Channel Myanmar

Action

The Fight Machine (2022) 6.1
The Fight Machine (2022) ဒီတစ်ခါတော့ Boxing ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်နော် Boxing ဆိုတဲ့အတိုင်း အတိုက်အခိုက် အသတ်အပုတ် Scene တွေအမိုက်စားနဲ့ဇာတ်ကားတစ်ကားပါ Boxing သမားတစ်ယောက်ဖြစ်လာဖို့ မလွယ်သလို Fighter တစ်ယောက်ဖြစ်လာဖို့ဆိုတာ ပိုလို့မလွယ်ပါဘူး တရားမဝင်ကြေးစား လက်ဗလာနဲ့ ထိုးသတ်ကြတယ်ဆိုရင်ရော..........ဇာတ်ကားလေးကတော့ နောက်ခံ Background မတူတဲ့ မိသားစုကနေ ဆင်းသက်လာကြတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ Boxing ကို ဘယ်လို သဘောထားပြီးတော့ဘဝအတွက် ဘယ်လိုတွေရုန်ကန်ကြသလဲဆိုတာနဲ့ Fighter တွေအဖြစ်နဲ့ ကြိုးဝိုင်းထဲမှာဘယ်လိုတွေ ယှဉ်ပြိုင်သတ်ပုတ်ကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦး ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(1.6 GB)/(870 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie

The Fight Machine (2022)

Beast (2022) 5.8
Beast (2022) ကဲ သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ မင်းသားကြီး ဗီဂျေးရဲ့ Beast ကားသစ်လေးလာပါပြီဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကို လုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက်...အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့ သားရဲကြီး ရော(RAW)အေးဂျင့်ဟောင်းဗီရ်ရာဂဗ်.. တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကို စိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်...တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကို အကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့ မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ်...ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက် အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီး ကယ်လို့မရဘူးဖြစ်နေတယ်...အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာ သိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ်...ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာ တစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ....ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေ အများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦးရှင့်... File size…8GB / 3.3GB / 1.5GB Quality…  1080p NF WEBDL / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Beast (2022)

2022
4K HEVC
The Irish Mob (2023)
The Irish Mob (2023) IMDb - 5.3/10 အိုင်ယာလန်နိုင်ငံမှာရှိတဲ့ ဒပ်ဗလင်မြို့ကြီးကို ဗယ်လန်တီနို ဖေဂန် / ဗယ်လ် လို့ခေါ်တဲ့ မူးယစ်ရာဇာဂိုဏ်းခေါင်းဆောင်တစ်ယောက်က အုပ်စိုးနေပါတယ်။ ရာဇဝတ်ဂိုဏ်းကြီးဖြစ်တဲ့အတွက်ကြောင့်လည်း ဂါဒါ လို့ခေါ်တဲ့ အိုင်းရစ်ရဲတပ်ဖွဲ့က သူတို့ခြေလှမ်းမှားမဲ့အချိန်ကို အမြဲတစေစောင့်ကြည့်နေကြတာပါ။ ဒီလိုနဲ့တစ်နေ့မှာတော့ ဗယ်လ်ဆီကိုရောက်လာရမဲ့ မူးယစ်ဆေးတွေကို လမ်းမှာအသိမ်းခံလိုက်ရပြီး ဈေးကွက်ထဲမှာ ပစ္စည်းပျက်မသွားဖို့လိုတဲ့အတွက် ယူရိုငွေ တစ်သန်းနဲ့ ပစ္စည်းအသစ်တွေထပ်မှာဖို့လိုလာခဲ့ပါပြီ။ ဒီလောက်ပိုက်ဆံအများကြီးကို တစုတစည်းထဲ ရနိုင်မဲ့နေရာကို ဗယ်လ်ရဲ့ လက်ရုံးဖြစ်တဲ့ ရေးနိုးကလမ်းပြပေးလိုက်ပြီး၊ အဲဒီနေရာကို ဓားပြတိုက်ကြဖို့အစီအစဉ်တွေချကြပါတော့တယ်။ဒီလိုနဲ့ သေချာစီစဉ်ပြီးတိုက်ခဲ့တဲ့ ဓားပြမှုကနေ ယူရို ၅.၅ သန်းကိုရရှိခဲ့ပြီးနောက်မှာတော့ ဗယ်လ်တစ်ယောက်အာဏာအရှိဆုံးနဲ့ ချမ်းသာဆုံးဂိုဏ်းခေါင်းဆောင်် တစ်ယောက်ဖြစ်လာခဲ့ပြီး ဂါဒါရဲတွေရဲ့ နောက်ယောင်ခံစစ်ဆေးမှုတွေကလည်း ပိုပ်ုကြီးမားလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ ပလ္လုင်နေရာကို ဘယ်လိုကောင်မျိုးမှမလုယူနိုင်ဘူးလို့ထင်နေတဲ့ ‌မူးယစ်ရာဇာ ဗယ်လ်တစ်ယောက် တကယ်ပဲသူ့နေရာကို ဆက်ထိန်းထားနိုင်မလား ရာဇဝတ်လောကမှာဖြစ်တတ်တဲ့အလှည့်အပြောင်းတွေနဲ့ လူတွေရဲ့သဘောသဘာဝကို သေချရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမလို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တဲ့အပြင် ...
movie

