Channel Myanmar

Adventure

See The Sea ( 2022 ) 6.1
See The Sea ( 2022 ) အခုတစ်ခေါက် CM ပရိသတ်တွေအတွက် ပင်လယ်စွန့်စားခန်းဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- ပင်လယ်မုဆိုးတပ်မှ ဝူချင်နှင့် လျိုလီ၊ တုချန်ဖုန်း၊ လုံရှင်း တိုသည် ပင်လယ်မုဆိုးအဖွဲ ဖွဲလိုက်ပြီး ကွေးရွှးနယ်မြေကို သွားရောက်ကာ မသေခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေကြတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းထဲတွင် သေသူကိုပြန်ရှင်ပြီး အရိုးကိုအသားပြည့်စေနိုင်တဲ့ ကွေးရွှးကျောက်ကို ရှာဖွေရန်အတွက် ဝူချင်တိုအဖွဲဟာ အန္တရာယ်တွေနဲ့ ပြည့်နက်နေတဲ့ စွန့်စားရေးခရီးတစ်ခုကို စတင်ခဲ့ကြပါတယ်။တစ်ဖက်မှာလည်း တခြားလျှိဝှက်အဖွဲတစ်ခုက တိတ်တဆိတ်လှုပ်ရှားနေခဲ့ပါတယ်။ ရတနာကိုလုယူဖိုအတွက် အဖွဲနှစ်ဖွဲ့ဘယ်လို ထိပ်တိုက်တွေ့ကြမလဲ...... စွန့်စားရေးခရီးမှာ အန္တရာယ်တွေကို ဘယ်လိုဖြတ်ကျော်ကြမလဲ...... ဆိုတာကို CM ရဲ့ဘာသာပြန်နဲ့အတူ ကြည့်ရှုခံစားလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Fantasy , Adventure Runtime : 1h 16min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

See The Sea ( 2022 )

Spaceballs (1987) 7.1
Spaceballs (1987)   ဒီဟာကတော့ ရှားရှားပါးပါး Star Wars နဲ့ Star Trek ကို parody ဟာသလုပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ meme တွေမှာလည်း မြင်ဖူးကြမှာပါ။ ရယ်ရသလို ဇာတ်လမ်းလေးကလည်း ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း အာကာသဘောလုံးဂြိုလ်သားတွေဟာ သူတို့ဂြိုလ်က လေသန့်တွေကို အစိုးရရဲ့ ညံ့ဖျင်းမှုကြောင့် အကုန်သုံးလိုက်မိတာကြောင့် အခြားဂြိုလ်က လေသန့်တွေကို လုယူဖို့ ကြံစည်နေပါတယ်။ ဒါပေမဲ့ အဲဒီဂြိုလ်ကလည်း ကာကွယ်ရေးစနစ်နဲ့ လေဆာဒိုင်းတွေ ရှိတာကြောင့် ဖောက်ဝင်နိုင်ဖို့ ပက်စ်ဝါ့လိုတာပေါ့။ အဲဒီပက်စ်ဝါ့ကို ရဖို့ ဂြိုလ်ကြီးရဲ့ ဘုရင်ရဲ့ တစ်ဦးတည်းသောသမီးလေးကို ပြန်ပေးဆွဲပါတော့တယ်။ အဲဒီမင်းသမီးလေးကို ကယ်တင်ဖို့အတွက် အာကာသထဲက မှောင်ခိုသမား သူငယ်ချင်းနှစ်ယောက်က ကြိုးစားကြပုံပါပဲ။ အဓိက အားဖြင့်တော့ Star Wars : A New Hope ကို ဟာသလုပ်ထားတာပါပဲ။ ခွီလိုက်ကြပါဦး။File size…(2.86GB/1.36GB/(757MB) Quality….Webrip 1080p / 720p ...
movie

Spaceballs (1987)

