Channel Myanmar

Comedy

A Good Woman (2004) 6.5
A Good Woman (2004) A Good Woman (2004) ================== IMDb Rating - 6.5/10ဒီဇာတ်လမ်းဟာ တစ်ခေတ်တခါက စာပေလောကမှာ ကျော်ကြား ခဲ့ဖူးသူ စာရေးဆရာကြီး Oscar Wilde ရဲ့ Lady Windermere's Fan ဆိုတဲ့ ပြဇာတ်ကို ပြန်လည် အသက်သွင်းရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ဒီ ၂၀၀၄ ဗားရှင်းဟာ လေးကြိမ်မြောက်ထွက်ရှိလာတဲ့ screen version လည်း ဖြစ်ပါတယ်။ သူ့မတိုင်ခင်က ပြဇာတ်ရဲ့ မူရင်း နာမည်နဲ့ အသံတိတ်ရုပ်ရှင်အပါအဝင် The Fan ဆိုတဲ့ နာမည်နဲ့ နှစ်ခါတိတိ ရုပ်ရှင်တွေထွက်ဖူးခဲ့ပြီးသားဖြစ်ပါတယ်။ ဒီ ၂၀၀၄ ရုပ်ရှင်မှာတော့ မင်းသမီး Helen Hunt နဲ့ Scarlett Johansson တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။မူရင်းပြဇာတ်ရဲ့ နာမည်က Lady Windermere's Fan ဆိုတဲ့ အတိုင်း အဖြစ်အပျက်တွေ အားလုံးရဲ့ နိဒါန်းကတော့ Mr Win- dermere တစ်ယောက် ဇနီးဖြစ်သူရဲ့ မွေးနေ့အတွက် ရွေးချယ်လို့ ဝယ်ခဲ့တဲ့ ဒီယပ်တောင်လေး တစ်ချောင်းက ...
movie

A Good Woman (2004)

2004
An Inconvenient Love(2022) 8.0

An Inconvenient Love(2022)

Attack of the Hollywood Clichés! (2022) 6.1
Attack of the Hollywood Clichés! (2022) Attack of the Hollywood Clichés! (2022) ============================= IMDb Rating - 6.1/10လူတိုင်းလိုလို ရုပ်ရှင်တွေကြည့်နေရင်းက "ဒီကောင်မလေးက အနောက်က လိုက်ဖမ်းတာခံနေရတာကို ဘာလို့ဒေါက်မြင့်ဖိနပ်ကြီးနဲ့ပြေးနေရတာတုန်း ချွတ်ပြေးပါလား" တို့၊ "မင်းသားကို လူဆိုးတွေက တပြိုင်တည်းဘာလို့ မချ ဘဲနဲ့ တစ်ယောက်ချင်းစီအလှည့်ကျချနေကြရတာတုန်း" တို့ "အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် ဖုန်းကဘာလို့ဘက်ထရီထထကုန်ရတာလဲ" တို့ဆိုပြီး မေးခွန်းပေါင်းသောင်းခြောက်ထောင်မေးဖူးကြမှာပါ။ပြီးတော့ အချစ်ကား‌‌တွေမှာ‌ဆိုရင် မင်းသား၊ မင်းသမီးတွေ တစ်ယောက်ဆီကို တစ်ယောက်‌ပြေးလိုက်သွားကြတဲ့အခန်းတို့ ၊ အက်ရှင်ကားဆိုလည်း ကားတွေ နဲ့ လိုက်ဖမ်းရတဲ့အခန်းတို့ ဘာတို့ကို ကားတိုင်းနီးပါးလိုလိုမှာထည့်ထားတတ် ကြတာ သတိထားမိမှာပါ။ အဲ့လိုမျိုးတွေကများများလာတော့ ကိုယ်တွေဆို တစ်ခါတစ်လေ ဘော်ဒါတွေအချင်းချင်းပြန်အာလူးဖုတ်ပြောတတ်ကြတယ် မလား။ မပူပါနဲ့ ကိုယ်တွေတင်မကဘူး ရုပ်ရှင်လောကသားတွေကိုယ်တိုင်ပါ ပြောတတ်ကြပါတယ်။ဒီတော့ ဒီအစီအစဉ်မှာ အဲ့လိုဖန်တစ်ရာတေနေတဲ့အကြောင်းတွေကို ရုပ်ရှင် အနုပညာရှင်တွေ၊ ဝေဖန်ရေးဆရာတွေစသဖြင့်ပုဂ္ဂိုလ်အစုံကနေပြီးတော့ နာမည်ကျော်ရုပ်ရှင်ကားနမူနာအခန်းတွေပြန်ကြည့်ပြန်ပြပြီး‌တော့ ဆွေးနွေး ဝေဖန်အာလူးဖုတ်ကြတာကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ စိတ်ဝင်စားဖို့လည်း ကောင်း၊ ရယ်ဖို့ကောင်းတာတွေလည်းပါတယ်ဆိုတော့ ဒီ "Attack of the Hollywood Clichés!" လေးကြည့်ရင်း အတူလိုက်ပါ‌အာလူးဖုတ်လိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.3 GB) ...
movie

