Channel Myanmar

Bollywood

Student of the Year (2012) 5.5
Student of the Year (2012) Shanaya Singhania.. တစ်​​ကျောင်​းလုံးရဲ queen လို့ ​ပြောရ​လောက်​​အောင်​ လှပပြီးနာမည်​​ကျော်​ကြားသူ Rohan Nanda ရဲ့ ရည်​းစား​Abhimanyu.. မိဘ​တွေ​သေဆုံးသွား​ပြီး အဘွား ရယ်​ သူ့ကိုမကြည်​ဖြူတဲ့အ​ဒေါ်နဲ့​နေရပြီး စာ​တော်​တဲ့​ကျောင်​းသား တစ်​​ယောက်​သူတို့သုံး​ယောက်​ ဒီ​ကျောင်​းမှာအတူတူ​တွေ့ဆုံကြြပြီ ပဋိပက္ခ ​တွေကြားက​နေပဲ အချစ်​ဆုံးသူငယ်​ချင်​း​တွေဖြစ်​ခဲ့ကြပါတယ်​ဘယ်​လိုအ​ခြေအ​နေ​တွေနဲ့ပဲ ​ကျောင်​းကို​ရောက်​လာ​ရောက်​လာ ဒ​ီ​ကျောင်​းမှာ ​တတ်​နေကြတဲ့ ​ကျောင်​းသားတိုင်​း အလိုချင်​ဆုံးဆုက​တော့ Student of the year ဆိုတဲ့ ဆုဖုလားတစ်​ခုပါပဲဒီဆုဖုလား ကိုရရှိဖို့ဆိုရင်​ ပြိုင်​ပွဲ​တွေအများကြီး ယှဉ်​ပြိုင်​ပါတယ်​အဲ့ဒီယှဉ်​ပြိုင်​မှုမှာ သူတို့သူငယ်​ချင်​း​တွေပါဝင်​ယှဉ်​ပြိုင်​မိတဲ့အခါမှာ​တော့ အချင်​းချင်​းမသင်​့မြတ်​မှု​တွေ အတ္တ​တွေ မာနတရား​တွေ ကို ခံစားလာရတဲ့အခါမှာ သူငယ်​ချင်​းသံ​ယောဇဉ်​ဆိုတာလည်း ပျက်​စီးသွားခဲ့ပါတယ်​ဒါ​ပေမယ်​့ ထင်​မှတ်​မထားတဲ့ ဆုဖုလား​ရဲ့​နောက်​ကွယ်​က တက္ကသိုလ်​ပါ​မ္ခောတစ်​ဦးရဲ့ စိတ်​သ​ဘောထားအမှန်​ကို သိရှိခဲ့ပြီးတဲ့အခါမှာ​တော့ ၁၀ နှစ်​​ကြာ ခံစားခဲ့ရတဲ့ သူတို့သူငယ်​ချင်​း​တွေကြားက အာဃာတ ​တွေ​ပျောက်​ကွယ်​သွားပြီ ပြန်​လည်​​ပြေလည်​သွားတဲ့ အ​ကြောင်​း​လေးကို ရိုက်​ကူးထားတဲ့ဇတ်​ကား​ကောင်​း​လေးတစ်​ကားပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အေးငြိမ်းသူပဲဖြစ်ပါတယ်)File Size : 1.2 ...
movie

Student of the Year (2012)

