Channel Myanmar

Action

Poikkal Kuthirai (2022) 7.2
Poikkal Kuthirai (2022) Action, Drama IMDb - 7.0/ 10အိန္ဒိယဇာတ်ကားကောင်းတစ်ပုဒ် ရှာနေရင်တော့ ဒီဇာတ်ကားလေးက သင့်ရဲ့ တောင့်တမှုနဲ့ ကိုက်ညီစေမှာ အမှန်ပါပဲ၅၂၈ မေတ္တာကို ဖော်ကျူးပြသ‌ထားတဲ့ ကားတစ်ကားဖြစ်ပြီး သမီးအပေါ်ထားတဲ့ အဖေရဲ့မေတ္တာဟာ ဘယ်လောက်ကြီးမားကြောင့် သမီးဟာလည်း အဖေဖြစ်သူအပေါ် ဘယ်လောက်အားကိုးခိုလှုံ ချစ်ခင်ကြောင်း ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်ကာသီဟာ မတော်တဆမှုတစ်ခုကြောင့် မိန်းမဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး ခြေထောက်တစ်ဖက်ပါ ဆုံးရှုံးလိုက်ရသူ ဖြစ်ပါတယ်သူ့မှာ သမီးလေးတစ်ယောက်လည်းရှိပြီး သူ့သမီးလေးက ရှားပါးရောဂါတစ်မျိုးကို ခံစားနေရသူ ဖြစ်ပါတယ်အဲဒီလိုနဲ့ သိပ်ပြီးအဆင်မပြေလှတဲ့ သူဟာ သူ့သမီး မိတဆိုးလေးအတွက် ဆေးကုဖို့ ပိုက်ဆံရှာနေတုန်းမှာပဲပြန်ပေးဆွဲမှုတစ်ခုနဲ့ ငြိစွန်းသွားခဲ့တဲ့ အခါမှာတော့.....ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲ သူ့သမီးကို ကယ်ဖို့ ဘယ်အတိုင်းအတာအထိ ဆက်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ် File size…2.17GB / 1.03GB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Sora & Poe & Myo Myo & ...
movie

Poikkal Kuthirai (2022)

2022
Men in Black: International(2019) 5.6
Men in Black: International(2019) Men in Black: International(2019)အမ်အိုင်ဘီ အသစ်ထွက်လာလို့ တင်ပေးထားပါတယ်။ အမ်အိုင်ဘီဆိုတာကလေးကတည်းက ရင်းနှီးပြီးသား လျို့ဝှက်အဖွဲ့ပါပဲ။ ဂြိုလ်သားတွေရန်က ကာကွယ်ဖို့ လျို့ဝှက်ဖွဲ့စည်းထားတာပါ။သူတို့ရဲ့ မှတ်ဉာဏ်ဖျောက်တဲ့ ကင်မရာလိုအရာလေးတွေကို အားလုံးမှတ်မိနေကြမှာပါ။မင်းသားနဲ့ မင်းသမီးကိုတော့ စူပါဟီးရိုးဖန်တွေ သိပြီးသားပါ။ သောရ်နဲ့ ဗယ်ခရီ တို့ပါပဲ။ဇာတ်လမ်းအကျဉ်းအေးဂျင့် အိတ်ချ်ဟာ အမ်အိုင်ဘီရဲ့ အတော်ဆုံး အေးဂျင့်တစ်ယောက်၊ ကမ္ဘာကြီးကို ကယ်တင်ခဲ့ဖူးသူပါ။အေးဂျင့်အမ်ကတော့ အမ်အိုင်ဘီကို ရအောင်ရှာပြီး အဖွဲ့ဝင်ဖြစ်ဖို့ အစမ်းခန့်ကာလ အေးဂျင့်တစ်ယောက်ပါ။သူတို့ နှစ်ယောက်တွဲပြီး တာဝန်ယူတဲ့ အရေးမကြီးလှတဲ့ တာဝန်တစ်ခုဟာရုတ်ချည်း ကမ္ဘာကြီးပျက်စီးမယ့် အဖြစ်ကိုပြောင်းလဲသွားတဲ့အခါ.......ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်.... File Size :5.8GB / 2GB / 1GB Quality :4k HEVC WEB DL / 1080p / 720p Format…mp4 Duration…01:54:00 Genre :  Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard ...
movie

Men in Black: International(2019)

2019
4K HEVC
Men in Black 3 (2012) 6.8
Men in Black 3 (2012) ဒီ MIB 3 မှာလဲ အရင်လို Agent K နဲ့ J ကို ပြန်မြင်ကြရအုံးမှာပါပဲ အရမ်းဆိုးရွားလွန်းလို့ အာကသ ထဲမှာ အဆင့်ဆင့် ပိတ်လှောင်ထားတဲ့ အကျဉ်းထောင်ထဲက ဘိုးရစ် ဆိုတဲ့ ဂြိုလ်သားတစ်ကောင် ရှိပါတယ် သူနဲ့ အေးဂျင့် ကေ မှာ ရန်ညိုး ရန်စ တစ်ခု ရှိနေတယ်...အေးဂျင့် ကေ ကြောင့် ဘိုးရစ် ရဲ့ လက်တစ်ဖက် ပြတ်သွားဖူးပါတယ် နောက်ဆုံးမှာ အေးဂျင့်ကေ က မသတ်ပဲ အရှင်ဖမ်းပြီး အကျဥ်းထောင်မှာ လုံခြုံရေး တင်းကျပ်စွာ ချူပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်...တစ်ရက်မှာတော့ ဘိုးရစ် တစ်ယောက် အပြင်က အကူအညီ နဲ့ အကျဉ်းထောင်က လွတ်မြောက်သွားပြီး အေးဂျင့် ကေ ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်...သူလက်စားချေမယ့် အစီအစဉ်ကတော့ အေးဂျင့် ကေ ဘိုးရစ်ကို မဖမ်းခင် အချိန်ကို ပြန်သွားပြီး သတ်ဖို့ပါပဲ... ဘိုးရစ် ရဲ့ အစီအစဉ် အောင်မြင်သွားတယ် ...
movie

