Channel Myanmar
Animation
April and the Extraordinary World (2015) 7.4
April and the Extraordinary World (2015) Imdb 7.4 ရရှိထားတဲ့ ပြင်သစ် ကာတွန်းကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးကတော့ စိတ်ကူးယဉ် သိပ္ပံကာတွန်းကားမျိုးဖြစ်ပေမဲ့ တွေ့နေရကျပုံစံနဲ့ကွဲပြားပါတယ်။ ၁၉၄၁ ခုနှစ်မှာ ကမ္ဘာကြီးဟာ ကျွန်တော်တို့ သမိုင်းတွေ မှာသိခဲ့တာထက် တော်တော် ကို ကွဲပြားနေပါတယ်။ အဲ့အချိန်မှာ နပိုလီယံ ၅ က ပြင်သစ်နိုင်ငံ ကို အုပ်စိုးနေပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၇၀ အတွင်းမှာလည်း ပညာရှင်တွေ ဟာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားလေ့ရှိတယ်။ ဒီတော့ ဒီလိုပျောက်ဆုံးသွားတဲ့ အတွက်ကြောင့်နာမည်ကျော်တီထွင်မှု့တွေ ဖြစ်မလာတော့ဘူးပေါ့။ ရေဒီယိုမရှိတီဗွီဆိုတာမရှိ ဒီဇယ်အင်ဂျင်ဆိုတာလည်းမရှိ ကမ္ဘာကြီးဟာ တော်တော်ကို ခေတ်နောက်ကျ လို့နေတာပေါ့။ လွန်ခဲ့တဲ့ ရာစုနှစ်တွေ ကတည်းက တွေ့ ရှိခဲ့တဲ့ ကျောက်မီးသွေး ရေနွေးငွေ့ အင်ဂျင် ဆိုတဲ့ အခြေအနေမှာပဲ ရပ်တံ့ နေတာပါ။ ဒီလိုအခြေအနေမှာ အေဗရယ်လ် ရဲ့ မိဘတွေဟာ သက်ရှိတွေ အတွက် ထူးဆန်းတဲ့ဆေးရည်ကို တီထွင်ခဲ့ကျပါတယ်။ ဒါပေမဲ့ ဆေးရည် အောင်မြင်တဲ့ အချိန်မှာ ...
movie
April and the Extraordinary World (2015)
2015
The Seventh Dwarf (2014) 4.7
The Seventh Dwarf (2014) လူပုလေး ၇ ယောက်လို့ ပြောလိုက်ရင် ပန်းသီးလေးကိုက်တဲ့ စနှိုးဝှိုက်ဇာတ်လမ်းလေးကို လူတိုင်းမြင်မိကြမှာပါ။ ဒီဇာတ်လမ်းလေးကတော့ ခေတ်သစ်လူပုလေးဇာတ်လမ်းလို့ ပြောရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မင်းသမီးလေး ရိုစ် အသက်၁၈နှစ်မပြည့်ခင် လက်ကိုဆူးစူးခံရရင် မင်းသမီးလေးနဲ့အတူ နန်းတော်က လူတွေအားလုံး အိပ်မောကျသွားပြီး မင်းသမီးလေးကိုအမှန်တကယ်ချစ်မြတ်နိုးသူကသာ မင်းသမီးလေးကို နမ်းမှ ကျိန်စာပျယ်မယ်လို့ စုန်းမကြီးက ကျိန်ဆိုခဲ့ပါတယ်။ ဒါကြောင့် မင်းသမီးလေးကို သူမရဲ့ဖခမည်းတော်ဘုရင်ကြီးက ဆူးထိမခံရအောင် သံချပ်ကာတွေအထပ်ထပ်နဲ့ အသက်၁၈နှစ်အထိ ဝတ်ဆင်စေခဲ့ပါတယ်။ သူမရဲ့မွေးနေ့မှာ စုန်းမကြီးရဲ့ဆူးကိုထိမိပြီး အိပ်မွေ့ကျသွားခဲ့ရာမှ လူပုလေး၇ယောက်က သူမရဲ့ချစ်သူ ကောင်လေးကို စုန်းမကြီးလက်ထဲကနေ ကယ်တင်ကာ မင်းသမီးလေးဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ပုံတွေကိုရှု့စားရမယ့် ဇာတ်လမ်းမျိုးဖြစ်ပါတယ်... ယခင်လူပုလေးဇာတ်လမ်းမျိုးနှင့်မတူဘဲ တစ်မူအသွင်ထူးခြားတဲ့ စွန့်စားခန်းများ ဇာတ်လမ်း ဇာတ်ကွက်များကို ခံစားရမှာဖြစ်လို့ အချိန်ပေးကြည့်ရှုဖို့ ထိုက်တန်တဲ့ Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။Quality…..BluRay 1080p Duration…..01:27:00 Format…Mp4 File Size…(624 MB , 496 MB ) ...
movie
The Seventh Dwarf (2014)
Planet Hulk (2010) 6.8
Planet Hulk (2010) Marvel ရဲ့ Animation ကားကောင်းလေး တစ်ကား ကို တင်ဆက် ပေးလိုက်ပါတယ်။ ဒီကားကတော့ ဟော့ခ် တစ်ယောက် ကို မထိန်းနိုင်တော့လို့ Iron Man နဲ့ အပေါင်းအပါတစ်စု က ဟော့ခ် အတွက်လည်း အဆင်ပြေနေစေမဲ့ ဂြိုလ် တစ်ခုကို ပို့လိုက် ရာက ဇာတ်လမ်းစတာပါ။ အစကတော့ ဟော့ခ်ထက် ဥာဏ်ရည် ပိုမြင့် တဲ့ သတ္တ၀ါတွေ ဟော့ခ် ကိုဒုက္ခပေးမဲ့ သူတွေ မရှိတဲ့ ဂြိုလ် ကိုပို့လိုက်တာပါ ဒါပေမဲ့ လမ်းမှာ ဟော့ခ် ရဲ့ သောင်းကျန်းမှု့ကြောင့် လမ်းကြောင်းလွဲပြီး ဆခရာ လို့ခေါ်တဲ့ ဂြိုလ် ကို ရောက်ရှိသွားပါတော့တယ်။ အဲ့ဂြိုလ်မှာက ဘုရင်ဆိုးတစ်ယောက် အုပ်ချုပ်နေပြီး အစွမ်းအစရှိတဲ့ သူတွေကို အချင်းချင်း ဖျော်ဖြေ တဲ့ အနေနဲ့ အသေ တိုက်ခိုက်ခိုင်းတဲ့ နေရာပါ။ ...
