Channel Myanmar

Action

Murder 2 (2011) 6.3
Murder 2 (2011) Murder 2 (2011) Action, Crime, Drama IMDb 6.3/10 (7.2K)ကဲ မင်းသားကြီး အင်မရန်းဟက်ရှမီရဲ့ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်လက်ရဲဇက်ရဲနိုင်တဲ့ အရ်ဂျွန်ဟာ သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ကြောက်လေ့မရှိတဲ့ လောကဓံကိုအန်တုနေတဲ့ မိုက်ကန်းကန်းလူတစ်ယောက်ပါ သူဟာ ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်ပြီး ရဲဌာနကို စိတ်ကုန်နေလို့ တရားဥပဒေဘောင်ပြင်ဘက်ထွက် ကြေးစားလုပ်နေသူတစ်ယောက်ပါတစ်ရက် သူ့ကိုအလုပ်တစ်ခုလာအပ်ပါတယ် ညဉ့်ငှက်လေးတွေ ပျောက်ပျောက်နေတဲ့အမှုပါ..ဖောက်သည်က ခေါ်သွားပြီးရင် ကောင်မလေးတွေက ပြန်ပေါ်မလာတော့ပါဘူး..ပျောက်သွားတာလား ထွက်ပြေးသွားတာလား ဝေခွဲမရလို့...အဆိုပါအမှုကိုလိုက်နေရင်းနဲ့ မြို့ထဲမှာလည်း လူတွေပျောက်ပျောက်နေတာကို သတိထားမိလာခဲ့ပါတယ်..ပျောက်ဆုံးနေသူတွေအားလုံးဟာလည်း မိန်းကလေးတွေချည်းပါပဲ...ဒီအမှုကိုလိုက်နေရင်းနဲ့ ထင်မှတ်မထားတဲ့ ကိစ္စတွေနဲ့ လှည့်ကွက်လေးတွေ ပေါ်လာတဲ့အခါမှာတော့ ဇာတ်ရှိန်တွေ ဘယ်လိုတက်လာမလဲဆိုတာကို ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားပေးကြပါ...အင်မရန်းဟက်ရှမီရဲ့ဇာတ်ကားဖြစ်တဲ့အတွက် အနုအရွခန်းလေးတွေ ပါသေးလို့ ရင်ခုန်စိတ်လှုပ်ရှားစေဦးမှာဖြစ်တယ်လို့ ညွှန်းပေးလိုက်ပါတယ်နော် File size…1.8GB / 800MB Quality…1080p WEBRIP Hindi / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Murder 2 (2011)

2011
Johnny English Strikes Again (2018) 6.2
Johnny English Strikes Again (2018) IMDb Rating (6.2)ထုံးစံအတိုင်း အင်္ဂလန်ပြည်ကြီး ဒုက္ခရောက်ပြီဆို ဂျွန်နီအင်္ဂလစ်ရှ်ဝင်ကယ်ရပြန်ပါဦးမယ်။ဗြိတိန်ထောက်လှမ်းရေးအဖွဲ့တစ်ခုလုံးက အေးဂျင့်တွေရဲ့ အချက်အလက်တွေကို ဟက်ကာတစ်ယောက်က ဖွင့်ချသွားတဲ့အတွက် ဝန်ကြီးချုပ် အခက်ကြုံလာရပါတယ်။လက်ရှိအေးဂျင့်တွေရဲ့ အချက်အလက်တွေ ပေါ်သွားပြီဖြစ်လို့ ထောက်လှမ်းရေးအဖွဲ့ကြီးအနေနဲ့ ရွေးစရာမရှိတော့ပြန်ပဲ ခေတ်ဟောင်းက အေးဂျင့်ဟောင်းကြီး ဂျွန်နီကို ခေါ်သုံးရပြန်ပါတော့တယ်။မစ္စတာ အင်္ဂလစ်ရှ်တစ်ယောက် ရုပ်တည်ကြီးနဲ့ ဘယ်လိုတွေ ဖောက်ပြီး တလွဲတွေလုပ်ပြမလဲဆိုတာ....။Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.org/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (2.8 GB)/(1 GB) / (500 MB) Quality…BluRay 4K EHVC/1080p HEVC /720p Format…mkv/mp4 Duration….01:28:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Littleneo
movie

Johnny English Strikes Again (2018)

2018
4K HEVC
Johnny English Reborn (2011) 6.3
Johnny English Reborn (2011) IMDb Rating (6.3)ဒါကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mr.Bean ရဲ့ Johnny English အဆက်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...ပထမဇာတ်ကားမှာတုန်းက ဘုရင်မကြီးရဲ့သူရဖူကိုကာကွယ်နိုင်ခဲ့တဲ့ ဂျွန်နီဟာ သမ္မတ လုံခြုံရေးတာဝန်တစ်ခုမှာ မအောင်မြင်ခဲ့လို့ အထုတ်ခံခဲ့ရပြီး Batman လို တိဘက်က ဘုန်းတော်ကြီးတွေဆီမှာ ပညာဆည်းပူးရင်း ဇာတ်မြုတ်နေခဲ့ပါတယ်။တစ်နေ့မှာတော့ MI-7 ဟာ သူပါမှကိုရတော့မယ့် စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာချိန်မှာ ဂျွန်နီကို ပြန်လည်ခေါ်ယူပါတော့တယ်။ ဒီခါမှာတော့ Johnny English ရဲ့ ရင်သက်ရှုမောဖွယ် စွန့်စားခံတွေ ပြန်လည်စတင်ပါတော့တယ်။ဂျွန်နီဟာ အမြဲတမ်းတလွဲတွေလုပ်ပေမယ့် သူ့ရဲ့ဖြူစင်သောအမှားတွေနဲ့ အင်္ဂလန်ပြည်ကို ဘယ်လိုထပ်မံကယ်တင်ဦးမလဲဆိုတာ...။Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.org/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (1.6 GB) / (800 MB) Quality…BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:41:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Johnny English Reborn (2011)