The Irish Mob (2023)

League of Gods: The Fall of Sheng ( 2023 ) 6
League of Gods: The Fall of Sheng ( 2023 ) League of god Zhou Destructionရဲ့အဆက် ဒုတိယပိုင်းလေးတင်ဆက်ပေးလိုက်ပါတယ်ပထမအတွဲကဒီစာသာလေးကိုနိပ့်ပြီးဒေါင်းလိုက်ပါဒီအပိုင်းမှာတော့ မိစ္ဆာမိဖုရားသာကျီဟာ ဧကရာဇ်ကျို့ကိုလုံးဝထိန်းချုပ်လိုက်ပြီး မိစ္ဆာဘုရင်ကြီးကိုအသက်သွင်းဖို့ ပြည်သူတွေကိုရက်ရက်စေခိုင်းပြီး သမင်စင်လုထိုင်ကိုအင်တိုက်အားတိုက် တည်ဆောက်ပါတော့တယ်။ သာကျီရဲ့လက်ပါးစေ ရှန်ကုန်းပေါက်က ရွှမ်ကျောက်တုံး(၅)ခုအနက် (၄)ခုကိုစုဆောင်းပြီး နောက်ဆုံးတစ်ခုသာလိုတော့ပါတယ်။နောက်ဆုံးရွှမ်ကျောက်ဟာ ကျီချန်းရဲ့သား လေကျန့်ကျီဖြစ်နေပါတယ်။ လေကျန့်ကျီဟာ ငယ်ကတည်းက ကျုံးနန်တောင်မှာထားပြီး အဲဒီမှာပဲသင်ယူကြီးပြင်းလာခဲ့ရတယ်။ လေကျန့်ကျီဟာ ဆရာ့အမိန့်အရ ကျီချန်ကိုရှီးချီထိ စောင့်ရှောက်ပြီးလိုက်ပို့တဲ့အချိန်မှာ သူတို့သားအဖနှစ်ယောက်ဟာ အခက်အခဲတွေအများကြီးကြုံကြရပြီး လေးနက်တဲ့သားအဖေသံယောဇဉ်ကို ပြန်တည်ဆောက်နိုင်ရုံတင်မကပဲ တူညီတဲ့ရည်ရွယ်ချက်တစ်ခုရှိလာပါတယ်။အဲဒါကတော့ ရက်စက်ပြီးတရားမရှိတဲ့ ဧကရာဇ်ကျို့နဲ့ သာကျီကိုတော်လှန်ပြီး ပြည်သူတွေကိုကပ်ဘေးကနေကယ်တင်ဖို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ကြိုးစားခဲ့တဲ့လမ်းတစ်လျှောက်ကို လူ၊နတ်၊ မိစ္ဆာစုံစုံလင်လင်နဲ့ ဝေဝေဆာဆာတင်ဆက်ထားတာကို အားပေးလိုက်ပါဦးနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

League of Gods: The Fall of Sheng ( 2023 )

