Channel Myanmar

Comedy

Three Summer Nights(2015) 6.7
Three Summer Nights(2015) Three Summer Nights(2015)************************ ၂၀၁၅ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် Three Summer Night ရုပ်ရှင်ဇာတ်ကားတွင် နာမည်ကြီးမင်းသားများဖြစ်တဲ့ဂင်ဒုံဝူ(Kim Dong Wook)၊ ဆုန်းဟိုဂျွန်း (Son Ho Jun) တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးဇာတ်ပို့သရုပ်ဆောင်ကြီး အင်ဝန်ဟီး (Im Won hee) နှင့် မင်းသမီးချောရူယောင်းဂယွန်းက ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။မြောင်ဆော့ ဟယ်ဂူ ဒါဆူဆိုတဲ့ သူငယ်ချင်းသုံးယောက်ရှိပါသည်။မြောင်ဆော့သည် ရှေ့နေစာမေးပွဲဖြေရန် ကြိုးစားနေသူတစ်ဦးဖြစ်ပြီး ဟယ်ဂူကတော့ ဆေးဝါးကုမ္ပဏီတစ်ခုမှဝန်ထမ်းဖြစ်ပါတယ်။ ဒါဆူသည် အရင်က ကွန်ပျူတာ ဝန်ဆောင်မှုစင်တာတစ်ခုတွင်အလုပ်လုပ်ခဲ့ပြီး ပြဿနာများကြောင့် အလုပ်တစ်ခုပြီးတစ်ခု ပြုတ်နေသူ တစ်ဦးလည်း ဖြစ်ပါသည်။တစ်နေ့တွင် သူတို့သည် စိတ်မွန်းကြပ်မှုများကို အပန်းဖြေရန် နွေရာသီတွင် ဘူဆန်မှာရှိသောဟယ်အွန်းဒယ်ပင်လယ်ကမ်းခြေကို သွားခဲ့ပါသည်။ ထိုဟယ်အွန်းဒယ်ပင်လယ်ကမ်းခြေတွင်အပန်းဖြေရင်း မူးယစ်ဆေးဝါးအရောင်းအဝယ် မသင်္ကာသူများအဖြစ် သံသယဝင်ခံရပြီးပြဿနာပေါင်းစုံကိုရင်ဆိုင်ရပါတော့တယ်....File Size :2.1GB& 958MB Quality : WEB-DL1080p,720p Format…mp4 Duration…01:48:00 Genre : Comedy , Drama Subtitle ...
movie

Three Summer Nights(2015)

Chandramukhi 2 (2023)
Chandramukhi 2 (2023) Chandramukhi 2 (2023) (သို့) နှစ်ဘဝကလဲ့စားဘောလိဝုဒ်သရုပ်ဆောင်တွေကြား တမူထူးတဲ့ရုပ်ရည်လေးနဲ့ မင်းသမီးချောလေး ကန်ဂနားကို တစ္ဆေမလေးအဖြစ်မြင်တွေ့ရမဲ့ကားဖြစ်ပါတယ် ဂမ္ဘီရဆန်ဆန် လျှို့ဝှက်ဆန်းကြယ်ပုံတွေက ဂျန်ဂျမားတို့ Plot နဲ့ သွားဆင်နေတာဖြစ်လို့ ကြည့်ရင်းနဲ့ ဂျန်ဂျမား vibe မျိုးရစေမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း*********************************အရမ်းကို ချမ်းသာတဲ့မိသားစုတစ်စုက ပြဿနာပေါင်းသောင်းခြောက်ထောင်တတ်ပြီးတော့ မိသားစုပိုင် စက်ရုံလည်း မီးလောင်၊ လုပ်သမျှ အလုပ်တိုင်းကလည်း မဖြစ်၊ စေ့စပ်ခါနီး သမီးဖြစ်သူမှာလည်း ကားအက်စီးဒန့်ကြောင့်နဲ့ အောက်ပိုင်းသေသွားခဲ့ပြီး သမီးကြီးကလည်း ဘာသာမတူတဲ့သူနဲ့ ခိုးရာလိုက်ပြေးလို့ အဆက်အသွယ်ဖြတ်ထားရာကနေ ကလေးနှစ်ယောက်ရပြီးကာမှ လေယာဥ်ပျက်ကျပြီး ဆုံးသွားခဲ့ရပါတယ်။ဒီလို ပြဿနာတွေ တောက်လျှောက်ဖြစ်နေတဲ့အတွက်ကြောင့် ဘာများဖြစ်တာလဲဆိုပြီးတော့ သူတို့ကိုးကွယ်နေတဲ့ ဂုရုကြီးကို ပင့်ပြီး မေးမြန်းတဲ့အခါမှာတော့ သူတို့က ဘုရားရှင်ကို နေ့စဥ်မပြတ် ပူဇော်ကိုးကွယ်နေပေမဲ့ ဘိုးဘေးတွေကိုတော့ ပစ်ထားခဲ့တဲ့အတွက် ဘိုးဘေးတွေကနေ အမျက်ထွက်ပြီးတော့ အခုလိုဒုက္ခတွေ ကြုံတွေနေရတာဖြစ်ကြောင်း၊ ဒီဒုက္ခတွေကနေ လွတ်မြောက်အောင် ဘိုးဘေးတွေကို ပြန်ပြီးတော့ ပူဇော်ပေးရမှာဖြစ်ကြောင်း၊ ဘိုးဘေးတွေကို ပူဇော်တဲ့နေရာမှာလည်း သွေးသားတော်စပ်တဲ့ မိသားစုတိုင်းက ဘိုးဘေးတွေကိုးကွယ်ခဲ့တဲ့ ဘုရားကျောင်းကို သွားပြီးတော့ ၄၈ရက်ကြာအောင် ...
movie

Chandramukhi 2 (2023)