1080p HEVC
Johnny English (2003) 6.2
Johnny English (2003) IMDb Rating (6.2)မင်းသားကြီး Rowan Atkinson ကို မစ္စတာဘင်းအဖြစ် လူသိများကြသလို ဂျွန်နီအင်းဂလစ်ရှ်အဖြစ်လဲ မှတ်မှတ်သားသားရှိကြမှာပါ..." အမှားဆိုတာ ငါ့အဘိဓာန်မှာ မရှိဘူး" ပြောတတ်တဲ့ ဂျွန်နီအင်းဂလစ်ရှ်ဆိုတာ အမြဲတမ်းတလွဲတွေပဲ လုပ်တတ်တဲ့ အင်္ဂလန်နိုင်ငံကိုကယ်တင်နေကျ သူရဲကောင်းအေးဂျင့်တစ်ယောက်ပါပဲ။ဒီကားကတော့ အင်းဂလစ်ရှ်ရဲ့ စပိုင်အေးဂျင့်ဘဝစတင်ဖြစ်ပေါ်လာပုံပါ။MI5 တို့ MI6 တို့ MI7 တို့ဆိုတာ အင်္ဂလန်ပြည်ရဲ့ လျှို့ဝှက်အေးဂျင့်ဌာနတွေပေါ့...ဒီဌာနမှာ အင်းဂလစ်ရှ်ရယ် သူဘာမှားမှားသူ့ဖက်က အမြဲနေတဲ့ သူ့တပည့်ကျော် ဘော့ရယ်က တောက်တိုမယ်ရ လုပ်ရတာပါ...တစ်နေ့တော့ အတော်ဆုံးအေးဂျင့်ဝမ်းဆိုတဲ့လူ သေသွားပါတယ်...သေပုံက အင်းဂလစ်ရှ်သေချာရှာဖွေပေးလိုက်တဲ့ ရေငုတ်သင်္ဘောကုတ်က အမှားကြီးဖြစ်နေလို့ အေဂျင့်ဝမ်းခမျာ ရေငုတ်သင်္ဘောထဲ ဝင်မရဘဲ သေသွားတာပါ..ဒါ့အပြင် ကျန်တဲ့အေးဂျင့်တွေလဲ အလုံခြုံဆုံးဆိုတဲ့ MI7 ဌာနချုပ်မှာ ဗုံးပေါက်လို့ အကုန်ကိစ္စချောသွားပါတယ်။ဒါကြောင့်မလို့ လျှို့ဝှက်အေးဂျင့်ဌာနမှာ အသက်ရှင်ကျန်ရစ်တာဆိုလို့ တောက်တိုမယ်ရ အင်းဂလစ်ရှ်ရယ် သူ့တပည့်ကျော်ဘော့ရယ်ပဲ ရှိပါတော့တယ်။ဒီလိုချိန်ခါမှာ ဝန်ကြီးချုပ်က အေးဂျင့်ဝမ်းကိုင်တွယ်နေတဲ့ကိစ္စတွေကို ဆက်လက်စုံစမ်းဖို့  ဖိအားပေးလာတဲ့အခါမှာတော့ ...
movie

Johnny English (2003)

2003
1080p HEVC
Bring Him Back Dead (2022) 4.3
Bring Him Back Dead (2022) Bring Him Back Dead (2022) ======================အက်ရှင်မင်းသားကြီး Gary Danielsပါဝင် သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားလေးကတော့ အက်ရှင်ပရိသက်တွေ အကြိုက်တွေ့မယ့် ကားလေးပဲဖြစ်ပါတယ်။ ထရန့်ဆိုတဲ့လူက ဘဏ်တစ်ခုကနေ စိန် တွေခိုးဖို့အတွက် ဂိုဏ်းအဖွဲ့တစ်ခုကိုခိုင်းခဲ့ပါတယ်။ဒါပေမယ့် အဲဒီအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အဲလက်စ်က အဖွဲ့ကို သစ္စာဖောက်ပြီး စိန်တွေကိုယူသွားခဲ့ပါတယ်။ အဲ့တော့ထုံးစံအတိုင်း ဂိုဏ်းကနေ သူတို့စိန်တွေကိုပြန်ယူနိုင်မလား၊ အဲလက်စ်ကရော ဘာလို့သစ္စာဖောက်ရတာလဲ၊ ဇာတ်လမ်းဇာတ်အိမ်ရိုးရိုးရှင်းရှင်းလေးကို အက်ရှင်ကောင်းကောင်းနဲ့မြင်ရမဲ့ "Bring him back dead"ပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Moe Phway Cherry ဖြစ်ပါတယ်) File Size..........(1.81 GB) / (841 MB) / (576 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action Translator.......Moe Phway Cherry Encoder..........SWM
movie

Bring Him Back Dead (2022)

