Channel Myanmar
Crime
Hell or High Water (2016) 7.8
Hell or High Water (2016) IMDb (7.8/10)....Rotten Tomatoes (98%)ဒီဇာတ်ကားကိုတော့ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားလို့ညွန်းရမယ်။ ဘဏ်မှာ အပေါင်ဆုံးတော့မဲ့ ဘိုးဘွားပိုင် မြေတွေကို မဆုံးရူံးဖို့ Tony နဲ့ Tanner တို့ညီအကိုနှစ်ယောက် ဘဏ်တွေကို ဓါးပြဝင်တိုက်ကြတယ်။ သူတို့ ရွေးချယ်တာ မြို့ငယ်လေးက ဘဏ်တိုက်လေးတွေကိုပါ။ မနက်စောစော ဘဏ်ဖွင့်ချိန်မှာ ဝင်လုမယ်။ ပိုက်ဆံကိုလည်း ဒေါ်လာ 20 တန်တဲ့ တန်ဖိုးပိုကြီးတဲ့အရွက်ကြီးလည်းမယူသလို သူတို့လုတဲ့ငွေ ပမာဏကလည်း ဒေါ်လာတစ်သောင်းအောက်ဆိုတော့ FBI ကတာဝန်ယူရလောက်အောင်ကြီးမားတဲ့ အမူမဟုတ်တဲ့အခါ ပြည်နယ်ရဲတာဝန်ပေါ့။ ဒီအမှုတွေကို မကြာခင် ရဲဘဝကနေအငြိမ်းစားယူတော့မဲ့ Marcus ရယ် သူတွဲဘက်အဖော် Alberto တို့ပူးပေါင်းဖော်ထုတ်ဖို့တာဝန်ဖြစ်လာပါတယ်။ Marcus က ဘဏ်ဓါးပြတွေ ကို လိုက်လံရှာဖွေဖမ်းဆီးဖို့ထက် Tony တို့ညီအကို လာတိုက်မယ်လို့ တွက်ထားတဲ့ မြို့ငယ်လေးတစ်ခုရဲ့ ဘဏ်တစ်ခုနားကနေ စောင့်ဖမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ Marcus တို့ စောင့်နေတဲ့ ...
movie
Hell or High Water (2016)
2016
Operation Mekong(2016) 7.0
Operation Mekong(2016) ၂၀၁၆ ထွက် တရုတ် crime,action ကားကောင်းလေး တင်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ တရုတ်ပြည်ရဲ့ ဝင်ငွေအကောင်းဆုံးကားတွေထဲက တစ်ကားပါပဲ။ ဖြစ်ရပ်မှန်ဖြစ်တဲ့ မဲခေါင်မြစ်အတွင်း တရုတ်လူမျိုး ၁၃ ယောက်အသတ်ခံခဲ့ရပြီး စိတ်ကြွဆေးပြား ၉၀၀၀၀၀ ကျော်တွေ့ရှိခဲ့တဲံ အမှုအပေါ် အခြေခံရိုက်ကူးထားပါတယ်။ ဒီအမှုရဲ့ အဆုံးသတ်ကတော့ အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ ဘိန်းဘုရင် စိုင်းနော်ခမ်း သေဒဏ်စီရင်ခံသွားရတာပါပဲ။ မြန်မာ လာအို ထိုင်း နိုင်ငံ ၃ ခုကြားက ရွှေတြိဂံနယ်မြေထဲက ဒုစရိုက်သမားတွေကို ရှင်းလင်းပြီး အသတ်ခံရတဲ့ နိုင်ငံသား ၁၃ ယောက်အတွက် တရားစီရင်ဖို့ ကြိုးစားတဲ့ အထူးတပ်ဖွဲ့ဝင်တွေနဲ့ အသွင်ယူ စုံထောက်တွေရဲ့ စွန့်စားခန်းတွေကို ပြသထားပါတယ်။ ဇာတ်ကြောရိုးအပေါ်အခြေခံထားပေမယ့် သူရဲကောင်းတွေနဲ့ ဗီလိန်တွေကို ပိုပိုသာသာလေးတော့ ပြသထားတယ်လို့ ထင်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရိုက်ချက်တွေနဲ့ သရုပ်ဆောင်တွေရယ် ဇာတ်လမ်းဖွဲ့စည်းမှုရယ်ကတော့ အထူးကောင်းမွန်တာမို့ ကြည့်သင့်တဲ့ ကားကောင်းတစ်ကားလို့ ပြောရမှာပါပဲ။ ---------------------------------------------------------------------------------------- ၂၀၁၆ ...