Doraemon: Nobita’s Treasure Island (2018) 6.5
Doraemon: Nobita’s Treasure Island (2018) Doraemon: Nobita's Treasure Island (2018) ------------------------------------------------------------------- အခုတစ်ခေါက်မှာတော့ 2018 ခုနှစ်မှာ ထွက်ခဲ့တဲ့ ၃၈ကားမြောက် ဒိုရေမွန်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးက ၁၈၈၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Treasure Island ဝတ္ထုကိုအခြေခံရိုက်ကူးထားပြီး Your Name Anime ရဲ့ ထုတ်လုပ်သူ Genki Kawamura ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ ပင်လယ်ဓားပြပုံပြင်တွေဖတ်ပြီး ရတနာကျွန်းရှာဖို့ရူးသွပ်နေတဲ့ နိုဘီတတစ်ယောက် သတင်းမီဒီယာကနေ အမည်မသိကျွန်းတစ်ခုပေါ်လာကြောင်း ကြေညာချိန်မှာတော့ ရတနာသွားရှာချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတော့တယ်။ဒါကို သူငယ်ချင်းတွေက ဝိုင်းလှောင်ကြတော့ စိတ်တိုတိုနဲ့ကျွန်းကို တွေ့အောင်ရှာမယ်လို့အလောင်းအစားပြုလုပ်ပြီး ထုံးစံအတိုင်း ဒိုရေမွန်ကိုအကူညီတောင်းပါတယ်။ ဥပေက္ခာမပြုနိုင်တဲ့ ဒိုရေမွန်ကလည်း နိုဘီတအလိုကျအတိုင်း အဲဒီကျွန်းကို သွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ ပင်လယ်ဓားပြတွေနဲ့ ဘယ်လိုစခန်းသွားရမလဲ ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုခံစားပေးကြပါဦးနော်။ File size…1.7GB / 894MB Quality…1080p BluRay / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Doraemon: Nobita’s Treasure Island (2018)

2018
Drifting Home (2022) 6.5
Drifting Home (2022) Drifting Home (2022)(1080p ရပါပြီ)အမှတ်တရဆိုတာကို ဘယ်လိုခံယူကြလဲ? ကျွန်တော့်အတွက်တော့ အမှတ်တရ‌ဆိုတာ လူသားတွေကိုဖြစ်တည်စေတဲ့ အရာပါပဲ။ အမှတ်တရတွေကြောင့် ပျော်ရွင်ရတယ်။ ဝမ်းနည်းနေရင်တောင် မျက်ရည်တွေနဲ့ ပြုံးမိစေတယ်။ အမှတ်တရတွေကြောင့်ပဲ ကိုယ်မကြိုက်တဲ့ပစ္စည်းကိုတောင် ဖက်တွယ်မိကြတယ်။ အမှတ်တရတွေကို မစွန့်လွှတ်နိုင်ကြတဲ့အခါ ရူးမတတ်နာကျင်ရတယ်။ အထူးသဖြင့် အ‌သည်းကွဲရင်ပေါ့ဗျာ။ အသည်းကွဲတာနဲ့ မဆိုင်ပေမယ့် ဒီမျောနေတဲ့တိုက်ခန်းလျားလေးက သံယောဇဉ်တွေ ကိုယ်ဖက်တွယ်ချင်ခဲ့တဲ့မှတ်ဉာဏ်တွေ အမှတ်တရတွေအကြောင်းကို ကောင်းကောင်းကြီးခံစားတတ်စေမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ...တိုက်ခန်းလျားအဟောင်းကြီးတစ်ခုရှိတယ်။ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ဆောက်ထားတာမို သရဲခြောက်တယ်ဆိုပြီး လူတိုင်းကပြောကြတယ်။ ဘယ်လောက်ပဲဟောင်းနေပါစေ နာ့ဇူမဲနဲ့ ခိုဆုခဲဆိုတဲ့ ကလေးနှစ်ယောက်အတွက်တော့ အဖိုးတန်အိမ်လေးပါပဲ။မူလတန်းရဲ့ နောက်ဆုံးသော ‌နွေရာသီ ...တိုက်ခန်းလျားကို ဖြိုချပစ်တော့မှာမလို နာ့ဇူမဲတိုသားအမိနဲ့ ခိုဆုခဲတိုမိသားစု အိမ်ပြောင်းရတယ်။ သေးသေးလေးကတည်းက မခွဲအတူနေနှစ်ယောက်က ရုတ်တရက်ကြီး ဘာလိုမှန်းမသိ စိမ်းကားသွားတယ်။ သူငယ်ချင်းဖြစ်သူ စပ်စုစိန်တိုင်အိချိကြောင့် အိမ်ဟောင်းဖြစ်တဲ့ တိုက်ခန်းလျားကြီးဆီ ခိုဆုခဲရောက်လာရတယ်။ တိုင်အိချိက ပေါက်ပေါက်ရှာရှာ သရဲဖမ်းမလိုတဲ့လေ။သရဲရှာမတွေ့ပါဘဲ ဗီဒိုခန်းလေးထဲမှာ ...
movie

Drifting Home (2022)

