Channel Myanmar

Action

Project Wolf Hunting (2022) 6.6
Project Wolf Hunting (2022) Project Wolf Hunting (2022)စကားများတာမကြိုက်ဘူး Action ဆိုဖိုက်မှကြိုက်တယ်ဆိုတဲ့သူတွေအတွက် ရူးသွားစေလောက်တဲ့ ရုပ်ရှင်တစ်ကားထွက်လာပြန်ပါပြီ Action ဆိုတာထက် survival လို့ပြောလို့လည်း ရပါသေးတယ်ဇာတ်လမ်းအကျဉ်းကတော့ ထောင်သားတွေကို ဖိလစ်ပိုင်ကနေ တောင်ကိုရီးယားကို ရွှေ့ပြောင်းတဲ့ သင်္ဘောပေါ်မှာ ထောင်ဖောက်မယ့် လူမိုက်တွေနဲ့ သူတို့မသိလိုက်ဘဲ သင်္ဘောပေါ်မှာပါလာတဲ့ မကောင်းဆိုးဝါးနဲ့ အကြိတ်အနယ်တွေ အသက်လုရမှာဖြစ်ပါတယ်နောက်ဆုံးအချိန်ထိ ပင်လယ်ရဲ့အလယ်ခေါင်မှာ ရပ်နေတဲ့ သင်္ဘောပေါ်ကလူတွေ လွတ်မြောက်နိုင်မလား အသက်ရှင်ကျန်တဲ့သူရှိမလားကိုတော့ ကြည့်လိုက်ကြပါဦးAction, Crime အမျိုးအစားဖြစ်ပြီးတော့ Seo In Guk, Jang Dong Yoon နဲ့ မူဒေါ့တဖြစ်လဲ Jung So Min တို့က အဓိကပါဝင်ထားပါတယ်သွေးထွက်သံယိုခန်းတွေအလွန်အကျွံသုံးထားသလို ဇာတ်ဝင်ခန်းတွေက အင်မတိအင်မတန်ကို ကြမ်းတမ်းပါတယ် တချို့အခန်းတွေမှာ မနှစ်မြို့စရာတွေပါတာကိုတော့ သတိပေးထားချင်ပါတယ်*** မွေးရာပါ နှလုံးရောဂါ ရှိသူများ၊ အသည်းငယ်တတ်သူများနှင့် ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါဘူး ***အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, ...
movie

Project Wolf Hunting (2022)

2022
Mutant Tiger ( 2022 ) 5.9
Mutant Tiger ( 2022 ) အခုတစ်ခေါက် CM ပရိသတ်တွေအတွက် mutant လို့ခေါ်တဲ့ ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-မင်ကျားချင် ၃၇ ခုနှစ်မှာ မိန်းမစိုးအမတ်တွေက အစိုးရနေပါတယ်။ ပညာရှင်တစ်ယောက်က မိန်းမစိုးအမတ်ကြီးကို ကပ်ဖားဖိုအတွက် ကျားရှင်ရဲ့ နှလုံးနဲ့ ဆေးဖော်ဖို စီစဉ်ခဲ့ပါတယ်။ တုန်းခြံဌာနက ကျားတွေကျက်စားရာ အနောက်တောင်နယ်စပ်မှ မြိုလေးတစ်မြိုမှာ အမဲလိုက်ကွင်းတစ်ခု တည်ဆောက်ပြီး ကျားတွေကို ဖမ်းဆီကာ ဆေးဖော်ခဲ့ပါတယ်။ ဒါပေမဲ့ မထင်ထားပဲ ထိုလုပ်ဆောင်မှုက ကပ်ရောဂါတစ်မျိုးအဖြစ် ကျားတွေကို ကူးစက်သွားခဲ့ပါတယ်။ထိုအချိန်တွင် ရာထူးမှ ထုတ်ပယ်ခြင်းခံရတဲ့ ကျင်ရီးဝေ့ရဲမက် ကျန်းလျိုချန်က ဟွမ်းအာဆိုတဲ့ ကလေးကိုခေါ်ပြီး ထိုနေရာကိုရောက်လာခဲ့ပါတယ်။ အမဲလိုက်ကွင်းထဲတွင် တာဝမ်ထမ်းဆောင်နေတဲ့ ညီလေးဖြစ်သူ ကျန်းလျိုဖျင်ကို လာရောက်ရှာဖွေခြင်းဖြစ်ပါတယ်။ သူတိုလည်း ကျားတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ဒါပေမဲ့ အန္တရာယ်တွေက အစပဲရှိပါသေးတယ်။ မကြာခင်မှာ ကပ်ရောဂါကြောင့် ကျားတွေက အကောင်ရာကျော်ထိ စုဝေးလာကြပြီး မြိုလေးကို ဝိုင်းထားပါတော့တယ်။ မြိုသူမြိုသားတွေလည်း ကျားရိုင်းတွေရဲ့ တိုက်ခိုက် သတ်ဖြတ်ခြင်းကိုခံရပြီး အန္တရာယ်တွင်းထဲ ကျရောက်နေပါတယ်။ကျန်းလျိုချန်တစ်ယောက် ဟွမ်းအာနဲ့အတူ မြိုသူမြိုသားတွေကို ကယ်တင်နိုင်မလား...... အမဲလိုက်ကွင်းထဲမှာရော ဘယ်လို ယုတ်မာမှုမျိုးတွေ ရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ပါနော်။ [ Reviewed By Moon ...
movie

Mutant Tiger ( 2022 )