movie
Planet Hulk (2010)
2010
The Little Mermaid (1989) 7.6
movie
1989
The Princess and the Frog (2009) 7.1
The Princess and the Frog (2009) Disney ရဲ့အကောင်းဆုံး Animation ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းလေးရဲ့အစကဒီလိုပါ.... အပျော်အပါးကိုခုံမင်ပြီးဘာမှကိုစိတ်မ၀င်စားတဲ့ မင်းသားလေးနာဗင်းဟာအရိပ်လူသားရဲ့လိမ်ညာ ပြုစားခြင်းခံလိုက်ရလို့ဖားတစ်ကောင်အဖြစ်ပြောင်းလဲသွားပါတယ်.... နန်းစည်းစိမ်တွေကို လိုချင်လို့အပျော်အပါးမက်တဲ့ မင်းသားလေးကိုဖားအသွင်ပြုစားလိုက်တဲ့တစ္ဆေတွေနဲ့ ပူးပေါင်းထားတဲ့စုန်းဘိုးတော်.... အလုပ်ပဲကြိုးစားလုပ်ကိုင်ရင်း အဖေဖြစ်သူရဲ့စားသောက်ဆိုင်ကိုပြန်ဝယ်ချင်လို့ ပိုက်ဆံစုနေရတဲ့ သာမာန်စားပွဲထိုးမလေး တီယာနာ.... တီယာနာ့ သူငယ်ချင်းပါတီပွဲမှာ တီယာနာကို မင်းသမီးလေးထင်ပြီးကျိန်စာပြယ်ချင်ဇောနဲ့သူမကိုနမ်းလိုက်တဲ့မင်းသားလေးဟာ ကျိန်စာမပျယ်တဲ့အပြင်တီယာနာလေးပါ ဖားမလေးအဖြစ်ပြောင်းသွားပါတော့တယ်... ဒီတော့ ဒီဖားလေးနှစ်ကောင်လူပြန်ဖြစ်အောင်ဘယ်လိုတွေကြိုးစားကြမလဲ အရိပ်လူသားနဲ့အပေးအယူလုပ်ထားတဲ့ စုန်းဘိုးတော်ကကော  သူတို့ကိုဘယ်လိုတွေဒုက္ခတွေပေးမလဲ သူတို့နှစ်ယောက်ကျိန်စာတွေပျယ်သွားမလား..... Disney ရဲ့အကောင်းဆုံး Animation Effect တွေနဲ့ချစ်စရာပိုးစုန်းကြူးလေးတွေ မိကျောင်းတွေနဲ့ တစ်ကားလုံး မပျင်းရလေအောင် တင်ဆက်ထားတဲ့ Animation  ကားလေးပဲဖြစ်ပါတယ်....တကယ်ချစ်လာပြီဆိုရင် အချစ်ကြောင့်လူတွေပြောင်းလဲသွားနိုင်တယ်ဆိုတာ ဒီကားလေးထဲမှာကြည့်ရမှာပဲဖြစ်ပါတယ်...Quality…..BluRay 720p Duration…..01:37:00 Format…Mp4 File Size…(698 MB) Translator…..Myat Ko Ko Encoder…..Moe Myint Lwin Download with Openload  
movie
The Princess and the Frog (2009)
Quackerz (2016)
Quackerz (2016) ဒီဇာတ်ကားလေးကတော့ 2016 ထွက် animation movie လေးတစ်ခုပါ။ ဇာတ်ကားနာမည်ကတော့ ဘဲလေးတွေ တဂတ်ဂတ်အော်သံကို အစွဲပြုပြီး Quackerz လို့ ပေးထာတာပါ။ဒီဇာတ်လမ်းလေးအရဆို တရုတ်ပြည်မှာ တဘောင်တစ်ခုရှိပါတယ်။ ရာစုနှစ်တစ်ခု ပြည့်တိုင်း နေရဲ့စွမ်းအင်ကို အပိုင်သိမ်းပြီး ကမ္ဘာပျက်အောင်လုပ်မယ့် စုန်းမကြီးပေါ်လာမယ်ဆိုတာပါပဲ။ ဒါပေမယ့် ဘဲလေးတစ်ကောင်ကတော့ အဲ့အဖြစ်ကို ကယ်တယ်နိုင်ပါလိမ့်မယ်တဲ့။ ရိုးရိုးဘဲတော့ မဟုတ်ဘူးခင်ဗျ။ "နေသူဘဲကောင်း" (သူရဲကောင်း+ဘဲ)တဲ့။ အဲ့စုန်းမကြီးနဲ့ နေသူဘဲကောင်းတို့ တိုက်ခိုက်သွားပုံတွေကို ဇာတ်လမ်းထဲမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ တရုတ်ပြည်က ဘဲဧကရာဇ်နဲ့ ကမ္ဘာလှည့် ဘဲခေါင်းစိမ်းခေါင်းဆောင်တို့ရဲ့ ခမည်းခမက် သူနိုင်ကိုယ်နိုင် အနိုင်လုပွဲလေးတွေကလည်း အတော်ရယ်ရပါတယ်ခင်ဗျ။ ဇာတ်လမ်းလေးကို ဟာသအမြူးလေး လုပ်ထားတဲ့အတွက် အမောပြေစရာ အချိန်တစ်ခုတော့ ရသွားမှပါခင်ဗျာ...Quality…..BluRay 1080p Duration…..01:21:00 Format…Mp4 File Size…(705 MB , 415 MB) Encoder…..Moe Myint Lwin Translator…..Wai Yan MaungDownload with YoteShin Link Download with CM Cloud Download with Openload Download ...
