Channel Myanmar

Bollywood

Software Blues (2022) 7.1
Software Blues (2022) CM ပရိသတ်တွေအတွက် Software Blues ဆိုတဲ့ ပေါ့ပေါ့ပါးပါး တေလေဂူးရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဘာဂေ့ဗ်ဆိုတဲ့ကောင်လေးဟာ နည်းပညာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်ပဲဖြစ်ပါတယ်။သူဟာ အလုပ်နဲ့ပတ်သက်ရင် အမြဲ တလွဲတချော်ဖြစ်နေတတ်ပေမဲ့ အကောင်းဆုံးဝန်ထမ်းဆုရဖို့အတွက် အသည်းအသန်အလုပ်ကြိုးစားနေတဲ့သူပါ။ သူ့မှာ သူ့လိုပဲ တလွဲတချော်လုပ်တတ်တဲ့ သူငယ်ချင်းတွေရှိပြီး ဘယ်သူမှမသိတဲ့ကိစ္စတချို့ကိုလည်း သူက လျှို့ဝှက်ထားပါသေးတယ်။ဒီရုပ်ရှင်လေးဟာ ပေါ့ပေါ့ပါးပါး ခွီရင်း အပျင်းပြေ ကြည့်လို့ရတဲ့ ဟာသ၊ ဒရာမာရုပ်ရှင်လေးဖြစ်ပြီး သူ ဘာလို့ အကောင်းဆုံးဝန်ထမ်းဆုကို အသည်းအသန်လိုချင်နေလဲဆိုတာကို ဇာတ်လမ်းထဲမှာ မြင်ရမှာဖြစ်ပါတယ်ဗျ...။ File size…1.68GB / 856MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM~Cherry~Zwe Yan Naing
movie

Software Blues (2022)

2022
Premadesam (2023) 8.2
Premadesam (2023) Premadesam 2023 IMDb (8.1/10)CM ပရိသတ်ကြီးအတွက် နောက်ဆုံးထွက် တလဂူးရိုမန့်ဒရမ်မာကားလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်အချစ်ဇာတ်လမ်းလေးက တစ်ခုမဟုတ်ပါဘူး နှစ်ခုပါ လူလေးယောက် ပြသနာနှစ်ခု အဖြေတစ်ခု ဖြစ်ရပ်တစ်ခု အဲ့ဖြစ်ရပ်တစ်ခုကြောင့် သူတို့ပြသနာတွေပြေလည်သွားနိုင်မလား ရိုမန်တစ်ဆန်ဆန် ဆွတ်ပျံ့ကြည်နူးဖွယ်ဒီဇာတ်လမ်းလေးဟာ မျက်ရည်ဝဲစေမဲ့ ဒရာမာလေးတွေလည်းပါရှိတာမို့ ဇာတ်ကားကြည့်ခေါင်းလေးမှီစရာ ပခုံးပိုင်ရှင်လေးတွေ လိုအပ်တယ်လို့တော့ တစ်ခါတည်း အကြံပြုပါရစေကိုယ့်ရဲ့‌ေကာလိပ်ကျောင်းသားဘဝကိုလည်း ပြန်အမှတ်ရစေမယ့် ဇာတ်ဝင်ခန်းတွေလည်းပါရှိတဲ့အပြင် မင်းသားမင်းသမီးအကုန်လုံးက ကြည့်ရရှုရတာ မျက်စိလည်းအေး ရင်လည်အေးပြီး ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းတာမို့ ပရိသတ်ကြီးအတွက် အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…2.59GB / 1.26GB Quality…1080p WEB DL /720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ~BpL~ Nyein
movie

Premadesam (2023)

2023
Amigos (2023) 6.9
Amigos (2023) Amigos (2023)IMDb - 7/10အခုတင်ဆက်​ပေးမှာ​ကတော့ အက်ရှင်ဇာတ်ကား​တွေနဲ့လူသိများတဲ့ မင်းသားNandamuri Kalyan Ramက သုံးကိုယ်ခွဲအဖြစ်သရုပ်​ဆောင်ထားပြီး လှည့်ကွက်အများကြီးနဲ့ရိုလာကိုစတာစီးသလိုခံစားချက်​တွေနဲ့ ကြည့်ရှု့ရမယ့် Amigosဆိုတဲ့အက်ရှင်ဇာတ်ကား​ကောင်းတစ်ကားဖြစ်ပါတယ်ကမ္ဘာကြီးမှာကိုယ်နဲ့​​သွေးသားမ​တော်စပ်ဘဲ ရုပ်တူတဲ့သူ​​တွေကအနည်းဆုံးသုံး​ယောက်က​နေ အများဆုံး​ခုနှစ်​ယောက်အထိရှိနိုင်ပြီး အဲ့လူ​တွေနဲ့​တွေ့နိုင်ဖို့ကိုယ့်မှာလည်း အခွင့်​ရေး​တွေရှိလာနိုင်ပါတယ်ဒီကားထဲမှာ​တော့ဆဒ်ဒူးဆိုတဲ့လူငယ်​လေးကရိုးသားထက်မြက်ပြီး မိဘစီးပွား​ရေး​တွေကိုခန့်ခွဲ​နေသူတစ်​​ယောက်ပါ တစ်​​နေ့မှာ​တော့ အခွင့်အ​​ရေးတချို့​ကြောင့် ဝဘ်ဆိုဒ်တစ်ခုက​နေ သူနဲ့ရုပ်တူတဲ့မန်ဂျူးနဲ့ မိုက်ကယ်ဆိုသူ လူနှစ်​ယောက်ကို​တွေ့ဆုံပြီး သူငယ််ချင်း​တွေဖြစ်သွားကြ​ပြီး အတူတူခရီး​တွေထွက်ကာ​ပျော်ရွှင်ခဲ့ကြပါတယ် ဒါ​ပေမဲ့သူတို့သုံး​ယောက်ထဲကမိုက်ကယ်ဆိုသူဟာ ဆဒ်ဒူးနဲ့မန်ဂျူးတို့လိုသာမန်လူ​မဟုတ်ဘဲ နိုင်ငံ့အလိုရှိရာဇဝတ်​သားတစ်​ယောက်ဖြစ်​နေပြီး ရုပ်တူတာကိုအသုံးချကာထွက်ပြေးဖို့ကြံစည်လာတဲ့အခါ မိုက်ကယ့်ရဲ့လှည့်ကွက်ထဲကိုသူတို့ဘယ်လို​တွေဝင်သွားမိပြီး ပြန်​ဖြေရှင်းဖို့ကြိုးစားကြမလဲ ​သွေးသားမ​တော်ပဲရုပ်တစ်​ထေရာတည်းတူညီ​နေတဲ့ အကျိုးဆက်​ကြောင့်ဘယ်လိုအ​မွှေဇယား​တွေဖြစ်လာမလဲဆိုတာ ရင်ခုန်စွာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ် File size…2.6GB /1.13GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder…. YK Translated by BpL~Yunni~ Khin Khin
movie

