Channel Myanmar

Action

Mesrine: Killer Instinct(2008) 7.5
Mesrine: Killer Instinct(2008) Mesrine: Killer Instinct(2008)****************************Jacques mesrine ဆိုတဲ့ ပြင်သစ်နိုင်ငံသားတစ်ယောက်က စစ်တပ်မှာ တာဝန်ထမ်းဆောင်ပြီးမိဘအိမ် ပြန်လာတဲ့ သူပါ...သူ့မိဘက သူ့ကို အလုပ်ကောင်းကောင်းတစ်ခုရှာပေးခဲ့ပေမယ့် သူကတော့ဂျာမနီလူမျိုးတွေနဲ့မို့ အလုပ်မလုပ်ချင်ပါဘူး ဒါပေမယ့် တစ်နေ့မှာ သူ့သူငယ်ချင်းဖြစ်သူ Jean Paul Mercier ဟာ ဂိုဏ်းစတားတစ်ဦးဖြစ်သူGuido ဆိုတဲ့ လူဆီကို ခေါ်သွားပါတယ် ,,,အဲ့ဒီအလုပ်က သူများပစ္စည်းခိုးတာတွေ ဘဏ်ဖောက်တာတွေ ဖြစ်တာကြောင့်တစ်ခါတည်းနဲ့ ငွေအချီကြီးရလေ့ရှိပါတယ်,,, အဲ့ဒီလို ငွေအချီကြီးကို မက်ပြီး Jacque mesrine တစ်ယောက် မကောင်းမှုထဲကို တစ်စတစ်စ နစ်ဝင်သွားချိန်မှာတော့...File Size :(3.2GB)(1.1GB)(and (392MB) Quality :Blu-Ray 1080P5.1Ch, 720p Format…mp4 Duration…01:53:00 Genre :  Action ,Biography , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

Mesrine: Killer Instinct(2008)

Pawn Shop Chronicles (2013) 5.9
Pawn Shop Chronicles (2013) Genre – Action, Comedy, Crime IMDB – 5.9/10Paul Walker ကြီး အလွမ်းပြေ ကြည့်လို့ရမယ့် ကားကောင်းတစ်ကား လာပြီဗျာ။ဒီလိုပြောလို့ Paul Walker ချည်း ပါတယ်မထင်ပါနဲ့Lord of the Ring က Frodo မင်းသား Elijah Wood တို့ Mummy မင်းသားကြီး(နောက်ပိုင်းဆို The Whale နဲ့ ကြမ်းထားတဲ့) Brendan Fraser တို့မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းကတော့ R Rated နဲ့ အညီ ကိုယ်လုံးတီးတွေပါမယ်မိုးမွှန်အောင် ဆဲဆိုနေတာလည်း ပါဝင်တဲ့အတွက် သတိချပ်စေလိုပါတယ်ဗျ။ကဲ ဇာတ်လမ်းအကြောင်းပြောမယ်…ပြောမယ်သာပြောတာ တကယ်ကြည့်ဖူးသမျှထဲ ပေါက်ကရတွေဖြစ်ပြီးထူးခြားဆန်းကျယ် မှန်းမရတဲ့ဇာတ်လမ်းထဲ သူပါတယ်။အကုန်လုံးကို စနစ်တကျ ဇာတ်တိုက်ထားတာမျိုး မရှိပဲရော့ သွား ကြိုက်တာလုပ်ဆိုပြီး အကုန်လုံးက ဖြစ်ချင်တိုင်းကို ဖြစ်နေကြတာမျိုး။အဓိကက ဇာတ်လမ်းနာမည်လိုပဲ အပေါင်ဆိုင်မှတ်တမ်းများဟုတ်တယ် ဒီ ...
movie

Pawn Shop Chronicles (2013)

2013
Haider (2014) 8.2
Haider (2014) IMDb Rating (8.0) / Rotten Tomatoes (88%)မင်းသား Shahid Kapoor , မင်းသားကြီး Irrfan Khan ,မင်းသမီး Shraddha Kapoor,မင်းသမီးကြီး Tabu တို့နဲ့ ဘောလိဝုဒ်ရဲ့ Rating မြင့် Action,Crime,Drama ရုပ်ရှင်ကားဖြစ်ပါတယ်။ဒီရုပ်ရှင်ကားက စာရေးဆရာကြီးဝီလီယံရှိတ်စပီးယားရဲ့ "Helmet"ဆိုတဲ့ဇာတ်လေးကိုကျောရိုးကိုယူပြီးပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်အိမ်ကိုတော့ ၁၉၉၅ခုနှစ် ကတ်ရှမီးယားဒေသကိုအခြေပြုထားပါတယ်။ ကတ်ရှမီးယားဒေသကိုအခြေတည်ထားတာကလည်းစိတ်ဝင်စားစရာအချက်တချက်ပါပဲ။ လူငယ်လေးတစ်ယောက် သူ့ဖခင်ရုတ်တရက်ပျောက်ဆုံးသွားတဲ့အကြောင်းသိလိုက်ရတဲ့အချိန်မှာပဲ အဲဒီကတ်ရှ်မီးယားဒေသကိုသွားရောက်ခဲ့တာကစတင်ထားပါတယ်။အဲ့ဒီကိုရောက်တဲ့အခါမှာတော့ ဖြစ်စဉ်တွေဟာ သူထင်ထားသလို ရိုးစင်းမနေဘဲ လိုက်လံစုံစမ်းရင်းနဲ့ ဘယ်လိုမြုပ်ကွက်တွေကို ဖော်ထုတ်လိုက်နိုင်မလဲ။ ပျောက်ဆုံးသွားတယ်ဆိုတဲ့ သူ့ဖခင်ကိုရောပြန်တွေ့နိုင်မလား။ နောက်ကွယ်က ဘယ်လိုအကြောင်းတရားတွေရှိနေလည်းဆိုတာကို ခံစားမှုပြင်းရှရှနဲ့ခံစားကြည့်ရှုရမှာပါ။ဇာတ်လမ်းက အချိုးအကွေ့လေးတွေ စိတ်ဝင်စားဖို့ကောင်းတာမို့ဇာတ်ကြောင်းကို မသိထားဘဲ ကိုယ်တိုင်အပြည့်အဝခံစားကြည့်ရှုမှ ပိုကောင်းပါမယ်။ နိုင်ငံတကာမှာ ဘာကြောင့် Rating မြင့်ပြီး နာမည်ကြီးနေလဲဆိုတာ ခံစားဆုံးဖြတ်ပေးကြပါဦး။(ရုပ်ရှင်အညွှန်းကို ကျော်ဇေလတ်မှ ရေးသားပြီး V & Thaik San မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) File size…(2.6 GB)/ (1.3 GB) Quality….BluRay 1080p HEVC /720p ...
movie

