Channel Myanmar
Asian
My Best Friend’s Wedding (2016) 5.1
My Best Friend’s Wedding (2016) My Best Friend's Wedding (2016)_____IMDb - 5.1/10   ဒီတစ်ခါ ဇာတ်ကားလေးကတော့ IMDb 5.1 ရရှိထားတဲ့ Romance/Comedy Chinese ဇာတ်ကားလေးဖြစ်ပါတယ် အဓိက သရုပ်ဆောင်တွေ အနေနဲ့ Ice Fantasy ဇာတ်ကားထဲက မင်းသား သရုပ်ဆောင် Shaofeng Feng နဲ့ နာမည်ကြီး တရုတ် မင်းသမီး Qi Shu တို့က သရုပ်ဆောင်ထားပါတယ်   ဇာတ်လမ်း အကျဉ်းပြောရရင် ငယ်ငယ်လေးကတည်းက အတူကြီးပြင်းလာရတဲ့ သူငယ်ချင်းနှစ်ယောက် ရှိတယ်။တစ်နေ့ သူငယ်ချင်းကောင်လေးက တစ်ခြား ကောင်မလေးကို လက်ထပ်တော့မယ်လို့ ပြောလာတဲ့ အချိန်မှာ သူငယ်ချင်း ကောင်မလေးက မခံနိုင်ဖြစ်ပြီး သူ့သူငယ်ချင်း ကောင်လေးရဲ့ အချစ်တွေ သူကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ မရစေရဘူးဆိုပြီး ကြုံးဝါးကာ ဘာတွေ ဆက်လုပ်မလဲ ဆိုတာတော့ ဇာတ်လမ်းထဲမှာ ထက်ရှူ့စားကြပါလို့..... ဇာတ်ကားလေးက ချစ်စရာကောင်းပါတယ် အတူတူကြီးပြင်းလာတဲ့ သူငယ်ချင်း ကောင်လေးနဲ့ ကောင်မလေးတွေ အတွက် ...
movie
My Best Friend’s Wedding (2016)
2016
You Lie In April (2016) 8.5
You Lie In April (2016)   ဧပြီလဂျပန်နိင်ငံမှာဆာကူရာပန်းတွေဖွေးဖွေးလှုပ်အောင်ပွင့်နေကြပါပြီမကြာခင်ပန်းပွင့်လေးတွေပြန်လည်ကြွေလွင့်ကြရဦးမှာပါဒီဇတ်ကားလေးဟာဧပြီလကိုအခြေခံထားပြီးဆာကူရာပန်းတွေနဲ့ဇတ်အိမ်တည်ထားတဲ့ဇတ်ကားတစ်ကားဆိုလည်းမမှားပါဘူးမင်းသားကဂျပန်နိင်ငံရဲ့နာမည်ကျော်မင်းသားဖြစ်တဲ့ယာမာဇာကီကန်တိုက ခေါင်းဆောင်ပါဝင်ထားပါတယ် ငယ်ငယ်လေးကတည်းကမိခင်ဖြစ်သူရဲ့သင်ကြားမှုကြောင့်စန္ဒယားကိုကျွမ်းကျင်ပြောင်မြောက်စွာတီးခတ်နိင်သူကိုဆဲအိ(ကန်တို)တစ်ယောက် မိမိဝါသနာပါတဲ့စန္ဒယားကိုစွန့် လွတ်ပြီးဘယ်လိုစခန်းသွားမလဲဘာကြောင့်စန္ဒယားတီးခြင်းကိုစွန့်လွတ်လိုက်ရတာလဲစန္ဒယားနဲ့ကင်းကွာနေတဲ့ကိုဆဲအိအနားကိုမထင်မှတ်ပဲရောက်ရှိလာတဲ့ တယောဆရာမလေးကအိုရီသူကကောဘယ်သူလဲဘယ်ကလဲကအိုရီကိုချစ်မိသွားတဲ့ကိုဆဲအိတစ်ယောက်ကအိုရီတီးခတ်စေချင်တဲ့စန္ဒယား ကိုပြန်လည်တီးခတ်မလားဆိုတာစိတ်ဝင်စားစရာပါငယ်စဉ်ကတည်းကကိုဆဲအိအပေါ်သူငယ်ချင်းထက်ပိုတဲ့သံယောဇဉ်ဖြင့်ချစ်မိနေတဲ့စုဘကိသူ ကကောကိုဆဲအိရဲ့အချစ်ကိုရနိင်ပါ့မလားဆိုတာစိတ်ဝင်တစားစောင့်ကြည့်ရမှာပါဂျပန်မန်းဂကိုအခြေခံထားတဲ့ဒီဇတ်ကားဟာဂျပန်မှာလူငယ်ပရိတ်သတ်တွေကြားသည်းသည်းလှုပ်ဖြစ်သွားတာလည်းမထူးဆန်းလှပါဘူးဒီဇတ်ကားမှာဆာကူရာပန်းတွေရဲ့အလှကိုလည်းခံစားရဦးမှာပါ ထွက်လာတာသိပ်မကြာသေးတဲ့ဒီဇတ်ကားကိုပရိတ်သတ်တွေ အမြန်ကြည့်စေချင်တာကြောင့်အမြန်ဆုံးနဲ့အကောင်းဆုံး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဇတ်ကားရဲ့ အညွန်းကိုသေချာပြောပြနေရင် ဒီဇတ်ကားရဲ့ရသပျက်သွားမှာစိုးရိမ်မိတဲ့အတွက်သေချာ မပြောပြတော့ပါဘူးသေချာတာတစ်ခုကတော့ဒီဇတ်ကားဟာ ရင်ထဲမှာတခုခုကျန်ရစ်ခဲ့စေမယ့်ဘေကုန်ရကျိုးနပ်မယ့်ဇတ်ကားတစ်ကားလို့ထပ်လောင်းပြောကြားရင်း မြန်မာ့နစ်သစ်ကူးအခါသမယသင်္ကြန်အချိန်မှာ အားလုံးဘေးရန်ကင်းရှင်းစွာနဲ့ပျော်ရွင်နိင်ပြီးလိုရာဆန္ဒတွေလည်းပြည့်ဝပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ဘာသာပြန်နဲ့အညွန်းကကိုစိုးထွေးပါဗျDownload Large File Download Small File
movie
You Lie In April (2016)
2016
Fabricated City (2017) 6.9
Fabricated City (2017) Fabricated City (2017) IMDb - 6.9/10_____Rotten - 67%    ဒီဇာတ်ကားလေးက K2 မင်းသားလေးရဲ့ ၂၀၁၇ ထွက် Action ဇာတ်ကားလေးပါ၊ ဇာတ်လမ်းမှာ Ji Chang Wook က နိုင်ငံံလက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမားဟောင်းတစ်ဦး ရန်ငြိုးရန်စ မရှိတဲ့ အင်တာနက်ဂိမ်းကို အစွဲအလန်းကြီးတဲ့လူငယ်လေးတစ်ဦးပါ။ ဂိမ်းထဲမှာတော့ သူက ကွန်မိုဒိုခေါင်းဆောင် ကပ္ပတိန်တစ်ယောက်ပါ။ တစ်နေ့တော့ ဂိမ်းဆိုင်မှာ ကျန်ခဲ့တဲ့ လက်ကိုင်ဖုန်းလေး သွားပြန်ပေးခဲ့တယ်။ သူဖုန်းသွားပြန်ပေးခဲ့တဲ့ ကောင်မလေးက မုဒိမ်းကျင့်ပြီး အသတ်ခံရတဲ့အမှုမှာ သူ တရားခံဖြစ်သွားတယ်။ မှုခင်းဆေးပညာအရ စစ်ဆေးထားတဲ့ရလဒ်တွေအရ DNAရော လက်ဗွေရာ အားလုံးဟာ သူဘာမှမလုပ်ရဘဲနဲ့ကို မငြင်းနိုင်လောက်အောင်ကို သက်သေတွေက ပြည့်စုံနေလေရဲ့။ “အစားမတော်တစ်လုတ် အသွားမတော် တစ်လှမ်း” ဆိုသလိုလဲ မင်းသားလေး ရေတိမ်နစ်ပြီး ထောင်နန်းတစ်သက်တစ်ကျွန်း ကျခံဖို့ အပြစ်ပေးခံရလိုက်ရတယ်။ မင်းသားလေး အမေကလည်း ဒီအမှုကနေလွတ်အောင် အပြင်ကနေ အမျိုးမျိုးကြိုုးစားပေးနေရှာတယ်။ ဒီအမှုကို သူ့အမေ အယူခံဝင်နိုင်တဲ့အခါ သူ မကျူးလွန်ထားတဲ့အမှုကနေလွတ်ဖို့ ထောင်ထဲမှာ ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရင်းက သူ့အမေလည်း ရုတ်တရက် ...