2023
Mike and Dave Need Wedding Dates (2016) 6.0
Mike and Dave Need Wedding Dates (2016) REVIEW: Mike & Dave Need A Wedding Datesဒီဇာတ်လမ်းရဲ့ Review ကို အရင်ဆုံး တိုတိုရှင်းရှင်း ပြောပြပါ့မယ်။ ပေါ့ပေါ့ပါးပါး ဟာသကားကြည့်ချင်တယ်၊ နည်းနည်းပေါတောတောလေးတွေ၊ 18+ ဘာညာလေးတွေပါလည်းရတယ်ဆိုရင် ကြည့်ပျော်မယ့်ဇာတ်ကားလေးပါ။ ဇာတ်ကားအမျိုးအစားကတော့ အချစ်ဟာသဇာတ်မြူးလေးဆိုပါတော့။  အသေးစိတ် ထပ်ပြောရရင်တော့ ဇာတ်လမ်းက ဇာတ်ကားနာမည်မှာပါတဲ့အတိုင်းပါပဲ - ညီအစ်ကိုနှစ်ယောက်က သူတို့ညီမလေးရဲ့ မင်္ဂလာပွဲကို သူတို့နဲ့အတူလိုက်ပြီး ပွဲတက်ပေးမယ့် မိန်းကလေးအဖော်ရှာကြတာပါ။ ရှာတဲ့အချိန်ကစ’ပြီး တွေ့သွားတဲ့ထိရော၊ မင်္ဂလာပွဲအထိရော အလွဲတွေ၊ ရယ်စရာမောစရာတွေ၊ 18ယောက်စုရတာတွေနဲ့ ဘာတွေဖြစ်ကုန်သလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားတစ်ကားပါ။ တကယ်ရယ်ရတာတွေရော၊ ပေါတောတောနဲ့ မို့ရယ်ရတာတွေရော၊ သတိထားဆင်ခြင်မယ်ဆို သိသင့်တာတွေရော ရောထားတဲ့ လူငယ်ကြိုက်ဇာတ်ကားပုံစံလေးပါ။ လူကြီးတွေအတွက်လည်း ပေါ့ပေါ့ပါးပါးဟာသကား ကြည့်ဖို့ရှာနေတာဆို ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်မှာပါပဲ။ ဇာတ်ကားရဲ့ထူးခြားတဲ့တစ်ချက်ကတော့ အပြင်မှာတကယ်ရှိတဲ့ အပျော်အပါးတကယ်မက်တဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်းပါတဲ့။ ဖြစ်ရပ်မှန်ပေါ်တွင်မှီငြမ်းသည်လို့ ပြောကြပါသတဲ့။  ပါဝင်တဲ့သရုပ်ဆောင်မင်းသားတွေကတော့ အဓိကဇာတ်ဆောင်နှစ်ယောက်ထဲက -Mike အဖြစ်က Adam Devine ပါ။ လူရွှင်တော်လည်းဖြစ်၊ ဟာသမင်းသားလည်းဖြစ်၊ နာမည်ကြီးရယ်စရာရှိုးအစီအစဉ်မှာ စတားတစ်ယောက်လည်းဖြစ်ပါတယ်။Dave အဖြစ်နဲ့က Zac Efron ပါ။ ချောလို့ဆိုပြီး မိန်းကလေးတွေကြိုက်ကြတဲ့ မင်းသားချောလေးပါ။ မင်းသမီးတွေကတော့ ဆံပင်ရွှေရောင်နဲ့ အူကြောင်ကြောင် အချောလေးအဖြစ် Anna Kendrick နဲ့ ခပ်ဟော့ဟော့ဇာတ်ဆောင်အဖြစ်နဲ့က Aubrey Plaza ...
movie

Mike and Dave Need Wedding Dates (2016)

2016
4K HEVC
Long Live Love! (2023) 7.5
Long Live Love! (2023) Long Live Love! (2023)Comedyပိုင်တဲ့ Sunnyနဲ့Chompooတို့ရဲ့ "အချစ်သည် သက်တော်ရာကျော် ရှည်ပါစေသတည်း" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး Netflix ကနေ ထွက်ရှိလာပါပြီGAPက Beckyလေးကလည်း ပါဝင်ထားပါသေးတယ်ဒီကားကတော့ အလွယ်ပြောရရင်လူတွေရဲ့ အချစ်နဲ့ ဘဝအပေါ် အမြင်တွေကို မေးခွန်းထုတ်သွားတာပါပဲ။ ဒီလိုမျိုး ကြုံလာရရင် ဘာလုပ်မလဲ လက်လျှော့မလား ပြန်ကြိုးစားမလားဆိုတာပေါ့။ အမှန်တရားဆိုတာ ရှုထောင့်အပေါ်မူတည်တယ်ဆိုသလိုပဲ ဘယ်လိုဆုံးဖြတ်ရင် အမှားလည်း အမှန်လည်း ပြောဖို့လည်းမဖြစ်နိုင်ပါဘူး။ဒီရုပ်ရှင်ထဲမှာ ပြောသွားသလိုပါပဲ - "လူတစ်ယောက်ကို အရမ်းချစ်မိသွားရင် ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ မေ့သွားတတ်တယ်" တဲ့။ဒီတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ချစ်တာကအမှန်လား လူတစ်ယောက်ကိုပဲ အရမ်းဆက်ချစ်သွားတာက အမှန်လား။ဒီရုပ်ရှင်မှာတော့ အဓိက ဆေတီ နဲ့ မယ်တာဆိုတဲ့ စုံတွဲလေးက ပါဝင်ထားပါတယ်။ သူတို့အရမ်းချစ်တဲ့စုံတွဲပါ၊ အရမ်းလည်းမုန်းတဲ့စုံတွဲပါ၊ သစ္စာမရှိတဲ့စုံတွဲပါ၊ သစ္စာလည်းရှိတဲ့စုံတွဲပါ၊ နားလည်မှုမရှိတဲ့စုံတွဲပါ၊ အရမ်းနားလည်ပေးတဲ့စုံတွဲလည်းဟုတ်ပါတယ်။ ဒီတော့ အချစ်ကို သက်တော်ရာကျော်ရှည်စေချင်တာ စုံတွဲတိုင်းပါပဲ။ လက်တွေ့မှာတော့ အချစ်ကို ဖျားနာစေတဲ့ အရာတွေအများကြီးရှိနေပြီတာကို ဒီရုပ်ရှင်မှာ မြင်ရပါလိမ့်မယ်။ အချစ်နေပြန်ကောင်းလားမလား အချစ်သေဆုံးသွားမလားဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့။အညွှန်းကိုတော့ Mr.Anderson က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ ...
movie

Long Live Love! (2023)