Haider (2014)

2014
1080p HEVC
Endless Battle ( 2023 ) 6.1
Endless Battle ( 2023 ) CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ အက်ရှင်ဇာတ်ကားလေးကိုမှ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်အက်ရှင်ဇာတ်ကားကောင်လေးဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာတော့ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် လုံခွန်းကတရားမဝင် မူးယစ်ဆေးတွေကို ရောင်းဝယ်တဲ့လူပေါ့။ရဲတွေကဒီလုံခွန်းကို ဖမ်းဆီးဖို့အတွက်နည်းမျိုးစုံသုံး ဖမ်းဆီးပေမဲ့ အမြဲတမ်းလွတ်မြောက်ခဲ့တယ်။ ဖြောင့်မတ်တဲ့ ရဲအရာရှိဖန်ကျန့်ကျုံးမှာ အားချန်ဆိုတဲ့ ညီလေးတစ်ယောက်ရှိနေပေမဲ့ ညီအစ်ကိုနှစ်ယောက်ဆက်ဆံရေးမပြေလည်ခဲ့ဘူး။မပြေလည်တဲ့အကြောင်းရင်းကတော့ အစ်ကိုဖြစ်သူက မူးယစ်ဆေးအရောင်းအဝယ်ဂိုဏ်းတွေကို ဖမ်းဆီးနေတဲ့ ရဲသားတစ်ယောက်ဖြစ်ပေမဲ့ ညီကတော့အဲ့ဂိုဏ်းတွေနဲ့ အပေါင်းအပါမိတ်ဆွေတွေ ဖြစ်နေခဲ့တာကြောင့်ပဲ။ သို့ပေမဲ့မကြာခဏ သူ့ညီအဖမ်းခံရတိုင်းဖန်ကျန့်ကျုံးရဲ့မွေးစားအဖေ ချင်ရဲမှူးကတော့ သူ့ညီဘက်ကနေအမြဲကာပေးပြီးလွှတ်ပေးခဲ့တယ်။တနေ့လုံခွန်းသားအငယ်က ရဲတစ်ယောက်ကို ကားသတ်မှုအပြင်မူးယစ်ဆေးမှုပါ အဖမ်းခံလိုက်ရတဲ့အချိန် သားကို ချစ်မြတ်နိုးတဲ့ လုံခွန်းတစ်ယောက်ကယ်ထုတ်ဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ဒီအမြဲတမ်းလွတ်မြောက်နေတဲ့ လုံခွန်းမူးယစ်ဆေးဘုရင်မှ ာဘယ်သူတွေ ပါဝင်ကူညီပေးနေလဲ။ညီအစ်ကို နှစ်ယောက်ဆက်ဆံရေးကကော ဘယ်လိုတွေကတောက်ကဆဖြစ်နေဦးမလဲ။ ဒီရူပ်ထွေးလှတဲ့မူးယစ်ဆေးစီးပွားရေးလောကရဲ့ကြိုးစကို ဘယ်လိုဖြည်ကြမလဲအစရှိတဲ့စိတ်ဝင်စရာ စုံထောက်မှုခင်းအက်ရှင်တို့ကို တစ်ခါတည်း ဒီဇာတ်ကားကနေပြသသွားမှာဆိုတော့လက်မလွတ်တမ်းစောင့်ကြည့်လိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Action Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Endless Battle ( 2023 )

Scarlett (2020) 5.5
Scarlett (2020)  အက်ရှင်ကားမှကြည့်ချင်တဲ့ပရိသတ်တို့အတွက် ဂျက်မ စကားလက်ကားပါ...။ဖခင်ဖြစ်သူဟာ စပိုင်တစ်ယောက်ဖြစ်တဲ့အလျောက် စကားလက်ဟာလည်းငယ်စဥ်ကတည်းက သူများတွေနဲ့မတူအောင် သေနတ်ပစ်၊ အသတ်အပုတ်အတိုက်အခိုက်ကိုလေ့ကျင့်ခဲ့ရတာပါ....။ မိခင်ဖြစ်သူကငယ်ငယ်လေးကတည်းကဆုံးပါးသွားတော့ ဖတဆိုးလေးစကားလက်ဟာ သူ့ဘဝကို စပိုင်ဖခင်ဆီက သင်ယူရင်းနဲ့သာအချိန်ကုန်ဆုံးခဲ့တာပေါ့...။တစ်နေ့မှာတော့ မှောင်ခိုလက်နက်အရောင်းအဝယ်သမားတွေဟာ သူတို့အိမ်ကိုလာတိုက်ခိုက်ပြီး စကားလက်ရဲ့ဖခင်ကို ဖမ်းသွားပါတော့တယ်...။ဒီတော့ စကားလက်တစ်ယောက် ဖခင်ကိုပြန်ကယ်ဖို့အတွက် တစ်ယောက်တည်းစစ်ဆင်ရေးထွက်ခဲ့ပါတော့တယ်....။သူ့အဖေကို ဘာလို့ဖမ်းသွားတာလဲ၊ မှောင်ခိုသမားတွေရဲ့ရည်ရွက်ချက်ကဘာလဲ၊စကားလက်တစ်ယောက်တည်းဘယ်လို တိုက်ပွဲဝင်မလဲဆိုတာဇာတ်ကားလေးထဲကြည့်ရှုလို့ရပါပြီ...။  File size…1.94GB / 848MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 43m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Scarlett (2020)