Attack of the Hollywood Clichés! (2022)

2022
Invincible Eight Diagram Palm ( 2023 ) 5.9
Invincible Eight Diagram Palm ( 2023 ) ဟဲလို CMပရိသတ်တို့ရေ ဒီတစ်ခေါက်ပျော်ပျ်ောပါးပါး ဟာသသိုင်းကားကိုမိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းကတော့ ပြည်သူတွေချစ်စနိုးခေါ်တဲ့ဘီလူး-စူးစစ်ဟာ ဘိုးဘေးစဥ်ဆက်လက်ဆင့်ကမ်းခဲ့တဲ့အင်းကွက်သိုင်းရဲ့ ၇၃ယောက်မြောက်ဂိုဏ်းချုပ် တာရှ သဘောထားပြည့်ဝတဲ့လုံခြုံရေးခေါင်းဆောင် သူတိုနှစ်ဦးဟာ ကိစ္စရပ်တစ်ခုမှာရင်းနှီးပြီး မိသားစုနဲ့ဘဝအခက်အခဲကိုအတူရင်ဆိုင်ကြတယ်သူတိုနှစ်ဦးအတူတွေ့ဆုံပြီးနောက် ဘယ်လိုဘဝအခက်အခဲမျိုးရင်ဆိုင်ကြမလဲ စူးစစ်လည်း ဘိုးဘေးစဥ်ဆက်သိုင်းပညာကိုဆက်လက်တွင်ကျယ်အောင်ဖြန့်ချိနိုင်မလား တာရှနဲ့သူ့သမီးကြားက အထင်လွှဲမှုတွေဘယ်လိုဖြေရှင်းသွားနိုင်မလဲ ပေါ့ပေါ့ပါးပါးနဲ့ ပရိတ်သတ်တို့ကြည့်ရှုလိုက်ကြပါရှင့် [ Reviewed By Mei Mei ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Invincible Eight Diagram Palm ( 2023 )

Hum Dil De Chuke Sanam(1999) 7.4
Hum Dil De Chuke Sanam(1999) Hum Dil De Chuke Sanam (1999) ********************************** ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်အချစ်တော် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဆလ်မန်းခန်း၊အာဂျေးဒေ့ဗ်ဂန်ဒ်နဲ့ မင်းသမီးချောလေး အက်ရှ်ဝါးရွိုင်တို့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ Romance/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating ကလည်း 7.4အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း နန္ဒနီနဲ့ ဗန်ရား(ဂ်ျ)ဟာ မိဘတွေ ပေးစားတဲ့အတွက်ကြောင့် လက်ထပ်ခဲ့ရပါတယ်။ဗန်ရား(ဂ်ျ)နဲ့ လက်မထပ်ခင် နန္ဒီမှာ ဆမီး(ရ်)ဆိုတဲ့ ချစ်သူတစ်ယောက် ရှိခဲ့ပါတယ်။နန္ဒီဟာ ဗန်ရား(ဂ်ျ)နဲ့ လက်ထပ်လိုက်ရပေမဲ့လည်း သူ့ရဲ့အချစ်ဟောင်းကို မမေ့နိုင်ပဲ တလွမ်းလွမ်းတဆွေးဆွေး ဖြစ်နေခဲ့ပါတယ်။ ဒီအကြောင်းကို ဗန်ရား(ဂ်ျ)တစ်ယောက် သိသွားတဲ့အခါမှာတော့ နန္ဒီကို သူ့ရဲ့အချစ်ဟောင်း ဆမီး(ရ်)ရှိတဲ့ အီတလီကို လိုက်ပို့ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဗန်ရား(ဂ်ျ)နဲ့ နန္ဒီတို့ရဲ့ အိမ်ထောင်ရေး ပြိုကွဲသွားမှာလား ... နန္ဒီ့အနေနဲ့ လက်ရှိခင်ပွန်းနဲ့ အချစ်ဟောင်း နှစ်ယောက်ထဲက ဘယ်သူ့ကို ရွေးချယ်မှာလဲ .... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူပေးကြပါလို့ ...အချစ်၊အလွမ်း၊အဆွေးနဲ့ ဟာသတွေပါရောနှောထားပြီး ရသစုံစုံလင်နဲ့ ကြည့်ရမှာမလို့ ဘောလိဝုဒ် ပရိတ်သတ်များ လုံးဝလက်မလွှတ်သင့်ပါကြောင်း ... ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe ...
movie

Hum Dil De Chuke Sanam(1999)