2022
Ghoster (2022) 4.2
Ghoster (2022) Ghoster(2022) ====================== Adventure , Horror , Family၁၅ ရာစုလောက်မှာ အာသာမစ်လာဆိုတဲ့ သူရဲကောင်းက ယူတိုနဂါးကြီးကို နှိမ်နင်းအောင်မြင်ခဲ့ပြီး အက်ကိုဗေးလ်ဆိုတဲ့ မစ်လာအိမ်တော်ကို တည်ထောင်ခဲ့ပါတယ်... ဒါပေမယ့် နဂါးကြီးက အင်အားကြီးလွန်းတာကြောင့် သူ့ကိုသေခြင်းတရားကတောင် မတားဆီးနိုင်ပါဘူး မှော်ဆရာတစ်ယောက်ရဲ့ အကူညီနဲ့ ဝိဉာဉ်တစ်ကောင်အဖြစ်ထွက်လာခဲ့ပြီး အသက်ပြန်ရှင်နိုင်ဖို့အတွက် မစ်လာမိသားစုရဲ့ မျိုးဆက်တွေကို နှစ် ၁၀၀ ကြာတိုင်းလိုက်သုတ်သင်ရှင်းလင်းရင်း ဝိဉာဉ်တွေကို ဖမ်းဆီးနေခဲ့တာ နှစ်ပေါင်း ၅၀၀ ကြာမြင့်ခဲ့ကာ ယနေ့အထိပါပဲ.... သူ့နောက်ဆုံးဖမ်းဆီးရမယ့် ဝီလီယံမစ်လာဆိုတဲ့ ကလေးလေးက ပျောက်ဆုံးသွားခဲ့ပြီး အက်ကိုဗေးလ်အိမ်တော်ကြီးလည်း သရဲခြောက်တဲ့အိမ်ကြီးအဖြစ် ကျန်ရစ်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ ....ဘဏ်နဲ့အာဏာပိုင်တွေက အိမ်ကိုသိမ်းယူတော့မယ့်ဆဲဆဲမှာ အဲဘိဇဘက်ဆိုတဲ့ ဝီလီယံရဲ့မျိုးဆက်ပေါ်လာတာကြောင့် နဂါးကြီး ယူတိုရဲ့ နောက်ဆုံး ဖမ်းဆီးရမယ့် မစ်လာမျိုးဆက်ဖြစ်လာပါတယ်... အက်ကိုဗေးလ်အိမ်ကြီးမှာ ရှိနှင့်နေတဲ့ ဂိုစတာဆိုတဲ့ ဝိဉာဉ်လေးနဲ့ အဲလိဇဘက်တို့ပေါင်းစည်းကာ ဒီနဂါးကြီးကို အပြီးတိုင် နှိမ်နင်းသွားမလား ဆိုတာကိုတော့ စိတ်ဝင်စားစရာကြည့်ရှုရမှာဖြစ်ပါတယ်။ ငယ်ငယ်က ကျွန်တော်တို့ကြည့်ဖူးတဲ့ ဝိဉာဉ်လေး Casper ရဲ့ ဇာတ်လမ်းအကွဲလို့ပြောလို့ရပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)Genre..... Adventure, ...
movie

Ghoster (2022)

2022
Ultimate Avengers 2: Rise of the Panther (2006) 6.5
Ultimate Avengers 2: Rise of the Panther (2006) Ultimate Avengers 2: Rise of the Panther (2006)==================================IMDb Rating - 6.5/10ဒါက​တော့ ၂၀၀၆ထွက် Ultimate Avengers: The Movieရဲ့ အဆက်ပဲဖြစ်ပါတယ်။ ပထမကားမှာ ချီတာရီ​တွေကို အနိုင်ယူ ခဲ့​ပေမယ့် ကပ္ပတိန်အ​မေရိကဟာ စစ်ပြန်​တွေရဲ့ ထုံးစံအတိုင်းပဲ PTSDအ​​သေးစား ဖြစ်လာတာ​ကြောင့် မစ်ရှင်​တွေပဲ ဖိလုပ်ရင်း သူဦး​ဆောင်ရတဲ့ Avengersအဖွဲ့နဲ့ အဆင်မ​​ပြေဘဲ One Man Armyလိုဖြစ်လာပါတယ်။ ​ဒေါက်တာဘန်နာကလည်း ​ဟော့ခ် ပုံစံကို မထိန်းချုပ်နိုင်တာ​ကြောင့် ဖြူရီရဲ့ ချုပ်​နှောင်ထားမှုကို ခံ​နေရပါတယ်။အဲဒီအချိန်မှာ ကပ္ပတိန်အ​မေရိက​ကြောင့် ၁၉၄၅ခုကတည်းက ​သေသွားပြီလို့ ထင်မှတ်ထားကြတဲ့ ချီတာရီ​ကောင် တစ်ဖြစ်လဲ နာဇီဗိုလ်ချုပ်ကလိုင်ဇာဟာ ဝါကန်ဒါတိုင်းပြည်မှာ တစ်ဖန်ပြန် ​ပေါ်လာပြီး တီချာလာတို့ဆီက စွမ်းအင်အရင်းမြစ်ကို လုယူပြီး တစ်ကမ္ဘာလုံးကိုဖျက်ဆီးဖို့ ကြိုးစားလာတဲ့အတွက် စည်းလုံးမှု အားနည်း​နေတဲ့Avengersအဖွဲ့နဲ့ Black Pantherတို့​ပေါင်းပြီး ကလိုင်ဇာနဲ့ ကမ္ဘာဖျက်ရန်စွယ်ကို နှိမ်နင်းဖို့ အ​ကြောင်းဖန်လာ ပြန်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size..........(1.2 GB) / (620 MB) / ...
movie

