေနဲ့ လွန်ကဲနေတဲ့ အဓိကဇာတ်ကောင်မျိုးနဲ့တော့ မတူဘူးဗျ..။ကြမ်းမယ်ရမ်းမယ် အမှားတွေလည်း လုပ်မိတဲ့ လူကြမ်းကြီးပေါ့ဗျာ..။(ကြမ်းကြမ်းတမ်းတမ်းဆဲဆိုတဲ့စကားလုံးတွေနဲ့ 18+ ဆန်တဲ့ တစ်ခန်း နှစ်ခန်းပါလို့ မိသားစုနဲ့အတူတော့ မကြည့်သင့်ပါ..။)လုပ်ငန်းချဲ့ထွင်ချင်တဲ့ လောဘ..။ လူပေါင်းမှားမိတဲ့ အမှားတစ်ခုနဲ့..။မလုပ်ချင်ပေမဲ့လည်း လုပ်မှဖြစ်မယ့် ရက်စက်တဲ့လုပ်ရပ်တစ်ခုကို လုပ်ခဲ့ရတာကြောင့် ဖြစ်လာရတဲ့ အမုန်းတရားတွေကို ကျေကျေနပ်နပ်ကြီး ပြန်ပေးဆပ်ရဲတဲ့ ဂိုဏ်းသမား ဆေးကုန်သည် ဖက်တီးတစ်ယောက်အကြောင်းကို မြင်တွေ့ရမှာဖြစ်ပြီးတော့..။မက္ကဆီကိုဒေသရဲ့ နောက်ခံရှုခင်းတွေ..။ ဆွဲဆောင်မှုပြင်းပြင်းနဲ့ အလန်းစား အညိုစင် မိန်းကလေးတွေ..။ဗီိလိန်ရဲ့ နောက်ကွယ်ဘဝဇာတ်ကြောင်း စုံစုံလင်လင်နဲ့..။မိသားစုအတွက်လို့ တဖွဖွပြောနေခဲ့တဲ့သူတွေ ​ကိုယ်ခက်ခဲချိန်မှာ ဘယ်ရောက်ကုန်ကြသလဲ..။သွေးမတော်ပေမဲ့လည်း နောက်ဆုံးအချိန်ထိ ကျန်နေတဲ့လူက ဘယ်နှယောက်များ ရှိနိုင်ဦးမလဲဆိုတာ ဖန်သားပြင်ထက်မှာ ကြည့်ရှုခံစားနိုင်ဖို့ CM ...
movie

American Sicario (2021)

Hard Boiled (1992) 7.8
Hard Boiled (1992) Hard Boiled (1992)IMDb - 7.8, Rotten Tomatoes - 94%John Woo ရဲ့ ပစ္စတိုအော်ပရာတစ်ပုဒ်ကို ကြည့်ချင်တယ်ဆိုပါစို့။ Hard Boiled ဟာ ခင်ဗျားချန်ထားခဲ့လို့မရတဲ့ကားပဲ။ ဂျွန်ဝူးရဲ့ အကောင်းဆုံးတွေအကြောင်းပြောရင် Hard Boiled ကို ကျုပ်တို့တွေ ဖယ်ထားလို့မရဘူး။ ဒီရုပ်ရှင်အပြီးမှာ သူဟာ ခင်ဗျားတို့ ကြိုက်လှပါရဲ့ပြောကြတဲ့ Windtalkers တို့ Face / Off တို့ကို ဟောလိဝုဒ်ထွက်ရိုက်နိုင်တဲ့အထိ ခြေဆန့်နိုင်ခဲ့တယ်။ Mission:Impossible 2 ကိုလည်း သူပဲရိုက်ခဲ့တာပဲ။ဂျွန်ဝူးရဲ့ လက်စွဲတော်ချောင်ယွန်ဖတ်နဲ့အတူ ရှမ်းကြီးအဖေ တိုနီလျောင်ချူဝေကိုလည်း ဒီကားထဲမှာ ခင်ဗျားတို့တွေ့ရလိမ့်မယ်။ ဝါတော့နည်းနည်းနုသေးတာပေါ့။ ချောင်ယွန်ဖတ်ကြီးကတော့ သူ့စတိုင်အတိုင်း သွားကြားထိုးတံကြီးတခဲခဲနဲ့ သေနတ်တွေပစ်ပြနေတာပါပဲ။ ရှားရှားပါးပါးချောင်ယွန်ဖတ် ရဲနေရာက သရုပ်ဆောင်တဲ့ကားဆိုလည်း မမှားဘူး။ Hard Boiled ကိုတော့ ကျွန်တော့်အနေနဲ့ပြောရရင် မာတင်စကောဆေးစိကြီး ကူးချလိုက်ရတဲ့ ...
movie

Hard Boiled (1992)