1999
What to Do With the Dead Kaiju? (2022) 5
What to Do With the Dead Kaiju? (2022) What to Do with Dead Kaiju IMDB 4.4 

၂၀၂၂ကမှ ထွက်ရှိထားတဲ့ ဒီဇာတ်ကားမှာတော့ နာမည်အတိုင်း ကိုင်ဂျူအသေကောင်နဲ့ တိုင်ပတ်ရတဲ့ ဂျပန်ပြည်ကြီးအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ကိုင်ဂျူဟာ လူက သတ်လို့ သေတာမဟုတ်ဘဲ ကောင်းကင်ပေါ်ကကျလာတဲ့ ထူးဆန်းတဲ့အလင်းတန်းကြောင့် ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။ ရုပ်ရှင်တိုင်းလိုလိုမှာ သေကြေပျက်စီးခြင်းကို သယ်ဆောင်လာသူအဖြစ် ပုံဖော်ခံရတဲ့ ကိုင်ဂျူတစ်ကောင် ဒီနည်းနဲ့ပဲ ဇီဝိန်ချုပ်သွားတဲ့အခါ …. ကိုင်ဂျူအလောင်းကောင်ကြီးကို ရှင်းလင်းဖို့ တာဝန်ဝတ္တရားဟာ ဂျပန်အစိုးရပေါ်ကို ကျရောက်လာပါတော့တယ်။ ဒီလိုနဲ့ ကိုင်ဂျူကို တိုက်ဖို့ ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့သည်လည်း ကိုင်ဂျူမရှိတော့တဲ့နောက် ဘယ်လိုဆက်ဖြစ်သလဲ။ ထုံးစံအတိုင်း နိုင်ငံရေးသမားတွေသည်လည်း နိုင်ငံရေးသမားပီပီ ကိုင်ဂျူကို နင်းပြီး နာမည်ရရေး ဘယ်လိုယဉ်ပြိုင်လုပ်ဆောင်ကြသလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။File Size__(2.7GB) / (1.2B) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:00:00 Type__Comedy, Sci-Fi Subtitle__Myanmar Subtitle ...
movie

What to Do With the Dead Kaiju? (2022)

Nim’s Island(2008) 7.0
Nim’s Island(2008) Nim's Island(2008)******************Gerard Butler ကြီးရဲ့ နောက်ထပ် စွန့်စားခန်း ကားတစ်ကားဖြစ်ပါတယ်...လူသူမသိပေမယ့် အရမ်းလှပတဲ့သီးသန့်ကျွန်းလေးမှာ နှစ်ယောက်တည်းနေကြတဲ့ နင်းမ်နဲ့သူ့အဖေဂျက်ခ်။နှစ်ယောက်လုံး စွန့်စားရတာဝါသနာပါကြပြီး ဂျက်ခ်ကတော့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့ နင်းမ်ကိုတစ်ယောက်တည်းထားခဲ့ပြီး ဂျက်ခ်တစ်ယောက်ပင်လယ်ထဲရှာဖွေရေးခရီးထွက်သွားတာကနေ မုန်တိုင်းမိပြီး လမ်းပျောက်သွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း နင်းမ်တို့သီးသန့်ကျွန်းကို အပျော်စီးသဘေႅာပေါ်ကရှာတွေ့ပြီကျွန်းကိုစီးပွားဖြစ်လုပ်မလို့ကြံစည်ပါတော့တယ်။ ထိုအချိန် တစ်ယောက်တည်းကျန်ခဲ့တဲ့နင်းမ်ကလည်း စာရေးဆရာမအလက်စ်ဇန်းဒြားနဲ့အဆက်အသွယ်သွားရပါတယ်။ နာမည်ကြီးစွန့်စားသမားဇာတ်ကောင် "အဲလက်စ်ရိုဗာ"စာအုပ်ရေးခဲ့တဲ့သူဖြစ်ပေမယ့်အပြင်မှာကျ အိမ်အပြင်တောင်မထွက်ရဲတဲ့သူဖြစ်နေပါတယ်။ ဒါပေမဲ့ နင်းမ်အကူအညီတောင်းလာတဲ့အခါမှာတော့...သူတို့သီးသန့်ကျွန်းလေးပေါ် ကျူးကျော်လာတဲ့သူတွေကို နင်းမ်တစ်ယောက်အောင်အောင်မြင်မြင်မောင်းထုတ်နိုင်ပါ့မလား..နင်းမ်အဖေကရော ပြန်လာနိုင်ပါ့မလား..အလက်စ်ဇန်းဒြားကရော ရောက်လာနိုင်ပါ့မလားဆိုတာကတော့.. File Size :(2.3GB)(1.2GB) and (224MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:36:00 Genre :Adventure, Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie

Nim’s Island(2008)

The Princess and the Bodyguard(2022) 6.7
The Princess and the Bodyguard(2022) The Princess and the Bodyguard(2022)************************************ဒီတခါ ညွှန်းပေးချင်တဲ့ ကားလေးကတော့ တော်ဝင်မင်းသမီး‌လေးနဲ့သက်တော်စောင့်လေးတို့ရဲ့ကားပါ.. အယ်လက်စီယာဆိုတဲ့ တော်ဝင်မင်းသမီးလေးက ငယ်ငယ်ကတည်းကသာမန်ဘဝလေးနဲ့နေထိုင်လာခဲ့တာပါ။ဒါပေမယ့် တစ်နေ့မှာတော့သူမရဲ့ ၃၅နှစ်ပြည့်မွေးနေ့မှာ သူမရဲ့ မိဘတွေက ထီးနန်းဆက်ခံဖို့ကို အကြံပေးကြပါတော့တယ်.... သာမန်ဘဝလေးမှာ ပျော်နေပြီဖြစ်တဲ့ မင်းသမီးလေးအတွက် ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ရပ်လို့ဆိုရမှာပါ..ဒါ့အပြင် ထီးနန်းပြည့်စုံဖို့ တော်ဝင်အိမ်ထောင်လည်းပြုရပေဦးမည်..ဒါတွေကိုရှေ့ဆက်ဖို့ သူမဟာ သူမရဲ့ သက်တော်စောင့်ဆီကနေ အကြံယူရင်းဆက်လျှောက်ရပါတယ်..အဲ့ဒီနောက်မှာတော့...File Size :(1.8GB)(805 MB) and (224MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:29:00 Genre :Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