2012
Lion (2016) 8.0
Lion (2016) Lion (2016) IMDb - 8.0/10_____Rotten - 84% Nominated for 6 Oscars. Another 59 wins & 98 nominationsLion (2016)Saroo ဆိုတဲ့ လူငယ်လေးဟာ သူ့အမေ,သူ့အကို တို့နဲ့အတူ အိန္ဒိယနိုင်ငံက ဆင်ခြေဖုံးရပ်ကွက်လေးမှာ နေထိုင်ပါတယ်။ သူတို့ ညီအကိုနှစ်ယောက်ဟာ ကျောက်မီးသွေးရထားပေါ်က ကျောက်မီးသွေးခဲတွေကို ခိုးယူပီး ပြန်ရောင်းစားတဲ့ အလုပ်ကို လုပ်ကြပါတယ်။ မိခင်ကတော့ ကျောက်တောင်တစ်ခုမှာ ကျောက်ခဲ သယ်တဲ့ အလုပ်ကို လုပ်ပါတယ်။ Saroo တို့ညီအကို နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့ ညီအကိုတွေပါ။ တစ်ရက်မှာတော့ သူ့အကို ညပိုင်းလုပ်တဲ့ အလုပ်ဆီ Saroo ကလိုက်သွားခဲ့ပါတယ်။ အလုပ်ကိုရောက်ဖို့ ရထားတဆင့်စီးရပါတယ်။ ဘူတာရုံရောက်တော့ Saroo အရမ်းအိပ်ချင်နေတဲ့အတွက် သူ့အကိုက ခုံတန်းလေးပေါ်မှာ သူ့ညီကိုထားခဲ့ပီး အလုပ်သွားလုပ်ခဲ့ပါတယ်။ Saroo ...
movie

Lion (2016)

2016
Shivaay (2016) 6.7
Shivaay (2016) အိန္ဒိယ နိုင်ငံမှာ ၀င်ငွေစံချိန်တင်ခဲ့ပြီး IMDb rating 6.6 ထိရရှိထားတဲ့ သည်းထိပ်ရင်ဖိုဒရာမာကားကြီးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်... တောင်တက်လမ်းပြအဖြစ် တစ်ဘ၀လုံး နှစ်မြုပ်ထားတဲ့ ရှီဗား ...သူ့ဘ၀ကတောင်တက်သမားတွေကို လမ်းပြလိုက် မြူနှင်းတွေကိုအဖော်ပြု ပြီးကျေးငှက်တွေရဲ့သီချင်းသံနဲ့ ပျော်မွေ့ရင်း ပရဟိတ လုပ်ငန်းတွေနဲ့ပျော်မွေ့နေသူတယောက် ...တစ်နေ့တော့ ဘူဂေရီးယားကတောင်တက်အဖွဲ့ကို တောင်တက်လမ်းပြအဖြစ် လိုက်ရင် မမျှော်လင့်ပဲ နှင်းတောင်ပြိုကျရာမှ ချောက်ထဲ ပြုတ်ကျရင်း အဲ့ဒီအဖွဲ့မှာပါတဲ့ ဘူဂေးရီးယားသူ မိန်းမချောလေးအော်ဂါ က တောင်တက်လမ်းပြလူကြမ်းကြီးရဲ့ နှလုံးသားကို အချစ်ရဲ့ကျေးကျွန်အဖြစ်သိမ်းပိုက်နိုင်ခဲ့ပါတယ်... ဒီလိုနဲ့ အချစ်နယ်ကျွံကြရင်း ကိုယ်ဝန်ရှိသွားတဲ့အခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ကလေးကိုဖျက်ချပစ်ဖို့ အော်ဂါက ဆန္ဒရှိနေပေမဲ့ လူကြမ်းကြီးရဲ့ နှလုံးသားကလက်မခံပဲ ကလေးကိုမွေးပေးဖို့ တောင်းဆိုခဲ့ပါတယ် ...ဒီလိုနဲ့ ကလေးကိုမွေးပြီးပြီးချင်းမှာ အမေဖြစ်သူဟာ ဘူဂေးရီးယားကိုပြန်သွားခဲ့ပြီး သမီးလေးဖြစ်သူ ဂါရာ အသက်၉နှစ်အရွယ်ရောက်တဲ့အခါမှာတော့ မထင်မှတ်ပဲ သိမ်းဆည်းထားတဲ့ အမေဖြစ်သူရဲ့ပုံကိုတွေ့ရှိသွားရာမှ မိတဆိုး သမီးလေးက အမေဖြစ်သူဆီကိုသွားရောက်ဖို့ ပူဆာရာမှ  သူတို့သားအဖ ၂ယောက် အမေရှိရာ ဘူဂေးရီးယားကိုလိုက်သွားကြပါတယ် တဖက်နိုင်ငံကိုရောက်တော့ ဟော်တယ်မှာ ကလေးသူငယ်တွေကိုလိင်လုပ်သားအဖြစ်ခိုင်းစေတဲ့အမှုကို တွေ့ရှိပြီး ကူညီပေးခဲ့မိရာမှ ကလေးဖမ်းတဲ့ ဂိုဏ်းနဲ့ပတ်သက်မိပြီး သမီးလေးဟာ ...
movie

