Channel Myanmar

Animation

Beauty Water (2020) 6.1
Beauty Water (2020) Beauty Water (2020) =============== IMDb Rating - 6.1/10ဒီတစ်ခါမှာတော့ ပုံမှန်ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့မတူဘဲ ကိုရီးယားနိုင်ငံမှာ သူတို့ရဲ့ လူမှုပတ်ဝန်းကျင်ရဲ့ အလှအပစံနှုန်းတွေနဲ့ လွှမ်းမိုးခံရမှုတွေအကြောင်း စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ကိုရီးယား animation ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရယ်ဂျီဟာ ငယ်စဉ်ကတည်းက မလှပတဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကြောင့်  အနှိမ်ခံခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာ မိတ်ကပ်ဆရာမတစ်ယောက် အနေနဲ့ အလုပ်လုပ်နေပေမယ့် သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကြောင့် အလုပ်မှာရော  လူမှုဘဝ မှာပါ အဆင်မပြေဘဲ လောကကြီးကို အမြဲမကောင်းမြင်နေတတ်တာပါ။တနေ့မှာတော့ ရယ်ဂျီဟာ မထင်မှတ်ဘဲ scam mail တစ်ခုကို မှားနှိပ််မိပြီး အလှရည် တစ်ပုလင်း သူ့ဆီကို ပါဆယ်ရောက်လာပါတော့တယ်။ အဲဒီ အလှရည်နဲ့ပြုပြင်လိုက်ရုံနဲ့ သူမတူအောင် လှပချောမောတဲ့ ကောင်မလေးတစ်ယောက်ဖြစ်သွားတဲ့အခါ….. ရယ်ဂျီဟာ ဒီအလှရည်နဲ့ သူ ငယ်ငယ်ကတည်းက မက်မောခဲ့ရတဲ့ ခေါင်းအစခြေအဆုံး လှပလွန်းတဲ့ရုပ်ရည်ကို မရအရယူဖို့အတွက် ကြိုးစားခဲ့တဲ့အခါမှာတော့ ……. ရယ်ဂျီဟာ လှဖို့အတွက်ဆို ဘာမဆိုလုပ်ရဲလာပါတော့တယ် ……ဒီလိုနဲ့ ကိုရီးယားနဲ့အလှအပနဲ့ပက်သက်တဲ့ စံနှုန်းတွေ သတ်မှတ်ချက်တွေနဲ့ ဖိနှိပ်ခံစားခဲ့ ရတဲ့ လူတစ်ယောက်၊ ရယ်ဂျီပေးဆပ်ရမယ့် အလှတရားရဲ့ ...
movie

Beauty Water (2020)

2020
Mia and Me : The Hero of Centopia (2022) 5.8
Mia and Me : The Hero of Centopia (2022) Mia and Me - TheHero of Centopia(2022)IMDb - 6.2/10Mia and Me ဆိုတဲ့ ကာတွန်းစီးရီးကို Movie အနေနဲ့ ပြန်လည် အသက်သွင်းထာားတဲ့ 2022 ခုနှစ်ထွက် Animation ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်မီယာဆိုတာ အဖေရော အမေရော မရှိတော့တဲ့ ၁၂ နှစ်အရွယ် လူသားကောင်မလေး ဖြစ်ပြီး သူ့အဖေ ထားခဲ့တဲ့ မှော်ကာတွန်းစာအုပ်လေးကနေတစ်ဆင့် Unicorn နဲ့ Elf တို့ရဲ့ ကမ္ဘာ Centopia ဆီ အသွားအပြန်လုပ်နေတဲ့ သူပါဒီကားမှာတော့ Centopia ကို မကောင်းဆိုးဝါး ဖားပြုတ်ကြီး လက်ထဲကနေ မီယာနဲ့ Centopia က သူ့သူငယ်ချင်းတွေပူးပေါင်းပြီး ကယ်တင်ကြပုံကို ကြည့်ရှုကြရမှာပါAnimation ကားတွေရဲ့ ထုံးစံအတိုင်း အရောင်အသွေးစုံစုံလင်လင်နဲ့ မျက်စိပသာဒဖြစ်အောင် တင်ဆက်ထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ အနားယူရင်း ရှုစားလိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ...
movie

Mia and Me : The Hero of Centopia (2022)

