Channel Myanmar

Action

Dragon Fight (1989) 5.9
Dragon Fight (1989) Dragon Fight (1989)ခင်ဗျားတို့ ကလေးဘဝကို ပြန်တွေးကြည့်ရင် အဓိကပေါ်လာမယ့် တရုတ်မင်းသားတွေဆို ဂျက်လီ၊ ဂျက်ကီချမ်းနဲ့ စတီဖင်ချောင်ပဲရှိတယ်မလား။ သူတို့၃ယောက်ဟာ ဒီနိုင်ငံမှာ ဗီစီဒီခေတ်ကတည်းက လူတွင်ကျယ်လုပ်ခဲ့ကြသလို တခြားနိုင်ငံတွေအထိလည်း ထိုးဖောက်နိုင်ခဲ့တဲ့သူတွေပါပဲ။ ဂျက်လီနဲ့ ဂျက်ကီချမ်းဟာ The Forbidden Kingdom (2008) မှာမှ စတွဲရိုက်ဖြစ်ပေမဲ့ ချောင်နဲ့ ဂျက်လီကတော့ 1989 ကတည်းက အခုကားနဲ့ တွဲရိုက်ဖြစ်ခဲ့ပါတယ်။ ဂျက်ကီချမ်းနဲ့ ချောင်ကတော့ King of Comedy (1999) မှာ ဆုံဖူးသလို Gorgeous (1999) မှာလည်း ဆုံဖူးပါတယ်။ The Founding of a Republic (2009) ဆိုတဲ့ ပေါ်လစီကားမှာတော့ ၃ယောက်စလုံးပါပေမဲ့ ဘောင်မဝင်လို့ ထည့်မတွက်တော့ပါဘူး။Dragon Fight (1989) မှာတော့ ဂျက်လီဟာ သူ့ဟန်အတိုင်း လူရိုးလူအ ကွန်ဖူးတော်တဲ့ကောင်နေရာက ...
movie

Dragon Fight (1989)

1989
Robbing Mussolini (2022) 5.4
Robbing Mussolini (2022) Robbing Mussolini (2022)(1080p ရပါပြီ)မြူးမြူးလေးနဲ့ ရင်သပ်ရှုမောဖွယ် အက်ရှင်ဇာတ်ကားကောင်းလေး တစ်ပုဒ်ကို လိုအပ်နေတဲ့ ရုပ်ရှင်ချစ်သူတို့အတွက် ဒီဇာတ်ကားလေးကို ညွှန်းလိုက်ပါရစေ။ဒုတိယကမ္ဘာစစ်ကြီး ပြီးကာစ မီလန်မြို့လေးမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ခုပါ။စစ်ပွဲအတွက် သုံးဖို့ အီတလီနိုင်ငံသားတွေ ပေးထားတဲ့ နှစ် ၂၀ ကျော်က ရတနာပစ္စည်းတွေကို ဖက်ဆစ်ခေါင်းဆောင် မူဆိုလီနီတို့က သိမ်းယူထားခဲ့တယ်။ အဲ့ဒါကို သိသွားတဲ့ မှောင်ခိုသမားလေး ပီအဲထရို တစ်ယောက် စီမံကိန်းကြီး အကြီးကြီးကို ချလိုက်တယ်။အဲ့ဒါကတော့ "Robbing Mussolini" မူဆိုလီနီကို ဓါးပြတိုက်ဖို့ပဲ ဖြစ်ပါတယ်။ပီအဲထရိုရဲ့ ချစ်သူ အီဘုန်းက မူဆိုလီနီရဲ့ အယုံကြည်ရဆုံး အရာရှိတစ်ဦးရဲ့ အငယ်အနှောင်းအဖြစ် နေခဲ့တယ်။ ဒီစီမံကိန်းကြီးမှာ ပီအဲထရိုတို့အဖွဲ့က လူ ၃ ယောက်ထပ်လိုခဲ့တယ်။ သူခိုးတစ်ယောက် ဖောက်ခွဲရေးကျွမ်းကျင် တစ်ယောက်နဲ့ ကားမောင်းကျွမ်းကျင်တစ်ယောက်။မူဆိုလီနီတို့ ဖက်ဆစ်အုပ်စုကလည်း အီတလီကနေ ထွက်ပြေးတော့မယ့် အနေအထားမှာ ...
movie

Robbing Mussolini (2022)

2022
True Lies(1994) 7.2
True Lies(1994) True Lies(1994)*************** Harry Tasker ဆိုတာက ချစ်ဇနီး Helen ရဲ့ အိမ်ဦးနတ် .......သမီးလေး Dana ရဲ့ ချစ်ဖေဖေ... ဝါရှင်တန်ဒီစီ ရဲ့ တစ်နေရာ ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်တဲ့ ကွန်ပြူတာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ အရောင်းကိုယ်စားလှယ်တစ်ဦး... ဒါကတော့ လူတွေသိထားတဲ့ Harry Tasker အကြောင်းပါ... အမှန်ကတော့.... Harry ဟာ United State ကို ခြိမ်းခြောက်လာတဲ့ အန္တရာယ်တွေကို နှိမ်နင်းပေးရတဲ့ လျို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ အေးဂျင့်တစ်ဦးပါ... Harry ဟာ အေးဂျင့်တစ်ဦးဖြစ်နေတော့ ဇနီးကို ဂရုစိုက်ချိန်မရ.. . ဇနီးဖြစ်သူ Helen ကလဲ ကြာတော့ အထီးကျန်ပြီး Simon လို့ခေါ်တဲ့ ကားအရောင်းဝန်ထမ်းတစ်ဦးနဲ့ ပတ်သက်ပါတော့တယ်.. .ဒါကို ရိပ်မိတဲ့ Harry က ဇနီး နဲ့ ပတ်သက်နေတဲ့ ယောကျာ်းကို စောင့်ကြည့်ဖို့ အဖွဲ့အစည်းရဲ့ လျို့ဝှက်ကိရိယာကို အသုံးပြုခဲ့ပါတယ်.. . ဇနီးအပူမိနေတုန်းမှာဘဲ US ကို ခြိမ်းခြောက်လာတဲ့ ပြဿနာကြီးပေါ်လာပါတော့တယ်...  ပြသနာအားလုံးကို အာနိုးကြီးဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး File Size…(3.4GB)(1.7GB)&(409MB) Quality…BluRay ...
movie