1992
The Pacifier (2005) 5.6
The Pacifier (2005) The Pacifier (2005)ဒီဇာတ်လမ်းကတော့ မိသားစုကြည့် ပျော်စရာလေးပါ။ နာမည်ကိုက "ချိုလိမ်" ဆိုတော့ စဉ်းစားသာကြည့်‌ပေါ့ဗျာ။ မင်းသားကြီး Vin Diesel ကို အကြမ်းပတမ်း တိုက်ခိုက်ရေးမင်းသားကြီးကနေ ကလေးထိန်းအဖြစ် အသွင်ပြောင်းပစ်လိုက်တဲ့ ဇာတ်ကားဆိုပါတော့။ သူ့ကို Riddick ဇာတ်ကောင်ရယ် The Last Witch Hunter ရယ်မှာ တိုက်ခိုက်ရည်ပြည့်ဝပြီး ရုန်းကန်နိုင်တဲ့ ယောက်ျားကောင်းဇာတ်ရုပ်နဲ့ ကြည့်ဖြစ်လာခဲ့တော့ အခုဇာတ်ကားက သူနဲ့စာရင် ပေါတောတော ဆန်သွားသလိုပါပဲ။ ဒါပေမဲ့ ပျော်ဖို့ကောင်းပါသေးတယ်။ Jackie Chan ရဲ့ The Spy Next Door ထက်တောင် ကြိုက်မိပါသေးတယ်။ဇာတ်လမ်းကတော့ Navy Seals တပ်ဖွဲ့ ဗိုလ်တစ်ဦးဖြစ်တဲ့ Shane က နျူလက်နက်တွေ မီးပန်းဖောက်သလို ပစ်မရအောင် နှောင့်ယှက်နိုင်တဲ့ ကိရိယာကို တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ်ကို သွားရောက်ကယ်တင်ရာက အစပြုပါတယ်။ ...
movie

The Pacifier (2005)

2005
Deadlock (2021) 4.2
Deadlock (2021) Deadlock (2021)=============ဒီဇာတ်ကားကတော့ နာမည်ကျော် မင်းသားကြီး Bruce Wills ကို ဗီလိန်နေရာကနေ မြင်တွေ့ရမဲ့ Deadlock လို့အမည်ရတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ရွန် ဝစ်လော့ခ် ဦးဆောင်တဲ့ အကြမ်းဖက်လူတစ်စုက တစ်နေ့မှာ ဖစ်ချ်ရှ်မြို့မှာ တည်ရှိတဲ့ ရေအားလျှပ်စစ်စက်ရုံကိုဝင်စီးခဲ့ပါတယ်။ ရွန်တို့အုပ်စုဟာ စက်ရုံကို ဝင်စီးခဲ့တဲ့အပြင် စက်ရုံမှာရှိတဲ့ ဝန်ထမ်းတွေကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြတာပါ။ အဲ့ဒီအပြင် အစိုးရဘက်က သူတို့ရဲ့ တောင်းဆိုချက်တွေကို ငြင်းပယ်ခဲ့မယ်ဆိုရင် ရေလှောင်တမံကြီးကိုဖျက်ဆီးပြီး ရေကြီးရေလျှံဖြစ်အောင် လုပ်မယ်လို့ ကြေညာ ခြိမ်းခြောက်ခဲ့ပါသေးတယ်။တစ်ဖက်မှာတော့ မက်ခ်ကားဟာ စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်ပြီး ဘဝကြီးကို ပေါ့ပေါ့နေ ပေါ့ပေါ့စားဘဝနဲ့ပဲဖြတ်သန်းခဲ့တာကြောင့် ကောင်မလေးဆီကနေ ထားသွားခံခဲ့ရသူလည်း ဖြစ်ပါတယ်။ စစ်မှုထမ်းဟောင်းဖြစ်တဲ့ မက်ခ်တစ်ယောက် အလုပ်လုပ်နေတဲ့ ဖစ်ချ်ရှ်ရေအားလျှပ်စစ်စက်ရုံမှာ အကြမ်းဖက်ဝင်ရောက်စီးနင်းမှု ဖြစ်လာတဲ့အခါ.....ရွန်တို့အကြမ်းဖက်အဖွဲ့ကို ဘယ်လိုရင်ဆိုင်နှိမ်နင်းမလဲ... သူနဲ့အတူ ဖမ်းခံထားရတဲ့ ဓားစာခံတွေကို ကယ်တင်နိုင်မှာလား....ရွန်ကရော အခုလို အကြမ်းဖက်မှုကို ဘာကြောင့် လုပ်ဆောင်ခဲ့ရတာလဲ....ဆိုတာ ...
movie

Deadlock (2021)

2021
Lorelei: The Witch of the Pacific Ocean (2005) 5.3
Lorelei: The Witch of the Pacific Ocean (2005) Lorelei: The Witch of the Pacific Ocean (2005)ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေရဲ့ ရေတပ်ဟာ အတော်ကို အင်အားကြီးမားခဲ့ပါတယ်။ ပိုပြီးအထင်ကြီးဖို့ကောင်းတာက ဂျပန်တွေရဲ့ ရေငုပ်သင်္ဘောနည်းပညာနဲ့ အတွေးအခေါ်တွေပါပဲ။ ဘယ်သူက စဉ်းစားမိမှာလဲ ? ရေငုပ်သင်္ဘောတွေထဲမှာ လေယာဉ်တွေထည့်ပြီး လေကြောင်းကနေ တိုက်ခိုက်လာနိုင်မယ်လို့ပေါ့။ ဒီနေ့ခေတ်မှာတောင် ပြန်ပြီး မဖန်တီးနိုင်သေးတဲ့ I-400 အမျိုးအစား ရေငုပ်သင်္ဘောတွေကို ဂျပန်တွေဟာ အမှန်တကယ် ဖန်တီးနိုင်ခဲ့သလို အမေရိကန်ကမ်းခြေတွေအထိပါ ဗုံးကြဲတိုက်ခိုက်ပြခဲ့ပါတယ်။ ဒါပေမဲ့ အခုပြောပြနေတာတွေက ဇာတ်ကားနဲ့တော့ မသက်ဆိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်ကားထဲမှာပါတဲ့ ရေငုပ်သင်္ဘောက ဒီထက်ပိုပြီး နည်းပညာမြင့်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေငုပ်သင်္ဘောမျိုးပါ။ဒီရေငုပ်သင်္ဘောကို ဂျပန်တွေက I-500 အမျိုးအစားလို့ နာမည်ပေးထားတယ်။ ဇာတ်လမ်းထဲမှာ ပါလာမယ့် ရေငုပ်သင်္ဘောက ကိုယ်ထည်အမှတ် I-507 ပါ။ I-400 တွေဟာ ဂျပန်တွေ စစ်ရှုံးချိန်ကျမှ တပ်တော်ဝင်နိုင်ခဲ့ပြီး ...
movie