Naked Weapon (2002) 5.5
Naked Weapon (2002)  Naked Weapon 2002ကမ္ဘာတစ်ဝှမ်းလုံးမှာ ၁၃ နှစ် အရွယ် မိန်းကလေးတွေ ပျောက်နေကြတယ်။ ဒါနဲ့ ပတ်သတ်ပြီး CIA က Jack Chen နဲ့ သူ့အဖွဲ့ဟာ လိုက်လံစုံစမ်းနေခဲ့တာကြာပြီ။ သူတို့ရဲ့ တစ်ခုတည်းသော သဲလွန်စက မဒမ် M ဆိုတဲ့ အမျိုးသမီး နဲ့ သူဦးဆောင်တဲ့ အဖွဲ့အစည်းပဲ။ မဒမ် M ဟာ ကမ္ဘာ တစ်ဝှမ်းမှာရှိတဲ့ ၁၃ နှစ် အရွယ် မိန်းကလေးငယ်တွေကို ပြန်ပေးဆွဲတယ်။ လူသူမနီးတဲ့ ကျွန်းဆီ ခေါ်သွားပြီး အဲဒီ မိန်းကလေးတွေကို စစ်ရေးလေ့ကျင့် သင်ကြားပေးတယ်။ မဒမ် M ပြန်ပေးဆွဲတဲ့ မိန်းကလေးတွေအားလုံးဟာ အားကစား ဒါမှမဟုတ် ကိုယ်ခံပညာ တစ်ခုခုမှာ အများနဲ့ မတူအောင် ထူးချွန်တဲ့ သူတွေ ဖြစ်တယ်။ အဲဒီထဲမှာ Charlene ဆိုတဲ့ ကလေးမလေးလည်း ပါတယ်။ CIA က Jack Chen က လည်း ပျောက်သွားတဲ့ ကလေးတွေနဲ့ Charlene ...
movie

Naked Weapon (2002)

2002
Maaveeran (2023) 7.5
Maaveeran (2023) Maaveeran (2023) IMDb-7.5/10ခဏခဏတောင်းဆိုနေကြတဲ့ Maaveeranဆိုတဲ့ ကြီးမြတ်သောသူရဲကောင်းဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ အက်ရှင်မင်းသားချော ရှီဗက်ကာသီကီရန် အဓိကနေရာကပါဝင်ထားပြီး တွဲဖက်သရုပ်ဆောင် ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့အတူ တောင်ပိုင်းစတား မင်းသားကြီးဗီဂျေးစည်သူပတီကနေ နောက်ခံစကားပြောတဲ့သူအနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လိုက်က ဆပ်တရာ။ဆပ်တရာက မထင်မရှားကာတွန်းဆရာ။ဘယ်လောက်ထိမထင်ရှားလဲဆို သတင်းစာတစောင်မှာ ရှဲဒိုးရေးပေးရတာ။(ရှဲဒိုးဆိုတာ သူကသာရေးရတာ နာမည်ခံထားတာကတယောက်။) နောက်ပြီး ငကြောက်။"ရန်လိုလာရင် အရှုံးပေးနှလုံးအေးစေ၏"ဆိုတဲ့စကားကို လက်ကိုင်ထားပြီး ဘာနေနေ "နေပါစေ ထားလိုက်ပါ ပြီးသွားမှာပဲ"ဆိုပြီးနေတဲ့သူ။နိုင်ငံရေးသမားတွေရဲ့ အမြတ်ထုတ်နိုင်ငံရေးကစားတဲ့လှည့်ကွက်တွေကြောင့်နဲ့ ဘိုးစဉ်ဘောင်ဆက်နေလာတဲ့ အိမ်လေးတွေကိုစွန့်ထားခဲ့ရပြီး သူတို့ချပေးတဲ့တိုက်ခန်းမှာသွားနေကြရတယ်။ လက်နဲ့ထိရင်ကြွေဆိုတဲ့အတိုင်း သံတချောင်းရိုက်ရုံနဲ့ နံရံပြိုကျပြီး ဘေးအခန်းနဲ့တသားတည်းဖြစ်မဲ့တိုက်ခန်းမှာနေကြရင်း တနေ့မှာတော့....။ ဇာတ်လိုက်ကျော်ငကြောက်ကြီး ခေါင်းမှာဒဏ်ရာရပြီး သူတို့ရဲ့ကံကြမ္မာတွေဘယ်လိုအလှည့်အပြောင်းဖြစ်သွားမလည်းဆိုတာ ဇာတ်ကွက်ဇာတ်လမ်းခပ်ဆန်းဆန်းနဲ့ရှုစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~YH~Zwe~Cherry~Moon~BpLတို့ပဲဖြစ်ပါတယ်) File size…2.8GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~YH~Zwe~Cherry~Moon~BpL
movie

Maaveeran (2023)

2023
12:46 (2023)
12:46 (2023)  လူငယ်လေးတစ်ယောက်ဖြစ်တဲ့ ရေးဟာ သူ့ရဲ့သီချင်းခွေထုတ်ဖို့အတွက်စတူဒီယိုကြေးပေးဖို့လိုတော့ မိတ်ဆွေဖြစ်သူ ဒရေဆီမှာ ကားမောင်းတဲ့အလုပ်ကိုဝင်လုပ်ပေးပါတယ်...။ ဒရေဆိုတာ အဲ့ဒီနယ်ပယ်မှာ မူးယစ်လူမိုက်ဂိုဏ်းခေါင်းဆောင်၊သူ့အပိုင်စားနယ်ပယ်ရဖို့ဆိုရင် လူသတ်ဖို့ဝန်မလေးသူပေါ့....။ဒရေဟာ ပြိုင်ဘဏ်လူမိုက်ဂိုဏ်းကို တိုက်ခိုက်ရင်း၊ နယ်မြေလုရင်းရန်သူတွေပိုပိုများလာတော့ ရေးဟာလည်း ဒီအလုပ်ကိုဆက်လုပ်သင့်မလုပ်သင့်စဥ်းစားလာရပါပြီ...။ဘဝဆိုတာ လမ်းဆုံကြီးတစ်ခုလိုပဲ လမ်းတစ်ခုကိုတော့ရွေးချယ်ရောက်မှာဖြစ်ပြီး ရွေးမိတဲ့လမ်းက မှားမနေဖို့လည်းလိုပါတယ်...။ရေးတစ်ယောက် ဘယ်လမ်းကိုရွေးချယ်သွားမလဲ...ရာဇဝတ်လမ်းကနေ လွတ်မြောက်နိုင်မလားဆိုတာတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုနိုင်ပါပြီ...။  File size…1.26GB / 478MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 10m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Myat Htet
movie