Shivaay (2016)

2016
Jai Gangaajal (2016) 5.6
Jai Gangaajal (2016) Jai Gangaajal (2016)_____IMDb - 5.6/10    ကဲဗျာ အခုတလော ဘောလိဝုဒ်တွေတင်တာနည်းတယ်ဆိုပြီး ပြောပြောနေကြတဲ့ ပရိတ်သတ်ကြီး အတွက် 2003 ခုနှစ်ကထွက်ရှိထားတဲ့ Gangajal ရဲ့ အဆက် ကားကို တင်ဆက်ပေးလိုက်ပါတယ် ကုလားကားတို့ထုံးစံအတိုင်း ဇာတ်လမ်းဇာတ်ကွက်ကိုကတော့ သိပ်ပြီး အမွမ်းတင်ပြီး ညွှန်းနေစရာလိုလောက်ဘူးလို့ထင်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ ဘတ်ဘလိုပန်ဒီ နဲ့ ဒတ်ဘလိုပန်ဒီတို့ ညီအစ်ကို ၂ယောက်ဟာ ဘီဟာ ပြည်နယ် လက်ခီဆာရီမြို့လေးမှာ ဗိုလ်ကျနေကြတဲ့ လူမိုက် ညီအစ်ကို ၂ဦးဖြစ်ပါတယ် သူတို့ ၂ယောက်ဟာ လျှပ်စစ်ဓါတ်အားပေးစက်ရုံကိုတည်ဆောက်ဖို့ ငွေ အရင်းမနှီးများထည့်ထားပြီး သူတို့ ရဲ့ အာဏာရပါတီက အခြေအနေမကောင်းတဲ့ အချိန်မှာ လူလည်တို့ထုံးစံ လွတ်လမ်းကို ရှာနေကြတဲ့သူတွေပါ ဒီလိုနဲ့ တစ်နေ့မှာ ဒီလို ဒုစရိုက်မှုတွေထူပြောလှတဲ့ နယ်မြို့လေးကို မိန်းမသား ရဲအရာရှိ တယောက်ကို အစိုးရကစေလွှတ်လိုက်ပါတယ်    ရဲအရာရှိ အဗ်ဟာမတ်သာ တဖြစ်လဲ မင်းသမီး ပရီရန်ကာချိုပရာတယောက် ယောကျာ်းသားတွေနဲ့ အတူတူတန်းတူ တာဝန်ထမ်းဆောင်နိုင်မလား မဖော်ထုပ်နိုင်ခဲ့တဲ့ အမှုတွေကိုလဲ ပြန်လည် ဖော်ထုပ်နိုင်မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှူလိုက်ပါတော့နော် ဒီဇာတ်ကားက မိန်းမကို အဓိက ဖိုက်တာတင် ရိုက်ကူးထားတာကြောင့် ပုံမှန် ကြည့်နေကြ ကုလားကားတွေလို ဘုရားသားတွေကိုတော့ သိပ်တွေ့ရမှာ မဟုတ်ပါဘူး ဗျ :P
movie

Jai Gangaajal (2016)

