Channel Myanmar

Comedy

Sugar Factory (2023) 9.5
Sugar Factory (2023) Sugar Factory (2023) "ဟန်ဆောင်အချစ်ဇာတ်လမ်း" IMDb - 9.5/10Sugar Factoryဆိုတဲ့ ကန်နာဒါစကားပြော အိန္ဒိယအချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသမီးချော ဆိုနာမွန်တယ်ရီယိုနဲ့ မင်းသားဒါလင်ခရစ်ရှ်နာတို့ အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။"Single is the best"လို့ တစာစာကြွေးကြော်ရင်း အချစ်ရေး အိမ်ထောင်ရေးကို တစက်ကလေးမှ စိတ်မဝင်စားကြတဲ့ အာရာနဲ့ အာဒီတီ။ အာရာက မင်္ဂလာပွဲတွေစီစဉ်ပေးတဲ့ စီစဉ်သူကြီးဖြစ်ပေမဲ့ အိမ်ထောင်ရေးကိုလုံးလုံးအယုံအကြည်မရှိသူ။ အာဒီတီဆိုတဲ့ မိန်းမပျိုလေးကလည်း ထိုနည်း၎င်း ဘာလဲ အချစ်ဆိုတာလို့ မေးခွန်းထုတ်တတ်တဲ့ ဆော့ဖ်ဝဲပညာရှင်။ဒီလို မချစ်တတ်တဲ့ယောကျ်ားနဲ့ မချစ်တတ်တဲ့မိန်းမတို့ ဆုံတွေ့ကြတာက Sugar Factoryလို့ခေါ်တဲ့ အရက်ဆိုင်မှာ။နှစ်ယောက်သား မထင်မှတ်ဘဲဆုံတဲ့အချိန်မှာ အရင်တချိန်က ဆုံခဲ့ဖူးသူတွေမို့ ခဏအတွင်းရင်းနှီးသွားကြရင် အချစ်ကိုမယုံကြည်ကြောင်း ဒဿနတွေပွင့်အံကြတာပေါ့။ ဒီလိုနဲ့ လူမှန်းသူမှန်းမသိအောင်မူးပြီးတဲ့နောက်မှာတော့ အကြောင်းကြောင်းကြောင့် ချစ်သူတွေအဖြစ်ဟန်ဆောင်ရဖို့ဖြစ်လာပါတော့တယ်။အချစ်ကိုအယုံအကြည်မရှိတဲ့ သူတို့နှစ်ယောက်ရဲ့ ဟန်ဆောင်အချစ်ဇာတ်လမ်းလေးက ဘယ်လိုအဆုံးသတ်မလဲဆိုတာ ခံစားကြည့်ရှုလိုက်ကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.8GB / ...
movie

Sugar Factory (2023)

2023
Friday After Next (2002) 5.8
Friday After Next (2002) Friday After Next (2002)IMDb-5.8ဇာတ်လမ်းအညွှန်းခရစ္စမတ်ကာလလည်း နီးနေပြီဆိုတော့ ခရစ္စမတ်အငွေ့အသက်လေးခံစားနိုင်ဖို့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ စန်တာကလော့စ်ဆီက လက်ဆောင်ရဖို့ ဆုတောင်းရတဲ့အချိန်တွေကို ပြန်တွေးမိကြဦးမလား။ ကဲ ဒီဇာတ်လမ်းကတော့ ထူးခြားသွားပါပြီ။ စန်တာဘိုးဘိုးကြီးဆီက လက်ဆောင်ရဖို့ ဝေးသေး၊ စန်တာဘိုးဘိုးကြီးက ပစ္စည်းတွေ လိုက်လုနေလို့ပါပဲ။ ခရစ်ဂ်နဲ့ ဒေးဒေးတို့ ညီအကိုနှစ်ယောက်က မိဘတွေနဲ့ ခွဲပြီးတိုက်ခန်းမှာ နေနေကြပါပြီ။ ခရစ္စမတ်မတိုင်ခင် တစ်နေ့အလို သောကြာနေ့မှာသူတို့အိမ်ကို သူခိုးကပ်ပါတယ်။ သူခိုးကတော့ စန်တာကလော့စ်ဝတ်စုံဝတ်ပြီး ခိုးတဲ့ကောင်ပါတဲ့။ သူတို့ရဲ့ သောကြာနေ့ ပြဿနာလေး ဒီကစပါပြီ။ ခရစ်ဂ်နဲ့ ဒေးဒေးတို့ ပစ္စည်းတွေ အကုန်ပါသွားတဲ့အပြင် အိမ်ငှါးခပေးရမယ့် ငွေတွေပါ ပါသွားတယ်။ ခရစ္စမတ်လက်ဆောင်တွေလည်း မရှိတော့ဘူး၊ အိမ်ငှါးခလည်း ပေးရတော့မယ်၊ ခရစ္စမတ်ပါတီပွဲလေးလည်း ကျင်းပချင်ကြသေးတယ်၊ စန်တာကလော့စ်သူခိုးကိုလည်း ဖမ်းရဦးမယ်။ ဒါနဲ့ သူတို့နှစ်ယောက် သူတို့မိသားစုဘာဘီကျုဆိုင်ရှိတဲ့ မောလ်တစ်ခုမှာ လုံခြုံရေးအစောင့် ဝင်လုပ်ကြပါတယ်။ လုံခြုံရေးလုပ်နေရင်း ဘာတွေကြုံရဦးမလဲပေါ့။ သောကြာနေ့လေးမှာ ညီအကိုနှစ်ယောက် ဘယ်လိုဂယက်တွေ ဖန်တီးကြဦးမလဲ၊ သူတို့ဆန္ဒတွေ ပြည့်ကြပါ့မလား… ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ “Friday” series မှာ သုံးကားမြောက်အနေနဲ့ ထွက်ရှိထားတဲ့ ဟာသဇာတ်လမ်းလေး ဖြစ်ပါတယ်။ Christmas theme songလေးတွေ ခံစားရင်း ရယ်မောပျော်ရွှင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။ File size…  ...
movie

Friday After Next (2002)

