Channel Myanmar

Adventure

Rurouni Kenshin: The Legend Ends (2014) 7.6
Rurouni Kenshin: The Legend Ends (2014) Rurouni Kenshin: The Legend Ends (2014)_____IMDb - 7.6/10    2014 ခုနှစ်ထဲမှာပဲ ဒုတိယကား Kyoto Inferno နဲ့ ဆက်တိုက် ထွက်ရှိခဲ့တဲ့ တတိယာကားဖြစ်တဲ့ The Legend End ကိုဆက်လက် တင်ဆက်ပေးလိုက်ပါတယ် ဗျ Kenshin ဆိုတာတော့ ထွေထွေထူးထူးမိတ်ဆက်ဖို့လိုမယ်မထင်ပါဘူး။ ခရီးသွားဆာမူရိုင်းဆိုတဲ့ Animeရုပ်သံဇာတ်လမ်းနဲ့ စတင်ရင်းနှီးပြီးသားဖြစ်မယ့် ဒီဇာတ်လမ်းတွဲဟာ Watsuki Nobuhiro ရဲ့ ကမ္ဘာကျော် မန်ဂရုပ်ပြ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ဒါရိုက်တာOutomo Keishi ရိုက်ကူးပြီး၊ မင်းသား Satoh Takeru က Himura Kenshin အဖြစ် ပါဝင်သရုပ်ဆောင်တဲ့ Live-action ဇာတ်ကားကို ရုံတင်ခဲ့ပြီး၊ အဆင့်မြင့်တဲ့ထုတ်လုပ်ရေးကွာလတီ၊ မြန်ဆန်လှပတဲ့ အက်ရှင်ရိုက်ချက်တွေကြောင့် ပရိသတ်အားပေးမှုအထူးရခဲ့ကာ အက်ရှင်-မန်ဂ ကနေ ရုပ်ရှင်ပြောင်းရိုက်တဲ့ ဇာတ်ကားတွေအကြား စံပြ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ မန်ဂဇာတ်လမ်းရဲ့ Kyoto Arc ကို Kyoto Inferno နဲ့ The ...
movie

Rurouni Kenshin: The Legend Ends (2014)

2014
1911 Revolution (2011) 5.8
1911 Revolution (2011) တရုတ်နိုင်ငံတွင် နှစ်ရှည်ကြာစွာ ခိုင်မြဲတည်တန့်ခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို တွန်းလှန်ဖယ်ရှားရာမှာ တရုတ်ပြည်သူများ ကို ဒေါက်တာဆွန်ယက်ဆင်နဲ့အဖွဲ့မှ ဦးဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားက တရုတ်ပြည်ရဲ့ မန်ချင်းမင်းဆက်ကိုနန်းကျစေခဲ့တဲ့ ဒေါက်တာဆွန်ယက်ဆင်ဦးဆောင်တဲ့ ၁၉၁၁ ရှင်းဟိုက် လူထုတော်လှန်ရေးကိုအခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းအခြေခံဇာတ်ကားတစ်ကားဖြစ်ပါတယ်။မင်းသားကြီး ဂျက်ကီချန်းမှ သရုပ်ဆောင်၊ဒါရိုက်တာအဖြစ် ပါဝင်ထားတဲ့ဇာတ်ကားပါ။IMDb Rating (5.8/10) ရရှိထားပါတယ်။ဒီဇာတ်ကားက ရှင်းဟိုက်တော်လှန်ရေးရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ပုံဖော်ထားနိုင်တာမို့ ရှင်းဟိုက်တော်လှန်ရေးသမိုင်းကြောင်း၊တရုတ်ပြည်သမိုင်းအကြောင်း၊ရှင်းဟိုက်တော်လှန်ရေးမှသည် ယနေ့ခေတ်တရုတ်ပြည်ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်း၊ထိုင်ဝမ်နိုင်ငံအကြောင်းတို့ကို ရှင်းလင်းစွာသိချင်တယ်ဆိုရင်တော့ တရုတ်သမိုင်းတွေကိုရေးသားနေတဲ့ဒီ https://www.facebook.com/1811445109124572/posts/2904998626435876/ FB Page လင့်မှာသွားဖတ်ပါ။ဇာတ်ကားမကြည့်ခင် စာကိုအရင်ဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်။  File size…(2.7 GB)and (1.4 GB) Quality…BluRay rip 1080p and 720p 5.1CH Format…mp4 Duration….02:01:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

1911 Revolution (2011)

2011
Lupin III: The First (2019) 6.9
Lupin III: The First (2019)  ဒီကားကတော့ လူပင် တတိယမျိုးဆက်အကြောင်းကို Kazuhiko Katō ( Monkey Punch )ရဲ့ Lupin the Third ကို အခြေခံပြီး ပိုကောင်းတဲ့ ရုပ်ထွက်ကွာလတီတွေနဲ့ ရိုက်ကူးထားတာပါ ။43rd Japan Academy Award မှာ Animation of the Year ဆုကို ရခဲ့တဲ့အပြင် အခြားဆု ၆ဆုကိုလည်း ရခဲ့ပါတယ်။ ဇာတ်လမ်းကတော့...၁၉၆၀ ခေတ်နှောင်းပိုင်းကာလမှာ Eclipse ဆိုတဲ့ စွမ်းအားကြီးလက်နက်တစ်ခုကို လူတွေ အလွယ်တကူမယူနိုင်အောင် ထောင်ချောက်တွေဆင်ထားခဲ့ကြတယ်။အဲဒီအကြောင်းအရာတွေကို ဘရက်ဆွန်ဒိုင်ယာရီစာအုပ်ထဲမှာ ရေးမှတ်ထားပြီး ဒိုင်ယာရီကိုလည်း ဖွင့်ရသိပ်ခက်တဲ့ သော့အိမ်လုပ်ပြီးထားခဲ့ပါတယ်။နာဇီ ဂျာမနီတွေက Eclipse ကိုလိုချင်တဲ့အတွက်ကြောင့် ပါမောက္ခဘရက်ဆွန်ကိုတောင်းပေမဲ့ မပေးတာကြောင့် အသတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ နှစ်များစွာကြာတဲ့အခါမှာတော့ ပြတိုက်တစ်ခုမှာ ဒိုင်ယာရီကပြန်ပေါ်ပေါက်လာပါတယ်။ဒီဒိုင်ယာရီကိုခိုးယူဖို့ကြိုးစားတဲ့အထဲမှာ တတိယမျိုးဆက် လူပင်နဲ့ လဲ့တိရှာဆိုတဲ့ကောင်မလေးလည်းပါပါတယ်။လူပင်ကတော့ သိပ်တော်ပြီး ပဟေဠိတွေ စကားဝှက်တွေကိုဖြေရှင်းတာကျွမ်းတဲ့ နာမည်ကြီးသူခိုးတစ်ယောက်ပါ။လဲ့တိရှာက တကယ်တမ်းတော့ ...
movie