True Lies(1994)

1994
Deep Sea Escape ( 2022 ) 5.9
Deep Sea Escape ( 2022 ) ဒီနေ့မှာတော့ CM က ပရိသတ်ကြီးကို ၂၀၂၂ ထွက် Chinese Adventure သည်းထိတ်ရင်ဖို ဇာတ်ကားလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင် ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့ -“အဏ္ဏဝါဇီဝဗေဒ သုတေသီတစ်ဦးဖြစ်တဲ့ ဇီရွှမ်းဟာ စမ်းသပ်မှုလုပ်နေစဥ်အတွင်းမှာပဲ သူစမ်းသပ်မှု ပြုလုပ်နေတဲ့ ရေပုတ်သင်ကြီးဟာ ပြောင်းလဲမှုတွေ ဖြစ်ပွားလာခဲ့ပြီး လူတွေကို တိုက်ခိုက်လာခဲ့ပါတော့တယ် သူမဟာ ရေပုတ်သင်ကြီးရဲ့ လက်အောက်ကနေ လွတ်မြောက်လာခဲ့ပြီး တစ်ချိန်ထဲမှာပဲ သူမရဲ့ အဖေဟာ လူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ ထူးဆန်းစွာပျောက်ကွယ်သွားခဲ့ပါတော့တယ် အဲဒီ နောက်မှာတော့ သူမအဖေနဲ့ သူမကို တိုက်ခိုက်ခဲ့တဲ့ ရေပုတ်သင်ကြီးရဲ့ တည်နေရာကို စုံစမ်းစစ်ဆေးဖို့ သင်္ဘောတစ်စင်းနဲ့အတူ ကျွန်းပေါ်ကို ထွက်ခွာလာခဲ့ပါတယ်သူမစီးနင်းလိုက်ပါလာခဲ့တဲ့ သင်္ဘောပေါ်မှာ လူများက ကိုယ်စီ စိုးရိမ်ပူပန်မှုများနဲ့အတူ ကိုယ်စီအကျင့်စရိုက်များက ရှိလို့နေပါတယ် သင်္ဘောထွက်ခွာရာလမ်းကြောင်းမှာတော့ လုံးဝကို ပုံစံပြောင်းသွားပြီဖြစ်တဲ့ ရေပုတ်သင် မကောင်းဆိုးဝါးကြီးနဲ့ ထပ်မံဆုံတွေ့ခဲ့တဲ့ အချိန်မှာတော့ လိုက်ပါလာသူ လူတစ်ချို့ဟာ ကျွန်းပေါ်ကို ထွက်ပြေးကြပါတော့တယ် အဲဒီနောက်မှာတော့ အဏ္ဏဝါဇီဝဗေဒ သုတေသီတစ်ဦးဖြစ်တဲ့ ဇီရွှမ်းတစ်ယောက်-❏ သူ့အဖေနဲ့ ပတ်သတ်တဲ့ သဲလွန်စတွေကို တွေ့ရှိနိုင်ပါ့မလား? ❏ ဗီဇပြောင်းလဲချင်းဆိုင်ရာ သဲလွန်စတွေကိုရော သူရှာဖွေနိုင်ပါ့မလား? ❏ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ပြီး သူတို့တွေ လွတ်မြောက်နိုင်ပါ့မလား? ဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ...
movie

Deep Sea Escape ( 2022 )

Fast Escape ( 2022 ) 5.6
Fast Escape ( 2022 ) လူတွေရဲ့ဘာမှမဖြစ်လောက်ပါဘူးဆိုတဲ့ အတွေးလေးနဲ့ ကျူးလွန်မိတဲ့ပေါ့ဆမှုအမှားဟာ ဘယ်လောက်ထိဒုက္ခရောက်စေနိုင်လဲ?စစ်သားဟောင်းကြီးတစ်ယောက်ဖြစ်တဲ့ရှောင်းဖုန်းနဲ့ သူငယ်ချင်းတစ်စုဟာကျောင်းသားဟောင်းတွေ့ဆုံပွဲလုပ်နေကြတယ်။ သူတို့အနီးနားမှာ ဆီဘောက်ဆာကားကိုကားဆရာက စည်းမဲ့ကမ်းမဲ့ရပ်ထားမိတဲ့အတွက်ကြောင့် မတော်တဆဆီယိုစိမ့်ပြီး အဆိပ်ဓာတ်ငွေ့တွေပြန့်သွားပါတယ်။ လေထုထပ်သိပ်သည်းစများတဲ့ အဆိပ်ဓာတ်ငွေ့တွေကြောင့် လူတွေဟာတိုက်အိမ်တွေရဲ့အမြင့်နေရာကိုတက်ပြီး ကယ်ဆယ်ရေးကိုစောင့်မျှော်ကြရတယ်။စစ်သားဟောင်းကြီးရှောင်းဖုန်းနဲ့ သူ့ရဲ့မတွေ့တာ၃နှစ်ကြာတဲ့ ချစ်သူဟောင်း ဆရာဝန်မလေးစူးယွဲ့ဟာ လူတွေလွတ်မြောက်ဖို့ကူညီဖို့ဆုံးဖြတ်လိုက်ကြတယ်။ အများပြည်သူကိုကယ်ဖို့အတွက်နဲ့ သူတို့ရဲ့လွတ်မြောက်ခွင့်တွေကိုလက်လွှတ်လိုက်ရတယ်။ သူတို့၂ယောက်ဟာ အဆုံးထိလျှောက်လှမ်းနိုင်ပါ့မလား ဆိုတာကို ရင်တစ်ထိတ်ထိတ်ကြည့်ရမယ့်အပြင် အန္တရာယ်တွေကြားကသူတွေတို့သံယောဇဉ်ချစ်ခြင်းလေးတွေက ဘယ်လိုဖြစ်လာမလဲဆိုတဲ့ ဒရာမာလေးပါခံစားကြည့်ရှုရမှာပါ။ သဲထိတ်ရင်ဖို ကယ်ဆယ်ရေးဇာတ်လမ်းလေးတွေ နှစ်သက်သူလေးတွေ လက်မလွှတ်သင့်တဲ့ကားလေးပဲနော် .. Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Action Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Fast Escape ( 2022 )

Ashiap Man (2022) 5
Ashiap Man (2022) Ashiap Man (2022)"ကောင်လေး ရေပို့ပေးပါဦး" "အဆင်သင့်ပဲဗျို့" "ကောင်လေး ခေါင်မိုးလေးပြင်ပေးပါဦး" "အဆင်သင့်ပဲ"လူတွေကိုကူညီဖို့ဆိုရင် အသင့်လူသား(Ashiap Man)က အမြဲတမ်းအဆင်သင့်ရှိနေပါတယ်။ ငယ်ငယ်လေးတည်းက မိဘရဲ့ဆုံးမသွန်သင်မှုကြောင့် လူတကာကိုကူညီတတ်သူ၊ သာမန်လူတစ်ယောက်လို ဉာဏ်ရည်ဉာဏ်သွေးမျိုးမရှိပေမယ့် ကိုယ်ချစ်တဲ့သူတွေကိုတော့ အမြဲတမ်းကာကွယ်ပေးချင်တဲ့သူ၊ လူစွမ်းကောင်းဖြစ်ဖို့ကိုရူးသွပ်ပြီး သူ့ရဲ့အစွမ်းတွေနဲ့ လူတွေကိုကူညီဖို့အမြဲတမ်းအဆင်သင့်ရှိနေသူ အသင့်လူသားတစ်ဖြစ်လည်း ဇူးဟာဆိုရင် ငယ်ရွယ်စဉ်ကတည်း အများအကျိုးကိုသယ်ပိုးဖို့ ဆန္ဒပြင်းပြခဲ့သူပါ။သူကိုယ်တိုင် ဆန္ဒပြင်းပြသလိုပဲ သူ့တစ်ရွာလုံးဟာဆိုရင်လည်း သူ့အပေါ်ယုံကြည်ကိုးစားပြီး ချစ်ခင်ခြင်းကိုခံရသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့သူတို့နေတဲ့ရွာကို မိန်းကလေးတစ်ယောက်ရောက်လာပြီး အဲ့ဒီမိန်းကလေးကို ဇူးတစ်ယောက်သဘောကျမိပါတော့တယ်။ တစ်ဖက်မှာလည်း သူတို့ရွာနေရာမှာ အိမ်ရာစီမံကိန်းကိုအကောင်အထည်ဖော်ဖို့ ရွာသားတွေကိုဖိအားပေးနှင်ထုတ်ခံရတဲ့အခါမှာတော့ အမြဲတမ်းအဆင်သင့်ရှိခဲ့တဲ့အသင့်လူသား ဘယ်လိုမျိုးရွာကိုကာကွယ်ပေးသွားမလဲ။ဒီမိန်းကလေးရဲ့နောက်ကြောင်းကရော ဘာတွေရှိနေမလဲ?ဇူးတစ်ယောက် လူစွမ်းကောင်းဖြစ်ဖို့ ကြိုးစားပုံတွေ သူ့ရဲ့ရပ်ရွာကို ဘယ်လောက်အထိချစ်တယ်ဆိုတာတွေ သူချစ်တဲ့သူတွေအတွက် ဘယ်လောက်အထိအသင့်ရှိလဲဆိုတာတွေကို ပေါ့ပေါ့ပါးပါးမိသားစုရုပ်ရှင်တစ်ခုအဖြစ် ကြည့်ရှုခံစားရမယ့် အင်ဒိုနီးရှားဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က APP ပါ။)File Size          : 1.8GB, 806MB, 422MB Quality      ...
movie

Ashiap Man (2022)

2022
Savage Salvation (2022)
Savage Salvation (2022) Savage Salvation (2022)Robert De Niro နဲ့ John Malkovich တို့လို အကျော်အမော်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါ။ Action Thriller ကားအနေနဲ့ဆို ဒီကားက ကြည့်လို့တော့ ကောင်းပါတယ်။ ပြဿနာက De Niro ဝင်သရုပ်ဆောင်ရမယ့် ကားတော့ ဟုတ်မနေပါဘူး။ မင်းသမီးကတော့ Willa Fitzgerald ဆိုတဲ့ အချောလေးပါပဲ။ သူရဲ့ခပ်လန်းလန်း အခန်းတွေလည်း ပါတာမို့ တော်တော်တန်တဲ့ကားပေါ့။ ဒီမင်းသမီးဟာ Reacher ဇာတ်လမ်းတွဲမှာ ပါဖူးပါတယ်။ မင်းသား Jack Huston ကတော့ House of Gucci ထဲမှာ ပါဖူးပါတယ်။ဇာတ်လမ်းကတော့ နယ်မြို့လေးတစ်မြို့က ရဲအရာရှိဖြစ်တဲ့ ဒီနဲရိုးရဲ့ဇာတ်ကောင်ရယ်၊ ဆေးသမားလင်မယားဖြစ်တဲ့ မင်းသားနဲ့မင်းသမီးရယ်၊ မင်းသမီးရဲ့ခဲအိုဖြစ်တဲ့ John Malkovich တို့ရဲ့ကြားမှာ ဖြစ်နေပျက်နေတဲ့ အကြောင်းအရာတစ်ခုနဲ့တည်ထားတာပါ။ ဘာအကြောင်းအရာလဲတော့ မပြောပြတော့ပါဘူး။ စပွိုင်လာမိမှာ ...
movie

Savage Salvation (2022)