2002
Dry Day (2023) 8.3
Dry Day (2023) Dry Day (2023) "ခြောက်ကပ်ကပ်နေ့များဆီသို့..." Crackdown(2022)စီးရီးထဲက မင်းသမီးချော ရှရှီယာပေလ်ဂွန်ကာနဲ့ ကားရိုက်ကျဲတဲ့ မင်းသား ဂျစ်တန်ဒရာကူးမားတို့ရဲ့ ဘောလိ၀ုဒ် အချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။Dry Dayဆိုတာ အိန္ဒိယမှာ အရက်ရောင်းချခွင့်တားမြစ်တဲ့နေ့။ဒါပေမဲ့ သောက်လို့တော့ရတယ်ထင်ပါရဲ့။ သောက်ပြီဟေ့ဆိုရင် နှစ်ပင် သုံးပင်လိမ်အောင်သောက်တဲ့ ဂန်နူးကူးမား။ မနက် အိပ်ယာကနိုးပြီဆိုရင်တော့ ကျွတ်တသပ်သပ်နဲ့ နောက်မသောက်တော့ပါဘူး နှစ်ပင်မလိမ်တော့ပါဘူးလို့ ဘုရားတပြီး ကျိန်တဲ့သူ။ အမူးပြေရင် ထန်းနို့မော့ကြည့်ဆိုတာလိုပဲ အရှိန်လေးကျပြီဆိုတာနဲ့ အရက်ဆိုင်ဝင်တော့တာပါပဲ။ ဒီလိုအရက်သမားကို အဖေကျောင်းဆရာကြီးရဲ့စကား နားမထောင်ဘဲ တည့်မတ်ပေးလို့ရမှာပါဆိုပြီး ယူခဲ့မိတဲ့ လင်ဆိုးမယားလေးကတော့ နီရ်မာလာ။ဘာအလုပ်မှမယ်မယ်ရရ မလုပ်ဘဲ သောက်သောက်စားစား လူမင်းသားလုပ်နေတဲ့ယောကျ်ားဖြစ်သူကြောင့် ကလေးမယူပါဘူးလို့ ဆုံးဖြတ်ထားတဲ့ကြားက ကိုယ်ဝန်လွယ်ရပါရော။ စိတ်တိုတိုနဲ့ပဲ ယောကျ်ားဖြစ်သူကို တော် သောက်သုံးကျရင်ကျ မကျလို့ကတော့ ဒီကိုယ်ဝန်ဖျက်ချမှာလို့ ကြိမ်းပါတော့တယ်။ ကလေးလိုချင်သူ ယမကာလုလင်လေး မောင်ဂန်နူးတစ်ယောက် ဘာလုပ်လဲဆိုတော့ သူနဲ့ကျေးဇူးမကင်းတဲ့ နိုင်ငံရေးသမားကြီးအကူအညီနဲ့ အမတ်ဖြစ်ဖို့ကြံပါရောလား။ အမတ်လောင်း အရက်သမားဂန်နူးပေးတဲ့ကတိက ဒီမြို့နယ်တခွင် အရက်ကင်းစင်ရမယ်တဲ့။အဲဒီမှာပဲ ကြုံတွေ့လာတဲ့ အတိုက်အခိုက် အယှဉ်အပြိုင်တွေရယ် အရက်သမားတစ်ယောက်က သူပေးတဲ့ကတိကိုတည်နိုင် အကောင်အထည်ဖော်နိုင်မလားဆိုတာရယ်တော့ ဆက်လက်ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

Dry Day (2023)

2023
Ready or Not 2 ( 2023 )
Ready or Not 2 ( 2023 ) မြို့ပြမှာ နေထိုင်နေတဲ့ စုံတွဲတွေရဲ့ မတူညီတဲ့အဆင့်အသီးသီးမှာ ဖြစ်ပျက်လေ့ရှိတဲ့ အဖြစ်အပျက်လေးတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ အားကျားနဲ့ ခယ်ရီးတို့ရဲ့ ဘဝဟာ အားကျားရဲ့ အမေကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မင်္ဂလာပွဲအတွက်ပြင်ဆင်ဖို့၊ အိမ်ဝယ်ဖို့၊ အလုပ်ကိစ္စတွေကြောင့် အရင်က ပျော်စရာဘဝကြီးက တဖြည်းဖြည်းနဲ့ တာဝန်တွေ ဝတ္တရားတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။ဟွေးရှုံကလည်း အိမ်ထောင်ရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပေမယ့် သူ့ဇနီးဖြစ်သူ ဂျင်းနီကတော့ သူ့အပေါ် စိတ်ဝင်စားမှုတွေ လျော့နည်းလာပြီး အပြောင်းအလဲတွေရှိနေပါတယ်။ အားကျန့်နဲ့ ဂျက်ဆီကာကတော့ မိုးနတ်မင်းရဲ့ ဆုလာဘ် (ကိုယ်ဝန်)ကို လက်ခံရရှိခဲ့ပါတယ်။ အပြည့်အဝ ကာကွယ်ခဲ့ပေမယ့်လည်း 0.01% ဖြစ်နိုင်ချေက သူတို့ဆီကို ရောက်လာပြီး မပြင်ဆင်ရသေးခင် မိဘဖြစ်လာဖို့ ဖြစ်ခဲ့ရပါတယ်။သူတို့တစ်တွေ ကိုယ်စီအခက်အခဲကို ဘယ်လို ကျော်ဖြတ်ကြမလဲ...... သူတို့ ၆ ယောက်ရဲ့ ဘဝလမ်းကြောင်းကရော ဘယ်လို အပြောင်းအလဲတွေရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , ...
movie

Ready or Not 2 ( 2023 )