movie
Quackerz (2016)
The Lego Batman Movie (2017) 7.3
The Lego Batman Movie (2017) The LEGO Batman (2017) IMDb - 7.3/10_____Rotten - 90%    2017 အစောပိုင်းရဲ့ အသေခွီရတဲ့ Animation ဇာတ်ကားကို ပြပါဆိုရင်တော့ ဒီကားလေးကိုပဲပြရပါမယ်. ဇာတ်ကားအစ ကုမ္ပဏီ တံဆိပ် intro ထဲက ဆြာဘတ်ရဲ့ ဖောက်ချက် ဖောက်ချက်တွေဆိုတာ ဇာတ်ကား စလည်ဆုံးကို မပျင်းရိရအောင် အခွီတွေ တစ်ပြုံကြီးနဲ့ အဖောက်တွေ တစ်ပြုံကြီးနဲ့ ကြည့်ရသူ ပြုံးပျော်စေရအောင် ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်... DC ရဲ့ နာမည်ကျော် ဆြာဘတ်နဲ့ အချစ်တော်ဗီလိန်ကြီးတွေကို WB Entertainment Lego ကုမ္ပဏီ တို့ ပေါင်းပြီး Lego အရုပ်ကလေးတွေ ပုံစံနဲ့ ဇာတ်ကောင်တွေကို တင်ဆက်ထားပြီး ဇာတ်ကားရုံမတင်ခင်ကတည်းက ဇာတ်ကောင် MiniFiguresလေးတွေထွက်ရှိထားလို့ Lego Minifigures collectorsတွေကြားရေပန်းစား ခဲ့ပြီး ဖြစိပါတယ်    ဇာတ်လမ်းအကျဉ်းကတော့ Batman ရဲ့ စိမ်းကားလှတဲ့စကားတစ်ခွန်းကြောင့် Batman ရဲ့ respect ကို ရယူချင်တဲ့ Joker ဟာအကြံအစည်သစ်တစ်ခုနဲ့ ဗီလိန်တစ်ကာ့ထိပ်ခေါင်ကြီးတွေ ကိုအကျဉ်းချထားတဲ့ အာကာသ phantom Zone ကို ဖွင့်ချဖို့ကြံစည်ပါတော့တယ် ဒါကို ဆြာဘတ်ဟာ အိမ်တော်ထိန်းကြီး အဲဖရက် ရဲ့မင်းကြီးဂေါ်ဒွန်ရဲ့ သမီး ...
movie
The Lego Batman Movie (2017)
2017
One Punch Man (2015)
One Punch Man (2015) One Punch Man ဟာ ဂျပန် Anime TV Series တစ်ခုဖြစ်ပြီး အပိုင်း ၁၂ ပိုင်းထိ ရှိပါတယ်... IMDb 9.1 ထိ ရရှိထားပြီး Anime ချစ်သူများကြား နာမည်ကြီးနေတဲ့ Anime TV Series တစ်ခုဆိုလဲ မမှားပါဘူး Saitama ဆိုတဲ့ Hero ဟာ တစ်ခေါင်းလုံး အမွှေးမရှိအောင် ပြောင်သလင်းခါနေပြီး ပေါတောတောတွေပဲ လုပ်တက်ပါတယ်... ဒါပေမယ့် သူနဲ့ လာယှဉ်ပြိုင်သူတိုင်း လက်သီး တစ်ချက်စာ မိတာနဲ့ အစ ပျောက်သွားတာကြီးပါပဲ သူ့ရဲ့ အကြမ်းစား လက်သီး ကို မျက်ဝါးထင်ထင် မြင်မိသွားတဲ့ စက်ရုပ်တစ်ပိုင်း လူတစ်ပိုင်း အကြမ်းစား Genos တောင် Saitama ဆီ လာပြီး တပည့်ခံရတဲ့ အထိပါပဲ... ဒီလို နာမည်ကြီးနေတဲ့ Hero ကြီး Saitama ဆီကို ရန်သူတွေကတစ်နေ့ တစ်မျိုးမရိုးတဲ့ လူသတ်ကောင်တွေ လွှတ်လွှတ်ပေးနေသလို Saitama ...
movie
One Punch Man (2015)
Tangled: Before Ever After (2017) 6.6
movie
Sahara (2017) 5.7
Sahara (2017) ပူပြင်းခြောက်သွေ့တဲ့သဲကန္တာရထဲမှာ မြွေအုပ်စု ၂ ခုရှိပါတယ်.. လှပတဲ့မြွေစိမ်းတွေက အိုအေစစ်နား အရိပ်အာဝါသတစ်ခုကိုခိုလှုံရင်း လူသူအနှောင့်အယှက်ကင်းဝေးစွာ နေထိုင်ကြပါတယ်.. နောက်မြွေတစ်မျိုးဖြစ်တဲ့မြွေဟောက်တွေကတော့ ကန္တာရထဲမှာပဲ ကျင်လည်ကျက်စားပြီး ပြိုင်ဆိုင်မှုပြင်းထန်ကာ စားဝတ်နေရေးခက်ခဲကြမ်းတမ်းမှုတွေကြားမှာ ရုန်းကန်နေရတဲ့ မြွေတွေပါ ... ကျိကျိတက်ချမ်းသားတဲ့ သူဌေးတွေနဲ့ လမ်းဘေးက ဒုစရိုက်နယ်မြေလိုပေါ့ဗျာ.. ဒီကာတွန်းကားကတော့ အဂျားလို့ခေါ်တဲ့ မြွေဟောက်ငယ်လေးရဲ့ အချစ်အတွက် စွန့်စားခန်းကိုရိုက်ထားတာပါ.. သူဟာ အရေခွံတောင်မလဲရသေးတဲ့ မနူးမနပ်မြွေဖြစ်တာကြောင့် အမြဲအနိုင်ကျင့်ခံနေရသူဖြစ်ပါတယ်.. တစ်နေ့မှာတော့ အစိမ်းရောင်တွေလူးပြီး မြွေစိမ်းအယောင်ဆောင်ကာ မြွေစိမ်းတွေနယ်မြေဆီမှာ နေထိုင်ဖို့ ထွက်လာခဲ့တယ်.. အဲဒီနယ်မြေက အပြင်လူဝင်တာနဲ့ အပြတ်ရှင်းမယ့်ကောင်တွေ စောင့်ကြပ်နေတယ်.. အဲလိုသွားရင်းနဲ့ အီဗာလို့ခေါ်တဲ့ မြွေစိမ်းမလေးနဲ့ဆုံပါလေရော.. အီဗာဆိုတာက အိုအေစစ်တဝိုက်မှာ အချမ်းသာ အကြွယ်ဝဆုံးနဲ့ အာဏာအရှိဆုံးမြွေသူဌေးကြီးရဲ့ သမီးတော်... သူက ချမ်းသာမှုနဲ့ လုံခြုံသက်သာမှုကို ရွံမုန်းပြီး အစဉ်အလာကိုဆန့်ကျင်ချင်သူ.. စီစဉ်ထားတဲ့လက်ထပ်ပွဲကိုရှောင်လွှဲချင်သူ.. ကန္တာရထဲမှာ ဘာတွေရှိလဲဆိုတာကို စူးစမ်းချင်သူ မြွေဂျစ်မလေး.. ဒီလိုနဲ့ အဂျားနဲ့အီဗာတွေ့ကြပါလေရောဗျာ.. အီဗာတစ်ယောက် နယ်မြေထဲက ခိုးထွက်ရင်း ကန္တာရခရီးသွားအာရပ်တွေရဲ့ ဖမ်းဆီးခြင်းခံရတဲ့အခါမှာတော့ အဂျားတစ်ကောင်ဟာ သူ့သူငယ်ချင်း ပစ်ဆိုတဲ့ကင်းမြီးကောက်ကို အဖော်ပြုရင်း အချိန်မရွေးသေသွားနိုင်တဲ့ ...