movie
Fabricated City (2017)
2017
Heartfall Arises (2016) 4.6
Heartfall Arises (2016) ဒီနေ့ရုပ်ရှင်အကြို ခံစားဖို့အတွက် ကိုတော့ ဟောင်ကောင် တရုတ်မှု ခင်း၊ အက်ရှင်၊ ဒရာမာဇာတ်ကား လေးအကြောင်း ဖော်ပြပေးလိုက် ပါတယ်။အပစ်အခတ်နဲ့ အစဖွင့်ထား တဲ့ ဒီဇာတ်လမ်းမှာ ရဲစုံထောက် ဂျွန်မာဟာ လူသတ်သမား Generalနဲ့ အပြန်အလှန်ပစ်ခတ်နေတုန်း ဂျွန်မာဟာ General ရဲ့ ခေါင်းကို သေနတ်နဲ့ပစ်ပြီး ရှင်းလိုက်နိုင်သ လို စုံထောက်မာလည်း နှလုံးတည့် တည့်ကို သေနတ် မှန်သွားခဲ့ပါ တယ်။ ဒါပေမဲ့လည်း ကံကောင်း စွာနဲ့ အချိန်မီနှလုံးအစားထိုး ကုသ နိုင်ခဲ့တာကြောင့် ဂျွန်မာအသက် ရှင်သန်ခွင့်ရခဲ့ပါတယ်။ဆေးရုံမှာ ကုသခံနေတုန်းမှု ခင်းဆိုင်ရာ စိတ်ပညာရှင်ကယ်လ် ဗင်ချဲနဲ့ ဆုံခဲ့ပြီး တကယ်တော့ သူ တို့နှစ်ယောက်ဟာ တစ်ချိန်တုန်း က တရုတ်စစ်တုရင်မာစတာတွေ ပဲ ဖြစ်ပါတယ်။နိုင်ငံတစ်လွှားမှာ ခန္ဓာကိုယ် အစိတ်အပိုင်းရယူဖို့အတွက် သတ်ဖြတ်ခံရတဲ့ မှုခင်းတွေများလာတဲ့ အတွက် ရဲစုံထောက်မာနဲ့ စိတ်ပညာရှင်ချဲတို့နှစ်ယောက်အတူ ...