Snatched (2017)
Snatched (2017) အန်မလီဟာ ကောင်လေးနဲ့အတူ အီကွေဒေါကိုခရီးသွားဖို့အတွက် ခရီးစဉ်အစအဆုံးကို ငွေချေပြီးသားပါ..သွားခါနီးမှာပဲ ဘဝတက်လမ်းကြောင့်ဆိုပြီးလမ်းခွဲခံလိုက်ရပါတယ်။အန်မလီတစ်ယောက် ရည်းစားနဲ့ပြတ်၊ အလုပ်ကလည်းပြုတ်၊သူငယ်ချင်းလည်းတစ်ယောက်မှမရှိတဲ့အပြင်ဝယ်ထားတဲ့ ခရီးစဉ်ကလည်း ငွေပြန်အမ်းလို့မရတဲ့ခရီးစဉ်ဖြစ်နေတာကြောင့်အမေနဲ့အတူတူ ခရီးစဉ်ကိုသွားဖို့ဖြစ်လာပါတယ်။ခပ်ပေါ့ပေါ့တွေးပြီး နေတတ်တဲ့အန်မလီနဲ့ ဂရုတစိုက် အားလုံးကို အသေးစိတ်တတ်တဲ့အန်မလီ့အမေတို့ခရီးတစ်ခုတည်းအတူသွားတဲ့အခါ ဖြစ်လာတတ်တဲ့အလွဲလေးတွေအပြင်အယုံလွယ်တတ်တဲ့ အန်မလီကြောင့် သားအမိနှစ်ယောက်ပြန်ပေးဆွဲခံခဲ့ရတဲ့အခါမှာ ဘယ်လိုမျိုး ပြန်လွတ်အောင်ကြံဆောင်ကြမလဲ ဘယ်လိုအခက်အခဲတွေနဲ့တွေ့မလဲဆိုတာလေးတွေကိုဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အပြင်သားအမိနှစ်ယောက်ကြား ခံစားချက်လေးတွေပါကြည့်ရှုရမယ့်ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်။ File size…    1.7 GB /    828 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia
movie

Snatched (2017)

2017
Baby Mama (2008) 6.0
Baby Mama (2008) ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါးနဲ့ chillရင်းကြည့်လို့ရမယ့်comedyကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီဇာတ်လမ်းမှာ ကိတ်အဖြစ် သရုပ်ဆောင်ထားတဲ့ Tina Feyကိုတော့Mean Girlsဇာတ်ကားကနေတစ်ဆင့် လူသိများကြမယ်ထင်ပါတယ်။အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ကိတ်ဟိုးလ်ဘရွတ်ခ်ဟာ သူ့ဘဝတစ်လျှောက်လုံး ပိုက်ဆံရှာဖို့ကိုပဲရှေ့တန်းတင်ခဲ့တဲ့ ဇီဇာကြောင် အပျိုကြီးတစ်ယောက်ပါ။ အသက် ၃၇နစ်ဖြစ်လာပြီးနောက်ပိုင်းမှာတော့ ကိတ်တစ်ယောက်ကလေးလိုချင်တဲ့ ရောဂါထပါတော့တယ်။ ဒါပေမယ့် ကိတ်မှာ ရည်းစားလည်းမရှိသလို ကံမကောင်းစွာနဲ့သူ့ရဲ့ သားဥတွေကပါ မျိုးမအောင်နိုင်တဲ့ ပြဿနာဖြစ်နေတာကို သိရှိလိုက်ရပါတယ်။ ဒီလိုနဲ့ ကြံရာမရတဲ့အဆုံး ကိတ်တစ်ယောက်အငှားကိုယ်ဝန်ဆောင်စနစ်ကိုသုံးပြီးကလေးယူဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အငှားကိုယ်ဝန်ဆောင်လုပ်ငန်းကနေတစ်ဆင့်ရရှိခဲ့တဲ့ အငှားအမေကတော့ ပြာကလူးဆန်ကောင်မလေးတစ်ယောက်ဖြစ်တဲ့ အန်ဂျီပါ။ အန်ဂျီရဲ့ဗိုက်ထဲကို ကိုယ်ဝန်ထည့်သွင်းမှုအောင်မြင်တယ်လို့သိလိုက်ရတဲ့အခါမှာတော့ ကိတ်တစ်ယောက် ကလေးအတွက်စိတ်တိုင်းကျပြင်ဆင်ပါတော့တယ်။ ဒါပေမယ့် ပြဿနာတစ်ခုဖြစ်လာတာကတော့ကိတ်နဲ့ အန်ဂျီတို့ရဲ့ ဘဝနေထိုင်မှုပုံစံတွေဟာ ပြောင်းပြန်ဖြစ်နေတာပါပဲ။ဒီလိုနဲ့ အရာရာကို စိတ်တိုင်းကျထိန်းချုပ်ချင်တဲ့ ကိတ်ဟာမိန်းမဆိုးလေး အန်ဂျီကို ထိန်းကျောင်းဖို့ အခက်တွေ့လာပါတော့တယ်။ဒါကြောင့် ဒီကိုယ်ဝန်ဆောင်ကာလကို ကိတ်နဲ့ အန်ဂျီတို့ဘယ်လိုအလွဲအမှားတွေ အရွဲ့အစောင်းတွေလုပ်ကြရင်းနဲ့ ဖြတ်သန်းကြမလဲဆိုတာကိုရယ်မောပျော်ရွှင်ဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဗျာ။  File size…   1.9 GB /   934 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Baby Mama (2008)

2008
This Is 40 (2012) 6.2
This Is 40 (2012) This is 40 ကိုတင့်တို့ ၄၀ အရွယ် လင်မယားတွေ ကြာလာရင် မမြင်ရလေကောင်း လေဆိုတာကို မြင်ဖူးကြမှာပါတစ်ယောက် နဲ့ တစ်ယောက် သေးသေးလေးကအစဝေဖန် အပြစ်တင် ပြောဆိုပြီး တကျီကျီ ရန်ဖြစ်ကြရင်းထို့အတူ ပိထ် ဆိုတဲ့   Paul Rudd ကသီချင်းကုမ္ပဏီထောင်ထားသူ တစ်ဦး ဖြစ်ပြီးခေတ် နောက်ကျ ကျန်ခဲ့ပြီဖြစ်တဲ့ သူ့ကုမ္ပဏီရဲ့ အဆိုကျော် ဂရေဟမ်ရဲ့တေးသီချင်းတွေကို ပေါက်အောင် ကြိုးစားရင်း ရုန်းကန်နေသူ တစ်ဦးပါ။တစ်ဖန် သူ့ မိန်းမ ဒက်ဘီကတော့ အထည်ဆိုင်ဖွင့်ထားသူ တစ်ဦးပါ။သူတို့က ၄၀ ပြည့် ဘဝရဲ့ အချိုးအကွေ့ တစ်စိတ်တစ်ပိုင်းမှာဘဝ တိုးတက် ကောင်းမွန် ရေးအတွက် ပြုပြင်ဖို့ကြိုးစား နေကြပါတယ်။သို့ပေမဲ့ သူတို့ရဲ့ အဖြစ်က ကသီနိုင်ပြီးတော့ကပ်သီးကပ်သပ် ဖြစ်နေပါရော။ပိထ်မှာ မိဘစရိတ် မနားတမ်း‌ တောင်းဆိုတတ်တဲ့အဖေ တစ်ဦးရှိပြီး သူ့မှာကလည်း နောက်အိမ်ထောင်အပြင်အမြွှာကလေး သုံးယောက်နဲ့ပါ။ ဒက်ဘီမှာကျ ၁၅ နှစ်လုံး ...
movie