movie
Sahara (2017)
2017
Treasure Planet (2002) 7.1
Treasure Planet (2002) ဒီဇာတ်လမ်းလေးဟာ 2002 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး Disney ရဲ့ အသပ်ရပ်ဆုံးသော Animation တွေထဲက တစ်ကားလို့ တင်စားခံထားရပါတယ် မူရင်းဇာတ်လမ်းကတော့ "Treasure Island" တဲ့ခင်ဗျ... ဒီမှာ ထူးခြားသွားတာက ဇာတ်ကွက်တွေကို အာကာသထဲ ပြောင်းလိုက်ပြီး ဂြိုဟ်သားတွေ၊ နဂါးငွေ့တန်းတွေနဲ့ အသက်သွင်းထားတာပါ အဲ့လိုနဲ့ ဇာတ်လမ်းလေးက "Treasure Planet" ဆိုပြီး ဖြစ်သွားတယ်ပေါ့ဗျာ Rating တွေအနေနဲ့ကြည့်ရင်လည်း IMDb 7.1 Tomatoes 69% နဲ့ခင်ဗျ ဝေဖန်သူတော်တော်များများရဲ့ Positive Review တွေ ရထားတဲ့ ဇာတ်လမ်းလေး ဆိုပါတော့... ကလေးဘဝက အိပ်ရာဝင်ပုံပြင်တွေ၊ အာကာသ စွန့်စားခန်းတွေ၊ ဒရာမာကို ခုံမင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါ အသက် ၁၅ နှစ်အရွယ် ချာတိတ်ကလေး ဂျင်မ်ဟော့ကင်းန်စ်ရဲ့ မဟာစွန့်စားခန်းကြီးတစ်ခု... ငယ်ငယ်ကတည်းက အာကာသ ခရီးသွားတစ်ယောက် အရမ်းဖြစ်ချင်ခဲ့သူ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံဖန်ပြီး ကောင်းကင်ပျံဝဲလေ့ရှိတဲ့ ချာတိတ်ကလေး ယာဉ်စည်းကမ်းတွေကို (တမင်မဟုတ်တောင်) ...
movie
Treasure Planet (2002)
2002
Rock Dog (2016) 5.6
Rock Dog (2016)  2016 မှာထွက်ထားတဲ့ကာတွန်းတစ်ကားဖြစ်ပြီး တရုတ်-အမေရိကန်ဖက်စပ်ဖြစ်ပါတယ်... IMDb 5.5 ရရှိထားပြီး ကာတွန်းကားကြိုက်သူတွေအတွက် ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်.. တရုတ်တို့ထုံးစံအတိုင်း ကွန်ဖူးအနည်းငယ်ပါသလို သိုးတွေရဲ့ထုံးစံအတိုင်း အရာရာကို မေ့တတ်ပြီး အပူအပင်ကင်းတဲ့ပုံစံပုံဖော်ထားတာကြောင့် ဟာသရောထားတဲ့ဇာတ်ကားလို့ ဆိုရမှာပါ.. ဇာတ်လမ်းအကျဉ်းကတော့... နှင်းတောင်တန်းတစ်ခုပေါ်မှာ သိုးတွေစုဝေးနေထိုင်ကြတဲ့မြို့တစ်မြို့ရှိပါတယ်.. သူတို့ဟာ ပူပင်ကြောင့်ကြမှုကင်းစွာနဲ့ သီချင်းလေးတီးလိုက် ဆိုလိုက်.. သိုးမွှေးတွေထုတ်လုပ်လိုက်နဲ့ ငြိမ်းချမ်းနေကြသူတွေပါ... သူတို့ကို စောင့်ကြပ်ပေးတဲ့မြို့စောင့်ကြီးကတော့ Khampa လို့ခေါ်တဲ့ တိဗက်ခွေးတစ်ကောင်ပဲဖြစ်ပါတယ်.. အဲဒီခွေးတွေဟာ မျိုးရိုးစဉ်ဆက် မြို့စောင့်အလုပ်ကို လုပ်ခဲ့ကြသူတွေဖြစ်ပြီး သိုင်းပညာတတ်ကျွမ်းသူတွေပါ... လောကကြီးမှာ ကိုယ်က ဘယ်လောက်ပဲ ငြိမ်းချမ်းပျော်ရွှင်နေပါစေ... ဒါကို ဖျက်စီးမယ့်အနှောင့်အယှက်ဆိုတာ ရှိစမြဲပါ.. အဲလိုပဲ သိုးတွေရဲ့မြို့ကို အပိုင်သိမ်းပြီး စားသောက်ပစ်ဖို့ အမြဲချောင်းနေတဲ့ဝံပုလွေအုပ်ကြီးရှိပါတယ် သူတို့မြို့ကို ကျူးကျော်တိုက်ခိုက်ပေမယ့်လည်း Khampa ကြောင့် အမြဲနောက်ဆုတ်ပြီး ပြေးရတာမို့ Khampa ကိုတော့ အသေကြောက်ရပါတယ်.. Khampa မှာ Bodi လို့ခေါ်တဲ့ သားတစ်ကောင်ရှိပြီး သူကတော့ ...