movie
Heartfall Arises (2016)
2016
Railroad Tigers (2016) 5.8
movie
Railroad Tigers (2016)
2016
Time Renegades (2016) 6.8
Time Renegades (2016) IMDb (6.9/10) ထိရရှိထားတဲ့ ဒီကိုရီးယားဇာတ်ကားမှာ မင်းသား Jo Jung‑suk,Lee Jin‑wook နဲ့ မင်းသမီး Im Soo‑jung တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့......၁၉၈၀ က လူတစ်​​ယောက်​နဲ့ ၂၀၁၅ က လူတစ်​​ယောက်​ တစ်​​ယောက်​အ​ကြောင်းတစ်​​ယောက်​ အိပ်​မက်​​တွေအပြန်​အလှန်​မက်​ပြီး သူတို့နှစ်​​ယောက်​ချိတ်​ဆက်​မိကြတယ်​။ အတိတ်​ဘဝကလူရဲ့ချစ်​သူ အသတ်ခံရပြီး​ သူနဲ့ဆိုင်​တဲ့ လူ​တွေလဲ တစ်​​ယောက်​ပြီးတစ်​​ယောက်​ ပုံစံတစ်​အ​မျိုးတည်းနဲ့ အသတ်​ခံရပါ​တယ်​။ ဒီလူသတ်​သမားဟာ ယခုဘဝကလူရဲ့ချစ်​သူကိုပါ သတ်​ဖို့ ကြိုးစားလာပါ​တော့တယ်​။ ဒါကို အရင်​ဘဝကလူက ကြိုမြင်​ပြီး..လူသတ်​သမားကို လိုက်​ဖမ်းဖို့ကြိုးစားပါ​တယ်​။ အချိန်မတူတဲ့ လူနှစ်ယောက်...တစ်ယောက်ရဲ့ အနာဂတ်ကို တစ်ယောက်က ကြိုတင်မြင်နေကြပြီး သေလုမျောပါးပြေးလွှားရမယ့်အဖြစ်က ဘယ်လောက်ထိစိတ်လှုပ်ရှား ရင်ခုန်စရာကောင်းမယ်ဆိုတာ ခံစားကြည့်ရှုကြပါဦး။(Myint Thinzar မှခံစားတင်ဆက်ထားတာပါ။)  File size…(900MB) and (430MB) Quality…HD-Rip 720p Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
Time Renegades (2016)
2016
Mission Milano (2016) 3.9
Mission Milano (2016) မင်းသားကြီး Andy Lau ဦးဆောင်ပါဝင်တဲ့ ဒီဇာတ်ကားဟာ စွန့်စား အက်ရှင် ဟာသ အမျိုးအစား ဟောင်ကောင်ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့.......လူးဝစ္စလော်ဟာ နည်းပညာ ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်ပြီး လူ သိများတဲ့ လူချမ်းသာ စွန့်ဦးတီ ထွင်လုပ်ငန်းရှင်တစ်ယောက်ပါ။ ဒီဂုဏ်ပုဒ်တွေရဲ့ နောက်ကွယ်မှာ တော့ သူဟာ ကိုယ်ခံပညာမာစ တာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဘိုး ဘေးဘီဘင်တွေက ချမ်းသာတဲ့ လူတွေဆီက ခိုးယူပြီး မရှိဆင်းရဲ သားတွေကို အလှူအတန်းပေးတဲ့ သူတော်ကောင်းသူခိုးတွေအဖြစ် အစဉ်အဆက်လုပ်ခဲ့ကြတာပါ။အမျိုးအဆွေတွေရဲ့ ကောင်းမွေကို လက်ခံရရှိထားတဲ့ လူးဝစ္စ လော်ဟာလည်း မတရားမှုတွေအ တွက် တိုက်ပွဲဝင်သလို အမှုမှန် ပေါ်ပေါက်ဖို့အတွက်လည်း ရဲတွေကို အကူအညီပေးပါတယ်။တစ်ရက်မှာတော့ လူးဝစ္စ ဟာ ဆွစ်ဇာလန်တက္ကသိုလ်ရဲ့ ရန်ပုံငွေနဲ့ သီးနှံစိုက်ပျိုးမရတဲ့မြေမှာ တစ်မိနစ်အတွင်း သီးနှံစိုက်နိုင်တဲ့ Seed of God ကို တီထွင်နိုင်ခဲ့ပြီး ပြိုင်ဘက်တွေကို ကျော်လွှားကာ စိုက်ပျိုးရေးလောကမှာ ...