2022
Murloc ( 2022 ) 5.9
Murloc ( 2022 ) လူတစ်ပိုင်းငါးတစ်ပိုင်း ရေသူမျိုးတွေဆိုတာပင်လယ်ရေနက်ပိုင်းမှာ ကျင်လည်ကျက်စားကြသူတွေပါ။ ပင်လယ်ရဲ့ဂေဟစနစ်ချို့ယွင်းလာမှုကြောင့် ​နေရာပြောင်းရွှေ့လာရင်း ရေတိမ်ပိုင်းကိုရောက်ရှိလာပါတယ်။ ရေတိမ်ပိုင်းကိုရောက်လာတဲ့ရေသူတွေဟာ ငါးဖမ်းလှေတွေကိုဒုက္ခပေးတဲ့ကြောက်စရာအန္တရာယ်ဆိုးကြီးဖြစ်လာပါတော့တယ်။ လှေပေါ်ရှိလူအကုန်ကိုကိုက်သတ်ပစ်တဲ့အထိ ရေသူတွေဟာအင်အားကြီးနေခဲ့ပါတယ်။ဒါပေမဲ့လည်း လူသားတွေလောက်ဉာဏ်များတဲ့သတ္တဝါမရှိတာကြောင့် အင်အားကြီးမားတဲ့ရေသူဟာလည်း အဖမ်းခံရ​ပြီးအစမ်းသပ်ခံဘဝကိုရောက်ရတာလည်းရှိပါတယ်။ဟန်ဟောက် ဟာပင်လယ်ဆိပ်ကမ်းမှာအလုပ်လုပ်တဲ့သူဖြစ်ပြီး အ​ဖေတစ်ခုသားတစ်ခုဘဝနဲ့ စကားမပြောတတ်တဲ့သားလေးကိုစောင့်ရှောက်နေသူပါ။ တစ်နေ့မှာ အကြွေးလိုက်တောင်းရင်း ရေသူကိုတင်ထားတဲ့ကားကိုမောင်းမိလျက်သားဖြစ်သွားပါတယ်။ လမ်းမှာမတော်တဆမှုဖြစ်ပြီး ကားလည်းမှောက် လူလည်းသတိမေ့သွားခဲ့ရာက ပြန်နိုးလာတဲ့အခါ ဘယ်နေရာကိုရောက်နေမှန်းမသိတဲ့အပြင် သားလေးကပါဘေးမှာမရှိတဲ့အခါ။ အဲ့အချိန်မှာ သားလေးကတော့ ရေသူကိုစမ်းသပ်တဲ့ လျို့ဝှက်ဓာတ်ခွဲခန်းထဲမှာပိတ်မိနေခဲ့ပါတယ်။ ဖြစ်ချင်တော့ ဓာတ်ခွဲခန်းထဲကရေသူဟာလည်း မတော်တဆတစ်ခုဖြစ်တုန်း ထွက်ပြေးသွားခဲ့ပါတယ်။သားဖြစ်သူကိုရှာဖွေကယ်တင်ဖို့ကြိုးစားရင်း မထင်မှတ်ထားတဲ့အဖြစ်တွေကြုံလာရတဲ့အခါ... ဟန်ဟောက်တစ်ယောက် ရေသူအန္တရာယ်ကိုကျော်လွှားနိုင်ပြီး သားဖြစ်သူကိုကယ်တင်နိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာမို့ သတ္တဝါဆန်းတွေနဲ့တိုက်ခိုက်ရတဲဇာတ်လမ်းတွေကို ​ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တို့အတွက် လက်မလွှတ်တမ်းကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Action Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Murloc ( 2022 )

2025: Blood, White & Blue (2022) 4.3
2025: Blood, White & Blue (2022) 2025: Blood, White & Blue (2022) =========================ဘီလ်ဝေလ်ဆင် ဆိုတဲ့ အေးဂျင့်တစ်ယောက်က သူလျိုလုပ်ပြီး ကာတယ်ခေါင်းဆောင်တစ်ယောက်ကို ဖမ်းဆီးလိုက်ပြီးတဲ့နောက် ဘီလ်ရဲ့ မိသားစုတစ်စုလုံး ပစ်မှတ်အထားခံလိုက်ရတဲ့အကြောင်းကို ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ဟုမ်းလမ်းလုံခြုံရေးအဖွဲ့က အခြားစစ်ရေးအဖွဲဲ့တစ်ဖွဲ့နဲ့ပေါင်းပြီး ကာတယ် ဆိုတဲ့ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းရဲ့ ခေါင်းဆောင်ကိုအစီအစဉ် သေချာဆွဲပြီးဖမ်းဖို့လုပ်တယ်၊ အဲမှာ ဘီလ် ဆိုတဲ့ အေးဂျင့်တစ်ယောက်က သူလျိုအနေနဲ့ ကာတယ်တွေနေတဲ့နေရာထဲကိုဝင်ပြီး စီစဉ်ထားတဲ့အတိုင်း လုပ်လိုက်တာ စစ်ဆင်ရေးကြီးအောင်မြင်သွားရော၊ မူးယစ်ဂိုဏ်းဆိုတော့ မူးယစ်ဆေးတွေနဲ့ ပိုက်ဆံတွေအများကြီးသိမ်းစည်းရမိတာပေါ့လေ။အဲဒီနောက် တစ်ရက်နှစ်ရက်နေတော့ the Purge ဆိုတဲ့ ဥပဒေမဲ့သတ်ဖြတ်ခွင့် ရှိတဲ့ညကိုရောက်လာရော၊ ဘီလ် ကတော့ သူ့အိမ်ကို ခြံစည်းရိုးတွေဘာတွေနဲ့ သေသေချာချာ လုံခြုံအောင်လုပ်ထားပေမယ့် သူမသိလိုက်တာက သူနဲ့သိကျွမ်းတဲ့ အီဒင် ဆိုတဲ့လူက သူ့အိမ်မှာ သိမ်းစည်းရမိတဲ့ မူးယစ်ဆေးတွေနဲ့ ပိုက်ဆံတွေ အကြောင်းကြားသိပြီး၊ အဲ့နေ့ညမှာဓားပြတိုက်ပြီးယူမယ်ဆိုတာပါပဲ၊ ဖြစ်ချင်တော့ ဘီလ်ရဲ့မိသားစုကလည်း ဘီလ်ရဲ့ အိမ်မှာ ညစာလာစားတဲ့အပြင် ဘီလ်ရဲ့ လုပ်ဖော် ကိုင်ဖက်ဖြစ်တဲ့ ဒယ်လ် ကပါ သူ့အိမ်မှာတစ်ညလာနေဖို့ရောက်လာပါလေရော။ အဲညမှာ အီဒင် စီစဉ်ထားတဲ့အတိုင်း ဖြစ်သွားမလား နောက်ဘာများဆက်ဖြစ်မလဲ ဆိုတာ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett ...
movie

2025: Blood, White & Blue (2022)