Lupin III: The First (2019)

The Misfits (2021) 4.3
The Misfits (2021) The Misfits (2021)သူခိုးလူလိမ်ကားကြီးတစ်ကား လာပါပြီဗျာ။ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီရာ့စ်ဘရိုနန် ဦးဆောင်ပါဝင်ထားပြီး Jamie Chung တို့ Hermione Corfield တို့လို အချောလေးတွေနဲ့ ဝန်းရံထားတာပါ။နည်းနည်းဟာသဆန်တော့ အရမ်းကြီးတော့ သဘာဝမကျဘူးပေါ့။ ဒါပေမယ့် ကြည့်ကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရှော့ဇ်ဆိုတဲ့ ဘဲကြီးက ကမ္ဘာအနှံ့မှာထောင်တွေပိုင်တယ်၊အဲဒီထောင်တွေထဲကနေ ၄ ခါလောက် ဆက်တိုက်ဖောက်ပြေးဖူးတဲ့ နာမည်ကျော် သူခိုးကြီးကတော့ ပေ့စ် ပေါ့။ဒီဘဲကြီးက ခိုးတာအရမ်းတော်ပါတယ်။ ခိုးတာတော်ပေမယ့် ခိုးပြီးတိုင်းအဖမ်းခံရတာလည်း တော်ပါတယ်။ ဖမ်းခံပြီးရင် ထောင်ဖောက်ပြေးတာလည်း တော်ပါတယ်။ အစကတည်းက လွတ်အောင်မပြေးတတ်တာလေးတစ်ခုပါပဲ။သူက ရိုးရိုးပြေးတာမဟုတ်ဘဲ ထောင်ပိုင်ရှင်ရဲ့မိန်းမကို ဂျိမ်းစ်ဘွန်းဘဝတုန်းက ဇ အတိုင်း အင့် သွားတော့ အသေအကြေ အလိုက်ခံရတာပေါ့။ မိရင် သတ်မှာ။ဒါနဲ့ပဲ သူ့ကို အိုင်ဒေါတင်ထားတဲ့ အခြားသူခိုးလေးတစ်စုက သူခိုးကြီးကို ဆရာတင်ပြီး အဲဒီထောင်တွေထဲမှာ သိမ်းထားတဲ့ တရားမဝင် ရွှေတွေကို ခိုးဖို့ စီစဉ်ကြတဲ့အခါ....File size…1.8GB and 1.1GB Quality….WEB-DL 1080p and 720p Format…mp4 Duration….1h 34min Subtitle….Myanmar Subtitle (Hardsub) Translator ...
movie

The Misfits (2021)

2021
Major Grom: Plague Doctor (2021) 6.5
Major Grom: Plague Doctor (2021) Mayor Grom 2021 -----------------------------IMDb 6.5သူ့နာမည်က "အီ​ဂေါဂရွန်"၊ ရုရှား စိန့်ပီတာစဘတ်စ်က စုံ​ထောက်တစ်​ယောက် သူ့မှာ လုပ်ထုံးလုပ်နည်းမရှိဘူး၊ အထက်အမိန့်ဆိုတာ သူ့အတွက် အပိုဆာဒါး၊ တရားခံမိဖို့အတွက်ဆို ရှိသမျှ တရားဥပ​​ဒေ​တွေ၊ ​​ဘောင်​တွေအကုန်​ဖျက်ပြီး ကျားကုတ်ကျားခဲဖမ်းတဲ့သူသူ့ရဲ့တရားခံဖမ်းနည်းက တစ်မျိုးဆန်းတယ်၊ တရားခံကို လိုက်ဖမ်း​နေတဲ့အချိန်အတွင်းမှာကို ဖြစ်လာနိုင်​ချေရှိတဲ့ကိစ္စတိုင်းကို သူ့ရဲ့စိတ်ကူးနန်း​​တော်ထဲမှာ အရင်စဥ်းစားပြီးမှ အ​ကောင်းဆုံးရှု​ထောင့်ကို ​ရွေးပြီး လက်ရဖမ်းတတ်သူမျိုး တိုက်ရည်ခိုက်ရည်ကလည်းအပြည့်၊ တစ်နည်း​ပြောရရင် ရှားလော့ဟုမ်းရဲ့ဉာဏ်ရည်နဲ့ ဆားပုလင်းနှင်း​မောင်ရဲ့လက်ရည်​ပေါင်းစပ်ထားတဲ့ စုံ​ထောက်Plague Doctorဆိုတဲ့ နာမည်နဲ့လိုက်​အောင် စိန့်ပီတာစဘတ်စ်မြို့ကို ကပ်​ဘေးဆိုက်​အောင်လုပ်​နေတဲ့ လူ့မလိုင်အသိုင်းအဝိုင်း​တွေကိုပဲ ပစ်မှတ်ထားပြီး ​​​သွေး​အေးရက်စက်စွာ သတ်ဖြတ်တဲ့သူ၊ ပလိပ်​ရောဂါ​ခေတ် မျက်နှာဖုံးတပ်ထားတဲ့သူ့ကို ဘယ်သူဘယ်ဝါမှန်း ဘယ်သူမှမခန့်မှန်းနိုင်ကြသလို သူသတ်ဖြတ်​နေတဲ့ ဗီဒီယို​တွေကိုပါ ရုပ်သံက​နေလွှင့်ရဲတဲ့အထိ အ​ကြောတင်းတဲ့ လူသတ်သမားဒီနှစ်​ယောက်ရဲ့ ဉာဏ်ရည် လက်ရည်ယှဥ်ပြိုင်ကြတဲ့အချိန် ဘယ်သူက ဘယ်လိုအသာစီးရသွားမလဲ၊ ဘုံလုံတစ်လှည့် ငါးဖျံတစ်လှည့် တစ်​ယောက်ကိုတစ်​​ယောက် ဘယ်လိုကတုံး​ပေါ်ထိပ်ကွက်သွားမလဲ ဇာတ်လမ်းအစက​နေ အဆုံးထိ တစ်ကွက်မှ ပျင်းစရာမ​ကောင်း၊ အီ​လေးမဆွဲပဲ ရုရှားဇာတ်ကားတို့ထုံးစံအတိုင်း ...
movie