2023
Scrapper (2023) 7.1
Scrapper (2023)  ဒီဇာတ်ကားလေးကတော့ အမေသေပြီးနောက်ပိုင်းတစ်ယောက်တည်းကြိုးစားနေထိုင်နေရတဲ့ ၁၂ နှစ်အရွယ် ဂျော်ဂျီဆိုတဲ့ကောင်မလေးနဲ့ ဂျော်ဂျီ မွေးကတည်းကထွက်သွားပြီး ၁၂နှစ်ကြာမှပြန်ရောက်လာတဲ့သူ့အဖေတို့ ‌‌‌‌‌နှစ်ယောက်သား အတူပြန်နေထိုင်တဲ့ဇာတ်လမ်းလေးကို အေးအေးဆေးဆေးကြည့်ရှုရမှာဖြစ်ပါတယ်။ဂျော်ဂျီဆိုတဲ့ကောင်မလေးတစ်ယောက် အမေဆုံးသွားတော့တစ်ယောက်ထဲနေထိုင်ဖို့ ဘာတွေလုပ်လဲသူ့အဖေပြန်ရောက်လာတော့လည်း ဘယ်လိုတွေပြန်ရင်ဆိုင်လဲဆိုတာကိုကလေးမလေးနေရာက ၀င်ခံစားပြီးကြည့်ရှုရမှာပါ။2023မှအသစ်စက်စက်ထွက်ထားပြီး Drama/Comedy အမျိုးအစားဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးလေးကြည့်ရှုနိုင်တာဖြစ်လို့ ဘာမှများများ စားစားတွေးစရာမလိုပဲchill ဖို့အတွက် ဇာတ်ကားကောင်းလေးတစ်ခုပါပဲ။ File size…1.16GB / 490MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 24m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
movie

Scrapper (2023)

A Really Haunted Loud House (2023) 6.4
A Really Haunted Loud House (2023) A Really Haunted Loud House (2023) ===========================October လလည်း ရောက်နေပြီဆိုတော့ ရာသီစာဖြစ်တဲ့ ဟောလိုးဝင်း ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ The Loud House မိသားစုဆိုရင်တော့ Family comedy ကို ကြိုက်ကြတဲ့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ စရိုက်တစ်မျိုးစီရှိတဲ့ ညီအစ်မဆယ်ယောက်ကြား ကြီးပြင်းလာတဲ့ တစ်ဦးတည်းသော ပုရိသလေး လင်ကွန်း နဲ့ သူ့ရဲ့ဘော်ဒါ ကလိုက်ဒ်တို့ ဟောလိုးဝင်းတော်လှန်ရေးလေးတစ်ခု လုပ်ကြတော့မဲ့ အကြောင်းလေးပေါ့။The Loud House မိသားစုက ရွိုက်ရယ်ဝုစ်မြို့လေးရဲ့ ဟောလိုးဝင်းပါတီကို အကြီးကျယ်အခမ်းနားဆုံး ကျင်းပတတ်ကြတဲ့ မိသားစုတစ်ခုပါ။ အံ့ဩဘနန်း ခြောက်လှန့်မှုတွေနဲ့ မြို့သူမြို့သားတွေကို ဆွဲဆောင်တတ်ပြီး နံပါတ်တစ်ကြောက် စရာအကောင်းဆုံးစံအိမ်ဆိုတဲ့ ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့အိမ်ပေါ့ လေ။ ဒီနှစ်မှာလည်း ရာဇဝင်တွေကို ဆက်လက်ထိန်းသိမ်းဖို့အတွက် သူတို့တွေ စပြီးပြင်ဆင်နေကြပါပြီ။အဲဒီအချိန်မှာ ကျောင်းက ဆယ်လီဇိုးဘဲလေးတစ်ယောက်ရဲ့ ပါတီကို သွားဖို့ အကြောင်းဖန်လာတဲ့ လင်ကွန်းနဲ့ ကလိုက်ဒ်တို့ အခက်တွေ့လာကြပါတော့တယ်။ ဆယ်လီဇိုးဘဲလေးရဲ့ ပါတီကိုသွားပြီးပဲ ကဲကြမလား၊ မိသားစုရဲ့ စံချိန်ကို ဆက် ထိန်းဖို့အတွက် ရွေးချယ်ကြမလား ဆိုတဲ့ရင်ခုန်စရာလေးတွေ ...
movie

A Really Haunted Loud House (2023)

2023
If You Were the Last (2023) 6.3
If You Were the Last (2023) If You Were the Last (2023)~ IMDb - 6.3/10, Rotten Tomatoes - 85% ~အခုလတ်တလောမှ ထွက်ရှိလာတဲ့ Sci-Fi / Romance အမျိုးအစားလေးကိုမှ Comedy လေးစွက်ထားတဲ့ ကားတစ်ကားပါ။ အလုပ်ကနေအပြန် စိတ်အပန်းဖြေဖို့အတွက် ပေါ့ပေါ့ပါးပါးကြည့်ဖို့ဆိုရင် မေ့မထားသင့်တဲ့ရွေးချယ်မှုပါပဲ။ Cast အနေနဲ့ဆိုရင်လည်း တလောကမှ Twisted Metal မှာ ပရိသတ်အကြိုက်တွေ့နေကြတဲ့ Falcon တဖြစ်လဲ ကပ္ပတိန်အမေရိကလက်သစ်ဖြစ်တဲ့ Anthony Mackie က အဓိကမင်းသားအနေနဲ့သရုပ်ဆောင်ထားတာပါ။နာဆာရဲ့မစ်ရှင်တစ်ခုက အမှားအယွင်းဖြစ်ပြီးတော့ အာကာသယာဉ်ကလမ်းပျောက်ပြီး သုံးနှစ်လောက် ဂျူပီတာနဲ့ စေတန်ဂြိုဟ်ကြားမှာ မြောနေခဲ့ပါတယ်။ အာကာသယာဉ်မှူး သုံးယောက်ရှိခဲ့ပေမဲ့ အခုတော့ ဂျိန်းရယ် အဒမ်ရယ်နှစ်‌ယောက်ပဲကျန်ပါတော့တယ်။ ယာဉ်ပေါ်မှာ ‌ဂေဟစနစ်ပါတဲ့အတွက် စားဖို့သောက်ဖို့နေဖို့က မပူရပေမဲ့ အိမ်ပြန်လမ်းမဲ့နေတဲ့လူနှစ်ယောက် အချင်းချင်းကူညီဖေးမကြပုံတွေ၊ ယာဉ်ကိုကြိုးစားပြင်ကြပုံတွေနဲ့ တစ်ကိုယ်ရည်လိုအပ်ချက်တွေ နည်းမျိုးစုံနဲ့ဖြည့်ဖို့ကြိုးစားကြတာကို ...
movie