The Princess and the Bodyguard(2022)

A Love You (2015) 5.3
A Love You (2015) A Love You (2015) =============ဟာသကားကြိုက်နှစ်သက်သူတွေအတွက် ပြင်သစ်ဟာသ ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးက တော့ ဖရတ်က မိဘတွေမရှိတုန်းအိမ်မှာပါတီပွဲကျင်းပတယ်။ ကားကို ပဲရစ်မြို့ထဲစွန့်ပစ်ခဲ့လို့ ရဲစခန်းမှာဖြေရှင်းပြီးအိမ်အ ပြန်မှာ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းမန်နူကအိမ်ကိုရောက်လာ တယ်။မန်နူက သူနဲ့အတူညက ပါတီပွဲမှာအိပ်ခဲ့တဲ့ကောင်မလေးကို စွဲလမ်းသွားပြီးတော့ ကောင်မလေးရှိတဲ့နေရာကို လိုက်သွား မယ်လို့ပြောတယ်။ ဖြစ်ချင်တော့ အဲ့ကောင်မလေးက ဖုန်းနံ ပါတ်လည်းမပြော၊ နာမည်လည်းမပြောခဲ့ပဲနဲ့ လက်ပေါ်မှာ လိပ်စာလေးတစ်ခုပဲရေးထားခဲ့တယ်။ မန်နူက အိမ်စီးကားရှိ တဲ့ဖရတ်ကို အတင်းလိုက်ပို့ပေးဖို့တောင်းဆိုတာနဲ့ပဲ လိုက်ပို့ ပေးဖို့ဆုံးဖြတ်လိုက်တာပေါ့။ ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက် တောင်ပိုင်းအယ်ဗီညွှန်ကိုသွားရင်းနဲ့လမ်းမှာ ဘယ်လိုအခက် အခဲတွေကြုံရမလဲဆိုတာကြည့်ရှုပေးပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(1.68 GB) / (752 MB) / (437 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 32Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Tin Myo Lwin Encoder..........SWM
movie

A Love You (2015)

2015
I, Challenger (2022) 6.1
I, Challenger (2022) I, Challenger (2022)ဆစ်ဒ် ဆိုတဲ့သတ်လတ်ပိုင်းလူကတော့ သူ့ကိုယ်သူအရှုံးသမားအဖြစ် အပြည့်အဝခံယူထားသူပါ။ အလုပ်ကမရှိ၊ သူ့အလုပ်က စက်ရုပ်နဲ့အစားထိုးခံလိုက်ရလို့အလုပ်ပြုတ်သွားတယ်။ လတ်တလောအလုပ်ကတော့ ဆယ်ကျော်သက်တွေကိုဆေးခြောက်ရောင်းတဲ့အလုပ်။ ဘော်ဒါဆိုတော့လဲ သူနဲ့ဂိမ်းတွဲဆော့နေကျ ၁၆ နှစ်အရွယ်ကောင်လေးတစ်ယောက်ပဲရှိတယ်။ ဆော်ကလဲမရှိ။ သူကလဲကြံရာမရ ပေါက်ကရတွေအကုန်လုပ်တဲ့သူပါ။ Tinder ကနေလဲ သကြားမေမေရှာကြည့်သေးတယ်။ မအိုကေ။ ထီတွေဆိုတာလဲ လတိုင်းထိုးတာ။နောက်ဆုံးတော့ ကံကောင်းခြင်းရဖို့ ဂူဂဲလ်မှာရှာရင်း ရုရှားကဗီဒီယိုတွေကိုသွားတွေ့တယ်။ ရုရှားကလူတွေက သူတို့ကိုယ်သူတို့၂၄ နာရီကြာ အခေါင်းထဲထည့်မြှပ်နှံပြီး ကံကောင်းခြင်းကိုရသွားကြတယ်တဲ့။ အခေါင်းထဲကပြန်ထွက်လာတာနဲ့ အလုပ်တွေအချစ်ရေးတွေအရာရာမှာကံကောင်းလာတယ်။ သေချာတာပေါ့ ဆစ်ဒ်ကလဲ သူ့တစ်ဦးတည်းသော သူငယ်ချင်းကောင်လေးရဲ့ အကူအညီကိုယူပြီး သူ့ကိုယ်သူ ၂၄ နာရီကြာ မြှုပ်နှံဖို့ ကြိုးစားလိုက်ချိန်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre.....Comedy Quality…. 1080p | 720p | 480p File size… 1.6GB | 767MB | 373MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