Men in Black 3 (2012)

2012
4K HEVC
Men in Black II (2002) 6.1
Men in Black II (2002) ပြီးခဲ့တဲ့ MIB ပထမ ရုပ်ရှင်ကားမှာတုန်းက အေးဂျင့် ကေ ဟာ အေးဂျင့် ဂျေ ကို သူသိသမျှ တက်သမျှ တွေ အကုန်သင်ပေးခဲ့ပြီး Men In Black အဖွဲ့အစည်းကနေ အနားယူခဲ့ပါတယ် ပိုပြီး ထူးခြားတာက သူအနားယူတဲ့အခါ ဘာမှ မမှတ်မိချင်လို့ ဒီအလုပ်လုပ်ခဲ့သမျှ ကာလပတ်လုံး မေ့သွားအောင် အေးဂျင့် ဂျေ ကို မှတ်ဉာဏ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပြီး ထွက်ခွာသွားခဲ့တာပါ...MIB 2 မှာတော့ ကေ မရှိတဲ့တဲ့ အေးဂျင့် ဂျေ တစ်ယောက် အလုပ်မှာ တလွဲတွေ လုပ်တဲ့ ပါတနာ အသစ်နဲ့ အတော်လေး အဆင်မပြေ ကို ဖြစ်နေပါတယ်...အဲ့ဒီလို အချိန်ကိုက်မှာပဲ ကမ္ဘာပေါ်ကို ပထမတစ်ခါလာဖူးပြီး MIB အဖွဲ့ကို ရင်ဆိုင်ရှုံးနိမ့်သွားတဲ့ ဆယ်လီနာ ဆိုတဲ့ ဂြိုလ်သားမ ဟာ နောက်တစ်ခါ ထပ်မံ ရောက်ရှိလာပါတော့တယ် သူလာရှာတာကတော့ ဇာသန် တွေ ရဲ့ အလင်းရောင် စွမ်းအားပါ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အေးဂျင့် ကေ ...
movie

Men in Black II (2002)

2002
4K HEVC
Men in Black (1997) 7.3
Men in Black (1997) CM Fan တွေ အတွက် Men In Black ရဲ့ပထမ အစ ကားကို ပြန်တင်ပေးလိုက်ပါတယ်ဒီရုပ်ရှင်ကားမှာဆိုရင် လူသားတွေ နဲ့အတူမသိမသာ နေထိုင်နေတဲ့ ဂြိုလ်သားတွေကိုစည်းကမ်းထိန်းသိမ်းပြီး စောင့်ကြည့်နေတဲ့ MIB အဖွဲ့ အကြောင်း ပါဂျေ ဟာ နယူးရော့ခ် ရဲဌာနက သာမန် အရာရှိတစ်ယောက်ပါတစ်ရက်မှာတော့ ရာဇဝတ်သား တစ်ဦးကို မရမက လိုက်ဖမ်းရင်းရာဇဝတ်သားက သတ်သေသွားပါတယ် ဂျေ လဲ ဒီကိစ္စကို လိုက်လံစုံစမ်းရင်းMIB က အေးဂျင့် ကေ နဲ့ စသိပါတယ်...ပုံမှန်အနေနဲ့ကတော့ ကေ ဟာ အမှုကိစ္စတွေ လက်စသတ်ပြီးရင်လူတွေရဲ့ မှတ်ဉာဏ်ကို ဖျောက်ပြီး ဘာမှမဖြစ်ခဲ့သလို ပုံစံဖန်တီးတက်ပေမဲ့ဂျေ ကိုတော့ MIB ကို လာပြီး အလုပ်လုပ်ဖို့ စည်းရုံးခဲ့ပါတယ်...အဲဒီအချိန်မှာပဲ ကမ္ဘာကို ဖျက်ဆီးချင်တဲ့ ပိုးဟပ်ဂြိုလ်သား တစ်ကောင်ကလဲကမ္ဘာပေါ်ကို ရောက်လာခဲ့သော အခါမှာတော့...အေးဂျင့် ကေ ...
movie

Men in Black (1997)