If You Were the Last (2023)

2023
Battle Creek Brawl (1980) 5.7
Battle Creek Brawl (1980)  သရုပ်ဆောင်အက်ရှင်မင်းသားကြီးဂျက်ကီချမ်းငယ်ငယ်ကဇာတ်ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ဂျက်ကီချမ်းရဲ့ ဇာတ်ကားတွေရဲ့ထုံးစံအတိုင်းပဲ အက်ရှင်ခန်းတွေ အတိုက်အခိုက်တွေ ဟာသာတွေဝေဝေဆာဆာနဲ့ ပရိတ်သတ်တွေအမောပြေရဦးမှာပါ။ဇာတ်ကားထဲမှာမင်းသားကအလုပ်မရှိအကိုင်မရှိ (ဒါပေမယ့်ကောင်မလေးတော့ရှိပါတယ်)ပါ အဖေဖြစ်သူဖွင့်ထားတဲ့ဆိုင်ကို လူဆိုးတွေလာပြီး ဆက်ကြေးကောက်ရာကစလို့ သူတတ်ထားတဲ့ကွန်ဖူးပညာကို လူဆိုးအဖွဲ့ဘက်ကခေါင်းဆောင်က တွေ့ပြီးသဘောကျသွားခဲ့ပါတယ်။အဲ့ဒီနောက် ချီကာဂိုမှာကျင်းပမယ့် battle creek brawlမှာ ဂျက်ကီချမ်းကိုသူ့ဘက်ကနေ ဝင်ပြိုင်အောင် အကြပ်ကိုင်ဖို့ နည်းလမ်းရှာပါတော့တယ်.........ကဲ .. အညွှန်းဖတ်ပြီးပြီဆိုရင်တော့ 1980 ခုနှစ်တွေဆီက အနုပညာတွေကိုတဖန်ပြန်ခံစားလိုက်ကြပါဦး....... File size…(1.8 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Nay Chii 
movie

Battle Creek Brawl (1980)

1980
Krishna Gadu Ante Oka Range (2023) 8.0
Krishna Gadu Ante Oka Range (2023) Krishna Gadu Ante Oka Range (2023) -အိမ်မက်တွေနဲ့အိမ်IMDb-8/10ပြီးပြည့်စုံတဲ့မိသားစုအိမ်လေး လိုချင်ကြတာ မိသားစုတိုင်းရဲ့ အိမ်မက်လေးပါပဲခရစ်ရှနာငယ်ဘဝမိသားစုလေးက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ပြီး ကြင်နာကြတဲ့ ချစ်စရာမိသားစုလေးပေါ့ အလုပ်တွေကြိုးစားကြပြီး ကိုယ်ပိုင်အိမ်လေးရဖို့ ကြိုးစားနေကြသူတွေ တစ်ဆင့်ချင်းဆောက်ရင်း ကြိုးစားရင်း အကောင်ထည်ဖော်ကြရင်း အိမ်လေးကိုမြင်ယောင်ပြီး " စိတ်ကူးတွေနဲ့ပျော်နေကြတဲ့အချိန် ကြမ္မာမုန်တိုင်းဝင်ပါတော့တယ်...မိသားစုရဲ့ အလေးထားရတဲ့ အိမ်ထောင်ဦးစီးကြီးကားတိုက်ခံရလို့ဆုံးသွားတဲ့အချိန် ဆောက်လက်စအိမ်လေးလည်း အပြီးမသတ် မိသားစုဘဝလေးလည်း လစ်ဟာသွားတော့တယ်ဒီအိမ်လေးနဲ့ မိသားစုရဲ့ကျန်တဲ့တာဝန်တွေကို ဆက်ယူရတာကတော့ ကလေးဘဝကနေအရွယ်ရောက်လာတဲ့ ခရစ်ရှနာ... သူ့လက်ထက်မှာရော မပြီးပြည့်နိုင်သေးတဲ့မိသားစုဘဝနဲ့ အိမ်ဂေဟာလေးကိုပြည့်စုံအောင်လုပ်နိုင်မလားရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollowood Team ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.54GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team 
movie

Krishna Gadu Ante Oka Range (2023)

2023
Do Not Disturb (2023) 6.3
Do Not Disturb (2023) Do Not Disturb (2023)~ IMDb - 6.3/10, Rotten Tomatoes - 67% ~COVID Pandemic ရဲ့ရိုက်ခတ်မှုခံခဲ့ရတဲ့ အသက်၅၀ အရွယ် မေတင်ဆိုတဲ့သူရဲ့ စိတ်သောက ပူပန်မှုတွေ ဗျာများနေပုံတွေကို မြင်တွေ့ရမယ့် တူရကီကားတစ်ကားဖြစ်ပါတယ်။မေတင်က သူ့ဘ၀တစ်လျှောက်လုံး သင်္ဘောသားအဖြစ် ပင်လယ်ပြင်မှာ ကျင်လည်ခဲ့ပြီး ကပ်ရောဂါကြောင့် အလုပ်လည်းပြုတ် ၂နှစ်နီးပါး အိမ်တွင်းအောင်းခဲ့ရသူ... အသိအဆက်အသွယ်နဲ့ ဟိုတယ်တစ်ခုမှာ ညပိုင်းမန်နေဂျာအဖြစ် အလုပ်ရပြီး အလုပ်ရှင်က သူ့ကို ယုံပြီး ဟိုတယ် အပ်ခဲ့တဲ့အခါ...ဟိုတယ်အ၀တ်လျှော်ခန်းမှာ အလုပ်လုပ်တဲ့ သူတို့မိဘတွေချင်း သဘောတူထားတဲ့ မိန်းကလေး ဆူဟာ... သေချင်စိတ်ပေါက်နေတဲ့ ဧည့်သည် ပါမောက္ခ ဘာတီရာ... နောက်ထပ် မှတ်ပုံတင်မပါဘဲ လာတည်းတဲ့ ဧည့်သည် ဒါဗု... စတဲ့လူတွေနဲ့ မေတင်ဆုံစည်းရပြီး တစ်ညအတွင်း ဘယ်လို အဖြစ်အပျက်တွေ ကြုံရမလဲ။ပင်လယ်မှာပဲ တော်ပြီး ကုန်းပေါ်မှာ အသုံးမကျဘူးလို့ ...
movie