movie
Operation Mekong(2016)
2016
Dhoom 3 (2013) 5.4
Dhoom 3 (2013)    ဇာတ်လမ်းအကျဉ်းကတော့… ၁၉၉၀ ပြည့်နှစ်ကာလမှာ အိန္ဒိယလူမျိုး မျက်လှည့်ဆရာ Iqbal Haroon Khan ဟာ သူ့ရဲ့ ဆပ်ကပ်အဖွဲ့ မပြိုကွဲရေးအတွက် ရုန်းကန်နေရပါတယ်။ ဒီဆပ်ကပ် ဆက်လက်ရပ်တည်ဖို့အတွက် အနောက်ချီကာဂိုဘဏ်ကို မှီခိုနေရပါတယ်။ ဒါပေမယ့် ဘဏ်ပိုင်ရှင် Anderson ကတော့ ဒီဆပ်ကပ်ကို ပိတ်ပစ်ဖို့ပဲ ဖိအားပေးနေပါတယ်။ အထူးဖျော်ဖြေပွဲအဖြစ် Khan ဟာ Anderson ကို သူ့ရဲ့ အကောင်းဆုံး ပြကွက်တစ်ခုကို ပြသပြီး ဆပ်ကပ်အဖွဲ့ မဖျက်သိမ်းရဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ဒီဆပ်ကပ်အဖွဲ့ကို ပိတ်ပစ်ဖို့ပဲ တမင်လုပ်နေတဲ့ Anderson ဟာ ဘာကိုမှ အရေးမလုပ်တာမို့ Khan ဟာ ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။ အဲဒီအဖြစ်အပျက်ကို ဖခင်နဲ့အတူ ဆပ်ကပ်ပြပြီး Anderson ဆီက အကူအညီ မျှော်လင့်နေရှာတဲ့ Sahir Khan ဟာ အစအဆုံး မြင်တွေ့လိုက်ရပါတယ်။ Sahir Khan ...
movie
Dhoom 3 (2013)
2013
The Bag Man (2014) 5.3
The Bag Man (2014)   IMDb rating 5.3 ရထားတဲ့ ဇာတ်ကားကောင်း တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက ကောင်းသလားဆိုတော့ သရုပ်ဆောင်ထားတဲ့ မင်းသားကို ကြည့်ရင်ပဲ ကောင်းမကောင်းကို ဆုံးဖြတ်နိုင်မယ်လို့ ထင်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ ကြေးစား သေနတ်သမားဖြစ်သူ ဂျက်ကို  သူ့သဌေးက အလုပ်တစ်ခုခိုင်းစေခဲ့ပါတယ် အဲ့ဒီအလုပ်ကတော့ အိတ်တစ်လုံးကို ဖွင့်မကြည့်ပဲ သယ်လာပြီး မြို့တစ်မြို့က ဟိုတယ်တစ်ခုမှာ ချိန်းပြီး ပေးဖို့ပါ ဒီလိုနဲ့ ဂျက်တစ်ယောက် အဲ့ဒီမြို့ကိုရောက်ရှိချိန်မှာတော့ မြို့က လူတိုင်းဟာ အိတ်အနောက်ကို သဲကြီးမဲကြီး လိုက်လံ တိုက်ခိုက် လုယက်လာရာမှာတော့ ဂျက်တစ်ယောက် ဘယ်လိုတွေများဆက်လက်ဖြစ်ပျက်မလဲ အိတ်ထဲကကော ဘယ်လို မက်မောဖွယ်ရာတွေများပါနေသလဲဆိုတာကို ပရီတ်သတ်ကြီးက ဆက်လက် ကြည့်ရှူရမှာပါDownload On YP    Download Large File On Pcloud    Download Small File On  Pcloud
movie
The Bag Man (2014)
2014
JazBaa (2015) 5.8