Erased (2012) 6.0
Erased (2012)  မစ္စတာ လိုဂန်ဟာ သူ့သမီးနဲ့ အတူ ဘဝတစ်ခုကို ပြန်လည် စတင်ဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ပါ။ ဘယ်ဂျီယံကို ပြောင်းရွှေ့ပြီး အလုပ်လုပ်နေရာကနေ တစ်မနက် သူ့ရုံးကို သွားတဲ့အခါမှာတော့ တစ်ရုံးလုံးမှာ ဘာမှမရှိတော့ဘဲ ရှင်းလင်းနေတာကို တွေ့လိုက်ရပါတယ်။ ဒါဟာ ဘာလို့များလဲ။ မစ္စတာ လိုဂန်တို့ သားအဖ နှစ်ယောက် ဒီကိစ္စကို လိုက်အဖြေရှာရင်း ဘယ်လို အရှုပ်တွေကြားထဲ ပါမိလျက်သား ဖြစ်သွားမလဲ ဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်း အစမှာတင် စိတ်ဝင်စားစရာကောင်းအောင် ဆွဲခေါ်သွားနိုင်ပြီး IMDB rating 6အထိ ရရှိထားတဲ့ Action/ Thriller ဇာတ်ကားကောင်း တစ်ခုပဲ ဖြစ်ပါတယ်။File size…(1.9 GB)/(920 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy ...
movie

Erased (2012)

Medal (2023) 8.3
Medal (2023) Medal 2023 IMDb - 8.4/10ဒီတစ်ခါမှာတော့ အက်ရှင်ကားကောင်းတွေကြိုက်ကြတဲ့ CMရဲ့ ပရိသတ်ကြီးအတွက် rating 8.4 နီးပါးရထားပြီး ဇာတ်လမ်းအပြောင်းအလဲနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အက်ရှင်ကားတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းရဲ့အစမှာဆိုရင် ပန်ဂျဘ်ပြည်နယ်တွေရဲတွေက ရဲအင်အားအများကြီးသုံးပြီး ဂိုဏ်းစတား‌တစ်ယောက်ကို ဖမ်းဖို့ကြိုးစားကြတဲ့မြင်ကွင်းနဲ့ အစပြုထားပါတယ်။ ဖမ်းဖို့ဒီ‌လောက်ထိ ရဲတွေကကြိုးစားရတဲ့ ဂိုဏ်းစတားကတော့ ပန်ဂျဘ်ပြည်နယ်တစ်ခုလုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်နေလို့ပါပဲ။ ဒီဂိုဏ်းစတားဆိုတဲ့သူဟာ ဂိုဏ်းစတားမဖြစ်ခင် အပြေးအားကစားမှာ အရမ်း‌တော်‌ပြီး ရွာကနေမြို့ကို ကျောင်းလာတက်တဲ့ ကျောင်းသားလေးတစ်ယောက်ပါ။ ငယ်ငယ်က မတော်တဆမှုတစ်ခုကြောင့် အကြားအာရုံချွတ်ယွင်းနေတဲ့သူလည်းဖြစ်ပါတယ်။ | သူ့ဘဝရဲ့ တစ်ခုတည်းသော အိပ်မက်က အပြေးပြိုင်ပွဲကနေ ရွှေတံဆိပ်ဆုရချင်တာပါတဲ့...အဲဒီလို အပြေးချန်ပီယံဖြစ်အောင် ကြိုးစား‌နေတဲ့ ရိုးရိုးရှင်းရှင်း အားကစားလေးဘဝကနေ ပြည်နယ်တစ်ခုလုံးက ကြောက်ရတဲ့ဂိုဏ်းစတားတစ်ယောက် ဘယ်လိုဖြစ်လာရတာလဲဆိုတာကို CMပရိသတ်ကြီးက စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ဇာတ်ကောင်စရိုက် အလှည့်အပြောင်းပါတဲ့ ကားတွေကို ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် ဒီအက်ရှင်ကားက လုံးဝပျင်းစေမဲ့ ဇာတ်ကားမျိုးမဟုတ်ဘူးဆိုတာပြောပြရင်း ကြည့်ရှုခံစားပေးကြပါဦးလို့ ...(အညွှန်းနဲ့ဘာသာပြန်ကတော့ YH~Cherry~Zwe~Moon~Yunni တို့ပဲဖြစ်ပါတယ်။) File size…2.5GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard ...
movie

Medal (2023)