I, Challenger (2022)

2022
Attachment (2022) 5.8
Attachment (2022) Attachment (2022) =============== IMDb Rating - 5.8/10လီယာနဲ့မာယာဆိုတဲ့ ကောင်မလေးနှစ်ယောက်ဟာ အမှတ်မထင် တွေ့ရာကစလို့ စိတ်ချင်းထပ်တူကျပြီး ချစ်သူအဆင့်ထိရောက်သွား ကြပါလေရော။ လီယာ့အိမ်ကို မာယာလိုက်သွားရင်း ယောက္ခမဖြစ် သူနဲ့ ဆုံလိုက်ရတာပေါ့။ လီယာ့အမေဟာ ဘာသာရေးစွဲမိသားစုက မွေးဖွားလာတာမဟုတ်ပေမယ့် ဘာသာရေးစွဲခင်ပွန်းနဲ့ အကြောင်း ပါပြီးနောက်မှာတော့ သူပါအကျင့်ကူးသွားခဲ့သူတစ်ယောက်ပါ။ နောက်ပြီး သူ့ခင်ပွန်းက ရုတ်တရက်ဆိုသလို သူတို့သားအမိကို အကြောင်းပြချက်မရှိပစ်သွားပါတယ်။ ဒါကတော့ လီယာ့သိထားတဲ့ သူ့မိဘတွေရဲ့ဇာတ်လမ်းပေါ့။လီယာ့အမေက တစ်ဦးတည်းသောသမီးကို မျက်စိအောက်ကအပျောက် မခံ ရင်အုပ်မကွာစောင့်ရှောက်တတ်တဲ့ မိခင်တစ်ယောက်ပါ။ မာယာက တော့ သူ့ယောက္ခမကြီးရဲ့ ထူးထူးဆန်းဆန်းအပြုအမူတွေကြောင့် ယဉ် ယဉ်လေးရူးနေတယ်လို့ ထင်နေပါပြီ။ ဒါကြောင့် ဘာသာရေးရူး ရူးပြီး ကိုယ့်သမီးကိုယ်အန္တရာယ်ပြန်ပေးမယ့် ယောက္ခမဖြစ်သူလက်ကနေ သူ့ချစ်သူလီယာ့ကို ကယ်ထုတ်ဖို့ကြိုးစားပေမယ့် နောက်ဆုံးမှာ သူသိ လိုက်ရတဲ့အမှန်တရားဟာ.........။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.85 GB) / (553 MB) / (357 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 37Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Horror, Romance Translator.......Ngwe Zin Encoder..........SWM
movie

Attachment (2022)

2022
Just Say Yes (2022) 4.5
Just Say Yes (2022) Just Say Yes (2022) ===============လမ်းခွဲခံရဖူးတဲ့သူတွေ ရှိကြမှာပါ။ တချို့တွေက မက်ဆေ့ချ်တစ်စောင်နဲ့ လမ်းခွဲခံရမယ်။ တချို့ကတော့ ဖုန်းထဲမှာပဲ လမ်းခွဲခံရမယ်။ တချို့ကတော့ လူကိုယ်တိုင် စသည်ဖြင့် မျိုးစုံပဲပေါ့။ဒီဇာတ်လမ်းထဲက လော့တာဆိုတဲ့ producerမလေးကတော့ တီဗီမှာ တိုက် ရိုက်ထုတ်လွှင့်နေတုန်းမှာပဲ သူနဲ့စေ့စပ်ထားတဲ့ ချစ်သူဆီက လမ်းခွဲစကား ပြောခံလိုက်ရပါသတဲ့။ ဒီလိုမျိုး တိုင်းသိပြည်သိ ဘဲပစ်ခံလိုက်ရလို့ ကြေကွဲ လူငယ်လေးဖြစ်နေတဲ့လော့တာက သူ့လိုမျိုး producerတစ်ယောက်ဖြစ်တဲ့ ခရစ်နဲ့အတူ သူ့ဘဲပြန်လာအောင် လုပ်ဖို့ စီစဉ်ကြပါတော့တယ်။ဒီလိုစီစဉ်ရင်းမှာပဲ လော့တာတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ ကောင်း တာတွေဖြစ်လာမလား အဆိုးတွေနဲ့ပဲတွေ့ရမလားဆိုတာကို ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါး Comedy, Romance ကားလေးကို ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ် ပါတယ်)File Size..........(1.85 GB) / (753 MB) / (461 MB) Quality............WEB-DL 1080p / 720p / 480P Duration.........1Hr 37Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......EL Encoder..........SWM
movie

Just Say Yes (2022)