Major Grom: Plague Doctor (2021)

2021
In the Lap of God (1991) 6.4
In the Lap of God (1991) IMDb Rating (6.4)ညှို့အားပြင်းတဲ့ ဟောင်ကောင်မင်းသမီးလေး Irene Wan ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားလေး.. ဟောင်းပေမယ့်ကောင်းနေဆဲ ရင်ထဲကို ကျလိကျလိဖြစ်အောင်လုပ်မယ့်ကားလေးပါ။ သူ့ကိုမြင်လိုက်တာနဲ့ ပြုံးစိစိဖြစ်သွားကြမယ့် လူတွေမြင်ယောင်ပါသေးတယ်..... ဇာတ်လမ်းကို ၁၉၉၁ ခုနှစ်တစ်ဝိုက်မှာဇာတ်အိမ်တည်ထားပြီး အဲ့ဒီအချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာပြည်ရဲ့ တော်လှန်ရေးအနေအထားကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ မမမေ က မြန်မာပြည်ကြီးမှာ အဖမ်းခံထားရတဲ့ သူ့ကောင်လေးကို ပြန်ရွေးဖို့အတွက် ဒေါ်လာနှစ်သိန်းလိုအပ်နေပါတယ်။ အဲ့ဒီအချိန် ဒုစရိုက်လူဆိုးဂိုဏ်းအဖွဲ့ရဲ့ စိန်ထုပ်က သူ့ဆီမတော်တဆရောက်လာပြီး မြန်မာပြည်ကြီးကို အဲ့ဒီစိန်ထုပ်နဲ့အတူ ဝင်ရောက်လာတဲ့အခါမှာ.... မြန်မာပြည်ကြီးကဘယ်လောက်ထိရက်စက်လဲဆိုတာတွေ ဘယ်လိုဒုက္ခတွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုတော့ ဒီဇာတ်ကားမှာပဲ ကြည့်ကြည့်ရအောင်နော်။ ။ဒီဇာတ်ကားကိုကြည့်ပြီးတော့ မင်းသမီး Irene Wan ကို နှစ်သက်သဘောကျတယ်ဆိုရင်တော့ သူ့ဇာတ်ကားတချို့တွေကို ထပ်ပြီးတင်ဆက်ပေးပါ့မယ်..။အခုဇာတ်ကားကိုလဲ CM ထုံးစံအတိုင်း အကောင်းဆုံး Quality နဲ့တင်ဆက်ပေးထားတာပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကတော့ JoJoVa ဖြစ်ပါတယ်။)  File size…(1.7 GB) and (1 GB) Quality….WEB-DL 1080p and ...
movie

In the Lap of God (1991)

Wish Dragon (2021) 7.4
Wish Dragon (2021) Wish Dragon (2021)တရုတ်အက်ရှင်မင်းသားကြီး ဂျက်ကီချန်း ကိုယ်တိုင် အသံသရုပ်ဆောင်ထားပြီး ၅၂၈ မေတ္တာဓါတ်တွေနဲ့ လွှမ်းခြုံထားတဲ့ တရုတ်ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်...အခုတလော တရုတ်ကာတွန်းတွေလည်း အဆင့်မှီလာတာကို ကာတွန်းချစ်ပရိသတ်ကြီးတွေသိပြီးသားပါ။ ပုံစံကတော့ လူကြိုက်များခဲ့တဲ့ အာလာဒင်မီးခွက်စောင့်နတ်ကို အရှေ့တိုင်းပုံစံဖန်တီးထားတာပါ ။ မတူတာကတော့ ဇာတ်လမ်းပါ... အာရှတို့ရဲ့ထုံးစံအတိုင်း မေတ္တာတရားကိုအဓိကချပြထားတဲ့ ကာတွန်းကားလေးမို့ မိသားစုနဲ့ကြည့်လို့ကောင်းမယ့်ကားလေး လို့ညွှန်းချင်ပါတယ်ခင်ဗျာ..စိတ်ထားကောင်း သဘောကောင်းတဲ့ တင်းစီးကျီး တစ်ယောက်မမျှော်လင့်ဘဲ တရုတ်ရေနွေးခရားလေးတစ်လုံး ရရှိခဲ့ပါတယ်။ ခရားလေးထဲကနေ ထွက်လာတာက သူ့ရဲ့မိုက်ပြစ်ကြောင့် အပြစ်ဒဏ်ခံနေရတဲ့ မင်းသားကြီးဂျက်ကီချန်းသရုပ်ဆောင်ထားတဲ့ နဂါးကိုယ်တော်လေး ။ ကောင်းကင်ပေါ်ကိုပြန်တက်ဖို့ သခင်ဆယ်ပါးရဲ့ အလိုဆန္ဒကိုဖြည့်ဆည်းပေးရမယ်တဲ့။ ရွှေတွေငွေတွေအများကြီး ဆုတောင်းလို့ရပေမဲ့ တင်းစီးကျီး လေးကတော့ လိန လို့ခေါ်တဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်ကို ဆုတောင်းခဲ့ပါတယ်။ ကျန်တာတောင်း သူငယ်ချင်းဆုတောင်းတော့ မဖြည့်ပေးနိုင်ဘူးလို့ဆိုပြီး တင်းစီးကျီးနဲ့စကားများကြပါတော့တယ်..လူ့သဘာဝကိုနားမလည်နိုင်တဲ့ နဂါးကိုယ်တော်... လူသားတွေရဲ့လောဘအကြောင်းကိုနားမလည်တဲ့ တင်းစီးကျီး.. အဖေ့အလိုကျ နေပေးနေရတဲ့ ရွှေသမီးလေး လိန... လောဘဇောတက်ပြီး မကောင်းမှုလုပ်နေတဲ့ လူဆိုးတစ်သိုက်တွေနဲ့ အရှေိ့တိုင်းဆန်ဆန် ဆုတောင်းပြည့်နဂါးမင်းကြီး ဘယ်လိုစခန်းသွားမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါတော့နော်...File size…1.4 GB and 2.3 GB Quality…. ...
movie