Werewolf by Night (2022) 8.6
Werewolf by Night (2022) မာဗယ်ရဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့ သမန်းဝံပုလွေကို တီဗီရုပ်ရှင်တစ်ကားအဖြစ် ဒစ္စနေးက ထုတ်လွှင့်လိုက်ပါပြီ။ ဟောလိုးဝင်းလနဲ့ကိုက်ညီစွာပဲ အဖြူအမည်းအများစုနဲ့ ကာလာအချို့ထည့်သွင်းပြီး ဟော်ရာဆန်ဆန် ရိုက်ကူးတင်ဆက်ထားပါတယ်။ မင်းသမီးအဖြစ် The Nevers စီးရီးနဲ့လူသိများတဲ့ Laura Donnelly လည်းပါဝင်ထားပါသေးတယ်။ အဲဒီမင်းသမီးက ရုတ်တရက်ဆို ဂျက်စီကာဂျုန်းစ် စီးရီးထဲကမင်းသမီး Krysten Ritter နဲ့ မှားတတ်ကြပါတယ်။ နောက်များမကြာမီ မာဗယ်စကြဝဠာထဲမှာ ဘယ်လိုပါဝင်လာမလဲတော့ မသိရသေးပါဘူး။ အခုတော့ သီးခြားရုပ်ရှင်တစ်ခုအနေနဲ့ပဲ ခံစားကြည့်လိုက်ရအောင်ပါ။ဇာတ်လမ်းအကျဉ်းမာဗယ်ရဲ့ စကြဝဠာထဲမှာ စူပါဟီးရိုးတွေရှိနေသလို အမှောင်ထုထဲမှာလည်း ရှေးမိစ္ဆာကောင်တွေ ရှိနေပြန်ပါသေးတယ်။ အဲဒီလို မိစ္ဆာမျိုးစုံကို အမဲလိုက်တဲ့ မုဆိုးတွေလည်း ရှိနေပါသေးတယ်။ ဒီရုပ်ရှင်အစမှာတော့ နာမည်ကျော် မုဆိုး ဘလက်ဒ်စတုန်းမိသားစုရဲ့ ခေါင်းဆောင် ယူလစ်ဆီ ဘလက်ဒ်စတုန်း သေဆုံးသွားပြီးတဲ့နောက် မိသားစုပိုင် သွေးကျောက်တုံးကို အမွေခံဖို့ မုဆိုးအသစ်တစ်ယောက်လိုအပ်လာပါတယ်။ အဲဒီကျောက်တုံးဟာ ကိုင်ဆောင်သူကို အသက်ရှည်စေတယ်၊ ခွန်အားကြီးစေတယ် စသည်ဖြစ် ...
movie

Werewolf by Night (2022)

John Wick: Chapter 3 – Parabellum (2019) 7.5
John Wick: Chapter 3 – Parabellum (2019) John Wick: Chapter 3 – Parabellum (2019) IMDb - 7.5/10_____Rotten - 90%Chapter 2 မှာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး John wick ဟာ သူတို့လောကရဲ့ အကြီးမားဆုံးသောစည်းမျဉ်းကိုချိုးဖောက်ခဲ့လေတော့ဒေါ်လာ 14 million နဲ့ ဆုကြေးအထုတ်ခံရတဲ့အပြင် အချိန်အနည်းငယ်ပဲရခဲ့လေတော့ ဖရိုဖရဲနဲ့ ထွက်ပြေးခဲ့တာကို အားလုံးအမှတ်ရကြမယ်ထင်ပါတယ်.... ဆိုတော့ Chapter 3 နဲ့ပတ်သက်လို့ထွေထွေထူးထူးညွှန်းဆိုစရာမလိုတော့ဘူးထင်ပါရဲ့... ကိုင်း ကျွန်တော်တို့ရဲ့ John Wick ကြီး ဘယ်လိုတွေ အသက်ရှင်သန်ရေးအတွက်လှုပ်ရှားမလဲ.... ဘယ်သူတွေကရော သူ့ဘက်ပါမလဲ.... ဒုစရိုက်လောကသားအားလုံးဟာလည်း John Wick ကြီးကို သတ်ဖို့ဘယ်လိုတွေအားထုတ်ကြမလဲဆိုတာကို တော့ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့်ခံစားကြည့်လိုက်ပါ...  (function(f,b,n,j,x,e){})();  File Size : (2.9 GB) and (1.04 GB) Quality : Blu-Ray 1080p 5.1 CH and Blu-Ray 720p Format… mp4 Duration…02:10:00 Genre :  Action, Crime, Thriller  Subtitle : Myanmar ...
movie

John Wick: Chapter 3 – Parabellum (2019)

2019
HEVC 1080p 5.1
Dragon Sword:Outlander ( 2021 ) 6
Dragon Sword:Outlander ( 2021 ) တနေ့ကတင်ဆက်ထားတဲ့ To Be Immortal ဇာတ်ကားလေးရဲ့ အဆက်သဘောလေးပဲဖြစ်ပါတယ် ဒီကားလေးက သိုင်းပညာနဲ့အဂ္ဂိရတ်ပညာကို ရိုက်ပြထားတဲ့ကားကောင်းတစ်ကားပါပဲ ကျင့်ကြံသူတွေဒုက္ခရောက်ပြီး အားလုံးသေဆုံးတော့မဲ့အချိန်မှာ ဖုယန်နဲ့သူ့သူငယ်ချင်းတစ်စုဟာ ပြသနာကိုဖြေရှင်းဖိုလိုက်ရှာရင်း တောအုပ်တစ်ခုထဲရောက်သွားခဲ့ပါတယ်တကယ်တော့ အဲ့တောအုပ်ဟာ သာမန်တောအုပ်တစ်ခုမဟုတ်ပါဘူး လောကကြီးနဲ့အဆက်ဖြတ်ပြီး တသီးတခြားတည်ရှိနေတဲ့ ဝင်္ကပါတောအုပ်တစ်ခုပါသာမန်သူတွေလည်းမဝင်နိုင်သလို ဝင်ချင်လည်း သားရဲမိစ္ဆာကောင်တွေကြောင့် အသက်မရှင်နိုင်ပါဘူး ဒါပေမဲ့ဖုယန်ဟာ ထိုတောအုပ်ထဲကိုရောက်ရှိသွားခဲ့ပါတယ် တောအုပ်ထဲက ကိုယ်ပိုင်ကမ္ဘာမှာနေထိုင်တဲ့ဂိုဏ်းမှ အကြီးအကဲအမတမျိုးနွယ်ကလည်း ဖုယန်ကုသတိထားမိပြီး သူ့တပည့်ကိုလိုက်ချဥ်းကပ်ခိုင်းပါတော့တယ် တစ်ဖက်မှာလည်း အဂ္ဂိရတ်ပညာရှင် တန်းကျွင်းကလည်း သူ့ပညာတွေအမွေပေးရန် ဖုယန်ကုအတင်းချဥ်းကပ်အကျပ်ကိုင်ပြီး သင်ပေးပါတော့တယ်ကဲ ဖုယန်တစ်ယောက်လွတ်မြောက်နိုင်မလား? အဂ္ဂိရတ်ပညာကိုလည် တစ်ဖက်ကမ်းခပ်တက်မြောက်နိုင်မလား? သူဘာတွေကြုံတွေ့နေရမလဲ? ဇာတ်လမ်းလေးထဲ စောင့်ကြည့်ပေးပါနော် [ Reviewed By Kong Hou ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure Runtime : 1h 48 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Dragon Sword:Outlander ( 2021 )