2022
Nussa: The Movie (2021) 7.7
Nussa: The Movie (2021) Nussa: The Movie (2021) ================== IMDb Rating - 7.7/10ချစ်စရာကောင်းတဲ့ကာတွန်းဇာတ်ကောင်လေးတွေဟာ ကြည့်တဲ့ သူတိုင်းကို စိတ်ကြည်နူးစေပါသတဲ့။ ဒီအင်ဒိုနီးရှား Animation လေးကတော့ ကြည်နူးစရာကောင်းတာထက် ပိုတယ်ဆိုရမလားပါပဲ။နူဆာဟာ ခြေတစ်ဖက်မသန်တဲ့ ဉာဏ်ကြီးရှင်လေးတစ်ယောက်ပါ။ ပျော်စရာမိသားစု၊ ချစ်စရာသူငယ်ချင်းတွေရှိတဲ့ နူဆာဟာ ကျောင်းသိပ္ပံ ပြိုင်ပွဲတွေမှာအမြဲဆုရလေ့ရှိပါတယ်။ ဒုံးပျံလေးတွေဖန်တီးရင်း အာကာသ ထဲကို စိတ်ကူးနဲ့သွားနေတတ်သူပေါ့။ အဖေဖြစ်သူ အဝေးရောက်နေတာက လွဲပြီး သူ့ဘ၀လေးဟာ ပျော်စရာကောင်းလှပါတယ်။ ဒါ့အပြင် နူဆာ တစ်ယောက်  သူပြိုင်ရမယ့် သိပ္ပံပြိုင်ပွဲကြီးမှာ ဖခင်ပြန်လာဖို့အရေးကို စောင့်မျှော်နေပါတယ်။အဲဒီအချိန် သူတို့ကျောင်းကို ဂျွန်နီဆိုတဲ့ကျောင်းသားသစ်လေးရောက်လာ ပါတယ်။ ဂျွန်နီဟာ နူဆာလိုပဲ ဒုံပျံလေးတွေဖန်တီးတဲ့ ဉာဏ်ကြီးရှင်ပါ။ ဂျွန်နီဟာ အရမ်းချမ်းသာပေမဲ့ အလုပ်များတဲ့မိဘတွေကြောင့် အမြဲအထီး ကျန်နေသူ၊ သူငယ်ချင်းလည်းမရှိသူလေးပါ။ သူကတော့ မိဘတွေရဲ့အာရုံ စိုက်မှုကို မျှော်နေသူလေးပေါ့။ ဒီလိုနဲ့ နူဆာနဲ့ဂျွန်နီတို့ဟာ ပြိုင်ဘက်တွေအဖြစ် စတင်တွေ့ဆုံရပါတယ်။ ခပ်စိမ်းစိမ်းဖြစ်နေကြတဲ့ သူတို့နှစ်ယောက်အတွက် ရင်းနှီးခင်မင်စရာအကြောင်း ပေါ်ပေါက်လာတဲ့ တစ်နေ့မှာတော့... မိသားစုမေတ္တာ၊ သူငယ်ချင်းသံယောဇဉ်တွေကို ချစ်စရာကောင်းအောင် ပုံဖော် ထားပြီး တစ်ကားလုံးမပျင်းရတာမို့ Animation ချစ်သူတွေအကြိုက်တွေ့ကြမှာ သေချာပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.25 ...
movie

Nussa: The Movie (2021)

2021
LEGO Monkie Kid: Revenge of the Spider Queen (2021) 8.0

LEGO Monkie Kid: Revenge of the Spider Queen (2021)

2021
Karthikeya 2 (2022) 8.2
Karthikeya 2 (2022) Karthikeya 2 (2022)ခုတစ်ခါထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းတေလဂူကားလေးကတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ကားလေးပါပဲ...မင်းသားချော နီခေလ်နဲ့ မင်းသမီးချောလေး အန်နူပမာတို့ ခေါင်းဆောင်မင်းသား မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်ဒီဇာတ်ကားမှာ ကာသစ်က လက်တွေ့သိပ္ပံကလွဲရင် ကျန်တာတွေကို အယုံအကြည်မရှိဘူးဆိုပေမယ့် လက်တွေ့ဆန်တာ ယုတ္တိရှိတာတွေကိုတော့ ယုံလေ့ရှိသလို တစ်မူထူးခြားတဲ့လူတစ်ယောက်လည်း ဖြစ်တယ်...သူဟာ ဆရာဝန်တစ်ယောက်ဖြစ်သလို စူးစမ်းလေ့လာရေးသမားတစ်ယောက်လည်း ဖြစ်သေးတယ်...ဘုရားအဆင်တန်ဆာတွေကို လိုချင်တပ်မက်နေကြတဲ့ သိုက်တူးသမား အဖွဲ့အစည်းတစ်ခုရှိတယ်...လောဘသားကောင်တွေဆိုပါတော့ ကမ္ဘာမီးလောင်ရင် သားကောင်ချနင်းမယ့် လူစားမျိုးတွေ...အဲ့ဒီအဖွဲ့အစည်းထဲက ပရော်ဖက်ဆာတစ်ယောက်ဟာတော့ ဒီအဖြစ်ကို မလိုလားခဲ့ဘူး..ဒါကြောင့် အဆင်တန်ဆာတွေရဲ့ တည်နေရာကို ခဲရာခဲဆစ်နဲ့ တစ်ယောက်တည်း သဲလွန်စတွေ ရှာဖွေဖေါ်ထုတ်ခဲ့တယ်...နောက်ဆုံး ဒီသဲလွန်စတွေနဲ့ အဆင်တန်ဆာတွေကို ကာကွယ်ရမယ့်တာဝန်က ကာသစ်ဆီရောက်လာတော့..ဗီဇအရ စူးစမ်းရှာဖွေလိုစိတ်အပြည့်ရှိတဲ့ ကာသစ်ဟာ ဒီသဲလွန်စတွေကို ဘယ်လိုရှာဖွေဖေါ်ထုတ်မလဲ...။ဆန်းကြယ်မှုတွေပြည့်နှက်နေတဲ့ သူ့ခရီးကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကတော့....။ File size…4.5GB / 2.21GB / 1GB Quality…4k HEVC WEB DL  / 1080p WEB DL / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Karthikeya 2 (2022)