Do Not Disturb (2023)

2023
Spiritual Kung Fu (1978) 5.7
Spiritual Kung Fu (1978)  ဒီရုပ်ရှင်ဟာ ပရိတ်သတ်အချစ်တော် ဂျက်ကီချန်းငယ်စဉ်ကရိုက်ကူးခဲ့တဲ့ အဟောင်းတွေထဲက အကောင်းတစ်ခုဖြစ်တဲ့ ၁၉၇၈ ခုနစ်ထွက် သိုင်းရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ယီလောင်ဟာ ကွန်ဖူးသိုင်းကျောင်းတစ်ခုရဲ့ ပြောမရဆိုမရတဲ့ ခပ်ဆိုးဆိုး ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။တစ်ရက်မှာတော့ သိုင်းကျောင်းမှာ ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ "သေမင်းတမန်လက်သီးခုနစ်ချက်"လက်စွဲစာအုပ်ဟာ ရုတ်တရက်အခိုးခံလိုက်ရပါတယ်။အဲဒီနောက်မှာ တိုက်တိုက်ဆိုင်ဆိုင် ယီ‌လောင်တို့ကျောင်းကို သရဲမငါးဖော်လည်း ရောက်ရှိလာပြီး ယီလောင်နဲ့ အဖွဲ့ကျသွားပါတော့တယ်။ဒီလိုနဲ့ "သေမင်းတမန်လက်သီးခုနစ်ချက်"လက်စွဲစာအုပ်ကို ခိုးယူသွားသူဟာ သိုင်းလောကကို ခြိမ်းခြောက်လာတဲ့အခါမှာတော့ ယီလောင်တစ်ယောက် သရဲမခုနစ်ဖော်ရဲ့အကူအညီနဲ့ သိုင်းလောကကြီးကို ဘယ်လိုကာကွယ်မလဲဆိုတာကို ဂျက်ကီချန်းရဲ့ ရယ်စရာသရုပ်ဆောင်ချက်တွေ၊ သိုင်းကွက်တွေနဲ့ တင်ဆက်ထားတာမလို့ ဂျက်ကီချန်းပရိတ်သတ်တွေကတော့ အကြိုက်တွေ့ကြလိမ့်မယ်ဆိုတာ သေချာပါတယ်။ File size…(2GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Action, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant
movie

Spiritual Kung Fu (1978)

SLEEP (2023) 7
SLEEP (2023) Sleep (2023)Korea Box Office မှာ No.1 ရခဲ့တဲ့ Thriller Horror ဇာတ်လမ်းကောင်းကောင်းလေး လာပါပြီနော်အိပ်ပျော်ရင်းနဲ့ ယောင်ပြီး လမ်းလျှောက်တာတို့ စကားပြောတာတို့က တချို့တွေမှာဖြစ်တတ်ကြပါတယ် ဒါပေမဲ့ ဟျွန်းဆူကတော့ အိပ်တဲ့အချိန် ပိုဆိုးတဲ့အပြုအမူတွေ လုပ်လာပါတယ်အိမ်ထောင်ဦး သာသာယာယာဖြစ်ရမယ့်အချိန်မှာ အိပ်ရင်းနဲ့ ဆိုးဆိုးဝါးဝါးတွေ ပြုမူတတ်တဲ့ ခင်ပွန်းဖြစ်တဲ့သူကြောင့် တစ်မျိုးမဟုတ် တစ်မျိုး စိတ်သောကရောက်နေရတော့ ဆူဂျင်းလည်း အမျိုးမျိုးကြံရပါတော့တယ်နောက်ဆုံးတော့ ဒီအိပ်ရင်းယောင်တတ်တဲ့အကျင့်ကို ကုသနိုင်တဲ့နည်းလမ်းတွေ့မလား ဘယ်လိုမျိုးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်။https://t.me/+koLnUQ4A0JgzODE1Genre..... Crime, Thriller Quality….  1080p | 720p File size…1.17GB | 548MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz & Hmwe Encoder ..... Aaron
movie

SLEEP (2023)

2023
The Innocent (2022) 6.7
The Innocent (2022) The Innocent (2022)~ IMDb - 6.7/10, Rotten Tomatoes - 98% ~Little Women (2019) ထဲက မမ Saoirse Ronan ရဲ့ဇာတ်ကောင်အတွက် နောက်ဆုံးမှာပေါ်လာတဲ့ ဖူးစာရှင်ဖြစ်သူ ခန့်ခန့်ညားညား တောင့်တောင့်ဖြောင့်ဖြောင့်ကြီးကို မှတ်မိကြမလား မသိဘူး။ အဲဒီသရုပ်ဆောင်မင်းသား Louis Garrel ကိုယ်တိုင် ရေးသားရိုက်ကူး ပါဝင်သရုပ်ဆောင်ထားတဲ့ ပြင်သစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အမေတစ်ခု သားတစ်ခုနေလာတဲ့ အာဘဲလ်တစ်ယောက် အမေဖြစ်သူ နောက်အိမ်ထောင် ထူတော့မယ်ဆိုတဲ့အခါ စိတ်ခုစရာကြုံလာပါတယ်။ ပြဿနာကတော့ အမေ့ချစ်သူက လက်ရှိအချိန်မှာ ထောင်၅နှစ်ကျနေတဲ့သူပဲဖြစ်ပါတယ်။ တားမရတဲ့အဆုံး တရားခံဘဝနဲ့ထောင်ထဲရှိနေတုန်းပဲ လက်ထပ်ပွဲကျင်းပလိုက်ကြပေမဲ့ ပထွေးအဖြစ် ထောင်ကလွတ်လာတဲ့နောက်ပိုင်း အာဘဲလ်ရဲ့ အမြင်မကြည်မှုတွေ သံသယတွေနဲ့က သူ့အမေရဲ့ အိမ်ထောင်ရေးမှာ သာယာစေပါ့မလား။ အာဘဲလ်ဟာ အမေ့ကို ကာကွယ်ဖို့အသင့်ဖြစ်နေတဲ့ သားတစ်ယောက်ပေမဲ့ ပြစ်မှုကျူးလွန်ဖူးသူတစ်ယောက်ကရော တစ်ခါ အပြစ်သားဖြစ်ရင် ...
movie

