Channel Myanmar
Asian
A millionaries First Love (2006) မြန်မာစာတန်းထိုး 7.4
A millionaries First Love (2006) မြန်မာစာတန်းထိုး    A Millionaires First Love ဇာတ်ကားဟာ IMDb Ratting 7.4 အထိ ရရှိထားတဲ့ အချစ်ဒရမ်မာ ဇာတ်ကားတကားဖြစ်ပါတယ်......ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် မင်းသားဂျေယောင်က အဖိုးဖြစ်သူဆုံးသွားပြီ သူ့အဖိုးထားရှိခဲ့တဲ့ အမွေနဲ့ဆိုးချင်တိုင်းဆိုး သောင်းကျန်းချင်တိုင်းသောင်းကျန်နေတဲ့သူတဦးဖြစ်တယ်...တနေ့မှာ သူ့အဖိုးရဲ့သေတမ်းစာချုပ်အရ အလွန်ဝေးကွာတဲ့ရွာတရွာမှာ ကျောင်းတက်ပြီး ဘွဲ့ရမှာသာလျှင် အမွေတွေလွှဲပြောင်းခံယူရမယ့်အရေးကြုံလာတယ် ...မဖြစ်မနေတက်ရတော့မှာပေါ့ ရွာက ကျောင်းမှာသွားတက်စဉ် မင်းသမီးအွန်ဟေးနဲ့တွေ့ဆုံပါတော့တယ် အွန်ဟေးကလည်း ရွာမှာမိဘမဲ့တယောက်နဲ့ဘ၀မှာ မနည်းရုန်းကန်နေရသူတယောက် စိတ်ထားကောင်းမွန်ပြီး သူငယ်ချင်းတွေရော မိဘမဲ့ကလေးတွေပါချစ်ခြင်းခံရသူ ဂျေယောင်နဲ့အွန်ဟေးဆုံတွေကြတဲ့အခါဘာတွေဖြစ်ကြမလဲ... ကိုယ့်ကိုကိုယ်မာနကြီးနေတဲ့သူဌေးသားဂျေယောင်တယောက် အွန်းဟေး ဆိုတာ မိမိနဲ့ ငယ်ငယ်ကတည်းက ကွဲသွားခဲ့တဲ့သူချစ်ရတဲ့သူမှန်းသိလိုက်ရတဲ့အခါ..... ဆက်လက်ကြည့်ရှုကြပါအုံး ၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့လို့ ဟောင်းနေပြီဆိုပေမယ့် ဘယ်အချိန်ကြည့်ကြည့် ကြည့်မိတိုင်းမရိုးပဲ ခံစားစေရတဲ့ romatic ကားကောင်းတကားဖြစ်ပါတယ် ဘာသာပြန်နဲ့ အညွန်းကိုတော့ ကိုအောင်ပြေ ကရေးသားပေးခဲ့တာပါ
movie
A millionaries First Love (2006) မြန်မာစာတန်းထိုး
2006
30+ Single On Sale (2011) မြန်မာစာတန်းထိုး 6.1
30+ Single On Sale (2011) မြန်မာစာတန်းထိုး   အချစ်မှာ အသက်အရွယ်ကြီးတာငယ်တာ မလိုဘူးဆိုတာ လက်ခံပါသလား... တခါတလေ ကိုယ်လိုက်ရှာနေတဲ့အရာတွေထက် ကိုယ့်ဆီရောက်လာတဲ့ အရာတွေကပိုတန်ဖိုးရှိပါတယ်... ၇နှစ်ကြာတွဲခဲ့ပြီး ထားသွားခံခဲ့ရတဲ့ အပျိုကြီး မမ Ing ဟာ အသဲကွဲပြီး ဖူးစာရှင်နဲ့ထပ်တွေ့ဖို့ ဗေဒင်မေးရင်း အသားကင်ဗေဒင်ဆရာလေးနဲ့တွေ့ပါတော့တယ် အသားကင်ဗေဒင်ဆရာလေးရဲ့ ယတြာတွေချေရင်း နှောင်ကြိုးတွေသွယ်မိရာမှ မမျှော်လင့်ဘဲ Tan ဆိုတဲ့ ရုပ်ရှိရေလျှံပြီး Ing လိုချင်တဲ့ ပုံစံကိုက် ယောကျာ်းတယောက်က ဘဝထဲဝင်လာခဲ့ပြီး လက်ထပ်ခွင့်တောင်းသောအခါ....... ၃၃နှစ်အရွယ်အပျိုကြီး မမ Ing ဟာ ဗေဒင်ဆရာချောချောလေးကိုပဲ နှလုံးသားနှင့်ရွေးချယ်မလား ဥစ္စာပေါရုပ်ချောလေးကိုပဲ ဦးနှောက်နဲ့ရွေးချယ်မလားဆိုတာကိုတော့............ ( ဘာသာပြန်နဲ့ အညွှန်းကိုတော့ ၀တ်မှုန်က ရင်နဲ့ခံစားပြီးရေးသားပေးခဲ့တာပါ)
movie
30+ Single On Sale (2011) မြန်မာစာတန်းထိုး
2011
TimeRiader(2016) မြန်မာစာတန်းထိုး 4.9
TimeRiader(2016) မြန်မာစာတန်းထိုး   တရုတ်ဇတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါ တယ်ရှေးဟောင်းပစ္စည်းတွေလျို့ ဝှက်ချက်ဇတ်ကား တွေကိုကြိုက်တဲ့ပရိတ်သတ်တွေအတွက်ကတော့ ကွက်တိပါပဲအလွန်ပင်ရှေးကျတဲ့သဘာဝလွန်မြွေဧ ကရီမရဲ့ဂူဗိမ္မာန်ကိုရှာဖွေတဲ့ရတနာမုဆိုးတစ်သိုက် ရဲ့ကံကြမ္မာကိုရိုက်ကူးထားတာပါမြွေဧကရီမရဲ့ဂူဗိ မ္မာန်ကိုလူတွေဘာလို့သဲသဲမဲမဲရှာဖွေနေကြတာလဲဂူ ဗိမ္မာန်ထဲမှာကောဘာတွေရှိနေသလဲရတနာတွေ လားတခြားအဖိုးမဖြတ်နိင်တဲ့အရာတွေလားရတနာ မုဆိုးတွေထိုဂူကြီးထဲမှာလွယ်လွယ်ကူကူဝင်ထွက် နိင်မှာလားဒါမှမဟုတ်ဘယ်လိုအန္တရယ်တွေကကော ဂူအတွင်းထဲမှာစောင့်ကြိုနေမှာလဲအလွန်စိတ်ဝင်စား ဖို့ကောင်းပါတယ်စွန့်စားမှုတွေကိုကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက်ကတော့လက်မလွတ်သင့် တဲ့ဇတ်ကားလေးလို့ပြောပါရစေအသစ်အသစ်တွေ အကောင်းအကောင်းတွေကိုမှနှစ်သက်တဲ့ပရိတ် သတ်တွေအတွက်ကျွန်တော်(စိုးထွေး)ရယ်ညီလေး (ဂျွန်လရောင်)ရယ်ပူးပေါင်းပြီးအလျင်အမြန်ပရိတ် သတ်တွေဆီပို့ပေးလိုက်ပါပြီဒေါင်းဖို့ကတော့ပရိတ် သတ်တွေရဲ့သမိုင်းပေးတာဝန်ပါပဲလို့ပြောကြားရင်း အလွန်ကောင်းမွန်တဲ့ဇတ်ကားလေးကိုဒေါင်းလိုက်ပါ လို့ပဲပြောလိုက်ရပါတယ်Download On Pcloud   
movie
TimeRiader(2016) မြန်မာစာတန်းထိုး
2016
ံHormone Episode 01 (မြန်မာစာတန်းထိုး)
ံHormone Episode 01 (မြန်မာစာတန်းထိုး) ကဲ ဒီတစ်ခါတော့ ထိုင်းကျောင်းသား ဟာသ ဖန်စီ မီနီစီးရီးလေးကိုတင်ပေးလိုက်ပါတယ် ဗျ ဇာတ်ကားလေး နာမည်က ဟော်မုန်းတဲ့ဗျ မင်းသားမင်းသမီး သရုပ်ဆောင်တွေကလဲ စွန်းဖိုင်းတာကို အကုန် ချစ်စရာကလေးတွေကြီးပဲ (ယောကျာ်းလေးတွေမပါ ဘူးနော် :P ) ဇာတ်လမ်း