movie
Mission Milano (2016)
2016
Our Times (2015) 7.4
movie
Our Times (2015)
2015
First Time (2012) 6.5
movie
First Time (2012)
2012
The Guardian Brothers (2016) အချောချောတွေနဲ့ ...........နတ်သားလေး၂ယောက်ဟာတကယ်ပဲလူတွေရဲ့စိတ်ကိုပြောင်းလဲအောင်လုပ်နိုင်မလား ဘယ်လိုအန္တရယ်ဆိုးတွေနဲ့ရောကြုံရမလဲဆိုတာတော့ ပရိတ်သတ်ကြီးရေကြည့်လိုက်ပါဦးလို့....... ဒီဇတ်ကားလေးကိုကြည့်ရင်းအာရုံကိုလွှမ်းမိုးလာတာက ဖတ်ဖူးခဲ့တဲ့ သာသနာသက္ကရာဇ်နဲ့ဆိုင်တဲ့အကြောင်းလေးပါပဲသာသနာသက္ကရာဇ် ၃ဝဝဝကျော်ခဲ့ရင် လူတွေဟာအယူအဆလွဲမှားမှုတွေနဲ့ ပျက်ကိန်းဆိုက်မယ်လို့ ဆိုထားတာပါ ဒီဇတ်ကားလေးထဲမှာဆိုရင်လူတွေဟာ ခတ်မှီစက်ကိရိယာတွေ နည်းစနည်တွေစည်းကမ်းတွေလွှမ်းမိုးမှုအောက်မှာ ပျော်မွေ့နေလေတော့ ဘာသာရေးလိုက်စားမှု ဆိုတာမရှိသလောက်ဖြစ်နေတယ် ဇတ်ကားကျောရိုးက ပိုပိုသာသာလေးပြထားတယ်ဆိုပေမဲ့ကျွန်တော်တို့မျက်မှောက်ခေတ်အပြင်လောကနဲ့ဆက်စပ်ကြည့်တော့တော်တော်လေးလည်းမှန်နေတယ် ကောင်းမွန်တဲ့နိမိတ်ပြဇတ်ကားလေးလို့တောင်ဆိုရမယ်ထင်တယ် ကိုင်းရေးတာလည်းရှည်ပြီဗျာ ခံစားကြည့်လိုက်ပါဦးလို့
movie
The Guardian Brothers (2016)
Evergreen Love (2016) 6.7
Evergreen Love (2016) IMDb (6.7/10) နဲ့ Asian wiki Rating (94)  ရရှိထာတဲ့ဂျပန်ဇာတ်ကားလေးပါ။ဇာတ်လမ်းလေးကတော့.....ဆာယာက (Mitsuki Takahata) ဟာ သာမန်ရုံးဝန်ထမ်းတစ်ယောက်ဖြစ်ပြီး အချစ်ရေးရော အလုပ်မှာပါ အဆင်မပြေသူတစ်ယောက်ပေါ့…တစ်ညတော့အိဆုကိ(Takanori Iwata) ကို အိမ်ရှေ့မှာတွေ့လိုက်ရပြီး အတူတူနေဖို့ အကြောင်းဖြစ်လာတယ်…အိဆုကိဟာ ဆာယာကကို ဟင်းချက်သင်ပေး အပင်တွေအကြောင်းရှင်းပြရင်း ရင်းနှီးခဲ့ပေမယ့် တကယ်တော့အိဆုကိမှာ ဖုံးကွယ်ထားတဲ့လျို့ဝှက်ချက်ရှိပါတယ်…လျို့ဝှက်ချက်က ဘာဖြစ်မလဲ?? ဆာယာကနဲ့အိဆုကိတို့နှစ်ယောက် တကယ်ရေစက်ဆုံနိုင်မလားဆိုတာတော့ ဇာတ်လမ်းလေးကို ကြည့်ပြီး အဖြေရှာလိုက်ကြပါတော့...။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကတော့ Chu Qiao ဖြစ်ပါတယ်။)  File size…(950MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:52:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung    Download and Watch 720p HD (VIP Link) (or) Download 720p HD (pCloud)  Download Small File 360p (450MB)   
movie
Evergreen Love (2016)
2016
Love H2O (2015) 5.5