Amigos (2023)

2023
Zanjeer (2013)
Zanjeer (2013) တောင်ပိုင်းမင်းသား ရမ်ချရန် Ram Charan နဲ့ ဘောလိဝုဒ်မင်းသမီးချော ပရီရန်ကာချော်ပရာ Priyanka Chopra တို့ပါဝင်ထားတဲ့ ဒီဇာတ်ကားက တောင်ပိုင်းဆန်တဲ့ အက်ရှင်ရဲဇာတ်ကားပါ။ ဇာတ်လမ်းကတော့... ACP Vijay Khanna ဆိုတာ မတရားမှုတွေကို လက်ပိုက်ကြည့်မနေဘဲ ကိုယ်တိုင်ဝင်ပါဖြေရှင်းတတ်ပြီး လက်သံပြောင်လွန်းလို့ ရဲဌာနတွေကနေ ခဏခဏပြောင်းရွှေ့ခံနေရတဲ့ရဲအရာရှိတစ်ဦးပါ...ဒီတစ်ခါ... သူပြောင်းရွှေ့ခံလိုက်ရတဲ့နေရာမှာ ဆီမှောင်ခိုလုပ်ငန်းက အမြစ်တွယ်ကြီးထွားနေပြီး မကောင်းမှုအားလုံးရဲ့မြစ်ဖျားခံရာဆိုတာနဲ့ ဒီမကောင်းမှုတွေမှာ ရဲဌာနက လူကြီးတွေပါပါဝင်နေတာကို သူသိလိုက်တဲ့အခါမှာတော့... ACP Vijay Khanna တစ်ယောက် အမှန်တရားအတွက် ဘာကိုမှ မငဲ့ကွက်ဘဲ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ........။ File size…(3.9 GB)/(1.4 GB) Quality…WEBHD 1080p HEVC/720p Format…mkv/mp4 Duration….02:09:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Zanjeer (2013)

1080p HEVC
Gaslight(2023) 5.9
Gaslight(2023) Gaslight (2023)IMDb-6.0/10ဆန်းဆန်းပြားပြားသည်းထိတ်ရင်ဖိုကြိုက်တဲ့သူတွေအတွက် ဆာရာလေးအဓိကပါ၀င်ထားပြီး မင်းသားကြီး Rahul Dev ၊ အမေရိကန်နိုင်ငံဖွား မင်းသားချောလေး Akshay Oberoi ၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရ Chitrangda Singh တို့လို ဝါရင့်သရုပ်ဆောင်ကြီးတွေပါ ပါ၀င်ထားတဲ့ကားပါဇာတ်လမ်းအညွှန်းနန်းတော်ကြီးကနေ အတော်ကြာထွက်ခွာသွားတဲ့ မင်းသမီးလေးမီရှာဟာ ဖခင်ရဲ့စာတွေကြောင့်ပြန်လာခဲ့ပါတယ် သူနန်းတော်ပြန်ရောက်ချိန်မှာတော့ သူ့ဖင်ဘုရင်ကြီးရှိမနေပါဘူး အဲဒီအစား အိမ်‌မက်ယောင်လို သူ့အဖေရဲ့အရိပ်အယောင်တွေသာ သူမြင်တွေ့နေရပါတယ် ဘယ်သူ့ကိုမေးမေး သူ့အဖေပျောက်နေတယ်ဆိုတာကလွဲ ဘာမှမဖြေကြပါဘူးနန်းတော်ကနေဘုရင်တစ်ပါးလုံးပျောက်နေတာတောင် ဘာမှမသိကြတဲ့အသိုင်းအဝိုင်းကြားမှာ မီရှာတစ်ယောက်တည်းဘယ်လိုအဖြေရှာစုံစမ်းမလဲ ‌သူ့ဘေးမှာရှိနေတဲ့လူတွေကရော ဘာကြောင့်မသိကြတာလဲ နန်းတို့ရဲ့ထုံးစံအတိုင်း မိတ်ဆွေကောင်းဘယ်သူလဲ ဇာတ်သိမ်းခါနီးထိမသိရပဲ လျှို့ဝှက်မှုပေါင်းများစွာနဲ့ကြည့်ရှူရမယ့်ကားဖြစ်ပါတယ် File size…1.4GB / 511MB Quality…1080p WEB DL /720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Khin Khin
movie

Gaslight(2023)