2022
4K HEVC Web-DL
Frankenweenie (2012) 6.9
Frankenweenie (2012) Frankenweenie (2012)~ IMDb - 6.9/10, Rotten Tomatoes - 87% ~ဂေါ့သစ်ဆရာကြီး Tim Burton ရဲ့ နောက်ထပ် အဟောင်း‌အကောင်း ဂေါ့သစ်ကားတစ်ကားပါပဲ။ ဖရန်ကင်စတိန်းလိုမျိုးဇာတ်ပေါ့။ ဖရန်ကင်ဝီးနီပါ။ ဝီးနီဆိုတဲ့ ရှည်မျောမျောခွေးပုမျိုး ခွေးလေးတစ်ကောင်ကို ဖရန်ကင်စတိန်းလို ပြန်အသက်သွင်းလိုက်လို့ ဒီနာမည်ပေးထားတာ‌ပေါ့။ဒီရုပ်ရှင်ထဲက ခွေးပိုင်ရှင် ဗစ်တာဟာ Corpse Bride ထဲက ဗစ်တာနဲ့အတူတူပဲလို့လည်း Rumor တွေရှိပါတယ်။ မင်းသမီးကတော့ ဘာတန်အစောပိုင်းကားတွေကတည်းက တော်တော်ပါတဲ့ Winona Ryder ပါပဲ။ ဒီရုပ်ရှင်အတွက် အန်နီမေးရှင်းဆွဲ သရုပ်ဖော်ဖို့ အန်နီမိတ်တာဟာ Classic Monster တွေကိုပါ လေ့လာခဲ့ရတာမို့ ကလပ်စစ်ဆန်ဆန်အရသာလည်းရမှာပါ။ ထူးထူးခြားခြား သရီးဒီကိုမှ အဖြူအမဲနဲ့ပုံဖော်ထားတဲ့ကားလည်းဟုတ်ပါတယ်။ တင်ဘာတန်ဟာ ဒီရုပ်ရှင်ကို ၆၀ခုနှစ်က ကလပ်စစ် မွန်းစတားကားတွေကို Homage ပေးတဲ့အနေနဲ့ ရိုက်ချင်ခဲ့တာပါ။ ဒီထဲကခွေးလေးဟာလည်း တင်ဘာတန်ငယ်ငယ်က ...
movie

Frankenweenie (2012)

2012
Batman and Superman: Battle of the Super Sons (2022)
Batman and Superman: Battle of the Super Sons (2022) Batman and Superman : The Battle of the Super Sons (2022)DCAUရဲ့ ​နောက်ထပ် Animationဇာတ်ကားသစ်တစ်ကား ထပ်ထွက်လာပါပြီ။ ဒီတစ်​ခေါက်မှာ​တော့ ပုံမှန် Justice Leagueအဖွဲ့ဝင်​တွေအ​ကြောင်း မဟုတ်ဘဲ စူပါမန်းရဲ့သား ဂျော်နသန်ကန့်တ်နဲ့ ဘတ်မန်းရဲ့သား ​ရော်ဘင်တဖြစ်လဲ ဒေမီယန်​တို့အ​​ကြောင်း အဓိကတင်ဆက်ထားတာပါ။ဖခင်ဖြစ်သူ ကလာ့ခ်ကန့်တ်ဟာ စူပါမန်းဆိုတာမသိတဲ့ ဂျော်နသန်က ဖခင်ရဲ့လှစ်ဟင်းမှု​တွေ​ကြောင့် စိတ်ပျက်​နေရာက​နေ တစ်​နေ့မှာ​တော့ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခု​ကြောင့် သူကိုယ်တိုင်မှာလည်း စွမ်းအား​တွေရှိမှန်း သိသွားပါ​တယ်။ ဒီလိုသိရမှာတ​ဆင့် ဖခင်ရဲ့ဘဝမှန်အ​ကြောင်းလည်း သိသွားသလို ​ ဂေါ့သမ်စီးတီးက ဘတ်မန်းနဲ့ သူ့ရဲ့သား ​ဒေမီယန်​တို့ကိုပါ သိသွားပါတယ်။ လူရိုး​လေးဂျော်နသန်နဲ့ လူကြမ်း​လေး ဒေမီယန်​တို့ဟာ စ​​တွေ့ကတည်းက ဘုနဲ့​ဘောက်ဖြစ်​​နေခဲ့တာပါ။အဲဒီအချိန်မှာပဲ ကမ္ဘာဂြိုဟ်ပြင်ပ အာကာသထဲမှာရှိတဲ့ ဂျက်စတစ်လိဂ်​ စောင့်ကြည့်တာဝါကို တိုက်ခိုက်ခံလိုက်ရပြီး မသင်္ကာစရာကိစ္စ​တွေ ဖြစ်လာတာ​ကြောင့် စူပါမန်းနဲ့ ဘတ်မန်းတို့ ကိုယ်တိုင်လိုက်သွားရင်း သူတို့ကိုယ်တိုင် ​ထောင်​ချောက်ထဲ ကျဆင်းသွားပါတယ်။ဂျက်စတစ်လိဂ်​ရော တင်းတိုက်တန်စ်အဖွဲ့ပါ အန္တရာယ်ကျ​ရောက်သွားတဲ့​နောက် ထိုထူးဆန်းတဲ့အန္တရာယ်ကို ​ဖြေရှင်းဖို့က ဂျိုနသန်နဲ့ ဒေမီယန်​တို့​ခေါင်း​​ပေါ် ...
movie

Batman and Superman: Battle of the Super Sons (2022)

2022
Trick or Treat Scooby-Doo! 5.5
Trick or Treat Scooby-Doo! Trick or Treat Scooby Doo(2022) ====================== Comedy , Horrorစကူဘီဒူးရဲ့ မူလလက်ရာနဲ့ animation လေးထွက်လာပါတယ်။ ဟော်လိုးဝင်းရာသီဖြစ်တာကြောင့် စကူဘီဒူးတို့ အရင်ဖြေရှင်းခဲ့တဲ့အမှုတွေနဲ့ မတူဘဲ ပိုမိုထူးခြားစေမှာပါ... ပြီးတော့ အားလုံးဝေဖန်နေကြတဲ့ Velma Character ကိုလည်း Lesbian တစ်ယောက်အနေနဲ့ စတင်မြင်တွေ့ရမှာပါဇာတ်လမ်းအကျဉ်းကတော့ စကူဘီဒူးတို့ဟာ လူဆိုးတွေအားလုံးကို နောက်ကွယ်ကနေ ဝတ်စုံတွေလုပ်ပြီး ကြိုးကိုင်နေတဲ့ ဉာဏ်ကြီးရှင် ဒုစရိုက်သမားကြီး ကိုကိုဒီရာဘလိုကို ဖမ်းဆီးအပြီးမှာ ဖြေရှင်းစရာအမှုတွေ မရှိတော့တဲ့အတွက် စိတ်ပျက်လက်ပျက်ဖြစ်နေကြပါတယ်... ဒီလိုနဲ့ သူတို့အတွက် ဟော်လိုးဝင်းမှာ အရင် Villain တွေနဲ့မတူတဲ့ ဖြေရှင်းစရာ အမှုအသစ်ကြီးတစ်ခုပေါ်လာတဲ့အခါမှာတော့ စကူဘီနဲ့ရှက်ဂီတို့ရဲ့ အလွဲလွဲ အချော်ချော်တွေနဲ့အတူ Mystery Inc အဖွဲ့ ဘယ်လို ဖြေရှင်းသွားမလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)Genre..... Adventure , Animation, Comedy Quality…. 1080p | 720p | 480p File size… ...
movie