HIT: The First Case (2022) 7.8
HIT: The First Case (2022) Hit: The First Case (2022) Action, Crime, Drama IMDb 7.8/10 (6.5K)အခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ အိန္ဒိယမှာ ဇူလိုင်၁၅ရက်နေ့တုန်းက ရုံတင်ထားပြီး ဒီနေ့မှ OTTထွက်ရှိလာတဲ့ ရုံတင်ကားတကားပဲဖြစ်ပါတယ် Stree (2018)...Roohi (2021) ဟာသသရဲကားတွေနဲ့ မြန်မာပရိသတ်တွေကြား လူသိများနာမည်ကြီးလာခဲ့တဲ့ မင်းသားချော ရာဂျ်ကူမားရောင်းရဲ့ မှုခင်းဇာတ်ကားလေးပဲ ဖြစ်ပါတယ်မင်းသမီးအနေနဲ့ကတော့ Dangal Girl အကြီးမလေး ဆာနီယားမလိုသရားပါဝင်သရုပ်ဆောင်ထားပါတယ်ဗစ်ကရမ်ဟာ ထက်မြက်တဲ့အရာရှိတစ်ယောက်ဖြစ်ပြီး အမှုတစ်ခုကို ဖော်ထုတ်တဲ့နေရာမှာလည်း သူမတူအောင်ထူးခြားလွန်းလို့ အချိန်တိုအတွင်း ဖော်ထုတ်နိုင်ပေမယ့် အတိတ်ကဖြစ်ရပ်တခုကြောင့် စိတ်ဒဏ်ရာကြီးကြီးမားမားရနေသူပါ...တစ်ရက် အဝေးပြေးလမ်းမပေါ်မှာ ပရီတီးဆိုတဲ့ အသက်၁၈နှစ်အရွယ်ကောင်မလေးတစ်ယောက်ပျောက်သွားခဲ့ပါတယ်အမှုကိုလည်း မဖေါ်ထုတ်နိုင်ခဲ့ပါဘူး...ဇာတ်အေးသွားပြီးတဲ့နောက် ဗစ်ကရမ်ရဲ့ချစ်သူ နေဟားကပါ ထပ်ပျောက်သွားတော့ ဒီအမှုကို ဗစ်ကရမ်ဟာ အခက်အခဲတွေကြားကနေ စုံစမ်းဖို့ဖြစ်လာခဲ့ပါတော့တယ်စုံစမ်းစစ်ဆေးနေရင်းနဲ့ နေဟားဟာလည်း ပရီတီးအမှုကိုလိုက်နေရင်း ပျောက်သွားတာကို သိလိုက်ရတဲ့အခါမှာတော့...ဒီအမှုနှစ်ခု ဆက်စပ်မှုရှိနေမလား....ပျောက်သွားတဲ့ကောင်မလေးတွေကို ပြန်ရှာတွေ့ပါ့မလား...နောက်ကွယ်မှာကြိုးကိုင်နေတဲ့ တရားခံဟာ ဘယ်သူဖြစ်နေမလဲ...ဗစ်ကရမ်ရဲ့အတိတ်ဆိုးကစိတ်ဒဏ်ရာကရော ဘာကြောင့်လဲ ဆက်လက်ပြီး ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်.... File size…2.07GB / 983MB Quality…1080p True Web DL AAC5.1Ch  / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ...
movie

HIT: The First Case (2022)

2022
Little Ukraine (2022) 4.8
Little Ukraine (2022)  ဒီတစ်ခါတော့ ရုရှားမှာဖိနှိပ်ချုပ်ခြယ်ခံရလို့ အမေရိကန်ကို ထွက်ပြေးခဲ့ရတဲ့ ဂျူးလူမျိုးနှစ်ယောက်အကြောင်းကို တင်ဆက်လိုက်ပါတယ် သူတို့ဟာ အမေရိကန်ကိုရောက်ပြီး ချွေးထုတ်ရေချိုးခန်းလေးနဲ့ ညီအစ်ကိုနှစ်ယောက် တစ်ယောက်တဝက်စီပိုင်တဲ့ စီးပွားရေးလေးကိုအတူတူလုပ်ကိုင်ကြတာပေါ့ ဒီလိုနဲ့ သူတို့တွေဟာ ရုရှား မာဖီးယားတွေဆီမှာအကြွေးတင်တာကနေ အဲဒီအကြွေးကိုဆပ်ဖို့ခေါင်းခဲနေကြတာပေါ့ ဒါပေမဲ့ သူတို့ရဲ့ ညီတစ်ယောက်က အဲဒီအကြွေးတွေကိုဆပ်ပြီး ကူညီပေးခဲ့ရတာပေါ့ ဒီလိုနဲ့ သူတို့ရဲ့သားတွေအရွယ်ရောက်လာတဲ့ အခါမှတော့ အဲဒီတုန်းက ပတ်သက်ထားတဲ့ မာဖီးယားတွေရဲ့ အကျိုးဆက်တွေကို ခံစားရတော့တာပါပဲ အဲဒီလိုမျိုးအကျိုးဆက်တွေကို သူတို့ဘယ်လိုဖြေရှင်းကြမလဲ ဘယ်သူကရောယုံရပြီး ဘယ်သူက ကလိန်ကျတာလဲ ဒုက္ခရောက်နေတဲ့အချိန်မှာရော ကိုယ့်ဘေးမှာတကယ်ရှိပေးနိုင်တာက ဘယ်သူလဲဆိုတာကို မြင်သာအောင်ရိုက်ပြပေးတဲ့ကားကောင်းလေးတစ်ကားပါပဲFile size…(1.42GB)/(595MB)/(349MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Crime / Action / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie

Little Ukraine (2022)

Free Dead or Alive (2022)
Free Dead or Alive (2022)    ဒီတစ်ခါ ပရိသတ်ကြီးအတွက် နယ်စပ်ဖြတ်ကျော်တဲ့ ဒုက္ခတွေက ဘယ်လောက်တောင် ခါးသီးလဲဆိုတာကို ရိုက်ပြထားတဲ့ ကားကောင်းလေးတစ်ကားကို တင်ဆက်လိုက်ပါတယ် ဂွာတီမာလာ ဆိုတဲ့ နိုင်ငံလေးက တကယ့်ကို မင်းမဲ့တိုင်းပြည်တစ်ခုလိုဖြစ်နေတဲ့ နိုင်ငံလေး တစ်နိုင်ငံပါပဲ အဲဒီကနေ မက္ကဆီကို ကို ဖြတ်ပြီးတော့ အသူဌေးကြီး တစ်ယောက်ရဲ့ သားဟာ ပြည့်တန်ဆာမတစ်ယောက်ရဲ့ သမီးကို လက်ထပ်ဖို့ ကမ်းလှမ်းတာကနေ ဇာတ်လမ်းက စတော့တာပါပဲ မာနတခွဲသားနဲ့ ဘယ်သူ့ကိုမှ လူမထင်တဲ့ ပြည့်တန်ဆာမရဲ့ သမီးဟာ အာဏာအရှိဆုံးကုန်သည်ကြီးတစ်ယောက်ရဲ့ သားကိုမှ ငြင်းပယ်လိုက်ပြီးတော့ သူ့လူနှစ်ယောက်ကိုပါ သားအမိနှစ်ယောက်ပေါင်းသတ်မိရာကနေ အဲဒီနိုင်ငံထဲနေ ထွက်ပြေးဖို့ဖြစ်လာခဲ့တာပါ ပြေးတဲ့လမ်းတစ်လျှောက်မှာ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ ဘယ်လို ဖြတ်ကျော်ရမလဲ ဆိုတာကိုတော့ သဲထိတ်ရင်ဖို့လေး ခံစားကြည့်လိုက် ကြပါဦးFile size…(2.93GB)/(901.76MB)/(399MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:55:00 Genre...Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Free Dead or Alive (2022)