Lorelei: The Witch of the Pacific Ocean (2005)

2005
Castle Falls (2021) 6
Castle Falls (2021) Rotten Tomatoes 83%Action ဇာတ်ကိုမှ ဇာတ်လမ်းဇာတ်အိမ်ကောင်း​​ကောင်းနဲ့ ကြည့်ရှုလိုသူများအတွက်မကြာ​သေးခင်ကမှ ထွက်ရှိခဲ့တဲ့ Castle Falls ရုပ်ရှင်ကို တင်ဆက်​ပေးလိုက်ပါတယ်။လန်ဒိုဟာ မူးယစ်ရာဇာ ဒန်မီရယ်ဂလက်စ်ရဲ့ ဒေါ်လာ သုံးမီလီယံကို ခိုးယူပြီး Castle Heights ဆိုတဲ့ ဆေးရုံပျက်ကြီးထဲမှာ သွားဝှက်ထားခဲ့ပါတယ်။ဖြစ်ချင်​တော့ သူတို့နှစ်​ယောက်ဟာ ထောင်ထဲမှာ ပြန်ဆုံကြပြီး လန်ဒိုဟာလည်း အသတ်ခံရဖို့ နီးစပ်​နေခဲ့ပါတယ်။ခိုးတုန်းကခိုးပြီး အခုမှ အလွန်​ကြောက်ရွံ့​​နေတဲ့ လန်ဒိုဟာ ထောင်​စောင့်မှုးဖြစ်တဲ့ အဲရစ်ဆန်နဲ့အ​ပေးအယူလုပ်ပြီး ထောင်​နေရာပြောင်း​ပေးဖို့ တောင်းဆိုခဲ့ပါတယ်။အဲရစ်ဆန်ဟာလည်း ကင်ဆာရောဂါခံစား​နေရတဲ့ သမီးဖြစ်သူအတွက် ခွဲစိတ်​ကြေး မတတ်နိုင်တဲ့အတွက်အ​ပေးအယူကို လက်ခံခဲ့ပြီး ဆေးရုံပျက်ကြီးထဲက ငွေကို သွားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါကို သိသွားတဲ့ မူးယစ်ရာဇာဒန်မီရယ်ဟာ သူ့လူ​တွေကို ဆေးရုံပျက်ကြီးဆီ စေလွှတ်လိုက်ပါတယ်။တစ်ဖက်မှာလည်း မိုက်ဝိတ်ဒ် ဆိုတဲ့ ဘ၀ပျက် MMA Fighter ဟောင်းကြီးဟာ လက်​ဝှေ့သမားအဖြစ်မှ အနားယူကာဆေးရုံပျက်ကြီးကို ဖြိုချပစ်မဲ့အလုပ်သမားအဖွဲ့ထဲ ၀င်​ရောက်လုပ်ကိုင်ရင်း လန်ဒိုဝှက်ထားခဲ့တဲ့ ငွေထုပ်ကြီးကို မ​တော်တဆ ...
movie

Castle Falls (2021)

The Eagle Shooting Heroes (1993) 7.1
The Eagle Shooting Heroes (1993) Eagle Shooting Heroes (1993)IMDb Rating - 7.1“ သိမ်းငှက်သူရဲကောင်းများ ”Eagle Shooting Heroes ဆိုတဲ့နာမည်က မြန်မာသိုင်းရုပ်ရှင် ပရိတ်သတ်တွေအတော်များများ ရင်းနှီးပြီးသား နာမည်ပါပဲ။ သိုင်းလောကစိန်ခေါ်သံ၊ တိမ်လွှာနဂါးသူရဲကောင်းများ၊ မက်မွန်မြေက ချစ်တေးတစ်ပုဒ်၊သိမ်းငှက်သူရဲကောင်း၊ နဂါးနိုင်ဓား စတဲ့ ကျင်းယုံရဲ့သိုင်းယူနီဗာ့စ်ကြီးကို လူအတော်များများ သဘောကျကြပါတယ်။ သူရဲ့တခြားသိုင်း၀တ္တုတွေကို ရိုက်ကြတဲ့ဟာတွေကလည်း ကျွန်တော်တို့နဲ့ မစိမ်းပါဘူး။ သွေးသစ္စာဓား၊ နှင်းတောင်သူရဲကောင်း၊ ပြန်လမ်းမဲ့ကျွန်းတို့ပေါ့။ 2000 ခုနှစ်၀န်းကျင်မှာ ကိုးနာရီမြ၀တီကားတွေ သိုင်းခွေတွေနဲ့ ကြီးလာတဲ့သူတွေကတော့ သိမ်းငှက်သူရဲကောင်း (ပထမတွဲ) ဝါ မက်မွန်မြေက ချစ်တေးတစ်ပုဒ်ထဲက သိုင်းလောကထွဋ်ခေါင်‌လေးယောက်နဲ့ ၀မ်ချုံရဲတို့ကို ကောင်းကောင်းရင်းနှီးပြီးသားဖြစ်လောက်မှာပါ။ အခုထိလည်း အခါခါ Reboot ခံနေရတဲ့ ဇာတ်လမ်းပါပဲ။အနောက်ပိုင်းအဆိပ်ဘုရင် အိုးရန်ဖုံး၊ အရှေ့ပိုင်းတိတ္ထိ မက်မွန်ကျွန်းသခင်ဟွမ်၊ မြောက်ပိုင်းသူဖုန်းစားဂိုဏ်းချုပ် ဟုန်ချီကုန်း၊ တောင်ပိုင်းဧကရာဇ် တွမ့်၀မ်ရယ်၊ အလယ်ပိုင်းသူတောင်စင် ၀မ်ချုံရဲစတဲ့ ကောကျင့် ...
movie