2016
Vedalam (2015) 6.3
Vedalam (2015)   ကဲ ဒီတစ်ခါတော့ ဘောလိဝုဒ်ကားကောင်းလေးတစ်ကား ကိုတင်ဆက်ပေးလိုက်ပါတယ်  ဇာတ်ကားလေးက ဇာတ်ကြမ်း ဖြစ်ပြီးတော့ ခပ်ကြမ်းကြမ်း ကားလေးတစ်ကား ဖြစ်ပြီးတော့  သည်းထိပ်ရင်ဖို ဇာတ်ကားကြိုက် နှစ်သက်တဲ့ သူတွေကတော့ လက်မလွှတ်တမ်း ကြည့်ရမှာဖြစ်ပါတယ် ဇာတ်လမ်း လေးကတော့ နိုင်ငံတကာက အလိုရှိနေတဲ့ မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင် ညီအစ်အကို ၂ယောက် ကို နိုင်ငံတကာ ရဲတပ်ဖွဲ့ က လိုက်လံဖမ်းဆီးတဲ့ နေရာမှာ အစ်ကိုဖြစ်သူ သေသွားခဲ့ပြီး ဒီလိုနဲ့ ညီဖြစ်သူက ပြန်လည်လက်စားချေတဲ့ အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ပရိတ်သတ်ကြီး ကဆက်လက် ကြည့်ရှူရမှာဖြစ်ပါတယ် ဘာသာပြန်သူကတော့ Max Millioon ပဲဖြစ်ပါတယ်ဗျ [ ကဲ ဒီတစ်ခါတော့ ဘောလိဝုဒ်ကားကောင်းလေးတစ်ကား ကိုတင်ဆက်ပေးလိုက်ပါတယ်  ဇာတ်ကားလေးက ဇာတ်ကြမ်း ဖြစ်ပြီးတော့ ခပ်ကြမ်းကြမ်း ကားလေးတစ်ကား ဖြစ်ပြီးတော့  သည်းထိပ်ရင်ဖို ဇာတ်ကားကြိုက် နှစ်သက်တဲ့ သူတွေကတော့ လက်မလွှတ်တမ်း ကြည့်ရမှာဖြစ်ပါတယ် ဇာတ်လမ်း လေးကတော့ နိုင်ငံတကာက အလိုရှိနေတဲ့ မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင် ညီအစ်အကို ၂ယောက် ကို နိုင်ငံတကာ ရဲတပ်ဖွဲ့ က လိုက်လံဖမ်းဆီးတဲ့ နေရာမှာ အစ်ကိုဖြစ်သူ သေသွားခဲ့ပြီး ဒီလိုနဲ့ ညီဖြစ်သူက ပြန်လည်လက်စားချေတဲ့ အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ပရိတ်သတ်ကြီး ကဆက်လက် ကြည့်ရှူရမှာဖြစ်ပါတယ် ဘာသာပြန်သူကတော့ Max Millioon ပဲဖြစ်ပါတယ်ဗျ]Download From V.I.P   Download Large File From ...
movie

Vedalam (2015)

2015
Dhoom 3 (2013) 5.4
Dhoom 3 (2013)    ဇာတ်လမ်းအကျဉ်းကတော့… ၁၉၉၀ ပြည့်နှစ်ကာလမှာ အိန္ဒိယလူမျိုး မျက်လှည့်ဆရာ Iqbal Haroon Khan ဟာ သူ့ရဲ့ ဆပ်ကပ်အဖွဲ့ မပြိုကွဲရေးအတွက် ရုန်းကန်နေရပါတယ်။ ဒီဆပ်ကပ် ဆက်လက်ရပ်တည်ဖို့အတွက် အနောက်ချီကာဂိုဘဏ်ကို မှီခိုနေရပါတယ်။ ဒါပေမယ့် ဘဏ်ပိုင်ရှင် Anderson ကတော့ ဒီဆပ်ကပ်ကို ပိတ်ပစ်ဖို့ပဲ ဖိအားပေးနေပါတယ်။ အထူးဖျော်ဖြေပွဲအဖြစ် Khan ဟာ Anderson ကို သူ့ရဲ့ အကောင်းဆုံး ပြကွက်တစ်ခုကို ပြသပြီး ဆပ်ကပ်အဖွဲ့ မဖျက်သိမ်းရဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ဒီဆပ်ကပ်အဖွဲ့ကို ပိတ်ပစ်ဖို့ပဲ တမင်လုပ်နေတဲ့ Anderson ဟာ ဘာကိုမှ အရေးမလုပ်တာမို့ Khan ဟာ ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။ အဲဒီအဖြစ်အပျက်ကို ဖခင်နဲ့အတူ ဆပ်ကပ်ပြပြီး Anderson ဆီက အကူအညီ မျှော်လင့်နေရှာတဲ့ Sahir Khan ဟာ အစအဆုံး မြင်တွေ့လိုက်ရပါတယ်။ Sahir Khan ...
movie

Dhoom 3 (2013)