2023
Mumbai Mafia: Police vs the Underworld (2023) 6.5
Mumbai Mafia: Police vs the Underworld (2023) Mumbai Mafia: Police vs Underworld (2023) ***************************************************************** ဒီဇာတ်ကားလေးကတော့ တခြားဘောလီးဝုဒ်ကားတွေလို အဆို အက အတီးအမှုတ်တွေ မပါပါဘူး။ ဒီဇာတ်ကားကို Netflixရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့ပြီး Crime/Documentaryအမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်ကာ IMDb ratingကလည်း 6.5အထိ ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း ၁၉၉၀ခုနှစ်အလွန် မွန်ဘိုင်း(ခေါ်)ဘုံဘေမြို့မှာ ဒုစရိုက်လောကသားတွေရဲ့ အရှိန်အဝါ မြင့်တက်လာခဲ့ပြီး တစ်မြို့လုံးဟာ ထိန်းမရသိမ်းမရအခြေအနေကို ရောက်ရှိသွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ အစိုးရဘက်ကလည်း ဒုစရိုက်လောကသားတွေကို ထိရောက်စွာနှိမ်နင်းဖို့ရာ Encounter Cops လို့ခေါ်တဲ့ အသေပစ်ခတ်ဖမ်းဆီးနှိမ်နင်းရေးအထူးတပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းက လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ အပ်နှင်းလိုက်ပါတော့တယ်။ဒုစရိုက်လောကသားတွေနဲ့ အစိုးရတပ်ဖွဲ့ဝင်တွေရဲ့ ဒီရန်စဟာ တဖြည်းဖြည်းကြီးထွားလာပြီး ဘယ်သူတွေက အနိုင်ရသွားမှာလဲ... ဘယ်သူတွေက ဘယ်လောက်အထိ ရက်စက်ကြမ်းကြုတ်ကြမလဲ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ... ဘာသာပြန်တွေကတော့Sai Thurein Lynn, Thaik Sanနဲ့ Khin Khinတို့ ဖြစ်ပါတယ်။ File size… 2.42GB  / 850MB Quality…1080p NF WEB DL /720p Format…mp4 Duration….1h 27m Subtitle….Myanmar Subtitle (Hard ...
movie

Mumbai Mafia: Police vs the Underworld (2023)

2023
Sridevi Shoban Babu (2023) 7.3
Sridevi Shoban Babu (2023) Sridevi Shobanbabu(2023)IMDb-7.8/10ရမ်ချရမ်ရဲ့ ညီမလေး Sushmita Konidela ပါ၀င်ထားတဲ့ကားပါ။ သူက ရုပ်ရှင်လောကမှာ ပရိုဂျူဆာ/ costume designer အဖြစ်အောင်မြင်မှုရထားပြီးသားသူတစ်ယောက်ပေါ့၊ ဒီဇာတ်လမ်းထဲမှာလည်း လက်တွေ့ဆန်ပြီး ရည်ရွယ်ချက်ကြီးမားတဲ့ costume designer အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အဓိကဇာတ်ဆောင်မင်းသားဖြစ်တဲ့ Santosh Sobhan ကလည်း အားလုံးနဲ့စိမ်းမှာမဟုတ်ပါဘူး။ နောက်ဆုံးထွက်လူငယ်အချစ်ဇာတ်လမ်းလေးတွေနဲ့ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်။ ဒီအကျော်အမော်နှစ်ယောက်နဲ့တင် အညွှန်းဆက်မဖတ်ပဲကြည့်ရင်တောင် မမှားတော့တဲ့ ရုပ်ရှင်မျိုးပဲပေါ့။ ဒါပေမဲ့လည်း ဖတ်လိုက်ပါဦး။ဇာတ်လမ်းအညွှန်း: ရှိူးဘန်ဆိုတဲ့ကောင်လေးဟာ ဖခင်မေတ္တာလုံလုံလောက်လောက် မရခဲ့တဲ့သူပါ။ သူမေတ္တာအပြည့်အ၀မရခဲ့‌ပေမဲ့ လူတိုင်းအပေါ်မှာတော့ စိတ်ထားပြည့်၀တဲ့ ကျေးလက်လူငယ်လေးတစ်ယောက်ပေါ့။ရှရီကတော့ အိမ်မက်အကြီးကြီးတွေနဲ့ရည်မှန်းချက်တွေအတွက် ဇွဲရှိရှိကြိုးစားနေတဲ့သတ္တိရှိတဲ့မိန်းကလေးတစ်ယောက်။ ထက်မြက်ပြီး အကင်းပါးတဲ့သူလေးပေါ့။ဒီလို မတူညီတဲ့ ပတ်၀န်းကျင်က မတူညီတဲ့လူနှစ်ယောက်၊ အိမ်တစ်လုံးကိုအကြောင်းပြုပြီး ဆုံလာပါလေရော။သူတို့ ၂ ယောက်ရဲ့တွေ့ဆုံမှုက တကယ်ပဲ ရိုးရှင်းရဲ့လား။ နောက်ကွယ်မှာ မိဘချင်းဆက်နွယ်မှုနဲ့ ကြိုတင်စီစဥ်ထားတဲ့ လှည့်ကွက်တွေဖြစ်နေမလား?sသူတို့ရဲ့ အကြံအစည်တွေကဘာများလဲ? မိဘတွေရဲ့ ခြယ်လှယ်မှုနဲ့ ဒီအိမ်ကြားမှာ ဘယ်လိုပတ်သတ်မှုတွေရှိနေလဲဆိုတဲ့ စိတ်၀င်စားစရာအကြောင်းအရာတွေနဲ့ လူငယ်နှစ်ယောက်ရဲ့ အချစ်ချိုချိုလေးတွေကို ရီမောလိုက် ကြည်နူးလိုက်ခံစားရမှာပဲ ဖြစ်ပါတယ်ဗျာ။ File size…3.08GB ...
movie

Sridevi Shoban Babu (2023)

