Channel Myanmar

Adventure

A Writer’s Odyssey ( 2021 ) 6.5
A Writer’s Odyssey ( 2021 ) ဒီတစ်ခေါက်ကတော့ yang mi ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာပါဝတ္ထုတစ်ပုဒ်က လက်ရှိကမ္ဘာကို ပြောင်းလဲနိုင်သလားဇာတ်လမ်းအကြောင်းအရာလေးကတော့...ကွမ်နင်ဟာ သူ့မှာရှိသမျှအရာအားလုံးကို ရင်းပြီး ပျောက်သွားတဲ့သမီးဖြစ်သူကို ခြောက်နှစ်လုံးလုံး လိုက်ရှာနေသူတစ်ယောက်ပါတစ်နေ့မှာ ထူလင်ဆိုတဲ့ မိန်းကလေးတစ်ယောက်က သူ့သမီးကိုရှာပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့ပါတယ် ဒါပေမဲ့ ပြန်ပေးရမဲ့တန်ကြေးကတော့ "နတ်ဘုရားသုတ်သင်သူ" ဆိုတဲ့ ဝတ္ထုကိုရေးသားတဲ့ လုခုံဝမ်ကို သတ်ပေးရမှာပါ သတ်ရမှာလွယ်မယ်လို့ထင်ထားပေမဲ့လည်း "နတ်ဘုရားသုတ်သင်သူ" ဝတ္ထုကလက်ရှိကမ္ဘာနဲ့ ဆက်နွယ်မှုတွေရှိနေတဲ့အခါ ဘယ်လိုမထင်မှတ်ထားမှုတွေကကွမ်နင်ကို စောင့်ကြိုနေမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ Quality: WEB-DL720Format : mp4Subtitle : Myanmar Sub ( hardsub )Translated By Yamin EiEncoded By LK
movie

A Writer’s Odyssey ( 2021 )

Justice Society: World War II (2021) 6.5
Justice Society: World War II (2021) Justice Society: World War II (2021)==========================IMDb Rating - 6.5/10ဒီနေ့အတွက် DC Fan ပရိသတ်တွေအကြိုက်ဖြစ်စေမယ့် Justice မူဗီလေးလာပါပြီ။ဒီအပိုင်းမှာတော့ Flash တစ်ယောက် အပြေးလွန်ပြီး စကြဝဠာမှားရောက်သွားတဲ့အကြောင်းလေးပေါ့။ဘယ်ရီအဲလန် တစ်ယောက် သူ့ကောင်မလေးနဲ့ ပျော်ပွဲစားထွက်ရင်း Brainac နဲ့ Superman တို့ရဲ့တိုက်ပွဲနဲ့ကြုံပါတယ်။ Superman ဖက်က ဝင်ကူရင်း အပြေးလွန်ပြီး တခြားစကြဝဠာတစ်ခုကိုရောက်သွားပါတယ်။အဲဒီကမ္ဘာမှာ ဟစ်တလာသောင်းကျန်းနေတဲ့ ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန်ကို ရောက်သွားတာပါ။ အဲဒီမှာရှိတဲ့Wonder Woman ခေါင်းဆောင်တဲ့ Justice Society နဲ့တွေ့ပြီး စစ်ပွဲကို တားဆီးနိုင်ဖို့ တူတူပူးပေါင်းကြိုးစားကြတဲ့အကြောင်းလေးပါ။ JS အဖွဲ့ဝင်တွေကတော့ Hourman, Canary, နောက် Flash တစ်ယောက်၊ Hawkman တို့ပါပဲ။နောက်ထပ် Aquaman နဲ့ Superman တို့လည်း ပါပါသေးတယ်။ သူတို့ရဲ့ Role တွေကတော့ ဒီမူဗီထဲမှာပဲကိုယ်တိုင်ကြည့်မြင်ခံစားလိုက်ပါ။(ဒီဇာတ်လမ်းရဲ့ ...
movie

Justice Society: World War II (2021)