The Eagle Shooting Heroes (1993)

1993
The kiddie Tomb ( 2021 ) 6
The kiddie Tomb ( 2021 ) ပြည်တွင်းစစ်ကြောင့်နိုင်ငံရေးရှုပ်ထွေးပြီးမငြိမ်သက်ဖြစ်နေတဲ့ခေတ်ကြီးမှာစစ်မက်ကြောင့်ပြည်သူတွေဟာရှင်သန်ဖို့အလွန်ခက်ခဲလာတယ်။ရှဲ့လင်ဂိုဏ်းဟာ အတိတ်ကိုထားခဲ့ပြီး စာမျက်နှာအသစ်ဖွင့်ခဲ့ပေမယ့် ခေတ်ပျက်ကြီးကြောင့်ပြည်သူတွေကိုစားနိပ်ရိက္ခာကူညီဖို့ရာ သင်္ချိုင်းဖောက်ထွင်းတဲ့အလုပ်ကိုပြန်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ရှဲ့လင်ဂိုဏ်းခေါင်းဆောင် ကျန်းဟွေးရွေ့ဟာ ရှဲ့လင်ဂိုဏ်းသားတွေကိုဦးဆောင်ပြီးသင်္ချိုင်းတစ်ခုကိုဖောက်ခဲ့ပါတယ်။ထင်မထားပဲနှစ်တစ်ထောင်သတ္တဝါကြီးနဲ့ကြုံတွေ့ရပြီးဒဏ်ရာအပြင်းအထန်ရထားတဲ့ခေါင်းဆောင်ကြီးနဲ့ ခေါင်းဆောင်ကြီးရဲ့တူကျန်းယွီနဲ့နောက်လိုက်တစ်ဦးဖြစ်တဲ့ ရှုန်းခွေတို့ပဲရှင်ရက်ရွာကိုပြန်လာနိုင်ခဲ့ပါတယ်။အဲဒီအချိန်မှာကျန်းယွီနဲ့ကလေးကတည်းကစေ့စပ်ထားတဲ့ ကုလင် ဟာအငတ်ဘေးကြောင့်သေတော့မယ့်မောင်လေးကိုကယ်ဖို့ရာ ကျန်းယွီနဲ့လက်ထပ်ဖို့ရောက်လာပါတယ်။အဲဒီအချိန်မှာ သင်္ချိုင်းဖောက်တဲ့သတင်းရသွားတဲ့ တပ်မှူးကျန်းဟာလောဘတက်ပြီး အတင်းအဓမ္မ ကျန်းယွီကိုသင်္ချိုင်းဆီလမ်းပြခိုင်းပါတော့တယ်။ဒီလိုနဲ့ကျန်းယွီ၊ ကုလင်၊ ရှုန်းခွေ၊ တပ်မှူးကျန်းနဲ့နောက်လိုက်တစ်သိုက်ဟာအဲဒီသင်္ချိုင်းကိုအတူပြန်ပြီး စွန့်စားခန်းစတင်ကြပါတယ်။သင်္ချိုင်းဖောက်ပြီးရတနာသိုက်တူးတဲ့Adventure ဇာတ်ကားဆိုပေမယ့် Thriller ဆန်ဆန်ရိုက်ထားတာကြောင့်ကျောချမ်းချမ်းနဲ့ ပိုစိတ်ဝင်စားစရာကောင်းပါတယ်။ချမ်းအေးတဲ့ဆောင်းညနဲ့လိုက်ဖက်တဲ့ကားကောင်းလေးတစ်ကားမို့ ကြည့်ဖို့တိုက်တွန်းပါတယ်နော်။ Quality : WEB-DL 1080pFormat : mp4During : 1h 12 minGenres : Action , AdventureSubtitle : Myanmar Subtitle ( hardsub )Translated By Nu MonEncoded  By LK
movie

The kiddie Tomb ( 2021 )