This Is 40 (2012)

2012
Summer Love Love (2011) 5.2
Summer Love Love (2011) ဒီတစ်ခါတေ့ာ တရုတ်ဇာတ်မြူး ကားလေး တစ်ကားတင်ဆက်ပေးလိုက်ပါတယ်။လူကြီးရုပ်ရှင် မဟုတ်ပေမယ့် ခပ်လန်းလန်း ကောင်မလေးတွေ ကိုအားပါးတရ ငမ်း လို့ လည်း ရမှာ ဖြစ်တာကြောင့် ရုပ်ရှင်လည်းကြည့်ရင်း စကီလည်းရှိုးရင်း ဆိုသလို ကိုကိုပုရိသတို့အကြိုက်တွေ့စေမယ် ဆိုတာ တော့ အာမခံ ပါရစေ။ ဇာတ်လမ်း အကျဉ်းချုံး ကတော...Fong Ryan နဲ့ Fattyတို့ သုံးယောက်ဟာဟိုင်နန် ကို အပန်းဖြေ ခရီး ထွက် လာရင်းနဲ့ဒုက္ခ ရောက်ရပုံ နဲ့ တည် ထား ပါတယ်။ပစ္စည်းတွေ အလစ်သုတ် ခံရပြီး ကမ်းခြေ တစ်ခု မှာသုံးယောက်သား ယောင်လည်လည် ဖြစ်နေကြတာပါ။အဲ့ဒီ အချိန်မှာပဲ ထိုနေရာမှာ လူထူးဆန်း တစ်ယောက်ကသူ့ဘဝလက်တွဲဖော် ရှာဖို့ ပြိုင်ပွဲ စီစဉ်နေတာပါ။ပြိုင်ပွဲ နာမည်က "သန်းကြွယ်လေးနဲ့ ဘယ်သူ လက်ထပ် ချင်လဲ" ဆိုတာပါ။စကီလေးတော်တော် များများကလည်း စိတ်ဝင်စားကြပြီးထိုလူရဲ့ စိတ်ဝင်စား ...
movie

Summer Love Love (2011)

2011
(18+) Teddy (2020)
(18+) Teddy (2020) Teddy (2020)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ လူကြီးတွေသာ ကြည့်ရမယ့်ကားလေးပဲဖြစ်ပါတယ်။ဘဝသက်တမ်းတစ်လျှောက်လုံး လက်သမားဘဝနဲ့ ဝက်ဝံရုပ်လေးကိုသာ အားကိုးနေရတဲ့ ဘဗ်လူးဟာ ရုတ်တရက် မိန်းမရသွားခဲ့ပါတယ်။ဇရက်တောင်ပံကျိုးနေတဲ့သူ့ဘဝအတွက် မှော်လိပ်ပြာလေးပေါ့နော်။ ယောက်ျားတို့ရာဂရှိသမျှခြစ်ထုတ်ပါ့မယ်ဆို သူ့ညီလေးက ခဲသာခဲထားရတယ် မစွမ်းပါဘူး။အဲ့ဒီမှာပဲ အိမ်ထောင်မှုဘဝဖြစ်တတ်တဲ့သဘောတွေနဲ့ သူစိမ်းတွေက ကြောင်တောင်နှိုက်လာတဲ့အခါမှာတော့....။Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…600MB Quality… 720p Format…mp4 Duration….1h Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Devil
movie

(18+) Teddy (2020)

2020
Son of Sardaar (2012) 4.2
Son of Sardaar (2012) Son of Sardaar (2012)မင်းသားကြီး အဂျေးသရုပ်ဆောင်ထားတဲ့ ဟင်ဒီစကားပြောဒီရုံကားက 2010 ကထွက်ရှိထားတဲ့ တမီလ်စကားပြော "Maryada Ramanna" ကို remake ပြန်လည်ရိုက်ကူးထားတာပါ တိုက်ဂါး မင်းသားကြီး Salman Khan လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်မွေးရပ်မြေ အိန္ဒိယကို မြေကွက်ရောင်းဖို့ပြန်လာတဲ့ အဂျေး ..ဒီမွေးရပ်မြေမှာကသူတို့မိသားစုနဲ့ ကမ္ဘာ့ရန်သူတွေဖြစ်တဲ့ စန်ဒူးမိသားစုရှိတယ်ပေါ့ဗျာ မျိုးဆက်သာတုန်းမယ် တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ တွေ့တာနဲ့အချင်းချင်းသတ်နေကြတဲ့ ဒီ၂ဖက်မိသားစု ဒီရန်ပွဲမှာ သူ့အဖေကနစ်နာသူအဖြစ်နဲ့ အသတ်ခံလိုက်ရတယ် ဒီ ရန်ငြိုးကို ဦးလေးဖြစ်သူက အဂျေးတို့ကိုပြန်ဆပ်ခိုင်းပြီး ရန်ကြွေးကိုမဆပ်ရသေးဘဲ မင်္ဂလာမဆောင်ရဘူးဆိုပြီး ရာဇသံပေးလို့ အဂျေးရဲ့မိခင်ဖြစ်သူက သားတွေခေါ်ပြီးထွက်ပြေးလာခဲ့ရာက အခုဒီမွေးရပ်မြေကို အဂျေးတစ်ယောက် မြေပြန်ရောင်းဖို့ဇာတ်လမ်းစလာခဲ့တာပေါ့ဖူးစာလူးလာ ဒူးကာလို့မရဆိုသလိုပဲရွာမှာ စောင့်ဆိုင်းနေတဲ့ သူတို့ရဲ့ကမ္ဘာ့ရန်ဘက်ကြီးရဲ့သမီးကိုမှ မြင်မြင်ချင်းချစ်မိသွားတဲ့ အဂျေးတစ်ယောက် ဘယ်လိုဇာတ်လမ်းနဲ့နှစ်ပါးသွားကြမလဲ တစ်ဖက်ကကလဲ့စား တစ်ဖက်ကချစ်ခြင်းမေတ္တာနဲ့ ဘယ်လမ်းကိုရွေးမယ်ဆိုတာကိုတော့...(အညွှန်းကိုတော့ Yunniမှရေးသားပေးထားပြီး Khaing Swe Swe Theint မှ ဘာသာပြန်ဆိုပေးထားပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie

Son of Sardaar (2012)

2012
Rescuing Christmas (2023) 6.4
Rescuing Christmas (2023) Rescuing Christmas (2023) ==================== IMDb Rating - 6.4/10ခရစ္စမတ်ဆိုတာ ယုံတမ်းပုံပြင်တွေ၊ ပဉ္စလက်ဆန်ဆန် မှော်ဆန်ဆန် အဖြစ်တွေနဲ့မကင်းတာမို ဒီကားကလည်း ယုတ္တိတန်တာမတန်တာထက် မိသားစုအတူ ပျော်ပျော်ပါးပါး ကြည့်လိုရမဲ့ စိတ်ကူးယဉ်ဆန်ဆန်ခရစ္စမတ် နောက်ခံ အချစ်-ဟာသ-ဒရမ်မာ ရုပ်ရှင်ဇာတ်မြူးလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... အယ်ရင်ဟာ အရင်နှစ်ခရစ္စမတ်တုန်းက အသည်းကွဲခဲ့တာကြောင့် ခရစ္စမတ် ကိုစိတ်နာပြီး ရှောင်ပြေးချင်တဲ့ ဓာတ်ပုံဆရာမလေးပေါ့။ ဒါပေမဲ့ သူ့မှာ ချစ်စ ရာမိသားစုလေးနဲ့ တူ/တူမလေးတွေရှိပါတယ်။ ခရစ္စမတ်ကို ဘယ်လိုစိတ်နာ ပါစေ၊ မိသားစုနဲ့အတူ ခရစ္စမတ်ကိစ္စတွေ ၀င်ပါနေရတာပါပဲ။ တစ်နေ့တော့ ထူးဆန်းစွာပဲ ရေဒီယိုပရိုဂရမ်တစ်ခုကနေ သူ့ကို ခရစ္စမတ်ဆု ၃ ဆု တောင်း နိုင်မယ့် ကံထူးရှင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ သူကတော့ ခရစ္စမတ်ကို စိတ်နာနေသူပီပီ ဆုတောင်းကို စိတ်မ၀င်စားသလို ယုံလည်းမယုံခဲ့ပါဘူး။အယ်ရင်မသိတာက အဲဒီဆုတောင်းတွေဟာ သာမန်မဟုတ်ဘဲ ပဥ္စလက်ဆန် နေတယ်ဆိုတာပါပဲ။ ဒီလိုနဲ့တစ်နေ့မှာ သူ့စိတ်ဆိုးဆိုးနဲ့တောင်းလိုက်တဲ့ဆု ကြောင့် ခရစ္စမတ်ဆိုတာကြီး ပျော်ကွယ်သွားပါတယ်။ အဲဒီလို ခရစ္စမတ်ဆိုတာ မရှိတဲ့ဘ၀ကြီးကျတော့လည်း အယ်ရင်တစ်ယောက်မနေတတ်ပြန်ပါဘူး။ အဲဒါကြောင့် သူ့မိသားစုနဲ့ တူ/တူမလေး‌တွေအပါအ၀င် လူတွေအားလုံးချစ်တဲ့ ပျော်စရာခရစ္စမတ်ပွဲတော်ကြီးကို ပြန်အသက်သွင်းဖို့ကြိုးစားပါတော့တယ်။အယ်ရင်ရဲ့ဆုတောင်းရုတ်သိမ်းပြီး ခရစ္စမတ်ပွဲတော်နေ့က ပြန်ပေါ်လာပါ့မလား၊ ခရစ္စမတ်ပြန်လာအောင် ...
movie

Rescuing Christmas (2023)

2023
Bunny Drop (2011) 7.2
Bunny Drop (2011) Bunny Drop (2011)~ IMDb – 7.2/10, RT - 68%, MyDramaList – 8.2/10 ~ကလေးတစ်ယောက်ကို ကျွေးမွေးပြုစုစောင့်ရှောက်ရတာက လွယ်တယ်လို့ထင်ပါသလား။ အဲဒီကလေးက ကိုယ့်ကလေးမဟုတ်ဘဲ တစ်ခြားသူရဲ့ကလေးဖြစ်နေတဲ့အပြင် ပြောစကားနားမထောင်တဲ့ကလေးဖြစ်နေပြန်ရင်လည်း ပြုစုစောင့်ရှောက်ရပိုခက်မှာမလား။ဒိုင်းကီချိ (Daikichi) တစ်ယောက် သူ့အဘိုးစျာပနအခမ်းအနားကြောင့် အဘိုးဖြစ်သူရဲ့အိမ်ကို ပြန်လာရင်း အသက် ၆ နှစ်အရွယ် ရင်း (Rin) လို့ခေါ်တဲ့ကလေးမလေးတစ်ယောက်ကို တွေ့သွားပြီး ဘယ်သူ့ကလေးလဲဆိုတာမေးတော့ သူ့အဘိုးရဲ့တိတ်တိတ်ပုန်းကလေးဖြစ်နေတယ်။ ဒိုင်းကီချိရဲ့မိဘကအစ သူ့ဆွေမျိုးတွေက ရင်းကို သူတို့မိသားစုမျိုးရိုးရဲ့ အရှက်ရစရာတစ်ခုလို့ သတ်မှတ်ကြပြီး ဘယ်သူမှခေါ်ထားပြီး မစောင့်ရှောက်ချင်ကြဘူး။ အဲဒီမှာ ဒိုင်းကီချိက ချစ်ဖို့‌ကောင်းပြီး အပြစ်မရှိတဲ့ ရင်းကို သနားသွားလို့ ခေါ်ယူကျွေးမွေးစောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်တာကို သူ့မိဘတွေရော သူ့ဆွေမျိုးတွေရော အသည်းအသန် တားကြပေမဲ့ ဒိုင်းကီချိကတော့ သူ့ဆုံးဖြတ်ချက်ကိုမပြင်ဘဲ ရင်းကို ခေါ်ယူစောင့်ရှောက်ပါတော့တယ်။ စစချင်းတော့ ကိုယ့်ကလေးမဟုတ်တဲ့သူကို ...
movie