2021
Mortal Kombat (2021) 7
Mortal Kombat (2021) Mortal Kombat (2021)ဒီရုပ်ရှင်ကိုလည်း အားလုံးမျှော်နေကြမယ်ထင်တယ်။အိုကြီးအိုမတိုင်းရဲ့ ငယ်ဘဝမှာ မော်တယ်ကွန်ဘက်ဂိမ်းကို အနည်းနဲ့အများ ရင်းနှီးဖူးကြမှာပဲ။အခုလည်း ဒီဂိမ်းကိုပဲ ရုပ်ရှင်အဖြစ် အသက်သွင်းလိုက်ပြန်ပါပြီ။အားလုံးသိကြတဲ့အတိုင်း ကမ္ဘာလောကအပြင် ငရဲကမ္ဘာ အခြားကမ္ဘာတွေက လက်ရွေးစင်တွေဟာ ပြိုင်ပွဲကြိးတစ်ပွဲမှာ ရင်ဆိုင်ကြလေ့ရှိပါတယ်။ကမ္ဘာလောကရဲ့ အဓိက ပြိုင်ဘက်ကတော့ Outworld ပေါ့။ဒီရုပ်ရှင်ထဲမှာတော့ Outworld က Earth ကို ၉ ကြိမ်တောင် နိုင်ခဲ့ပြီးပါပြီ။ ၁၀ ကြိမ်အနိုင်ရခဲ့ရင် ကမ္ဘာကို အပိုင်စားရမှာဖြစ်ပါတယ်။ကမ္ဘာရဲ့ လက်ရွေးစင်တွေက ဒီပွဲကို အနိုင်ယူဖို့ ဘယ်လိုတွေရင်ဆိုင်ရမလဲ ဆိုတာ တွေ့ရမှာပါ။File size… 1.15 GB and 3.19 GB Quality…. 720p and 1080p HEVC 5.1CH Format…mp4 Duration…. 1h 50min Subtitle….Myanmar Subtitle (Hardsub) Translator ..... Little Neo Encoder ..... August
movie

Mortal Kombat (2021)

2021
HEVC 1080p 5.1
The Interview (2014) 6.5

The Interview (2014)

Chaos Walking(2021) 6.0
Chaos Walking(2021) Chaos Walking(2021)အညွှန်း**************************မင်းသားကတော့ တွမ်ဟော်လန်ပါဝင်သရုပ်ဆောင်ထားတဲ့ သိပ္ပံစွန့်စားခန်း ရုပ်ရှင်ကားကြီးဖြစ်ပါတယ်....။ တော့ဒ် ဟီးဝစ်ဟာ ကမ္ဘာသစ်မှာ အခြေချနေတဲ့ လူသားတွေထဲက အငယ်ဆုံး ကောင်လေးတစ်ယောက်ပါ။အဲဒီ ကမ္ဘာသစ်ရဲ့ ထူးခြားချက်က လူတွေရဲ့ အတွေးတွေက အသံတွေပုံရိပ်တွေအဖြစ် ခေါင်းထဲက ထွက်ပေါ်နေတာပါပဲ။ဒီတော့ တစ်ယောက်ကို တစ်ယောက် လိမ်ဖို့ အတော်ခက်ပါတယ်။ပြီးတော့ နောက်ထပ်ထူးခြားတာက မိန်းမ တစ်ယောက်မှ မရှိတော့တာပါ။အဲဒီဂြိုလ်ရဲ့ စပက်ကယ်ဆိုတဲ့ ဂြိုလ်သားတွေက မိန်းမတွေအားလုံးကို သတ်ဖြတ်ခဲ့လို့ပါပဲ။တစ်နေ့မှာတော့ လူသားတွေပါတဲ့ ယာဉ်တစ်ခု အဲဒီဂြိုလ်ပေါ် ပျက်ကျလာပြီး မိန်းမတစ်ယောက် အသက်ရှင်ကျန်နေခဲ့တဲ့အခါ.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတော့ Littleneo ပဲဖြစ်ပါတယ်.... File Size : (2.1GB) and (936MB) Quality : HEVC5.1CH,WEB-DL720p Format…mp4 Duration…01:30:00 Genre :  Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae
movie

Chaos Walking(2021)