In the Shadow of the Naga (2008) 6.8
In the Shadow of the Naga (2008) ပန် ပေါ် စင်ဆိုတဲ့သူငယ်ချင်းသုံးယောက်ဟာ ငွေသယ်ဆောင်လာတဲ့ကားကို ဓားပြတိုက်ခဲ့ပြီး ရဲတွေလိုက်ဖမ်းတာခံရလို့ ပေါ်ဟာငွေအိတ်ယူသွားပြီး ပါလွမ့်ဘုန်းကြီးကျောင်းမှာဖွက်ထားခဲ့ပါတယ်ပေါ်နဲ့ပန်ဟာ မျက်မမြင်အမေကို မျက်လုံးခွဲစိတ်ပေးချင်လို့ စင်နဲ့ပေါင်းပြီးဓားပြတိုက်ဖို့ဆုံးဖြတ်ခဲ့တာပါဒါပေမယ့် ဘုန်းကြီးကျောင်းကိုပြန်လာတဲ့အချိန်မှာတော့ ပေါ်ငွေအိတ်ဖွက်ထားတဲ့နေရာမှာ ကျောင်းတော်ကြီးဆောက်ထားပါတယ်ဒါနဲ့ပဲ ဘုန်းကြီးကျောင်းမှာငွေအိတ်ရှာဖို့အတွက် နေနိုင်တဲ့တနည်းကတော့ ဘုန်းကြီးဝတ်တာပါပဲဘုန်းကြီးအတုအနေနဲ့ဘုန်းကြီးကျောင်းမှာနေနိုင်ဖို့ စင်ဟာ ဆရာတော်ချင့်ကို သူနဲ့ပန်ကိုဘုန်းကြီးဝတ်ပေးဖို့ဖိအားပေးပါတော့တယ်ဒီလိုနဲ့ပဲ စင်နဲ့ပန်ဟာဘုန်းကြီးအတုတွေလုပ်ပြီး ငွေအိတ်ကိုရှာနေခဲ့ပါတယ်ငွေအိတ်ကိုရှာနိုင်ပါ့မလား ရဲတွေရော သူတို့ကိုဖမ်းနိုင်မလား ပေါ်နဲ့ပန်ရော မျက်မမြင်အမေကို မျက်လုံးခွဲစိတ်ပေးနိုင်မလားဆိုတာ ဇာတ်ကားထဲမှာကြည့်ရှူလိုက်ရအောင်ပါနော် 🔥File Size__(1.6GB) Quality__1080p IMDb Rating__6.8/10 Format__mp4 Duration__01:32:00 Type__Action, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt
movie

In the Shadow of the Naga (2008)

Bimbisara (2022) 6.4
Bimbisara (2022) Bimbisara (2022)အခုတစ်ခါ ထွက်ရှိလာတဲ့ကားလေးကတော့ တေလဂူမင်းသားချောလေးနန္ဒမူရီကလ်ယန်းရာမ်ပါဝင်သရုပ်ဆောင်ထားပြီး ဘတ်ဂျတ်ကုဋေ၄၀အကုန်ကျခံရိုက်ကူးထားတဲ့ရုံတင်ကားတကားပဲဖြစ်ပါတယ် ရုံတင်ငွေ၆၅ကုဋေနီးပါးအမြတ်ပြန်လည်ရရှိထားတဲ့အပြင် ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုကိုပါ ထပ်ဆောင်းရရှိထားတာကြောင့် ကြည့်သင့်တဲ့ရုပ်ရှင်ကားတခုပါနော်ဒီဇာတ်ကားလေးက စိတ်ဝင်စားဖို့တော့ကောင်းသား..။သက္ကရာဇ် ၅ရာစုနှစ်လောက် မင်းလုပ်အုပ်စိုးခဲ့တဲ့ ဗိမ္ဗိသာရဆိုတဲ့ ဧကရာဇ်မင်းတစ်ပါးရှိတယ် ဩဇာကြီးသလောက် အလိုရမ္မက်ကြီးတယ် ရက်စက်ကြမ်းကြုတ်တယ် စာနာထောက်ထားမှုမရှိဘူးသူ့ခေတ်သူ့အခါတုန်းက အနီးပတ်ဝန်းကျင်က ရှင်ဘုရင်တွေလည်း ကောင်းကောင်းမနေရ သူကျူးကျော်တိုက်ခိုက်လာမှာကို စိုးရွံ့ရ လက်ဆောင်ဆက်သရနဲ့ အခန့်မသင့်ရင် သူက ရှင်ဘုရင်တွေကိုပါ မချန်သတ်ပစ်တာ...ဒီရက်စက်တဲ့ မင်းတရားကြီးဟာ သူနေထိုင်တဲ့ ၅ရာစုနှစ်ကနေ ၂၁ရာစုနှစ်ကို တိုက်ရင်းခိုက်ရင်း မတော်တဆ ရောက်ရှိလာတဲ့အခါမှာတော့...။ဒီဖက်ခေတ်မှာလည်း ဒီဘုရင်ရဲ့အတောမသတ်နိုင်တဲ့ ရတနာသိုက်ကြီးကို ရှာဖွေနေတဲ့ လူတွေရှိနေတယ်...။သူ့ရာစုနှစ်ကို ပြန်ဖို့ ကြိုးစားနေတဲ့ မင်းတရားကြီးနဲ့ ရတနာသိုက်ကို လိုချင်နေတဲ့ လူတွေ ဆုံမိကြတဲ့အခါ....။ဇာတ်လမ်းက ဘယ်လိုစိတ်ဝင်စားဖို့ကောင်းလာမလဲဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးပါနော် File size…3GB / 1.5GB Quality…1080p True HD / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sora & BpL
movie

Bimbisara (2022)