The Innocent (2022)

2022
The Re-Education of Molly Singer (2023) 6.2
The Re-Education of Molly Singer (2023) The Re-Education of Molly Singer (2023) ============================= IMDb Rating - 6.2/10ကျောင်းသားဘဝဆိုတာ စာလုပ်ရတာကလွဲရင် အပူအပင်သိပ်မရှိတဲ့ဘဝပေါ့။ ဘွဲ့ရတာနဲ့ အလုပ်ရဖို့ပူရပြီ။ ရေဖိုး မီးဖိုး အိမ်ငှားခ အကုန်ထည့်တွက်ရပြီ။ အဲဒီ အချိန်မှာ တစ်ယောက်ယောက်က ကိုယ့်ကို ပိုက်ဆံပေးမယ် ကျောင်းပြန်တက်ဆို နှစ်ခါတောင်စဉ်းစားစရာလိုမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဇာတ်လိုက်ကြီး မော်လီ ကလည်း ကျောင်းပြန်တက်ခွင့်ရတဲ့သူပါ။ ဖြစ်ပုံကဒီလို။မော်လီက ရှေ့နေတစ်ယောက်။ ကျောင်းတုန်းက ပါတီတက်ပြီး ကဲခဲ့တဲ့အရှိန်တွေက လုပ်ငန်းခွင်ဝင်တဲ့ထိ မသေသေးဘူး။ စိတ်ညစ်ရင်သောက်တယ် ပျော်ရင်သောက် တယ်။ အထိန်းအကွပ်မရှိ ကဲချင်သလို ကဲတော့ အရက်နာကျပြီး ရုံးချိန်မီအောင် မသွားနိုင်တာကနေ အမှုရှုံးရော။ ဘယ်ပြောကောင်းမလဲ အမှုသည်ကလည်း သူတို့ ရုံးကို တရားပြန်စွဲတာပေါ့။ ဒီလိုနဲ့ မော်လီအလုပ်ပြုတ်သွားတယ်။အဲဒီအချိန်မှာပဲ မော်လီ့အထက်လူကြီးရဲ့သား အဲလိယက်က ကောလိပ်စစတက်ချင်း နေ့မှာတင် ကျောင်းနာမည်ကြီး အားကစားသမားကို ခြေကျိုးအောင် လုပ်လိုက်မိလို့ တစ်ကျောင်းလုံး ချဉ်ဖတ်ဖြစ်သွားတယ်။ လူကြောက်တဲ့အဲလိယက်တို့ ကျောင်းမတက် တော့ဘဲ အိမ်ပြန်ပြေးဖို့ကြံနေတဲ့အတွက် သူ့အမေ(မော်လီ့အထက်လူကြီး) က ကျောင်း သားဟောင်းမော်လီ့ကို ...
movie

The Re-Education of Molly Singer (2023)

2023
The Mean One (2022) 4.3
The Mean One (2022) The Mean One (2022) =================Sloth ကောင်လေးတွေ, Winnie The Pooh တို့ လူတွေသတ်နေတဲ့ ခေတ်ကြီးမှာ အားကျမခံ နာမည်ကြီး ဇာတ်ကောင်တစ်ကောင်လည်း လူသတ်ပါပြီ။ အဲဇာတ်ကောင်ကတော့ Dr. Seuss ‌ရေးသားတဲ့ How the Grinch Stole Christmas စာအုပ်ထဲက ဇာတ်ကောင်ကြီး Grinch ပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားအမျိုးအစားကတော့ Christmas Horror/Parody ပါ။ အလွယ်ပြောရရင် Low budget နဲ့ ရှိပြီးသား ဇာတ်ကောင်ကို ဖျက်ဆီး ထားတယ်ပေါ့ဗျာ။ ကျွန်တော့်အမြင် ပြောရရင်တော့ Winnie the Pooh: Blood and Honey ဇာတ်ကားလောက်တော့ မဆိုးဘူးပြောရမှာပဲ။ Costume ပိုင်းလည်း ပိုပီပြင်တယ်၊ ဇာတ်လမ်းပိုင်းလည်း အဆင်ပြေ တယ်တော့ ဆိုရပါမယ်။ခရစ္စမတ်ကာလ ညအချိန်မှာ စင်ဒီဟာ ဆန်တာကလော့စ် မဟုတ်ဘဲ ဂရင့်ချ်နဲ့ တွေ့လိုက်ရပါတယ်။ အဲဒါကို စင်ဒီ့အမေက မြင်သွားပြီး ကြောက် အားလန့်အားနဲ့ စင်ဒီ့ကို ကာကွယ်‌ပေးဖို့ လုပ်ပါတယ်။ ...
movie

The Mean One (2022)