2022
The Young Master (1980) 7.1
The Young Master (1980) The Young Master (1980)~ IMDb - 7.1/10, Rotten Tomatoes - 79% ~ဂျက်ကီချမ်းကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်းကူရေး သရုပ်ဆောင်ထားတဲ့ Classics ကားပေါ့။ သူ ဒါရိုက်တာစလုပ်တဲ့ ဒုတိယကားဆိုလည်း ဟုတ်တယ်။ ပထမကားကတော့ The Fearless Hyena တဲ့။ သိပ်တော့မကောင်းခဲ့ဘူး။ ဒီကားကတော့ အများကြီးပိုတိုးတက်လာခဲ့ပုံပါပဲ။သူ့ဇာတ်က တရုတ်ရိုးရာ ခြင်္သေ့အကကတာကနေ အခြေပြုထားတယ်။ ဒီနောက် ပြဿနာတွေတက် သူ့ဆရာက သူ့အစ်ကိုနဲ့ရန်ဖြစ်ပြီး ထွက်သွား နည်းနည်းတော့ဇာတ်နာတဲ့ဟန်နဲ့ပေါ့။ သူက သူ့အစ်ကိုနောက်လိုက်ပြီး သွားပြန်ခေါ်ဖို့လုပ်ရာက‌နေ ဟာသတွေ စလာတယ်ပြောရမှာပဲ။ နောက်ပိုင်းအဆုံးထိ ဘော့စ်နဲ့တိုက်တဲ့အခန်းအထိ ဟာသတွေရဲ့အရှိန်ဟာ တက်ပြီးရင်းတက်လာခဲ့တယ်။ ပြောရရင် ဂျက်ကီချမ်း အငွေ့အသက်အပြည့်ရတဲ့ အက်ရှင်ဟာသကားပေါ့။ သူ့ရဲ့ အကောင်းဆုံးကားတွေကို စာရင်းလုပ်ရင် ဒီကားက ၁ကနေ ၁၀အတွင်း တစ်နေရာရာမှာတော့ရှိနေမယ်ထင်ရတာပါပဲ။စိတ်မကောင်းစရာကတော့ ဒီကားရဲ့ ၃နာရီဗားရှင်းဟာ ...
movie

The Young Master (1980)

1980
Sand Castle(2017) 6.9
Sand Castle(2017) Sand Castle(2017)***************ရည်မှန်းချက်ကြီးကြီးမားမားမရှိဘဲ တက္ကသိုလ်တက်ဖို့ ငွေမရှိလို့ စစ်တပ်ထဲ ဝင်လာရပြီး၊အီရတ်စစ်ပွဲကို မလိုက်ချင်တဲ့အတွက် ကိုယ့်လက်ကိုပြန်ချိုးနေတဲ့ အမေရိကန်စစ်သားလေး  တစ်ယောက်ရှိတယ်..အီရတ်စစ်မြေပြင်ဆိုတာကလည်း သိတဲ့အတိုင်း အရပ်သားနဲ့ ရန်သူမကွဲဘဲပစ်ချင်တဲ့သူက ပစ်သတ်နေတာဆိုတော့ အဲ့ဒီမှာ တာဝန်ထမ်းဆောင်တဲ့ စစ်သားတွေအတွက် အချိန်မရွေးအသက်ပျောက်နိုင်တဲ့အနေအထားပါ..သို့ပေမဲ့လည်း ဒီစစ်သားလေးဟာ အီရတ်စစ်တလင်းကိုရောက်ရှိသွားခဲ့တယ်..တကယ်စစ်မြေပြင်ရောက်တဲ့အခါမှာတော့ သူဘယ်လိုတွေကြုံရမလဲ..အသက်ရောရှင်ပါ့မလား..အီရတ်တွေနဲ့ မြေပြင်မှာ တကယ်တွေ့ကြုံရတဲ့အခါမှာ သူအမြင်တွေဘယ်လိုရှိမလဲ..File Size : (2.1GB)(834MB) and (230 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:53:00 Genre : Action ,War ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae 
movie

Sand Castle(2017)

Out for Justice(1991) 7.0
Out for Justice(1991) Out for Justice(1991)*******************90s kid တို့ရဲ့ အသည်းကျော် Steven Segal ရဲ့ အက်ရှင်ကားကြမ်းကြမ်းကြီး တင်ဆက်ပေးလိုက်ပါတယ်..၂၀ ရာစုတလျှောက် ဘရွတ်ကလင်မြို့မှာ ဂိုဏ်းစတားတွေကိုယ့်နယ်နမိတ်နဲ့ကိုယ် ကြီးစိုးကျင်လည်ကြတဲ့အချိန်ပေါ့ဂျီနိုဆိုတဲ့ကောင်လေးဟာ သူ့အဖေကိုသိပ်အားကျတဲ့သူ...တစ်ရက်မှာ သူ့အဖေဟာ စတိုးတစ်ခုထဲက သူခိုးတစ်ယောက်ကို အပြင်ဆွဲခေါ် ထိုးကျိတ်ပြီး သူ့မျက်စိရှေ့တင်ပဲ သူတို့ကားနောက်ဖုံးထဲ ထည့်ပိတ်ထားလိုက်တယ်...ပြီးတော့ သူ့သားကို ဒီကားနဲ့ပဲ ရုပ်ရှင်ရုံခေါ်သွားပြီး ရုပ်ရှင်ပြသတဲ့.. .ရုပ်ရှင်ပြီးတဲ့အချိန်ကျမှ ဂျီနိုလေးကို ကားသော့ပေးလိုက်ပြီး မင်းလုပ်စရာရှိတာလုပ်လို့ ပြောတယ်...ဂျီနိုကလည်း ကားနောက်ဖုံးဖွင့်ပြီး စကားတွေနဲ့ခြိမ်းခြောက်ပြလိုက်တာ သူခိုးလည်း တချိုးတည်းပြေးပါရောလား...သူက အဲဒီကတည်းက သူ့အဖေလို လူမိုက်ဖြစ်ချင်တာ. ..တကယ်တမ်းကြီးလာတော့ ဒီကောင် ရဲဖြစ်သွားတယ်...လူမိုက်တွေနဲ့ပေါင်းခဲ့တဲ့ ဂျီနိုဟာ ရဲဖြစ်သွားတဲ့အချိန် သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကလက်ခံနိုင်စရာမရှိတဲ့ပြစ်မှုကို ကျူးလွန်လိုက်တဲ့အချိန်မှာတော့...File Size : (1.8GB)(580 MB) and (230 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:31:00 Genre : Action , Crime ,Drama Subtitle : Myanmar ...
movie