သဘောလေးကတော့ အထက်တန်းကျောင်းမှာ ဖြစ်တတ်ပျက်တတ်တဲ့ သဘောတရားလေးတွေကို ရိုက်ပြထားတာပါ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်တွေသာမက လူကြီးကြိုက်ပုံစံလေးဖြစ်တာမို့ အခုပဲ အမြန် ပြေးဒေါင်းလိုက်ပါအုံး နော် (စာတန်းထိုးဖိုင်ကိုတော့ မမသစ်ဆန်းခန့်က စီစဉ်ပေးခဲ့တာပါဗျ) Download Ep 01 Download Ep 02 Download Ep 03 Download Ep 04 Download Ep 05 Download Ep 06 Download Ep 07 Download Ep 08 Download Ep 09 Download Ep 10 Download Ep 11 Download Ep 12 Download Ep 13
movie
ံHormone Episode 01 (မြန်မာစာတန်းထိုး)
Love O2O (2016) N/A
Love O2O (2016) ကျန်းရွှေဝူးရှန်း အွန်လိုင်းဂိမ်းတစ်ခုတွင် အဆင့်(၇)ရရှိထားသော လူဝေဝေ့ဝေအဖြစ်Computer မေဂျာရဲ့နတ်သမီး ...ဂိမ်းသရဲမလေး ... ပေဝေဝေ.....။ထိုဂိမ်းတွင် ထိပ်တန်းဇာတ်ကောင်ဖြစ်နေသော ရီရှောင်းနိုင်ခဲ အဖြစ်Computer ဆရာကြီး ...ဘက်စုံထူးချွန်.. ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်.. ရှောင်းနိုင်....။သူတို့နှစ်ယောက် မြင်မြင်ချင်း ချစ်ကြိုက်မိသောအခါ Love O2O (Love online to online) ဇာတ်ကားဖြစ်လာပါတယ်။ဒီဇာတ်လမ်းက စီးရီးအနေနဲ့လဲ ထွက်ရှိထားပါတယ်။ Movie နဲ့မတင်းတိမ်နိုင်သူတွေ စီးရီးကို ထပ်ကြည့်ကြပါကုန်။ရှောင်းနိုင်အဖြစ်...Jing Boranပေဝေဝေအဖြစ်...Angelababy တို့မှ ပါဝင်သရုပ်ဆောင်ထားပါတယ်။(Sid Moe Eain မှခံစားတင်ဆက်ထားတာပါ။) File size…(900MB) Quality…WEB-Rip 720p Format…mp4 Duration….01:43:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Download and Watch 720p and 360p (VIP Link) (or) Download 720p HD (900MB) Download 360p(360MB)
movie
Love O2O (2016)
2016
SPL: Kill Zone (2005) 7.0
movie
SPL: Kill Zone (2005)
2005
Royal Tramp (1992) မြန်မာစာတန်းထိုး