Thief Female Hero ( 2021 ) 5.9
Thief Female Hero ( 2021 ) သိုင်းကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လိုက်ဖြစ်တဲ့ ရိကျီမေဆိုတဲ့ လူချမ်းသာတွေဆီကခိုးယူပြီးဆင်းရဲသူတွေကိုပြန်မျှဝေပေးတဲ့ဇာတ်ကောင်ကို တစ်ချို့လူတွေရင်းနီးပြီးသားဖြစ်ကြမယ်ထင်ပါတယ်ဒီဇာတ်ကားလေးရဲ့ဇာတ်လမ်းအကျဉ်းကတော့တမင်သက္ကရာဇ်၄ခုနှစ်မှာ ယန်းဝမ်မင်းသားကျူးတိဟာစစ်သည်အင်အားနဲ့ယင့်ထျန်းကိုဝင်တိုက်ခဲ့ရာမှာဘုရင်ကျူးယွင်ကနန်းတော်ကို မီးလောင်တိုက်သွင်းခဲ့ပြီး ရွှေငွေဥစ္စာအများအပြားယူကာ ထွက်ပြေးခဲ့တယ်၊အမှုထမ်းရှန်ရှဲ့ကိုဥစ္စာတွေထိန်းသိမ်းစေခဲ့တယ်။အဲဒီရတနာပစ္စည်းတွေကြောင့်ရှန်မိသားစုလိုက်သုတ်သင်ခံရပြီး ရတနာတွေရဲ့အစကအနပျောက်ဆုံးသွားခဲ့တယ်။များပြားလှတဲ့ရတနာတွေကိုလောဘသားတွေကမျက်စိကျနေပြီးထူဖူနန်းတော်ကလျိုကုန်းကုန်း နဲ့ နန်းတော်အစောင့်တပ်တို့က ထိပ်တိုက်ရန်စောင်နေကြတယ်။လျိုကုန်းကုန်းကအစောင့်တပ်ကိုရှင်းပစ်ပြီး တမင်ရတနာသိုက်မြေပုံရဖို့အတွက် ရတနာလေလံပွဲကိုအယောင်ပြကျင်းပတဲ့အချိန်မှာနာမည်ကျော်သူခိုးရိကျီမေကဝင်ရောက်ပွဲဖျက်ပါတော့တယ်။ရိကျီမေချောင်ပိတ်မိချိန်မှာ အစောင့်တပ်ဖွဲဒုတပ်မှူးမုဖုန်းက အယောင်ဆောင်ကူညီပြီးထွက်ပြေးခဲ့ကြတယ်။နာမည်ကျော်ရတနာသိုက်ရှာဖွေကြတဲ့အပြင် လွန်ခဲ့တဲ့၁၆နှစ်ကသွေးကြွေးကိုဆပ်ဖို့ကြိုးစားတဲ့ ရိကျီမေ။နန်းတော်စောင့်တပ်ဖွဲ့ဝင် မုဖုန်း။ သူ့ရဲ့နောက်ကြောင်းကရောရိုးရှင်းပါ့မလား။အညှိုးအတေးတွေကိုလက်စားချေရင်း လျှို့ဝှက်ဆန်းကြယ်တဲ့ရတနာသိုက်မြေပုံနဲ့ရတနာသိုက်ရှာပုံတော်ဖွင့်ကြတဲ့ စိတ်ဝင်စားစရာဇာတ်ကားကောင်းလေးကို ဆက်လက်ကြည့်ရှုကြပါနော်။ Quality : WEB-DL 1080pFormat : mp4Genres : Action , AdventureDuring : 1h 30 minSubtitle : Myanmar Subtitle ( hardsub )Translated By Nu MonEncoded By LK
movie

Thief Female Hero ( 2021 )

Sooryavanshi (2021) 6.4
Sooryavanshi (2021) Sooryavanshi (2021)မြန်မာစာတန်းထိုးဒီ Sooryavanshi ကားကတော့ ပူပူနွေးနွေးထွက်ရှိလာတဲ့Akshay Kumar နဲ့ Katrina Kaif တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးSingham , Simmba ကားတွေနဲ့ ရှေ့မှာ မိတ်ဆက်ခဲ့တဲ့ ကားဆိုလည်း မမှားပါဘူး။ဟောလိဝုဒ်မှာလို ပြောရရင် Sooryavanshi ကို မိတ်ဆက်တဲ့ Solo ကားလို့ပဲ ဆိုရမယ်။မတူတာကို ပြောရရင် ဆူရိယဗန်သျှီက အကြမ်းဖက်နှိမ်နင်းရေးဘက်ကမို့ဟိုး 1993 ခုနှစ်က အိန္ဒိယနိုင်ငံတဝှမ်းမှာ ဖြစ်ပျက်ခဲ့တဲ့ အစဥ်လိုက် ဗုံးဖောက်ခွဲမှုတွေကစတင်ပြီး မျက်မှောက်ခေတ်မှာ ဘုံဘေမြို့ (ယခု မွန်ဘိုင်း) အတွင်း ဖောက်ခွဲရေးအဖျက်လုပ်ငန်းတွေလုပ်မယ့် အကြမ်းဖက်သမားတွေကို လိုက်လံတားဆီးမယ့် အက်ရှင်ဆို လေပေါ်မပျံ ၊ အိုဗာတွေ မပါတဲ့ အမိုက်စား ဇာတ်ကားဖြစ်နေတဲ့ အချက်ပါပဲ။အသတ်အပုတ်တွေထက် အပစ်အခတ်များများပါတဲ့ လူဆိုးနဲ့ရဲ့ ဥာဏ်ချင်းယှဥ်မယ့် ကြည့်ပျော်တဲ့ ကားကောင်းတကားဖြစ်ပါတယ်။ဒါ့အပြင် မင်းသမီးချော Katrina Kaif ရဲ့ အလှအပကိုပါ ...
movie

Sooryavanshi (2021)

2021
4K HEVC Web-DL
Tomb of the River (2021) 8.8
Tomb of the River (2021) Tomb of the River (2021)"လူကြမ်းမှာလည်း နူးညံ့တဲ့နှလုံးသား ရှိပါတယ် လူကြမ်းပေမဲ့ လူမိုက် မဟုတ်ဘူး လူမိုက်ဆိုရင်‌ အစွမ်းကုန်မိုက်ရမယ်..."ကိုရီးယား အက်ရှင်ကားဆို နာမည်ကြီးတဲ့ ဇာတ်လိုက်ကျော် Jang Hyuk ရဲ့ Tomb of the River ကိုတင်ဆက်ပါဦးမယ်လူကြမ်းဆိုပေမဲ့ ဆိုးသွမ်းတဲ့အလုပ်တွေ မလုပ်တဲ့ ဂီဆော့နဲ့ အဆိုးသွမ်းဆုံးအလုပ်တွေမှ ရွေးလုပ်တဲ့ မင်ဆော့....ဆန့်ကျင်ဘက်စရိုက်ရှိတဲ့နှစ်ယောက်က တူညီတဲ့လမ်းကိုရွေးရတော့မဲ့အချိန်မှာ ဘယ်လိုတွေ အပြောင်းအလဲဖြစ်သွားမလဲဆိုတာ ကြည့်ရှုပေးကြပါဦးနော်ကြမ်းတမ်းတဲ့ fighting တွေကိုမှ သဘောကျတတ်တဲ့ ပရိသတ်တွေအတွက်ကတော့ အားရစရာကောင်းမဲ့ ဇာတ်ကားတစ်ကားဖြစ်မှာ အသေအချာပါပဲအညွှန်းနဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Genre.....Action Quality….WEB-DL 1080p and 720p and 480p File size…1.8GB and 1.1GB and 500MB Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thuu Thuu Encoder ..... August
movie