Ultimate Avengers 2: Rise of the Panther (2006)

2006
Ultimate Avengers: The Movie (I) (2006) 6.6
Ultimate Avengers: The Movie (I) (2006) Ultimate Avengers: The Movie (I) (2006)=============================IMDb Rating - 6.6/10၂၀၀၆ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး Avengers Animation ရယ်လို့ ပီပီပြင်ပြင်စထွက်ခဲ့တဲ့ Ultimate Avengers ကားကို တင်ဆက်​ပေးလိုက်ပါတယ်။ 2008မှာ Iron Man 1စထွက်ပြီး MCUရယ်လို့ အကြီးအကျယ်​အောင်မြင်တဲ့ Universeကြီးကို အ​ကောင်အထည်​ဖော်နိုင်ခဲ့တဲ့ MarvelဟာAnimationပိုင်းမှာ DCAUရဲ့အရှိန်နဲ့ Fanbaseကို မယှဉ်နိုင်သလို ကားထွက်ရှိမှု အပိုင်းမှာလည်း ​အတော်​အားနည်းခဲ့တာပါ။ ဒီAnimationက Marvelရဲ့ရှားရှားပါးပါး Avengersဇာတ်ကားဖြစ်ပြီး ၂ကား ထွက်ရှိခဲ့တဲ့အထဲက နံပါတ် ၁ ဇာတ်ကားပါ။Storylineကို​တော့ Avengersအဖွဲ့ကြီး စတင်ဖွဲ့စည်းခြင်းကို အဓိကထားပြီး ဒုတိယကမ္ဘာစစ်မစ်ရှင်အတွင်းမှာ ပျောက်ဆုံး သွားတဲ့ ကပ္ပတိန်အ​မေရိကကိုပြန်လည်ရှာ​တွေ့ခြင်းနဲ့ အစပျိုး ထားပါတယ်။ Live Action နဲ့ Storyline မတူညီမှုနည်းနည်း ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ကပ္ပတိန်အ​မေရိကရဲ့ မပြီးပြတ်​​သေးတဲ့ မစ်ရှင်က ဒီ​​နေ့ခေတ်အချိန်အထိ ပါလာပြီး တစ်ကမ္ဘာလုံးပျက်စီးနိုင်တဲ့ အ​ခြေအ​နေ​တွေ ဖြစ်လာတဲ့အခါ ကပ္ပတိန်အ​မေရိကနဲ့ နစ်ဖြူရီတို့ဟာ တစ်ကိုယ်​တော်လှုပ်ရှား ​နေကြတဲ့ စူပါဟီးရိုး​တွေကိုစုစည်းပြီး Avengersအဖွဲ့အဖြစ် ကမ္ဘာဖျက်ရန်စွယ်ကို ကာကွယ်ဖို့ကြိုးစားကြပါ​တော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size..........(1.2 ...
movie

Ultimate Avengers: The Movie (I) (2006)