Bunny Drop (2011)

2011
Always – Sunset on Third Street (2005) 7.7
Always – Sunset on Third Street (2005) Always: Sunset on Third Street (2005)~ IMDb – 7.7/10, RT - 90%, MyDramaList – 7.9/10 ~~~~~~~~~~~~~~~~~~~~~ ဓားငါ ပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါ လွယ်တယ် ငါ မပျော်ရင်တော့ မင်းကို ခွဲမပေးတော့ဘူး အဲဒါ ခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး။ ။~ သုခမိန်လှိုင် (ချစ်သော တောပန်းကလေးများ - ၂၀၁၅) ~~~~~~~~~~~~~~~~~~~~Always ဟာ ၁၉၅၈၊ ၁၉၅၉၊ ၁၉၆၄ စတဲ့ နှစ်ကာလသုံးခုရဲ့ တိုကျိုမြို့ တိုကျိုတာဝါနားက ရပ်ကွက်ကလေးအကြောင်းကို ခုနှစ်တစ်ခုကို တစ်ကားနှုန်းနဲ့ Trilogy ထုတ်ထားတဲ့ ရုပ်ရှင်ပါ။ ရုပ်ရှင်ကတော့ ရပ်ကွက်တစ်ခုထဲကလူတွေနဲ့ သူတို့ရဲ့ ဆက်ဆံရေးကိုပြထားတာပါပဲ။ဆိုပေမဲ့ ထူးထူးခြားခြား ဆူဇူကီးမော်တော်ကားကုမ္ပဏီရဲ့ မူလဘူတလို့ ယူဆရတဲ့ ဆူဇူကီးဆိုတဲ့ လူတစ်ယောက်ပါတယ်။ သူကလည်း မော်တော်ကားကုမ္ပဏီနာမည်တပ်ထားတဲ့ ကုမ္ပဏီမဖြစ်သေးတဲ့ ...
movie

Always – Sunset on Third Street (2005)

2005
Maverick (1994) 7.0
Maverick (1994)   မိတ်ဆွေတို့အနေနဲ့ ကိုယ့်ဟာ နယ်ပယ်တစ်ခု၊ အလုပ်တစ်ခုမှာ မဖြစ်မနေအောင်မြင်ရမယ်ဆိုပြီး အလိုလိုသိနေတဲ့ ဗီဇစိတ်( instinct mind) (တစ်နည်း )တစ်ခုခုမှာ ကိုယ့်ကိုယ်ကိုပါရမီပါနေတယ်လို့ ကံသေကံမအခိုင်အမာ ယုံကြည်ဖူးပါသလား။ ဥပမာ- ငါဟာ သီချင်းဆိုတဲ့ အဆိုတော်အဖြစ် တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ ဘောလုံးအားကစားမှာ ပရိုကစားသမားတစ်ယောက်အဖြစ် တစ်နေ့အောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ စာရေးဆရာတစ်ယောက်အဖြစ် bestseller တန်းဝင်ပြီး တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး အခိုင်အမာ ကိုယ့်ကိုကိုယ်သိနေ၊ ယုံကြည်နေတာမျိုး ရှိဖူးခဲ့ပါသလား။ စာရေးသူအနေနဲ့တော့ ကိုယ်တိုင်ရှိခဲ့ဖူးသလို မိတ်ဆွေတို့မှာလည်း တစ်မျိုးမဟုတ်တစ်မျိုး၊ တစ်ခုမဟုတ်တစ်ခုမှာ ရှိမယ်ဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်။ မိတ်ဆွေကိုယ်တိုင် မသိဘူးထင်ရပေမယ့် အတွင်းမသိစိတ်မှာတော့ မိတ်ဆွေဟာ နယ်ပယ်တစ်ခုခုမှာ ပါရမီအရမ်းရှိနေတာမျိုး၊ အဲ့လိုရှိမှန်းမသိသည့်တိုင် မိတ်ဆွေဟာ ထူးချွန်နေတာမျိုး ရှိတတ်ပါတယ်။အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းကလည်း အဆိုပါသဘောတရားကို အနည်းငယ်ကျောရိုးယူပြီး ဇာတ်အိမ်တည်ထားတဲ့ ဟောလိဝုဒ် Western ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ Western ရုပ်ရှင်ပီပီ အပစ်အခတ်၊ ...
movie

Maverick (1994)