2013
Dhoom 2 (2006) 6.4
Dhoom 2 (2006) မကြည့်ဖူးတဲ့သူမရှိလောက်အောင်နာမည်ကြီးခဲ့တဲ့ဘောလိဝုဒ်ဇာတ်ကားတစ်ကားပါ။လက်ပွားမင်းသားရဲ့အကောင်းဆုံးဇာတ်ကားတစ်ကားလို့လည်းပြောလို့ရပါတယ်။ဒီဇာတ်ကားထဲမှာတော့ လက်ပွားမင်းသားဟာ Professional သူခိုးတစ်ယောက်ရဲ့ကာရိုက်တာကိုပီပြင်စွာသရုပ်ဆောင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Dhoomကားရဲ့အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ACP Jay Dixit နဲ့ Ali တို့ရဲ့နေရာကို Abishek Bachan နဲ့ Uday chopraတို့ကသရုပ်ဆောင်ထားပါတယ်။မယ်ကမ္ဘာဆုရထားတဲ့မင်းသမီးချော Aishwarya Rai ကလည်း နှစ်ဖက်ချွန်တစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားတစ်ခုလုံးကို ထိန်းသွားတာကတော့ လက်ပွားမင်းသား Hrithik Roshanပါပဲ။ Aryanရဲ့ဇာတ်ကောင်နေရာကနေ ရုပ်ပြောင်းရုပ်လွှဲတွေကိုတစ်ဝကြီးကြည့်ရှုခံစားရမှာပါ။အယောက်၁၀၀မှာ၉၀လောက်ကြည့်ပြီးသားဖြစ်တဲ့ဇာတ်ကားလေးမို့ review ကိုအတိုချုံ့ပဲရေးပေးလိုက်ပါတယ် File size…(1.4GB) Quality…BR-Ray 720p Format…mp4 Duration….02:32:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Thanhtike Zaw
movie

Dhoom 2 (2006)

2006
D Day (2013) 7.3
D Day (2013) ကဲ ဒီတစ်ခါတော့ ခရစ္စမတ်ပိတ်ရက်အတွက် ခပ်ကြမ်းကြမ်းဘောလိဝုဒ် ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကဘောလိဝုဒ်ကားကြိုက် ပရိတ်သတ်တွေနဲ့ မစိမ်းတဲ့နာမည်ကြီးမင်းသားမင်းသမီးတွေဆိုတော့ဇာတ်လမ်းကိုကောင်းမကောင်းတော့ မညွန်းတော့ပါဘူးဇာတ်လမ်း အကျဉ်းလေးကတော့Wali Khan ဟာ ပါကစ္စတန်ကို အိန္ဒိယ အလိုအရှိဆုံးလူဆိုးကြီးကိုဖမ်းဆီးဖို့ အတွက် အဖွဲ့နှင့်ဆက်သွယ်ဖို့စေလွတ်ခြင်းခံခဲ့ရပါတယ်ပါကစ္စတန်မှာက စောင့်နေတဲ့ အဖွဲ့မှာက တော့ ဒိတ်ဒိတ်ကြဲ လူဆိုးတွေပဲဖြစ်ပြီးဒီ ဒိတ်ဒိတ်ကြဲ လူဆိုးအဖွဲ့နဲ့ Wali Khan တယောက် ဘယ်လိုတွေများ ၂ပါးသွားကြမလဲဂန္ဒဝင်လူဆိုးကြီးကိုကောဖမ်းဆီးနိုင်ပါ့မလားဆိုတာတွေကိုတော့ကဲ ဆက်လက်ကြည့်ရှူလိုက်ကြပါတော့ဗျာ
movie

D Day (2013)

2013
JazBaa (2015) 5.8
JazBaa (2015) IMDb Rating 5.8 ရရှိထား ပြီး အက်ရှင်ဇာတ်ကြမ်းကြိုက် ဘောလိဝုဒ် ပရိတ်သတ်တွေအတွက် အကြိုက်တွေ့မယ် ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် အလုပ်ကိုမက်တဲ့ မိဘ သားသမီးကို ဂရုမစိုက်နိုင်တဲ့ မိဘနဲ့ သား သမီးကြားက ပဋိပက္ခနဲ့ သူငယ်ချင်းအပေါ် သစ္စာမရှိတဲ့ အပေါင်းအသင်း အကြောင်းကို ရိုက်ကူးပြထားတာပါ ဇာတ်လမ်း အကျင်းလေးကတော့ Anuradha Verma ဟာ နာမည်ကြီး ရှေ့နေတယောက်ဖြစ်ပြီး သူနဲ့ သူ့မိန်းမဟာ သမီးဖြစ်သူ Sanaya ကို ဂရုစိုက်နိုင်ခြင်းမရှိပါဘူး ဒီလိုနဲ့ တစ်နေ့ ကျောင်းက မိဘကျောင်းသား တွေ့ဆုံပွဲမှာ Sanaya တယောက်ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်လက်ဖြစ်ပျက်ကြမလဲဆိုတာကို ပရိတ်သတ်ကြီးကပဲ ဆက်လက် ရှူစားလိုက်ပါတော့ဗျာ
movie