2006
Ram Gopal Varma Ki Aag (2007) 1.4
Ram Gopal Varma Ki Aag (2007) Ram Gopal Varma 2007 ------------------------ ကလည်းက ချလည်းချပြီး ဘောလိဝုဒ်ရဲ့အကျော်မော် မင်းသားနှစ်ယောက်ဖြစ်တဲ့ အမီတာဘချမ်းနဲ့ဗီဂျေးတို့ အပြိုင်ကြဲထားတဲ့ အဟောင်းထဲက ဇာတ်ကောင်းတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ မင်းသားတွေဖြစ်တဲ့ ဟီရိုနဲ့ရာ့ဂ်ျတို့ဟာ လက်ရှိအလုပ်ကပြုတ်လာပြီး မွန်ဘိုင်းကိုရောက်လာခဲ့ကြပါတယ်။ဒီလိုနဲ့ရရာအလုပ်၀င်လုပ်ရင်း ဒုစရိုက်ဂိုဏ်းတစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့အခါမှာ သူတို့သူငယ်ချင်းနှစ်ယောက် ရဲတွေနဲ့ပူးပေါင်းပြီး လူဆိုးတွေကိုဘယ်လိုနှိမ်နှင်းသွားမလဲဆိုတာကို အသည်းတယားယားနဲ့ ကြည့်နေရမှာပါ။ ဇာတ်ကားရဲ့အဓိကဗီလိန်ဖြစ်တဲ့ ဘာ့ဘန်းရဲ့ သရုပ်ဆောင်ချက်တွေကလည်း ကိုယ်တိုင်ပါကြက်သီးထမိလောက်အောင်ကို ပီပြင်လွန်းတဲ့အပြင် မင်းသားနှစ်ယောက်ရဲ့စော်ရှိတ်ပုံတွေကလည်း နှစ်ချို့FAဂေါင်းကြီးတို့အတွက် မနာလိုလွန်းချင်စရာတွေဖြစ်နေမှာပါ။ဒီကားမှာလူသတ်တာ၊ကြမ်းတာ၊ရမ်းတာတင်မကပဲ အပြင်ဘက်မှာ ဘယ်လောက်ပဲကြမ်းတမ်းနေမှာစေ အတွင်းထဲမှာတော့ချစ်တတ်တဲ့စိတ်က လူတိုင်းမှာရှိနေပါတယ်ဆိုတာကိုပါ ရိုက်ပြသွားပါသေးတယ်။ ခေါင်းယမ်းပြီးစကားမပြောပေမယ့် ခါးယမ်းပြီး က သေးတာမို့ အိန္ဒိယကားချစ်သူတွေအတွက် အိန္ဒိယကားအရသာလည်း ခံစားနေရဦးမှာပါ။ File size…2.8GB / 1.4GB Quality…1080p WEBRIP AAC2.0CH / 720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Haruko
movie

Ram Gopal Varma Ki Aag (2007)

2007
Willow (1988) 7.2
Willow (1988) Willow (1988)~ IMDb rating - 7.2/10 ~"Star Wars & Indiana Jones" အဲဒီဖန်ဒန်ကြီး၂ခုလုံးကို တည်ဆောက်ဖန်တီးခဲ့တဲ့ George Lucas ကို မသိတဲ့လူမရှိပါဘူး။ တစ်ခေတ်တစ်ယောက် ဆရာ့ဆရာကြီးဖြစ်ခဲ့သလို ဒီရုပ်ရှင်ကလည်း သူ့ဇာတ်လမ်းပါပဲ။ သူတည်ဆောက်ခဲ့တဲ့ နောက်ယူနီဗာ့စ်ကြီးတစ်ခုပေါ့။ဒီရုပ်ရှင်က လူးကတ်စ်ရဲ့ မှော်ဇာတ်လမ်းပေါ့။ ရိုက်တာကတော့ ရွန်ဟောင်းဝတ်။ ဒီနှစ်ထဲတင် Thirteen Lives ထွက်ထားတဲ့၊ တစ်နှစ်ထဲမှာတင် Best Director ရော Best Picture ဆုပါရဖူးတဲ့ နာမည်ကြီးဒါရိုက်တာပါပဲ။ ကားကတော့ fantasy ကိုမှ LoTR တို့ ဘာတို့ကို ပိစိလောက်ဆင်နေတဲ့ပုံစံ။ ဇာတ်ကတော့အရမ်းကြီးမကြီးကျယ်ဘူး။ မကြီးကျယ်ဆို ဒီတစ်ကားပဲရှိသေးပေမဲ့ ဒီတစ်ကားက အစကနဦးလို့ပဲပြောရမယ်။ ရှေ့အများကြီးဆက်ရင်တော့ ဘယ်လိုဖြစ်လာမလဲပြောမရပေါ့။ သို့ပေမဲ့ နောက်နှစ်လလောက်ကျရင် ဒီကားရဲ့အဆက် ဇာတ်လမ်းတွဲထွက်လာမှာပါ။ သို့ပေမဲ့ သူကတော့ LoTR ...
movie

Willow (1988)