As We Know It (2023) 5.6
As We Know It (2023) As We Know It (2023)Zombie တွေပါတဲ့ Horror အမျိုးအစားကိုမှ ကြောက်စရာမကောင်းဘဲ ဟာသဆန်ဆန် ရသစုံခံစားရမယ့် ဇာတ်ကားသစ်ဖြစ်ပါတယ်။ သူငယ်ချင်းနှစ်ယောက်ကြားက နွေးထွေးတဲ့ Friendship နဲ့ Relationship တွေအကြောင်းကို မတူညီတဲ့ရှုထောင့်ကနေ ပေါ့ပေါ့ပါးပါးပုံဖော်ထားတာပါ။ဇာတ်လမ်းအစက LA မှာ ပဲနို့ထုတ်တဲ့ ကုမ္ပဏီက ပဲနို့တွေ ပြသာနာပေါ်ပြီး ဗိုင်းရပ်စ်အဖြစ်ပြောင်းသွားကာ သောက်တဲ့လူတိုင်း ဖုတ်ကောင်တွေဖြစ်ကုန်ကြပါတယ်။ တစ်ကောင်နဲ့တစ်ကောင်လိုက်ကိုက်ပြီး ဗိုင်းရပ်စ်အနှံ့အပြား ကူးစက်နေတဲ့အချိန်မှာ ရည်းစားနဲ့ ပြတ်သွားပြီး ဘာမှမသိဘဲ အိမ်ထဲမှာ ဆွေးကောင်းနေတဲ့ ၀တ္ထုရေးဆရာ ဂျိမ်းစ်... ဂျိမ်းစ်ကို ခေါ်ပြီး ဆီရက်တယ်ကို ပြေးဖို့ ဂျိမ်းစ်အိမ်ကို အပြေးအလွှားလာတဲ့ အချစ်ဆုံးသူငယ်ချင်း ဘရုစ်...သူတို့နှစ်ယောက် ကားနဲ့သွားမလို့ပြင်ပြီးကာမှ ကားဆီမရှိတော့လို့ အိမ်မှာသောင်တင်နေပါလေရော။ အဲဒီအချိန်မှာပဲ ဂျိမ်းစ်ရဲ့ရည်းစားဟောင်း အမ်မလီက သူ့သူငယ်ချင်းတွေနဲ့ မပြေးခင် အဆင်ပြေလား လာမေးရင်း ဖုတ်ကောင်တွေသောင်းကျန်းလို့ သူပါ ဂျိမ်းစ်တို့နဲ့ ပိတ်မိနေတဲ့အခါ... ...
movie

As We Know It (2023)

2023
Last Christmas (2019) 6.6
Last Christmas (2019) ဒီရုပ်ရှင်လေးက ရုံတင်ကတည်းက အတော်လူကြိုက်များခဲ့ပါတယ်။ Romance ကား ကောင်းကောင်းလေးပါပဲ။ ပျော်ဖို့ကောင်းတယ် ချစ်စရာကောင်းတယ် မထင်ထားတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်နေတယ်ပေါ့။ နောက်ခံသီချင်းလှလှလေးတွေသုံးထားတယ်။ ကျွန်တော်ကတော့ မင်းသမီး အမ်မလီယာကလာ့ခ်ရဲ့ ဖန်မို့ ပိုကြိုက်မိပါတယ်။ မစ်ချဲယိုကလည်း ဇာတ်ပို့အဖြစ် အားဖြည့်ပေးထားပါတယ်။ဇာတ်လမ်းကတော့ Last Christmas သီချင်းကို အဓိက ဇာတ်အိမ်တည်ထားတာပေါ့။ ကတ်ထရီးနား ခေါ် ကိတ် ဟာ အမေ နဲ့ရော အစ်မနဲ့ရော မတည့်တဲ့ ဂျစ်ကန်ကန်ကောင်မလေး၊ ဘဝကို အရက်တွေ ယောကျာ်းတွေနဲ့ ဖြစ်သလိုဖြတ်သန်းနေတဲ့သူပေါ့။ တစ်ရက်မှာတော့ ထူးဆန်းပြီး လူတွေကို ကူညီတတ်တဲ့ တွမ် ဆိုတဲ့ ကောင်လေးနဲ့ စမိချိန်မှာ…..။ File size…(6.7 GB)/(2.1 GB)/(1.1 GB) Quality…WEB-DL 4K HEVC/1080p/720p Format…mkv/mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Littleneo
movie

Last Christmas (2019)

4K HEVC
Your Christmas or Mine 2 (2023) 5.8
Your Christmas or Mine 2 (2023) Your Christmas or Mine 2 (2023) ========================၂၀၂၂ ခရစ်စမတ်မှာ ရထားချင်းလွဲပြီး အိမ်မှားရောက်သွားခဲ့ကြတဲ့ ဂျိန်းစ်နဲ့ ဟေလေတို့ ချစ်သူနှစ်ယောက် အခု ၂၀၂၃ ခရစ်စမတ်မှာ လည်း လွဲကြပြန်ပါပြီ။ဒီတစ်ခေါက်ကတော့ ဒီလိုပါ။သူတို့နှစ်ယောက် ခရစ်စမတ်ပိတ်ရက်မှာ နှစ်ဖက်မိသားစုတွေနဲ့ အတူတူ အပ်စ်တောင်တန်းမှာ နှင်းလျှောစီးဖို့ စီစဉ်ထားကြပါတယ်။ လူကုံထံတွေဖြစ်တဲ့ ဂျိန်းစ်တို့ဘက်က နှင်းတောင်တန်းတွေရဲ့ အလယ် မှာရှိတဲ့ ကြယ်လေးပွင့်ဇိမ်ခံဟိုတယ်ကြီးမှာ ဘိုကင်တင်ထားကြပြီး သာမန်မိသားစုလေးဖြစ်တဲ့ ဟေလေတို့ဘက်ကတော့ သက်သာချောင် ချိရေး တည်းခိုအိမ်လေးမှာပဲ ဘိုကင်ယူထားကြတာပါ။ ဒါပေမဲ့ ဖြစ် ချင်တော့ နှစ်ဖက်မိသားစုက ကားချင်းလွဲတက်သွားကြပြီး နေရာတွေ မှားရောက်ကုန်ကြပါပြီ။ မိုးနဲ့မြေလို ကွာခြားတဲ့ နေရာနှစ်ခုကို လွဲပြီး ရောက်သွားကြချိန်မှာတော့ သူတို့တွေ ဘာဆက်ဖြစ်လာမလဲ၊ ဂျိန်းစ်နဲ့ ဟေလေတို့ကရော ဘယ်လိုဆက်နှစ်ပါးသွားကြဦးမလဲဆိုတာကို ပျော် ပျော်ပါးပါးကြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.7 GB) / (700 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 41Min Subtitle...........Myanmar ...
movie

Your Christmas or Mine 2 (2023)