1997
4K HEVC
Khuda Haafiz: Chapter 2 (2022) 8.3
Khuda Haafiz: Chapter 2 (2022) Khuda Haafiz Chapter II: Agni Pariksha (2022)=============================ကွန်မန်ဒိုမင်းသားရဲ့ အက်ရှင်ကားလေးတစ်ကား ထွက်လို့လာခဲ့ပြန်ပါပြီ...နံပါတ် ၁ ကတော့ ၂၀၂၀ လောက်က ထွက်ရှိထားပါတယ်...နံပါတ် ၁ တုန်းကလည်း ကွန်မန်ဒိုမင်းသားရဲ့ အကြမ်းအရမ်း အက်ရှင်တွေကို တစ်ဝကြီး ကြည့်ခဲ့ရသလို နံပါတ် ၂ မှာလည်း အက်ရှင်ခန်းတွေကို ကောင်းကောင်းကြီးမြင်တွေ့ရဦးမှာပါ..အိန္ဒိယနိုင်ငံမှာ ၁၅မိနစ်ခြားတစ်ခါ အမျိုးသမီးတစ်ယောက် အဓမ္မကျင့်စော်ကားခံနေရပါတယ်..နှစ်စဉ်နှစ်တိုင်းပြစ်မှုပေါင်း ၇၂၀၀ကျော် ဖြစ်ပွားနေတယ်..ဒီဇာတ်လမ်းလေးမှာလည်း စမီရ်နဲ့ နရ်ဂစ်တို့ဟာ ဒုက္ခအပေါင်းကို ကျော်လွှားပြီး ဘဝကိုအဆင်ပြေပြေနဲ့ အခြေချနေထိုင်ဖို့ ကြိုးစားနေကြတဲ့ ဇနီးမောင်နှံတွေဖြစ်ပါတယ်...နိုင်ငံရပ်ခြားမှာ ရောင်းစားခံရပြီး အကြိမ်ပေါင်းများစွာ မုဒိန်းကျင့်ခံခဲ့ရတဲ့ နရ်ဂစ်အဖို့ ဒီစိတ်ဒဏ်ရာဟာ နေ့စဉ်နဲ့အမျှ လူကို သတ်နေပါတယ်...သူတို့လင်မယားနှစ်ယောက်ရဲ့ကြားမှာ ပေါင်းကူးတံတားလေးဖြစ်စေဖို့ စမီရ်ဟာ နန်ဒီနီဆိုတဲ့ ၅နှစ်အရွယ် သမီးမိန်းကလေးတစ်ယောက်ကို မွေးစားလိုက်တယ်မိသားစုရိပ်မြုံလေးအစပျိုးလာပြီး သံယောဇဉ်တွေနဲ့ ပျော်ရွှင်နေတဲ့အခိုက်အတန့်မှာ နန်ဒီနီလေး မတော်တဆပြန်ပေးဆွဲခံလိုက်ရပါတယ်..ရုန်းရင်းဆန်ခတ်အဖြစ်အပျက်တွေကြားမှာ ဒီကလေးမလေး မဖြစ်သင့်တာတွေဖြစ်လာတဲ့အခါမှာတော့ ဖခင်ဖြစ်သူရဲ့သမီးအပေါ်ထားရှိတဲ့ မေတ္တာနဲ့ ကလဲ့စားဟာ ဘယ်လောက်တောင် ကြမ်းတမ်းပေါက်ကွဲထွက်လာမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ... File size…6.7GB / 2.3GB / 1.1GB Quality…4k HEVC WEBDL / 1080p True WebDl ...
movie

Khuda Haafiz: Chapter 2 (2022)

2022
4K HEVC Web-DL
Yenni Thuniga (2022) 7.5
Yenni Thuniga (2022) Yenni Thuniga (2022)ယခုမိတ်ဆက်ပေးမယ့် တမဲလ်ဇာတ်ကားလေးကတော့ ပုံမှန်စုံထောက်ကားတွေနဲ့ မတူဘဲ ရသတစ်မျိုးကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။ ဇာတ်လမ်းစစချင်းမှာ ရိုးရှင်းမယ်လို့ ထင်ရပေမယ့် မထင်မှတ်ထားတဲ့ အရှုပ်အထွေးတွေနဲ့အတူ ကြည့်ရှုသူတိုင်းကို ရင်တထိတ်ထိတ်နဲ့ ခံစားရစေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းအစမှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် အမတ်လောင်းရဲ့ ရတနာဆိုင်ကို ဓားပြဝင်တိုက်ခံလိုက်ရပါတယ်။ ရွေးကောက်ပွဲနီးမှ သူ့ဒေသမှာ ရာဇဝတ်တွေဟာ မှိုလိုပေါက်လာတာမို့ အမတ်လောင်းလည်း ခေါင်းခြောက်ရတာပေါ့။ အဲ့ဒီထက်ပိုဆိုးတာက့ ရွေးကောက်ပွဲကာလမှာ အသုံးပြုမယ့် ရူပီး ကုဋေ ၂၀၀၀ အထိ တန်ဖိုးရှိတဲ့စိန် ၁၀ လုံးပါ အခိုးခံလိုက်ရတော့ အမတ်လောင်းတစ်ယောက် တစ်ပူပေါ် နှစ်ပူဆင့်ရပါတော့တယ်။ ကံကောင်းချင်တော့ ဓားပြအဖွဲ့က ပြန်ပေးဆွဲသွားတဲ့ မိန်းကလေးက အသက်မသေခဲ့ပြန်ဘူး။ ဒါပေမဲ့ ကိုမာဝင်သွားတော့ သတိပြန်ရဖို့အရေး နံပါတ်တစ်အနေနဲ့ လုပ်ရပြန်တယ်။ ဓားပြအဖွဲ့ကလည်း ပိရိလွန်းပြီး ခြေရာလက်ရာ မကျန်တာမို့ ဦးရဲကြီးတို့လည်း ခေါင်းရှုပ်ရတာပေါ့ဗျာ။ ကိုမာဝင်သွားတဲ့ မိန်းကလေးရဲ့ အစ်ကဖြစ်သူကတော့ ရေဆုံးမြေဆုံးလိုက်ပြီး ရှာဖွေတဲ့အခါမှာတော့...ဓားပြအဖွဲ့ကို မိသွားနိုင်မလား...?ဒါ့အပြင် ဓားပြအဖွဲကို ပြည်ပစိန်မှောင်ခိုဂိုဏ်းက ခိုင်းစေခဲ့ပေမယ့် အဲ့ဒီထက် ရှုပ်ထွေးတဲ့ မထင်မှတ်ထားတဲ့သူတစ်ယောက် ...
movie

Yenni Thuniga (2022)