2022
To Be Immortal ( 2018 ) 5.9
To Be Immortal ( 2018 ) ဒီတစ်ခါ အမောလည်းပြေ ခေါင်းလည်းစားစေမယ့် ဟာသကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေး မိတ်ဆက်ပေးရမယ်ဆိုရင် ဖုယန်ဆိုတဲ့ကောင်လေးဟာ သေဆုံးသွားခဲ့ပါတယ်.... ဟုတ်ပါတယ် ဆေးရုံမှာ ဝိညာဉ်နဲ့ ကိုယ်၊ ရုပ်နဲ့နာမ်ကွဲသွားပြီး အသက်ပျောက်သွားခဲ့တဲ့အချိန်မှာပဲ... သေမင်းလိုလို ဘာလိုလို ဝတ်စုံနက်ကြီးနဲ့လူတစ်ဦးကလွဲပြီး ဘယ်သူမှ သူ့ကိုမမြင်ရဖြစ်နေတာကြောင့် စကားသွားပြောရာကနေ ... ငါနဲ့ မသေမျိုးကျင့်စဉ် ကျင့်မလား ချက်ချင်းငရဲသွားမလားလို့ အမေးခံလိုက်ရတယ်....ဒီလိုအမေးခံရရင် ဘယ်သူကများ ငရဲတန်းသွားမယ်ဖြေမှာလဲနော်.... ဖုယန်လည်း နောက်ဆုံးမှာ ကျင့်စဉ်ကျင့်ဖို့ ရွေးခဲ့ရာကနေ အချိန်စက်ဝန်းမန္တန်အရ ဘယ်ရောက်မှန်းမသိရောက်သွားရာကနေ... ပထမဆုံး ဓားပျံလေးက ပြောင်းလဲသွားတဲ့ ဓားဝိညာဉ်ကို ကြွေသွားတာက တစ်မျိုး... ဘိုးတော်ဘုရားခေတ်ကိုပြန်ရောက်ပြီး လေ့ကျင့်မှုတွေကို လေ့ကျင့်ရတာက တစ်မျိုး... နောက်ပြီး မသေမျိုး စစ်ဆေးခြင်းစာမေးပွဲ ကျရင် ဝိညာဉ်ပျက်စီးသွားမယ်တာကြီးကလည်းရှိနေတော့...မသေမျိုးဖြစ်အောင် ဘယ်လိုတွေကျင့်မှာလဲ.... သူစာမေးပွဲတွေကို အောင်ပါ့မလား... ဘာစာမေးပွဲတွေလဲ... နောက်ပြီး အဆုံးသတ်တော့မှာ အိပ်မက်ကြီးဆိုပြီးပဲ အဖျားရှူးသွားမလားဆိုတာ ဇာတ်လမ်းလေးဒေါင်းပြီး ပေါက်ပေါက်လေးစားရင်း ကြည့်ပြီး အဖြေထုတ်လိုက်တော့နော်... [ Reviewed by Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Action Runtime : 1h 26 ...
movie

To Be Immortal ( 2018 )

The School for Good and Evil (2022) 5.8
The School for Good and Evil (2022) The School for Good and Evil (2022)(1080p ရပါပြီ)နက်ဖလစ်ရဲ့ သရုပ်ဆောင်အစုံနဲ့ နှစ်နာရီခွဲကြာတဲ့ မှော်စိတ်ကူးယဉ်ရုပ်ရှင်အသစ်လာပါပြီ။ဟိုးရှေးရှေးတုန်းက ပုံပြင်ကမ္ဘာထဲမှာ အရမ်းအစွမ်းထက်တဲ့ ညီအစ်ကိုနှစ်ယောက်ဟာ သူတော်ကောင်းနဲ့မိစ္ဆာကြားမှာ ဟန်ချက်ညီစေဖို့ မှော်ကျောင်းတစ်ကျောင်းကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာကြာလာတဲ့အခါ မိစ္ဆာညီဟာ စိတ်ပြောင်းပြီး စွမ်းအားအကုန်လုံးကို သိမ်းပိုက်ဖို့ သူ့အစ်ကိုကို သတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘဲ သေဆုံးသွားခဲ့ပါတယ်။အဲဒီကတည်းက သူတော်ကောင်းနဲ့မိစ္ဆာအတွက်ကျောင်းမှာ သူတော်ကောင်းတွေဘက်ကပဲ အရေးသာခဲ့တာ နှစ် ၂၀၀ လောက်ကြာခဲ့ပါပြီ။ အဲဒီကျောင်းမှာ မိစ္ဆာဆိုရင်လည်း ပုံပြင်တွေထဲက နာမည်ကြီး လူဆိုးကြီးတွေရဲ့ သားသမီးတွေတက်ရောက်နေတာဖြစ်ပြီ သူတော်ကောင်းတွေဘက်မှာလဲ ဘုရင်အာသာရဲ့သားတို့၊ စနှိုးဝိုက်ရဲ့သမီးတို့ စသည်ဖြင့် ပုံပြင်ဇာတ်လိုက်တွေရဲ့ မျိုးဆက်တွေ တက်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ သူတို့ဆီမှာ စာဖတ်သူဆိုတဲ့ ပုံပြင်မျိုးရိုးမဟုတ်တဲ့ အပြင်လောကက သူတွေလည်း တက်ခွင့်ရတတ်ပါတယ်သေးတယ်။ တစ်နေ့မှာတောာ့ အဲဒီကျောင်းကို ဆိုဖီဆိုတဲ့ စိတ်ထားကောင်းတဲ့ကောင်မလေးနဲ့ အက်ဂ်သာဆိုတဲ့ ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက် ...
movie

The School for Good and Evil (2022)