12:46 (2023)

Blood Quantum (2019) 5.6
Blood Quantum (2019) Rotten Tomatoes 90% ရရှိထားတဲ့ ဒီရှပ်ရှင်ဟာဇွန်ဘီအပေါ်ကလေ့ပ်စ်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။အမေရိကားမှာရှိတဲ့ လူနီရိုင်းအပိုင်ဒေသကဖုတ်ကောင်တွေနဲ့ကမ္ဘာပျက်တဲ့အကြောင်းရိုက်ကူးထားတာပါ။ဇာတ်လမ်းထဲမှာထူးဆန်းစွာနဲ့ပဲလူနီရိုင်း(နေးတစ်အမေရိကန်)တွေဟာ ဇွန်ဘီပိုးကို Immune ဖြစ်နေကြပါတယ်။လူဖြူတွေကသာအကိုက်ခံရရင် ပိုးကူးစပ်ပြီး ဇွန်ဘီတွေအဖြစ်ပြောင်းလဲကြပါတယ်။ဇွန်ဘီရုပ်ရှင်တွေထဲမှာ လူနီရိုင်းဇွန်ဘီကားဆိုတော့ကြည့်ရတာ ထူးထူးခြားခြားလေးဖြစ်နေပါတယ်။လူမှုရေးအရှုပ်ထွေးတွေနဲ့ သေရေးရှင်ရေးကိစ္စတွေဖြစ်နေတာတောင် လူတွေရဲ့အတ္တ၊ မာန၊ဒေါသတွေဟာ ခဝါချနိုင်ဖို့မလွယ်တဲ့အကြောင်းရှင်သန်ဖို့အတွက်ဆိုဘာမဆိုလုပ်မဲ့ သူတွေအကြောင်းစတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းက ကျီးနီ(Red Crow)ကိုယ်ပိုင်ဒေသမှာငါးအသေတစ်ကောင်အသက်ပြန်ရှင်လာတာ၊ခွေးအသေအသက်ပြန်ရှင်လာတာကနေ စပါတယ်။နောက်ပိုင်း လူတွေပါ ပိုးကူးစပ်ပြီးဇယားတွေကပ်ကုန်ကြပါတော့တယ်။ရဲမှူး ထရေဗာတစ်ယောက်ပြဿနာတွေကိုဦးဆောင်ဖြေရှင်းဖို့ဖြစ်လာပြီးခံတပ်တွေ စခန်းတွေဆောက်ကာ အစုဖွဲ့နှင့်ရှင်သန်နေရာမှအပြင်ဘက်မှာ ပိုးထိထားတဲ့ လူဖြူဒုက္ခသည်တွေကိုစခန်းသို့ချွေးမဖြစ်သူ လူဖြူမချာလီခေါ်ဆောင်လာရာမှာဒုက္ခလှလှတွေ့ကြပါတော့တယ်။ဘယ်လိုရှေ့ဆက်ပြီး သတ်ဖြတ်ရှင်သန်ကြမလဲ၊ဘယ်သူတွေက ဘယ်လိုထဖောက်ကြမလဲဆိုတာဇာတ်လမ်းအဆုံးထိကြည့်ရှုခံစားကြည့်ရမှဖြစ်ပါတယ်။ File size…  1.46 GB /  709 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre .....  Action , Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kaung Paing
movie

Blood Quantum (2019)

2019
Hidimbha (2023) 9.2
Hidimbha (2023) Hidimbha 2023 IMDb 9.2/10 Action/Dramaသည်းထိတ်ရင်ဖိုနဲ့စိတ်ဝင်တစားကြည့်ရှုရမယ့် တေလဂူးရဲကားလေးကို တင်ဆက်လိုက်ပေးလိုက်ပါတယ်။ဟိုက်ဒရာဘတ်မြို့က ရဲအရာရှိ အက်ဘ်ဟေးဟာ မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးနေတဲ့အမှုကို စုံစမ်းနေကြရပါတယ်။ ဘာသဲလွန်စမှလည်းမရှိပဲ သေသလား ရှင်သလား မသိရပါဘူး။ ဒါကြောင့်ပဲ ဒီကိစ္စဟာ မီဒီယာတွေ စာနယ်ဇင်းတွေကြားမှာ ဝေဖန်စရာဖြစ်ခဲ့ပြီး အဘက်ဘက်ကနေ ဖိအားတွေများလာတဲ့အမှုဖြစ်လာပါတယ်။ဒီကိစ္စကို ကူညီပြီးစုံစမ်းဖို့အတွက် ရဲအရှိအဒယာရောက်ရှိလာပါတယ်။ နှစ်ယောက်ပူးပေါင်းပြီး ဆက်စုံစမ်းရင်းနဲ့ပဲ ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့သူတွေ များလာပါတယ်။ နောက်တော့ ဒီကိစ္စဟာDark Webနဲ့ဆက်စပ်နေတာကို သိခဲ့ကြရပါတယ်။ ဒီလိုဆန်းကြယ်တဲ့အမှုကို သူတို့ဘယ်လိုဆက်ပြီးဖြေရှင်းကြမလဲ။ ဒီကိစ္စရဲ့အရင်းအမြစ်ကရော ဘာလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni~V~Cherry~BpLတို့ပဲဖြစ်ပါတယ်။) File size…2.19GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~Cherry~BpL
movie

Hidimbha (2023)

2023
Red Sparrow (2018) 6.6
Red Sparrow (2018) Red Sparrow (2018) ဒီရုပ်ရှင်ကားကမြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူ့ဦးလေး အကြံပေးတဲ့အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ဖို့ ...
movie