2022
Force Majeure (2014) 7.2
Force Majeure (2014) သင်ဟာ ဇာတ်ကားလေးကြည့်ရင်း တွေးနေရတာကိုသဘောကျသူလား၊ တစ်စိမ့်စိမ့်နဲ့ဆွဲခေါ်သွားတဲ့ဇာတ်ကားမျိုးကိုသဘောကျသူလား၊ အဆုံးမှာတွေးစရာတွေပေးသွားတာမျိုးကို သဘောကျသူလား။ ဒါဆို Force Majeure ဆိုတဲ့ drama/comedy ဇာတ်ကားလေး ရှိပါတယ်။ ဒီဇာတ်ကားမှာပေါ့ တိုမက်စ် နဲ့ အက်ဘီဆိုတဲ့ လင်မယားမှာဟယ်ရီ နဲ့ ဗီရာဆိုတဲ့ သားသမီးနှစ်ယောက်ရှိပါတယ်။သူတို့တွေဟာ မိသားစုနဲ့အတူ အနားယူချင်တာကြောင့်နှင်းလျှောစီးတဲ့နေရာကို ၅ရက် အပန်းဖြေခရီးထွက်လာခဲ့ကြတာဖြစ်ပါတယ်။ နှင်းလျှောစီးတဲ့အချိန် အဆင်ပြေနေခဲ့ကြပေမယ့် နေ့လယ်စာစားချိန်ရောက်တော့ ပြဿနာစလာပါတော့တယ်။ သူတို့‌ နေ့လယ်စာ စားဖို့လုပ်တုန်း နှင်းတောင်ပြိုမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါဟာ နှင်းလျှောစီးသူတွေအန္တရာယ်ကင်းအောင် တမင်ဖြိုချတာဖြစ်ပေမယ့် စားသောက်ဆိုင်တည့်တည့်ကို အရှိန်နဲ့ဆင်းလာတဲ့အခါ တိုမက်စ်လည်း ကလေးတွေနဲ့မိန်းမကို ထားခဲ့ပြီး တန်းနေအောင်ပြေးပါတော့တယ်။ ကံကောင်းစွာနဲ့ ဘယ်သူမှဘာမှမဖြစ်ခဲ့ပေမယ့် ဒီအဖြစ်အပျက်ဟာ အက်ဘာကို စိတ်ခုစေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ပြီးကတည်းက တိုမက်စ်နဲ့အက်ဘာဟာ အဆင်မပြေတွေဖြစ်ခဲ့ကြပြီး သူတို့ပြဿနာကတစ်ဖက်၊ ကလေးတွေကတစ်ဖက်၊ ကြားမှာ ဘယ်လိုတွေဆက်ပြီးဖြစ်သွားမလဲ၊ တိုမက်စ်တကယ်ပဲမှားခဲ့တာလား၊ အက်ဘာကပဲ အတွေးလွန်နေတာလား၊ အဆုံးမှာဘယ်လိုဖြစ်သွားမလဲဆိုတာ စိတ်၀င်စားဖို့ကောင်းတာကြောင့် drama ကြိုက်သူတွေကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။  File size…  1.20 GB /  697 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre .....  ...
movie

Force Majeure (2014)

2014
The Road Dog (2023)
The Road Dog (2023)  တစ်ရက်မှာ လက်တန်းပြက်လုံးပြက်ရင်းလူရွှင်တော်အလုပ်နဲ့ အသက်မွေးတဲ့ ဂျင်မီကွင်းဆိုတဲ့အဖိုးကြီးတစ်ယောက်ဆီကို သူဘယ်တုန်းကမှမသိခဲ့တဲ့ သူ့ရဲ့သားဖြစ်သူ ဒေးဗစ်မိုရွန်တိုရောက်ရှိလာတဲ့နောက်မှာတော့ လူရွှင်‌တော်အရက်သမားကြီး ဂျင်မီကွင်းရဲ့ဘ၀ဟာ တစ်ဆစ်ချိုးပြောင်းလဲဖို့အရေးနဲ့ကြုံတွေ့လာရပါတော့တယ်။အဖေ့သွေးပါတဲ့ သားဖြစ်သူဒေးဗစ်ဟာလည်း လူရွှင်‌‌တော်လုပ်ရတာကိုဝါသနာပါသူဖြစ်ပြီးလူရွှင်တော်အလုပ်နဲ့အသက်မွေးဖို့ ဆေး‌ကျောင်းကနေထွက်လာပြီး နယူးယော့ခ်မြို့ကိုအသွားမှာ တစ်သက်လုံးမတွေ့ဖူးခဲ့တဲ့ အဖေဖြစ်သူဂျင်မီကွင်းရဲ့လိပ်စာကိုရအောင်စုံစမ်းပြီး သူ့အခန်းရှေ့ကိုရောက်ချလာခဲ့တာပါ။ဒီလိုနဲ့ ဒေးဗစ်တစ်ယောက် ကားတစ်စီးနဲ့ အဖေဖြစ်သူရဲ့ လူရွှင်တော်အလုပ်လုပ်တဲ့နေရာတွေကိုလိုက်ပို့ပေးရင် အဖေ့ဆီကဟာသပြက်လုံးတွေကိုသင်ယူရင်းကနေ ခရီးတလျှောက် ဂျင်မီကွင်းဟာလည်း တစ်သက်လုံး တွေ့‌ဆုံဖို့ရာ ငြင်းဆန်ခဲ့တဲ့ဆွေမျိုးတွေ၊အသိ‌တွေကို သားဖြစ်သူမျက်နှာကြောင့် ပြန်လည်ဆုံတွေ့ရဖို့ကြုံလာရတဲ့အခါမှာတော့... အရက်သမားကြီးဂျင်မီကွင်းအနေနဲ့ နောက်ဆုံးမှာအရက်ပြတ်သွားမလား၊ သူ့ဘ၀ရဲ့အရေးပါခဲ့တဲ့ ဘယ်လိုလူတွေနဲ့ ပြန်ဆုံတွေ့ရမလဲဆိုတာကို ဟာသနဲ့ဒရာမာကို ရောစပ်ရိုက်ကူးထားတဲ့ ဒရာမာရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ File size…(1.7 GB)/(827 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

The Road Dog (2023)