2022
Accident Man: Hitman’s Holiday (2022) 5.8
Accident Man: Hitman’s Holiday (2022) Accident Man: Hitman's Holiday (2022)2018 ခုနှစ်က ထွက်ရှိခဲ့တဲ့ Accident Man ရဲ့ ဒုတိယမြောက်ကားထွက်လာပါပြီ။ပထမကားကို မမှတ်မိဘူး ဒါမှမဟုတ် မကြည့်ရသေးသူတွေဆိုရင်လဲ ဒီဒုတိယကားကိုကြည့်လို့ဖြစ်ပါတယ်။အက်ဆီးဒန့်မန်းကတော့ သူကကြေးစားလူသတ်သမားကိုမှ သူ သတ်ရင် မတော်တဆသေသွားသလိုဒီဇိုင်းနဲ့ သတ်လို့ အဲဒီနာမည်ကိုရထားတာပါ။ ပထမကားမှာအက်ဆီးဒန့်မန်းက လန်ဒန်မှာတော်တော်မွှေခဲ့ပြီး ဒီကားမှာတော့ လန်ဒန်နဲ့ဝေးရာကိုသူအားလပ်ရက်ခရီးထွက်လာခဲ့ပါပြီ။သူက အာရှ ဥရောပ မြောက်အမေရိကတို့အားလုံးနဲ့နီးတဲ့ မောလ်တာကျွန်းမှာအေးအေးဆေးဆေးအနားယူခြေရာဖျောက်ရင်း ကြေးစားအလုပ်အနည်းငယ်ကိုလဲလုပ်တယ်ပေါ့။ဒါပေမဲ့ သူ့အတိတ်က လူတစ်ယောက် ရောက်လာပြီးနောက်မှာ မာဖီးရားဂိုဏ်းကဘွားတော်ကြီးရဲ့ခပ်ပေါပေါခပ်ချာချာသားကို ကာကွယ်ပေးဖို့ဖြစ်လာပါလေရော။ အတိတ်ကနေလွတ်ရာပြေးလာတဲ့ အက်ဆီးဒန့်မန်းတစ်ယောက် ကြေးစားကနေ ဘော်ဒီဂတ်ဖြစ်လာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာဒီကားမှာကြည့်ရမှာပါ။Comedy action ဇာတ်ကားဖြစ်တာကြောင့် ထေ့လုံးငေါ့လုံး အဆဲစုံဒိုင်ယာလော့ခ်လေးတွေပါတာရယ် အက်ရှင်နဲ့ဇာတ်လမ်းကလဲ မဆိုးတာရယ်ကြောင့် ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 1.36GB | 766MB | 418MB Format… mp4 Duration…. 1h 36min Subtitle…. ...
movie

Accident Man: Hitman’s Holiday (2022)

2022
Karthikeya 2 (2022) 8.2
Karthikeya 2 (2022) Karthikeya 2 (2022)ခုတစ်ခါထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းတေလဂူကားလေးကတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ကားလေးပါပဲ...မင်းသားချော နီခေလ်နဲ့ မင်းသမီးချောလေး အန်နူပမာတို့ ခေါင်းဆောင်မင်းသား မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်ဒီဇာတ်ကားမှာ ကာသစ်က လက်တွေ့သိပ္ပံကလွဲရင် ကျန်တာတွေကို အယုံအကြည်မရှိဘူးဆိုပေမယ့် လက်တွေ့ဆန်တာ ယုတ္တိရှိတာတွေကိုတော့ ယုံလေ့ရှိသလို တစ်မူထူးခြားတဲ့လူတစ်ယောက်လည်း ဖြစ်တယ်...သူဟာ ဆရာဝန်တစ်ယောက်ဖြစ်သလို စူးစမ်းလေ့လာရေးသမားတစ်ယောက်လည်း ဖြစ်သေးတယ်...ဘုရားအဆင်တန်ဆာတွေကို လိုချင်တပ်မက်နေကြတဲ့ သိုက်တူးသမား အဖွဲ့အစည်းတစ်ခုရှိတယ်...လောဘသားကောင်တွေဆိုပါတော့ ကမ္ဘာမီးလောင်ရင် သားကောင်ချနင်းမယ့် လူစားမျိုးတွေ...အဲ့ဒီအဖွဲ့အစည်းထဲက ပရော်ဖက်ဆာတစ်ယောက်ဟာတော့ ဒီအဖြစ်ကို မလိုလားခဲ့ဘူး..ဒါကြောင့် အဆင်တန်ဆာတွေရဲ့ တည်နေရာကို ခဲရာခဲဆစ်နဲ့ တစ်ယောက်တည်း သဲလွန်စတွေ ရှာဖွေဖေါ်ထုတ်ခဲ့တယ်...နောက်ဆုံး ဒီသဲလွန်စတွေနဲ့ အဆင်တန်ဆာတွေကို ကာကွယ်ရမယ့်တာဝန်က ကာသစ်ဆီရောက်လာတော့..ဗီဇအရ စူးစမ်းရှာဖွေလိုစိတ်အပြည့်ရှိတဲ့ ကာသစ်ဟာ ဒီသဲလွန်စတွေကို ဘယ်လိုရှာဖွေဖေါ်ထုတ်မလဲ...။ဆန်းကြယ်မှုတွေပြည့်နှက်နေတဲ့ သူ့ခရီးကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကတော့....။ File size…4.5GB / 2.21GB / 1GB Quality…4k HEVC WEB DL  / 1080p WEB DL / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Karthikeya 2 (2022)

2022
4K HEVC Web-DL
Tibetan Raiders ( 2022 ) 6
Tibetan Raiders ( 2022 ) CM ချစ် တရုတ်ကားဖန်လေးတွေအတွက် ဒီတစ်ခေါက် Tibetan Rider ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင် ကယ်ဆာဘုရင်ရဲ့ ကောင်းကင်ဓားကို လေ့လာစူးစမ်းသူ ရှီးရှီးဟာဆိုရင် ငယ်ငယ်တည်းက သူ့အဖေပရော်ဖက်ဆာရဲ့ စကားတွေကြောင့် ကယ်ဆာဘုရင်နဲ့ ကောင်ကင်ဓားအပေါ်စွဲလန်းနေတဲ့အပြင်မှာမှ ဖခင်ဖြစ်သူကလည်း ဒီလေ့လာမှုကြောင့် သေဆုံးခဲ့ရတာကြောင့် မပြီးဆုံးတဲ့တာဝန်တစ်ခုလို သတ်မှတ်ပြီး အဆုံးထိ လေ့လာနေသူတစ်ဦးပေါ့.. . ဒီလိုနဲ့ သူဟာ သဲလွန်စတွေအတိုင်း ရှီချွီကို သွားဖို့လုပ်ရာနေ မာချန်ဆိုသူနဲ့ ကားငှားရင်ဆုံးခဲ့တာပါ... မာချန်နဲ့ အစပိုင်းမှာ မသင့်မြတ်ပေမယ့် တဖြည်းဖြည်း အဆင်ပြေလာရာကနေ ရှီးရှီး လေ့လာမှုမှာ တစ်နေရာက ပါဝင်ကူညီတဲ့အဆင့်ထိဖြစ်လာခဲ့တာပေါ့... တစ်ဖက်မှာလည်း ရှီးရှီးနောက်ကို ရှေးဟောင်းသုတေသီတို့ရဲ့ အဖျက်သမားအဖွဲ့ကလိုက်နှောင့်ယှက်တဲ့ဒဏ်လည်းရှိနေသေးတာမို့...ရှီးရှီးတို့ အဆုံးသတ်မှာ လေ့လာမှုအောင်မြင်ပါ့မလား... တမ်းတနေတဲ့ ကောင်းကင်ဓားရော ရှာတွေ့ပါ့မလား... နောက်ပြီး ရှီးရှီးအဖေကရော ဘာကြောင့်သေသွားရတယ်ဆိုတာ ဒီဇာတ်ကားလေး ဒေါင်းကြည့်ပြီး ခံစားကြည့်လိုက်ကြပါ... [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h ...
movie