Out for Justice(1991)

Hero Of The Bright Sword Tiger Gut (2022) 5.9
Hero Of The Bright Sword Tiger Gut (2022) CM ရဲ့ တရုတ်ကားဖန်လေးတို့အတွက် ရိုက်ကူးတင်ဆက်ထားတဲ့ တရုတ်တော်လှန်ရေးခေတ် အခြေခံကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒါရိုက်တာ  Hou Jie / Li Xinbo တို့က ရိုက်ကူးတင်ဆက်ထားပြီး Wang Ting / Zhang Lei / Wang Ke တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ် အညွန်းလေးကတော့တော်လှန်ရေးခေတ်မှာ ထုံးစံအတိုင်း ကိုလိုနီပြု ဖက်ဆစ်ဂျပန်ရယ် ဂျပန်နောက်လိုက်သစ္စာဖောက်တွေရယ် မြေပြန့် ပြည်သူ့တပ်သားတွေရယ်... ဒါတွေကတော့ ကြုံနေ မြင်နေကြမလို့ မထူးဆန်းတော့ပေမယ့်... ဒီဇာတ်ကားလေးကတော့ တမူတော့ထူးခြားနေပါတယ်လီယွန်လောင်နှင့် ဂျင်း-ဆွိုင်းတပ်မတော်၏ တပ်ရင်းမှူး ချူယူးဖီတို့က အီချီရို ဟီရာတာ၏ မွေးနေ့စားပွဲ၌ ကြီးမားသော အရှုပ်တခုကို ပြုလုပ်ခဲ့ပါတယ်..ဒါကြောင့်ပဲအခြေအနေတွေတင်းမာလာခဲ့ပြီး လှည့်ကွက်များစွာနဲ့အတူ မထင်ထားတဲ့ ဇာတ်ကွက်တွေကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်၏ Quality : WEB-DL 1080p , 480p Format : mp4 Genres : War Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK  
movie

Hero Of The Bright Sword Tiger Gut (2022)

Monster (2022) 5.1
Monster (2022) အိန္ဒိယ Malayalam ဘက်မှာ မသိသူမရှိတဲ့ မင်းသားကြီး Mohanlal ရဲ့ လှည့်ကွက်များစွာနဲ့ စိတ်ဝင်စားဖွယ် မှုခင်းဇာတ်ကားကောင်းတစ်ပုဒ် ထွက်ရှိလို့ လာခဲ့ပါပြီဇာတ်ကားထဲမှာ သူဟာ လပ်ကီးဆင်းဆိုတဲ့ အမည်ရှိပြီး နိုင်ငံခြားကနေ အိန္ဒိယကို တိုက်ခန်းအရောင်းအဝယ်ကိစ္စနဲ့ ပြန်လာရာကနေ ဇာတ်လမ်းကို စထားပါတယ်ဇာတ်လိုက်မင်းသမီးဖြစ်သူ ဘာမီနီက တက္ကစီဝန်ဆောင်မှုလုပ်ငန်းတစ်ခုက ဒရိုင်ဘာတစ်ယောက်ဖြစ်ပြီး သူ့ကို လေဆိပ်မှာ သွားကြိုရမယ့်သူပဲဖြစ်ပါတယ်ခရီးတစ်လျှောက်လုံး သူဟာ ပျော်ပျော်နေတတ်တဲ့သူလို ပြုမူပြီး စကားတွေလည်း အများကြီးပြောပါတယ် ဘာမီနီကိုလည်း ချစ်ခင်နှစ်သက်ပုံပြပြီး စကားရွှင်တဲ့ ကိုလူပျော်တစ်ယောက်လို့ပဲ ထင်ရပါတယ်အဲဒီလိုနဲ့ ဘာမီနီတို့လင်မယားရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကို မရမက အတင်းလာမယ်လုပ်ပြီး ရောက်လာတဲ့အချိန်မှာတော့..သူဟာ ဘယ်လိုမှ မထင်မှတ်ထားစရာလုပ်ရပ်တစ်ခုကို လုပ်ခဲ့ပါတော့တယ်သူလုပ်တဲ့လုပ်ရပ်က ဘာဖြစ်မလဲ ဘာကြောင့် ဒီလိုလုပ်ရတာလဲ ဘာအကြံအစည်တွေနဲ့ ဘာမီနီကို သူချဉ်းကပ်ခဲ့တာလဲဆိုတာကို ဟောဒီ့ Monster ဆိုတဲ့ကားထဲမှာ စိတ်ဝင်စားဖွယ်ကောင်းစွာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်ရှင် File size…4.34GB / 2.13GB / 980MB Quality…4K HEVC / 1080p WEBDL / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sora~ BpL ~ Yunni
movie

Monster (2022)

2022
4K HEVC
My Name Is Vendetta (2022) 5.3
My Name Is Vendetta (2022) My Name Is Vendetta (2022)(1080p ရပါပြီ)"သတ်မှာလား အသတ်ခံမှာလား ဒါဟာ ဥပဒေပဲ" ဆိုတဲ့ စကားစုလေးနဲ့ အစချီပြီး စတင်ထားတဲ့ "My Name is Vendetta" ဆိုတဲ့ ဇာတ်ကားလေးက အက်ရှင်ဇာတ်ကား ချစ်သူတွေအတွက် လက်မလွှတ်သင့်တဲ့ Netflix ဇာတ်ကားကောင်းလေး တစ်ကားပါ။ဇာတ်လမ်းအကျဉ်း ... ဘဝမှာ သူများကို သတ်မှာလား ကိုယ် အသတ်ခံမှာလား ဆိုတဲ့စိတ်နဲ့ ဘဝတစ်လျှောက်နေလာခဲ့တဲ့ မာဖီးယား တစ်ဦးက ဖူးစာရှင်လေးနဲ့တွေ့ပြီး သူ့ဘဝကို ပြောင်းလဲလိုက်တယ်။ သမီးလေးတစ်ယောက် မွေး ဘဝကို ပျော်စရာတွေ မေတ္တာတွေနဲ့ ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနေစဉ်မှာ အတိတ်မှာ ဆိုးခဲ့တဲ့အမှားတွေနဲ့ မာဖီးယားဂိုဏ်းတစ်ခုက သူ့ကို ကလဲ့စားချေဖို့အတွက် သူ့မိသားစုကို ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်။ကံကောင်းချင်တော့ သမီးဖြစ်သူ ဆိုဖီယာက မသေဘဲ လွတ်မြောက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ သူ့မိသားစုကို သတ်ခဲ့တဲ့ ...
movie