movie
Rock Dog (2016)
2016
Return to Never Land (2002) 5.8
Return to Never Land (2002)  ဒီကားလေးကတော့ အားလုံးသိကြတဲ့အတိုင်းပဲ Disney ရဲ့အကောင်းဆုံး Animation ကားတွေထဲက တစ်ကားပဲဖြစ်ပါတယ်... ဖယ်ရီဆိုတဲ့ တင်ကာဘဲလ်နတ်သမီးလေးနဲ့အတူ ပီတာပန်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းတင်ဆက်ထားတာပဲဖြစ်ပါတယ်... အပိုင်း ၂ ပိုင်းထွက်ရှိထားတာပဲဖြစ်ပါတယ်...ဒီကားလေးကတော့ ၂ ဖြစ်ပါတယ်... ဒီကားထဲမှာတော့ ၀န်ဒီဟာအသက်ကြီးသွားပြီးတော့ ကလေးလေးတွေတောင်ရနေပြီပဲဖြစ်ပါတယ်... ပျောက်ဆုံးနေပြီဖြစ်တဲ့ ပီတာပန်ဟာလည်း အိပ်ရာဝင်ပုံပြင်အနေနဲ့သာ ယုံတမ်းစကားဖွယ်ရှိပါတော့တယ်... ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် ကာလအားဖြင့် စစ်ဖြစ်နေသောအချိန်ဖြစ်ပါတယ်... ယောကျာင်္းသားများဟာ တိုင်းပြည်ကာကွယ်ဖို့စစ်ထဲဝင်နေရတဲ့အချိန်ဖြစ်တဲ့အတွက် ၀င်ဒီရဲ့ခင်ပွန်းဖြစ်သူလည်း စစ်ထဲဝင်ရပါတယ်... ဒါကြောင့် အစိုးရကနေ ကလေးငယ်များဘေးကင်းဖို့အတွက် စစ်နဲ့လွတ်ကင်းရာနေရာတွေကို အလှည့်ကျရွေ့ပြောင်းပေးနေရပါတယ်...ဒီထဲတွင် ၀န်ဒီရဲ့သမီးလေး ဂျိမ်းနဲ့သားငယ်လေး ဒန်နီရယ်တို့လည်းပါနေပါတယ်.. ဂျိမ်းဟာ အမေဖြစ်သူဝန်ဒီပြောပြာနေကျ အိပ်ရာဝင်ပုံပြင်ဖြစ်တဲ့ ပီတာပန်အကြောင်းကိုမယုံပါဘူး.. ဒါကြောင့် အိပ်ရာဝင်ပုံပြင်တွေကိုသူမမုန်းခဲ့ပါတယ်.. တစ်ညမှာသူမအိပ်ပျော်သွားတော့ သူမတို့ရဲ့အိမ်ကို ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ကပ္ပတိန်ဟွတ်တို့ ပင်လယ်ဓားပြအဖွဲ့ရောက်လာပြီးသူမကို NeverLand ကိုဖမ်းဆီးခေါ်သွားပါတော့တယ်... အဲ ကပ္ပတိန်ဟွတ်ဆိုရင် လူတိုင်းသိကြမှာပါ...ကလေးဘ၀ထဲက အကြိုက်ဆုံးနဲ့အရယ်ရဆုံး ဇာတ်ကောင်ကြီးလေ.. အဲတော့  ဂျိမ်းတစ်ယောက် NeverLand လို့ခေါ်တဲ့ နိုင်ငံလေးထဲကိုရောက်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ... သူမတကယ်မရှိဘူးလို့ထင်နေတဲ့ ပီတာပန့်ကကော တကယ်ပဲ အဲ့နိုင်ငံလေးထဲမှာရှိနေမလား... Disney ရဲ့ကောင်းမွန်လှတဲ့ ရှု့ခင်းလေးတွေနဲ့အတူ ကြည်နူးဖွယ်ခံစားရမှာပဲဖြစ်ပါတယ်... ဒီကားလေးဟာ ကလေးများအိပ်ရာဝင်တဲ့အချိန်အကောင်းဆုံး အိပ်ရာဝင်ပုံပြင်အဖြစ်သတ်မှတ်ခြင်းခံရတဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်....Quality…..BluRay 1080p Duration…..01:12:00 Format…Mp4 File Size…( 520 MB) Encoder…..Moe Myint Lwin Translator…..Moe Myint Lwin Download ...
movie
Return to Never Land (2002)
2002
Bambi (1942) 7.3
Bambi (1942) Bambi (1942)IMDb - 7.3/10_____Rotten - 90%    Rating 7.3 ရရှိထားတဲ့ 1942 ခုနှစ်ကထွက်ရှိထားတဲ့ Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့် သစ်တောကိုစောင့်ရှောက်ပေးမယ်ဆိုတဲ့ နိမိတ်နဲ့ နောက်ထပ်သမင်လေးတစ်ကောင်မွေးဖွားလာပြီဆိုပြီး ဘမ်ဘီဆိုတဲ့ သမင်လေးတစ်ကောင်မွေးဖွားလာခဲ့ပါတယ်... သူ့အတွက်သူငယ်ချင်းအသစ်တွေလည်းရလာခဲ့ပါတယ်... တစ်နေ့မှာ ဘမ်ဘီရဲ့ အမေသမင်မကြီးဟာ လူမုဆိုးတွေရဲ့လက်ချက်နဲ့ သေဆုံးသွားခဲ့ပါတယ်... ဒါကြောင့် လူသားမျိုးနွယ်တွေရဲ့ ဖျက်ဆီးနေတဲ့ ဒီတောကြီးကို ဘမ်ဘီလေးအရွယ်ရောက်လာတဲ့အချိန်မှာ ကာကွယ်ပေးနိုင်မလား.... အဲ့ဒီမုဆိုးတွေကကောတောထဲကို ပြန်ပြီးလာဦးမလားဆိုတာ စိတ်ဝင်စားဖွယ်ရာကြည့်ရမှာပဲဖြစ်ပါတယ်... Animation အပိုင်းမှာကျော်ကြားလှတဲ့ Disney ဟာ ဒီ Animation ကားလေးထဲမှာလည်း ချစ်စရာကောင်းလှတဲ့ အကောင်လေးတွေနဲ့ လှပတဲ့ရှု့ခင်းများကိုလည်း ထပ်ပြီးအားဖြည့်ထားခဲ့ပါတယ်... ကျွန်တော်တို့ ကလေးဘဝတုန်းက အင်္ဂလိပ်စာတန်းထိုးနဲ့ ကြည့်ခဲ့ရပေမယ့် အခုခေတ် သားသားမီးမီးများ မြန်မာစာတန်းထိုးနဲ့ကြည့်ရှု့ခွင့်ရအောင် တင်ဆက်ပေးလိုက်ပါတယ်....  Duration…..01:10:00 Format…Mp4 File Size…(500 MB) Encoder…..Moe Myint Lwin Translator…..Myat Ko Ko (Jack Li) 
movie
Bambi (1942)
1942
Beauty and the Beast (1991) 8.0