Tibetan Raiders ( 2022 )

Massu Engira Maasilamani (2015) 5.9
Massu Engira Maasilamani (2015) Masss (2015)==============အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Horror ဆိုပေမယ့် အရမ်းကြောက်စရာကောင်းနေတာမျိုးမဟုတ်ပဲ တစ်ကားလုံးကို ဆက်ကြည့်နေချင်အောင်၊ စိတ်၀င်စားစရာကောင်းအောင် ဆွဲခေါ်သွားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာ မင်းသား Suriya က နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပြီးတော့ ဇာတ်ကောင်နှစ်ယောက်လုံးက လူအတူတူပဲလို့ကိုမထင်ရအောင် သရုပ်ဆောင်ပီပြင်လွန်းနေတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့တဲ့ မားစ်ဟာ သူ့သူငယ်ချင်း ဂျက် နဲ့အတူ ကြီးပြင်းလာခဲ့ပြီး ဓားပြတိုက်လုယက်မှုတွေ လုပ်ရင်းနေခဲ့ပါတယ်။ တစ်ရက်မှာ ငွေတွေဓားပြတိုက်ပြီးပြန်လာတုန်း ကားတိုက်မှုတစ်ခုနဲ့ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အသက်မသေခဲ့ပဲ ပြန်သတိရလာတဲ့အခါမှာ သူဟာ သရဲတွေကိုပါ မြင်နိုင်လာခဲ့ပါတယ်။အစပိုင်းမှာတော့ သရဲတွေနဲ့ပူးပေါင်းပြီး စီးပွားရှာ ကြီးပွားလာခဲ့ပေမယ့် ရှက်တီ ဆိုတဲ့ သရဲပေါ်လာတဲ့အခါမှာ သူ့ဘ၀ အလှည့်အပြောင်း‌ဖြစ်သွားခဲ့ပါတယ်။ မားစ် ဟာ တဖြေးဖြေးနဲ့ သူ့ဘ၀အဖြစ်မှန်တွေကို သိလာရပြီးတဲ့အချိန်မှာ ဘယ်လိုတွေဆက်ပြီး ရှေ့ဆက်သွားမလဲဆိုတာကို စိတ်၀င်တစား ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…3.8GB  / 1.8GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Massu Engira Maasilamani (2015)

2015
Men of Sacrifice ( 2022 ) 6.3
Men of Sacrifice ( 2022 ) CMရဲ့ တရုတ်ကားဖန်တွေ နောက်ပြီး တရုတ်ကားဆို အက်ရှင်မှ ကြိုက်ပါတယ်ဆိုသူတွေအတွက်ကို ဒီတစ်ခေါက် IQIYI က တင်ဆက်ခဲ့တဲ့ အက်ရှင်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် လီတုန်းရှင်းဆိုတဲ့ ငွေမည်းနဲ့ ချမ်းသာနေသူတစ်ယောက်ရဲ့ သမီးဟာ ပြန်ပေးဆွဲခံရပြီး ပြန်ပေးဆွဲသူက ဖောက်ခွဲရေးဝိဇ္ဇာလို့ နာမည်ကြီးသူတစ်ဦးဖြစ်တော့ အမျိုးသားလုံခြုံရေးတပ်ဖွဲ့နဲ့ ပြည်သူ့လုံခြုံရေးရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုမျိုး ဖြေရှင်းမလဲ... ငွေမည်းနဲ့မသမာလုပ်ငန်းရှင်ဆိုတော့ သေလည်းသေပေါ့လို့ ပစ်ထားမလား.. အသက်နဲ့ရင်းပြီးကယ်တင်မလား... ဆိုတဲ့ရွေးချယ်မှုအောက်မှာ ဘယ်လိုရွေးချယ်မလဲ... နောက်ပြီး ဘာလို့ ဒီလို ပြန်ပေးဆွဲမှုကြီးဖြစ်တာလဲ....သာမန်သူတို့ချင်းမသင့်မြတ်လို့ဖြစ်တာလား ဒါမှမဟုတ် နောက်ကွယ်မှာ ဘာလေးနက်တဲ့ အမှုတွဲရှိနေမယ်ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ...အဆုံးသတ်ချိန်ထိ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးမလို့ CM တရုတ်ကားဖန်လေးတွေလည်း လက်လွတ်မခံဘဲကြည့်ဖြစ်အောင်ကြည့်လိုက်ကြနော်... Reviewed By Chu Chu Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Crime Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Men of Sacrifice ( 2022 )