HEVC 1080p 5.1
Good Boys (2019) 6.8
Good Boys (2019) ဒါကတော့ IMDb rating 6.8နဲ့ ခရမ်းချဉ်သီးမှာ 79%ရထားတဲ့ဟာသကားလေးပါ။တစ်ကားလုံးရယ်ရလို့ ပါးစပ်တောင်မစေ့နိုင်ဘူးဘရစ်စလီဆိုတဲ့ကောင်မလေးကိုအရမ်းတွေကြွေနေတဲ့မက်စ်ရယ်၊လေကြီးလေကျယ်ပြောတတ်တဲ့သောရယ်၊ရင့်ကျက်ပြီးမှန်တာပဲလုပ်ချင်တဲ့လူကပ်စ်တို့သုံးယောက်ကအရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့။‌ခြောက်တန်းရောက်တာနဲ့ခြောက်တန်းနဲ့တူအောင်အထာကျမယ်လို့ ဆုံးဖြတ်ထားတဲ့ ငမြွေလေးတွေပေါ့။ တစ်နေ့တော့ kissing partyတစ်ခုကို ဖိတ်ခံလိုက်ရလို့မက်စ်ကသူကြိုက်နေတဲ့ကောင်မလေးကိုပါတီမှာနမ်းရတော့မယ်ဆိုပြီး ရင်တွေခုန်နေတာပေါ့။ ဒါပေမယ့် သူတို့ထဲကဘယ်သူမှမနမ်းဖူးကြတော့သူများတွေဘယ်လိုနမ်းလဲဆိုတာရှာဖွေလေ့လာရင်းပြဿနာတွေတစ်ခုပြီးတစ်ခုဖြစ်ကုန်ပါတော့တယ်။ ကလေးတွေဆိုပေမယ့် သူတို့မှာလည်းသူတို့အရွယ်နဲ့ကြုံတွေ့နေရတဲ့ကိစ္စတွေရှိတာပေါ့။ သူတို့ရဲ့တစ်နေ့တာကိုဘယ်လိုဖြေရှင်းကျော်ဖြတ်ပြီးမိဘတွေအဆူမခံရအောင်ဘယ်လိုတွေဉာဏ်များအုံးမလဲဆိုတာကိုတော့ဒီကားလေးမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါအုံး။ တကယ်ကောင်းတဲ့ဟာသကားလေးကိုလက်လွှတ်မခံဘဲကြည့်ရင်း ခဏတာဘဝအမောပြေနိုင်ပါစေ (အယ့်လယ့်) File Size : ( 840 MB , 314 MB)Quality :  WEB-DL 720pRunning Time : 1 hr 30 minFormat : Mp4Genre : Adventure , ComedySubtitle : Myanmar Subtitle (Hard Sub)Translated by Moe ...
movie

Good Boys (2019)

2019
The Yin Yang Master ( 2021 ) 6.3
The Yin Yang Master ( 2021 ) နာမည်ကြီးကားမို့ အထူးအထွေမိတ်မဆက်ပေးတော့ပါဘူးဇာတ်ကားနာမည်ကတော့ Ying Yang Master ပါ။Painted Skin (2012)မှာ ill-fated lover အနေနဲ့ပဲ သရုပ်ဆောင်နေသလားမှတ်ရလောက်တဲ့Chen Kun နဲ့ Zhou Xun က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ Chen Kun (ချင်မင်) ဟာမိစ္ဆာတစ်ပိုင်းလူသားတစ်ပိုင်းပေါ့နော်။ သူက ခေါင်းကိုးလုံးမြွေရဲ့ဆက်ခံသူလို့ ဆိုနိုင်လောက်အောင် မိစ္ဆာသွေးပါနေခဲ့သူပါ။ ဒီကားလေးမှာ လူနဲ့ မိစ္ဆာကို စည်းတစ်ခုခြားပြီး အတူယှဉ်တွဲနေတာဖြစ်ပြီးယင်းယန်အဖွဲ့ကတော့ စည်းကျော်လာတဲ့မိစ္ဆာတွေကို အပြစ်ပေးစီရင်တဲ့အဖွဲ့ပေါ့။ ချင်မင်ကို လူမမယ်အရွယ်မှာယင်းယန်အဖွဲ့က မွေးစားခဲ့ပေမယ့် နောက်ကြောင်းကို မသိခဲ့ဘူး။တစ်နေ့တော့ သရုပ်မှန်ပေါ်လာခဲ့ပြီး မိစ္ဆာကောင်ဆိုပြီး ညီအစ်ကိုတွေဆရာတွေရဲ့ ခွဲခြားဆက်ဆံတာကိုခံရတဲ့ ချင်မင်အဖို့ Zhou Xu (ပိုင်နီ)ဟာအလင်းရောင်ဖြစ်ခဲ့ပါတယ်။ ပိုင်နီကလည်း ချင်မင်လိုပဲ တာဝန်တစ်ခုနဲ့ယှဉ်တွဲမွေးဖွားလာသူပါ။သူ့တာဝန်ကတော့ ယင်းယန်အဖွဲ့ရဲ့ခေါင်းဆောင်အဖြစ်ရွေးချယ်ခံထားရသူပေ့ါ။ပိုင်နီနဲ့ချင်မင်က ကတိတစ်ခုထားထားတယ် ဒါကတော့ ချင်မင်ကပိုင်နီရဲ့ အမိန့်နာခံသူအဖြစ်နေပြီး လုံးဝ မိစ္ဆာဆိုးအဖြစ်မပြောင်းလဲသွားဘူးဆိုတာပါပဲ။ဒီကတိစကားကို ချင်မင်တည်နိုင်မှာလား။ ပိုင်နီနဲ့ချင်မင်ကြားက သံယောဇဉ်ကရော ...
movie

The Yin Yang Master ( 2021 )