Royal Tramp (1992) မြန်မာစာတန်းထိုး မင်းသားကြီး စတီဖင်ချောင်ရဲ့ IMDb Rating (7.2/10) ရရှိထားတဲ့ ဟာသဇာတ်ကားပါ။ ရယ်ရလွန်းလို့ အူတောင်တက်ပါတယ်။ဘဝရဲ့ရှင်သန်နေထိုင်မှုပုံစံမျိုးစုံထဲမှာ ဒီဇာတ်ကားထဲက ဇာတ်ကောင်ဝေချွဲဘိုရဲ့နေထိုင်မှုစရိုက်ပုံစံကိုတော့ အတော်သဘောကျမိပါတယ်။ ကျွန်တော့်စိတ်ထင် ဒိန်ခဲရွှေ့တဲ့စာအုပ်ထဲက ဖိန့်တစ်လုံးဆောင်ထားတဲ့ လူတစ်ယောက်ပုံစံမျိုးပါ။ဘဝဆိုတာ ကြမ်းတမ်းတယ်...မရိုးရှင်းဘူး... ကံကြမ္မာကလဲ အံစာတုံးတစ်တုံးလို ကျချင်တဲ့နံပါတ်ကိုချပြတယ်...ဒီလိုဘဝကြီးထဲမှာ ပျော်ရွှင်စွာ နှစ်မြောခံစားဖို့ အရာအားလုံးကို ကြုံသလိုဖြေရှင်းသွားပြီး လောကရဲ့အနှစ်သာရကိုအပြည့်အဝခံစားသွားတဲ့ ဝေချွဲဘိုဆိုတဲ့ဇာတ်ကောင်ဟာ စိတ်ညစ်စရာတွေတွေ့လာတဲ့အခါ အမှတ်ရစရာအဖြစ်ရှိနေမှာပါ။ဇာတ်လမ်းကတော့... ဝေချွဲဘိုဟာ တစ်ဝမ်းတစ်ခါးကိုကြုံသလိုဖြေရှင်းနေသူပါ။ တစ်နေ့တော့ ဘုရင့်ကိုတော်လှန်နေတဲ့အဖွဲ့ထဲ မထင်မှတ်ဘဲရောက်သွားပြီး နန်းတွင်းမှာ အယောင်ဆောင်အမှုထမ်းပြီး ဘုရင်ကိုလုပ်ကြံဖို့နဲ့ သိုင်းကျမ်းကိုခိုးယူဖို့စေလွှတ်ခံရပါတယ် ဒါနဲ့ ရွှေနန်းတော်မှာ အမှုထမ်းဖို့ အလုပ်သွားလျှောက်တာ မထင်မှတ်ဘဲ ကုန်းကုန်းအမှုထမ်းခေါ်တဲ့ဖက်ရောက်သွားပြီး ဝှေးသင်းတဲ့နေရာကိုရောက်သွားပါတယ်။ ကံကောင်းစွာနဲ့ ဝှေးသင်းမခံရဘဲ နန်းတော်ရဲ့အရှုပ်ထုပ်တစ်ခုမှာ အမှုထမ်းဖို့ထပ်မံစေခိုင်းခံရပါတယ်။ ရွှေနန်းတော်ကလဲ အတော်ရှုပ်ထွေးပြီး ဘုရင်ကလဲ ကလေးအရွယ်မို့ အမတ်တွေဟာ သူတစ်လူ ငါတစ်မင်း လုပ်ချင်ရာလုပ်နေကြပါတယ်။ သူဟာ နန်းတော်အတွင်းမှာ ဘုရင်နဲ့ပါထပ်မံခင်မင်သွားတဲ့အခါမှာတော့....... ဝေချွဲဘိုဟာ ...ဘုရင်ကိုလုပ်ကြံချင်သူအဖွဲ့ထဲကလဲဖြစ်သလို... သိုင်းကျမ်းခိုးယူမယ့်အဖွဲ့ကလဲဖြစ်သလို... ဘုရင့်ဘက်တော်သားလဲဖြစ်လာတဲ့အခါမှာ... ထင်ရာမြင်ရာ ဥာဏ်ရှိသလို အခက်အခဲများကိုဖြေရှင်းပုံကို တသောသောရယ်မောကြည့်ရှုရမှာပါ။ (Sher Lock Holmes မှခံစားတင်ဆက်ထားပါတယ်။) File size…(800MB) Quality…BR-Rip 720p Format…mp4 Duration….01:50:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung 
movie
Royal Tramp (1992) မြန်မာစာတန်းထိုး
The Bodyguard (2016) မြန်မာစာတန်းထိုး