2022
4K HEVC Web-DL
The Admiral: Roaring Currents (2014) 7.1
The Admiral: Roaring Currents (2014) The Admiral: Roaring Currents (2014) IMDb....7.1/10_______Rotten - 83%လီဆွန်းရှင်းဟာ ဂျိုဆွန်းတပ်မတော်မှာ အမှုထမ်းချိန်က စပြီး အောင်ပွဲတွေ အလီလီ ရခဲ့ပြီး ထင်ရှားလာခဲ့တယ်။ ၆လအတွင်းမှာ ထိပ်တန်းရာထူး သုံးဆင့်တက်တဲ့အထိ ထူးချွန်ခဲ့ပြီး ဂျပန်စစ်မင်း Toyotomi Hideyoshi ရဲ့ ကိုရီးယားကို ကျူးကျော်စစ် (Imjin War) စတင်ချိန်မှာ လီဆွန်းရှင်းဟာ ရေတပ်သေနာပတိဖြစ်နေပါပြီ။ ဂျပန်တွေရဲ့ကျူးကျော်တိုက်ခိုက်ချိန်မှာ ကြည်းတပ်တိုက်ပွဲတွေမှာ အသာစီးရခဲ့ပေမယ့် လီဆွန်းရှင်းဦးဆောင်တဲ့ရေတပ်ကိုတော့ မစိုးမိုးနိုင်ခဲ့ဘူး.... ကိုရီးယားကို ရေကြောင်းနဲ့ စိုးမိုးချင်ရင် လီဆွန်းရှင်းမရှိမှ ဖြစ်မယ်ဆိုတာကို ရိပ်စားမိလာတဲ့ ဂျပန်တွေဟာ ဂျိုဆွန်းရဲ့နန်းတွင်းရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူလျျှိုသွင်းတဲ့အပြင် သစ္စာဖောက် အမတ်တွေနဲ့ ပေါင်းကြံပြီး ထောင်ချောက်တစ်ခု ဆင်ပါတယ်။ ဂျပန်ရေတပ်တွေရဲ့ သတင်းကို ကိုရီးယားသစ္စာခံအယောင်ဆောင် ဂျပန်သူလျှိုကနေ တစ်ဆင့်ပို့တဲ့အခါ ဘုရင်ဆွန်းဂျိုက လီဆွန်းရှင်းကို သွားတိုက်ခိုင်းတယ်။ ဒါဟာထောင်ချောက်မှန်း ရိပ်စားမိနေတဲ့ လီဆွန်းရှင်းက အမိန့်ကို ဖီဆန်ပြီး မတိုက်တဲ့အခါ ထီးနန်းကိုလုပ်ကြံမယ့်သူအဖြစ် စွပ်စွဲခံရတော့တယ်။ လီဆွန်းရှင်းကို စစ်သည်တွေနဲ့ ပြည်သူတွေက ကြည်ညို ကြတာကို မနာလိုတဲ့အပြင် သူ့ထီးနန်းကိုပါ စိတ်မချဖြစ်နေတဲ့ ဘုရင်ဆွန်းဂျိုဟာ လီဆွန်းရှင်းကို ဖမ်းပြီး ရာထူးချတဲ့အပြင် နှိပ်စက် စစ်မေးစေတယ်။ အထက်ကပြောခဲ့တာတွေဟာ ဒီဇာတ်ကားမှာ မပါပါဘူး...ဒီကားရဲ့အစကတော့ လီဆွန်းရှင်းမရှိတဲ့ရေကြောင်းကို ဂျပန်တွေအသာစီးရပြီးတဲ့အချိန်မှာမှ ဘုရင်ဆွန်းဂျိုကနေ လီဆွန်းရှင်းကို ပြန်လည်တာဝန်ပေးအပ်ပြီး ဂျပန်ရေတပ်ကိုခုခံတိုက်ခိုက်စေခဲ့တာနဲ့စပါတယ်... လီဆွန်းရှင်းအတွက် ပထမတိုက်ပွဲက လက်ကျန် ...
movie

The Admiral: Roaring Currents (2014)

2014
Dead Zone (2022)
Dead Zone (2022)  ဒီတစ်ခါတော့ အကြမ်းစားကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဌာန က ဓာတ်ခွဲခန်းတစ်ခုနဲ့ ကာကွယ်ဆေးထုတ်နေရင်းကနေ ပိုးမွှားတွေကို မထိန်းချုပ်နိုင်ပဲ ပျံ့နှံ့ကူးစက်သွားခဲ့တာပါ အဲဒီအချိန်မှာပဲ အဲဒီမြို့ကို ဖျက်ဆီးလိုက်ပြီးတော့ Dead-Zone အဖြစ်သတ်မှတ်လိုက်ပါတော့တယ် အဲဒီဓာတ်ခန်းခွဲမှာတော့ သေချာမစမ်းသပ်ရသေးတဲ့ ရှေ့ပြေး ကာကွယ်ဆေးကို အထူးတပ်ဖွဲ့တစ်ဖွဲ့က သွားယူပေးရမှာပါ မြို့ပျက်ကြီးဖြစ်ပြီးတော့ ရေဒီယိုသတ္တုကြွတာတွေ ရောဂါကူးစက်ခံရထားတဲ့သူတွေ ကြားထဲမှာ ကာကွယ်ဆေးကို သွားယူရင် ဘာတွေဘယ်လိုကြုံရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲFile size…(1.34gb)/(733MB)/(373MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:23:00 Genre...Action / Horror / Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie

Dead Zone (2022)