My Dear Bodyguard ( 2022 ) 6
My Dear Bodyguard ( 2022 ) တရုတ်ဘော်ဒီဂတ် အက်ရှင်ကားတွေကြိုက်တဲ့ CMပရိသတ်ကြီးအတွက် ဘော်ဒီဂတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင် ...... Hang Bin ဟာပုဂ္ဂလိကလုံခြုံရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ Sherry တို့သားအဖကိုစောင့်ရှောက်ပေးရတဲ့တာဝန်ကျရှုံးခဲ့ပြီး တစ်မိသားစုလုံးသတ်ခံလိုက်ရပါတယ်။Sherryအဖေရဲ့ အန္တရာယ်ရှိ စမ်းသပ်ပစ္စည်းဟာလဲ ပျောက်ကွယ်သွားခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုခွင့်မလွှတ်နိုင်တဲ့ Hang Bin ဟာ ကိုယ့်ကိုယ်ကိုအပြစ်တင်ရင်း ဘဝကိုဖြစ်သလိုဖြတ်သန်းနေပါတော့တယ်။ ၁၅နှစ်ကြာပြီးနောက်.....လုပ်ဖော်ကိုင်ဖက်ဟောင်းကြောင့် အဆိုတော်မလေးရဲ့သက်တော်စောင့်ဖြစ်လာဖို့အကြောင်းဖန်လာပါတယ်။အဆိုတော်မလေးဟာအသက်ခြိမ်းခြောက်မှုတွေဆက်တိုက်ခံရပြီး အန္တရာယ်တွေဆက်တိုက်ကြုံတွေ့နေရပါတယ်။ Hang Binဟာအခက်အခဲတွေရင်ဆိုင်ကျော်ဖြတ်ရင်း တရားခံရဲ့ပစ်မှတ်ဟာ တကယ်တော့ အဆိုတော်မလေးမဟုတ်ပဲ သူကိုယ်တိုင်ဆိုတာသိလိုက်ရတယ်။ နောက်ကွယ်ကနေထိန်းချုပ်နေတဲ့သူကဘယ်သူဖြစ်လိမ့်မလဲ..... ဘာကြောင့်များသူ့ကိုအညှိုးထားနေရတာလဲ...... ပဟေဠိတွေအပြည့်နဲ့ပီပြင်တဲ့ ဖိုက်တင်ခန်းတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရမယ့်အက်ရှင်ကားကောင်းလေးဖြစ်လို့ အကြိုက်တွေ့ကြမှာသေချာပါတယ်။ Reviewed By Nu Mon Quality : WEB-DL 1080p ,480p Format : mp4 Genres : Action , Drama Runtime : 1h 22min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

My Dear Bodyguard ( 2022 )

Vendhu Thanindhathu Kaadu (2022) 7.9
Vendhu Thanindhathu Kaadu (2022) Vendhu Thanindhathu Kaadu (2022)IMDb 7.9ဒီတစ်ခါမှာတော့ ကုဋေ၃၀ အကုန်ကျခံရိုက်ကူးထားပြီး ကုဋေ၅၀ထိပြန်ရခဲ့တဲ့ အမိုက်စားတမီလ်ကားကိုတင်ဆက်ပေးချင်ပါတယ်ဒီလက်‌တွေနဲ့ကိုယ်တိုင်လူသတ်မိမယ် လူသတ်သမားဖြစ်ဖို့မွေးဖွားလာတာဆိုပြီး ဗေဒင်ဆရာတွေဆီကတစ်လေသံတည်းထွက်လာခဲ့တဲ့ ဇာတာပိုင်ရှင်မီသူး... မိခင်ဖြစ်သူကသားကိုဒီလိုဘဝမျိုးအရောက်မခံနိုင်တော့ မရှိတဲ့ကြားကကျောင်းထားပြီး B.Scဘွဲ့ရအောင်လုပ်ပေးခဲ့တယ်မွေးရပ်မြေမှာ ဆူးချုံရှင်းရင်း မတော်တဆကွင်းတစ်ပြင်လုံးမီးထလောင်တော့ လယ်ပိုင်ရှင်ကလျော်ကြေးတောင်းလေရဲ့ သူ့အမှားမဟုတ်လို့မပေးနိုင်ကြောင်း မူသူးကတင်းခံနေရင်း ပိုင်ရှင်နဲ့ကတောက်ကဆဖြစ်ရာကနေ လူသတ်မိတော့မလိုဖြစ်ခဲ့တဲ့သူ့ကို ညတွင်းချင်းပဲ အမေဖြစ်သူကမြို့က ဦးလေးဖြစ်သူထံ ခေါ်ယူထွက်ပြေးခဲ့ရတယ် မြို့မှာဘဝသစ်စမယ် မိဘအကြွေးတွေဆပ်ပေးမယ်တင်းခံနေရာကနေ မထင်မှတ်ထားတဲ့ဖြစ်ရပ်တစ်ခုစီ ပါဝင်ပတ်သက်မိရာမှာတော့... ဗေဒင်ဆရာတွေဟောတဲ့အတိုင်း လူသတ်သမားဖြစ်လာမလား မိခင်သဘောတိုင်းဖြစ်မလားဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါရှင် File size…2.83GB  / 1.24GB  Quality…1080p WEB DL / 720p Format…mp4 Duration….2h 57m Subtitle….Myanmar Subtitle (Hard sub) Encoder….YK Translated by Poe & BpL & Yunni & HM
movie

Vendhu Thanindhathu Kaadu (2022)

2022
Wolf Pack ( 2022 ) 6.1
Wolf Pack ( 2022 ) CM Chinese fan တို့အတွက် အခုအခါ my Dramalist မှာလည်း rating 8 ရထားပြီး budget ကောင်းသုံးထားတဲ့ အက်ရှင်ကားကောင်းလေးဖြစ်တဲ့ wolf pack ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဇာတ်လမ်းအကျဉ်းလေးပြောပြရရင် ဝေးပေ့ ခေါင်ပေ့ အန္တရာယ်များပေ့ဆိုတဲ့ နေရာတွေကိုမှ ရွေးပြီး စေတနာ့ဆရာဝန်အဖြစ်လုပ်နေတဲ့ ခယ်ထုံဆိုသူတစ်ယောက်… ရုတ်တရက်ကြီး ကလေးတွေကိုကယ်ဖို့ဆိုပြီး လိုက်သွားရကနေ Cooley ကိုရောက်သွားခဲ့ပြီး တစ်ချိန်ကအလောင်းအင်္ဂါမစုံခဲ့တဲ့ အဖေ့နောက်ကွယ်အကြောင်းနဲ့ အဖေသေရတဲ့အကြောင်းကို ဖြည်းဖြည်းချင်းသဘောပေါက်လာတဲ့အပြင် အခုသူကြုံတွေ့နေရတဲ့ မစ်ရှင်နဲ့ အဖွဲ့အစည်းကိုပါ ဖြည်းဖြည်းချင်း ပုံဖော်ပြထားတဲ့ကားကောင်းလေးမို့ အက်ရှင်ကားကောင်းကြိုက်သူတို့ လက်မနှေးဘဲ အမြန်ဒေါင်းကြည့်လိုက်တော့နော် Reviewed By Chu Chu Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , War , Thriller Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK 
movie