The Bodyguard (2016) မြန်မာစာတန်းထိုး အက်ရှင်ကားသစ်တွေကိုနစ်သက်ပါတယ်ဆိုတဲ့ပိရိတ်သတ်တွေအတွက်အက်ရှင်ကားအသစ်စက်စက်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီကားလေးကိုကြည့်ပြီးရင်ပရိတ်သတ်တွေဟိုတစ်ချိန်တစ် ခါကနာမည်ကြီးခဲ့တဲ့ဂျက်လီရဲ့သက်တော်စောင့်ကားလေးကိုပြန်လည်အမှတ်ရမိစေမယ်ဆိုတာသေချာပါတယ်ဒါပေမဲ့နည်းပညာတိုးတက်လာမှုနဲ့အတူ ရိုက်ချက်ကောင်းတွေသုံးထားတာကြောင့်ဒီဇတ်ကားလေးဟာပရိတ်သတ်တွေကိုဆွဲဆောင်နိင်မှုပေးစွမ်းအုံးမှာပါဇာတ်လမ်းကတော့သက်တော်စောင့်တို့ရဲ့ထုံးစံအတိုင်းကောင်မလေးတစ်ယောက်ကိုကာကွယ်စောင့်ရှောက်ရတဲ့သက်တော်စောင့်ကောင်လေးတစ်ယောက်ကိုရိုက်ကူးထားတာပါပဲ..ကောင်မလေးအပေါ်ငွေကြေးကြောင့်မဟုတ်ပဲသံယောဇဉ်တွယ်တာမိသည့်စိတ်ဖြင့်အသက်ကိုပင်ပဓါနမထားဘဲကာကွယ်စောင့်ရှောက်တဲ့သက်တော်စောင့်ကောင်လေးအကြောင်းကိုသေချာစွာရိုက်ကူးပြထားပါတယ်အက်ရှုင်တွေကတော့အလွန်ပင်ကောင်းမွန်သည့်အတွက်အက်ရှင်ကြိုက်ပရိတ်သတ်တွေအကြိုက်တွေ့မယ့်ကားကောင်းလေးတစ်ကားပါပဲအက်ရှင်မျှသာမကလှည့်ကွက်တွေလည်းပါဝင်တာကြောင့်လက်မလွတ်သင့်သည့်ဇာတ်ကားတစ်ကားလို့ညွန်းလိုက်ပါရစေ။(Soe Htwe နှင့် John La Young မှပူးပေါင်းတင်ဆက်လိုက်တာပါ။) File size…(700MB) Quality…HD-Rip 720p Format…mp4 Duration….01:29:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Download and Watch 720p HD (or) Download and Watch 720p HD(VIP Link) VIP Member - Click Here!
movie
The Bodyguard (2016) မြန်မာစာတန်းထိုး
League of Gods (2016) 4.3
League of Gods (2016)  အချိန်ကား ပဝေသဏီ၊ နေရာကား တရုတ်ပြည်၊ ခေတ်က လူ နတ် မိစ္ဆာတို့ စုပြုံနေထိုင်ရာအချိန်။ လောကကြီးကို စိုးမိုးချင်တဲ့ ကျိုးဘုရင်၊ သူ့ရဲ့မိဖုရား အမြီးကိုးချောင်းမြေခွေး တာ့ကျီတို့က သိုင်းဂိုဏ်းများစွာကို ဖျက်စီးခဲ့ပြီးချိန်.... ရှီကျီဂိုဏ်းမှ ဆရာဖိုးဖိုး ကျန်း(Jet Li) နဲ့ တပည့် မိုးပျံဂိုဏ်းရဲ့ နောက်ဆုံးမျိုးဆက် ကျိလိန် နှင့် ဂိုဏ်းသားတွေက နောက်ဆုံးမျှော်လင့်ချက် ခုခံသူများ.... အနိုင်တိုက်နိုင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက် အလင်းရောင်ဓားကို ရှာဖို့ စွန့်စားခန်းဖွင့်တဲ့ ကျိလန်....ရလာတဲ့ မိတ်ဆွေ ၂ ယောက်က နီကြား နဲ့ ယန်းကျန်...... အဖက်ကောင်းကောင်း ဟာသဆန်ဆန် ခပ်ကြမ်းကြမ်း ရုပ်ထွက်ကြည်ကြည် ဘာသာပြန်ကောင်းကောင်း  ကြည့်ချင်သူများ ကြည့်နိုင်ပါကြောင်း......  File Size       : 800 / 400 Mb Duration   ...