The Vault(2021) 7.0
The Vault(2021) The Vault(2021)အညွှန်း*********************IMDb...7.0Thomဆိုတဲ့ကောင်လေးက Cambridgeတက္ကသိုလ်ကအရမ်းတော်တဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်ပါ....ဉာဏ်ပြေးတဲ့Thomကို လစာဒေါ်လာသိန်းချီပြီးကမ်းလှမ်းတဲ့ကုမ္ပဏီကြီးတွေရှိခဲ့ပေမဲ့Thomကတော့ Walter Morelandရဲ့ကမ်းလှမ်းမှုကိုသာ စိတ်ဝင်စားခဲ့ပါတယ်....Walter Morelandတို့အဖွဲ့က နှစ်တရာကျော်သက်တမ်းရှိတဲ့စပိန်ဘဏ်အဆောက်အဦးကမြေအောက်ဘဏ္ဍာတိုက်တစ်ခုကိုဖွင့်ဖို့ ကြိုးစားနေတာပါ.....အဲ့ဒီစပိန်ဘဏ်က ကမ္ဘာ့အလုံခြုံဆုံးစနစ်နဲ့တည်ဆောက်ထားတဲ့ဘဏ်တွေထဲကတစ်ခုအပါအဝင်ဖြစ်ပြီးထိုးဖောက်မရနိုင်တဲ့ အံ့မခန်းအင်ဂျင်နီယာအစွမ်းလို့ ပြောစမှတ်တွင်ပါတယ်.....လိုအပ်နေတဲ့ အင်ဂျင်နီယာဉာဏ်ကြီးရှင်Thomက Walterတို့အဖွဲ့ထဲရောက်လာတဲ့အချိန်မှာတော့ပျောက်ဆုံးနေတဲ့ရတနာသိုက်ကိုအရယူဖို့အတွက် ဘဏ္ဍာတိုက်ဖောက်ဖို့အစီအစဉ်ဆွဲကြပါတယ်....လုံခြုံရေးအထပ်ထပ်ကာထားတဲ့ဘဏ်ကို သူတို့ဘယ်လိုကြိုးစားပမ်းစားဖောက်ကြမလဲဆိုတာကိုတော့...ဒီကားက ထင်မထားလောက်အောက် နင်းကန်လန်းပါတယ်...ဒါ့ကြောင့်မို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတွေကတော့ Khine Khine Wai & Ei Phyu Khin တို့ပဲဖြစ်ပါတယ်.... File Size : (2.2GB) and (0.9GB) Quality : HEVC 1080p 5.1,WEB-DL720p Format…mp4 Duration…01:30:00 Genre : Action, Adventure, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai & Ei Phyu Khin Encoded by Phyo Pyae   
movie

The Vault(2021)

HEVC 1080p 5.1
The Four Monkeys: The Return of Sun Wukong (2021) 6.5
The Four Monkeys: The Return of Sun Wukong (2021) စွန်းဝူခုန်းရဲ့ စွန့်စားခန်းတွေပဲကြည့်ပြီးတော့ ငြီးငွေ့နေပြီလား ?? ဒီတစ်ခါ စွန်းဝူခုန်းရဲ့ အချစ်အကြောင်းလေး ကြည့်ကြမလားနော် ? အရင်ဇာတ်လမ်းနဲ့မတူ တကယ်မိုက်တဲ့ကားလေးတစ်ကားပါ ။ စွန်းဝူခုန်းကို ဒီကားထဲမှာ လင်းမင်မျောက်မင်း လို့ခေါ်ပါတယ်... ကျောက်ကနေပြောင်းလဲလာတဲ့မျောက်ပေါ့....ဇာတ်လိုက်ကျော်မျောက်မင်းက လူတွေကိုအရမ်းကူညီတတ်ပါတယ်။ ဆုတောင်းတွေလည်း ဖြည့်ပေးတယ်။ တစ်ရက်ကို သုံးသောင်းရှစ်ထောင် သောဆုတောင်းတွေကို ပတ်ဖြည့်ပေးနေတာတဲ့ ။ ကောင်းတာလည်းရှိသလို မကောင်းတာလည်းရှိတာပေါ့ ။ အပင်မြင့်လေ လေတိုက်လေဆိုတဲ့အတိုင်း အဲ့ဒါကိုမနာလိုတဲ့ နတ်ဒေဝါတွေလည်းရှိသတဲ့။တစ်နေ့မှာတော့ ရွာကိုမိုးရွာပေးဖို့ ဆုတောင်းလာတဲ့ ကောင်မလေးတစ်ယောက်နဲ့ ထိပ်တိုက်တိုးပါလေရော... မျောက်မင်းကလည်း ဆုတောင်းတွေအကုန်ပြည့်စေရမယ်လို့ပြောသွားပါတယ်။ဒါပေမဲ့လည်း.. ဒါပေမဲ့လည်းပေါ့...တစ်ရက်မှာ သုံးသောင်းရှစ်ထောင်သော ဆုတောင်းတွေကြားထဲမှာ ကောင်မလေးတစ်ယောက်ရဲ့ ဆုတောင်းကဘယ်လိုဖြစ်သွားမလဲ.... မျောက်မင်းကိုမနာလိုနေတဲ့ နတ်ဒေဝါ တွေကရော ဘယ်လိုအကောက်ကြံမလဲဆိုတာ အချစ်ဒရာမာလေးကတစ်ဖက် တိုက်ခိုက်မှုတွေကတစ်ဖက်နဲ့ မရိုးနိုင်အောင်ကြည့်ရမယ့်ကားလေးတစ်ကားမို့ တင်ဆက်ပေးလိုက်ပါတယ်နော်.... Translated by : JoJo VaEncoded by; YKFile Size : 1.2GB ...
movie