2023
The Legion (2020) 5.0
The Legion (2020) ပဉ္စမမြောက် ရောမဧကရာဇ် နီရိုကလောဒီးယပ်စ်ဆီဆာအုပ်ချုပ်နေတဲ့ကာလ အေဒီ၆၂မှာ ရောမအင်ပါယာနယ်နမိတ်ထဲကိုပါသီယမ်တွေ ကျူးကျော်ဝင်ရောက်လာပါတယ်။ဒီအတွက် နီရိုဧကရာဇ်က တပ်နှစ်တပ်ကိုစေလွှတ်ခဲ့ပါတယ်။ဗိုလ်ချုပ်ပေးတဒ်စ်ဦးဆောင်တဲ့ တပ်မကြီးဟာအာမေးနီးယားရဲ့နှင်းတောင်တွေအလယ်မှာ တပ်စခန်းချတယ်။ဗိုလ်ချုပ်ကူဘူလိုရဲ့ တပ်ကတော့ နီရိုဧကရာဇ်ရဲ့အမိန့်အရဆီးရီးယားဘက်မှာ အစောင့်တပ်အနေနဲ့နေပြီးဗိုလ်ချုပ်ပေးတဒ်စ် စစ်ကူတောင်းချိန်ကို စောင့်စားနေရတယ်။ဒီအချိန်မှာ ဗိုလ်ချုပ်ပေးဒ်စ်တို့တပ်စခန်းကနှင်းတောင်တွေအလယ်မှာ ပါသီယမ်တွေရဲ့ ဝိုင်းရံထားခံရပြီးရိက္ခာလမ်းကြောင်းတွေလည်း ဖြတ်တောက်ခံထားရတယ်။ဗိုလ်ချုပ်ကူဘူလိုဆီ စစ်ကူတောင်းဖို့ သတင်းပို့သမားတွေစေလွှတ်ခဲ့ပေမယ့်လည်း လမ်းမှာ ပါသီယမ်သတ်ဖြတ်တာခံရပြီးစစ်ကူတောင်းဖို့ သတင်းစကားမပေးပို့နိုင်ဘူး ဖြစ်ပါတယ်။ပြင်းထန်တဲ့ဆောင်းရာသီလည်း ရောက်တော့မယ့်အချိန်၊ရိက္ခာလည်း ပြတ်တောက်တော့မယ်အချိန်မှာတပ်တစ်ခုလုံးက စစ်သည်ပေါင်းထောင်ချီရဲ့အသက်တွေ၊ဒီတပ်တစ်ခုလုံးရဲ့ကံကြမ္မာဟာ နော်ရန်နို ဆိုတဲ့တပ်သားလေးတစ်ယောက်ရဲ့လက်ထဲကျရောက်သွားပါတယ်။နော်ရန်နိုဟာ စစ်ကူတောင်းခံမယ့် သတင်းစကားကိုအာမေးနီးယားကနေ ဆီးရီးယားက ဗိုလ်ချုပ်ကူဘူလိုဆီပေးပို့ရမှာဖြစ်ပါတယ်။ပါသီယမ်တပ်သားတွေကလည်း အသည်းအသန်လိုက်သတ်နေပြီးနှင်းတောင်အထပ်ထပ်၊ တောထဲအထပ်ထပ်၊တောင်အထပ်ထပ်ခက်ခဲကြမ်းတမ်းတဲ့ ဒီခရီးလမ်းမှာ နော်ရန်နိုဟာဘယ်လိုကြိုးစားသွားမလဲ၊ဘယ်လိုအခက်အခဲတွေ တွေ့ဦးမလဲ၊သူ့ရဲ့တာဝန်ကို ကျေပွန်အောင်အမှုထမ်းနိုင်ပါ့မလား။ဆက်လက်ကြည့်ရှုကြပါဦး။ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကOrika ဖြစ်ပါတယ်။ File size…  1.51 GB /  722 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 36m Genre .....  Action , Comedy Subtitle…. ...
movie

The Legion (2020)

2020
League of Gods: Zhou Destruction I (2023) 6
League of Gods: Zhou Destruction I (2023) ယခုတစ်ခေါက် CM က တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှ န်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။ အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲ ဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကို ဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့ နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာ ကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီး ရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက မြို့စားမင်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းကောကို စစ်ထွက်ခဲ့ပါတယ်။ ကျို့ဝမ်နှင့် မြေခွေးမိစ္ဆာသာကျီတို့ အတူတကွ ကံကြမ္မာကို ဆန့်ကျင်ခဲ့ပါတယ်။လူသား၊ နတ်နှင့် မိစ္ဆာ လောက ၃ ပါးတို့ ပါဝင်နေတဲ့ စစ်ပွဲကြီးမှာ ဘယ်သူကအမှန် ဘယ်သူကအမှား ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။ Quality ...
movie