The Accountant (2016) 7.3
The Accountant (2016) Batman မင်းသား Ben Affleck ရဲ့ Action, Crime အမျိုးအစားရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကလေးဘဝမှာ High Functioning Autism(ဉာဏ်ရည်မနိမ့်ကျသော အထီးကျန်စိတ်ဝေဒနာတစ်မျိုး) ခံစားနေရပြီး အထူးကျွမ်းကျင်သူ တစ်ဦးဆီမှာ ကုသရင်း နေထိုင်ခဲ့ရပါတယ်။ဒါပေမယ့် သူအရွယ်ရောက်လာချိန်မှာတော့ စာရင်းကိုင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ သာမာန်စာရင်းကိုင်တွေ ၁နှစ်လောက်လုပ်ရမယ့် စာရင်းကို တစ်ညတည်းလုပ်နိုင်တဲ့သင်္ချာဉာဏ်ကြီးရှင်မျိုးဖြစ်လာပြီး လူဆိုးဂိုဏ်းတွေကြားထဲက အရှုပ်အရှင်းတွေ ငွေတွေကို စစ်ဆေးပေး၊ခဝါချပေးတဲ့အလုပ်ကို လုပ်ကိုင်လာပါတယ်။ သူ့ကိုကူညီနေတဲ့ ဖုန်းထဲက အသံပဲကြားရတဲ့ လျို့ဝှက်မိန်းကလေးတစ်ယောက်ရဲ့ အကူအညီနဲ့ပေါ့။လူဆိုးဂိုဏ်းတွေကြားမှာ အသက်ရှင်ရက်နေနိုင်ပြီး သူ့ကိုဘယ်သူဘယ်ဝါမှန်းပါ မသိအောင် နေနိုင်ခဲ့တဲ့အပြင် တိုက်ခိုက်ရေးပညာ နဲ့ လက်နက်မျိုးစုံလည်း ကျွမ်းကျင်ပါတယ် (ခြုံပြောရရင် Batman စီးပွားပျက်ပြီး စာရင်းကိုင်လုပ်စားသလိုပါပဲ :3 )။ ဒီဇာတ်လမ်းမှာတော့ သူဖော်ချလိုက်မိတဲ့ ငွေမသမာမှုတစ်ခုမှာ ပါနေတဲ့ အပြစ်မဲ့ မိန်းကလေးတစ်ယောက်ကို ကြေးစားတွေလိုက်နှုတ်ပိတ်တာကို ကယ်တင်ရင်း သူစခဲ့တဲ့ ဇာတ်လမ်းကို အဆုံးထိပြန်လိုက်ရှင်းဖို့ကြိုးစားရတဲ့အခါမှာ....... File size…7.86GB / 1.7GB /  720MB Quality…4k HEVC AAC5.1CH /  1080p  / ...
movie

The Accountant (2016)

2016
4K HEVC
Kung Fu Zohra (2022) 5.2
Kung Fu Zohra (2022) Kung Fu Zohra (2022) ================ Action/ Dramaတကယ့်ကားပဲ‌ဆိုပါတော့ဗျာ။ ကားနာမည်ကိုကြည့်လိုက်တာနဲ့ ကွန်ဖူးကားမှန်းသိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဇိုရာဆိုတဲ့ တစ်ယောက်က မင်းသားမဟုတ်ဘဲ မင်းသမီးဖြစ်နေတာပါပဲ။ဒီမင်းသမီး ကွန်ဖူးတတ်လာပုံကလည်း တကယ့်ကို အဆန်းကြီးပါ။ အဓိကညွှန်းရမယ်‌ဆိုရင်တော့ ဒရာမာပါတဲ့ကွန်ဖူးကားလေးဆိုတဲ့ အတိုင်း လူ့သရုပ်ကို ပီပြင်နေကြတာပါပဲ။ ပြီးတော့ တ-ရုတ်နိုင်ငံက မဟုတ်ဘဲ ပြင်သစ်နိုင်ငံက ရိုက်ကူးတဲ့ တ-ရုတ်သိုင်းကားပါ။အခုခေတ်တ-ရုတ်သိုင်းကားတွေကလည်း ပေါနေကြတာများ တာတော့ လူတိုင်းလည်း သိမယ်ထင်ပါတယ်။ ဒီရုပ်ရှင်လေးဟာ ကွန်ဖူးကားကိုမှ အသွင်သဏ္ဍာန်တစ်မျိုးနဲ့ ချဉ်းကပ်တာမို့ တကယ့်ကို ကြည့်ပျော်ရှုပျော်ရှိတာပါ။ ကွန်ဖူကားကောင်းလေးတွေ ငတ်နေတာ လည်း ကြာပြီ၊ ကွန်ဖူးကားလေးတွေကို ဒီနေ့ခတ်မှာ ပြန်ခံစားချင်တယ် ဆိုရင်တော့ ဟောဒီ Kung Fu Zohra ဆိုတဲ့ ရုပ်ရှင်ကားလေးကို ခံစား ရင်ခုန်ပေးကြပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(1.4 GB) / (600 MB) / (400 MB) Quality............WebDL 1080p / 720p / 480p Duration.........1Hr 40mins Subtitle...........Myanmar ...
movie

Kung Fu Zohra (2022)