Trick or Treat Scooby-Doo!

2022
Scooby-Doo! Camp Scare (2010) 7.2
Scooby-Doo! Camp Scare (2010) Scooby-Doo! Camp Scare (2010) ======================= IMDb Rating - 7.2/10မိုးအေးအေးမှာ ငယ်ငယ်က အသဲစွဲကြိုက်ခဲ့ရတဲ့ စကူဘီ-ဒူဘီ-ဒူးရဲ့ ဇာတ်လမ်းလေးကို ပြန်ကြည့်ရင်း memory recall ပြန်လုပ်လိုက်ရအောင်လား...ဇာတ်လိုက်ကျော်ကြီး စကူဘီဒူး၊ ရှက်ဂီ၊ ဗယ်မာ၊ ဒက်ဖနီ တို့ လေး ယောက်သားက ဖရက်ဒီရဲ့ ငယ်ငယ်တုန်းက အမြဲသွားခဲ့တဲ့ လစ်တဲမုစ်ဆိုတဲ့ စခန်းကို သွားလည်ကြမယ့်သူတွေပေါ့။ လစ်တဲမုစ် ဆိုတာ ယုံတမ်းစကားတွေ၊ ဒဏ္ဍာရီတွေ၊ သရဲပုံပြင်တွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုဖြစ်ပြီး မြို့ပြနဲ့ ကွဲထွက် နေတဲ့ နေရာတစ်ခုပါ။အဲဒီစခန်းငယ်လေးမှာ စခန်းချသွားကြရင်း လုခ်၊ ထရူဒီ နဲ့ ဒီကွန်ဆိုတဲ့ ကလေး သုံးယောက်နဲ့ တွေ့ပြီး စခန်းကို ခြောက်လှန့်နေတဲ့ ဝုစ်မန်း၊ ဖစ်ရှ်မန်း နဲ့ အရိပ် တောင်ကြားတစ္ဆေဆိုတဲ့ မကောင်းဆိုးဝါးသုံးကောင်နဲ့ ရင်ဖိုဖွယ် နှစ်ပါးသွား ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှူ့ရမှာပဲ ဖြစ်ပါတယ်။ အသည်းခိုက်အောင် ကြောက် တတ်တဲ့ စကူဘီဒူးနဲ့ ရှက်ဂီတို့ ဘော်ဘော်နှစ်ယောက်နဲ့တင် ဒီဇာတ်ကားကို ကြည့်ဖို့က ပြည့်စုံနေပြီမို့ အများကြီး ...
movie

Scooby-Doo! Camp Scare (2010)

2010
Minions & More 1 (2022) 6.5
Minions & More 1 (2022) Minions & More 1 (2022) ================== IMDb Rating - 6.5/10နောက်ဆုံးထွက်ရှိထားတဲ့ မီနီမမ်လေးတွေရဲ့ ဇာတ်လမ်းတို စုစည်းမှုလေးတွေပါ။ ကျွန်တော်တို့ ကြည့်ဖူးတဲ့ Minion and Puppy အပိုင်းလို ဇာတ်လမ်းလေးတွေလည်း ပါသလို ဇာတ်လမ်း ကောင်းအသစ်လေးတွေလည်း အများကြီးပါပါတယ်။Despicable Me ဇာတ်ကားထဲက Minion လေးတွေကို သီးသန့် ရိုက်ပြထားတဲ့ ရယ်စရာဟာသ ဇာတ်လမ်းတို မျိုးစုံကို တစ်ဖန်ပြန် လည်ကြည့်ရှုနိုင်ဖို့ မြန်မာစာတန်းထိုးနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(815 MB) / (350 MB) Quality............BluRay 1080p / 720p Duration.........48mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Comedy Translator.......Thiha Yan Naing Encoder..........SWM
movie

Minions & More 1 (2022)

2022
Epic (2013) 6.0
Epic (2013) 2013 ခု‌နှစ်ကထွက်ရှိထားတဲ့ Epic ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက နာမည်နဲ့လိုက်အောင် တကယ့်ကို epic ဖြစ်တဲ့အတွေးအခေါ်‌တွေ၊ epic ဖြစ်တဲ့ယူဆချက်တွေနဲ့ ဇာတ်အိမ်ကိုတည်ဆောက်ထားတာပါ။ဇာတ်ကားမှာ မယ်ရီကက်သရင်း ဆိုတဲ့ကောင်မလေးက သူ့‌အမေဆုံးပါးသွားလို့ တောထဲမှာ သုတေသနလုပ်နေတဲ့ အဖေ့ဆီလာနေဖို့ ရောက်လာခဲ့ပါတယ်။ သူ့အဖေက တောထဲမှာ လူအသေးလေးတွေရှိတယ်ဆိုတဲ့အကြောင်းကို အရူးအမူးကိုယုံကြည်နေခဲ့ပြီး သူ့ယုံကြည်ချက်မှန်ကြောင်း သက်သေပြဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ဒါကို မယ်ရီကက်သရင်းက အဓိပ္ပါယ်မရှိဘူးဆိုပြီး မယုံကြည်ဖြစ်နေရာက သူကိုယ်တိုင် လူအသေးလေးတွေနဲ့တွေ့ကြုံလိုက်ရတဲ့အခါမှာ | ဘယ်လိုစွန့်စားခန်းတွေ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ သိပ်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တာမို့ အညွှန်းတွေများပြီး အရသာပျက်မှာစိုးတာကြောင့် လူအသေးလေးတွေကဘာလုပ်ကြတာလဲ၊ မယ်ရီနဲ့လူအသေးလေးတွေဘယ်လိုဆက်စပ်မှုရှိတာလဲ၊ သူတို့ဘာကိုရင်ဆိုင်နေကြရတာလဲ ဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ File size…1.7GB /  900MB Quality…1080p BluRay /  720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka
movie