Tomb of the River (2021)

Barely Lethal (2015) 5.4
Barely Lethal (2015) Barely Lethal (2015)" ဒီရုပ်ရှင်ဟာ ကလေးတွေကို လေ့ကျင့်ပေးပြီး လုပ်ကြံရေးသမားတွေအဖြစ်ခိုင်းတဲ့ အစိုးရလျှို့၀ှက်ကျောင်းက ဥက္ကဌ မာသားဖာ့ခ်ကာကြီးဟာ အတော်ဆုံးအေးဂျင့်လေးဖြစ်တဲ့ Bumblebee ထဲက စကီလေးကို ကွင်းဆင်းတာ၀န်ပေးရာက ကလေးဆိုတော့ အပြင်လောကကိုရောက်လာပြီးတဲ့နောက် သိချင်စိတ်များလာရာက သေချင်ယောင်ဆောင် ထွက်ပြေးသွားပြီး မွေးစားမိဘအိမ်တစ်အိမ်မှာနေရင်း အထက်တန်း ကျောင်းသူဘ၀ကို ဖြတ်သန်းရာက ဆယ်ကျော်သက်တွေ ကျောင်းမှာကြုံရတဲ့ ပြဿနာတွေကို ကြုံလာရတဲ့အပြင် သူဖမ်းထားခဲ့တဲ့လူဆိုးဖြစ်တဲ့ ဂျက်စီကာအယ်ဘာက လွတ်လာပြီး သူ့မွေးစားမိဘအိမ်ကိုပါ အန္တရာယ်ပေးဖို့ လုပ်လာတာကိုပါ တားဆီးဖို့လုပ်ရတာကို ဇာတ်အိမ်တည်ပြီး နာမည်ကြီးသရုပ်ဆောင်များစွာသုံးထားတဲ့ဆယ်ကျော်သက်သဘာ၀တို့ဘာတို့ကို မက်ဆေ့ပေးမယ့် Teenage Movieလေးတစ်ကားပါ"ဇာတ်လမ်းရဲ့အညွှန်းကတော့ ဒီစာတစ်ကြောင်းပါပဲ။ အောက်ကတော့ သူ့အရသာကို ထပ်ညွှန်းထားရုံပါ။ မဖတ်လည်းရပါတယ်။ကျွန်တော်တို့ငယ်ငယ်က တိတ်ခွေခေတ်ကိုတော့ မှီလိုက်သေးတယ်။ အဲဒီကာလတွေမှာ Lion King တို့၊ Tom and Jerry တို့ Terminator တို့ ခေတ်စားခဲ့တာပေါ့။ ကျွန်တော်တို့ ညီအစ်ကိုတွေတော့ ...
movie

Barely Lethal (2015)

2015
A Man Apart (2003) 6.1
A Man Apart (2003) A Man Apart (2003)2003 ခုနှစ်က Vin Diesel ရဲ့ မူးယစ်ဆေးအက်ရှင်ဒရမ်မာ ဇာတ်ကားတစ်ခုပါ။ မင်းသားကြီးရဲ့ နုပျိုလန်းဆန်းတဲ့ ရုပ်သွင်ကို မြင်တွေ့ရမှာဖြစ်ပြီး ထိုခေတ် ထိုအခါက လူမည်းဗန်းစကားတွေနဲ့ တစ်ကားလုံး မြိုင်မြိုင်ဆိုင်ဆိုင် ဆဲဆိုနေပြတာကိုလည်း တွေ့ရပါမယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်စနိုးနဲ့ ခွေးကောင် လို့ ခေါ်ကြပါတယ်။ ဒါပေမယ့် ဘာသာပြန်ပြီး ရေးကြည့်တဲ့အခါမှာ အရုပ်ဆိုးအကျည်းတန်နေလို့ ဒေါ့ဂ် လို့ပဲ သုံးနှုန်းထားပါတယ်။မက္ကဆီကို ကိုလံဘီယာ ကနေပြီး ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးတင်ပို့မှုလမ်းကြောင်းကို ကွက်ကွက်ကွင်းကွင်း တင်ဆက်ထားလို့ မူးယစ်ဆေးဈေးကွက်ရဲ့ တန်ဖိုးနဲ့ပမာဏကို တအံ့တဩဖြစ်ရမှာပါ။ 2003 ခုနှစ်က ဇာတ်လမ်းဖြစ်လို့ အဲဒီပမာဏထက် အခုလက်ရှိမှာ ဘယ်လောက်ထိပိုနေမလဲ တွေးမိရင် ကြက်သီးထဖွယ်ပါပဲ။ ကယ်လီဖိုးနီးယား သင်္ဘောဆိပ်တွေကနေ တစ်လကို မက်ထရစ်တန် ရာချီပြီး အမေရိကားနိုင်ငံထဲကို ရဲလက်ကလွတ်‌အောင် ကိုကင်းတွေ တင်သွင်းနေတာတွေကိုကြည့်ရတာ ...
movie

A Man Apart (2003)