2022
LEGO Star Wars Summer Vacation (2022) 5.6
LEGO Star Wars Summer Vacation (2022)    နှစ်စဉ်ထွက်နေကျအတိုင်း လီဂိုကာတွန်း Star Wars ထွက်လာပါပြီ။ မိသားစုကြည့်ဖို့ဇာတ်လမ်းဖြစ်တာမို့ အင်ပါယာ၊ ဒါ့ဗိတ်ဒါ၊ အိုဘီဝမ်၊ ဟန်ဆိုလို၊ ချူဝီ၊ လေယာ၊ ရေး၊ ဖင်း၊ ပိုး တို့အားလုံးပါဝင်တဲ့ ဟာသနဲ့စွန့်စားခန်းတွေပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ မျိုးဆက်သစ်တွေဖြစ်တဲ့ ရေး၊ ဖင်း၊ ပိုး တို့ဟာ အားလပ်ရက်ခရီးထွက်လာရင်း အဆင်မပြေမှုတွေနဲ့ရင်ဆိုင်လာရတဲ့အခါ၊ အိုဘီဝမ်၊ ဒါ့သ်ဗိတ်ဒါ နဲ့လေယာတို့က သူတို့ငယ်စဉ်က အတွေ့အကြုံတွေကို ပြန်ပြောပြတာကို ဇာတ်လမ်းဆင်ထားတာဖြစ်ပြီး ဂျဒိုင်းကြီးတွေရဲ့ ဟာသဆန်ဆန် စွန့်စားခန်းတွေကို ကြည့်ရမှာပဲဖြစ်ပါတယ် File size…(1.33GB)/(510MB)/(346MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….00:45:00 Genre...Animation / Action / Aventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie

LEGO Star Wars Summer Vacation (2022)

Stabbing Into the Throat ( 2022 ) 6.7
Stabbing Into the Throat ( 2022 ) ဒီတစ်ခေါက်မှာတော့ CM တရုတ်ကားချစ်ပရိသတ်တွေအတွက်ကို Stabbing Into theThroat ဆိုတဲ့ အက်ရှင်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းလေးကတော့ လုယောင်ဆိုတဲ့ ရဲအရာရှိက သူ့ညီမလေးအပေါ် ရဲတာဝန်နဲ့ယှဉ်ရင် ဒုတိယနေရာမှာ ထားဖြစ်နေတာမို့ အမြဲ အပြစ်ရှိသလို ခံစားနေခဲ့ရသူပေါ့.. ဒါကို ညီမလေးက ဘိန်းဝိဇ္ဇာတွေက ပြန်ပေးဆွဲထားပြီး သူတို့အစ်ကိုကြီးနဲ့ ပြန်လဲမယ်ဆိုတဲ့ အပေးအယူဖြစ်လာခဲ့တယ်... လုယောင်တစ်ယောက် တာဝန်ကို သစ္စာဖောက်ပြီး သူ့ညီမကို ကယ်မလား ညီမလေးအတွက်နဲ့ ဘိန်းဝိဇ္ဇာကို လွှတ်ပေးမလား...နောက်ပြီး လုယောင်တို့ အဖွဲ့ လိုက်နေတဲ့ မီလဲ့ဆိုတဲ့ ဘိန်းဝိဇ္ဇာချုပ်ကြီးကိုရော သူတို့တကယ် ဖမ်းမိမှာလား... ဒီခြေရာခံမရအောင် ပျောက်နေတဲ့ မီလဲ့ဆိုတဲ့ ဘိန်းဝိဇ္ဇာချုပ်ကြီးက ဘယ်မှာဖြစ်မလဲ... စိတ်ဝင်စားစရာကောင်းတဲ့ တင်ဆက်မှုကွင်းဆက်တွေနဲ့ကို တွေ့ရမှာပါ...ကြားထဲ မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေ ဘယ်လိုကြုံတွေ့ပြီး အဆုံးသတ်က ဘယ်လိုဖြစ်မယ်ဆိုတာတွေကို ရိုက်ကွက်ကောင်းတွေနဲ့ တင်ဆက်ထားတဲ့အပြင် ဒီကားလေးမှာ မျက်နှာသစ်တွေအများကြီးပါဝင်ထားပေမယ့် တကယ့်ကို သရုပ်ဆောင်ချက်ပီပြင်တဲ့ အက်ရှင်ကားကောင်းလေးတစ်ခုမို့ ကြည့်ဖြစ်အောင်ကြည့်သင့်တယ်လို့ ပြောလိုက်ချင်ပါတယ်... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : ...
movie

Stabbing Into the Throat ( 2022 )

Soldier(1998) 6.0
Soldier(1998)    ၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ အက်ရှင်ဇာတ်ကားလေးဟာ သာမန် စစ်ကားတစ်ကားထက်ပိုတဲ့ ခေတ်ဟောင်း ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားလေးကို ကြည့်ရင်း ကျွန်တော်တို့ ငယ်စဥ်က တစ်အုပ် ၁၀၀ ၁၅၀ နဲ့ ငှားဖတ်ခဲ့ရတဲ့ ဒီရဲဂျာတို့ ရာမာဖုံတို့လို ကာတွန်းစာအုပ်တွေကိုတောင် ပြေးသတိရမိပါသေးတယ် " စစ်သား ဆိုတာ မိတ်ဆွေ နဲ့ မိသားစု မရှိရဘူး စစ်ပွဲက မိတ်ဆွေဖြစ်ပြီး တပ်စုကြီးက မိသားစုပဲ " ဒါ ဇာတ်ကားထဲက စာသားလေး လက်မရွံ့တပ်သားတွေဖြစ်အောင် ကလေးဘ၀ထဲကနေ ပြုစုပျိုးထောင်ရင်း အင်အားကြီးလာတဲ့ တပ်စုကြီးတစ်စု...အချိန်ကြာလာတဲ့အခါမှာ လက်မရွံ့တပ်သားတွေလည်း အသက်ကြီးကြရတာပဲ ဒါကိုမှ ကာနယ်မက်ကမ် ဆိုတဲ့သူဟာ မျိုးရိုးဗီဇပြုပြင်ပြီး မွေးထုတ်ထားတဲ့ စက်ရုပ်ဆန်ဆန် စစ်သားတွေနဲ့ အစားထိုးဖို့ လုပ်လာတယ် တော့ဒ်ကတော့ တပ်စုကြီးရဲ့ စစ်သားဟောင်းတွေထဲက အထူးချွန်ဆုံး စစ်သားတစ်ယောက်ဖြစ်ပြီး တပ်သားသစ်တွေနဲ့ အစားထိုးဖို့လုပ်ရင်း စွန့်ပစ်ခံလိုက်ရတော့တယ် အဲဒါကပဲ သူ့အတွက် ကောင်းဖို့ဖြစ်လာတယ်လို့ပြောရမလား ...
movie