Beauty and the Beast (1991) ဒီ Animation ကားလေးကတော့ 1991 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Rating အမြင့်ဆုံးရရှိခဲ့တဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်... ဒီကားလေးကိုလူတိုင်းနဲ့စိမ်းကြမယ်မထင်ပါဘူး... Disney ရဲ့ အအောင်မြင်ဆုံးခြေလှမ်းတစ်ခုဖြစ်စေခဲ့တဲ့ Animation ဖြစ်ခဲ့သလို အခုခေတ်ထိတိုင်အောင် ပရိတ်သတ်တွေရင်ထဲမှာ စွဲမြင်နေခဲ့တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်... ဇာတ်လမ်းလေးရဲ့အကျဉ်းကိုပြောရမယ်ဆိုရင်ဖြင့် အရမ်းကိုမောက်မာတဲ့မင်သားလေးတစ်ပါးဟာ လူတိုင်းကိုမောက်မောက်မာမာနဲ့ဆက်ဆံခဲ့တာကြောင့် တစ်နေ့မှာ အဘွားအိုကြီးတစ်ယောက်ရောက်လာခဲ့ပြီးတော့ အရမ်းအေးလွန်းတာကြောင့် မင်းသားလေးရဲ့ရဲတိုက်မှာ ခဏလောက်တည်းခိုခွင့်တောင်းခဲ့ပါတယ်... ဒါပေမယ့် မင်းသားလေးဟာ ညစ်ပတ်စုတ်ပြတ်လှတဲ့ အဘွားအိုကြီးရဲ့ပုံစံကိုကြည့်ပြီးတော့  မောက်မောက်မာမာနဲ့နှင်ထုတ်ခဲ့ပါတယ်... အဲ့ဒီအချိန်မှာ အဘွားအိုကြီးကနေ နတ်သမီးတစ်ပါးအဖြစ်ပြောင်းလဲသွားပြီးတော့ မင်းသားလေးရဲ့ရင်ထဲမှာချစ်ခြင်းတရားမရှိတာကိုသိသွားတဲ့ နတ်သမီးက မင်းသားလေးကို အလွန်ရုပ်ဆိုးတဲ့တောရိုင်းသတ္တ၀ါကြီးအဖြစ်ပြောင်းခဲ့ပါတယ်... သူတင်မကပဲ ရဲတိုက်ကြီးထဲမှာနေတဲ့ လူတွေအားလုံးကိုအသွင်ပြောင်းပြီးအပြစ်ပေးခဲ့ပါတယ်.. နတ်သမီးက သူ့ကို ပေးခဲ့တဲ့နှင်းဆီပန်းက တကယ်တော့ မှော်ဝင်နှင်းဆီပန်းပါ... အဲ့ဒီပန်းဟာ သူ့ရဲ့အသက် ၂၁ နှစ်ပြည့်မှာ ပွင့်မှာဖြစ်ပြီးတော့ တကယ်လို့ အဲဒီ ၂၁ နှစ်မွေးနေ့မတိုင်ခင် သူရင်ထဲအချစ်ရှိလာပြီးတော့ မိန်းကလေးတစ်ယောက်အဲချစ်နိုင်ခဲ့ရင် အဲ့ဒီသူချစ်ရတဲ့မိန်းကလေးကလည်း အဲဒီပန်းရဲ့နောက်ဆုံးပွင့်ဖတ်မကြွေခင် အချိန်မှာ သူ့ကိုပြန်ပြီးတော့ချစ်နိုင်ခဲ့ရင် သူ့အပေါ်ကိုပြုလုပ်ထားတဲ့  နတ်သမီးရဲ့ကျိန်စာက ပျက်ပြယ်သွားမှာပဲဖြစ်ပါတယ်... ဒီလိုမဟုတ်ပဲ မင်းသားလေးဟာ ဒီတိုင်းဆက်ပြီးနေဦးမယ်ဆိုရင်တော့ သူဟာထာဝရဒီရုပ်ဆိုးသတ္တ၀ါကြီးအနေနဲ့ပဲ ဆက်လက်ရှင်သန်သွားရမှာပါ... ကဲ ချစ်ခြင်းတရားက အရာရာကိုပြောင်းလဲသွားစေနိုင်လား... အချစ်ဆိုတာ ရိုင်းစိုင်းတဲသူကို သိမ်မွေ့အောင်လုပ်ပေးနိုင်မလားဆိုတာ.... ချစ်စရာ Animation ကာတွန်းပုံရိပ်လေးများနဲ့  အိပ်ရာဝင်ပုံပြင်လေးအဖြစ် အိပ်ခါနီး ကြည့်လိုက်ရအောင်လားဗျာ...Quality…..BluRay 1080p Duration…..01:24:00 Format…Mp4 File Size…(657 MB , 329 MB ) Encoder…..Moe ...
movie
1991
Dragon Nest: Warriors’ Dawn 6.3
Dragon Nest: Warriors’ Dawn   တစ်ခါတုန်းက ကမ္ဘာပေါ်မှာ အယ်လ်တီရာဆိုတဲ့နယ်မြေကြီးတစ်ခုရှိခဲ့တယ်....လူသား.. နတ်သူငယ်.. မိစ္ဆာသားရိုင်းကောင်နဲ့ နဂါးတွေကို ပိုင်းခြားပေးထားတဲ့ နယ်မြေတစ်ခုပေါ့...လူသားနဲ့နတ်သူငယ်တွေပေါင်းပြီး မိစ္ဆာကောင်တွေနဲ့နဂါးတွေကို တိုက်ထုတ်ခဲ့ကြပေမယ့်သူတို့အချင်းချင်းလည်း နယ်မြေလုရင်း တိုက်ပွဲဖြစ်ခဲ့ကြတယ်....ဒီလို ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာ သူတို့အတွက် ဘုံရန်သူကြီး ပေါ်ပေါက်လာတော့တယ်...မကောင်းဆိုးရွားစွမ်းအင်တွေအပြည့်နဲ့ အနက်ရောင်နဂါးကြီးတစ်ကောင်ပေါ့...အဲ့ဒီအတွက် လူသားန့နတ်သူငယ်တွေ မဟာမိတ်ဖွဲ့ပြီးလူသား နတ်သူငယ် မှော်ဆရာ(စုန်း) တို့တွေပါဝင်တဲ့ စစ်သည်တော်တစ်ဖွဲ့ပေါ်ပေါက်လာတဲ့အခါမှာတော့ .....သူတို့တွေ နဂါးကြီးကို နှိမ်နင်းနိုင်ကြမလား ?ဘာတွေဆက်ဖြစ်လာကြမလဲ ?ဆိုတာတွေကိုတော့ ဟောဒီကာတွန်းရုပ်ရှင်လေးထဲမှာ ခံစားကြည့်ရှုကြပါကုန် ....ဒီရုပ်ရှင်လေးဟာ တရုတ်ပြည်ရဲ့ အားပေးသူအများအပြားရရှိထားတဲ့ ကာတွန်းရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်...အထူးသဖြင့် ချစ်စရာကောင်းတဲ့ ဇာတ်ကောင်လေးတွေက ပရိတ်သတ်ကို အဓိက ဆွဲဆောင်သွားနိုင်ခဲ့တာပါ...Special အနေနဲ့ဆို နတ်သူငယ်မလေး လီယာ(ကြာပန်းလေး) ကတော့ ပရိတ်သတ်အချစ်တော်လေးပေါ့ဗျာ...ကဲ တကယ်ကောင်းမကောင်းကို ကြည့်ရှုခံစားကြည့်လိုကိကြပါဦးဒီဇာတ်ကားလေးကို ကြည့်ပြီးသူတွေရှိပေမယ့် မကြာခင်မှာ ဒီကားရဲ့အဆက် Dragon Nest : Throne Of Elves ဆိုတဲ့ကား ထပ်ထွက်လာတော့မှာဖြစ်လို့ အစပျိုးတဲ့အနေနဲ့တင်ဆက်ပေးလိုက်တာပါ(စာတန်းထိုးပြီးတဲ့အထိကြည့်လိုက်ပါဦး ခွေးလေးတွေကို ...