2023
Your Christmas Or Mine? (2022) 6.4
Your Christmas Or Mine? (2022) Your Christmas Or Mine? (2022) ======================= IMDb Rating - 6.4/10ခရစ္စမတ်နားနီးလာပြီဆိုတော့ Christmas Vibe လေးရအောင် တင်ဆက်ပေးလိုက်ပါပြီနော်။ ခရစ္စမတ်နဲ့ပတ်သက်ပြီး ရုပ်ရှင် ဇာတ်ကြောင်းတွေအများကြီးထဲကမှ ဒီကားလေးကတော့ မိသားစု နှစ်ခုအကြောင်းကို side by side ယှဉ်ပြထားတာမို့ တစ်မူထူးခြားတဲ့ ကားလေးပဲဖြစ်ပါတယ်။ အဲ့ဒါအပြင် မင်းသားနဲ့မင်းသမီးတို့ရဲ့အလွဲ တွေလည်းပါတာမို့ ကြည့်ရင်းပြုံးစိစိဖြစ်ရမယ့်ကားလေးပါ။ခရစ္စမတ်အားလပ်ရက်ဆိုတော့ ဂျိမ်းစ်နဲ့ဟေလီတို့ အသီးသီးအိမ် ပြန်ရဖို့ ဘူတာရုံမှာလမ်းခွဲကြပါတယ်။ ချစ်စခင်စကြင်နာစဆိုတော့ မခွဲနိုင်မခွာရက်ဖြစ်ပြီး ခရစ္စမတ်ကိုအတူတူဖြတ်သန်းကြဖို့ စိတ်ကူး မိကြပါတော့တယ်။ အဲ့ဒါနဲ့ ဂျိမ်းစ်စီးမယ့်ရထားပေါ်ကို ဟေလီတက် သွားပြီး ဟေလီ့ရထားပေါ်ကိုလည်း ဂျိမ်းစ်တက်သွားပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့ ဂျိမ်းစ်အိမ်ဆီကိုဟေလီရောက်သွားပြီး ဟေလီ အိမ်မှာ ဂျိမ်းစ်ကဧည့်သည်လုပ်ရတဲ့အခါ... ဘယ်လိုမျိုးပြသာနာတွေ တက်မလဲ? သူတို့ချစ်သူကိုယ်စား မိသားစုနဲ့အတူ ခရစ္စမတ်မှာဘယ်လို မျိုး ဖြတ်သန်းမလဲဆိုတာ ပေါ့ပေါ့ပါးပါးလေး ကြည့်လိုက်ရအောင်နော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.4 GB) / (572MB) / (344 MB) Quality............WEB-DL 1080p / 720p / ...
movie

Your Christmas Or Mine? (2022)

2022
New Normal (2023) 6.7
New Normal (2023) New Normal (2023)ပုံမှန်မြင်တွေ့နေကျ K Drama တွေနဲ့မတူဘဲ တမူထူးခြားတဲ့ ဇာတ်လမ်းပုံစံလေးနဲ့ New Normal (2023) ကတော့ ၂၀၂၂ ခုနှစ်အတွင်း ဆိုးလ်မြို့ရဲ့ နေ့ရက် ၄ ရက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီ ၄ ရက်တာကို အပိုင်းလေးတွေခွဲထားပြီး တစ်ပိုင်းနဲ့တစ်ပိုင်းဟာလည်း အနည်းအကျဉ်းစီ ဆက်စပ်နေကြပါတယ်။တစ်ပိုင်းချင်းစီမှာ ကိုယ့်အနေနဲ့ တစ်ခါမှကြုံတွေ့ဖူးမှာမဟုတ်တဲ့ အံ့အားသင့်ထိတ်လန့်စရာ နေ့ရက်တစ်ရက်စီကို ရိုက်ကူးပြထားပြီး နေ့စဉ်ဘဝမှာ ကိုယ်မျှော်လင့်မထားမိတဲ့ အန္တရာယ်နဲ့အကြောက်တရားတွေအကြောင်း သရုပ်ဖော်ပြထားတာပါ။SHINee’s Minho, Strong Girl Gang Nam Soon ထဲက Lee Yoo Mi တို့အပြင် Choi Ji Woo တို့လို မင်းသမီးကြီးတွေပါ ပါဝင်ထားတာမို့ ကြည့်ရတန်စေမယ်လို့ ထင်ပါတယ်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horro, Thriller Quality…. 1080p | 720p File ...
movie

New Normal (2023)

Primary Colors (1998) 6.7
Primary Colors (1998) Primary Colors (1998)~ IMDb - 6.7/10, Rotten Tomatoes - 80% ~70s, 80s ခုနှစ်ပိုင်းက Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ထရာဗိုတာအပြင် Emma Thompson နဲ့ Kathy Bates တို့လို ဝါရင့်သမ္ဘာရင့်မင်းသမီးကြီးတွေလည်း ပါ၀င်ထားပြီး အော်စကာဆုအတွက်ပါ ဆန်ခါတင် ဆုနှစ်ခု၀င်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ထွက် Comedy, Drama အမျိုးအစား အဟောင်းအကောင်းဇာတ်ကားတစ်ကားပါ။အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအကြောင်းနဲ့ မဲဆွယ်ပုံတွေအကြောင်းကို အသားပေးပြီး ရိုက်ကူးထားတာပါ။ 1996 မှာထွက်ခဲ့တဲ့ အမည်မသိဆောင်းပါးရှင်ရဲ့ နိုင်ငံရေး၀တ္ထုဖြစ်တဲ့ "Primary Colours: A Novel of Politics" ကို ပြန်ရိုက်ထားတာဖြစ်ပြီး အဲဒီ၀တ္ထုကလည်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်မှုအကြောင်းရေးသားထားတယ်လို့ဆိုကြပါတယ်။ဇာတ်ကားထဲမှာတော့ ရွေးကောက်ခံအမတ်လောင်းတွေကြားက ညစ်ပတ်တဲ့ကစားကွက်တွေ၊ အချင်းချင်းချောက်ချတာတွေ ပါဝင်ပြီး နိုင်ငံရေးဆိုတာ ...
movie

Primary Colors (1998)

1998