1988
Thor: Love and Thunder (2022) 7
Thor: Love and Thunder (2022) ဒီရုပ်ရှင်ကတော့ စတုတ္ထမြောက် သောရ် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အရှေ့မှာတော့ Thor, Thor : Dark World, Thor Ragnarok တို့ ထွက်ထားခဲ့ပြီးပါပြီ။ ဒီဇာတ်လမ်းကတော့ Avengers : Endgame အပြီးမှာ Guardians of the Galaxy နဲ့အတူ အာကာသထဲမှာ စွန့်စားခန်းဖွင့်ဖို့ ထွက်လာခဲ့တဲ့ သောရ်ရဲ့အကြောင်းပါပဲ။ဒီတစ်ခါ သောရ်ရင်ဆိုင်ရမှာကတော့ နတ်ဘုရားသတ်သမား ဂေါရ် ဆိုတဲ့ ဗီလိန်ပါပဲ။ ဂေါရ်ဟာ အရင်က နတ်ဘုရားကို ယုံကြည်ကိုးကွယ်ခဲ့သူဖြစ်ပေမဲ့ သူတို့ဂြိုလ်ကြီး အငတ်ဘေးဆိုက်ပြီး နောက်ဆုံး သူ့ရဲ့သမီးလေးပါ သေသွားတာကို နတ်ဘုရားတွေက ပျက်ရယ်ပြုပြီး လျစ်လျူရှုထားတာကိုတွေ့အပြီးမှာ နတ်ဘုရားတွေကိုမုန်းတီးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နတ်ဘုရားတွေကို သတ်နိုင်တဲ့ ရှေးဟောင်းလက်နက်တစ်ခုဖြစ်တဲ့ ကျိန်စာသင့် နက်ခရိုဓားဟာ ဂေါရ်ရဲ့လက်ထဲကို ရောက်လာခဲ့ပါတယ်။ အဲဒီဓားနဲ့ ဂေါရ်တစ်ယောက် စကြဝဠာတစ်ခွင်က နတ်ဘုရားတွေကို လိုက်သတ်နေရင်း ...
movie

Thor: Love and Thunder (2022)

4K HEVC
Thor: Ragnarok (2017) MCU 8.1
Thor: Ragnarok (2017) MCU Thor: Ragnarok (2017)IMDb Raing (8.0)Thor ဇာတ်ကားတွေက ၂၀၁၁ နဲ့ ၂၀၁၃ တုန်းက ဆက် တိုက်ထွက်ရှိခဲ့ပြီး အခုတတိယမြောက်မှာ ဒါရိုက်တာ တိုက်ကာ ဝိတ်တီက ဘယ်လိုဇာတ်အိမ် တည်ထားလဲဆိုတာ စိတ်ဝင်စားစရာပါ။အန်တိုနီဟော့ပ်ကင်းစ်၊ ဘန်နီဒစ်ကန်ဘာဘက်ချ်၊ ကိတ်ဘ လန်ချက်၊ ခရစ္စဟမ်းစ်ဝေါ့သ်၊ ကန်လန်စီဘရောင်းစသူတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ပဲမို့ စိတ်ကူးယဉ် သိပ္ပံ၊ စွန့်စားခန်း၊ ဟာသ၊ အက် ရှင်ရသတွေကို အပြည့်အဝခံစား ရဦးမှာပါ။ဆိုကိုဗီးယားစစ်ပွဲအပြီး ၂ နှစ်အကြာမှာ သော ဟာမီးမိစ္ဆာဆာတာရဲ့ ဖမ်းဆီးတာကိုခံထားရပါ တယ်။ သောရဲ့ ဖခင် အိုဒင်ဟာ အက်စ်ဂါ့တ်မှာ ကြာကြာနေရမှာ မဟုတ်တဲ့အကြောင်းနဲ့ အရာအား လုံးကို သူ့ရဲ့မီးလျှံနဲ့ ဖျက်ဆီးပစ် မယ်လို့ ဆာတာကပြောပေမယ့် သောဟာ ဆာတာကို အနိုင်ယူနိုင် ခဲ့ပါတယ်။ အက်စ်ဂါ့တ်ကို ပြန်ရောက်ခဲ့ တဲ့ သောဟာ မွေးစားညီအစ်ကို လိုကီကို ...
movie

Thor: Ragnarok (2017) MCU

2017
4K HEVC IMAXHDR
Thor: The Dark World (2013) MCU 7.0
Thor: The Dark World (2013) MCU Thor: The Dark World (2013)IMDb Rating (6.8)ဇာတ်လမ်းအဖွင့်မှာ Odin က လက်ရှိ စင်္ကြာဝဠာထဲမှာ ဘာမှမရှိခင်ကာလတုန်းက အရာအားလုံး အမှောင်အတိဖြစ်နေပြီး အဲ့ဒီအမှောင်ထုထဲမှာ Dark Elf လို့ခေါ်တဲ့ လူမျိုးစုတွေ အမှောင်ထဲမှာနေထိုင်ကြပါတယ်။ အဲ့ဒီနောက်မှာ အလင်းရောင်ဖြစ်ပေါ်လာပြီး တစ်ခြား သတ္တဝါတွေ ဖြစ်လာပြီးနဲ့နောက်မှာ Dark Elf မင်းသားက စင်္ကြဝဠာကြီးကို အရင်လို အမှောင် ဘ၀ ပြန်ရောက်အောင်လုပ်ဖို့ကြိုးစားရာမှာ Odin ရဲ့အဖေ Bor က တားဆီးနိုင်ခဲ့ပါတယ်။Dark Elf (Malekith) ရဲ့ လက်နှက် အဖြစ်သုံးတဲ့ Aether လို့ခေါ်တဲ့ အရာဝတ္ထုကိုတော့ ဖျက်ဆီးလို့မဖြစ်လို့ဘယ်သူမှာ မတွေ့နိုင်တဲ့နေရာမှာ ဖွက်ထားခဲ့ပါတယ်။ ဒါကို မင်းသမီး Natalie Portman က Thor နဲ့အဆက်အသွယ်ရဖို့ ကြိုးစားနေရင်းနဲ့ မထင်မှတ်ပဲ ရှာတွေ့သွားခဲ့ပါတယ်။ (ကမ္ဘာတွေအားလုံးက ...
movie