2023
Wild Dog(2021) 6.1
Wild Dog(2021) Wild Dog (2021) =====================imdb 6.1/2.4kနာမည်ကြီးတေလဂူးမင်းသားကြီး Nagarjuna Akkineniအဓိကသရုပ်ဆောင်ထားတဲ့ အက်ရှင်ကားကောင်းတခုတင်ဆက်ပေးချင်ပါတယ်...ဘယ်လောက်တောင်ကြမ်းသလဲဆိုရင် TV-MAရိတ်တင်ရတဲ့ထိပါပဲ.....ဇာတ်လမ်းအကျဉ်းကတော့ အကြမ်းဖက်နိုမ်နင်းရေးအရာရှိ ဗီဂျေးဟာ အကြမ်းဖက်နိုမ်နင်းရာမှာ ကြမ်းတမ်းရက်စက်လွန်းတာကြောင့် Wild Dog (ခွေးရိုင်းကြီး)လို့နာမည်ပြောင်ပေးရတဲ့ထိ ဆိုးဝါးလှပြီး ဌာနကလည်း သူ့ကို ရုံးထိုင်အလုပ်ပြောင်းပေးခဲ့ပါတယ်... ဒါပေမယ့် တနေ့မှာတော့ နိုင်ငံတွင်း အကြမ်းဖက်ဗုံးဖောက်ခွဲမှုတွေ စိပ်လာပြီး အကြမ်းဖက်သမားတွေဟာ နိုင်ငံရဲ့လုံခြုံရေးကို ထိပါးစော်ကားလာတာကြောင့် ဌာနက သူ့ကို ပြန်လည်ရာထူးပေးအပ်ပြီး အမှုလိုက်ခိုင်းပါတော့တယ်....ဗီဂျေးဒီတခါဆုံတွေ့ရမယ့်ရန်သူက အင်မတန်ကောက်ကျစ်ဉာဏ်များပြီး ဖောက်ခွဲရေးပိုင်းဆရာတဆူဖြစ်တာကြောင့် ဗီဂျေးတစ်ယောက် ဘယ်လိုဘယ်ပုံ စွန့်စားပြီး ဉာဏ်ပညာရော ခွန်အားရော ပြိုင်ဆိုင်သွားလဲဆိုတာကို ဇာတ်လမ်းအစဆုံးထိ မလွှတ်တမ်းကြည့်ရှုချင်သွားမယ့် ရုပ်ရှင်ကောင်းတပုဒ်ပဲဖြစ်ပါတယ် File size…2.11GB / 1GB Quality…1080p UHD WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moment
movie

Wild Dog(2021)

2021
Mr. King (2023) 9.2
Mr. King (2023) Mr.King (2023) IMDb 9.2/10 (3K)ဘေးအိမ်ကိုအဆင်လေးပြောင်းလာဖို့စိတ်ကူးယဥ်ကြည့်ဖူးတဲ့လူ‌ တွေရှိရင် ဒီကားလေးက Must Watch စာရင်းထဲပါတဲ့ဇာတ်ကားလေးပါ ညိုကီတို့ကြိုက်မင်းသမီးချောလေး Urvi Singh ,Yashvika Nishkala နဲ့ ပျိုမေတို့ကြိုက် မင်းသားချောလေး Sharan Kumar လည်းပါဝင်တယ်ဆိုတော့ပစ်ရက်စရာတစ်ကွက်မှမရှိတော့ဘူးပေါ့ရှင်အူမာဒေဗီနဲ့ ဗယ်နီလာက ညီအစ်မဝမ်းကွဲတွေပါ သူတို့အိမ်ဘေးကိုပြောင်းလာမဲ့အဆင်လေးကတော့ ရှီဗာပေါ့ ရှီဗာ့အကြောင်းပြောရမဲ့ဆိုရင် လူတစ်ရာမှာတစ်ယောက်တောင်မရှိနိုင်တဲ့ဉာဏ်ကြီးရှင်တစ်ယောက်... လေယာဉ်စက်ယန္တရားပရောဂျက်ရေးဆွဲနေပြီးအောင်မြင်အောင်လုပ်မဲ့ရည်ရွယ်ချက်နဲ့ပေါ့ ဒီလိုတော်တဲ့အပြင်ကိုမှ ရုပ်လေးကလည်းခန့်တော့ အူမာနဲ့ဗယ်နီလာတို့၂ယောက်စလုံးသဘောကျမိသွားပါတယ် ဒီလို၃ပွင့်ဆိုင်လာမဲ့အချစ်ရေးထဲဘယ်သူနဲ့ဘဝခရီးဆက်ဖြစ်မလဲ ရှီဗာ့လေယာဉ်ပရောဂျက်ရောအောင်မြင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…1.97GB / 903MB Quality…1080p WEB DL / 720p Format…mp4 Duration…2h 44mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL
movie

Mr. King (2023)

2023
Balagam (2023) 8.2
Balagam (2023) Balagam 2023 (IMDb 8.1)အခုတင်ဆက်ပေးမဲ့ တောင်ပိုင်းတလဂူး ဒရမ်မာလေးက rating ကောင်းမွန်သလို သာမန်ချစ်ကြိုက်ကွဲငြားဇာတ်လမ်းတွေကို ကျော်လွန်ပြီး လူ့သဘာဝအဖွဲ့ မိသားစုဒရမ်မာဇာတ်ကောင်းလေးဖြစ်ပါတယ်ကျွန်တော်တို့ ဆယ်ကျော်သက်ဘဝတွေတုန်းက အသည်းစွဲ ဆရာမင်းလူရဲ့ ရယ်မောခြင်းအပိုင်းအစထဲက ဋရပ်ကွက်သားတွေလို ဒီဇာတ်ကားထဲကရွာသားတွေကို ကြည့်ရတာ သဘာဝလဲကျ ပြုံးလဲပြုံးမိရသလို ဂရုဏာလဲသက်လာမိရမှာပါဇာတ်လမ်းအစမှာ ဇာတ်ဆောင်မင်းသားက မြို့နဲ့ရပ်ဝေးရွာလေးမှာ ပီဇာဆိုင်ဖွင့်လိုက် အင်တာနက်ဆိုင်ထောင်လိုက် ဘီလိယကခုံထောင်လိုက်နဲ့ ဉာဏ်ကောင်းစွာစီးပွားရေးလုပ်ရင်း အကြွေးတင်သွားပါတယ်အဆိုပါအကြွေးကို ထပ်ဉာဏ်ကောင်းပြီး မိန်းမယူရင်း မိန်းမတင်တောင်းတဲ့ပိုက်ဆံနဲ့ ဆပ်ဖို့ကြံမှ မိန်းမယူခံနီး အဘိုးက ကောက်ခါငင်ခါသေဆုံးသွားပါတယအဲ့ကစ ဘုကျဘောက်ကျနဲ့ သဘာဝကျကျဇာတ်လမ်းဇာတ်ကွက်များကို ဘာတွေဆက်ဖြစ်မလဲဆိုတာ အဆုံးထိခံစားကြည့်ရှုဖို့ ပရိသတ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.58GB  / 1.15GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sai ~ Cherry ~ Nyein 
movie