movie
Dragon Nest: Warriors’ Dawn
2014
Leap! (2016) 6.8
Leap! (2016) Leap! (2016)_____IMDb - 6.8/10၁၈၇၉ ခုနှစ် ပြင်သစ်ကို ဇတ်အိမ်တည် အခြေခံရိုက်ကူးထားတဲ့ Animated ကာတွန်းကား Ballerina ထဲက နှစ်လိုဖွယ်မိဘမဲ့ကလေးငယ်လေးရဲ့ အိမ်မက်ဟာ ကချေသည်တစ်ယောက်ဖြစ်လာဖို့ပါပဲ။ ဆံပင်အနီရောင်နဲ့ ကလေးမလေး Félicie (အသံသရုပ်ဆောင် Elle Fanning) ဟာ ဘရစ်တနီက သူတို့ရဲ့မိဘမဲ့ဂေဟာကနေ သူ့အချစ်ဆုံးသူငယ်ချင်း Victor (Dane DeHaan) နဲ့အတူထွက်ပြေးသွားခဲ့ပါတယ်။ သူမရဲ့အိမ်မက်ဖြစ်တဲ့ ဘဲကလေးကချေသည်တစ်ဦးဖြစ်လာဖို့နဲ့ ဗစ်တာကတော့ တီထွင်သူတစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်ချက်တွေနဲ့ပေါ့။ ပဲရစ်မြို့တော် ။ ကောင်လေးကတော့ နာမည်ကျော် Gustave Eiffel ရဲ့အလုပ်သင် တပည့်တစ်ယောက်ဖြစ်လာခဲ့ပြီး ကောင်မလေးကတော့ လူချမ်းသာမိန်းကလေးတစ်ယောက်ရဲ့နာမည်ကိုယူပြီး ကဇတ်ရုံမှာ ဘဲလေးကချေသည်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ကဇတ်ရုံမှာ အကပညာသင်ယူခွင့်ရဖို့ဆိုတာ ငွေကြေးပြည့်စုံတဲ့ အထက်တန်းလွှာဖြစ်ရုံတင် မကပဲကြိုးစားအားထုတ်မူနဲ့မှ ရောက်ရှိနိုင်တဲ့နေရာပါ။ ပျော်ပျော်နေတတ်တဲ့ Félicie ရဲ့ချစ်စဖွယ်အကျင့်လေးကပဲ သူမကိုအောင်မြင်တဲ့ဘဝဆီကို ရောက်ရှိအောင် ကူညီပေးခဲ့တယ်ဆိုရပါမယ်။ သူ့ရဲ့ ချစ်စရာ သူငယ်ချင်းလေး DeHaan ရဲ့ Victor နဲ့အတူပေါ့။ ရယ်စရာလေးတွေလဲ ဟိုနားဒီနားပါပါသေးတယ်။ ဒါပေမဲ့ ဒီနေရာမှာကတော့ မှော်ဆန်တဲ့ ...
movie
Leap! (2016)
2016
The Lego Movie (2014) 7.7
The Lego Movie (2014) The Lego Movie (2014) IMDb - 7.7/10_____Rotten - 96%  သာမန်ဆောက်လုပ်ရေးလုပ်သားလေး အန်းမက်ဟာပုံမှန်သမားရိုးကျအတိုင်းနေထိုင်တတ်သူဖြစ်ပြီး ညွှန်ကြားချက်တွေ စည်းမျဉ်းစည်းကမ်းတွေကိုအတိအကျလိုက်နာတတ်သူ စာအုပ်ကြီးသမားဖြစ်ပါတယ်… တစ်နေ့မှာတော့ သူဟာ  ကမ္ဘာကြီးကိုကယ်တင်ပေးနိုင်မယ့် ပစ္စည်းအပိုင်းအစတစ်ခုကို မတော်တဆရှာဖွေတွေ့ရှိမိရာမှ ဒဏ္ဍာရီလာသူရဲကောင်းအဖြစ်မှားယွင်းယုံကြည်ခြင်းခံရပါတော့တယ်… ဒါပေမယ့်သူဟာ ဘာကိုမှမတီထွင်တတ်သူဖြစ်တဲ့အတွက် သူဦးဆောင်ရမယ့်သူရဲကောင်းအမျိုးမျိုး Batman,Superman တို့ကြားမှာ အခက်အခဲတွေကြုံတွေ့လာရပါတယ်… အဲ့ဒီလိုအခြေအနေကြားထဲမှ အန်းမက်ဟာ ဘယ်နည်းဘယ်ပုံနဲ့ အားလုံးကိုဦးေဆောင်နိုင်မယ်ဆိုတာတွေ ကမ္ဘာကြီးကိုကယ်တင်နိုင်မယ်ဆိုတာတွေကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပါ… ချစ်စရာAnimationတွေ နဲ့ဒီmovieလေးဟာ ကိုယ်တွေရဲ့နေ့စဉ်လူနေမှုဘဝကိုထင်ဟပ်နေပြီး လူတိုင်းဟာ အသီးသီးထူးခြားကြပြီးသူရဲကောင်းတွေဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်း မီးမောင်းထိုးပြထားပါတယ်…     Quality…..BluRay Rip 1080p Duration…..01:40:00 Format…Mp4 File Size…(720 MB) Encoder…..Moe Myint Lwin Translator…..May Thazin Myint
movie
The Lego Movie (2014)
2014
Alice in Wonderland (1951) 7.4