My Name Is Vendetta (2022)

2022
Warriors of Future (2022) 6.3
Warriors of Future (2022) Warriors of the Future (2022)ဟောင်ကောင်ရဲ့ နာမည်ကျော် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်အသစ်လာပါပြီ။ မင်းသားတွေကလည်း နာမည်ကြီး ဘိုးတော်တွေပါပဲ။ ဇာတ်လမ်းကလည်း အတော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ အနာဂတ်အချိန်ကို အခြေတည်ထားတာပါ။အနာဂတ်မှာ လူတွေဟာ နည်းပညာတွေတိုးတက်လာပြီး စက်ရုပ်တွေကိုပါ စစ်ပွဲတွေမှာ သုံးနိုင်တဲ့အဆင့်ဖြစ်လာပါပြီ။ ဒါပေမဲ့ စစ်ပွဲတွေများလာတာနဲ့အတူ ကမ္ဘာကြီးလဲညစ်ညမ်းပျက်စီးလာပြီး နောက်ဆုံးမှာ လေထုပါ အဆိပ်သင့်သွားတဲ့အခြေအနေဖြစ်လာပါတယ်။ လူတွေကလည်း စကိုင်းနက်လို့ ခေါ်တဲ့ လေသန့်စင်စနစ်ကြီးတွေတည်ဆောက်ပြီး နေကြရတာပါ။ တစ်နေ့မှာတော့ ကမ္ဘာပေါ်ကို ဥက္ကာခဲတစ်ခု ကျလာပြီး အဲဒီအထဲကနေ အခြားဂြိုလ်က အပင်တစ်ပင် ပေါက်ထွက်လာပါတယ်။ အဲဒီအပင်ဟာ ရေနဲ့တွေ့လေကြီးထွားလေဖြစ်ပြီး အဖျက်စွမ်းအားလည်း မြင့်လာပါတယ်။ တချိန်တည်းမှာပဲ အဲဒီအပင်ဟာ ကမ္ဘာပေါ်လေတွေကို သန့်စင်ပေးနိုင်စွမ်းရှိတာမို့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဖြစ်နေတာပါ။ အခုဇာတ်လမ်းရဲ့ အဓိက အကြောင်းအရာကတော့ အဲဒီအပင်ရဲ့ ဖျက်ဆီးနိင်စွမ်းတွေကို တားဆီးပြီး ကမ္ဘာကိုကယ်တင်နိုင်ဖို့ စစ်ဆင်ရေးတစ်ခု ခက်ခက်ခဲခဲ ဆင်နွှဲရတဲ့အကြောင်းပါပဲ။ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာ ခံစားကြည့်လိုက်ပါဦး။အညှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Sci-fi Quality…. 1080p ...
movie

Warriors of Future (2022)

2022
Ram Setu(2022) 5.3
Ram Setu(2022) ဒီနေ့ကတော့ မင်းသားကြီးတွေရဲ့ကား ထွက်တဲ့နေ့ပါပဲ အခုလည်း အာရှေးကူမာရဲ့ ဘာသာရေး သမိုင်းနဲ့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်အာရန် (အာရှေးကူမာ) က ဘာသာတရားနဲ့ ဘုရားကို အယုံအကြည်မရှိတဲ့ ရှေးဟောင်းသုတေသနပညာရှင် တစ်ယောက်ပေါ့ သူက အချက်အလက်ရှိပြီး သက်သေပြနိုင်တဲ့ အရာကိုပဲ ယုံကြည်တဲ့သူဖြစ်ပါတယ်အိန္ဒိယလူမျိုးတွေဟာ အရှင်ရာမကို အလေးအနက်ယုံကြည်ကြတဲ့သူတွေဖြစ်ပြီး ရမ်ဆက်တူဆိုတဲ့ တံတားကိုလည်း အရှင်ရာမတည်ထောင်ခဲ့တာလို့ ယုံကြည်ထားကြပါတယ်အဲဒီတံတားကို အစိုးရအဖွဲ့အစည်းက ကုန်သွယ်ရေးကိစ္စတစ်ခုနဲ့ ဖြိုချဖို့ လုပ်လာတဲ့အခါ ပြည်သူတွေက ဆူပူအုံကြွလာကြပါတော့တယ်ဒါကို အဲဒီရမ်ဆက်တူဆိုတာဟာ လူဖန်တီးထားတာမဟုတ်၊ သဘာဝအလျောက် ဖြစ်တည်နေတာဖြစ်ကြောင်းကို အစိုးရအဖွဲ့အစည်းက အာရန်ကို သက်သေထူခိုင်းပါတယ်ဒါပေမယ့် အများနဲ့တစ်ယောက်ဖြစ်နေသလိုပဲ ပြည်သူလူထုက လူအင်အားများပြီး အစိုးရအဖွဲ့အစည်းက လူအင်အားနည်းနေတဲ့အခါအိန္ဒိယပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ နိုင်ငံတော်အစိုးရအဖွဲ့အစည်းရဲ့ စီးပွားရေးကြိုးပမ်းမှုနဲ့ အာရန်ရဲ့ သက်သေပြမှုတွေကြားက တိုက်ပွဲကို ခင်းကျင်းပြသထားတဲ့ ဒီကားဟာ နိုင်ငံရေးရော ဘာသာရေးရော ပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် File size…2.69GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora~ Poe ~ Yunni ~ OeliuJ
movie

Ram Setu(2022)