The Four Monkeys: The Return of Sun Wukong (2021)

2021
Mountain King (2020) 6.5
Mountain King (2020) Wild King (2020)--------------------------ဒီတခါတော့ CMပရိသတ်တွေကို မျောက်ဝံကြီးပါတဲ့ တရုတ်ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားနာမည်လိုပဲ တောထဲမှာနေတဲ့ တာဇံကောင်လေးနဲ့ မျောက်ဝံကြီးအကြောင်းရိုက်ထားတာပေါ့နော်သူငယ်ငယ်ကတောင်ပေါ်မှာနေတဲ့ သူတို့တမျိုးနွယ်လုံး လူဆိုးတွေ သတ်တာခံလိုက်ရကတည်းက သူဟာတောထဲကိုလာတဲ့ဘယ်သူ့မဆို သတ်စားတဲ့ တောဘုရင်တကောင်ဖြစ်သွားခဲ့ပါတယ် ဒီလိုနဲ့ တနေ့မှာ သူတို့ဆီကို ကလေးမလေးတယောက်အကြောင်းတခုနဲ့ ရောက်လာခဲ့ပါတယ် သူက ကလေးမလေးကိုရော ဘာလုပ်ပစ်မှာလဲ ဘယ်လိုတွေဆက်ဖြစ်မလဲ သိချင်ရင်တော့ ဆက်ဆက်ဒေါင်းကြည့်ပါလို့ .... Translated by : Nay ChiEncoded by : YKFile Size : 1.2Gb and 663MBDuration : 1h25minQuality : 1080p WEB Dl and 720p
movie

Mountain King (2020)

2020
Teddy(2021) 7.0
Teddy(2021) Teddy(2021)အညွှန်း******************IMDb...7.0ရှီဗာဆိုတဲ့ လူဟာ ဉာဏ်အရမ်းကောင်းတဲ့ လူတစ်ယောက်ပါ။သူ့ရဲ့ ဉာဏ်ရည်နဲ့ လူအတော်အများကို ကူညီပေးပြီး စာပေတော်တော်များများ နှံ့စပ်သူ တစ်ယောက်ပါ။တနေ့မှာတော့ သူ ရထားပေါ်မှာ မိန်းကလေးတစ်ယောက်ကို လူဆိုးတစ်စုက ရမ်းကားရာကနေ ကယ်တင်ကူညီပေးရင်း သူ့မှာ ထူးဆန်းတဲ့ ဝက်ဝံရုပ်လေးတစ်ရုပ် ရခဲ့ပါတယ်။အဲ့ဒီဝက်ဝံရုပ်လေးဟာ စကားပြောလမ်းလျှောက်တတ်ပြီး သူ့ဆီကို အကူအညီတောင်းခံခဲ့ပါတယ်။ဝက်ဝံရုပ်လေးမှာ ရင်နင့်ဖွယ်ရာ ဇာတ်လမ်းလေးတစ်ခုရှိပြီး တစ်ဆက်တည်း အန္တရယ်များလွန်းတဲ့ပြဿနာကြီးတစ်ခုလည်းရှိနေတာကို သိလိုက်ရချိန်မှာတော့....သူတို့ ၂ယောက်အတူ ဘယ်လို ဖြေရှင်းရမလဲ၊ ဝက်ဝံရုပ်လေးရဲ့ ပြဿနာက ဘာလဲ.....ဇာတ်လမ်းလေးက သဘာဝလွန်ဖြစ်ရပ်ကို အခြေခံထားပေမဲ့ ပေါမနေဘဲတော်တော်ကြည့်လို့ကောင်းတဲ့ အိန္ဒိယ ကားတစ်ကားဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Myint Thu & Nyi Koe တို့ပဲဖြစ်ပါတယ်...  File Size : (2.5 GB) and (1.03GB) Quality :WEB-DL.1080P.HEVC,720P Format…mp4 Duration…02:16:00 Genre : Animation, Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu & Nyi Koe Encoded by ...
movie