Soldier(1998)

Samaritan (2022) 6.1
Samaritan (2022) Samaritan (2022) ============= IMDb Rating - 6.1/10စတားလုံးကြီးရဲ့ စူပါဟီးရီုး အက်ရှင်ကားအသစ်ပါ။ ဂရန်နိုက်ဆိုတဲ့ မြို့လေးမှာတစ်ခါတုန်းက အရမ်းအားကြီးတဲ့ အမွှာနှစ်ယောက် ရှိခဲ့ ဖူးတယ်။ အင်အားအရမ်းကြီးလွန်းတော့ မြို့ထဲကလူတွေကို ထိခိုက် အောင်လုပ်မိတာရှိပါတယ်။ ဒီတော့သူတို့ညီအစ်ကိုကို ကြောက်လာတဲ့ လူတွေက သူတို့အိပ်နေတုန်းမှာ အိမ်ကိုမီးတင်ရှို့လိုက်တာပေါ့။ သူတို့ မိဘနှစ်ယောက်လုံးသေသွားပေမဲ့ သူတို့ညီအစ်ကိုကတော့ ဒဏ်ရာ တောင်မရဘဲလွတ်လာခဲ့ပါတယ်။အဲဒီမှာအစ်ကိုဖြစ်သူက ဆမယ်ရီတန် ဆိုတဲ့နာမည်နဲ့ လူတွေကို ကယ်တင်တဲ့ သူရဲကောင်းဖြစ်လာပြီး၊ ညီကတော့ နဲမီးစစ် ဆိုတဲ့နာမည်နဲ့ တစ်မြို့လုံးကို မီးလောင်တိုက်သွင်းဖို့ ကြိုးစားလာပါတော့တယ်။ ဒီလိုနဲ့ညီအစ်ကိုနှစ်ယောက် အကြီးအကျယ်တိုက်ပွဲဖြစ်ပြီး နှစ်ယောက်လုံးပျောက်ဆုံးသွားခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာလာတဲ့အချိန်မှာတော့ ဒီစွမ်းအားရှင်နှစ်ယောက်နဲ့ပတ် သတ်တဲ့ ဇာတ်လမ်းတွေပြန်ပေါ်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.7 GB) / (857 MB) / (530 MB) Quality............WebDL 1080p / 720p / 480p Duration.........1Hr 42mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama, Fantasy Translator.......Mr.Anderson Encoder..........SWM  
movie

Samaritan (2022)

2022
Seoul Vibe(2022) 7.0
Seoul Vibe(2022) Seoul Vibe(2022) အညွှန်း********************* ကဲ ဒီနေ့တော့ Trailer မြင်ကတည်းက စောင့်မျှော်ကြည့်ရှုချင်နေကြမဲ့ပရိတ်သတ်တွေအားလုံးအတွက် အလန်းစားကားကြီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီနော်အိုလံပစ်ပွဲကျင်းပခဲ့တဲ့ 1988 Vibe ကိုအပြည့်ရမဲ့ကားဖြစ်ပြီး ကားမောင်းကျွမ်းကျင်တဲ့လူငယ်တစ်စုကရန်ပုံငွေအလွဲသုံးစားလုပ်တဲ့ကိစ္စတစ်ခုကို ဖော်ထုတ်ဖို့ အသွင်ယူပြီး ပူးပေါင်းစုံစမ်းပေးကြမဲ့ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။Cast တွေကတော့ ပြောစရာမလိုလောက်အောင်ပြီးပြည့်စုံလှပါတယ် အားလုံးရဲ့အချစ်တော် ယူအာအင်၊ Mouse drama မှာ အားလုံးရဲ့အာရုံစူးစိုက်မှုကို ရရှိခဲ့တဲ့မင်းသမီးလေး ဘတ်ဂျူဟျွန်း၊ Reply 1988 ထဲက မင်းသား ဂို‌ဂယောင်းဖြို၊Winner အဖွဲ့ကအဆိုတော် မင်ဟိုအပြင်...It's okay to not be okay ထဲကAutism ဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဖော်နိုင်ခဲ့တဲ့ အစ်ကိုကြီးဖြစ်သူ အိုဂျောင်းဆယ်၊Prison Playbook ထဲက ဆေးသမားလေး အီဂယူဟျောင်းအစရှိတဲ့ ဇာတ်ရံတွေကအစ ရှယ်တွေသုံးထားတာမလို့ အထူးညွှန်းနေစရာမလိုတော့ဘူးထင်ပါတယ်။ File Size : (1.1GB) and (366 MB) Quality : WEB-DL.Nf.1080p5.1Ch,720p Format…mp4 Duration…02:18:00 Genre : Action , ...
movie

Seoul Vibe(2022)