Troll (2022) 6.8
Troll (2022) Troll (2022)နော်ဝေး စိတ်ကူးယဉ် ရုပ်ရှင်ကောင်းတစ်ခုလာပါပြီ။ အမေရိကန်မှာကင်းကောင် ဂျပန်မှာ ဂေါ်ဇီလာဆိုသလို နော်ဝေးပုံပြင်တွေမှာလည်း ဘီလူးကြီးတွေဟာ မပါမဖြစ်ပါ။နော်ဝေးမှာ ခရစ်ယာန်သာသနာ စတင်ပြန့်ပွားစဉ်က ဘီလူးတွေနဲ့ လူတွေတိုက်ပွဲဖြစ်ခဲ့ပြီး ဘီလူးတွေမျိုးတုံးသွားတဲ့ ပုံပြင်တွေရှိခဲ့ပါတယ်။ အဲဒီဘီလူးတွေဟာ ခရစ်ယာန်တွေကိုမုန်းတယ်၊ ဘုရားကျောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ထုတယ်၊ နေရောင်နဲ့တွေ့ရင် ကျောက်ဖြစ်ပြီး သေသွားတယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပါတယ်။ဒါတွေအားလုံးဟာ နော်ဝေးဒဏ္ဍာရီတွေကနေ စတင်ခဲ့တာပါ။ နော်ဝေးတွေဟာ ဒဏ္ဍာရီအပိုင်းမှာတော့ အတော်ခိုင်လုံတဲ့ ဇာတ်ကောင်တွေနဲ့ဇာတ်အိမ်တွေရှိခဲ့တာအမှန်ပါပဲ။ စိတ်ကူးယဉ် စာပေလောကမှာ နတ်ဘုရားတစ်ပါးလိုဖြစ်တဲ့ The Lord of the Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာတိုကင်းန်တောင် ဘီလူးတွေကို နော်ဝေးကနေ အခြေခံခဲ့တာပါ။အခုဒီရုပ်ရှင်မှာတော့ လက်ရှိခေတ်မှာ တောင်တွေထဲမှာ ရထားလမ်းဖောက်ဖို့ ဥမင်တူးရင်းနဲ့ ဘီလူးကြီးတစ်ကောင် နိုးထလာတဲ့ ဇာတ်လမ်းကို ပြသထားပါတယ်။ အဲဒီဘီလူးကြီးကို တိုက်ခိုက်ဖို့နည်းတွေ နောက်ကြောင်းတွေကို လေ့လာပြီး ရင်ဆိုင်ရတဲ့ ဇာတ်လမ်းမို့ Godzilla ...
movie

Troll (2022)

2022
Mercury Rising (1998) 6.3
Mercury Rising (1998)  Die Hardနဲ့လူသိများကြတဲ့ မင်းသားကြီး Bruce Willisရဲ့နောက်ထပ်တစ်ကားလာပါပြီ။ ဒီကားမှာတော့ သူက အက်ဂျက်ဖရေးအနေနဲ့သရုပ်ဆောင်ထားပါတယ်။ အက်က သူရဲ့အသွင်ယူပြီးလျှို့ဝှက်စုံစမ်းရေးမှာ ပြဿနာတက်ပြီး ရာထူးချခံထားရတဲ့ FBIအေးဂျင့်တစ်ယောက်ဖြစ်ပါတယ်။ မာကျူရီဆိုတဲ့ လျှို့ဝှက်ကုဒ်ကို ဆိုင်မွန်ဆိုတဲ့အော်တစ်ဇင်ကလေးတစ်ယောက်က မတော်တဆဖော်ထုတ်လိုက်မိပါတယ်။ ဒီလိုဖော်ထုတ်မိလိုက်ရာကနေ အသက်အန္တာရယ်ပါစိုးရိမ်လာရပါတော့တယ်။ ဒီဆိုင်မွန်ဆိုတဲ့အော်တစ်ဇင်ကလေးတစ်ယောက်နဲ့ အက်ဂျော့ဖရေးနဲ့တွေ့ဆုံမှုမှာတော့ ဘာတွေဖြစ်သွားကြမလဲ။ အော်တဇင်ကလေးကရော အန္တာရယ်တွေကြားမှာအသက်ရှင်နိုင်ပါ့မလား၊ သူ့ကိုရော ဘာလို့အဲ့လောက်အသည်းသန်သတ်ချင်နေကြတာလဲဆိုတာ ဒီကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ Actionကားကောင်းကြိုက်တဲ့လူတွေအတွက်ဒီကားနဲ့ကြည့်ရင်း chillလို့ရမှာဖြစ်ပါတယ်။File size…(1.93GB)  / (950MB) / (469MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:13:00 Genre...Action / Crime / drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win
movie

Mercury Rising (1998)

Tere Naam (2003) 7.2
Tere Naam (2003) Tere Naam (2003) ဒီဇာတ်ကားလေးကတော့ ဆလမန်းခန်းနဲ့ ဘူမီကာ ချောင်ဝ်လာရဲ့ romance/dramaအမျိုးအစား ဇာတ်တ်ကားလေးတစ်ကားဖြစ်ပါတယ်။ Radhe Mohanဟာအလုပ်မရှိအကိုင်မရှိ လူကြမ်းတစ်ယောက်ဖြစ်ပြီး သူတက်ခဲ့ဖူးတဲ့ ကောလိပ်ကျောင်းကို အမြဲသွားလေ့ရှိတယ်။တစ်နေ့တော့ ကျောင်းကိုရောက်လာတဲ့ Nirjara Bharadwajဆိုတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ပြီး ချစ်ကြိုက်သွားခဲ့တယ်။ ဒါနဲ့ပဲ သူက Nirjaraကို ဖွင့်ပြောဖို့ကြိုးစားတော့တာပေါ့။ ဒါပေမဲ့ Nirjaraက သူ့ကို ငြင်းလိုက်တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူပေးကြပါလို့ ۔۔۔۔۔ဘောလိဝုဒ်ချစ်သူများ လုံးဝလက်မလွတ်သင့်ပါကြောင်း ۔۔۔۔۔ ဘာသာပြန်တွေကတော့Soe Kalayarနဲ့ Intelligenceတို့ဖြစ်ပါတယ်။ File size…3.1GB / 1.3GB Quality…1080p BluRay / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Soe Kalayr & Intelligence
movie

Tere Naam (2003)

2003