Alice in Wonderland (1951)   Animation ကားကောင်းလေးတစ်ကားဖြစ်တဲ့ Alice In Wonderland စာ 1951 ခုနှစ်ကထွက်ရှိထားခဲ့ပြီးတော့ Movie ပြန်ရိုက်ရတဲ့အထိကိုအောင်မြင်မှု့ရရှိခဲ့ပါတယ်.... ဇာတ်လမ်း အကျဉ်းကိုပြောပြရမယ်ဆိုရင် ယုန်လေးတစ်ကောင်နောက်ကို စူးစမ်းပြီးလိုက်ခဲ့တဲ့ အဲလပ်လေးတစ်ယောက် သူစိတ်ကူးထားတဲ့ သူတကယ်ဖြစ်ချင်နေတဲ့ ထူးဆန်းပြီး အပြင်မှတကယ်မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်ကမ္ဘာလေးထဲကိုရောက်ရှိသွားခဲ့ပါတယ်... မြင်မြင်သမျှအရာအားလုံးက သူမအတွက်တော့တကယ်ကိုအထူးဆန်းတွေချည်းပဲဖြစ်နေလို့ နောက်ဆုံးတော့ သူမအိမ်ကိုပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်... အဲ...ဒါပေမယ့် သူမအိမ်ပြန်ဖို့လမ်းရှာနေတဲ့အချိန်မှာ အနီရောင်ဘုရင်မနဲ့စတွေ့ပါတော့တယ်... အနီရောင်ဘုရင်မကတော့ ရက်စက်တဲ့နေရာမှာ နှစ်ယောက်မရှိသူပါ... ဒီလိုရက်စက်တဲ့ အနီရောင်ဘုရင်မလက်ထဲကနေ လွတ်မြောက်အောင် အဲလပ်လေးဘယ်လိုလုပ်မလဲ... သူမအိမ်ကောပြန်ရောက်နိုင်မလားဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်.... ဒီကားလေးဟာတော့ Animation ကြိုက်သူများအတွက်အထူးသင့်တော်တဲ့ ညအိပ်ရာဝင်ပုံပြင်ကားလေးပဲဖြစ်ပါတယ်.. မိဘများအနေနဲ့လည်းသားသားလေး မီးမီးလေးများကို အိပ်ခါနီးအချိန် ပြသပြီးချော့သိပ်လို့ရပါတယ်...Quality…..BluRay 1080p Duration…..01:15:00 Format…Mp4 File Size…(539 MB , 306 MB ) Encoder…..Moe Myint Lwin Translator…..Myat Ko Ko Download with VIP Link  Download with Openload  Download with Openload (Small Size)  
movie
1951
Ozzy (2016) 5.6
Ozzy (2016) သူ့ရဲ့မိသားစုကအပန်းဖြေခရီးသွားတဲ့အခါ အိမ်ချစ်ခွေးလေးတစ်ကောင်ဖြစ်တဲ့Ozzy တစ်ကောင် ခွေးလေးတွေရဲ့ အကောင်းဆုံးသောအပန်းဖြေရာနေရာတစ်ခုလို့ကြေငြာထားတဲ့နေရာမှနေခဲ့ရပါတယ်....ဘာလို့လဲဆိုတော့ သူ့ကိုပါတစ်ခါတည်းခေါ်သွားလို့မရလို့ပါပဲ....တီဗွီမှာ အကောင်းဆုံးဆိုတဲ့ခွေးလေးတွေရဲ့အကောင်းဆုံးနေရာက တကယ်လည်းရောက်သွားတဲ့အခါမှာထောင်နန်းတစ်ခုသာဖြစ်တယ်ဆိုတာကို ခွေးလေး Ozzy သိလိုက်ရတဲ့အချိန်ကတော့တကယ်ကိုနောက်ကျသွားခဲ့ပြီပဲဖြစ်ပါတယ်....ဘာလို့လဲဆိုတော့ အဲ့ဒီခွေးထောင်လို့ပြောလို့ရမယ် နေရာမှာ သူ့လိုပဲခွေးလေးတွေအများကြီးရှိနေတာမို့လို့ပါ...ခွေးလေးတွေကို ဘာလို့ဖမ်းလဲ....ဘာလို့ဒီလိုချုပ်နှောင်ပြီးထောင်ချထားတာလဲ....အဖြေကတော့ရှင်းရှင်းလေးပါ ခွေးလေးတွေရဲ့ဇိမ်ခံနေရာလို့ကြေငြာထားပြီး ပိုင်ရှင်တွေကလာထားသွားတာနဲ့အကြောင်းအမျိုးမျိုးပြပြီးတော့ ခွေးလေးတွေကို လက်စဖျောက်ကာ ပြန်မပေးပဲထောင်ထဲထည့်တဲ့ ပိုင်ရှင်သူဌေးကြောင့်ပါ....ခွေးလေးကို ခိုင်းပြီးတော့ သူဟာ သူ့ရဲ့အလုပ်တွေကိုခိုင်းစေခဲ့ပါတယ်...အဲ တချို့ခွေးတွေဆို ထောင်ဆိုတဲ့အတိုင်း အရမ်းဆိုးလို့ တိုက်ပိတ်ခံထားရတာတွေတောင်ရှိပါတယ်....စားရတဲ့ ဟာတွေကလည်းတကယ့်ကို မသတီစရာတွေပါ...ဒါကြောင့် အိမ်မှာလိုတရနေပြီး ဇိမ်ကျနေတဲ့ ခွေးလေးOzzy တစ်ကောင်ဒီလိုဆိုးရွားလှတဲ့နေရာမှာရောက်လာတဲ့အခါနေလို့လုံးဝမရခဲ့ပါဘူး....ဘယ်လိုလုပ်ပြီးတော့ပျော်မှာလဲ...ဒီတော့ သူဘာလုပ်မလဲ ???လွယ်ပါတယ်....သူ Prison Break ကားထဲကလို နည်းလမ်းမျိုးစုံခေါင်းက ဉာဏ်ကာလာမျိုးစုံနဲ့ ထောင်ဖောက်တော့မှာပဲဖြစ်ပါတယ်...အဲ့ဒီတော့ ဒီကောင်လေး ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီးတော့ ထောင်ဖောက်မလဲဆိုတာစိတ်ဝင်တစားနဲ့ကြည့်လိုက်ရအောင်ဗျာ...ဒီကားလေးကတော့ ခွေးလေးတွေကိုချစ်တတ်တဲ့သူတွေကော တိရိစ္ဆာန်လေးတွေကို ညှင်းပန်းနှိပ်စက်တဲ့သူတွေအတွက်အထူးရည်စူးပြီးတော့ တင်ဆက်ထားတာပဲဖြစ်ပါတယ်..တိရိစ္ဆာန်လေးတွေကို ညှင်းပန်းနှိပ်စက်မှု့တွေ ကင်းဝေးကြပါစေ.....        Quality…..BluRay 1080pDuration…..01:30:00 Format…Mp4 File Size…1.65GB Encoder…..Moe Myint Lwin Translator…..May
movie
Ozzy (2016)
2016