Wish Dragon (2021)

2021
Madaari (2016) 7.6
Madaari (2016) IMDb Rating (7.6) / Rotten Tomatoes (78%)အသက် ၁၀ နှစ်အရွယ် ရိုဟန်ဆိုတဲ့ကျောင်းသားလေးတစ်ယောက် ပြန်ပေးဆွဲခံရတယ်။ ရိုဟန်က ပြည်ထဲရေးဝန်ကြီးရဲ့ တစ်ဦးတည်းသော သား။ဆိုတော့ကာ စစ်တပ်ရော ဗဟိုထောက်လှမ်းရေးအဖွဲ့ပါ ပိုက်စိပ်တိုက် လိုက်ရှာကြရရော။ ဝန်ကြီးရဲ့သား ပျောက်နေတယ်ဆိုပြီး မီဒီယာတွေကို အသိပေးလိုက်ရင် ပြန်ပေးဆွဲတဲ့လူက ကြောက်လန့်ပြီး ကလေးကို သတ်ကာ တိမ်းရှောင်သွားနိုင်တာကြောင့် အတတ်နိုင်ဆုံး တိတ်တဆိတ်ပဲ စုံစမ်းထောက်လှမ်းကြတယ်။ရိုဟန်နဲ့ သူ့သူငယ်ချင်းတစ်ယောက်က တခြားကျောင်းသားတွေ အိပ်ပြီဆိုရင် အဆောင်ကနေ ခိုးထွက်ပြီး ညလယ်စာတွေ ဝယ်စားတတ်တယ်။ ရိုဟန် ပြန်ပေးဆွဲခံရတာဟာလည်း အဲဒီလိုမုန့်ထွက်စားတဲ့ညတစ်ညမှာ ဖြစ်ပျက်သွားခဲ့တာ။ ရိုဟန့်သူငယ်ချင်းက လမ်းပေါ်မှာ လဲကျပြီး အိပ်ပျော်ကျန်နေခဲ့တော့ စစချင်းမှာ ကလေးချင်း မှားပြီး ပြန်ပေးဆွဲခံရတာလို့ ကောက်ချက်ဆွဲကြသေးတယ်။ဝန်ကြီးတို့တစ်တွေ အခက်တွေ့ကြတဲ့ကိစ္စတစ်ခုကတော့ ရိုဟန့်ကို ပြန်ပေးဆွဲသွားတဲ့လူဆီကနေ ဘာတစ်ခုမှ ဆက်သွယ်မလာတာပဲ။ ပိုက်ဆံလိုချင်ရင်လည်း ပြန်ပေးသမားအနေနဲ့ ဆက်သွယ်သင့်ပြီ။ အခုကျ ...
movie

Madaari (2016)

Xtreme (2021) 5.9
Xtreme (2021) Xtreme (2021)============IMDb Rating - 5.9/10ဂျွန်ဝိန်း၊ ဂျက်ကီချန်း၊ ဘရုစ်လီ သုံးယောက်ပေါင်း သောင်းကျန်းသွားသလိုပဲ ဆိုပြီး ဒီဇာတ်လမ်းထဲက မင်းသားကို ချီးမွန်းခန်းဖွင့်ထားကြပါတယ်။ အဲ့ဒီဂုဏ်ပုဒ်တွေနဲ့အညီ အက်ရှင်ကားကြမ်းကြမ်းကိုမှ ကြိုက်တဲ့ပရိသတ်ကြီးအတွက် ဇာတ်အိမ်လည်းကောင်းပြီး Netflix မှတင်ဆက်ပေးထားတဲ့ စပိန်အက်ရှင်ကားသစ်လေး လာပါပြီနော်။လူဆိုးမှာလည်း အသည်းနဲ့ပါဆိုတာ ဒီကားထဲကလူဆိုးကို ညွှန်းချင်တာဖြစ်မယ်။ လူဆိုးဖြစ်လာအောင် နည်းနည်းချင်းဆီတွန်းပို့ခံရတာကိုး.. သူ့ကိုတွန်းပို့ခဲ့သူက သူ့အဖေကိုယ်တိုင်ပါ။ သားအရင်းကိုလည်း ချစ်ပေမယ့် မွေးစားသမီး၊မွေးစားသားတို့နဲ့နေရာတိုင်းအယှဉ်ခံနေရတော့ မကျေနပ်စိတ်တွေဖြစ်လာပြီး အဖေကိုပါပြန်သတ်တဲ့အထိ ဖြစ်လာပါတော့တယ်။ကိစ္စတွေအားလုံးကို အကွက်ချစီစဉ်ပြီး အောင်မြင်ခါနီးကျမှ မွေးစားသားမက်စီမို တစ်ယောက် သေကံမရောက်ဘဲ လွတ်မြောက်သွားပါတယ်။ ဒါပေမဲ့ မက်စီမိုရဲ့သားကတော့ သူ့မျက်စိရှေ့မှာပဲ သေဆုံးသွားခဲ့ပါတယ်။ ကလဲ့စားပြန်ချေဖို့စီစဉ်နေရင်း ကောင်လေးတစ်ယောက်က လူမိုက်အဖွဲ့နှစ်ဖွဲ့ကြားမှာ ကြားညှပ်ပြီး မက်စီမို ကကယ်တင်ပေးခဲ့ရပါသေးတယ်။သားကို ဆုံးရှုံးထားတဲ့ ဖခင်တစ်ယောက်နဲ့ တစ်မိသားစုလုံးအသတ်ခံလိုက်ရတဲ့ ကောင်လေးတို့ ပေါင်းပြီး ကလဲ့စားဘယ်လိုပြန်ချေမလဲဆိုတာကိုတော့ အကြမ်းစားဖိုက်တင်၊ အလန်းစားအခန်းတွေနဲ့ ခံစားကြည့်ရှုလိုက်ပါဉီးနော်...(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ...
movie