movie
League of Gods (2016)
2016
Fabulous 30 (2011) 6.3
Fabulous 30 (2011) Fabulous 30 (2011)_____IMDb - 6.3/10    IMDb Rating (6.3/10) ရရှိထားတဲ့ ထိုင်း Comedy,Drama,Romance ဇာတ်ကားလေးပါ။ "ဂျား"ဆိုတဲ့ကောင်မလေးမှာ ၂၃ နှစ်အရွယ်လောက်ကတည်းက တွဲခုတ်နေတဲ့ချစ်သူရှိပါတယ်.... ဒီလိုနဲ့သူမတို့ချစ်သူသက်တမ်း ၇ နှစ်နှစ်ကျော်လာတဲ့အချိန် .... ဂျားလဲအပျိုကြီးစာရင်းဝင်လာတဲ့အချိန်....သေချာပေါက်လက်ထပ်တော့မယ်လို့ ပြင်ဆင်ထားချိန်တွေကျမှ သူမရဲ့ချစ်သူကောင်လေးက ဝေလေလေ အူကြောင်ကြောင်အကွက်ခင်းပြီး လက်ထပ်ဖို့ ငြင်းဆန်လာတဲ့အခါ..... ၃ ဂဏန်းထိပ်စည်းအသက်အရွယ်ထဲဝင်လာပြီဖြစ်တဲ့ အပျိုကြီးမမ "ဂျား" တစ်ယောက် အချစ်ဆိုတာကို ထပ်တွေ့ဦးမလား....... စိတ်ဝင်စားစရာ ပေါ့ပေါ့ပါးပါး ဇာတ်ကားလေးပါ။   (Wut Mhone မှခံစားတင်ဆက်ထားပါတယ်။)    File size…(900MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:58:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
Fabulous 30 (2011)
2011
Trivisia(2016) မြန်မာစာတန်းထိုး
Trivisia(2016) မြန်မာစာတန်းထိုး 2016 ခုနှစ် ဧပြီလ ၇ ရက်နေ့ကထွက်ရှိခဲ့တဲ့ ဒီ ဟောင်ကောင်ကားလေးဟာ ဆိုရင်တော့ ခပ်ကြမ်ကြမ်း ကြိုက်တဲ့ ပရိတ်သတ်တွေအတွက် လက်မလွတ်သင့်တဲ့ကားလေးပါ ဇာတ်ကားလေးက IMDb rating က 7/10 ရရှိထားပြီး ရုပ်ရှင်ရိုက်ကူးစဉ်မှာလဲ ကုန်ကျစရိတ်တွေ အတော်များတာကိုတွေ့ရှိရပါတယ် ဇာတ်လမ်း အကျဥ်းးလေးကတော့ ၁၉၉၇ ခုနှစ်မှာ တခါမှ မတွေ့ဘူးကြတဲံ လူသုံးယောက် ဟာ ကောလဟာလ တစ်ခုကြောင့် ဟောင်ကောင်မြေအောက်လောက ကို ကျင်လည်ကျက်စားရန် ပြောင်းလာခဲ့ရာမှာ ဘယ်လိုတွေဖြစ်ကြမလဲဆိုတာကို ပရိတ်သတ်ကြီးက ရှူစားကြရမှာပါ ။ ဒီကားဟာ အဲ့ခေတ်အဲ့အခါက ဟောင်ကောင်မှာ ကျင်လည် ခဲ့တဲ့ ဂိုဏ်စတားတေရဲ့ ပုံစံ အတိုင်း အပြင်လောကရဲ့ ပုံစံကို ရိုက်ပြထားတယ်လိုတော့ ဆိုပါတယ်Download & Watch On Pcloud
movie
Trivisia(2016) မြန်မာစာတန်းထိုး
Demonic (2002) မြန်မာစာတန်းထိုး
Demonic (2002) မြန်မာစာတန်းထိုး ဒီကားလေးကိုကျွန်တော်ရယ်ကျွန်တော့်ညီလေးဂျွန်လရောင်ရယ်ပူးပေါင်းပြီးဘာသာပြန်ထားတာပါ အတော်လေးကြောက်ဖို့ကောင်းတဲ့စုန်းကားလေး တစ်ကားလို့ပြောပါရစေအလွန်လည်းကြည့်လို့ ကောင်းပါတယ်ဇတ်လမ်းကိုပြောရရင်တော့ခမာ တွေနဲ့ထိုင်း(အယုဒ္ဓယ)တို့စစ်မက်ဖြစ်ပွားရာကနေ စတင်ထားပါတယ်ထိုင်းတို့စစ်အောင်နိင်ပြီးခမာမင်း သမီးလေးသာယာဝတီကိုထိုင်းဘုရင်ထံဆက်သဖို့ ခေါ်ဆောင်လာချိန်လေးမှာဘုရင်ရဲ့စစ်သည်အမက် တစ်ဦးနဲ့မေတ္တာမျှမိသည့်သာယာဝတီဘုရင်ကြီးအ မျက်တော်ရှပြီးနစ်ဦးစလုံးကိုသုတ်သင်ရန်ကြိုးစား တဲ့အချိန်သာယာဝတီရဲ့အောက်လမ်းပညာရှင်အ ထိန်းတော်ကသာယာဝတီကိုဘယ်လိုကူညီမလဲ စုန်းတစ္ဆေအဖြစ်လူသားတွေနဲ့သာယာဝတီဘယ် လိုနေထိုင်နိင်မှာလဲဇတ်လမ်းအစအလည်အဆုံးပ ရိတ်သတ်တွေကိုပျင်းရိခြင်းမရှိပဲဆွဲခေါ်သွားမှာပါ သဲထိတ်ရင်ဖိုကြိုက်တဲ့ပရိတ်သတ်တွေလက်မလွတ် သင့်တဲ့ဇတ်ကားကောင်းလို့ညွန်းချင်ပါတယ်ဇာတ်ကား အညွှန်းနဲ့ ဘာသာပြန်ကတော့ ကိုစိုးထွေးနဲ့ မျိုးဇင် တို့ဘဲဖြစ်ပါတယ်Download & Watch  Download Small File From Youtube
movie
Demonic (2002) မြန်မာစာတန်းထိုး
Click Your Heart (2016) အစအဆုံး မြန်မာစာတန်းထိုး
Click Your Heart (2016) အစအဆုံး မြန်မာစာတန်းထိုး
Chronicles of the Ghostly Tribe (2015) မြန်မာစာတန်းထိုး 4.7
Chronicles of the Ghostly Tribe (2015) မြန်မာစာတန်းထိုး
2015
Enemies In Law (2015) မြန်မာစာတန်းထိုး
Enemies In Law (2015) မြန်မာစာတန်းထိုး Imdb 6.4 အထိရရှိခဲ့တဲ့ Action , Comedy ဇာတ်လမ်း အမျိုးအစားဖြစ်ပါတယ်။ချွဲဆန်ဝူး နဲ့ ကင်ဂျောင်ဟီးတို့ နှစ်ယောက်ကကျောင်းသားဘဝမှာ ကား accident တစ်ခုဖြစ်ပြီး ဆန်ဝူးက ဂျောင်ဟီးကိုကယ်လိုက်တဲ့အချိန်မှာပဲ မြင်မြင်ချင်းချစ်မိသွားကြပါတယ် ။ ဒါပေမယ့် ဆန်ဝူးရဲ့ အဖေက ရှေးဟောင်းပစ္စည်းတွေကိုမှရွေးခိုးတတ်ပြီးတော့ ဘယ်ပစ္စည်းမဆို အတုလုပ်တတ်တဲ့ဆန်ဝူးရဲ့အမေကိုလည်း ရဲတပ်ဖွဲ့က အလိုရှိနေပါတယ်။လိုက်ဖမ်းဆီးတဲ့လူကတော့ ဂျောင်ဟီးရဲ့ အဖေဖြစ်ပါတယ်။ ဂျောင်ဟီးတို့ရဲ့ မျိုးရိုးက စုံထောက်မျိုးရိုးဖြစ်တဲ့အတွက် ဆန်ဝူးလို လူမျိုးနဲ့ သဘောမတူနိုင်ပါဘူး။ သဘောမတူပေမယ့် ဆန်ဝူးနဲ့ဂျောင်ဟီးကတော့ နောက်မဆုတ်ကြပါဘူး။ ဆန်ဝူးက ရဲဖြစ်ဖို့ ဝင်ခွင့်စာမေးပွဲသာအောင်ရင် ဂျောင်ဟီးနဲ့သဘောတူပေးပါလို့တောင်းဆိုပါတယ်။ ဒီလိုအခြေအနေမျိုးမှာမှ ကွင်းဆက်လူသတ်မှူ့တစ်ခုကို ဂျောင်ဟီးနဲ့ အမနှစ်ယောက်ကဖော်ထုတ်ရပါတယ်။စုံထောက်မိသားစုနဲ့ လူလိမ်မိသားစုနှစ်ခုကြားမှာဖြစ်လာတဲ့ကိစ္စတွေကို ဟာသပုံစံနဲ့ရိုက်ပြထားပါတယ်။ ဆန်ဝူးတစ်ယောက်ရဲဝင်ခွင့်မဖြေနိုင်အောင် မိသားစု ၂စုပေါင်းပြီးတော့ တားကြတာကိုလည်း ဟာသပုံစံလေးနဲ့ကြည့်ရမှာပါ။ကွင်းဆက်လူသတ်မှူ့ဖြစ်ပြီးတော့ သက်သေမကျန် အထောက်အထားအထောက်အထားမရှိတဲ့ အမှူ့ကို ဂျောင်ဟီးတစ်ယောက် ဖော်ထုတ်နိုင်ပါ့မလား။ ဆန်ဝူးကရော ရဲတစ်ယောက်ဖြစ်နိုင်ပါ့မလား။ ဆန်ဝူးအဖေနဲ့အမေကို ဂျောင်ဟီးရဲ့အဖေက ...