JazBaa (2015)

2015
Angrej (2015) 8.6
Angrej (2015) IMDb rating 8.6 ရရှိထားပြီး ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ အချစ် နဲ့ ဘ၀ အခြေအနေ ဇာတ်ကြောင်းလွန်ဆွဲကြပုံကို ရိုက်ပြထားပြီး လူငယ်လေးတယောက်က မိမိဘ၀အခြေအနေနဲ့ အချစ်ရေး ၂ခုကြားထဲမှာ ဘယ်ဟာကို ရွေးချယ်ရမလဲဆိုတာကို ဒွိဟဖြစ်ပုံကို ပညာသားပါပါ ရိုက်ကူးပြသပေးထားပြီး ယခုခေတ်လူငယ်တွေ အတုယူကြည့်ရှူသင့်တဲ့ ဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးခြင်ပါတယ် ဇာတ်လမ်း လေးကတော့ ယခုခေတ် ပါကစ္စတန်ကောင်လေးတစ်ယောက်နဲ့ အစပြုထားပြီး သူ့ကောင်မလေးဟာ နိုင်ငံခြား လူနေမှုဘ၀ကို အထင်ကြီးသူတယောက်ပါ တနေ့မှာ ကောင်မလေးက ကောင်လေးကို လက်ဆောင်ပစ္စည်းတစ်ခုဝယ်ပေးဖို့ ပူဆာရာမှ ကောင်လေးက သူ့အဖေရဲ့ စကူတာလေးကို ရောင်းလိုက်ပြီး ၀ယ်ပေးခဲ့ပါတယ် ဒီလိုနဲ့ အဲ့ကောင်လေးဟာ အိန္ဒိယ ကောင်လေးတစ်ဖြစ်လဲ Angrej နဲ့ မိတ်ဆွေဖြစ်မိပြီး ပါတီပွဲတစ်ခုမှာခင်မင်ခဲ့ပါတယ် ဒီလိုနဲ့ Angrej နဲ့ ကောင်လေး စကားပြောကြရင်း Angrej ကိုကောင်လေးက သူ့စကူတာပျောက်သွားတဲ့ အကြောင်း ပြောပါတော့တယ် အဲ့မှာ Angrej က ကောင်လေးကို မင်းစကူတာက ပျောက်သွားတာ မဟုတ်တဲ့ အကြောင်း ကောင်မလေးကို လက်ဆောင်ဝယ်ပေးလိုက်တာဖြစ်ကြောင်းပြောရင်း Angrej က သူ့ရဲ့ အချစ်ဇာတ်လမ်းလေးကို ပြောပြပါတော့တယ် ကဲ ပရိတ်သတ်ကြီးေ၇ Angrej ရဲ့ အချစ်ဇာတ်လမ်းလေးက လွမ်းမောစရာကောင်းမလား ပျော်ရွင်စရာတွေနဲ့ ပြည့်နက်နေမလားဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက် ရှူစားကြည့်လိုက်ပါတော့ ဗျာDownload On Mega   Download On Google Drive   Download On ...
movie

Angrej (2015)