Xtreme (2021)

2021
The Warlords (2007) 7
The Warlords (2007)  The Warlords (2007)IMdb Rating (7) / Rotten Tomatoes (63%)၁၉ရာစုအလယ်မှာ ချင်မင်းဆက်ရဲ့ အကျင့်ပျက်ခြစားတဲ့ အုပ်ချုပ်မှုဒဏ်ကို မခံနိုင်တော့တဲ့ပြည်သူတွေဟာ တိုင်ပင်းပုန်ကန်မှုကို အစပြုခဲ့တယ်။ ဒီပြည်တွင်းစစ်ကာလဟာ ၁၄နှစ်ကြာမြင့်ခဲ့ပြီး အငတ်ဘေးနဲ့ စစ်ပွဲကြောင့် လူသန်း၇၀ကျော်သေဆုံး ခဲ့ရတယ်။ ၁၅ရာစုကဆောက်ခဲ့တဲ့ အလယ်ခေတ် ကမ္ဘာ့အံ့ဖွယ်၇ခုထဲပါတဲ့ နန်ဂျင်းကကြွေမျှော်စင်ဆို မြေကွက်လပ်ပဲကျန်တဲ့အထိ ပျက်စီးဆုံးရှုံးမှု များခဲ့တယ်။ ဒီရုပ်ရှင်ဟာ အဲ့ဒီကာလက ဇာတ်အိမ်တည်ထားတဲ့ စစ်ခေါင်းဆောင် သွေးသောက်ညီအစ်ကိုသုံးယောက်ကို ဗဟိုပြုပြီး ဇာတ်အိမ်တည်ထားတယ်။စစ်ကိုဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်တွေမှာ တိုက်ပွဲကိုအသားပေးတဲ့ရုပ်ရှင်ရယ် တိုက်ပွဲထဲက လူတွေရဲ့ စိတ်အခြေအနေကို အသားပေးတဲ့ရုပ်ရှင်ရယ် ရှိတဲ့အထဲ ဒီရုပ်ရှင်ဟာ ဒုတိယအမျိုးအစားရုပ်ရှင်လို့ ပြောလို့ရတယ်။ အောက်ခြေစစ်သားတွေထက် အမိန့်ပေးဆုံးဖြတ်မှုလုပ်ရတဲ့ ခေါင်းဆောင်တွေရဲ့ စိတ်ကို ပိုအသားပေးပြတယ်။တကယ်တမ်းပြောရရင် သွေးသောက်ညီအစ်ကိုစစ်ခေါင်းဆောင်သုံးယောက်မှာ ဒုတိယညီရယ် တတိယညီရယ်ကို နားလည်နိုင်ပေမဲ့ အကိုကြီးဖြစ်တဲ့ ဂျက်လီရဲ့ ကာရိုက်တာ ဖန်းကွမ်ရန်ကို သိပ်နားမလည်နိုင်ဘူး။ ဟိုးငယ်ငယ်တုန်းက တစ်ခါကြည့်ဖြစ်ခဲ့တုန်းကတော့ ဂျက်လီရဲ့ ဒီကာရိုက်တာကို လူယုတ်မာလိုသတ်မှတ်ခဲ့ဖူးပေမဲ့ ဒီတစ်ခါပြန်ကြည့်ဖြစ်တဲ့အခါကျ သူ့လုပ်ရပ်တွေဟာ တစ်နည်းတစ်ဖုံနဲ့ မှန်နေတာကိုလည်း မြင်လာတယ်။ တစ်ချိန်တည်းမှာပဲ သူ့ကာရိုက်တာရဲ့ စိတ်ဟာ နားလည်ရခက်တဲ့ အခြေအနေတစ်ခုဖြစ်သွားတယ်။ ဘယ်သူ့လုပ်ရပ်မှန်ပြီးဘယ်သူ့လုပ်ရပ်မှားတယ်ဆိုတာ အဖြေမထွက်တော့ဘူး။အမှန်ဆိုတာ ပိုဝေဝါးလာတယ်။ စာအုပ်တစ်အုပ်ကို နှစ်ခါဖတ်လို့မရဘူးဆိုတဲ့စကားလိုပဲ ဒီရုပ်ရှင်ကို ငယ်ငယ်တုန်းက အတော်များများလည်း ကြည့်ဖူးခဲ့ကြမှာပဲ ကြည့်တဲ့လူရဲ့စိတ်ပေါ်မူတည်ပြီး ရုပ်ရှင်တစ်ကားကိုလည်း နှစ်ခါပြန်ကြည့်လို့ရမှာတော့ မဟုတ်‌လောက်ဘူး။WARLORDS ဟာ ဂျက်လီကားတွေထဲ Heroနဲ့ Fearless အပါအ၀င် ဂျက်လီရဲ့ ...
movie