Red Sparrow (2018)

2018
4K HEVC
Adipurush (2023)
Adipurush (2023) Adipurush (2023) ============ ဝေဖန်သံတွေညံခဲ့ပြီး 2023ရဲ့ ဒုတိယ၀င်ငွေအများဆုံးရုပ်ရှင်အဖြစ် ရပ်တည်နေတဲ့ ရာမာယဏရုပ်ရှင်ဇာတ်ကားကြည်တောက်ရှင်းထွက်လာပါပြီ။အရင်ဦးဆုံးတောင်းပန်လိုတာက နာမည်နဲ့အသုံးအနှုန်းတွေပါပဲ။ကျွန်တော်တို့မြန်မာတွေနားနဲ့မစိမ်းတဲ့ ရာမ၊လက္ခဏ၊သီတာ၊ရာ၀ဏ ဒီလိုနာမည်တွေပဲခေါ်ဝေါ်သုံးစွဲထားလို့ပါ။ ကျွန်တော်တို့ဘာသာပြန်အဖွဲ့သုံးနှုန်းခဲ့တဲ့ နာမည်တွေ နာမ်စားတွေကြောင့် ဘာသာဝင်တဦးတယောက်ချင်းစီကို စော်ကားမိသလိုဖြစ်သွားရင် ကျွန်တော်တို့အဖွဲ့ကနေ အနူးအညွတ်တောင်းပန်ပါကြောင်း ဦးစွာပြောကြားပါရစေ။ဒဿဂီရိဟာ အချစ်ရှုံးတာမဟုတ်ပါဘူး။အငြိုး အာဃာတတွေနဲ့ အချစ်ရူးခဲ့လို့ ကိုယ့်ပြည်ကိုယ်ပြန်ဖျက်မိတဲ့မင်းတစ်ပါးဖြစ်ခဲ့တာပါ။ အရင်အတိတ်ကံကြောင့် ကျိန်စာမိထားပြီး အမျိုးသမီးတစ်ဦးကို အလိုမတူပဲထိကပါးရိကပါးမလုပ်ရဲတာကြောင့် သီတာအပေါ်မှာ ဘာမှကိုယ်ထိလက်ရောက်မကျူးလွန်ရဲခဲ့တဲ့သူတစ်ဦးသပ်သပ်ပါပဲ။ဇာတ်လမ်းကတော့ အားလုံးသိပြီးသား ရာမမင်းက သီတာဒေဝီကို လင်္ကာပြည်ကနေ ကယ်တင်တဲ့အကြောင်းဖြစ်ပေမဲ့ ဇာတ်လမ်းကို ချဉ်းကပ်တဲ့ပုံစံက အရင်ကရှိခဲ့ဖူးပြီးသား adaptation တွေနဲ့ ပုံစံကွဲထွက်နေပါတယ်။ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်သရုပ်ဆောင် ပရာဘာ့စ်ဟာ ရာမဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူးလို့ ဝေဖန်ခံခဲ့ရပေမယ့် သီတာဒေဝီနေရာမှာသရုပ်ဆောင်တဲ့ ကရီသီးဆန်နွန်ကတော့ မင်းသမီးနေရာကနေ ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံစွာ ကျက်သရေရှိလှပနေပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ထင်သလောက်မအောင်မြင်ခဲ့ပေမဲ့ နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ ဂန္တဝင်လင်္ကာရှည်ကြီးကို တမူဆန်းသစ်ရိုက်ကူးထားတာမလို့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ဝေဖန်ဖို့ပဲဖြစ်ဖြစ် တစ်ခေါက်လောက်တော့ ကြည့်ဖူးသင့်တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ (အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollowood Team မှဖြစ်ပါတယ်) File size…2.73GB / 1.33GB Quality…1080p NF WEB DL  / 720p ...
movie

Adipurush (2023)

2023
Enemies Closer (2013) 5.1
Enemies Closer (2013) မင်းသားကြီး Van Damme ကိုယ်တိုင်ဗီလိန်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ Enemies Closerဆိုတဲ့ဇာတ်ကားလေးကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ။ဟင်နရီကအမေရိကန်နဲ့ကနေဒါနယ်နမိတ်ကတောအုပ်အတွင်းမှာအလုပ်လုပ်နေတဲ့သူပါ။တစ်နေ့မှာတော့သူ့ရဲ့အတိတ်ကပြဿနာတစ်ခုကြောင့်သူ့ကိုသတ်ဖို့ကြိုးစားတဲ့ ကလေး ဆိုသူရောက်လာခဲ့ပါတယ်။ဒါပေမဲ့ ကလေးရဲ့ဟင်နရီကိုလုပ်ကြံသတ်ဖြတ်မှုကမအောင်မြင်ခဲ့ပဲမူးယစ်ဆေးရောင်းဝယ်ရေးအဖွဲ့တစ်ခုကသူတို့ရှိနေတဲ့တောအုပ်ထဲကိုရောက်လာခဲ့ပါတယ်။ဟင်နရီတို့နှစ်ယောက်ရန်သူအဖြစ်ကနေပူးပေါင်းသွားကြပြီးမူးယစ်ရာဇာတွေကိုဘယ်လိုအနိုင်ယူတိုက်ခိုက်ကြမလဲဆိုတာကိုဒီဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုခံစားနိုင်ပါတယ်။ File size…  1.10 GB /  552 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 25m Genre .....  Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Citrus
movie

Enemies Closer (2013)