2022
Rimini (2022) 7
Rimini (2022) Rimini (2022)~ IMDb - 7/10, RT - 94%, Meta - 81% ~အခုမိတ်ဆက်ပေးမှာကတော့ မနှစ်က ထွက်ခဲ့တဲ့ ဩစတြေးလျကားသစ်လေးတစ်ကားပါ။ ရီမီနီဆိုတာ အီတလီနိုင်ငံက မြို့တစ်မြို့ပေမယ့် ဩစတြေးလျပေါ့ပ်အဆိုတော်ကြီးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီး အီတလီ၊ ရိုမေးနီးယား၊ ဂျာမနီ၊ ဩစတြေးလျတို့မှာ ရိုက်ထားတာပါ။ရီချီဘရာဗိုလို့ ခေါ်တဲ့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ ပေါ့ပ်စတားတစ်ဦးဟာ မှေးမှိန်သွားပြီဖြစ်တဲ့ သူ့အောင်မြင်မှုလေးတွေ လိုက်လံဖမ်းဆုပ်ရင်း သူ့သီချင်းတစ်ချို့ ခေတ်စားနေသေးတဲ့ အီတလီနိုင်ငံ ရီမီနီမြို့မှာ အခြေချဖြစ်ပါတယ်။ ဘဝကို အနိမ့်တကာ့အနိမ့်ဆုံးထိ ကိုယ်တိုင်ထိုးဆင်းပြီး အရက်၊ ဆေးလိပ်၊ (အထူးသဖြင့်) မိန်းမ အပျော်အပါးမှန်သမျှ အကုန်ချပြီး လူမဝင်သလောက်နီးပါး ရုံလေးတွေမှာ ဖျော်ဖြေရင်း မဖြစ်စလောက် ဝင်ငွေလေးနဲ့ ရပ်တည်နေပါတယ်။ဒီလိုမျိုး ဘဝကို စိတ်ကြိုက်ဖြုန်းတီးပြီး ဖြစ်သလိုနေထိုင်နေတဲ့ ရီချီ့ဘဝထဲကို ငယ်ငယ်လေးကတည်းက သူပစ်ထားခဲ့တဲ့ သမီးဖြစ်သူရောက်လာပြီး သူရထိုက်တဲ့ ...
movie

Rimini (2022)

2022
Kalyanam Kamaneeyam (2023) 5.9
Kalyanam Kamaneeyam (2023) Kalyanam Kamaneeyam 2023 IMDb -6.3/10ယခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ထွက်ရှိကတည်းက လူကြိုက်များခဲ့တဲ့ လူငယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ချစ်ကြိုက်ကွဲညားလိုသာမန်ပုံစံမျိုးမဟုတ်ပဲ အချင်းချင်း ချစ်မိပြီးနောက် ကြုံတွေရမယ့်ပြဿနာတွေကို ရင့်ကျက်တဲ့လူကြီးတစ်ယောက်လို ဘယ်‌လိုတွေးခေါ်ရမယ်ဆိုတာ တင်ဆက်ထားပါတယ်။အလုပ်ဟူသမျှဂုဏ်ရှိစွဆိုပေမယ့်လည်း အလုပ်မရှိဘူးဆိုရင်အင်မတန်မှမျက်နှာငယ်ရပါတယ်။ မိသားစုဝင်တွေထဲမှာရော၊ သူငယ်ချင်းအချင်းချင်းမှာရော၊ လူမှုအသိုင်းအဝိုင်းမှာ အနှိမ်ခံရတတ်ပါတယ်။ အဲ့ထဲမှာ ရှီဗာဆိုသူကတော့ အဲ့ဒီလောကရဲ့သားကောင်ပဲပေါ့၊ ရှီဗာဟာ ၂ ၅ နှစ်လုံးလုံးအဖေဖြစ်သူနားကပ်စားနေတဲ့ အလုပ်လက်မဲ့ပါ။နောက်ဆုံးအလုပ်မရှိပေမယ့်လည်း ကံကောင်းထောက်မစွာနဲ့ မိန်းမရသွားတော့လည်း မိန်းမလုပ်စာထိုင်စားနေရပြန်ပါတယ်။ မိန်းမထမိန်နားခိုစားတဲ့ကောင်ဆိုပြီး လူမှုအသိုင်းအဝိုင်းကပါကျဉ်ခံလာရတဲ့အချိန်မှာ ရှီဗာတစ်ယောက် အလုပ်လက်မဲ့ဘ၀ကနေ လွတ်မြောက်ဖို့ကြိုးစားခဲ့ပါတော့တယ်။ သူအလုပ်လက်မဲ့ဘဝကနေလွတ်မြောက်နိုင်ပါ့မလား၊ ကြာလို့ မိန်းမဖြစ်သူကလည်း ငြိုငြင်ချင်လာတဲ့အခါ ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့ ဆက်လက်ကြည့်ရှုပြီး အဖြေရှာလိုက်ကြရအောင်ပါ.... File size…1.6GB / 732MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nyein Aye
movie

Kalyanam Kamaneeyam (2023)