The Warlords (2007)

Charlie and the Chocolate Factory(2005) 6.7
Charlie and the Chocolate Factory(2005) Charlie and the Chocolate Factory(2005)IMDb....6.7,,,,Rotten...82%ဝီလီဝန်ကာဟာ အကောင်းဆုံး ချောကလက်လုပ်တဲ့လူပါ...သူရဲ့ သူမတူတဲ့ချောကလက်လုပ်နည်းတွေကြောင့် လူတိုင်းသူ့ချောကလက်တွေကိုနှစ်သက်ခဲ့ကြတယ်။ ဆိုင်ကလေးကနေ စက်ရုံကြီး တည်ထောင်နိုင်တဲ့အထိအကြီးအကျယ်အောင်မြင်ခဲ့တဲ့ ချောကလက်လုပ်တဲ့သူ ဖြစ်ခဲ့တယ်။အောင်မြင်မှုတိုင်းမှာ တန်ဖိုးဆိုတာ ရှိပါတယ်....ဒီလိုနဲ့ သူရဲ့ အကျနေ့တွေရောက်လာခဲ့တယ်။ တခြား ချောကလက်လုပ်သူတွေဟာ ဝီလီရဲ့ နည်းတွေကိုသူလျှိုထည်ပြီး ခိုးခဲ့ကြပါတယ်...ဝန်ကာဟာ သိပ်မကြာခင်မှာပဲချောကလက်စက်ရုံကို ထာဝရ ပိတ်သိမ်းလိုက်ပါပြီလို့ကြေညာခဲ့ပါတယ်..။ထာဝရဆိုတာ...အချိန်အကြာကြီးဆိုတာကို ပြောတဲ့ နာမ်စားတစ်ခုပါပဲ...လူတွေကတော့ ထာဝရ ပိတ်သွားပြီပဲထင်ခဲ့ကြပါတယ်...စက်ရုံထဲကချောကလက်တွေ ထွက်မလာခင်အထိပေါ့.....။ပြန်မွေးဖွားလာတဲ့ဝန်ကာရဲ့ စက်ရုံနဲ့ အတူ ပဟေဠိတွေ ပေါ်ပေါက်ခဲ့ပါတယ်...စက်ရုံထဲမှာ ဘယ်သူတွေ အလုပ်လုပ်နေကြာတာလဲ.... မစ္စတာဝန်ကာရော ဘာဖြစ်သွားခဲ့တာလဲ....။စက်ရုံတံခါးကြီးကတော့ ပိတ်ဆဲ..လူတွေလည်း အံ့သြမြဲ..တစ်နေ့မှာ တော့...နှစ်ပေါင်းများစွာ လူအဝင်မခံခဲ့တဲ့ သူရဲ့ ချောကလက်စက်ရုံကြီးထဲကိုဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ ဖိတ်စာကတော့ ရွှေရောင် လက်မှတ် ၅စောင် ဖြစ်ပြီးဒီ လက်မှတ်တွေကို ချောကလက်တွေရဲ့ အခွံံအောက်မှာ ထည့်သွင်းထားပါတယ်။၅ယောက်ထဲက တစ်ယောက်ကိုလည်း အထူးဆု တစ်ခုပေးဦးမယ်လို့ ပြောခဲ့တယ်။တစ်ကမ္ဘာလုံးက ကလေးတွေ... ဒီ လက်မှတ် ...
movie

Charlie and the Chocolate Factory(2005)

2005
KonoSuba: God’s Blessing on this Wonderful World! Legend of Crimson (2019) 7.9
KonoSuba: God’s Blessing on this Wonderful World! Legend of Crimson (2019) Konosuba!: God's Blessing on This Wonderful World! Movie 2019 -------------------- 2016ခုနှစ်မှာ အတွဲနှစ်ခုနဲ့ထွက်ခဲ့ပြီးအတော်လေး ရယ်ရတာကြောင့် ပရိတ်သတ်တွေအကြိုက်တွေ့ခဲ့တဲ့Konosubaစီးရီးဟာ 2019ခုနှစ်မှာ ရုပ်ရှင်တခုအနေနဲ့ထွက်လာခဲ့ပါပြီ။ ရုပ်ရှင်မှာလဲ လုံး၀ဇာတ်ရှိန်ကျသွားတာမျိုးမရှိပဲသူ့ဇာတ်လမ်းနဲ့သူရယ်နေရတာကိုတွေ့ရဦးမှာပါ။ဒီရုပ်ရှင်မှာတော့ ကာဇူမနဲ့သူရဲ့အလွဲချော်နိုင်ဆုံး အဖွဲ့ကို Crimson Demonမျိုးနွယ်စုရွာကyunyunက ဘာတွေအားကိုးပြီးလဲ မသိ သူတို့ရွာကို မိစ္ဆာဘုရင်တိုက်ခိုက်မှုမှာ ကယ်တင်ဖို့ အားကိုးတကြီးခေါ်လိုက်ပါတယ်။ကာဇုမတို့ အဲ့ဒီရွာမှာ မိစ္ဆာဘုရင်နဲ့သွားရောက်တိုက်ခိုင်းရင်း ခရီးသွားလမ်းမှာရောရွာရောက်တဲ့အချိန်မှာရော မိစ္ဆာဘုရင်နဲ့တိုက်ခိုက်တဲ့ထိ တလျှောက်လုံးအခွီတွနဲ့ချည်းပဲ ကြည့်ရမှာမလို့ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွန်းပါရစေ... Translated by : Aung Tay ZaEncoded by : YKFIle Size : 1.26GB and 692MBDuration : 1h30minQuality : 1080p and 720p 
movie