The Lightning Strike ( 2022 ) 6.2
The Lightning Strike ( 2022 ) ဒီတစ်ခါတော့ CM ပရိသတ်တွေအတွက် ဖြစ်ရပ်မှန်မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်လေးကတော့ ရူးသွပ်နေတဲ့ ပါမောက္ခလော်ဟုန်ပန်းဟာ မူးယစ်အသစ်တစ်ခုဖြစ်တဲ့ "ဟိုင်းလော့ရှန်" ကို တီထွင်ထုတ်လုပ်ပြီး နိုင်ငံတော်ဥပဒေကို စိန်ခေါ်နေပါသတဲ့ကွယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အကျိုးအတွက် နိုင်ငံတော်ရဲ့ အတော်ဆုံးမူးယစ်တပ်ဖွဲဖြစ်တဲ့ "လျှပ်စီးအဖွဲ့"ဟာ ဒုစခန်းမှူးယန်ရဲ့ ညွှန်ကြားမှုအောက်မှာ ဟောင်ကောင်သူလျှိရဲနဲ့ ပူးပေါင်းပြီး အချိန်ကြာ ထောင်ချောက်တစ်ခုကို အကွက်ချခဲ့ပါတယ်။ပင်လယ်တစ်လျှောက် မူးယစ်လမ်းကြောင်းကိုပိတ်ပြီး မြေအောက်မူးယစ်အပေးအယူလုပ်တဲ့လမ်းကြောင်းတွေကိုရှာဖွေပြီး မူးယစ်အဖွဲထဲကို သူလျှိဝင်ရောင်ခြင်းဖြင့် မူးယစ်ဂိုဏ်းအဖွဲကို တိုက်ခိုက်ခဲ့ပါတယ်။မူးယစ်ဂိုဏ်းကြီးတစ်ခုလုံးကို အမြစ်ပြတ်တိုက်ခိုက်နိုင်မလား...... ဟိုင်းလော့ရှန်ဆိုတဲ့ မူးယစ်ဆေးက တစ်ကမ္ဘာလုံး မပျံ့ခင်မှာ တားဆီးနိုင်မလား...... ဆိုတာကို ဇာတ်လမ်းထဲမှာ အတူတူ အဖြေရှာကြရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 43min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Lightning Strike ( 2022 )

Gandharwa (2022) 8.6
Gandharwa (2022) Gandharwa (2022) ==================== Action, Drama, Thriller IMDb 8.6/10 (1.8K)လူသားတွေဟာ ကမ္ဘာဦးအစကတည်းက တီထွင်လာခဲ့ကြတဲ့သူတွေဖြစ်ပြီး သိပ္ပံနည်းကျနဲ့ လက်တွေ့ကိုမှ ယုံကြည်လာခဲ့ကြပါတယ်...ဟိုးအမှောင်ခေတ်ကနေ လကမ္ဘာပေါ်ကို တက်လှမ်းနိုင်တဲ့အထိကို လူ့အသိဉာဏ်ကနေ တီထွင်ဖန်းတီးမှုတွေ နည်းပညာတွေ ဆင်းသက်လာခဲ့ပါတယ်...သို့ပေမယ့်လည်း တချို့သော ကိစ္စရပ်တွေဟာ သဘာဝတရားကြီးအတွင်းမှာရှိတဲ့ လက်ခံနိုင်စရာအကြောင်းရင်းတွေကိုဖြတ်ပြီး ဖြစ်ပေါ်လာခဲ့ပါတယ်...ဒီလိုကိစ္စမျိုးတွေကျ လက်ခံနိုင်ဖို့ခဲယဉ်းလှပါတယ်...ဒီဇာတ်ကားလေးဟာ သိပ္ပံပညာနဲ့ ဆေးပညာရပ်တွေလို လက်တွေ့ကျတဲ့ နယ်ပယ်တွေကို ဖြတ်ကျော်ပြီး မေးခွန်းထုတ်လာခဲ့တဲ့ လူတစ်ယောက်ရဲ့အကြောင်းပါနယ်မြို့လေးတစ်မြို့မှာ နေထိုင်တဲ့ အာဗီနက်ရှ်ကို တစ်ရွာလုံးကချစ်ခင်လေးစားကြသလို သူဟာ နိုင်ငံတော်က အားကိုးရတဲ့ စစ်သားတစ်ယောက်လည်းဖြစ်သေးတယ်...အိန္ဒိယပါကစ္စတန်စစ်ပွဲဖြစ်တော့ လက်ထပ်ထားတာ ပူပူနွေးနွေးလေးပဲရှိဦးမယ် စစ်တိုက်ထွက်ရပြန်ပါတယ်...ကံပဲဆိုးလေသလား တိုက်ပွဲအတွင်း အာဇာနည် ဖြစ်သွားခဲ့တယ်...သဘာဝလွန်ဖြစ်ရပ်တွေက သူ့အားပြန်ရှင်သန်လာစေခဲ့တဲ့အခါမှာတော့....။ File size…2.37GB / 1.15GB Quality…1080p WEB DL AAC5.1CH / 720p  Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor , Kham Mon , Sora & OeliuJ
movie

Gandharwa (2022)