Vikrant Rona (2022) 8.0
Vikrant Rona (2022) VR (Vikrant Rona) (2022) Action, Adventure, Drama IMDb 8.0/10 (19K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ တောင်ပိုင်း ကန်နန်းဒါးဘက်က နာမည်ကြီးမင်းသား ဆလ်မန်းခန်းရဲ့ Dabangg 3 ဇာတ်ကားထဲမှာ ဗီလိန်နေရာက သရုပ်ဆောင်သွားတဲ့ မင်းသား ကစ်ချားဆူဒီပါးနဲ့ ဆက်ဆီကျကျမမလှလှဂျက်စီတို့ရဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးက တော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်.... ကာနတကမြို့နယ်အတွင်းက ကမာရုတူးဆိုတဲ့ရွာလေးကနေ ဇာတ်လမ်းကိုအစပြုထားတယ်.... အဲ့ဒီရွာက တောအုပ်ကြီးအလယ်မှာ တည်ရှိနေတဲ့ရွာဖြစ်သလို ဖြစ်ရပ်ဆန်းကြယ်မှုတွေနဲ့ နတ်ဆိုးတွေသောင်းကျန်းနေတယ်လို့လည်း နာမည်ကြီးတယ်...အဲ့ဒီရွာအတွင်းမှာရှိတဲ့ ဘိုးဘွားပိုင်အိမ်မှာ မိသားစုတစ်စု မင်္ဂလာပွဲလာကျင်းပကြပါတယ် အထမမြောက်နိုင်ခဲ့ဘဲ အိမ်ထဲမှာ အရာရှိတစ်ယောက်ရဲ့ခေါင်းပြတ်နေတဲ့အလောင်းကိုတွေ့ရှိခဲ့ပါတယ်ကလေးသူငယ်တွေဟာလည်း အသတ်ခံနေနေရပါတယ်..... ဆိုတော့ ဒီရွာက တကယ်ပဲ့ ကျိန်စာသင့်နေတာလား.... နတ်ဆိုးတွေ သောင်းကျန်းနေတာလား.... အဖြစ်မှန်က ဘာများလဲ.....။ File size…2.7GB  / 2.4GB / 1.07GB Quality…4k HEVC WEB DL / 1080p True WEBDL AAC5.1CH / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Yunni & Kevin ...
movie

Vikrant Rona (2022)

2022
4K HEVC Web-DL
Bullet Proof (2022) 4.6
Bullet Proof (2022) Bullet Proof (2022)တမ်ပယ်လ်ဆိုတာ နယ်တစ်ခွင်မှာ အဆိုးတကာ့ထိပ်ခေါင် မူးယစ်ရာဇာကြီးတစ်ယောက်ပေါ့ အဲဒီမူးယစ်ရာဇာကြီးရဲ့ လျှို့ဝှက်နေရာထဲကိုမှ ၀င်ပြီး သူခိုးတစ်ယောက်ဟာ ခေါင်းတုံးပေါ် ထိပ်ကွက်လို့ တမ်ပယ်လ်ရဲ့ ပိုက်ဆံတွေ အချီကြီး မပြီး ကားနဲ့ လစ်သွားလေရဲ့ လမ်းခုလတ်မှာတော့ တမ်ပယ်လ်ရဲ့ ကိုယ်၀န်သည်ဇနီး မီယာက ကားထဲမှာ ပါလာတာကို သူခိုးငတိ သိလိုက်ရတော့တယ် ဒါပေမယ့် သူ့အကြောင်းတွေကို ကားထဲကနေ အကုန်ကြားထားတဲ့ မီယာကြောင့် သူဟာ မီယာ့ကို ချန်ထားခဲ့လို့ မရဘဲ ငွေတစ်ထုပ် ကိုယ်၀န်သည်တစ်ယောက်နဲ့ သူခိုးတစ်ကောင် ကားတစ်စီးနဲ့ တစ်စခန်းသွားရပါတော့တယ် တစ်ဖက်မှာ တမ်ပယ်လ်တို့ အုပ်စုကလည်း သူ့ကိုတစ်ပတ်ရိုက်သွားခဲ့တဲ့ သူခိုးကောင်နဲ့ မီယာတို့ကို အပူတပြင်းလိုက်ရှာနေရင်း လိုက်တမ်းပြေးတမ်း ဇာတ်ထုပ်ကြီးကို action ‌ခန်းကောင်းကောငးလေးတွေနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Chuck ပဲ ဖြစ်ပါတယ်။Genre..... Action Quality…. 1080p | 720p | 480p File size…1.4GB | 777MB | 301MB Format… ...
movie

Bullet Proof (2022)