Teddy(2021)

HEVC 1080p 5.1
The Great Wall (2016) 5.9
The Great Wall (2016) The Great Wall (2016)_____IMDb...5.9/10   (အက်ရှင်အလန်းစားနဲ့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်သည်နှင့်အညီ Blu-Ray 1080p 5.1 CH,720Pတို့ဖြင့် ပြန်လည်တင်ဆက်ထားပါသည်....) Matt Damon ကို ထည့်သုံးထားတာဖြစ်ပါတယ်။ ဒီကားက Song Dynasty (960 ကနေ 1279) ကြား ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Matt Damon က ဥရောပ ကလာတဲ့ Mercenary ဖြစ်ပြီး သူတို့ က တရုတ်ပြည်က ယမ်းမှုန့်ကိုလိုချင်လို့ လာကြတာဖြစ်ပါတယ်။ဒီကားက Fantasy Si-fi ဖြစ်ပြီး တရုတ်က မဟာတံတိုင်းက လူတွေသိထားသလို မွန်ဂိုတွေရန်ကိုကာကွယ်ဖို့တင်မဟုတ်ပဲ၊ Alien Monster တွေရဲ့ရန်ကို ကာကွယ်ဖို့ ဆောက်ထားတာဖြစ်လို့ စိတ်ကူးယဉ်တင်ဆက်ထားပါတယ်။ Matt Damon တို့က ဒီ Monster တွေနဲ့ တွေ့လို့ ထွက်ပြေးလာရင်းနဲ့ တရုတ် ခံတပ်မှာ အဖမ်းခံရပါတယ်။ ဒီကနေ သူရဲ့ မြှားပစ်စွမ်းရည် ကြောင့်ရယ်၊ တိုက်ရည်ခိုက်ရည်ကောင်းတာကြောင့်ရယ်၊ သူ့ကို မသတ်တော့ပဲ တရုတ်စစ်တပ်နဲ့ အတူ ...
movie

The Great Wall (2016)

2016
HEVC 1080p 6.1
Cosmic Sin (2021) 3.0
Cosmic Sin (2021) Cosmic Sin (2021)==============ကျွန်တော်တို့ နေထိုင်ကြတဲ့ စကြဝဠာကြီးမှာ ကမ္ဘာဂြိုဟ်က သတ္တဝါတွေအပြင် တခြား မျိုးစိတ်တွေ ရှိနေဦးမယ်လို့ထင်ပါသလား ....ရှိနေရင်ရော ဘယ်လိုပုံစံတွေ ဖြစ်မယ်လို့ထင်လဲ၊ သူတို့ကရော ကမ္ဘာဂြိုဟ်ကလူတွေလို အသိဉာဏ်ရှိကြလား၊ဒါမှမဟုတ် နိမ့်ကျမလား သာလွန်နေမလား၊ ဒါတွေဟာ စဉ်းစားကြည့်မယ်ဆို စိတ်၀င်စားစရာပဲ . . .ပိုပြီး စိတ်၀င်စားဖို့ ကောင်းတာက ဒီလိုမျိုးစိတ်တွေသာ တကယ်ရှိပြီး လူတွေထက် အသိဉာဏ်နဲ့ ဖန်တီးနိုင်မှု စွမ်းအားကလည်း ပိုမြင့်နေမယ်၊ သူတို့က လူတွေကို အန္တရာယ်ပေးလာမယ်ဆိုရင် လူသားတွေအနေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာပါပဲ။ ဒါဆိုရင် လူသားတွေအနေနဲ့ ဒီ ကြမ္မာဆိုးကြီးကို ကျော်ဖြတ်နိုင်ပါ့မလား လူသားတွေသက်တမ်းဟာ အဓွန့်ရှည်ပါ့မလား ......ဆိုတာဟာ စဥ်းစားစရာပါပဲ။ဒီဇာတ်ကားမှာ မင်းသားကြီး Bruce Willis က ဂျိမ်းစ် ဖို့ဒ်အမည်ရှိ အာကာသဆိုင်ရာ မဟာမိတ်ကောင်စီရဲ့ ဗိုလ်ချုပ်ဟောင်းကြီးအဖြစ် ပါ၀င်ထားပြီး Frank Grillo က ...
movie

Cosmic Sin (2021)