2023
Golden Robbery ( 2023 ) 5.9
Golden Robbery ( 2023 ) ဒီတစ်ခေါက်တော့ CM ပရိသတ်တွေအတွက် ဟာသလေးနှောထားတဲ့ မှုခင်းကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ရဲစခန်းလုံခြုံရေးအစောင့်မာတာနဲ့ သူ့ရဲ့ရည်းစာချောလေး လျိုစီးကျားတိုဟာ သာမန်ဘဝကို ဖြတ်သန်းနေကြတဲ့ စုံတွဲလေးတစ်တွဲပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ တစ်စုံတစ်ယောက်က မာတာရဲ အဖေဆိုပြီး ဖုန်းဆက်လာခဲ့ပါတယ်။နှစ် ၂၀ လောက် ပျောက်သွားခဲ့တဲ့ အဖေက ရုတ်တရက် ပြန်ပေါ်လာတဲ့အချိန်ကစ မာတာရဲ့ အေးချမ်းတဲ့ ဘဝကြီးက စတင်ရှုပ်ထွေးလာပါတော့တယ်။ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းမှောင်ခိုမှု၊ သင်္ချိုင်းဖောက်မှု၊ ရဲအတု အစစ်တွေနဲ့ ဘယ်လို အရှုပ်တွေ ဖြစ်မလဲဆိုတာကို Golden robbery ဆိုတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ပါနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Mystery Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by ...
movie

Golden Robbery ( 2023 )

Gaalodu(2022) 7.2
Gaalodu(2022) Gaalodu (2022) IMDb 7.3/10 (2K)အခုတစ်ခါမှာတော့ တေလဂူကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ရာဂျူးဟာ ခပ်မိုက်မိုက်နေတတ်ပြီး သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှလည်း ဂရုမစိုက်သလို သူ မလုပ်ရဲတာလည်း ဘာမှမရှိပါဘူး။ဇာတ်လမ်းအစမှာ ရာဂျူးဟာ လူသတ်မှုနဲ့ထောင်ကျနေခဲ့ပါတယ်။ ထောင်ကျတာ တစ်ရက်တောင်မရှိသေးဘူး ရဲအရာရှိကို ရိုက်လွှတ်လိုက်ပါတယ်။ ဒီလိုနဲ့ ထောင်တွင်း နာမည်ကြီးသွားပြီး ထောင်သားတွေ လေးစားရတဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ လူသတ်ပြီး ထောင်ကျခဲ့ရတဲ့ ဒီလိုလူအတွက်အချစ်နဲ့စစ်ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေဟာ ဘယ်လိုဖြစ်နေမလဲ ဆိုတာကတော့....။ သူထောင်သားတွေကို ပြောပြမယ့် နောက်ကြောင်းနဲ့အတူ ထပ်မံကြည့်ရှုပေးပါဦးနော်။ File size…1.94GB / 937MB Quality…1080p TRUE WEB DL /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Khin Khin~BpL~Taylor
movie

Gaalodu(2022)

2022
Rockin’ on Heaven’s Door(2013) 7.0
Rockin’ on Heaven’s Door(2013) Rockin' on Heaven's Door(2013)*****************************Hong-ki Lee  နဲ့  Ma Dong-seok တို့ အဓိကပါဝင်ထားတဲ့ဒီဇာတ်ကားဟာ တစ်ခါကြည့်ပြီး တစ်သက်မမေ့နိုင်ဖို့ ဒီတစ်ခေါက် CMပရိသတ်ကြီးအတွက် ထင်မထားရလောက်အောင် ရင်ထဲမှာစွဲကျန်ရစ်ခဲ့မယ့် “Rockin On Heaven’s Door”ဆိုတဲ့ ဒီဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းကိုတော့ ထင်ရာဆိုင်းတတ်တဲ့ ခပ်ဆိုးဆိုးအိုင်ဒေါအနုပညာရှင်လေး ချွန်အွီနဲ့ အစချီထားပါတယ်တစ်နေ့ ချွန်အွီတစ်ယောက် ကလပ်မှာပြဿနာရှာမိပြီးစေတနာ့ဝန်ထမ်းအဖြစ်နဲ့ အပြစ်ပြန်ဆပ်ရဖို့ အကြောင်းဖန်လာပါတယ်ချွန်အွီလုပ်ပေးရမယ့်နေရာကတော့ နယ်မြို့လေးတစ်ခုက “ဒုံးဟျွန်း”ဆိုတဲ့ဆေးရုံတစ်ခုမှာပေါ့ဆေးရုံကို မုန်းပါတယ်ဆိုတဲ့ ချွန်အွီအတွက် အဲဒီဆေးရုံက လူတွေကလည်း ထူးဆန်းနေပြန်ပါတယ်နောက်ဆုံးထွက်သက်ရောက်တော့မယ့် လူနာအဘွားအိုကို အသက်ရှူစက်တပ်မပေးတာမျိုး…လူနာတွေကို ဆေးလိပ်သောက်ခွင့်ပေးတာမျိုး ကလပ်သွားခွင့်ပေးတာမျိုး.. စသည်ဖြင့်ပေါ့အဲဒီလိုဆေးရုံက လုပ်ရပ်တွေကို သဘောမကျလို့ ချွန်အွီ ထွက်ခဲ့မယ်လို့ကြံမယ့်နေ့မှာပဲ ..နောက်ကွယ်ကအကြောင်းအရာတွေကို အန်နာဆိုတဲ့ စေတနာ့ဝန်ထမ်းကောင်မလေးပြောလို့ ချွန်အွီသိသွားခဲ့တဲ့အခါ… File Size :(1.9GB)&(685MB) Quality : Blu-Ray 1080P5.1Ch,720P Format :mp4 Duration : 01:39:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Khine Khine ...
movie