2003
Fight Against Evil ( 2021 ) 6.2
Fight Against Evil ( 2021 ) ကြမ်း မှ ဖိုက်မှ ကြိုက်တဲ့ Action ပရိတ်သတ်တွေအတွက်အက်ရှင်ကားကောင်းလေးတကားတင်ဆက်ပေးလိုက်ပါတယ်ဒီ Fight Against Evil ဇာတ်ကားကတော့ စုန်းပေမြို့မှာဖြစ်ပွားခဲ့တဲ့မှုခင်းတစ်ခုအကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မင်းသား လီဟုမ်ချီက‌တော့ ရဲအရာရှိလေးတစ်ယောက်ပေါ့ဗျာလီဟုမ်ချီကသူခိုးဖမ်းရင်းနဲ့ ပြည်သူတစ်ယောက်နဲ့စကားများပြီးတိုင်ကြားခံလိုက်ရတာကနေတစ်ဆင့် အလုပ်ခဏနားလိုက်ရပါတယ်လီဟုမ်ချီနဲ့ သူ့ရဲ့ရည်းစားဖြစ်သူတို့က မိန်းကလေးရှင်ဘက်ကအိမ်ပြန်ပြီး မိဘတွေနဲ့တွေ့ဖို့ စုန်းပေမြို့ကိုခဏတာခရီးထွက်လိုက်ချိန်ကနေ ဒီ‌အမှုက စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ် လီဟုမ်ချီကယောက္ခထီးဖြစ်သူနဲ့အဆင်ပြေအောင် ညှိယူရင်းနဲ့ မထင်မှတ်ပဲလူတွေသတ်လိုက် ငွေတွေလိမ်လိုက်နဲ့အမြတ်ထုတ်နေတဲ့ ညီအကို ၃ယောက်နဲ့ တွေ့စုံလိုက်ရပါတယ်သုညအဆင့်ကနေ ဘဝစခဲ့တဲ့ ညီအကို ၃ယောက်ကဘယ်လိုအကြံတွေနဲ့ လောင်းကစားလောကကြီးကို ထိန်းချုပ်သွားမလဲကိုတွေရဲ့မင်းသား လီဟုမ်ချီကရော အမှုကိုဘယ်လိုလိုက်မလဲ ဒီအမှုကရော သူ့ချစ်ရသူနဲ့ယောက္ခထီးဖြစ်သူကြားမှာ‌ရောပတ်သက်မှုတွေရှိနေလို့ဘယ်လိုအမှုကိုဖြေရှင်းသွားမလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ရအောင် Quality : WEB-DL 1080p , 480pFormat : mp4Genres : Crime , Drama , ActionRelease Date : 4 October 2021During : 1h 23minSubtitle : Myanmar Subtitle ...
movie

Fight Against Evil ( 2021 )

Jumanji: The Next Level (2019) 6.8
Jumanji: The Next Level (2019) အကုန်လုံးစောင့်နေတဲ့ Jumanji တော့လာပါပြီIMDb 7 နဲ့ toamtoes မှာ 71 ရထားပါတယ်ပထမကထက်ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းပြီးတော့ ဟာသတွေပိုပါဝင်လာမှာပါစပန်ဆာတစ်ယောက်နေရင်းထိုင်ရင်းJumanji ထဲပြန်ဝင်သွားရာကနေ ဇာတ်ရှုပ်ပါတော့တယ်အဲဒီမှာပဲသူ့ကောင်မလေးနဲ့ကျန်ခဲ့တဲ့သူငယ်ချင်းတွေကပြန်လိုက်ခေါ်ဖို့လုပ်ပါတော့တယ်ဒါပေမယ့်ဂိမ်းထဲကိုပြန်ဝင်လာတာသူတို့အုပ်စုတင်မဟုတ်ပဲစပန်ဆာရဲ့အဖိုးနဲ့သူငယ်ချင်းဖြစ်သူတို့ပါပါလာတဲ့အခါမှာတော့ဇာတ်လမ်းကပိုပြီးအရှိန်တက်လာပါတော့တယ်ဂိမ်းထဲကိုရောက်တဲ့အခါမှာလည်းပထမတစ်ကားတုန်းကဇာတ်ကောင်တွေမဟုတ်တော့ပဲဇာတ်ကောင်အပြောင်းအလဲတွေဖြစ်သွားတဲ့အခါမှာဘယ်လိုတွေတိုင်ပတ်ကြမလဲ အခက်အခဲတွေကိုထုံးစံအတိုင်းဘယ်လိုကျော်ပြီးအပြင်ကိုဘယ်လိုပြန်ထွက်မလဲသူတို့ကိုလုပ်ခိုင်းတဲ့ missionကိုရောပြီးမြောက်အောင်လုပ်နိုင်မလားဆိုတာ...။File Size : (4.6 GB)/(2.2 GB)/(1.2 GB) Quality : BluRay 4K HEVC / 1080p /720p Running Time : 2 hr 03 min Format : mkv/mp4 Genre : Action , Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Phue Encoded by Moe Myint Lwin,Nyeinsaeya Aung
movie

Jumanji: The Next Level (2019)