2021
Scooby-Doo! The Sword and the Scoob (2021) 6.3
Scooby-Doo! The Sword and the Scoob (2021) Scooby-Doo! The Sword and the Scoob (2021)=================================IMDb Rating - 6.3/102021 ရဲ့ Scooby Doo ဇာတ်လမ်းလေးလာပါပြီ။အားလုံးသိကြတဲ့အတိုင်း Scooby Doo ဇာတ်လမ်းတွေဆိုတာ animation ဆိုပေမယ့်လည်းAction တွေ Adventure တွေနဲ့ ခေလှတဲ့ ဇာတ်လမ်းတော့မဟုတ်ပါ။အခုထွက်ရှိလာတဲ့ ဇာတ်လမ်းမှာတော့ Scooby တို့ အဖွဲ့ဟာ အင်္ဂလန်က နော်ဗယ်လ် အောမော်ဂါးနီးယားဆိုတဲ့ ဒေသကို သွားရင်း လျှို့ဝှက်ဆန်းကြယ်တဲ့ အဖြစ်တွေနဲ့ ကြုံခဲ့ရပါတယ်။မှော်ပညာတွေနဲ့ ပြည့်နက်နေတဲ့မြို့ကို ရောက်သွားတဲ့ Scooby တို့ အုပ်စု မော်ဂန်ဆိုတဲ့ စုန်းမလက်ချက်နဲ့ အာသာဘုရင်အုပ်စိုးခဲ့တဲ့ ခေတ်ကိုရောက်သွားပြီး ပြဿနာတွေ ဖြေရှင်းကြတော့မှာပါ .....မာလင်တို့ခေတ်က အကြောင်းတွေပါတော့ မာလင်ကြိုက်သူကာတွန်းဖန်တို့အတွက်လည်း အဆင်ပြေပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Yoon Sandi Aung မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Yoon Sandi Aung, ...
movie

Scooby-Doo! The Sword and the Scoob (2021)

2021
Tom and Jerry (2021) 5.6
Tom and Jerry (2021) Tom and Jerry (2021)================IMDb Rating - 5.6/10မတည့်အတူနေ ကြောင်နဲ့ကြွက်ကလေး Tom & Jerry တို့ရဲ့ live action ဇာတ်ကားလေးပါ။ဒီတစ်ခါမှာတော့ စန္ဒယားပညာရှင်ကြီးဖြစ်ချင်နေတဲ့ တွမ်နဲ့ ဇိမ်ကျကျအိမ်အကောင်းစားကြီးတစ်လုံးလိုချင်နေတဲ့ ဂျယ်ရီတို့ကို နယူးယောက်မြို့ကြီးမှာ တွေ့မြင်ကြရမှာပါ။ သူတို့အပြင်ရွိုင်ရယ်ဂိတ်ဆိုတဲ့ နယူးယောက်မြို့က ထိပ်တန်းဟိုတယ်ကြီးမှာ သူများစီဗီဖောင်နဲ့ အလုပ်ဝင်ခွင့်ရသွားတဲ့ ကေလာဆိုတဲ့ကောင်မလေးတစ်ယောက်ကလည်း တွမ်နဲ့ဂျယ်ရီတို့ရဲ့ အရှုပ်တော်ပုံထဲပါဝင်လာမှာပါ။ဂျယ်ရီ့အတွက်တော့ တစ်ရန်ပေါ်နှစ်ရန်ဆင့်တယ်ပဲ ပြောရမှာပေါ့။ သူ့ဘာသာ ရွိုင်ရယ်ဂိတ်ဟိုတယ်ကကြွက်တွင်းထဲမှာ ဇိမ်ကျနေတုန်း အလုပ်မပြုတ်ချင်တဲ့ ဝန်ထမ်းသစ်ကလေး ကေလာရော သူ့ကိုမကြေပွဲနွှဲချင်နေတဲ့ တွမ်ရော နှစ်ယောက်ပေါင်းအမဲလိုက်တာကိုခံရမှာပါ။ လှစ်ခနဲလှစ်ခနဲနဲ့ သိပ်သွက်တဲ့ ကြွက်ကလေးဂျယ်ရီ၊ သူ့မွှေသမျှခံနေရရှာတဲ့ ဘော်ဒါကြီးတွမ်နဲ့ အပြောလည်းကောင်း လည်လည်းလည်တဲ့ဟိုတယ်ဝန်ထမ်းမလေး ကေလာတို့ သုံးယောက်ပေါင်း ဘယ်လိုလောင်းကျော်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို MTA မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Yoon Sandi Aung, MTA တို့ ...
movie

Tom and Jerry (2021)