League of Gods: Zhou Destruction I (2023)

Hunt Club (2022)
Hunt Club (2022) Hunt Club (2022) =============ကက်ဆန်ဒရာဆိုတဲ့ အမျိုးသမီးတစ်ယောက် စားသောက်ဆိုင်မှာ ရည်းစားနဲ့ ရန်ဖြစ်ပြီး ချန်ထားခံရလို့ ဘယ်သွားရမှန်း မသိဖြစ်နေတဲ့အချိန်မှာ ဂျက်ဆန်နဲ့ ကာတာဆိုတဲ့ သားအဖ နှစ်ယောက်နဲ့ဆုံဖြစ်ပါတယ်။ ကက်ဆန်ဒရာလည်း ကာတာတို့နဲ့ ရင်းနှီးသွားပြီး မဲလိုက်ခရီးကို လိုက်ဖို့ခေါ်တာနဲ့ ဒေါ်လာ ၁ သိန်း ရမယ်လို့ ပြောတာမို့ ကက်ဆန်ဒရာလည်း အမဲလိုက်ခရီးကို လိုက်ခဲ့ပါတယ်။ တကယ်တမ်း ကာတာတို့ သားအဖ အမဲလိုက်တယ်ဆိုတာ တိရစ္ဆာန်တွေကို မဟုတ်ဘဲ မိန်းမတွေကို အမဲလိုက်တာ ဖြစ်နေတဲ့အချိန်မှာတော့ ကက်ဆန် ဒရာတစ်ယောက် လူသူမရှိတဲ့ ကျွန်းကြီးမှာ မုဆိုးတွေလက်ထဲက ဘယ်လို လွတ်အောင် ရုန်းကန်ရမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်ကြည့်လိုက်ပါဦး။ဒီဇာတ်ကားကတော့ သာမန်မြင်တွေ့နေကြ ပုံစံမျိုးဖြစ်တဲ့ သူငယ်ချင်းတစ်သိုက် ခရီးထွက်လာ၊ လူသတ်သမားနဲ့တွေ့ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရ၊ ထွက်ပြေးကြ နောက်ဆုံးမှာ မင်းသမီးတစ်ယောက်ပဲ လွတ်သွားဆိုတဲ့ မဲပြားပုဆိုး ဇာတ်လမ်းမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် Low Budget အမျိုးအစားဖြစ်တာမို့ ဇာတ်လမ်းကောင်းသလောက် ပေါ့သွားတဲ့နေရာမျိုးတွေ ရှိပါတယ်။ အများကြီး လုပ်ပြနိုင်ရဲ့သားနဲ့ ဒီအတိုင်း သာမန်လောက်ပဲဆိုတာမျိုးနဲ့ ဇာတ်သိမ်းသွားတာ ကိုတော့သိပ်မကြိုက်ချင်ပါဘူး။ သာမန်အပျင်းပြေပဲ ကြည့်ချင်တယ်ဆိုရင် ဒီကားကိုကြည့်ပါ ...
movie

Hunt Club (2022)

2022
American Fighter (2019) 5.5
American Fighter (2019)  ဇာတ်အိမ်ကို 1980 ဝန်းကျင် အီရန်၊ အီရတ် စစ်ပွဲဖြစ်စဥ်ကာလမှာဇာတ်အိမ်တည်ထားပါတယ်...။ အီရန်မှာ စစ်တွေဖြစ်နေတော့ ပါရှန်သားလေး အလီဟာ အမေရိကန်ကိုပညာသင်ဆုနဲ့ကျောင်းလာတက်တာပေါ့...။အလီရဲ့ မိဘတွေကတော့ အီရန်မှာ ကျန်ခဲ့ပြီး အမေဖြစ်သူကနယ်ခံတပ်တွေ ဖမ်းဆီးတာ ခံလိုက်ရပါတယ်...။မိခင်ကိုပြန်ခေါ်ဖို့အတွက် အစိုးရကိုအကူအညီတောင်းတော့ စစ်ပွဲကာလမို့ဘာမှလုပ်မပေးနိုင်ပါဘူး...။ဒါကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အောက်လမ်းက ခေါ်ဖို့ကြိုးစားပါတော့တယ်...။အဲ့ဒီအတွက် ငွေကလည်း အများကြီးကုန်မှာဆိုတော့ ကောလိပ်ကျောင်းသားအလီတစ်ယောက် ငွေရဖို့အတွက် undergroundထိုးသတ်ပွဲတွေမှာ ဝင်ထိုးပါတော့တယ်...။စစချင်းမှာတော့ နပန်းအခြေခံရှိသူ အလီဟာ ပွဲတွေဆက်တိုက်နိုင်ပြီးငွေရှာလွယ်ကူခဲ့တာပေါ့..။ဒါပေမဲ့ undergroundလောကက အဲ့လောက်မရိုးရှင်းလှဘဲ ပြိုင်ဘက်နဲ့ပွဲစီစဥ်သူပေါင်းစားပြီး အလီကို ဂွင်ဆင်ကြတဲ့အခါမှာတော့....။1980စတိုင်နဲ့ Underground Fighting ထိုးသတ်ပွဲတွေကြည့်ချင်တဲ့သူတွေအတွက်တော့ actionကားကောင်းလေးတစ်ကားပါ...။  File size… 1.60GB / 685MB Quality… Blu-Ray 1080P 5.1CH  / 720p Format…mp4 Duration….1h 38m Genre ….. Action , Biography Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