Love H2O (2015) အသည်းကွဲဖူးတဲ့လူတွေရှိကြလား? အသည်းကွဲရင် ဘာတွေများလုပ်ကြလဲ? ဒီဇာတ်ကားလေးထဲမှာတော့ ကောင်မလေးက သူ့ချစ်သူရဲ့ စွန့်ပစ်ခြင်းကိုခံလိုက်ရတယ်...ဒါနဲ့ မိန်းကလေးတို့ ထုံးစံအတိုင်း လက်စားချေလိုစိတ်အပြည့် နာကျည်းစိတ်တို့နဲ့ ရည်းစားဟောင်းရဲ့မင်္ဂလာပွဲကို သူ့ထက်သာတဲ့ကောင်လေးနဲ့တွဲပြီး ပွဲသွားတက်ဖို့ကြံစည်တာပေါ့... ဒီလိုကြံစည်ရာမှာ သူ့ကို စိတ်ဝင်စားတဲ့ကောင်လေးသုံးယောက်နဲ့ ဘယ်လိုဇာတ်လမ်းတွေလုပ်ပြီး ဘယ်လိုအရှုပ်ထုပ်တွေဖြစ်လာမလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။၂၀၁၅ ထွက် ထိုင်းဇာတ်ကားလေးဖြစ်ပြီး Comedy/Drama/Romance ပရိတ်သတ်တွေအတွက် တင်ဆက်လိုက်ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်ထားသူကတော့ Myat Noe Thu ပါ။)  File size…(950MB) Quality…WEB-DL Rip 720p Format…mp4 Duration….01:51:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung    Download and Watch 720p HD (VIP Link) (or) Download 720p HD (pCloud)  Download Small File 360p (450MB)   
movie
Love H2O (2015)
2015
[18+] Utopians (2015) N/A
[18+] Utopians (2015) Utopians ကားဟာ ၁၈+ကားတကားဖြစ်ပါတယ် ၁၈+ဆိုပေမယ့် အခုခေတ်လူငယ်တွေမမှားသင့်မှားအပ်တာတွေ မစူးစမ်းသင့်တာတွေကို message ပေးတဲ့ကားလို့ပြောတာပိုသင့်တော်ပါတယ် Drama ကားတကားပါပဲ ဒါပေမယ့် heterosexuality...bisexuality.. homosexuality...ဆိုတဲ့ အပိုင်းသုံးပိုင်းလုံးကို ထည့်သွင်းရိုက်ပြထားတာကြောင့် ၁၈+ ကားတကားလို့ ကျနော်အနေနဲ့သတ်မှတ်လိုက်တာပါ အဓိကကတော့ ပညာပေးကားအနေနဲ့ ရိုက်ပြထားတဲ့ကားဆိုရင်လည်းမမှားပါဘူး ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ မင်းသားနဲ့ မင်းသမီးက တက္ကသိုလ်ကျောင်းသားချစ်သူတွေ....မင်းသားက ဒသနိကနယ်ပမယ်မှာ အတွေးလွန်ပြီးတော့ စူးစမ်းလေ့လာချင်သူတဦး... သူတို့ချစ်သူနှစ်ဦးကြားထဲကို သမရိုးကျဇာတ်လမ်းတွေအတိုင်းပဲ ကြားလူတယောက်ဝင်လာပါတယ်...သူကတော့ အဲ့ဒီစုံတွဲရဲ့ စာသင်ပေးတဲ့ကျောင်းဆရာပဲဖြစ်တယ်....ကျောင်းဆရာကလည်း စာစသင်တဲ့အချိန်ကတည်းက သူ့ဖာသာသူ Homosexuality  အမျိုးအစားပါလို့ အတိအလင်းကြေညာခဲ့ပြီးသား....မင်းသားရဲ့စူးစမ်းလေ့လာလိုစိတ်နဲ့ ကျောင်းဆရာရဲ့ပွင့်လင်းမှုတွေကြား မင်းသမီးဘယ်လိုလိုက်ဖြေရှင်းမလဲဆိုတာတွေ... ပြီးတော့ ဟောင်ကောင်ကားဖြစ်တဲ့အတွက် ဟောင်ကောင်ရဲ့ GAY RULE တွေ.. GAY LIFE တွေကို စိတ်ဝင်စားအောင်ရိုက်ပြထားတဲ့ဇာတ်ကားတကားပဲဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ Aung Pyay ဖြစ်ပါတယ်။)  File size…(850MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:34:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
[18+] Utopians (2015)
2015