2015
Naam Hai Akira (2016)
Naam Hai Akira (2016) ကဲဒီတစ်ခါတော့ ခပ်ကြမ်းကြမ်း အက်ရှင် ဘောလိဝု သဲထိပ် ရင်ဖိုဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါအုံးမယ် ဇာတ်ကားလေးကတော့ IMDb Rating 6 ထိရရှိထားပြီးတော့ ဇာတ်ကားလေးထဲမှာ ACTION/CRIME/DRAMA/THRILL စတဲ့ ရသပေါင်းစုံကို တကားထဲနဲ့ ခံစား ရမှာဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ အကီရာ ဟာ အိန္ဒိယ နိုင်ငံမြို့ငယ်လေးတစ်မြို့မှာ နေထိုင်ပြီး ငယ်စဉ်ကတည်းက ဖခင်ရဲ့ သင်ကြားမှုကြောင့် မဟုတ်မခံစိတ်ရှိသူတစ်ယောက်ပါ အသက်၁၄ နှစ်အရွယ်မှာ မတော်တဆ အမှုအခင်းတစ်ခုဖြစ်ပွားမှုကို မြင်တွေ့မိခဲ့ပြီး မိခင်ဖြစ်သူမှာ သမီးဖြစ်သူ ရဲ့ ပညာရေးအတွက် မွမ်ဘိုင်းမြို့ပေါ်သို့ ပြောင်းရွေ့နေထိုင်ခဲ့ပြီး ကောလိပ်တက်နေရာမှ တစ်နေ့မှာ ကောလိပ်က အမည်မသိ ကျောင်းသားရဲ့ ခြိမ်းခြောက် မှုကိုခံရရာမှ မဟုတ်မခံစိတ်ရှိသူ အကီရာတယောက် မှုခင်းတစ်ခုအတွင်းမှာ ပါဝင်နေခဲ့မိရာမှ ဘယ်လိုတွေများဆက်ဖြစ်ကြမလဲဆိုတာကို ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ
movie

Naam Hai Akira (2016)

Saawariya(2007)
Saawariya(2007) IMDb 5.5 ရထားပြီး ၂၀၀၇ ခုနှစ်ကထွက်ရှိထားတဲ့ အချစ်အလွမ်းကားလေးနဲ့ မိတ်ဆက်ပေးခြင်ပါတယ် Saawaria ဆိုတာ ဟင်ဒီကနေလို My Love (or) soul mate ကိုဆိုလိုတာဖြစ်ပါတယ် ဒီဇာတ်ကားလေးရဲ့ ထူးခြားချက်တစ်ခုက ဘောလိဝုဇာတ်ကားတစ်ကားကို ပထမဆုံး မြောက်အမေရိက ရုပ်ရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sony Picture Production ကထုပ်လုပ်ပေးခဲ့တာဖြစ်ပြီး ပထမဆုံး blu-ray ခွေအဖြစ်ထွက်ရှိခဲ့တဲ့ ဘောလိဝုဒ်ဇာတ်ကားတစ်ကားလည်းဖြစ်ခဲ့ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ လူကုံထံသူဌေးသမီး ဂူလတ်ဂျီဟာ မြို့ရဲ့ကြေးရတက်ကလပ်ကို မကြာမကြာ လာတတ်ပြီး အဲ့ ကလပ်က တီးဝိုင်းခေါင်းဆောင် Raj ဟာ ပေါ့ပော့ပါးပါးနဲ့နွေးထွေးငြင်နာတတ်တဲ့နှလုံးသားရှိသူတစ်ယောက်ဖြစ်ပြီး ဂူလတ်ဂျီက Raj ကိုကြိတ်ခိုက်နေသူတစ်ယောက်လဲ ဖြစ်ပါတယ် ဒီလိုနဲ့တစ်နေ့မှာ Lilian ဆိုတဲ့ အမျိုးသမီးလေး တစ်ယောက်မထင်မှတ်ပဲရောက်ရှိလာရာမှ  ဘယ်လို အပွင့်ဆိုင် ဇာတ်လမ်းတွေဖြစ်ကြမလဲ Gulabji တစ်ယောက်ရော ရတာမလိုလိုတာမရ ဖြစ်ပြီး ဘယ်လိုတွေခံစားရမလဲဆိုတာကို ပရိတ်သတ်ကြီး ကပဲဆက်လက်ခံစားလိုက်ပါတော့ Download On Pcloud Large File(900MB)Download On Pcloud ...