2022
Maneater (2022) 4.0
Maneater (2022) Maneater (2022) =============လက်ထပ်ပွဲပျက်ထားတဲ့ ဂျက်စီနဲ့ သူမကို နှစ်သိမ့်ပျော်ရွှင်စေချင်တဲ့ သူငယ်ချင်းတစ်သိုက်ဟာ ကမ်းခြေကို ဟန်းနီးမွန်းအစား အဖွဲ့လိုက် ခရီးထွက်လာကြပါတယ်။သူတို့မသိထားတာကတော့ ကမ်းခြေမှာ လွန်ခဲ့တဲ့တစ်ပတ်က ငါးမန်း ကိုက်ခံရလို့ မိန်းကလေးတစ်ယောက် ‌သေထားရတာကိုပါ။ ကျွန်းရဲ့အာဏာပိုင်တွေကလည်း ဒီအရေးကိစ္စကို အရေးမကြီးသလို ထားပြီး ဖြေရှင်းရှာဖွေရှင်းလင်းတာတွေလည်း မလုပ်ထားခဲ့ပါဘူး။ အာ့လို မဖြေရှင်းပေးကြတော့ သေဆုံးသူမိန်းကလေးရဲ့ဖခင်ဖြစ်သူ ဝါရင့်မာလိန် မှူးကြီးက သူ့ရဲ့ သမီးအတွက် လက်စားချေချင်နေသူပါ။ဂျက်စီတို့သူငယ်ချင်းတစ်သိုက်ရဲ့ ပေါ့ပါးလွတ်လပ်နေရမဲ့ အပန်းဖြေခရီး ကလည်း ထင်သလိုဖြစ်မလာတဲ့အခါ . မာလိန်မှုးကြီးနဲ့ ပေါင်းစည်းပြီး ပြန်လည်ကလဲ့စားချေတာကိုတွေ့မြင်ရမှာပါ။ တစ်ဖက်မှာလည်း ငါးမန်းကားတို့ရဲ့ထုံးစံအတိုင်း သွေးသံတရဲရဲနဲ့  သဝာ် ဖြတ်မှုတွေပါရှိတာမလို့ ဘယ်သူကရှင်ကျန်သူဖြစ်မလဲ။ ခွန်အားကြီးမားတဲ့ ငါးမန်းက အနိုင်ရရှိသူဖြစ်မလား၊ ဉာဏ်ပညာရှိတဲ့ လူသားတွေကပဲ ဒီငါးမန်းကို လက်စတုံးပစ်နိုင်မလား ရင်ဖိုဖိုနဲ့ ကြည့်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ NaNa Yuni ဖြစ်ပါတယ်) File Size..........(1.69 GB) / (900 MB) / (600 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 29mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Horror, ...
movie

Maneater (2022)

2022
No Way Out (2022) 4.3
No Way Out (2022) No Way Out (2022) ==============ဇာတ်လမ်းအစ နစ်ကီဆိုတဲ့ ဓာတ်ပုံဆရာတစ်ယောက် Street Photo တွေ ရိုက်နေရင်း တက်ဆာ ဆိုတဲ့ ကောင် မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။နစ်ကီက ဘဝကို သူ့ရဲ့အနုပညာထဲမှာပဲ မျောပါရင်း ဖြတ် သန်းနေသူတစ်ဦးပါ။ တက်ဆာဆိုတဲ့ ကောင်မလေးနဲ့ တွေ့ ပြီးနောက်ပိုင်း သူ့ရဲ့လုပ်ငန်းတွေလည်း အဆင်ပြေလာပြီး ကောင်မလေးနဲ့လည်း ချစ်ကြိုးသွယ်မိပါတော့တယ်။တစ်ရက် ပါတီကအပြန် တက်ဆာက နစ်ကီကို လူသတ်ခိုင်း ပါတော့တယ်။ တက်ဆာက အဲ့ဒီလူသုံးယောက်ကို ဘာကြောင့် သတ်ခိုင်းတာလဲ၊ နစ်ကီကရော လူသတ်တဲ့အလုပ်ကို လုပ်ပါ့ မလား၊ တက်ဆာနဲ့ နစ်ကီရဲ့ အချစ်ရေးလမ်းကြောင်းကရော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.4 GB) / (596 MB) / (447 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 29mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Thriller Translator.......Parris Encoder..........SWM  
movie

No Way Out (2022)

Detective Dee and Nine Dragon Coffin ( 2022 ) 6.9
Detective Dee and Nine Dragon Coffin ( 2022 ) Detective Dee ပရိသတ်တွေအတွက် နောက်တစ်ကားကို CM မှတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ ၆၇၆ခုနှစ်ခန့်ကာလမှာ သင်္ချိုင်းသူခိုးတစ်သိုက်ဟာ လူသားစားတဲ့အခေါင်းတလားကိုတူးဖော်ခဲ့မိပါတယ်။ ရွှေနဂါးကြီးဟာအခေါင်းအတွင်းကနေပျံထွက်လာခဲ့ပြီး ပြုစားခံထားရတဲ့အလောင်းဟာ အခေါင်းထဲကထွက်လာပြီး ဘုရင်ကြီးနဲ့ဘုရင်မကြီးကိုလုပ်ကြံဖို့ကြိုးစားခဲ့ရာ ကိုယ်ရံတော်အရာရှိလီက တားမြစ်ကယ်တင်ခဲ့ပါတယ်။ထုံးစံအရ တရားရေးဌာနက Di Ren Jie ဟာ အမိန့်တော်အရ အမှုကိုစစ်ဆေးတော့တာပေါ့။ လူသားစားပြီးဓားလှံတွေကိုမကြောက်တဲ့အလောင်းကောင်တွေဟာ လွန်ခဲ့တဲ့နှစ်၂၀တုန်းက နယ်နှင်ဒဏ်ပေးခံခဲ့ရတဲ့ မိဖုရားကြီးဝမ်ရဲ့မျိုးဆက်ရဲ့လုပ်ရပ်ပဲဆိုတာကိုသိလိုက်ရပါတယ်။ဒီလိုနဲ့ မီးပုံးပွဲညမှာ လူတွေစည်းကားနေတဲ့အချိန်မှာ ထူးဆန်းတဲ့ပုလွေသံနဲ့အတူ အလောင်းကောင်တွေဟာ Chang An မြို့ထဲကိုဝင်လာပါတော့တယ်။ အလုံးအရင်းနဲ့ဝင်လာတဲ့ အလောင်းကောင်တွေ လူတွေကိုကိုက်လိုက်တိုင်းတိုးလာတဲ့အလောင်းကောင်တွေကို ဆရာဒီးတို့နှိမ်နင်းနိုင်ပါ့မလား ဘယ်အချိန်အထိများတောင့်ခံနိုင်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဆက်လက်ပြီးခံစားလိုက်ပါနော်. Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery , Fantasy Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded By LK
movie