Balagam (2023)

2023
Thai Massage (2022) 6.3
Thai Massage (2022) Thai Massage (2023) ***************************** IMDb-6.8/10 ဟာသမင်းသားကြီး ဂရားဂ်ျရောဝ် နဲ့ Freddy နဲ့ Ram Settu ထဲက ဘရာဇီးသူအချောလေး ဂျနီဖာပစ်ချီနာတိုတို့ပါ၀င်ထားတဲ့ ဟာသကားလေးပါ။ဇာတ်လမ်းအညွှန်း မစ္စတာဒူဘေဆိုတာ အသက် ၇၀ ပြည့်တော့မယ့် မုဆိုးဖိုတစ်ဦးပါ။ သားသမီးမြေးချွေးမတစ်တွေနဲ့ နောက်အိမ်ထောင်မပြုပဲနေတဲ့ ပတ်၀န်းကျင်ကလေးစားရတဲ့သူတစ်ဦးပေါ့။ တစ်နေ့မှာ သူအမြတ်တနိုးတန်ဖိုးထားတဲ့ပုံမတော်တဆကျကွဲရာက လွန်ခဲ့တဲ့သုံးနှစ်ကဖုံးကွယ်ထားတာကြီးတစ်ခုပေါ်လာပါတယ် ထိုင်းမှာ သွားပျော်ပါးခဲ့ဖူးတာပါ....ဒီမြို့လေးကနေ ဝေးဝေးလံလံမသွားဖူးတဲ့ သား‌မြေးတစ်သိုက်နဲ့ ဂုဏ်သိက္ခာရှိရှိနေတဲ့ အငြိမ်းစားလူကြီးလူကောင်းတစ်ယောက်က ဘယ်လိုတွေဖြစ်ပြီး ထိုင်းမာဆတ်ခန်းကိုရောက်သွားရသလဲ... ကြီးမှ၀က်သက်ပေါက်တဲ့အဘိုးကြီးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ နာမည်ကျော်ဟာသမင်းသားကြီးရဲ့စွမ်းရည်တွေနဲ့ ရယ်ပွဲဖွဲ့နိုင်မလားဆိုတာတော့ ခံစားကြည့်ပါဦးလို့... မိဘမောင်ဘွားတွေနဲ့အတူကြည့်ဖို့တော့ အဆင်မပြေတာမို့ တစ်ယောက်တည်းကျိတ်ခွီးဖို့အကြံပေးရင်း ... တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ File size…1.94GB / 962MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San ~ BpL~Yunni
movie

Thai Massage (2022)

2022
Kanjoos Makhichoos (2023) 6.4
Kanjoos Makhichoos (2023) Kanjoos Makhichoos (2023) ****************************** မင်းသားကြီး ကုနားလ်ခေမူးပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.4 နဲ့ ဒီကားဟာဆိုရင် ရယ်စရာလည်းကောင်း စိတ်အပန်းဖြေစရာလည်းကောင်းပြီး တကယ်ကြည့်သင့်တဲ့ Comedy အမျိုးအစားဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။စော်ဘွားတွေရဲ့မြို့တော်လက်ခနောင်းမှာ‌နေတဲ့ဂျန်မနာဆိုတဲ့လူက ကပ်စေးနှဲကော်တရာပါ ဘယ်လောက်တောင်လဲဆိုရင် အမွှေးတိုင်တစ်ထုပ်ကို တစ်နှစ်လောက်ထိချွေတာပြီးသုံးတဲ့လူမျိုးပါ ဒီ လိုကပ်စေးကုပ်တာကတော့အကြောင်းရှိပါတယ်။အဲဒါကတော့သူ့မိဘတွေကိုဘုရားဖူးလိုက်ပို့နိုင်ဖို့ပါပဲ ဒီလိုနဲ့ပိုက်ဆံစုတာပြည့်လို့မိဘတွေကိုဘုရားဖူးပို့ပြီးချိန်မှာတော့ သူတို့ဘဝတွေပြောင်းလဲသွားမဲ့ကိစ္စကြီးတစ်ခုဖြစ်သွားပါတယ် အဲဒါကတော့ကံဆိုးမိုးမှောင်ကျပြီး ဘုရားဖူးသွားတဲ့ သူ့မိဘနှစ်ပါးက မိုးကြီးလေကြီးထဲပါသွားလို့ပါပဲ။ ဒီလိုနဲ့သေဆုံးသူနစ်နာကြေးအနေနဲ့ အစိုးရကပိုက်ဆံပေးတော့ သုံးဖြုန်းပြီးကာမှ မိဘနှစ်ပါးလုံးမသေဘဲပြန်ရောက်လာတဲ့အခါမှာတော့... နစ်နာကြေးငွေတွေကိုသူတို့ဘယ်လိုဆပ်ကြမလဲ ပိုက်ဆံမရှိတော့တဲ့သူတို့ အစိုးရကိုဘယ်လိုကွက်ကျော်ရိုက်မလဲဆိုတာကြည့်လိုက်ကြပါဦး။ File size…2.1GB / 1GB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ BpL~ Thaik San ~Nyein Aye
movie

Kanjoos Makhichoos (2023)