Epic (2013)

2013
Mortal Kombat Legends: Snow Blind (2022)
Mortal Kombat Legends: Snow Blind (2022) Mortal Kombat Legends : Snow Blind (2022)ကဲ Mortal Kombat Legends ရဲ့ သုံးကားမြောက် ဖြစ်တဲ့ Mortal Kombat Legends : Snow Blind ထွက်ရှိလို့လာပါပြီScorpion ရဲ့ ဇာတ်လမ်းနဲ့ စဖွင့်ခဲ့တဲ့ Mortal Kombat animation ဇာတ်ကားတွေဟာ live action လို မဟုတ်ဘဲ တုံ့ပြန်မှုကောင်းတဲ့ အနေအထားမှာ ရှိပါတယ်လက်ရှိ သုံးကားမြောက်မှာတော့ MK ပရိသတ်တွေနဲ့ မစိမ်းလှတဲ့ Sub-zero နဲ့ မျက်ကန်းဓါးသမား Kenshi တို့ရဲ့ ဇာတ်ကြောင်းပဲ ဖြစ်ပါတယ် ဇာတ်အိမ်ကိုတော့ Mortal Kombat ပွဲတွေအလွန် အတော်ဝေးဝေးအနာဂါတ် တစ်နေရာမှာ တည်ဆောက်ထားပြီး ကမ္ဘာပေါ်က နေရာတိုင်းဟာ သေရွာပြန်တွေဖျက်ဆီးလို့ အကုန်ပျက်စီးပြီး စွန့်ပစ်မြေအဖြစ်ကိုရောက်ရှိသွားပါတယ် ပရိသတ်တွေရဲ့ ချဥ်ဖတ်အိုး ဇာတ်ကောင်ဖြစ်တဲ့ Kano ဟာ နဂါးနက်အဖွဲ့ရဲ့ ဘုရင်အဖြစ်နဲ့ စွန့်ပစ်မြေမှာ ထင်တိုင်းကြဲလျက်ရှိပြီး တစ်နေရာပြီးတစ်နေရာ သိမ်းပိုက်နေတာပါ...Sub-zero ...
movie

Mortal Kombat Legends: Snow Blind (2022)

2022
Jujutsu Kaisen 0 (2021) 7.9
Jujutsu Kaisen 0 (2021) Rotten tomatoes 98% Imdb 7.9/10 Myanumelust 8.5/10ဒီရုပ်ရှင်ဟာ animeဖန်​တွေအကြိုက်​တွေ့ခဲ့ကြတဲ့jujutsu kaisen စီးရီး (​ဇော်ဂျီဖိုဝင်သားစားတဲ့မင်းသား😅)ရဲ့အဖြစ်အပျက်မတိုင်ခင်ဇာတ်လမ်းပါ။ ​ပြောရရင်​တော့ Yutaရဲ့​မှော်ဆရာဖြစ်လာခဲ့တဲ့ဇာတ်​ကြောင်းလို့​ပြောရင်လည်းရပါတယ်။ဒီဇာတ်ကားဟာ ဂျပန်မှာရုံတင်ချိန်က ဝင်​ငွေစံချိန်​တွေတင်ခဲ့သလိုanimation qualityလည်း​တော်​တော်​ကောင်းတယ်ချီးကျူးခံထားရတာပါ။(အခု​တော့ one piece red filmက ဝင်​ငွေ​ကျော်တက်သွားပြီကြားပါတယ်)ဇာတ်လမ်းအကျဥ်းက​တော့တခါတုန်းက သိပ်ချစ်ကြတဲ့ငယ်ကျွမ်း​ဆွေနှစ်​ယောက်ရှိပါတယ်။သူတို့နှစ်​ယောက်ဟာ အသက်သာငယ်ကြ​ပေမဲ့ အချစ်​တွေကမငယ်တာမလို့အရွယ်​ရောက်လာတာနဲ့လက်ထပ်ကြမယ်လို့ ​​စေ့စပ်လက်စွပ်​လေးဝတ်ပြီးကတိပြုခဲ့ကြပါတယ်။အဲ့လိုနဲ့ကတိပြုပြီး​နောက်မှာ ​ကောင်မ​လေးဟာဆိုးဆိုးရွားရွားကားတိုက်ခံရပြီး​သေဆုံးသွားခဲ့ပါတယ်။ ​သေဆုံးသွား​ပေမဲ့လည်း သူတို့အချစ်ဟာကြီးမားလွန်းတာ​ကြောင့် ​ကောင်မ​လေးဟာကျိန်စာသင့်တ​စ္ဆေကြီးအဖြစ်ပြန်ရှင်သန်လာခဲ့တဲ့​နောက်မှာ​တော့....  File size…  1GB / 550MB Quality… 1080p Blu Ray / 720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by  Dr.Nyan
movie

Jujutsu Kaisen 0 (2021)