Detective Dee and Nine Dragon Coffin ( 2022 )

The Prey: Legend of Karnoctus (2022) 4.0
The Prey: Legend of Karnoctus (2022) The Prey: Legend of Karnoctus (2022) ===========================ဒီကားလေးက 2022မှ အသစ်ထွက်ရှိလာတဲ့ action/adventure , horror အမျိုးအစားကားလေးပါ။ဇာတ်လမ်းကတော့ ကြေးစားစစ်သားတစ်စုဟာ တာလီဘန်တွေဆီ ကနေ ဒုံးကျည်တွေကိုဓားပြတိုက်ခဲ့ပြီးတော့၊ အဖွဲ့ထဲမှ တာဂါ နဲ့ ရိဇ် တို့ဟာ အခြားအဖွဲ့ဝင်တွေ ရဟတ်ယာဉ်သွားယူနေတုန်း ပစ္စည်းအချို့နဲ့ အတူ ဂူတစ်ဂူထဲမှာ ဝင်ပုန်းနေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ US စစ်သားတစ်ဖွဲ့ဟာ တာလီဘန်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုကို ခံရပြီးတော့ အဲ့ဂူထဲကိုဝင်ပုန်းခဲ့ကြပါတယ်။တာလီဘန်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အခါမှာတော့ ဂူရဲ့ဝင်ပေါက် ပြိုကျသွားပြီးတော့ နှစ်ဖွဲ့လုံးဂူထဲမှာပိတ်နေခဲ့ပါတယ်။ အဲလိုနဲ့ သူတို့နှစ်ဖွဲ့ ပေါင်းပြီးတော့ ဂူထဲကနေထွက်နိုင်ဖို့ ကြိုးစားရာမှာ သူတို့မမျှော်လင့်ထားတဲ့ karnotcus ဆိုတဲ့ သတ္တဝါကြီးရဲ့အမဲလိုက်ခြင်းကိုခံရပါတော့တယ်။ ဒီနှစ်ဖွဲ့မှာ ဘယ်သူတွေ ကျန်ရစ်ပြီး ဘယ်သူတွေလွတ်မြောက်သွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Sai Aung Zaw Moe ဖြစ်ပါတယ်) File Size..........(1.5 GB) / (725 MB) / (419 MB) Quality............WebRip 1080p / 720p ...
movie

The Prey: Legend of Karnoctus (2022)

2022
The Kingdom (2007) 7.0
The Kingdom (2007) The Kingdom (2007) ================ IMDb Rating -  7.0/10 Rating ကောင်းကောင်း Cast ကောင်းကောင်းတွေပါ၀င်တဲ့ ဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။Jamie Foxx, Jennifer Garner,Jason Bateman တို့ ဦးဆောင် ပါ၀င်ထားပြီး 1996 က ဆော်ဒီအာရေဗီယဗုံးခွဲမှုကို အခြေခံထားတဲ့ ဖြစ်ရပ်မှန်ဖြစ်ပါတယ်။ ဆော်ဒီဆိုတာ ရေနံလောင်စာနဲ့ ချမ်းသာ လာတဲ့ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံဖြစ်ပြီး အနောက်ကမ္ဘာက အမေရိကန်တို့အတွက် မျက်စိကျစရာနေရာတစ်ခုဖြစ်လာပါတယ်။ပထမဆုံး အာရပ်- အမေရိကန် ရေနံကုမ္ပဏိကို တည်ထောင်ခဲ့ပြီး အမေရိကန်က လုပ်သားမိသားစုတွေလည်း ဆော်ဒီကိုပြောင်းလာကြ ပါတယ်။ သူတို့နေထိုင်ဖို့အတွက်သီးခြားရပ်ကွက်လေးတစ်ခုဖန်တီးခဲ့ပြီး အဲ့ဒီကနေ ပြဿနာတွေစဖြစ်လာပါတယ် ။ ဆော်ဒီဘုရင့်နိုင်ငံရေးမှာ အနောက် ကမ္ဘာရဲ့ကြိုးကိုင်မှုကိုမကြိုက်တဲ့ ဝါဟာဘီမူဆလင်တွေဟာ အစွန်းရောက်စစ်သွေးကြွတွေပေါ်လာခဲ့ပြီး အဲ့ထဲမှာမှ အိုစမာဘင်လာဒင် တို့လည်း အပါအ၀င်ဖြစ်ပါတယ်။ဒီလိုတင်းမာမှုအကြားက အမေရိကန်ရပ်၀န်းကို ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပြီး အက်ဖီအိုင်အေးဂျင့် ဖလာရီတို့ဦးဆောင်တဲ့အဖွဲ့က ဆော်ဒီကို လာရောက်ဖြေရှင်းတဲ့ ဇာတ်လမ်းကောင်း မှတ်တမ်းရုပ်ရှင်တစ်ခုကို ကြည့်ရှုရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(2.33 GB) / (1.0 GB) ...
movie

The Kingdom (2007)