Saawariya(2007)

Main Tera Hero (2014) 5.3
Main Tera Hero (2014) မင်းသား Varun Dhawan နဲ့ မင်းသမီး Ileana D'Cruz , Nargis Fakhri  တို့အဓိကပါဝင်ထားပြီး မင်းသားကြီး Salman Khan တို့နဲ့လဲ အားဖြည့်ထားတဲ့ Action, Comedy, Romance အမျိုးအစား Bollywood ဇာတ်ကားပါ။ဇာတ်လမ်းကတော့.......Sreenath Prasad (ခေါ်) Seenu ဟာ Ooty တစ်ဝိုက်မှာတော့ လူဆိုးလေးအဖြစ်နာမည်အကြီးဆုံးလူပေါ့။ သူဟာ ဘန်ဂလော ကောလိပ်မှာ ပညာဆက်သင်ဖို့အတွက် Ooty ကောလိပ်ကနေ ထွက်လာခဲ့တယ်။ ဒီရောက်တော့ Sunaina နဲ့ ချစ်သူဖြစ်သွားရော။ ဒါပေမယ့် Sunaina ဟာ ဒေသခံရဲအရာရှိဖြစ်သူ Angad (တကယ်တော့ သူက ကြောက်စရာပိုကောင်းတဲ့ ဂိုဏ်းစတားကြီး)နဲ့ လက်ထပ်ရဖို့ စီစဉ်ထားပြီးသား။ Seenu မှာ Ayesha ဆိုတဲ့ အသွင်နဲ့ ချစ်သူနောက်တစ်ယောက်ရှိသေးပေမယ့် သူကိုယ်တိုင်တောင် သတိမထား မိခဲ့ပါဘူး။ တစ်ခါက သူ့သူငယ်ချင်းတွေကို ကယ်လိုက်ကတည်းက Ayesha ဟာ သူ့အတွက်ပြီးပြည့်စုံတဲ့ေယောကျ်ားတစ်ယောက်တွေ့ပြီ ဆိုတာ ချက်ချင်းသိလိုက်တယ်။ Ayesha ရဲ့အဖေဟာ ...
movie

Main Tera Hero (2014)

2014
Kapoor and Sons (2016) 7.9
Kapoor and Sons (2016) ဒီနေ့အကြိုခံစားဖို့ကိုတော့ စိတ် ပေါ့ပါးပြီး ပျော်ပျော်ရွှင်ရွှင်လေး ခံစားရမယ့် အိန္ဒိယအချစ်ဟာသ ဒရာမာ ဇာတ်ကားလေး ဖော်ပြ ပေးလိုက်ပါတယ်။ခပ်တန်းတန်းဖြစ်နေတဲ့ ရာဟူးကာပူးရ်နဲ့ အာဂျွန်ကာပူးရ်တို့ ညီအစ်ကိုဟာ အသက် (၉၀)အရွယ်ရှိ သူတို့အဘိုးက တွေ့ချင်တဲ့အတွက် မွေးရပ်မြေဖြစ်တဲ့ အိန္ဒိယ ကအိမ်ကို ပြန်လာခဲ့ရပါတယ်။ ရာဟူးက အောင်မြင်တဲ့ စာရေး ဆရာ တစ်ယောက်ဖြစ်ပြီး လန်ဒန်မှာ နေနေကာ စာလည်းရေးရင်း ဗိသုကာပညာရှင်အလုပ်ကို လည်း လုပ်နေသူပါ။အာဂျွန်ကလည်း စာရေး ရတာ ဝါသနာပါသူတစ်ယောက် ဖြစ်ပြီး နယူးဂျာစီမှာ နေနေတာ ပါ။ သူတို့နှစ်ယောက် အိမ်ပြန် ရောက်လာပြီး တစ်မိုးအောက်ထဲ မှာ မိသားစုတွေနေကြရင်း လျှို့ ဝှက်ချက်တွေ၊ မပြေလည်မှုတွေ ကို ဖြေရှင်းရင်းနဲ့ အိမ်တွင်းပဋိ ပက္ခတွေ ကြီးလာပါတော့တယ်။ရာဟူးဟာ မိသားစုထဲမှာ ရင့်ကျက်တဲ့သူ၊ အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်ပြီး အာဂျွန်က တော့ သူ့အစ်ကိုလိုမျိုး ...
movie

Kapoor and Sons (2016)

2016