KonoSuba: God’s Blessing on this Wonderful World! Legend of Crimson (2019)

Lawrence of Arabia (1962) 8.3
Lawrence of Arabia (1962) Lawrence of Arabia (1962)====================IMDb Rating (8.3)Rotten Tomatoes (93%)အော်စကာဆု (၇) ဆု ရရှိထားတဲ့ ဖြစ်ရပ်မှန်စစ်ပွဲနောက်ခံ တကယ့်ဂန္တဝင်ဇာတ်ကားကြီးနဲ့မိတ်ဆက်ပေးချင်ပါတယ်...ဒီဇာတ်ကားဟာ ၁၉၁၆ ခုနှစ်များဆီက အာရပ်ကန္တာရတော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ T.E. Lawrence အကြောင်းဖြစ်ပြီးတော့Revolution တို့ရဲ့သဘောတရားကို ရှုမြင်နိုင်ပါတယ်...ပထမကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှဗိုလ်တစ်ဦးဖြစ်တဲ့ ဗိုလ်လောရန့်စ်ဟာ ဂျာမန်နဲ့တူရကီတွေကိုဆန့်ကျင်တိုက်ထုတ်နေတဲ့ အာရပ်တွေရဲ့တော်လှန်ရေးကို လေ့လာဖို့ အာရေးဘီးယားကို စေလွှတ်ခြင်းခံရပါတယ်။ ကိုယ်နဲ့အကျွမ်းတဝင်မရှိတဲ့ ကန္တာရဒေသမှာ ခရီးစနှင်ကတည်းက အခက်အခဲများစွာကြုံတွေ့ရင်းကနေ အာရပ်ခေါင်းဆောင် မင်းသားဖိုင်ဆယ်ဆီရောက်ရှိလာပါတော့တယ်။ဒီလိုနဲ့ အစိတ်စိတ်အမွှာမွှာကွဲပြားနေတဲ့ အာရပ်လူမျိုးစုတွေကို ပြန်လည်စည်းရုံးစုပေါင်းပြီး လောရန့်စ်တစ်ယောက် ဗြိတိသျှအထက်အမိန့်တွေကို ဖီဆန်ကာ အာရပ်တော်လှန်ရေးကိုအရှိန်မြှင့်တင်ခဲ့ပါတော့တယ်။စစ်မှန်တဲ့စိတ်ရင်းစေတနာ၊ မလျှော့သောဇွဲနဲ့ ထက်မြက်တဲ့စစ်ဆင်ရေးနည်းဗျူဟာတွေကြောင့် လက်နက်အင်အား၊ လူအင်အားမမျှတဲ့ တူရကီကြီးစိုးရာနယ်မြေတွေကို သိမ်းယူလာနိုင်ခဲ့တဲ့လောရန့်စ်ဟာ အာရပ်လူမျိုးတွေနဲ့ အင်္ဂလိပ်အရာရှိနှစ်ဖက်လုံးရဲ့ ယုံကြည်ကိုးစားမှုကို တစ်စတစ်စရရှိလာပြီး သူနဲ့အတူအာရပ်တော်လှန်ရေးဟာလည်း အရှိန်အဟုန်မြင့်လာပါတော့တယ်။တော်လှန်ရေးတစ်လျှောက်မှာ မိတ်ဆွေတွေတိုးပွားပြီး စိတ်အားတက်စရာတွေကြုံခဲ့ရသလို ရပြီးသားမိတ်ဆွေတွေကိုဆုံးရှုံးရပြီး လက်လျှော့ချင်စိတ်အကြိမ်ကြိမ်ဖြစ်ခဲ့ရတဲ့ လောရန့်စ်ရဲ့စိတ်ခံစားချက်အတက်အကျတွေကိုပီပြင်အောင်ပုံဖော်နိုင်ခဲ့တဲ့ မင်းသားကြီး ...
movie

Lawrence of Arabia (1962)

1080p Untouched
101 Dalmatians 1996 5.7
101 Dalmatians 1996 ကျွန်တော်တို့ ငယ်ငယ်က အရမ်းသဘောကျတဲ့ ခွေးလေး ၁၀၁ ကောင် ကာတွန်းကားကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ 101 Dalmatians 1996 ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားရဲ့ထားခြားချက်ကို ပြောရမယ်ဆိုရင်တော့ ခွေးလေးတွေကိုယ်တိုင်ပါပဲ ကျွန်တော်ကတော့ ရုပ်ရှင်ထဲမှာ တိရစ္ဆာလေးတွေ ထည့်ရိုက်ရင် အရမ်းသဘောကျပါတယ် ဘာလို့ဆိုတော့ သူတို့ကို သရုပ်ဆောင်ဖို့ သင်ပေးရတာ မလွယ်ဘူးလေ ဒါပေမယ့် အခုနောက်ပိုင်းမှာ CGI ဆိုတဲ့ ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ ရုပ်အတုတွေပဲ ထည့်ရိုက်ကြပါတော့တယ် ဒီတော့ အရင်ခေတ်ကလို တိရစ္ဆာန်လေးတွေရဲ့ သရုပ်ဆောင်ချက်တွေ မြင်ရဖို့အခွင့်အရေးရှားသွားပါတယ် ဒါပေမယ့် ၁၉၉၆ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဒီကားမှာတော့ ခွေးလေးတွေရဲ့ ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးမြင်ကြရမှာပါ အခုလို စိတ်ဖိစီးစရာများတဲ့ ကာလမှာ Old but Gold ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါရစေ File size…(1.5 GB) and (1 Gb) Quality….BluRay 1080p and 720p Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Htet Wai Lwin  
movie