Wolf Pack ( 2022 )

(18+) Rise of the Machine Girls (2019) 5.2
(18+) Rise of the Machine Girls (2019) ဒီဇာတ်ကားကို အရိုးရှင်းဆုံးပြောရရင်တော့ Dark Comedy ပေါ့ ဇာတ်ကောင်တွေကလဲ သောက်တလွဲပဲ ဇာတ်လမ်းကလဲ ဂဂျိုးဂဂျောင်နဲ့ ဖြစ်နိုင်တာတော့ တစ်ခုမှမပါဘူးဒါပေမဲ့ ဂျပန်တွေဆိုတာသိတဲ့အတိုင်းပဲလေ စိတ်ကူးယဉ်ဖန်တီးနိုင်စွမ်းကတော့ အလွန်မြင့်မားကြတာကို Super Sentai (power ranger), ultraman, gundan စတဲ့ fictional characters ပေါင်းများစွာကိုမွေးဖွားပေးခဲ့တဲ့ ဂျပန်တွေဟာ ခုလိုမျိုးဇာတ်ကားတွေမှာ ထင်ရာတွေလုပ် ရိုက်ချင်သလိုတွေရိုက်ပြီး ဖျော်ဖြေရေးကိုပဲ အဓိကထားတင်ဆက်ကြတာ ထုံးစံနဲ့တူပါတယ်ဟ..ဒါဆို ဒီကောင်တွေ ရိုက်ချင်တာလျှောက်ရိုက်တာ ငါတို့က ဘာကြည့်ရမှာတုန်းဆိုရင် ကြည့်စရာစော်အလန်းလေးတွေပါပါတယ်....HOTD က အန်ကယ်ဒေမွန်ကြီး ခေါင်းထဖြတ်တဲ့အကွက်မျိုးက ဒီလိုကားထဲမှာ အားတိုင်းထည့် ပျင်းတိုင်းထည့်ပါတယ်...စောက်ရမ်းချပါတယ်သေနတ်တွေရော စက်ရုပ်တွေရော ဓားတွေရော စုံနေတာပါပဲ အဲ့တော့ ဘာကိုမှ ဂိမနေပဲ ဖျော်ဖြေရေးကို ဖျော်ဖြေရေးလိုပဲခံစားရင် ကွက်တိပါပဲ တစ်ခုတော့ရှိပါတယ် စောက်ရမ်းဖျော်ဖြေတယ်ဟဆိုပြီး မိဘတွေ ကလေးတွေနဲ့တော့အတူမကြည့်ပါနဲ့ ဆဲတာဆိုတာအသာထား လိင်ပြကွက်ဆိုတာတောင် အပျင်းပြေအလှူလိုထည့်ထားတဲ့ ဒီကားမျိုးက အန်ကယ်ဒေမွန်လို အန်ကယ်လေးရှိတဲ့ ဘာဘီလေးတွေလောက်ပဲ အဆင်ပြေမယ့် ကျန်တဲ့လူတွေ မိသားစုနဲ့မကြည့်သင့်တဲ့ ဆယ့်ရှစ်အပေါင်းကားလေးဖြစ်ကြောင်းတော့ လက်တို့လိုက်ပါရစေ File size…1.3GB / 697MB Quality…1080p BluRay / 720p Format…mp4 Duration….1h 15m Subtitle….Myanmar Subtitle (Hard ...
movie

(18+) Rise of the Machine Girls (2019)

2019
Athena (2022) 6.8
Athena (2022) Athena (2022)အသီနာဆိုတဲ့ပြည်နယ်လေးမှာ ပြည်သူတွေမကြာခဏ ရဲအရာရှိတွေ အကြမ်းဖက်ခံရပေမယ့် ဒီပြည်နယ်ငယ်လေးကို ဘယ်သူမှအရေးမလုပ်ကြတာကြောင့် အကြမ်းဖက်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာပါတယ်။၂ လအတွင်းမှာ တတိယအကြိမ် ရဲဘက်အကြမ်းဖက်မှုဖြစ်ပြီး ရဲဝတ်စုံနဲ့လူတွေက အီဒီရာဆိုတဲ့လူငယ်လေးကို ရိုက်နှက်ပြီး သတ်လိုက်တဲ့ဗီဒီယို ပျံ့သွားချိန်မှာတော့ အစိုးရနဲ့လူထုကြား တင်းမာမှုတွေဖြစ်လာပါတော့တယ်။ အီဒီရာရဲ့အစ်ကိုကြီးဖြစ်သူ အက်ဘ်ဒဲလ်ကတော့ စစ်သားတစ်ယောက်ပီပီ အစိုးရကိုယုံကြည်ပေမယ့် ကာရင်းမ်ကတော့ အစိုးရကိုအယုံကြည်မရှိတဲ့ လက်ယာဝါဒီအစွန်းရောက်ပီပီ အဓိကရုဏ်းတွေကို အစပျိုးရင်းနဲ့ ပြင်သစ်တစ်နိုင်ငံလုံး အကြမ်းဖက်မှုတွေ ပျံ့နှံ့သွားစေပါတယ်။အကြမ်းဖက်မှုနဲ့ ညီဖြစ်သူအတွက် တရားမျှတမှုကို ကိုယ်တိုင်တိုက်ယူရမယ်လို့ ယုံကြည်ထားတဲ့ ကာရင်းမ်၊ စစ်သားပီပီ ဥပဒေအတိုင်းလိုက်နာရင်းနဲ့ အစိုးရကဖြေရှင်းပေးမယ်လို့ယုံကြည်တဲ့ အက်ဘ်ဒဲလ်၊ ဒီကြားထဲမှာမှ စီးပွားရေးထိခိုက်လို့ အထိကရုန်းတွေဖြစ်မှာကို လိုက်လံတားဆီးနေတဲ့ အစ်ကိုအကြီးဆုံးမော့ခ်တာဒီလိုမတူညီတဲ့အယူအဆအသီးသီးနဲ့ အဓိကရုဏ်း မှာ ဘာ‌တွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ Athena ဆိုတဲ့ ဒီရုပ်ရှင်လေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.5GB | ...
movie

Athena (2022)

2022