2013
Marry My Dead Body (2023) 7.5
Marry My Dead Body (2023) Marry my dead body (2023)စော်မရှိဘဲမရှိလေးတွေအတွက် ရွေးစရာတစ်ခုကိုချပြလိုက်တဲ့ Taiwan BL movie ကား Marry My Dead Bodyလေး ထွက်ရှိလို့လာပါပြီ။ Trailerထွက်လာကတည်းက ‌တော်တော်လေးစိတ်ဝင်စားခံနေရတဲ့movieလေးလည်းဖြစ် BL romance သီးသန့်ကြီးမဟုတ်ဘဲ Crime suspense လေးပါတွဲပါသေးတဲ့အပြင် ထိုင်ဝမ်BLပီပီ လက်ကိုင်ရုံနဲ့ပြီးတဲ့ဂျင်း‌တွေနည်းတဲ့ကားလေးဆိုတော့ အများကြီးဆက်မညွှန်းတော့ပါဘူး...21 ရာစု LGBTQကာလကြီးထဲမှာ လိင်တူချစ်သူဆိုတာ ဘာရယ်မဟုတ်ပေမဲ့ homophobic ရဲသားလေးဝူမင်ဟန်ကတော့ ဒါကိုလက်မခံပါဘူး။ လိင်တူချစ်သူဆိုတာကို ရွံစရာလို့သတ်မှတ်တဲ့အပြင် ဂေး ဆို ပိုပြီး ချိုးနှိမ်တတ်လို့ အပြစ်ပေးခံရသူလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ မူးယစ်ရာဇာကြီးရဲ့ တပည့်တစ်ယောက်ကိုလိုက်ဖမ်းရင်းနဲ့ သူပစ်ချခဲ့တဲ့သက်သေတွေကို လိုက်ကောက်ရင်း သက်သေမဟုတ်တဲ့ စာအိတ်အနီလေးကို ကောက်မိတဲ့အခါ ...စာအိတ်ကိုကောက်လိုက်တာနဲ့ ဝိုင်းအုံလာကြတဲ့အဒေါ်ကြီးတစ်သိုက်နဲ့ သူတို့ပြောသွားတဲ့ စာအိတ်ထဲက ဓာတ်ပုံပိုင်ရှင်‌ကောင်‌လေးနဲ့ လက်ထပ်ရမယ်ဆိုတဲ့ ထူးဆန်းတဲ့စကားတွေဟာ ဝူမင်ဟန်အတွက်တော့ ဟာသတစ်ခုထက်မပိုပါဘူး။ ဓာတ်ပုံပိုင်ရှင်က ကောင်လေးဖြစ်နေပြန်တော့ သရဲနဲ့မှတော့ မဂေးနိုင်ဘူးဆိုတဲ့မင်ဟန်ကတော့ အဘွားကြီးရဲ့ လက်မထပ်ရင်ကံဆိုးလိမ့်မယ်ဆိုတဲ့စကားကို လျစ်လျူရှုပြီးထားခဲ့တာပေါ့။ ဒါပေမဲ့ သူ့ရဲ့မူပိုင်ရှင်လေးက သူ့နောက်ကလိုက်နေလေတော့ သရဲကြောက်တဲ့မင်ဟန်တစ်ယောက် သရဲ‌နဲ့လက်ထပ်ရမယ့်အပြင် သရဲတွေမြင်နေရတဲ့ပြဿနာကြီးက ဆီးကြိုနေတဲ့အခါ...တျဲကြောက်ပါတယ်ဆိုမှ တျဲနဲ့မှညားတဲ့မင်ဟန်တစ်‌ယောက် ပဟေဠိတွေနဲ့ ...
movie

Marry My Dead Body (2023)

2023
Hex (2023)
Hex (2023)  ကောင်းကင်ပေါ်ကို လေယာဉ်နဲ့အမြင့်ကြီးသွားပြီးတော့ Skydiving(လေထီးခုန်ခြင်း)ကိုလုပ်ဖူးတဲ့သူတွေရှိပါသလား။အဲ့လိုလုပ်ချင်တဲ့အိပ်မက်ရှိတဲ့လူတွေလဲရှိမှာပါပဲ။ ဒီကားထဲမှာတော့လေထီးခုန်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့သူတို့အဖွဲ့ ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်ဆိုးတွေကို ရိုက်ကူးထားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဆယ်ရာဆိုတဲ့ ကောင်မလေးတစ်ယောက်ကလေထီးခုန်တဲ့ကွင်းမှာတစ်ယောက်တည်း လေထီးခုန်လေ့ရှိတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ရုပ်လေးကလဲချော စကေးကလဲကောင်းတော့ အဲ့ဒီကွင်းကငါးယောက်ရှိတဲ့အဖွဲ့တစ်ဖွဲ့က သူတို့အဖွဲ့ထဲဝင်ဖို့အတွက်သူ့ကိုသိမ်းသွင်းပါတော့တယ်။ဒီလိုနဲ့နောက်ဆုံးတော့လဲဆယ်ရာတစ်ယောက်အဲ့ဒီအဖွဲ့ထဲကိုရောက်သွားခဲ့ပါတယ်။ဆယ်ရာအဖွဲ့ထဲရောက်ပြီး သိပ်မကြာခင်ပဲသူတို့အဖွဲ့ထဲကတစ်ယောက်ကဟက်ဇ်ဆိုတဲ့အဖွဲ့လိုက်လေထီးခုန်နည်းတစ်ခုကို လုပ်ဖို့အတွက်အကြံပေးပါတော့တယ်။အဲ့ဒီလေထီးခုန်နည်းကအရမ်းအန္တရာယ်များလို့မလုပ်သင့်ဘူးလို့ပြောကြပေမဲ့ သူတို့အဖွဲ့ကတော့ရအောင်ကိုလုပ်ပါတော့တယ်။ ဒီလိုနဲ့ပထမဆုံးလုပ်ခဲ့တဲ့နေ့မှာတော့အလွဲလေးတွေ ဖြစ်ခဲ့ပေမဲ့နောက်နေ့ပြန်ခုန်ကြည့်တဲ့အခါမှာအောင်မြင်သွားခဲ့ပါတယ်။အဲ့ဒီမှာတင် သူတို့ဘဝရဲ့အိပ်မက်ဆိုးတွေကစတင်ခဲ့ပြီးအဖွဲ့ထဲကလူတွေနည်းအမျိုးမျိုးနဲ့တစ်ယောက်ချင်းစီသေကုန်ကြပါတော့တယ်။ဒီလိုနဲ့ဆယ်ရာတို့လဲ အဲ့လိုဖြစ်နေရတာဘာလို့လဲဆိုတာကိုအစွမ်းကုန်အဖြေထုတ်ဖို့ကြိုးစားကြရင်းနဲ့ သူတို့ဘဝရဲ့အကြီးမားဆုံးအိပ်မက်ဆိုးကြီးကနေနိုးထနိုင်ပါ့မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။  File size…1.43GB / 584MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Hex (2023)