American Fighter (2019)

King Kong (2005) 7.2
King Kong (2005) King Kong (2005)~ IMDb - 7.2/10, Rotten Tomatoes - 84% ~Directed By "Peter Jackson"" It was Beauty killed the Beast. "ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည်တဲ့။ အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး "ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး" လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ "ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ" တဲ့။ ...
movie

King Kong (2005)

2005
4K HEVC
Spy (2023) 8.3
Spy (2023) Spy 2023 IMDb 8.3/10 Action/Thrillerဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ အက်ရှင်အလန်းစားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် တေလဂူမင်းသားချော Nikhil Siddharth ပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။RAWအဖွဲ့အစည်းလက်အောက်မှာ လုပ်ကိုင်နေတဲ့ လျှို့ဝှက်အေးဂျင့်ဆူဘာ့ရှ်ဟာ စစ်ဆင်ရေးတစ်ခုမှာ သေဆုံးသွားခဲ့ပါတယ်။ အစ်ကိုဖြစ်သူ ဆူဘာ့ရှ်ရဲ့သေဆုံးမှုကို သေချာသိရဖို့အတွက် ညီဖြစ်သူဂျေးဟာ လျှို့ဝှက်အေးဂျင့်လုပ်နေရင်း စုံစမ်းနေခဲ့ပါတယ်။တစ်နေ့မှာတော့ ဂျေး တာဝန်ပေးခံခဲ့ရတဲ့ စစ်ဆင်ရေးတစ်ခုဟာ အစ်ကိုဖြစ်သူဆူဘာ့ရှ် လုပ်ကိုင်ခဲ့တဲ့စစ်ဆင်ရေးဖြစ်နေခဲ့ပါတယ်။ စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာ ဒီကိစ္စဟာ အိန္ဒိယနိုင်ငံရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံသားတွေရဲ့ဘေးကင်းမှုနဲ့လည်း သက်ဆိုင်နေပါတယ်။ ဂျေးတစ်ယောက် ဒီလိုကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ရင်း အစ်ကိုဖြစ်သူရဲ့သေဆုံးမှုကိုပါ စုံစမ်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီစစ်ဆင်ရေးအောင်မြင်သွားမလား။ ဂျေးရဲ့အစ်ကိုကရော ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်ပြီးကြည့်ရှုပေးကြပါဦး။ (အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ Cherry ~ BpL ~ V ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်) File size…7GB / 2.4GB  / 1GB Quality…4k HEVC True WEB DL  / 1080p True WEB DL / 720p Format…mp4 Duration….2h ...
movie

Spy (2023)