Thor: The Dark World (2013) MCU

2013
4K HEVCHDR
Pinocchio (2022) 5.5
Pinocchio (2022) Pinocchio (2022) =============ငယ်ငယ်က ကျွန်တော်တို့အားလုံးကြိုက်ခဲ့တဲ့ ပီနိုခီရို သစ်သားရုပ် သေးရုပ်လေးအကြောင်းဆိုရင်တော့မသိသူမရှိလောက်ပါဘူး ။ ဒီ Animation ကိုတော့ Disney က ၂၀၂၂ မှာ ဂန္တဝင် မင်းသားကြီး Tom Hank နဲ့အတူ live-action အဖြစ် ပြန်လည်အသက်သွင်း လိုက်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ အားလုံးသိခဲ့တဲ့အတိုင်း ပီနီခီရိုလေးရဲ့ စွန့်စားခန်းတွေကို မြင်ရမှာပါ။ Animation ကို live action လုပ် ထားတယ်ဆိုပေမယ့် မူရင်းအရသာမပျက်သွားဘဲ အတော်လေး ကြည့်ရတာ အဆင်ပြေပါတယ်။  Disney ရဲ့ ရုပ်ရှင်တွေအတိုင်း ဇာတ်ဝင်တေးကောင်းကောင်းလေးတွေနဲ့ ကလေးလူကြီးကြိုက်ပြီး ငယ်ဘဝကိုပြန်အမှတ်ရစေမယ့်ကားကောင်းလေးဖြစ်စေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(2.28 GB) / (1.12 GB) Quality............WEB-DL 1080p / 720p Duration.........1Hr 45mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Comedy, Drama Translator.......Thiha Yan Naing Encoder..........SWM
movie

Pinocchio (2022)

2022
The Confidence Man JP Hero (2022) 6.5
The Confidence Man JP Hero (2022) The Confidence man JP: The final game (2022)ဒကို သခင်လေးနဲ့ ရစ်ချက်တိုက စုစုပေါင်း ဂျပန်ယန်း၅ဘီလီယံလောက်ကို လိမ်လည်နိုင်ခဲ့တဲ့ စူပါလူလိမ်သုံးယောက်ပါ။ သူတိုတွေက ဆွတ်ချိနော့ခို တတိယမျိုးဆက်ဆရာကြီးရဲ့ တပည့်ရင်းတွေလည်းဖြစ်ကြပါတယ်။ဆွတ်ချိနော့ခိုဆိုတာက ဂျပန် dandariလာမြွေတစ်မျိုးရဲ့နာမည်ပါ။ ဒီမြွေက လိမ်ရတာကိုကြိုက်နှစ်သက်ပြီးတော့ ခန္ဓာကိုယ်က အရက်နံ့ထွက်နေတယ်လိုဆိုကြပါတယ်။ ဂျပန်မှာလည်း ဒီ ဆွတ်ချိနော့ခိုကို ဖမ်းပြီးတော့ ရွာလူကြီးဆီပိုနိုင်ရင် ယန်း၂သန်းတိတိ ချီးမြှင့်မယ်လို ကြေညာထားတာမျိုးလည်းရှိပါတယ်။အခုတော့ တတိယမျိုးဆက်ဆရာကြီးလည်းဆုံးသွားပြီး သူတိုအဖွဲလည်း လိမ်လည်မှုတွေမလုပ်ရတာ ၂နှစ်လောက်ရှိပါပြီ။ ဒါ့ကြောင့် သူတို ၃ယောက်ထဲက ဆရာအကျဆုံးတစ်ယောက်ကိုရွေးဖိုအတွက် နောက်ဆုံးပြိုင်ပွဲလိုခေါ်တွင်မဲ့ လိမ်ပွဲကြီးကျင်းပကြဖိုဆုံးဖြတ်လိုက်ကြပါတယ်။ဘာကိုလိမ်မှာလဲဆိုတော့ မော်လတာနိုင်ငံမှာ အခြေချနေတဲ့ ဂျရယ် ဆိုတဲ့ စပိန်မာဖီးယားဆီက "ဗီးနပ်စ်ရုပ်တု"ကိုပါ။ တစ်ဖက်မှာလည်း သူတိုကို ဖမ်းမိဖိုအတွက် သဲသဲမဲမဲလိုက်နေတဲ့ အင်တာပိုကစုံထောက် မာရိမုရနဲ့ ဂျပန်စုံထောက် တန်ဘာတိုကလည်း ရှိနေပါတယ်။သူတို၃ယောက်ကြားကယှဉ်ပြိုင်မှုတွေနဲ့ သူတိုကိုဖမ်းချင်နေတဲ့သူတွေဆီက လက်တစ်လုံးခြား ဘယ်လိုရှောင်တိမ်းလိမ်လည်ကြပြီး... တကယ်တမ်း ...
movie