2023
Boyfriend For Hire (2022) 7.6
Boyfriend For Hire (2022) Boyfriend for hire (BFH) 2022 IMDb - 7.6/10 (1.1k)ဇာတ်လမ်းအကျဉ်း ငယ်ငယ်တုန်းက မိန်းကလေးရဲ့လှည့်စားခြင်းခံခဲ့ရပြီး စိတ်ဒဏ်ရာရကာ မိန်းကလေးတွေဆိုလုံး၀မယုံကြည်တော့တဲ့ အာဂျွန်၊ တစ်နေ့မှာအာဂျွန်တစ်ယောက် အိမ်ကပေးစားတဲ့သူနဲ့ လက်ထပ်ရတော့မယ့်အချိန်မှာ မိန်းမတွေကိုအယုံအကြည်မရှိတော့တဲ့ အာဂျွန်က "ငါမိန်းမတွေကို လုံး၀မယုံဘူး" ဆိုတဲ့သူ့ရဲ့စည်းမျဉ်းကိုဖောက်ဖို့ဖြစ်လာပြီး လက်ထပ်ရမယ့်သူကိုရှာဖို့ဖြစ်လာပါတော့တယ်။မိန်းမတွေကိုမယုံတဲ့ အာဂျွန်က မိန်းမအကြောင်းတွေကိုသိဖို့ အငှားရည်းစားလိုက်ရမှ သူပဲမိန်းမတွေကိုပလေးသွားမလား မိန်းမတွေကပဲ သူ့ကိုပလေးသွားမလားဆိုတာ....အလောင်တစ်လိုင်းတွေကိုခဏထားပြီး ရိုဆန်ဆန်နဲ့ကြည့်ရမယ့် တေလဂူး rom-com ဇာတ်ကားတစ်ကားကို ပိတ်ရက်မှာ အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size…2GB / 1GB Quality…1080p  WEB DL /720p Format…mp4 Duration…2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Cherry~Yunni ~Nyein Aye
movie

Boyfriend For Hire (2022)

2022
(18+)Haseena (2018) 4.3
(18+)Haseena (2018) Haseena (2018)မိန်းမလှလေးတစ်ယောက်ရှိတယ်။ သူ့နာမည်က ဟဆီနားတဲ့။ သူဟာ လူကုံထံတွေ လုပ်ငန်းရှင်တွေကိုပစ်မှတ်ထားပြီး သူမရဲ့အလှနဲ့ဖမ်းစားတယ်။ပြီးရင် သူတို့ပိုင်ဆိုင်သမျှကို လုယက်တတ်တဲ့ ကြောင်ဆိုးမလေးပေါ့။ပြီးတော့ ရာဟူလ် ရိုဟစ် နဲ့ ရာဂျန်းဆိုတဲ့ သုံးယောက်ပေါင်းလောင်းကျော် သူငယ်ချင်းသုံးယောက်ရှိတယ်။သူဋ္ဌေးသားလေးတွေပေါ့။ ဂိုအာခရီးစဉ်ကို ကဲဖို့သွားနေတုန်း ဟဆီနားဟာ သူတို့ကို မျက်စိကျသွားပါတော့တယ်။ဒီလိုနဲ့ ဒီသူဋ္ဌေးသားလေးတွေရဲ့ဘဝဟာ ဘယ်လိုတွေ ရိုလာကိုစတာစီးရတော့မလဲဆိုတာကိုတော့ ၁၈အပေါင်းအခန်းလေးတွေနဲ့ ရှုစားတော်မူကြပါဦးနော်။ဒီတော့ လူငယ်တွေလည်း လှတာချည်း မက်မနေကြပါနဲ့..မုန့်ကိုမြင်တာတော့ မြင်ပါ တုတ်ကိုလည်း တွေ့အောင်ရှာပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File size…2Gb / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 15m Subtitle…. Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Devil
movie

(18+)Haseena (2018)

Chor Nikal Ke Bhaga(2023) 7.5
Chor Nikal Ke Bhaga(2023) Chor Nikal Ke Bhanga(2023) *****************************************IMDb-8/10Glow & Lovely (Fair & Lovely)ရဲ့ ကြော်ငြာမင်းသမီးချောလေးယန်မီဂေါ်သမ်က လေယာဉ်မယ်အဖြစ် ၊ မင်းသားချောနှစ်ယောက်ဖြစ်တဲ့ ဆန်နီကောရှလ်နဲ့ ရှရားဒ်ကဲလ်ကရ် တို့အဓိကပါ၀င်ထားတဲ့ လေယာဉ်ပြန်ပေးဆွဲကားပါ ။ဇာတ်လမ်းအကျဉ်းသက်သတ်လွတ်သမားအန်ကစ်နဲ့ လေယာဉ်မယ်နေဟာတို့ သက်သတ်လွတ်ဟင်းပွဲကိစ္စကအစပြုပြီး တွေ့ဆုံရင်းချစ်မိသွားကြရာက နေဟာကိုယ်၀န်ရသွားတဲ့အထိနီးစပ်သွားကြပါတယ်။ နှစ်ယောက်လုံးကအရမ်းချစ်ကြသူတွေမို့ လက်ထပ်ဖို့ဆုံးဖြတ်ပြီးသာယာကြည်နူးနေချိန်မှာ အန်ကစ်လုပ်ငန်းတစ်ခုကအမှားအယွင်းကြောင့် အန်ကစ်ဟာ သူ့ကုမ္မဏီကစိန်ကို သူကိုယ်တိုင်ပြန်ခိုးရမယ့်အဖြစ်ရောက်သွားပါတယ်။ ကြင်ယာလောင်းအတွက် နေဟာပါအဆစ်ပါပြီး နှစ်ယောက်ပေါင်း အကြံအစည်အကောင်အထည်ဖော်ခါနီးမှာပဲ အဲဒီလေယာဉ်ကြီးကိုပြန်ပေးဆွဲခံရပြီး နှစ်ယောက်လုံးဓားစာခံဖြစ်သွားပါတော့တယ်။သူတို့က ဘာကြောင့်လေယာဉ်ကိုပြန်ပေးဆွဲရတာလဲ... အန်ကစ်ကရော ဒီကိစ္စတွေကြားမှာမှ သူ့အစီအစဉ်ကိုအကောင်အထည်ဖော်နိုင်ပါ့မလား... နောက်ထပ်အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရှရားဒ်ကဲလ်ကရ် ကရော ဘယ်နားကနေဘယ်လိုပေါ်လာမလဲ ရင်တထိတ်ထိတ်ခံစားကြည့်ပါဦးလို့ .... ဘာသာပြန်တွေကတော့ Bpl,Yunniနဲ့ Thaik Sanတို့ ဖြစ်ပါတယ် File size…1.2GB / 540MB Quality…1080p WEB DL /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~ Thaik San
movie