4K HEVC
Jumanji: Welcome to the Jungle (2017) 6.9
Jumanji: Welcome to the Jungle (2017) ၁၉၉၅ လောက်ကတည်းက ပရိသတ်တွေ ရင်းနှီးခဲ့ပြီးသား Jumanji ဇာတ်လမ်းပြီးနောက် သီးခြားဇာတ်လမ်းတစ်ခုနဲ့ ထပ် ထွက်လာတာမို့ ရသအသစ်အဆန်းလေး ဖြစ်တဲ့အတွက် ပရိ သတ်တွေ သဘောကျကြမှာပါ။ဇာတ်လမ်းအဓိကအကြောင်းအရာကတော့ ဆယ်ကျော်သက်ကလေးလေးယောက် ဗီဒီယိုဂိမ်းကစားကာ ဂျူမန်းဂျိ ကမ္ဘာထဲရောက်သွားပြီး စွန့်စားခန်းမျိုးစုံ ဖြတ်ကျော်ရတဲ့ အကြောင်းလေး တင်ဆက်ထားတာ ဖြစ်ပါတယ်။၁၉၉၆ ကာလက အဲလက်စ် ဆိုတဲ့ ဆယ်ကျော်သက်ကောင် လေးဟာ ဂျူမန်းဂျိဂိမ်းဘုတ်ပြား လေးကို ကမ်းခြေနားက ကောက်ရ ခဲ့ပေမယ့် ဗီဒီယိုဂိမ်းတွေပဲ ကစား ဖြစ်နေတာမို့ ဂိမ်းမကစားဖြစ်ဘဲ သိမ်းထားခဲ့ပါတယ်။ ဒီလိုနဲ့ တစ် ညမှာ ဂျူမန်းဂျိဘုတ်ပြားထဲက ဂိမ်းတွေဟာ ဗီဒီယိုဂိမ်းအဖြစ် ပြောင်းသွားပြီး အဲလက်စ်က ဂိမ်း စက်ဖွင့်လိုက်ပြီးနောက်မှာတော့ သူပါပျောက်သွားခဲ့ပါတယ်။နှစ် ၂၀ လောက်ကြာခဲ့ပြီး နောက်မှာတော့ ဂျူမန်းဂျိဂိမ်းစက် က ပြန်ပေါ်လာခဲ့ပါတယ်။ စပန် ဆာ၊ ဘယ်သန်နီ၊ မာသာနဲ့ ဖရစ်ဂျ်ဆိုတဲ့ ...
movie

Jumanji: Welcome to the Jungle (2017)

4K HEVC
The Last Duel (2021) 18+ Rated 7.7
The Last Duel (2021) 18+ Rated ဒါရိုက်တာ ရစ်ဒလေ စကော့ ရိုက်ကူးထားပြီး စာရေးဆရာ အဲရစ်ဂျက်ကာရဲ့ ၂၀၀၄ ခုနှစ်ထွက် novelThe Last Duel: A True Story of Trial by Combat in Medieval France(နောက်ဆုံးစီးချင်း - မီဒီအီဗယ်ခေတ် ပြင်သစ်ရဲ့ ဖြစ်ရပ်မှန် စီးချင်းထိုး တရားစီရင်မှု) ကိုNicole Holofcener, Ben Affleck နဲ့ Matt Damon တို့က ဇာတ်ညွှန်းပြန်လည်ရေးသားထားတာဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ မတ်ဒေမွန်၊ အဒမ် ဒရိုင်ဗာ၊ ဂျိုဒီကိုမာ၊ ဘန် အက်ဖလက်တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ဇာတ်လမ်းကို အခန်း ၁ ၂ ၃ ဆိုပြီး သုံးပိုင်းပြသထားလို့ တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အရဇာတ်ကွက်လေးတွေ ထပ်နေတဲ့ပုံတော့ ပါပါတယ်။ ပြင်သစ်နဲ့အိုင်ယာလန်နေရာတွေမှာ ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး။ အတော်ကြည့်လို့ကောင်းတာပဲ ပြောပြထားပါတော့မယ်။ဒီရုပ်ရှင်ထဲက ခေတ်ရဲ့ အံ့သြစရာ ...
movie

The Last Duel (2021) 18+ Rated

Kotigobba 3 (2021) 7.7
Kotigobba 3 (2021) ဒီကားကလည်း ကနာဒါးမင်းသား ဆူးဒိရဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDB မှာ 7.8နဲ့ Time of India မှာ 4/5 ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းအမေ့အိမ် မိဘမဲ့ဂေဟာကို တည်ထောင်ထားတဲ့ ဆဒ်သရ ဟာမိဘမဲ့ကလေးတွေအားလုံး ချစ်ခင်ရတဲ့ လူတစ်ယောက်ဖြစ်သလို လူတွေကြားမှာလည်းကြင်နာသနားတတ်သူအဖြစ်ကျော်ကြားပါတယ်။ ရဲအဖွဲ့နဲ့လည်းအဆင်ပြေသလို ရဲတွေမရှင်းနိုင်တဲ့ကိစ္စတွေမှာ ခပ်ကြမ်းကြမ်း၀င်နွှဲတတ်သူတစ်ယောက်ပါ။ တနေ့တော့ သူ့ရဲ့မိဘမဲ့ဂေဟာကကလေးလေး ရောဂါတစ်ခုကြောင့် တူရကီမှာ ဆေးသွားကုဖို့ဖြစ်လာချိန်မှာ တူရကီမှာဗုံးတွေပေါက် ‌ယူရိုသန်းချီတန်တဲ့ ရတနာ သရဖူကို ဓါးပြတိုက်ချင်းခံရပါတော့တယ်။ဓါးပြမှုကို ဘယ်သူကျူးလွန်တာလဲ နာမည်ကြီးဓားပြ Ghost ဆိုတာ ဘယ်သူလဲ။ဆဒ်သရ နဲ့ကောဘယ်လိုပါတ်သက်နေလည်း ဆိုတာတော့ အလှည့်အပြောင်းများစွာနဲ့ ရင်ခုန်စွာစောင့်ကြည့်ရမှာပါ။အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin Htoo Aung နဲ့ Sai Thurein Lynn ပဲဖြစ်ပါတယ်  File size…2.3GB / 1.3Gb  Quality…1080p HD RIP AAC 5.1CH / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle ( ...
movie

Kotigobba 3 (2021)

2021