Rockin’ on Heaven’s Door(2013)

The Gridiron (2016) 5.2
The Gridiron (2016) The Gridiron (2016) ===============ဒဲရစ်ဆိုတဲ့ကောင်လေးတစ်ယောက်က စီးပွားရေးလုပ်ချင် ပေမယ့် သူဘာလုပ်လိုက်လိုက် လုပ်လိုက် တလွဲတွေပဲဖြစ်ပြီး အဆုံးသတ်သွားလို့ မိဘကရော သူ့မိန်းမကရော သူ့ကိုဆို တစ်စက်မှ အထင်မကြီးပါဘူး။ အဲဒါလည်း သူကအမှတ်မရှိဘဲ တစ်နေ့မှာ အမေရိကန်ဘောလုံးကစားနည်းက ဗြိတိန်မှာ ခေတ်စားလာတော့မယ်ဆိုပြီး သူ့ကိုယ်ပိုင်အသင်းထောင်ဖို့ လုပ်ပါတယ်။အိမ်စရိတ်တွေလည်းမပေးပဲ ရသမျှအကုန် သူ့အသင်းအတွက်ပဲ သုံးနေတော့ မိန်းမနဲ့လည်း ပြသနာတက်လိုက် အကြွေးရှင် လက်ကပြေးရလိုက်နဲ့ နောက်ဆုံးသူ့အသင်းကအောင်မြင်သွား မလား ကျရှုံးမလားဆိုတာကို ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါး ပါးလေး ကြည့်ရမှာပါ။ ကားဟောင်းလေးဖြစ်ပြီး စိတ်လက် ပေါ့ပါးမှုကိုရစေတာမို့ တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Momo ဖြစ်ပါတယ်)File Size..........(1.68 GB) / (677 MB) / (462 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 37Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Sport Translator.......Momo Encoder..........SWM
movie

The Gridiron (2016)

2016
Lucky Lakshman (2022) 7.5
Lucky Lakshman (2022) Lucky Lakshman (2022)IMDb-7.7/10မင်းသမီးချောလေး Mokksha အဓိကပါ၀င်ထားတဲ့ လူငယ်ကျောင်းသားအချစ်ဇာတ်လမ်းလေး တစ်လှည့်ခံစားကြည့်ပါဦးချစ်နေချိန်မှာ ချစ်သက်လက်ဆောင်တွေအကြီးအကျယ်ပေးခဲ့ကြသလို မထင်မှတ်ပဲခွဲခွာရတဲ့အချိန်မှာ ရှိခဲ့ဖူးတဲ့အမှတ်တရတွေအားလုံးကို ထိန်းသိမ်းချင်ကြတဲ့သဘာ၀အရ ကော်ဖီဆိုင်ကြီးကို ၀ယ်ချင်နေတဲ့အသည်းကွဲကောင်လေးတစ်ယောက်နဲ့အစပျိုးထားတဲ့ဇာတ်လမ်းပါအလယ်အလတ်မိသားစုကနေမွေးဖွားလာတဲ့ လက်ရှ်မန်ဟာ ငယ်စဉ်တည်းကလိုအင်ဆန္ဒတွေမပြည့်၀မှုကြောင့် ရည်ရွယ်ချက်ကြီးကြီး စာပဲအသည်းအသန်ကြိုးစားနေခဲ့ပါတယ် အထက်တန်းကျောင်းသားဘ၀မှာတင် မိန်းကလေးတစ်ယောက်ကြောင့် ရုံးခန်းရောက်ဖူးတာမို့ တက္ကသိုလ်ထိမိန်းကလေးတွေနဲ့ ဝေးဝေးနေခဲ့သူပါတက္ကသိုလ်ပထမနေ့မှာပဲ စီနီယာတွေအနိုင့်ကျင့်ခိုင်းလို့ ပျိုတိုင်းကြိုက်နှင်းဆီလေး ဆယ်ရာ့ကို ကြောက်ကြောက်နဲ့ ရည်းစားသွားပြောရတဲ့အချိန်မှာ ငယ်စဉ်ကလိုရုံးခန်းရောက်ကျောင်းထုတ်ခံရမှာကြောက်စိတ်တွေပြည့်နေခဲ့တယ်ဆယ်ရာက ထင်ထားသလိုမတုံ့ပြန်တဲ့အပြင် သူ့နဲ့ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်သွားပါတော့တယ်အလှပဂေးနဲ့ စာကြမ်းပိုး သူငယ်ချင်းကနေဘယ်လိုအဆင့်တက်သွားသလဲ လက်ရှ်မန်ငယ်ငယ်က အိမ်မက်အတိုင်းအောင်မြင်လာသလား ဇာတ်လမ်းအစကအသည်းကွဲရတဲ့အကြောင်းအရင်းက ဘာများလဲဆိုတာတွေကတော့ ခံစားကြည့်ပါဦး File size…2.75GB / 1.36GB Quality…1080p WEB DL /720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & BpL & Yunni & Khin Khin 
movie

Lucky Lakshman (2022)

2022