Haami 2 (2022) 8.5
Haami 2 (2022) Haami 2 (2023)ဒီဇာတ်လမ်းလေးကတော့ IMDb 8.5/10 ရထားတဲ့ ကလေးဉာဏ်ကြီးရှင်ကားလေးပဲ ဖြစ်ပါတယ်။ သုံးတန်းတတ်နေတဲ့ အသက်ရှစ်နှစ်ပဲရှိသေးတဲ့ ကလေးလေးသိဒ္ဓတ္ထကတော့ သင်္ချာနဲ့ပတ်သတ်ရင် အတွက်အချက်အရမ်းတော်ပြီးတော့ မှတ်ဉာဏ်လည်းအရမ်းကိုကောင်းတဲ့ကလေးတစ်ယောက်ပဲဖြစ်ပါတယ်။သူဟာ သူ့အသက်အရွယ်နဲ့မလိုက်တဲ့စာပေတွေကိုလည်း ဖတ်နိုင်နေပြီးတော့ သိပ္ပံကိုလည်း ချစ်မြတ်နိုးသူတစ်ယောက်ပါ။ သူ့ရဲ့အဖေကတော့ ကျောင်းဆရာလုပ်ချင်ပေမဲ့လည်း ဝင်ခွင့်မအောင်လို့ အရောင်းစာရေးလုပ်နေရတဲ့သူတစ်ယောက်ပေါ့။တစ်ရက်မှာတော့ သူ့ရဲ့ပညာအစွမ်းကို လူတစ်ယောက်က ဗီဒီယိုရိုက်ထားလိုက်ရာကနေ သူ့ရဲ့ အရည်အချင်းကို မြင်ပြီး ကလေးအနုပညာရှင်တွေစုဆောင်းတဲ့အေးဂျင့်ကနေလာပြီးတော့ သိဒ္ဓတ္ထလေးကို ဗီဒီယိုရိုက်ဖို့အတွက် လာရောက်ကမ်းလှမ်းပါတော့တယ်။ အဖေဖြစ်သူက သူ့သားကို အဲဒီလိုမလုပ်စေချင်ပေမဲ့လည်း အမေဖြစ်သူရဲ့ ဆန္ဒအရ သိဒ္ဓတ္ထလေးဟာ ဗီဒီယိုရိုက်ဖို့အတွက် ဖြစ်လာပါတော့တယ်။အဲဒီနောက်ပိုင်းမှာတော့ ကလေးလေးက နာမည်ကြီးလာပြီးတဲ့နောက် အရည်အချင်းပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင်းနဲ့ ဘာတွေဆက်ဖြစ်လာမလဲ...... ဉာဏ်ကြီးရှင်ကလေးလေးကို မိဘဖြစ်တဲ့သူတွေကရော ဘယ်လိုတွေ ထိန်းကျောင်းသွားမလဲ...... ဆိုတာတွေကို ဟာသလေးတွေနှောရင်း ကြည့်ရှုရမယ့် ဒရမ်မာကားလေးပဲ ဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie

Haami 2 (2022)

2023
Kandasamys: The Baby (2023) 6.0
Kandasamys: The Baby (2023) Kandasamys The Baby (2023) "ကန်ဒါဆာမီတို့ရဲ့ အရှုပ်တော်ပုံ"CM ပရိသတ်ကြီးအတွက် Netflix မှာ အသစ်ထွက်ရှိထားတဲ့ ဟာသကားတစ်ကား တင်ပေးလိုက်ပါတယ် IMDb 6 လည်းရထားတာမို့ နောင်တမရစေရပါဘူးနော်ကန်ဒါဆာမီ franchise ဆိုပြီးအရှေ့မှာလည်း "Trippin' with Kandasamys", "Keeping up with Kandasamys" နဲ့ "Kandasamys : The Wedding" ဆိုပြီး ထွက်ထားတဲ့နောက်မှာ အခု ကလေးလေးတစ်ယောက် ထပ်ပါလာတဲ့ ဇာတ်ကားသစ်ပါပရီရှန်နဲ့ ဂျိုဒီတို့ ဇနီးမောင်နှံက ကိုယ်ဝန်လစေ့ခါနီးမို့ မာရီရှက်စ်ဆိုတဲ့ နေရာလေးမှာ အေးဆေး လာနေကြရင်း ကလေးမွေးတော့မှာကို သိတဲ့ နှစ်ဖက် ကန်ဒါဆာမီ မိသားစု ဘိုးဘိုးဘွားဘွား ဦးလေး ဒေါ်ဒေါ်တို့က အုပ်လိုက်လူစုပြီး ရောက်လာကြပါတယ်တစ်ဖွဲ့လုံးမှာ တစ်ဖက်နဲ့တစ်ဖက် အစေးမကပ်တာလေးတွေ ရှိပေမယ့် မွေးတော့မယ့် မြေးမလေး (သို့) မြေးထီးလေးကို တွေ့ချင်ဇော နဲ့ ရောက်ချလာတာဖြစ်ပါတယ် စိတ်မနှံ့ပဲ ဘုပြောပြောတဲ့ အဘွားကြီးတစ်ယောက်လည်း ပါပါသေးတယ်စိတ်မနှံ့ဆိုလို့ သူသုံးတဲ့ ...
movie

Kandasamys: The Baby (2023)

2023
The Morning After ( 2018 ) 5.8
The Morning After ( 2018 ) ဟာသရုပ်ရှင်တွေကို ကြိုက်တဲ့ ပရိသတ်တွေအတွက် နာမည်ကြီး လူရွှင်တော် တွေနဲ့ ရိုက်ကူးထားတဲ့ ဟာသကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-နှစ် ၃၀ ကျော် ငါးရောင်းခဲ့သူ ဦးလေးယာ၊ ငါးပြတိုက်ကြီးတစ်ခုမှ လင်းပိုင်လေ့ကျင့်သူ အားလဲ့နှင့် ငါးပြတိုက်လုံခြုံရေး တုကျစ်ကော်တို့ဟာအလုပ်ကြောင့် ခင်မင်သွားကြပါတယ်။ သူတို့ဟာ ဘဝကို ကြိုးစားဖြတ်သန်းနေပေမဲ့လဲ အချစ်ရေးတော့ကံမကောင်းကြပါဘူးတစ်နေ့မှာ သူတို့ ၃ ယောက် စုပြီး စိတ်ညစ်ညစ်နဲ့ အရက်သောက်ကြပါတယ်။ မူးနေကြပြီး ဘာမှ မသိတော့တဲ့ အချိန်မှ ာ ကားတစ်စီးက ငါးပြတိုက်ကို ရောက်လာခဲ့ပါတယ်။ မူးနေတဲ့ ဦးလေးယာဟာ ပစ္စည်းစာရင်းပေါ်မှာ လက်မှတ်ထိုးခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့ ငါးပြတိုက်ထဲက နာမည်ကြီးလင်းပိုင်ပေါင်ပေါင်ကို သူတို့ ၃ ယောက် နိုင်ငံခြားသို့ရောင်းလိုက်ကြောင်း သိလိုက်ရပါတယ်။ ဒီကိစ္စကြောင့် သူတို့ ၃ ယောက်ဟာ လင်းပိုင်ကို ခိုးရောင်းခဲ့တဲ့ တရားခံတွေ ဖြစ်သွားပါတော့တယ်။သူတို့ ၃ ယောက် လင်းပိုင်ကို ပြန်ရှာတဲ့ လမ်းတစ်လျှောက်မှာ ကြုံတွေ့ရမယ့် အလွှဲတွေကို ကြည့်ရှုရယ်မောပြီး ဘဝအမောတွေကို ဖြေဖျောက်ကြရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : ...
movie

The Morning After ( 2018 )