I Am Rage (2023)
I Am Rage (2023) ၂၀၂၃ မှာထွက်ရှိခဲ့သော သဲထိတ်ရင်ဖို/ action ဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်၊ ဇာတ်ညွှန်းရေးဆရာကတော့ ၂၀၂၀ခုနှစ်မှာထွက်ရှိလာတဲ့ Army Of One ကိုရေးသားပေးခဲ့တဲ့ ဇာတ်ညွှန်းဆရာလည်းဖြစ်ပါတယ်၊ Director David Ryan Keith ကတော့ ဒီသည်းထိပ်ရင်ဖို ဇာတ်လမ်းလေးကို ဦးစီးပြီးတော့ပုံဖော်ပြသခဲ့ပါတယ် ဒီကားထဲမှာ Main Character "Erin Bradley" အနေနဲ့သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Hannaj Bang Bendz ကတော့ သရုပ်ဆာင်တာတင်မကပဲ စာရေးဆရာ၊ တည်းဖြတ်ဒါရိုက်တာအနေနဲ့လည်း ရုပ်ရှင်တချို့မှာပါဝင်လုပ်ဆောင်ခဲ့ပါတယ် ဇာတ်လမ်းအညွှန်း Erin Bradley ကတစ်နေ့ သူ့ကောင်လေးရဲ့မိဘအိမ်ကို ခရီးသွားခဏနေရင်းနဲ့ သူ့မိသားစုသရုပ်မှန်ကိုသိရှိခဲ့တဲ့အချိန်မှာ မိသားစုတစ်စုလုံးက လူတွေရဲ့သွေးတွေကိုထုတ်ကုန်အဖြစ်ရောင်းချနေသော အဖွဲ့စည်းတစ်ခုဖြစ်နေတယ်၊ သူတို့မိသားစုကErinကိုမြင်တွေ့နေရတာကကော သူ့ရဲ့တကယ့် သရုပ်မှန်လား, ဒီဇာတ်လမ်းထဲမှာတော့ Erin အနေနဲ့ဘယ်လို အန္တရာယ်တွေနဲ့ ထိပ်တိုက်တွေ့ရမလဲကို မြင်တွေ့ကြည့်ရှုခံစားရမှာပါ File size…(1.3 GB)/(684 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Action, ...
movie

I Am Rage (2023)

Open Range (2003) 7.4
Open Range (2003)  ဒီတစ်ခါမှာတော့ IMDb 7.4 ထိရရှိထားတဲ့ Western action drama ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးမှာဖြစ်ပါတယ် အရင်တုန်းက မွေးမြူရေးလုပ်တဲ့သူတွေဟာ ကျွဲနွားတွေကို ခြံနဲ့မွေးမြူတာမဟုတ်ဘဲ ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာရင်း အလွတ်ထိန်းကျောင်းကြတာဖြစ်ပါတယ် ဒီဇာတ်လမ်းလေးကတော့ 19ရာစုနှောင်းပိုင်း ခြံသွင်းမွေးမြူရေး စတင်ပေါ်ပေါက်လာချိန်ကို ဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပါတယ်ဘောစ့် ချာလီ မိုစ့်နဲ့ ဘတ်တွန်တို့ဟာ အလွတ်ထိန်းကျောင်းသူတွေဖြစ်ကြပြီး တစ်ရက်မှာတော့ အလွတ်ထိန်းကျောင်းခြင်းကို မကြိုက်ကြတဲ့ မြို့လေးတစ်မြိုနားကိုရောက်လာပါတယ် မြို့ထဲကိုဝယ်စရာရှိတာလေးတွေဝယ်ဖို့ လွှတ်လိုက်တဲ့ မိုစ့်တစ်ယောက် ကုန်စုံဆိုင်မှာ ရန်ဖြစ်ပြီး အချုပ်ကျသွားပါတော့တယ် အချုပ်ထဲကနေ ပြန်သွားထုတ်ကြတဲ့အချိန်မှာ မွေးမြူရေးခြံကြီးပိုင်ရှင် ဒတ်စ်တာဟာ သူတို့ကို ဒီမြို့ကနေ ထွက်သွားဖို့ ပြောခဲ့ပါတယ် ဒတ်စ်တာဟာ ဒီမြို့မှာ အာဏာရှိတဲ့ ခြံပိုင်ရှင်ကြီးတစ်ယောက်ဖြစ်ပြီး အရမ်းလည်းလောဘကြီးပါတယ် ဒတ်စ်တာရဲ့လူတွေ ဘောစ့်ရဲ့ တိရစ္ဆာန်အုပ်ကို ပြဿနာလာရှာချိန်မှာ ဘာတွေဆက်ဖြစ်ကြမှာလဲ ဒီမြို့ကနေရော အဆင်ပြေပြေထွက်သွားနိုင်မှာလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်တဲ့အပြင် ရှုခင်းလှလှလေးတွေနဲ့ ...
movie

Open Range (2003)