2007
How to Train Your Dragon (2010) 8.1
How to Train Your Dragon (2010) CM Fan တွေ အတွက် ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ How to Train Your Dragon ကို တင်ဆက်ပေးလိုက်ပါတယ်ဇတ်လမ်း ရဲ့ အစကတော့ ဗိုက်ကင်းတွေ နေတဲ့ ကျွန်းလေးတစ်ခုကနေ အစပြုတာပါပဲ ဗိုက်ကင်း သူရဲကောင်းတွေ ရဲ့ ရွာဟာ ပြသနာ တစ်ခုကို အမြဲ လိုလို ရင်ဆိုင်နေရပါတယ် အဲ့ဒါကတော့ နဂါးတွေပါပဲ တစ်ချို့ ညတွေမှာ နဂါးတွေဟာ ခိုးဝင်လာပြီး အစားအသောက်တွေကို ခိုးယူသွားတက်ကြသလို အိမ်တွေကိုလဲ မီးရှို့သွားတက်ကြပါသေးတယ် ဗိုက်ကင်း တွေရဲ့ အိမ်တွေဟာ အမြဲလိုလို အသစ်တွေ ဖြစ်နေတာ နဂါးတွေ ရဲ့ လက်ချက်ပါပဲ...ဒီဗိုက်ကင်း ရွာလေး မှာ ဟစ်ကပ် ဆိုတဲ့ ကောင်လေးရှိပြီး သူက ဗိုက်ကင်းတွေ ထဲမှာ အားအနည်းဆုံး မို့ ရွယ်တူတွေလို နဂါးတွေ ဖမ်းရမယ့် အစား လက်နက်တိုက်မှာ အကူလုပ်နေရတာပါ ဗိုက်ကင်းတွေ ရဲ့ သတ္တိရှိမှု ရဲစွမ်းရှိမှုကို ပြဖို့ဆိုရင် နဂါးတစ်ကောင်တော့ အနည်းဆုံး ...
movie

How to Train Your Dragon (2010)

2010
4K HEVC
How to Train Your Dragon 2 (2014) 7.8
How to Train Your Dragon 2 (2014) How to Train Your Dragon 2 (2014) IMDb - 7.8/10_____Rotten - 91%နဂါးတွေနဲ့ ပြေလည်မှုရသွားပြီး နဂါးတွေရဲ့ လုပ်အားနဲ့ ပြန်လည်တိုးတက်လာခဲ့တဲ့ Berk ရွာလေးဟာ နဂါးပြိုင်ပွဲ ကျင်းပနေပါတယ်။ ဒါပေမယ့် Hiccup ကတော့ သူရဲ့ နဂါးလေး Toothless နဲ့အတူ နယ်မြေသစ် ရှာဖွေမှုတွေ ပြုလုပ်ရင်း အေးအေးလူလူပဲ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရွယ်လွန်လာပြီဖြစ်တဲ့ Stoick ကတော့ သူ့သား Hiccup ကို ရွာသူကြီးလုပ်ဖို့ ဖိအားပေးစ ပြုနေပါပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသေးတဲ့ Hiccup အတွက်တော့ ဒီကိစ္စဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။အပြောကျယ်တဲ့ မြေကမ္ဘာမှာ လျှောက်သွားရင်း Hiccup နဲ့ Astrid တို့ဟာ အလွန်ကြီးမားတဲ့ အစိမ်းရောင် ရေခဲတုံးကြီး တစ်ခုကို တွေ့ပါတယ်။ အဲဒီရေခဲတုံးကို လေ့လာနေဆဲမှာ Eret လို့ခေါ်တဲ့ ...
movie

How to Train Your Dragon 2 (2014)

2014
4K HEVC
Murder 2 (2011) 6.3
Murder 2 (2011) Murder 2 (2011) Action, Crime, Drama IMDb 6.3/10 (7.2K)ကဲ မင်းသားကြီး အင်မရန်းဟက်ရှမီရဲ့ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်လက်ရဲဇက်ရဲနိုင်တဲ့ အရ်ဂျွန်ဟာ သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ကြောက်လေ့မရှိတဲ့ လောကဓံကိုအန်တုနေတဲ့ မိုက်ကန်းကန်းလူတစ်ယောက်ပါ သူဟာ ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်ပြီး ရဲဌာနကို စိတ်ကုန်နေလို့ တရားဥပဒေဘောင်ပြင်ဘက်ထွက် ကြေးစားလုပ်နေသူတစ်ယောက်ပါတစ်ရက် သူ့ကိုအလုပ်တစ်ခုလာအပ်ပါတယ် ညဉ့်ငှက်လေးတွေ ပျောက်ပျောက်နေတဲ့အမှုပါ..ဖောက်သည်က ခေါ်သွားပြီးရင် ကောင်မလေးတွေက ပြန်ပေါ်မလာတော့ပါဘူး..ပျောက်သွားတာလား ထွက်ပြေးသွားတာလား ဝေခွဲမရလို့...အဆိုပါအမှုကိုလိုက်နေရင်းနဲ့ မြို့ထဲမှာလည်း လူတွေပျောက်ပျောက်နေတာကို သတိထားမိလာခဲ့ပါတယ်..ပျောက်ဆုံးနေသူတွေအားလုံးဟာလည်း မိန်းကလေးတွေချည်းပါပဲ...ဒီအမှုကိုလိုက်နေရင်းနဲ့ ထင်မှတ်မထားတဲ့ ကိစ္စတွေနဲ့ လှည့်ကွက်လေးတွေ ပေါ်လာတဲ့အခါမှာတော့ ဇာတ်ရှိန်တွေ ဘယ်လိုတက်လာမလဲဆိုတာကို ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားပေးကြပါ...အင်မရန်းဟက်ရှမီရဲ့ဇာတ်ကားဖြစ်တဲ့အတွက် အနုအရွခန်းလေးတွေ ပါသေးလို့ ရင်ခုန်စိတ်လှုပ်ရှားစေဦးမှာဖြစ်တယ်လို့ ညွှန်းပေးလိုက်ပါတယ်နော် File size…1.8GB / 800MB Quality…1080p WEBRIP Hindi / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Murder 2 (2011)

2011