2021
Over the Sky (2020) 5.4
Over the Sky (2020) Over the Sky (2020)===============ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ 2020ကထွက်ရှိခဲ့တဲ့ ဒါရိုက်တာ Yoshinobu Senaရဲ့ လက်ရာလေးပါပဲ။ (၃)ပွင့်ဆိုင်အချစ်ဇာတ်လမ်းဆိုတာမျိုး တော်တော်များများကြုံဖူး ကြားဖူးကြမှာပါ။ ဒီanime လေးမှာတော့ မီအို အာရာတာနဲ့ မာဒိုကာတို့ သူငယ်ချင်း(၃)ဦးမှာ အာရာတာကို ၂ယောက်လုံးက ကြိတ်ကြွေနေကြပါ တယ်။ မင်းသမီး မီအိုကတော့ go with the flow type မို့ အရာရာကို လွယ်လွယ်နဲ့ အရှုံးပေးတတ်တယ်။မီအိုနဲ့ အာရာတာကတော့ ငယ်သူငယ်ချင်းတွေမို့ ပိုရင်းနှီးကြတယ်။ ဒါကို မခံစားနိုင်တဲ့ မာဒိုကာက တစ်နေ့မှာ မီအိုကို သူအာရာတာကို စိတ်ဝင်စား နေကြောင်း ဖွင့်ဟလာတဲ့အခါ မီအိုက အားပေးအားမြှောက်လုပ်လိုက်ပါ သေးတယ်။ တစ်နေ့ မီအိုနဲ့ အာရာတာတို့ လျှောက်လည်ရင်း စကားများ ကြတယ် စကားလွန်မိတယ်။ ဒါကိုပြန်တောင်းပန်ဖို့ မီအိုခမျာ အပြေးသွားတဲ့ လမ်းမှာတင် accident တစ်ခုကို ကြုံလိုက်ရပြီး ဝိဉာဉ်လွင့်သွားပါတော့တယ်။သူ့ခံစားချက်အစစ်အမှန်တွေကို မပြောလိုက်ရတာမို့ မီအိုကတော့ ဘဝမကူးဘဲ ကြားကမ္ဘာမှာတင် လူ့လောကကို ပြန်သွားနိုင်ဖို့ အစွမ်းကုန် ကြိုးစားရပါတော့တယ်။ အဆုံးမှာ သူလူ့လောကကို ...
movie

Over the Sky (2020)

2020
Sausage Party (2016) 6.7
Sausage Party (2016) ဇတ်လမ်း အစမှာတော့ စားစရာတွေ ရောင်းတဲ့ စူပါမားကတ် ကနေ စတင်ထားပါတယ်...စားစရာတွေဟာ လူသားတွေကို ဘုရားသခင် လို့ မှတ်ယူထားပါတယ် မားကတ် မှာ ပုတ်သိုးမယ့် အန္တရာယ် ကနေ ကယ်တင်မယ့် အရှင်သခင်တွေလို့ မှတ်ယူထားကြတာပါ...တစ်နေ့တာ စျေးဝယ်မှု မှာ ဝယ်သူ ရွေးချယ်ဖို့ သူ့ထက် ငါ အပြိုင်အဆိုင် ဆုတောင်းကြရတာပေါ့ မဟုတ်ခဲ့လို့ရှိရင် Out Of Date ဖြစ်သွားတဲ့အခါ သူတို့မသွားချင်ဆုံးနေရာက အမှိုက်ပုံးအိုကြီးရဲ့ မဲမှောင်နေသာတွင်းနက် ကြီးပါပဲ....ဒီဇတ်လမ်းမှာ မင်းသားကတော့ ဝက်အူချောင်း ပါပဲ ဟုတ်ပါတယ် ဝက်အူချောင်း ပါ.... ဖရန့် ၊ ကားလ် ၊ ဘယ်ရီ တို့ ဟာ ၆ ချောင်းပါတဲ့ ဝက်အူချောင်းပါကင်ထုပ်ထဲက သူငယ်ချင်းတွေပေါ့ သူတို့ ဘေးကပ်ရပ်မှာတော့ ဟော့ဒေါ့ပေါင်မုန့်မလေး တွေ အဖွဲ့ ရှိနေပါတယ်ဘရန်ဒါ တို့ အုပ်စုပေါ့ သူတို့လဲ ပါမုန့်ချောင်း ၆ ခု တစ်ပါကင် ထုပ်ထဲကပါပဲ... အနီးကပ် နေရတဲ့ အခါ တစ်ဦးကို ...
movie

Sausage Party (2016)

2016
Doraemon: Nobita’s Treasure Island (2018) 6.5
Doraemon: Nobita’s Treasure Island (2018) Doraemon: Nobita's Treasure Island (2018) ------------------------------------------------------------------- အခုတစ်ခေါက်မှာတော့ 2018 ခုနှစ်မှာ ထွက်ခဲ့တဲ့ ၃၈ကားမြောက် ဒိုရေမွန်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးက ၁၈၈၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Treasure Island ဝတ္ထုကိုအခြေခံရိုက်ကူးထားပြီး Your Name Anime ရဲ့ ထုတ်လုပ်သူ Genki Kawamura ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ ပင်လယ်ဓားပြပုံပြင်တွေဖတ်ပြီး ရတနာကျွန်းရှာဖို့ရူးသွပ်နေတဲ့ နိုဘီတတစ်ယောက် သတင်းမီဒီယာကနေ အမည်မသိကျွန်းတစ်ခုပေါ်လာကြောင်း ကြေညာချိန်မှာတော့ ရတနာသွားရှာချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတော့တယ်။ဒါကို သူငယ်ချင်းတွေက ဝိုင်းလှောင်ကြတော့ စိတ်တိုတိုနဲ့ကျွန်းကို တွေ့အောင်ရှာမယ်လို့အလောင်းအစားပြုလုပ်ပြီး ထုံးစံအတိုင်း ဒိုရေမွန်ကိုအကူညီတောင်းပါတယ်။ ဥပေက္ခာမပြုနိုင်တဲ့ ဒိုရေမွန်ကလည်း နိုဘီတအလိုကျအတိုင်း အဲဒီကျွန်းကို သွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ ပင်လယ်ဓားပြတွေနဲ့ ဘယ်လိုစခန်းသွားရမလဲ ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုခံစားပေးကြပါဦးနော်။ File size…1.7GB / 894MB Quality…1080p BluRay / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Doraemon: Nobita’s Treasure Island (2018)