Chor Nikal Ke Bhaga(2023)

2023
[21+]Sensations (1978)
[21+]Sensations (1978) တစ်ခေတ်တစ်ခါက အမေရိကန်မလေးတွေရဲ့ အလှကို သဘာဝကျကျ ဘွင်းဘွင်းရှင်းရှင်း ဖေါ်ကြူးထားတဲ့ ဇာတ်ကားကောင်းတကားလေးလာပါပြီအချောအလှလေး မာဂရက် တစ်ယောက် အချစ်ဆုံးသူငယ်ချင်းနဲ့ အက်စတာဒမ်မှာရှိတဲ့သူ့ကောင်လေး ဓာတ်ပုံဆရာ ဆီအလည်သွားပါတယ် အတွေ့အကြုံအသစ်တွေ အထူးအဆန်းတွေ မကြုံစဖူးတွေ့ကြုံရကံပါလာတဲ့ သူငယ်ချင်းနှယောက်အဲဒါကတော့ လူတိုင်းကို ရင်ခုန်စိတ်လှုပ်ရှားစေတဲ့ ကာမပဲသူတို့တွေ့လိုက်ရတဲ့ လွတ်လပ်မှုက သူတို့ မကြုံဖူး မကြားဖူထားတဲ့ အခြေနေတစ်ခု ဘယ်လောက်လဲ ဘယ်ထိလဲဆိုတာ DS Fans တွေအတွက် အကြိုက်တွေ့စေမှာမို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦး File size…600MB/300MB Quality…1080p / 720p Format…mp4 Duration….1h 17mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

[21+]Sensations (1978)

1978
Vinaro Bhagyamu Vishnu Katha (2023) 7.4
Vinaro Bhagyamu Vishnu Katha (2023) Vinaro Bhagyamu Vishnu Katha (2023) Action, Comedy, Drama IMDb 7.7/10 (2.4K)တချို့ဇာတ်လမ်းလေးတွေက စိတ်ကူးကောင်းလေးတွေကနေ အစပျိုးလာသလို တချို့ဇာတ်လမ်းလေးတွေက ခင်မင်ရင်းနှီးမှုကနေ စတင်လာတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးကတော့ ရန်ပွဲတစ်ခုကနေ စတင်လာခဲ့တယ်။အဲ့ဒီရန်ပွဲကနေပဲ ကောင်လေးတစ်ယောက်ရဲ့အမြင်တွေ ကောင်းမွန်လာခဲ့ပြီး တွေ့သမျှလူတိုင်းကို ကူညီတတ်လာခဲ့တယ်လေ။သူ ဒီလိုကူညီရင်းနဲ့ မကူညီသင့်တဲ့လူတွေကို ကူညီခဲ့ပြီး ဒုက္ခရောက်ခဲ့ရပုံ...။အချစ်ကိုရှာတွေ့ခဲ့ပုံနဲ့...။သူ့ဘဝရ​ခဲ့တဲ့ အလှည့်အပြောင်းလေးတွေကိုတော့ ဒီဇာတ်ကားကြည့်ရင်း ခံစားကြည့်ကြပါနော်။ဒီဇာတ်ကားလေးက ဇာတ်လမ်းဘာညာ အသာထား တစ်ခုကြည့်လို့ကောင်းတာက ကျွန်တော်တို့ လက်တွေ့ဘဝနဲ့ တော်တော်နီးစပ်တာပါ ဘာလို့လဲဆိုတော့ မင်းသမီးက ယူကျုဆယ်လီလေ အဲ့တော့ ပရိသတ်ကြီးများအတွက် ဆယ်လီတွေဆိုတာလည်း သာမန်လူတွေလိုပဲ ချစ်ကြိုက်ကွဲငြားဇာတ်လမ်းလေးတွေရှိကြောင်း ရှုထောင့်အသစ်တစ်မျိုးကြည့်ရတာပေါ့ သီချင်းကောင်းကောင်းလေးတွေနဲ့ အက်ရှင်ခန်းအလန်းတွေရယ် မင်းသမီးအချောလေးတစ်ယောက်ရယ်ပါရင် ကျန်တာဘာလိုဦးမှာလဲ ဒီဇာတ်ကားကိုချက်ချင်းပါ ပြေးဒေါင်းပြီးကြည့်လိုက်ပါတော့ ပရိသတ်အပေါင်းတို့......... File size…2.13GB / 1.01GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 18m Subtitle….Myanamr Subtitle (HardSub) Encoder….YK Translated by  Sai ~ BpL~ Taylor ~Yunni
movie

Vinaro Bhagyamu Vishnu Katha (2023)

2023
Margarita with a Straw (2014) 7.2
Margarita with a Straw (2014) Margarita with a Straw (2014) ===============================imdb 7.2 / 3.9kMargaritaလေးတခွက်ကို ပိုက်လုံးလေးနဲ့ စုပ်ပြီး သောက်တတ်တဲ့ မသန်စွမ်းမိန်းမပျိုလေးရဲ့ ဆယ်ကျော်သက်အရွယ် ဘဝဖြတ်သန်းတဲ့ပုံစံကို ဟာသရော ဒရာမာရော ရသနှစ်မျိုးကို အလှည့်ကျရောစပ်ပြီး ပျော်တလှည့်ဝမ်းနည်းတလှည့်ကြည့်ရှုသွားရမယ့် ဇာတ်လမ်းလေးတပုဒ်ကို တင်ဆက်ပေးချင်ပါတယ်လိုင်လာဆိုတဲ့ မိန်းကလေးဟာ ငယ်စဉ်ကတည်းမသန်စွမ်း မိန်းကလေးတစ်ယောက်ဖြစ်ပြီး မိဘနှစ်ဦးရဲ့အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ဖူးဖူးမှုတ်ခြင်းခံထားရပြီး အနုပညာပိုင်းကိုလဲ ဝါသနာပါလှသူလေးပဲဖြစ်ပါတယ် အရွယ်ရောက်ပြီး သူမ ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာတော့ တခြာားရွယ်တူတွေလို အချစ်ကို စမ်းသပ်ရူးမိုက်ချင်သူလေးတဦးဖြစ်လာပါတော့တယ်... သူမဟာ တခြားသာမန်လူတွေလိုပဲ အချစ်ကိုခံစားရူးသွပ်နိုင်မှာလား ဒါမှမဟုတ် အချစ်ရေးမှာပဲ ကံခေမှာလားဆိုတာကို ပျော်ရွှင်စရာအခိုက်တန့်လေးတွေ ဝမ်းနည်းစရာအခိုက်တန့်လေးတွေနဲ့အတူ စီးမြောခံစားကြည့်ရှုသွားရမှာပဲဖြစ်ပါတယ် File size…1.03GB Quality…720p WEB DL  Format…mp4 Duration….1h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moment
movie