The Confidence Man JP Hero (2022)

Summering (2022) 4.1
Summering (2022) Summering (2022)ဒါကတော့ နွေရာသီတစ်ခုကို ဖြတ်သန်းနေတဲ့ ကလေးတစ်အုပ်အကြောင်းပါပဲ။ ဇာတ်လမ်းအမျိုးအစားကတော့ Adventure, Coming of Age ပါ။ ကလေးတစ်အုပ်ဆိုပေမဲ့ ကလေးမလေးတွေပါပဲ။ နွေရာသီပိတ်ရက်မှာ အတူတူလျှောက်လည်ကြတယ်။ အလောင်းတစ်လောင်းတွေ့တယ်။ ဒီအလောင်းကြောင့် မိဘတွေက သူတို့ကလေးတွေ ထရော်မာရကုန်တယ်ထင်ကုန်မှာစိုးလို့ ရဲမတိုင်ဘဲထားလိုက်တယ်။ သို့ပေမဲ့ ကြင်နာတတ်တဲ့ကလေးတွေဆိုတော့ ဒီလူ့မှာများ မိသားစုရှိခဲ့ရင်ဆိုပြီး သူဘယ်သူလဲအဖြေရှာကြပါတယ်။ အိမ်ကမသိအောင် ခိုးထွက်ပြီး စွန့်စွန့်စားစားအဖြေရှာရင်း ပရလောကလိုလို သည်းထိတ်ရင်ဖို အဖြစ်တွေနဲ့ပါကြုံလာရပါတယ်။James Ponsoldt ရဲ့လက်ရာပေါ့။ James Ponsoldt ကို The Spectacular Now ဆိုတဲ့ သူ့မာစတာပိစ်ကားနဲ့ လူသိများပါတယ်။ ၂၀၁၃ရဲ့အကောင်းဆုံး ရုပ်ရှင်တွေထဲ The Spectacular Now ဟာလည်း မပါမဖြစ် ဖြစ်ပါတယ်။ ဂျက်စီအိုင်ဆန်ဘတ်နဲ့ The End of the Tour, တွမ်ဟန့်နဲ့ The Circle ...
movie

Summering (2022)

2022
Pirates of the Caribbean: Dead Men Tell No Tales(2017) 6.6
Pirates of the Caribbean: Dead Men Tell No Tales(2017) Pirates of the Caribbean: Dead Men Tell No Tales(2017) ဟိုးအရင် အတိတ်တစ်ချိန်က ဂျက်စပဲရိုးပီပီ ဖျံကျခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် ကျိန်စာမိကပ္ပတိန် တစ်ယောက် ဂျက်ကို သတ်ဖို့ လိုက်ရှာတော့တယ်။ စာနာစိတ်ရယ်လို့ တစ်စက်မှမရှိတဲ့ သင်္ဘောသားတွေကို ဦးဆောင်တဲ့၊ သင်္ဘောကြီး ဆိုင်းလင့်န်မေရီရဲ့ ကပ္ပတိန် ဆလာဇာပေါ့။ ဒီတစ်ကြိမ်ကျ အထာနပ်သွားတဲ့ ဆလာဇာကို ဖျံကျလို့မရတော့တဲ့အတွက် သူ့ကိုနိုင်ဖို့ တစ်ခုတည်းသော လက်နက်ဖြစ်တဲ့ သမုဒ္ဒရာ ခုနှစ်စင်းလုံးကို ပိုင်စိုးသူ နတ်ဘုရား ပိုဆိုက်ဒန်ရဲ့ ခက်ရင်းခွကို လိုက်ရှာရတော့တယ်. ----------------------------------------------------------------------------------- . File Size : (2.5GB) and (1.3GB) Quality : HEVC 1080p 5.1, 720P Format…mp4 Duration…02:09:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae 
movie

Pirates of the Caribbean: Dead Men Tell No Tales(2017)

2017
4K HEVC