2018
Drifting Home (2022) 6.5
Drifting Home (2022) Drifting Home (2022)(1080p ရပါပြီ)အမှတ်တရဆိုတာကို ဘယ်လိုခံယူကြလဲ? ကျွန်တော့်အတွက်တော့ အမှတ်တရ‌ဆိုတာ လူသားတွေကိုဖြစ်တည်စေတဲ့ အရာပါပဲ။ အမှတ်တရတွေကြောင့် ပျော်ရွင်ရတယ်။ ဝမ်းနည်းနေရင်တောင် မျက်ရည်တွေနဲ့ ပြုံးမိစေတယ်။ အမှတ်တရတွေကြောင့်ပဲ ကိုယ်မကြိုက်တဲ့ပစ္စည်းကိုတောင် ဖက်တွယ်မိကြတယ်။ အမှတ်တရတွေကို မစွန့်လွှတ်နိုင်ကြတဲ့အခါ ရူးမတတ်နာကျင်ရတယ်။ အထူးသဖြင့် အ‌သည်းကွဲရင်ပေါ့ဗျာ။ အသည်းကွဲတာနဲ့ မဆိုင်ပေမယ့် ဒီမျောနေတဲ့တိုက်ခန်းလျားလေးက သံယောဇဉ်တွေ ကိုယ်ဖက်တွယ်ချင်ခဲ့တဲ့မှတ်ဉာဏ်တွေ အမှတ်တရတွေအကြောင်းကို ကောင်းကောင်းကြီးခံစားတတ်စေမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ...တိုက်ခန်းလျားအဟောင်းကြီးတစ်ခုရှိတယ်။ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ဆောက်ထားတာမို သရဲခြောက်တယ်ဆိုပြီး လူတိုင်းကပြောကြတယ်။ ဘယ်လောက်ပဲဟောင်းနေပါစေ နာ့ဇူမဲနဲ့ ခိုဆုခဲဆိုတဲ့ ကလေးနှစ်ယောက်အတွက်တော့ အဖိုးတန်အိမ်လေးပါပဲ။မူလတန်းရဲ့ နောက်ဆုံးသော ‌နွေရာသီ ...တိုက်ခန်းလျားကို ဖြိုချပစ်တော့မှာမလို နာ့ဇူမဲတိုသားအမိနဲ့ ခိုဆုခဲတိုမိသားစု အိမ်ပြောင်းရတယ်။ သေးသေးလေးကတည်းက မခွဲအတူနေနှစ်ယောက်က ရုတ်တရက်ကြီး ဘာလိုမှန်းမသိ စိမ်းကားသွားတယ်။ သူငယ်ချင်းဖြစ်သူ စပ်စုစိန်တိုင်အိချိကြောင့် အိမ်ဟောင်းဖြစ်တဲ့ တိုက်ခန်းလျားကြီးဆီ ခိုဆုခဲရောက်လာရတယ်။ တိုင်အိချိက ပေါက်ပေါက်ရှာရှာ သရဲဖမ်းမလိုတဲ့လေ။သရဲရှာမတွေ့ပါဘဲ ဗီဒိုခန်းလေးထဲမှာ ...
movie

Drifting Home (2022)

2022
Ultimate Avengers 2: Rise of the Panther (2006) 6.5
Ultimate Avengers 2: Rise of the Panther (2006) Ultimate Avengers 2: Rise of the Panther (2006)==================================IMDb Rating - 6.5/10ဒါက​တော့ ၂၀၀၆ထွက် Ultimate Avengers: The Movieရဲ့ အဆက်ပဲဖြစ်ပါတယ်။ ပထမကားမှာ ချီတာရီ​တွေကို အနိုင်ယူ ခဲ့​ပေမယ့် ကပ္ပတိန်အ​မေရိကဟာ စစ်ပြန်​တွေရဲ့ ထုံးစံအတိုင်းပဲ PTSDအ​​သေးစား ဖြစ်လာတာ​ကြောင့် မစ်ရှင်​တွေပဲ ဖိလုပ်ရင်း သူဦး​ဆောင်ရတဲ့ Avengersအဖွဲ့နဲ့ အဆင်မ​​ပြေဘဲ One Man Armyလိုဖြစ်လာပါတယ်။ ​ဒေါက်တာဘန်နာကလည်း ​ဟော့ခ် ပုံစံကို မထိန်းချုပ်နိုင်တာ​ကြောင့် ဖြူရီရဲ့ ချုပ်​နှောင်ထားမှုကို ခံ​နေရပါတယ်။အဲဒီအချိန်မှာ ကပ္ပတိန်အ​မေရိက​ကြောင့် ၁၉၄၅ခုကတည်းက ​သေသွားပြီလို့ ထင်မှတ်ထားကြတဲ့ ချီတာရီ​ကောင် တစ်ဖြစ်လဲ နာဇီဗိုလ်ချုပ်ကလိုင်ဇာဟာ ဝါကန်ဒါတိုင်းပြည်မှာ တစ်ဖန်ပြန် ​ပေါ်လာပြီး တီချာလာတို့ဆီက စွမ်းအင်အရင်းမြစ်ကို လုယူပြီး တစ်ကမ္ဘာလုံးကိုဖျက်ဆီးဖို့ ကြိုးစားလာတဲ့အတွက် စည်းလုံးမှု အားနည်း​နေတဲ့Avengersအဖွဲ့နဲ့ Black Pantherတို့​ပေါင်းပြီး ကလိုင်ဇာနဲ့ ကမ္ဘာဖျက်ရန်စွယ်ကို နှိမ်နင်းဖို့ အ​ကြောင်းဖန်လာ ပြန်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size..........(1.2 GB) / (620 MB) / ...
movie