2022
Kung Fu Ghost (2022) 4.5
Kung Fu Ghost (2022) Kung Fu Ghost (2022) ================မွဲနေပါတယ်ဆိုတဲ့ ဒေစီဆီကို အမွေပေးချင်လို့ဆိုပြီး ဖုန်းတစ်ကောလ် ဝင်လာပါတယ်။ သူ့အဘိုးသေသွားလို့ အဘိုးရဲ့အိမ်ကိုအမွေရပါမယ်တဲ့။ မွဲပါတယ်ဆိုမှ ဘာပြောကောင်းမလဲ ယူအက်စ်ကို ဒေစီတစ်ယောက် ကပြီးထွက်သွားခဲ့တာပေါ့။ ဟိုရောက်မှ ပျားအုံကိုတုတ်ထိုးမိတဲ့ ဒေစီပါ။ အမွေရတဲ့အိမ်ကြီးကလည်း ကြောက်စရာအပြည့်၊ မှောင်မဲနေတာပဲ။ တစ်ခါတစ်ခါ ထပ်ခိုးထပ်ကနေ သူ့ကိုချောင်းကြည့်နေသလိုလို။ အဲ့ဒီလို အိမ်ကြီးမှာ တစ်ပတ်တိတိနေပြီးမှ အမွေရမှာတဲ့။ အဘွားအတွက် အမွေ ရအောင်ယူမယ်ဆိုပြီး စိတ်တင်းထားပြီးကာမှ သရဲနှစ်ယောက်နဲ့ မျက်မြင် ကိုယ်တွေ့တွေ့ရပါတော့တယ်။တစ်ယောက်ကတော့ သရဲငယ်ငယ်အဆင်လေးဝီလီယမ်ဖြစ်ပြီး နောက် တစ်ယောက်ကတော့ သရဲဘိုးအေကြီးပေါ့။ အဲ့ဒီသရဲနှစ်ယောက်က ဒေစီကို ဘာလို့ဒီအိမ်မှာ နေစေချင်ရတာလဲ။ ပြီးတော့ အိမ်ကြီးထဲမှာရော ဘာတွေ လျှို့ဝှက်ထားသေးလဲဆိုတာကတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။ (Horror ဆန်ဆန်ကြည့်ရမယ့်ကားမျိုးမဟုတ်ဘဲ ဟာသဆန်ဆန်ကြည့်ရမယ့် ကားလေးပါ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.96 GB) / (875 MB) / (600 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 35mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy Translator.......Jo ...
movie

Kung Fu Ghost (2022)

2022
Gamer (2009) 5.7
Gamer (2009) Gamer (2009) ===================== အင်မတန်ချမ်းသာပြီး နာမည်ကြီးရုံသာမက အာဏာပါကြီးလွန်းတဲ့ ကန်ကာဆယ် ဆိုတဲ့ လူတစ်ယောက်ဟာ စိတ်ကိုထိန်းချုပ်ရတဲ့ဂိမ်းတစ်ခုကို တီထွင်ခဲ့ပြီး လူတွေပါ၀င်ကစားလာဖို့ ဆွဲဆောင်ခဲ့ပါတယ်။ ဒီဂိမ်းဟာ သာမာန်ဂိမ်းမျိုးမဟုတ်ပဲ လူတစ်ယောက်ရဲ့လှုပ်ရှားမှုမှန်သမျှကို ကစားသမားကထိန်းချုပ်လို့ရတဲ့ဂိမ်းမျိုးဖြစ်ပါတယ်။ အထိန်းချုပ်ခံတဲ့သူက ပိုက်ဆံရမှာဖြစ်ပြီး ကစားတဲ့သူက ပိုက်ဆံပေးပြီး ကစားရတာပါ။ ဒါထက်အဆင့်မြင့်သွားတဲ့ စလေယာစ် ဆိုတဲ့ ဂိမ်းမှာတော့ သေဒဏ်ကျပြီးသားလူတွေဟာ သူတို့စိတ်ကိုထိန်းချုပ်ခံထားရပြီးတော့ အချင်းချင်းပစ်သတ်နေတဲ့ကြားကနေ အသက်ရှင်ဖို့ကြိုးစားရတာပါ။ အဆင့်၃၀လုံးအောင်တဲ့သူက သေဒဏ်ကနေလွတ်ကင်းပြီး အိမ်ကိုပြန်ခွင့်ရှိမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတာကတော့ ဂျွန်ကေဘယ်ဆိုတဲ့ လူဖြစ်ပါတယ်။ ဂျွန်ကေဘယ် ကို ဆိုင်မွန်ဆိုတဲ့ကစားသမားက ထိန်းချုပ်ကစားနေတာဖြစ်ပြီး သူတို့နှစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ အဆင့်အားလုံးကိုရော အောင်မြင်အောင်ကျော်ဖြတ်နိုင်မလားဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ ဒီကားရဲ့ တချို့အသုံးအနှုန်းလေးတွေကြမ်းပေမယ့် ဇာတ်ကားကိုက science fiction action အမျိုးအစားဖြစ်တာမို့ စိတ်ကူးယဉ်ဆန်ပြီး ကြမ်းတာမှကြိုက်တဲ့ကိုယ့်လူတို့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားလို့ညွှန်းလိုက်ပါရစေ။ File size…6.2GB/ 2.26GB / 1.12GB Quality…4k HEVC Bluray / 1080p BluRa Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Jaka
movie

Gamer (2009)

2009
4K HEVC
The Admiral (2015) 7.0
The Admiral (2015) The Admiral (2015)==============IMDb Rating - 7.0/10ဒီဇာတ်ကားကို စ​ရေးမယ့်အချိန် ပိုစတာကိုမြင်​တော့ နည်းနည်း​လေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အ​နေအထားက ဒီဘက်​ခေတ်ထွက် ​​ပေါ​ပေါပဲပဲစတိုင် ဖြစ်​နေတာမဟုတ်လား။ ဒီလိုနဲ့ Google​ ​ပြေး​ခေါက်၊ စာ​လေးဘာ​လေး​ပြေးရှာ​တော့ တို့များဖန်​တွေ အ​​ပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိ​နေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆို​တော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆို​တော့ မြင်​တွေ့​နေကျ အ​နောက်တိုင်းရုပ်ရှင်တွေ၊ အ​တွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှား​တဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထား​တော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း ​စ​ရေးတယ်​​ပေါ့။ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အ​ခြေခံထားပြီး နယ်သာလန်​​ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသား​ပေးရိုက်ကူးထားတာပါ။ ပ​ဒေသရာဇ်​​တွေကြီးစိုး​နေ​​သေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အ​ကောင်အထည်​ပေါ်​​နေပြီဖြစ်တဲ့ နယ်သာလန်​ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်​တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် ​​Prince of Orangeနဲ့ ပါတီနိုင်ငံ​ရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်​တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက ​တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ​ဟော်လန်ရဲ့ ​ရေ​ကြောင်းကုန်သွယ်​ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုး​နေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်​တွေက ​ရေ​ကြောင်းထိုးစစ်​တွေနဲ့ ...
movie

The Admiral (2015)

2015