Nayola (2022) 7
Nayola (2022) Nayola (2022)~ IMDb rating - 7/10 ~ဒီရုပ်ရှင်မှာ အာဖရိက တောင်အလယ်ပိုင်းက အန်ဂိုလာလို့ခေါ်တဲ့ နိုင်ငံလေးက မျိုးဆက်သုံးဆက်သော အမျိုးသမီးတွေကို ဇာတ်ကောင်ပြုထားတယ်။ အန်ဂိုလာက ၁၆ရာစုကနေ ၁၉၇၅အထိ ပေါ်တူဂီကိုလိုနီ နိုင်ငံဖြစ်ခဲ့ဖူးသလို လွတ်လပ်ရေးရပြီး ၁၉၇၅ကနေ ၂၀၀၂အထိ ပြည်တွင်းစစ်ဖြစ်ခဲ့တယ်။ ပြည်တွင်းစစ်က ပြီးသွားပေမဲ့ အဲဒီ၂၀၀၂နောက်ပိုင်း ငြိမ်းသွားကြသလားဆိုတော့ မငြိမ်းဘူး။ သူ့ပြည်နယ်တစ်ခုဖြစ်တဲ့ ကဗင်ဒါမှာ ခွဲထွက်ရေးလုပ်ဖို့လုပ်နေတဲ့ တော်လှန်သူတွေရှိနေတုန်းပဲ။၂၀၀၆မှာတော့ ကဗင်ဒါပြည်လွတ်မြောက်ရေးတပ်ဦးနဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်ခဲ့တယ်။ ဒါပေမဲ့လည်း ကဗင်ဒါခွဲထွက်ရေးပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့က ဒီနေ့ထက်ထိ တော်လှန်နေဆဲပဲ။ ဆိုတော့ အစဉ်မငြိမ်းချမ်းခဲ့တဲ့ နိုင်ငံက မျိုးဆက်သုံးဆက်သောအမျိုးသမီးတွေကို ဇာတ်ကောင်ပြုထားတဲ့ ဒီရုပ်ရှင်မှာ ဒီစစ်အဆက်ဆက်ရဲ့ ဒဏ်ကို တိုင်းသူပြည်သားတွေကို ခံစားခဲ့ရပုံကို ပြထားတယ်။ ဒါပေမဲ့ အဓိကဇာတ်ကောင်တွေက အမျိုးသမီးတွေဆိုတော့ အမျိုးသမီးတွေဘက်ကို ပိုအလေးကဲတယ်။လွတ်လပ်ရေးတိုက်ပွဲမှာ လင်သေသွားတဲ့ အဘွားကြီးရယ်... ပြည်တွင်းစစ်မှာ ယောက်ျားပျောက်သွားခဲ့တဲ့သူ့သမီးရယ်... အမေရောအဖေရောပျောက်သွားတဲ့ ...
movie

Nayola (2022)

The Guard (2011) 7.3
The Guard (2011)  ဒီကားလေးကတော့ Oscar ဆုပေါင်းများစွာရခဲ့တဲ့ Director Martin McDonagh ရဲ့ညီဖြစ်သူ ဇာတ်ညွှန်းဆရာ John McDonagh ကပဲ ရေးသားရိုက်ကူးထားတဲ့ action-comedy ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီကားကတော့ 2012 မှာ IFTA award နဲ့ BAFTA awardတို့ကို ပိုင်ဆိုင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်ဆောင်အနေနဲ့ သရုပ်ဆောင်ခဲ့တာကတော့ Brendan Gleeson ဖြစ်ပြီးတော့ ဇာတ်ညွှန်းဆရာ John McDonagh နောက်အနေနဲ့ ရေးသားတင်ဆက်ထားတဲ့ ရုပ်ရှင် နှစ်ခုမှာ ပါဝင်ခဲ့ပြီးတော့ ဇာတ်ညွှန်းဆရာ Martin McDonagh တင်ဆက်ထားတဲ့ "In Bruges" ထဲမှာလည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။~ ဇာတ်လမ်း အကျဥ်း ~ ဒီကားထဲမှာတော့ Main သရုပ်ဆောင်အနေနဲ့ Brendan Gleeson က ဘယ်အခြေအနေကိုမှအတည်လို့ ရဲစောင့်တစ်ယောက်အနေနဲ့သရုပ်ဖော်ပြထားပါတယ်။ တစ်နေ့မှာ ရဲစောင့်အသစ်ကဌာနကိုရောက်ရှိလာတဲ့နေ့မှာ သူတို့နှစ်ယောက်သား လူသတ်မှုတစ်မှုရဲ့ မှာခင်းကို ...
movie

The Guard (2011)

Coyote’s Deadly Action ( 2023 ) 5.9
Coyote’s Deadly Action ( 2023 ) CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ တရုတ်ပြည်မကြီးမှာ တချိန်တခါက ဖြစ်ပွားခဲ့တဲ့ဂျပန်စစ်အကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ပုဒ်ကို တင်ဆက်ပေးပါရစေ။ဇာတ်လမ်းကတော့ (၁၉၄၃) ခုနှစ်ဂျပန်နဲ့တရုတ်စစ်ဖြစ်နေတာကို ဇာတ်အိမ်တည်ထားပြီးတော့လက်နက်ထုတ်ရမှာအရေးပါအရာရောက်တဲ့ အဖြိုက်နက်သတ္တုတစ်မျိုးကကွန်မြူနစ်ပါတီအဖွဲ့ဝင် ဝမ်ဟွာဦးဆောင် ဖွက်ထားပြီးချန်းလန်ကွန်မန်ဒိုတပ်ဖွဲ့ကနေလိုက်လံကာကွယ်ပေးနေတာပေါ့။ဂျပန်ဘက်ကလည်းအဲ့အဖြိုက်နက်ဖွက်ထားတဲ့နေရာကို သိရဖို့အတွက်ဝမ်ဟွာကိုဖမ်းဆီးကာ မေးမြန်းဖော်ထုတ်ခဲ့ပေမဲ့ ဘာအဖြေမှမရခဲ့ပဲဝမ်ဟွာကတော့ အသက်စတေးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ဝမ်ဟွာဖွဲ့စည်းထားတဲ့ တပ်ဖွဲ့သစ် (၄) တည်နေရာနဲ့အဆက်သွယ်လုပ်ဖို့ရန်အတွက် ချန်းလန်ကွန်မန်ဒိုအဖွဲ့နဲ့ အိုးယန်ပင်း, လုယန်တို့က ပူးပေါင်းရှာဖွေကြတဲ့အခါမှာတော့ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ရူပ်ထွေးလှတဲ့ နိုင်ငံရေးအခြေအနေကြားမှာ ဘယ်လိုတွေပတ်သက်ဆက်နွယ်နေကြမလဲ။ သူတို့ရှာနေတဲ့ အဖြိုက်နက်တည်နေရာကိုကော ရှာတွေ့ကြမှာလား။အစရှိတဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကွက်တွေနဲ့ မေးခွန်းတွေကိုဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , War Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Coyote’s Deadly Action ( 2023 )