2023
4K HEVC
Miraculous: Ladybug & Cat Noir, The Movie (2023) 6.2
Miraculous: Ladybug & Cat Noir, The Movie (2023) Miraculous : Ladybug & Cat Noir, The Movie (2023)ပေါ့ပေါ့ပါးပါး superhero ကာတွန်းလေးတွေကြိုက်တဲ့လူတိုင်းသိကြတဲ့ ပြင်သစ်ဂျပန် ဖက်စပ်လက်ရာလေးဖြစ်တဲ့ Miraculous seriesကြီးရဲ့ movie version ထွက်ရှိလို့လာပါပြီ။ ကလေးကြိုက်ကာတွန်းပီပီ အခွီလေးတွေလည်းပါ အစွမ်းတွေသုံးပြီးချတဲ့ ဝူးရှူးဝါးရှားလေးတွေလည်းပါမှာဆိုတော့ ပိတ်ရက်မှာအပျင်းပြေကြည့်ချင်သူတွေအတွက် ကွက်တိဖြစ်မှာပါ။မယ်ရီနက်ဆိုတဲ့ကောင်မလေးဟာ warming familyကလာတဲ့ အချစ်ခံကောင်မလေးတစ်ယောက် ဒါပေမဲ့ နမော်နမဲ့နဲ့ အမြဲဗရုတ်သုတ်ခရှုပ်ပွနေတတ်တဲ့ ပြဿနာအိုးမလေးဆိုရင်လည်း မမှားပါဘူး။ ပြဿနာနဲ့ သူငယ်ချင်းပေါင်းပေါင်းနေတဲ့ မယ်ရီနက်ကို ပေါင်းရဲတဲ့သူငယ်ချင်းကလည်းမရှိတော့ teenage issueပေါင်းစုံနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကလည်းမရှိ အနိုင်ကျင့်ချင်သူတွေ အပုပ်ချချင်သူတွေလည်း ဒုနဲ့ဒေးပေါ့။မယ်ရီနက်နဲ့ဆန့်ကျင်ဘက်ကမ္ဘာမှာတော့ အေဒရီယန်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါသတဲ့။ အေဒရီယန်ဟာ ဥစ္စာပေါ ရုပ်ချောဖြစ်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ပြီး အပေါင်းအသင်းတွေ ဝိုင်းဝိုင်းလည်နေတဲ့ စော်ကြည်ဘဲလေးပေါ့။ ဒါပေမဲ့ အနေအထိုင်အသွားအလာအကုန်ဆင်ခြင်ပြီးနေရတဲ့ဘဝမှာ ရှင်သန်နေရတဲ့ အပြင် မိဘမေတ္တာငတ်မွတ်နေရတဲ့ ပြီးပြည့်စုံတယ်ထင်ရတဲ့ ဒီလူသားလေးရဲ့ကွက်လပ်ကို ဘယ်သူမှမမြင်ပါဘူး။ အမေဖြစ်သူဆုံးသွားပြီးထဲက အလုပ်ကိုပဲမြင်တော့တဲ့အဖေကြောင့် အေးစက်နေတဲ့ သူဟာလည်း တစ်မျိုးတစ်ဖုံ အထီးကျန်နေပါတော့တယ်။ဒီလိုနဲ့ ...
movie

Miraculous: Ladybug & Cat Noir, The Movie (2023)

2023
Dante’s Inferno: An Animated Epic (2010) 6.5
Dante’s Inferno: An Animated Epic (2010) Dante's Inferno ..............................ဒီကားမထွက်ခင် ဂိမ်းအရင်ထွက်တာဗျဂိမ်းတုန်းကလည်းတော်တော်တော့လို့ကောင်းခဲ့ပါတယ်ဒန်ထေရဲ့ငရဲဆိုတဲ့ဇာတ်လမ်းဟာတကယ်တော့သမ္မာကျမ်းစာပါဇာတ်လမ်းမဟုတ်ဘူးဗျ၁၄ရာစု အီတလီကဗျာဆရာကြီး ဒန်ထေ ‌အလီဂေလွိရေးဖွဲ့တဲ့ကျော်ကြားတဲ့ကဗျာကြီးထဲကဇာတ်လမ်းပါဗုဒ္ဓဘာသာဇာတ်ထုတ်မှာဆိုရင်ရင့်မာတကျိပ်ဇာတ်ထုတ်ထဲကနေမိဇာတ်ထုတ်လိုပဲဗျဒန်ထေဟာ ခရစ်ယာန်ငရဲကြီးကိုးထပ်ကိုဖြတ်ကျော်ပြီး ချစ်သူကိုပြန်ကယ်တဲ့ဇာတ်လမ်းပါ ဒီကာတွန်းမှာထူးဆန်းတာကဇာတ်ဝင်ခန်းတခုနဲ့တခုပုံတွေမတူဘူးဗျအဲ့တချက်တော့ကြည့်ရတာတမျိုးပဲ IMDbမှာ‌တော့ 6.9/10ထိရထားပါတယ်  File size…  1.33GB /  781 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 29m Genre .....  Action , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr. Nyan
movie