Ultimate Avengers 2: Rise of the Panther (2006)

2006
Ultimate Avengers: The Movie (I) (2006) 6.6
Ultimate Avengers: The Movie (I) (2006) Ultimate Avengers: The Movie (I) (2006)=============================IMDb Rating - 6.6/10၂၀၀၆ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး Avengers Animation ရယ်လို့ ပီပီပြင်ပြင်စထွက်ခဲ့တဲ့ Ultimate Avengers ကားကို တင်ဆက်​ပေးလိုက်ပါတယ်။ 2008မှာ Iron Man 1စထွက်ပြီး MCUရယ်လို့ အကြီးအကျယ်​အောင်မြင်တဲ့ Universeကြီးကို အ​ကောင်အထည်​ဖော်နိုင်ခဲ့တဲ့ MarvelဟာAnimationပိုင်းမှာ DCAUရဲ့အရှိန်နဲ့ Fanbaseကို မယှဉ်နိုင်သလို ကားထွက်ရှိမှု အပိုင်းမှာလည်း ​အတော်​အားနည်းခဲ့တာပါ။ ဒီAnimationက Marvelရဲ့ရှားရှားပါးပါး Avengersဇာတ်ကားဖြစ်ပြီး ၂ကား ထွက်ရှိခဲ့တဲ့အထဲက နံပါတ် ၁ ဇာတ်ကားပါ။Storylineကို​တော့ Avengersအဖွဲ့ကြီး စတင်ဖွဲ့စည်းခြင်းကို အဓိကထားပြီး ဒုတိယကမ္ဘာစစ်မစ်ရှင်အတွင်းမှာ ပျောက်ဆုံး သွားတဲ့ ကပ္ပတိန်အ​မေရိကကိုပြန်လည်ရှာ​တွေ့ခြင်းနဲ့ အစပျိုး ထားပါတယ်။ Live Action နဲ့ Storyline မတူညီမှုနည်းနည်း ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ကပ္ပတိန်အ​မေရိကရဲ့ မပြီးပြတ်​​သေးတဲ့ မစ်ရှင်က ဒီ​​နေ့ခေတ်အချိန်အထိ ပါလာပြီး တစ်ကမ္ဘာလုံးပျက်စီးနိုင်တဲ့ အ​ခြေအ​နေ​တွေ ဖြစ်လာတဲ့အခါ ကပ္ပတိန်အ​မေရိကနဲ့ နစ်ဖြူရီတို့ဟာ တစ်ကိုယ်​တော်လှုပ်ရှား ​နေကြတဲ့ စူပါဟီးရိုး​တွေကိုစုစည်းပြီး Avengersအဖွဲ့အဖြစ် ကမ္ဘာဖျက်ရန်စွယ်ကို ကာကွယ်ဖို့ကြိုးစားကြပါ​တော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size..........(1.2 ...
movie

Ultimate Avengers: The Movie (I) (2006)

2006
Cars on the Road (2022) 7.2
Cars on the Road (2022) ဒီ စီးရီးလေးကတော့ ကမ္ဘာကျော်ကာတွန်းတစ်ခုဖြစ်တဲ့ Cars ကိုပဲ ဇာတ်လမ်းတွဲအဖြစ် ပြန်လည်တင်ဆက်ထားတာပါ။ စုစုပေါင်း ၉ ပိုင်းပါပြီ တစ်ပိုင်းကို ၁၀ မိနစ်ပဲ ကြာပါတယ်။ ဒါကြောင့် ကိုယ့်လူတွေ ဒေါင်းရသက်သာအောင် ၉ ပိုင်းလုံးကို ဆက်ပြီး မိနစ် ၉၀ အဝကြည့်လို့ရအောင် ဖန်တီးပေးထားလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လိုက်တနင်းမကွင်းရဲ့ အခင်ဆုံးသူငယ်ချင်း မိတ်တာဟာ သူ့အစ်မရဲ့ မင်္ဂလာဆောင်ရှိလို့ ခရီးဝေးကြီးကို တစ်ယောက်တည်းမောင်းနှင်သွားဖို့ အစီအစဉ်ရှိလာပါတယ်။ အဲဒီမှာ မကွင်းကလည်း အားလပ်ရပ်ခရီးသဘောမျိုး အဖော်လိုက်လာတဲ့အခါ သူငယ်ချင်းနှစ်ကောင် တစ်လမ်းလုံး အလွဲမျိုးစုံရယ်စရာမျိုးစုံ တွေ့လာရပါတော့တယ်။ The Shinning ကို ကိုးကားထားတဲ့ သရဲခြောက်တဲ့ဟိုတယ်ကြီးတွေ၊ ဂျူရက်ဆစ်ဝါးဒ် တို့ ဘစ်ဂ်ဖု တို့ တွေကိုပါ ထည့်သွင်းဇာတ်လမ်းဆင်ထားတာမို့ အတော်လေး ကြည့်ကောင်းတဲ့ စီးရီးဖြစ်သွားပါတယ်။ ခံစားကြည့်လိုက်ကြပါဦးFile size…(2.3 GB)/(800 Mb)/(300 Mb) Quality….Webrip 1080p ...
movie

Cars on the Road (2022)