2021
Flora & Ulysses (2021) 6.5
Flora & Ulysses (2021) Flora & Ulysses (2021)=================IMDb Rating - 6.5/10ဒီတစ်ခေါက်မှာတော့ IMDb 6.5/10 ရထားတဲ့ Disney Movies အလန်းစား ComedySuperHero ဇာတ်ကားလေး ဖြစ်တဲ့  Flora and Ulysses ဆိုတဲ့ မိသားစုဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။အသက် ဆယ်နှစ်အရွယ် ဖလော်ရာဆိုတဲ့ကောင်မလေးဟာ  သူမအဖေရေးထားတဲ့ ကောမစ်စာအုပ်တွေဖတ်ရတာကြိုက်ပြီး စိတ်ကူးစိတ်သန်းများစွာရှိတဲ့ ကလေးမလေးဖြစ်ပါတယ်။တစ်နေ့မှာ ယူလစ်စီဆိုတဲ့ ရှဉ့်လေးတစ်ကောင်ကို မထင်မှတ်ထားဘဲ ကယ်တင်လိုက်ပြီးတဲ့နောက်မှာထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုအနေနဲ့ အဲ့ရှဉ့်ကလေးဟာ အစွမ်းသတိတွေရှိနေပါတယ်၊ တစ်နေ့မှာတော့ ရှဥ့်လေးကို တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲက လိုက်လံဖမ်းစီးတာကြောင့် အဲ့ ရှဥ့်ကလေးနဲ့အတူထွက်ပြေးရပါတော့တယ်၊ ဒီကားလေးထဲမှာ ရှဥ့်ကလေးရဲ့ အစွမ်းနဲ့  ပေါင်းပြီး ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲ ဆိုတာကို အသည်းတယားယားနဲ့ ကြည့်ကြရမှာဖြစ်ပါတယ်၊  ရှဉ့်ကလေး ယူလစ်စီရဲ့ ချစ်ဖို့ကောင်းတဲ့အပြုအမူတွေအပြင်  ကလေးလေးတွေရဲ့ လောကကြီးအပေါ်ထားတဲ့ အပြစ်ကင်းတဲ့ အမြင်ချစ်ခြင်းမေတ္တာရဲ့ အရေးကြီးတဲ့အချက် စတာလေးတွေကိုပါ ပေါ့ပေါ့ပါးပါး ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်၊(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ...
movie

Flora & Ulysses (2021)

2021
The Croods: A New Age 7.1
The Croods: A New Age The Croods: A New Age (2020) ဂိုင်းဆိုတဲ့တစ်ကောင်ကြွက်လေးတစ်ယောက် မိဘတေ​ွကွယ်လွန်ခါနီးမှာခဲ့တဲ့ "မနက်ဖြန်"ဆိုတဲ့နေရာလေးကို ရှာဖွေရင်း တစ်နေ့မှာ ဂူတေ​ွထဲနေထိုင်ကျက်စားကြတဲ့ ခရုစ်စ်မိသားစုနဲ့တွေ့ပြီး ရင်းနှီးသွားပြီး ခရုစ်မိသားစုရဲ့သမီးပျိုလေး အိနဲ့လည်း ချစ်ကျွမ်းဝင်ခဲ့ကြပါတယ် ဒီလိုနဲ့ ခရုစ်မိသားစုဟာလည်း ဒီဂူတွေထက်ပိုကောင်းပြီး အစာရေစာပေါများတဲ့ "မနက်ဖြန်"ဆိုတဲ့နေရာလေးကို ဂိုင်းနဲ့တူတူ ရှာပုံတော်ထွက်ခဲ့ကြပါတော့တယ် ဒီလိုနဲ့ခရီးဆက်ရင်း နတ်ပြည္ကြီးလိုလှပပြီး အစာရေစာလည်းပေါများတဲ့ နေရာလေးတစ်ခုကိုရောက်သွားတဲ့အခါမှာ အဲဒီနေရာလေးက ဂိုင်းမိဘတွေရဲ့အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်တဲ့ ဘတ်တားမန်းမိသားစုရဲ့ အိမ်ကြီးဖြစ်နေတဲ့အခါမှာ ဘတ်တားမန်းမိသားစုရဲ့သမီးပျိုလေး ဒေါန်ကလည်း ဂိုင်းရဲ့အခင်ဆုံးငယ်သူငယ်ချင်းဖြစ်နေတဲ့အခါမှာ မိသားစုရဲ့နှစ်စုရဲ့ မတူညီတဲ့ယဥ်ကျေးမှုတွေကနေ ဘယ်လိုပဋိပက္ခလေးတွေဖြစ်လာမလဲ တောရိုင်းတိရစ္ဆာန်ရဲ့အန္တရာယ်တွေကနေရော ဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမှာလဲဆိုတာကို မိဘမေတ္တာ၊ သူငယ်ချင်းသံယောဇဥ်လေးတွေကိုပါ ထည့်သွင်းပုံဖော်ထားတဲ့ ဒီ comedy-adventure animation movie လေးမှာ ခံစားကြည့်ရှုလိုက်ကြပါဦး File Size - 2.2GB, 1GB Quality - 1080P HEVC, 720P Subtitle - Myanamr (Hardsub) Genre - Comedy, Adventure, Animation Translator - August, Jerrica, MTA Encoder - ...
movie

The Croods: A New Age

2020