movie
Enemies In Law (2015) မြန်မာစာတန်းထိုး
Midnight FM (2010)  မြန်မာစာတန်းထိုး
Midnight FM (2010) မြန်မာစာတန်းထိုး Imdb Rating 6.6 ထိရရှိခဲ့သော ဇာတ်လမ်း ဇာတ်အိမ်ထူးခြားသည့်ဇာတ်ကားတစ်ကားဖြစ်သည်။ မင်းသမီး Soo Ae က ညလယ်ပိုင်းအသံလွှင့်သူ အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားထဲမှာ နာမည်ကြီးမင်းသား Ji-Tae Yu ကို စိတ်ဝေဒနာရှင် လူဆိုးတစ်ယောက်အဖြစ်မြင်တွေ့ရမှာပါ။သရုပ်ဆောင်ကောင်းတဲ့ Ji-Tae ကို လုံးဝခွဲထွက်နေတဲ့ ဗီလိန်ဇာတ်ကောင်အနေနဲ့ဆိုတော့ ထူးခြားနေမှာတော့ အမှန်ပါပဲ။Ji-Tae နဲ့ Soo Ae ဘယ်လိုအပေးအယူမျှမျှနဲ့ သရုပ်ဆောင်သွားကြမလဲဆိုတာကတော့ ဒီဇာတ်လမ်းရဲ့အသက်ပါပဲ။ ညလယ်ပိုင်းအစီအစဉ်တစ်ခုမှအစီအစဉ်တင်ဆက်သူ ဂိုဆိုးယွန်ရဲ့ အသံလွှင့်အစီအစဉ်ကနေ အနားယူတော့မည်လို့ကြေညာခဲ့ပြီးပါတယ်။ဒီလိုကြေညာခဲ့တဲ့အတွက်ကြောင့် ဆိုးယွန်ရဲ့ပရိတ်သတ်တွေက နှမြောကြပါတယ်။ အဲဒီအထဲမှာမှ ဆိုးယွန်၏ ပရိတ်သတ်တစ်ဦးက ဆိုးယွန်ရဲ့အစီအစဉ်မှာ သူကိုယ်တိုင်ပါဝင်တင်ဆက်ချင်တဲ့အတွက် ဆိုးယွန်အိမ်အတွင်းသို့ ဝင်ရောက်ခဲ့ပါတယ်။အိမ်မှာရှိနေတဲ့ဆိုးယွန်ရဲ့ ညီမ ၊ သမီးလေး နဲ့ တူမလေးတို့ကို ဓားစာခံအဖြစ်ဖမ်းထားပြီး ဆိုးယွန်ကို ခြိမ်းခြောက်မှူတွေလုပ်ပြီးတော့ သူနားထောင်ချင်သမျှသီချင်းတွေကို ရေဒီယိုကနေ လွှင့်ခိုင်းပါတယ်။ မလွှင့်ပေးရင်သတ်ပစ်မယ်ဆိုပြီး ချိန်းခြောက်တဲ့အတွက် ဆိုးယွန်တစ်ယောက် သမီးဇော ၊ ညီမလုပ်သူနဲ့ ...
movie
Midnight FM (2010) မြန်မာစာတန်းထိုး