Dante’s Inferno: An Animated Epic (2010)

2010
Mission: Impossible – Fallout (2018) 7.7
Mission: Impossible – Fallout (2018) Mission: Impossible VI - Fallout (2018)=============================IMDb Rating 7.7/10MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ ...
movie

Mission: Impossible – Fallout (2018)

2018
4K HEVC IMAX
Mission: Impossible – Ghost Protocol (2011) 7.4
Mission: Impossible – Ghost Protocol (2011) Mission: Impossible - Ghost Protocol (2011) ================================ IMDb Rating 7.4/10ကျွန်တော်တို့ဘဝမှာ No Plan,No Backup,No Choice အခြေအနေဖြစ်နေတဲ့ အခက်အခဲတွေကိုကြုံ ဖူးကြမှာပါ၊ ဒီဇာတ်ကားထဲကလိုပေါ့။ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတွေထဲမှာ Mission Impossible ဇာတ်ကားတွေလည်း ပါပါတယ်။ Mission Impossible ဇာတ်ကားတိုင်းဟာ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်း ဇာတ်ကွက်၊ မရိုးနိုင်တဲ့စွန့်စားခန်းတွေနဲ့ ရုံဝင်ငွေကိုဦးဆောင်နိုင်ခဲ့တာချည်းပါပဲ။ဇာတ်လမ်းအကျဉ်းကတော့...အကြမ်းဖက်သမားတွေ ကရင်မလင် နန်းတော်ကို ဗုံးခွဲရာမှာ မတားဆီးနိုင်ခဲ့တာကြောင့် IMF အေးဂျင့်တွေဖြစ်တဲ့ အီသန်ဟန့်နဲ့ ထောက်လှမ်းရေး အေဂျင်စီ တစ်ဖွဲ့လုံး နုတ်ထွက်လိုက်ရပါတယ်။အဖွဲ့အစည်း အထောက်အပံ့ မရတော့ပေမယ့် အီသန်ဟန့်တစ်ယောက် လက်မလျှော့ဘဲ သူ့နာမည်နဲ့  သူတို့အေဂျင်စီ ဂုဏ်သတင်းကို ကာကွယ်ဖို့နဲ့ နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်ဖြစ်မလာဖို့ အားကုန်ရုန်းပါတော့တယ်။ဒါပေမယ့် သူတို့အဖွဲ့မှာ သူနဲ့ရည်မှန်းချက်မတူတဲ့လူတွေလဲပါဝင်နေတာကြောင့် မှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့ IMF တစ်ဖွဲ့လုံးကို ပြန်လည်ကယ်တင်နိုင်မလားဆိုတာကတော့...။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(10 GB)/(1.5 GB)/(1.1 GB) Quality….BluRay ...
movie

Mission: Impossible – Ghost Protocol (2011)

2000
4K HEVC
Mission: Impossible III (2006) 6.9
Mission: Impossible III (2006) 2828Mission: Impossible III (2006)=======================IMDb Rating 6.9/10ဒီထဲမှာတော့ အီသန်ဟန့်တစ်ယောက် IMF Agent အသစ်တွေကို ထရိန်းဖို့ Agent ဘဝကနေ အနားယူခဲ့ပေမယ့်လက်နက်မှောင်ခိုရောင်းဝယ်ရေးအရှုပ်ထုပ်အတွင်းမှာ သူ့ချစ်သူကို လိုက်ကယ်ရတဲ့ Mission ကို မြင်တွေ့ရမှာပါ...ထုံးစံအတိုင်း ရှေ့က ၂ ကားရဲ့ ရသကို မီခဲ့တဲ့အပြင် ဒီဇာတ်ကားက တော်တော်လေးကြမ်းတမ်းတဲ့ လှည့်ကွက်တွေနဲ့ ဟင်ခနဲ ဟာခနဲဖြစ်ရတဲ့ MI ဇာတ်ကားပါပဲ...ဒါကြောင့်လဲ နံပါတ် ၃ ကားမြှောက်ဇာတ်ကားဆိုပေမယ့် တစ်ချက်လေးမှ ပေါ့ရွှတ်မနေခဲ့ဘဲ Rating မြင့် အက်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(9 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:05:24 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by d3mon
movie

Mission: Impossible III (2006)

2006
4K HEVC