101 Dalmatians 1996

Demon Slayer -Kimetsu no Yaiba- The Movie: Mugen Train (2021) 8.4
Demon Slayer -Kimetsu no Yaiba- The Movie: Mugen Train (2021) Demon Slayer -Kimetsu no Yaiba- The Movie: Mugen Train (2021)မိစ္ဆာ နှိမ်နင်းသူ တန်ဂျီရို ကာမာဒို ရဲ့ မူဂန် ရထားပေါ်မှာ မိစ္ဆာ တွေ ကို နှိမ်နင်းတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။မိစ္ဆာနှိမ်နင်းသူ ဘယ်လိုဖြစ်လာလဲ ဆိုတာကတော့ .....သူ့မိသားစု အသတ်ခံရပြီး သူ့ညီမလေးကို ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူ့ညီမကို မိစ္ဆာအဖြစ် ပြောင်းလဲ ခံလိုက်ရပါတော့တယ်။ဒါကြောင့် မိစ္ဆာနှိမ်နင်းသူ ဖြစ်ဖို့ အများကြီး လေ့ကျင့်ပြီးတဲ့နောက်မှာ ဒီဇာတ်လမ်းမှာတော့ မူဂန် ရထားပေါ်မက မိစ္ဆာတွေကို နှိမ်နင်းရေး ပြုလုပ်တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံရဲ့ Box Office မှာ နံပါတ် တစ် ရရှိထားပြီးတော့ ဆုပေါင်း ၃ ဆု နဲ့ တစ်ကြိုစာရင်း ၃ ကြိမ် ဝင်ထားပြီး ဖြစ်တဲ့ ...
movie

Demon Slayer -Kimetsu no Yaiba- The Movie: Mugen Train (2021)

2021
Voyagers (2021) 5.3
Voyagers (2021) Voyages (2021)IMDb - 5.3ကမ္ဘာကြီးပူနွေးလာမှု မိုးခေါင်ရေရှားမှုလူဦးရေတိုးပွားလာသည်နဲ့အမျှ အစာရေစာမလုံလောက်မှုတို့တွေကြောင့်လူသားတွေဟာ စကြဝဠာထဲမှာ လူတွေ နောက်ထပ် အဆက်ရှင်နိုင်မယ့် ဂြိုဟ်တွေကို ရှာဖွေကပါတော့တယ်အဲ့ဒီ ဂြိုဟ်ကို ၂၀၆၃ မှာ တွေ့ရှိလာပါတော့တယ်။ဂြိုဟ်သစ်ကို ရောက်ဖို့ အနှစ် ၈၀ ကျော်ကြာ အာကာသ ခရီးရှည်ထွက်ရတော့မယ့်အချိန်မှာကမ္ဘာမြေလွမ်းစိတ်တွေ မဖြစ်ရအောင် ဇီ၀သိပ္ပံနည်းနဲ့ ကလေးအယောက် ၃၀ မွေးဖွားပြီးဒီခရီးရှည်အတွက် အကောင်အထည်ဖော်ပါတော့တယ်အနှစ် ၈၀ ကျော်ကြာတဲ့ ခရီးရှည်ဖြစ်တဲ့အတွက်ကြောင့် ဒီပထမမျိုးဆက်ဟာ ယာဉ်ပေါ်မှာပဲ မျိုးဆက်သစ်တွေ မွေးဖွားပြီးသူတို့ရဲ့ မြေးတွေ တစ်နည်းအားဖြင့် တတိယမျိုးဆက်ကလေးတွေကျမှ ဂြိုဟ်သစ်ပေါ်ကို အခြေချနိုင်မှာဖြစ်ပါတယ်။သို့ပေမယ့် လမ်းခရီးမှာ အဖွဲ့ ခေါင်းဆောင်သေသွားတဲ့အခါ......အဖွဲ့သားတွေ သွေးကွဲတဲ့အခါ.......ဒီ ခရီးရှည်ကြီးဟာ ဆုံးခန်းတိုင် အောင်မြင်ပါ့မလား.....မင်းသားကြီး Johnny Depp ရဲ့ သမီးဖြစ်သူ Lily Rose Depp အပါအ၀င် မင်းသားချော Tye Sheridan တို့က အဓိကပါ၀င်သရုပ်ဆောင်ထားပြီးပရိသတ်ကို ဆွဲခေါ်သွားနိုင်တဲ့ ...
movie

Voyagers (2021)

2021
The Mitchells vs. The Machines (2021) 8.1
The Mitchells vs. The Machines (2021) The Mitchells vs. The Machines (2021)============================IMDb Rating - 8.1/10animation အလန်းစား တစ်ကား ရပါပြီ။ ရယ်လည်းရရယ်တယ် ကြည့်လို့လည်းကောင်းတယ်၊ သီချင်းတွေလည်းကောင်းတယ်။ ဇာတ်လမ်းကတော့ မစ်ချဲမိသားစုဆိုတာ အူကြောင်ကြောင် မိသားစုတစ်ခုရှိတယ်၊ အဖေက ဘာနည်းပညာမှ စိတ်မဝင်စားတဲ့ သဘာဝသမား၊ သမီးက ရုပ်ရှင်ဝါသနာအိုး၊ ဒါရိုက်တာရူး၊ သားက ဒိုင်နိုဆော ဝါသနာအိုးစသည်ဖြင့် တစ်ယောက်တစ်ပေါက်တွေပေါ့။ ဒါပေမယ့် တစ်နေ့မှာတော့ တစ်ကမ္ဘာလုံးက စက်ရုပ်တွေက အကြောင်းတစ်ခုကြောင့် ပုန်ကန်ပြီး လူသားတွေအားလုံးကို ဖမ်းဆီးလိုက်ပါတယ်။ အဲဒီမှာ ကပ်ခါသီခါ လွတ်ပြီး ကျန်ခဲ့တဲ့ မိသားစုဟာအလွဲခွဲအချော်ချော်တွေလုပ်ပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ ကြိုးစားရတာကို တွေ့မြင်ရမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ littleneo ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 53minSubtitle – Myanmar ...
movie

The Mitchells vs. The Machines (2021)

2021