Margarita with a Straw (2014)

2014
Pathaan (2023) 6.4
Pathaan (2023) Pathaan (2023) (FUL HD အကြည်ဗားရှင်း) Action, Crime, Drama IMDb 6.4/10 (122K)ကဲ လူတွေပါးစပ်ဖျားရေပန်းစားနေကြပြီး ဘတ်ဂျတ်ကုဋေ၂ရာကျော်ရင်းပြီး ရုံတင်ငွေကုဋေ၁သိန်းကျော်ထိ အမြတ်ပြန်လည်ရရှိထားတဲ့ ရှာရွတ်ခန်းရဲ့ ပထန်ဇာတ်ကားကြီးရဲ့ ကြည်တောက်ရှင်ဗားရှင်ကိုတင်ဆက်ပေးပါတော့မယ်နော်။မင်းသားကြီး ရှာရွတ်ခန်း...ဂျွန်အေဗရာဟင်..ဒီပီကားပါဒူကွန်တို့က Lead Role နေရာကနေ သရုပ်ဆောင်ပေးထားကြပြီး တခြားသော သရုပ်ဆောင်ပေါင်းများစွာလည်းပါဝင်ထားသလို မင်းသားကြီးဆလ်မာန်ခန်းကလည်း cameo အနေနဲ့ ပါဝင်ပေးထားပါသေးတယ်နော်။ဒီဇာတ်ကားကို အိန္ဒိယနာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Yash Raj Films မှ တာဝန်ယူထုတ်လုပ်ပေးထားပြီး လက်ပွားမင်းသားရဲ့ War ဇာတ်ကားကို တာဝန်ယူရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ ဆစ်ဒါသ်အာနန်းရဲ့အက်ရှင်လက်ရာတစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ဆလ်မာန်ရဲ့ (Tiger)..လက်ပွားရဲ့ (War) တို့နဲ့ချိတ်ဆက်ပေးမယ့် Pathaan ဇာတ်ကောင်ရဲ့ spin-off ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။Yash Raj ကုမ္ပဏီဟာ နောက်ပိုင်းမှာ spy universe ကို တည်ဆောက်သွားမယ့်ပုံပေါ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံသမ္မတကြီးကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာ ဒူဘိုင်းက အခမ်းအနားပွဲတစ်ခုမှာ ပြန်ပေးဆွဲဖို့ရှိနေခဲ့ပါတယ်။ဒီတော့ လုံခြုံရေးကို သုံးဆတိုးမြှင့်ပြီး စောင့်ကြပ်ပေးနေခဲ့ပါတယ်။ မထင်မှတ်ထားတဲ့ ကိစ္စက အကြမ်းဖက်အဖွဲ့အစည်းဟာ သမ္မတကြီးကိုပြန်ပေးမဆွဲဘဲ သမ္မတကြီးနဲ့အတူလိုက်ပါလာတဲ့ သိပ္ပံပညာရှင်နှစ်ယောက်ကို ပြန်ပေးဆွဲလိုက်ပါတော့တယ်။ခေါင်းခဲစေတဲ့ကိစ္စက ...
movie

Pathaan (2023)

2023
4K HEVC
Am I Next (2023) 7.4
Am I Next (2023) Am I Next (2023) IMDb 7.3/10ဒီကားကတော့ မင်းသားမင်းသမီးဘယ်သူဆိုတာမကြည့်အားဘဲ အဆုံးထိ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ Crime/ Drama ဇာတ်ကားမျိုးပါ ။ဟန်နီဆိုတဲ့ကလေးမလေးက ၁၄နှစ်သာရှိပါသေးတယ် အဖေရော အမေရောကပါ တုန်နေအောင်ချစ်ကြတဲ့သမီးငယ်လေး စာလည်းတော်တဲ့ကလေးက တစ်ရက်တော့ကျောင်းမှာမူးလဲလို့ ဆေးရုံတင်လိုက်ရပါတယ် ဆေးစစ်ချက်ထဲ ထင်မထားတဲ့ကိစ္စကြီး ပေါ်လာပါတော့တယ် ဒီ၁၄နှစ်အရွယ်ကလေးမလေးမှာ ကိုယ်ဝန်ရှိနေတာပါအဖေရော အမေပါယူကြုံးမရဖြစ်ကြပြီး တရားမျှတမှုကိုမြေလှန်ရှာပါတော့တယ် ဒါပေမဲ့ကိုယ်ချင်းစာတရားမရှိတဲ့မီဒီယာရဲ့ဖိအားတွေ ပတ်ဝန်းကျင်ဖိအားတွေကြား သူတို့ဘယ်လိုနှစ်ပါးသွားမလဲ ကလေးမလေးကို Rape လုပ်ခဲ့တဲ့ မုဒိမ်းကောင်ဘက်ကလည်းခေသူမဟုတ်တော့ အိန္ဒိယထိပ်တန်းရှေ့နေနဲ့ ဟန်နီ့ဘက်က အမျိုးသမီးလူမှုဖူလုံရေးထိပ်တန်းရှေ့နေတို့ရဲ့အပြိုင်အဆိုင်တွေကို အားပါးတရကြည့်ရှုရမဲ့ဇာတ်လမ်းကောင်းပဲဖြစ်ပါတယ် File size…1GB / 500MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 26mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ Cherry
movie

Am I Next (2023)

2023