JazBaa (2015) IMDb Rating 5.8 ရရှိထား ပြီး အက်ရှင်ဇာတ်ကြမ်းကြိုက် ဘောလိဝုဒ် ပရိတ်သတ်တွေအတွက် အကြိုက်တွေ့မယ် ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် အလုပ်ကိုမက်တဲ့ မိဘ သားသမီးကို ဂရုမစိုက်နိုင်တဲ့ မိဘနဲ့ သား သမီးကြားက ပဋိပက္ခနဲ့ သူငယ်ချင်းအပေါ် သစ္စာမရှိတဲ့ အပေါင်းအသင်း အကြောင်းကို ရိုက်ကူးပြထားတာပါ ဇာတ်လမ်း အကျင်းလေးကတော့ Anuradha Verma ဟာ နာမည်ကြီး ရှေ့နေတယောက်ဖြစ်ပြီး သူနဲ့ သူ့မိန်းမဟာ သမီးဖြစ်သူ Sanaya ကို ဂရုစိုက်နိုင်ခြင်းမရှိပါဘူး ဒီလိုနဲ့ တစ်နေ့ ကျောင်းက မိဘကျောင်းသား တွေ့ဆုံပွဲမှာ Sanaya တယောက်ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်လက်ဖြစ်ပျက်ကြမလဲဆိုတာကို ပရိတ်သတ်ကြီးကပဲ ဆက်လက် ရှူစားလိုက်ပါတော့ဗျာ
movie
JazBaa (2015)
2015
Mindhunters (2004) 6.4
Mindhunters (2004) IMDb 6.4/10 ထိ ရထားတဲ့ ရုပ်ရှင်ကားဖြစ်ပြီး သည်းထိတ်ရင်ဖို လျို့ဝှတ်ချက်တွေ အပြည့် နဲ့ ဇတ်လမ်း မျိုးဖြစ်ပါတယ်... 18+ အခန်း တစ်ချို့ နှင့် သွေးထွက်သံယို အခန်းများ ပါဝင်၍ ကလေးသူငယ်များ နှလုံးရောဂါ ရှိသူများ ကြောက်တက်သူများ ကြည့်ရှုရန် မသင့်တော်ပါ FBI မှ သူတို့ ဆီမှ အတော်ဆုံး လူ တစ်ချို့ကို စုစည်းပြီး လေ့ကျင့်ခန်း ဆင်းပေးဖို့အတွက် လူပုံတူ အရုပ်နှင့် အဆောက်အဦးများသာ ရှိသော မှုခင်း စမ်းသက်ကွင်း သဖွယ် ဖန်တီးထားသော အိုနေဂါ ကျွန်းပေါ်သို့ ပို့ထားမှာ ဖြစ်ပါတယ်... အသင်းအဖွဲ့ဖြင့် အလုပ်လုပ်တက်စေရန် မှုခင်း ဖော်ထုတ်မှု မြန်ဆန်စေရန် ရည်ရွယ်ချက်ဖြင့် ဖြစ်ပါတယ်.. FBI အေးဂျင့် တွေ အနေနဲ့ ထို တန်းဆင်း လေ့ကျင့်မှု အောင်မြင်မှာသာ ပြန်ရမှာ ဖြစ်ပေမယ့် ထို ကျွန်းက သူတို့အတွက် မပြန်လမ်း တစ်ခု အဖြေရှာမရသော ...
movie
Mindhunters (2004)
2004
Inherent Vice (2014) 6.7
Inherent Vice (2014) IMDb (6.7/10)...Rotten Tomatoes (74%)၁၉၆၀ ပြည့်လွန်နှစ်များကုန်ခါနီးက ဆိုင်ခီဒဲလစ်ဆေးဝါးများ trip နှင့် Groovy တို့ကဲ့သို့ ဝေါဟာရများရေပန်းစားနေချိန်တွင် အလွတ်စုံထောက် Doc Sportello ၏ဇနီးဟောင်းသည် Doc ထံ ရုတ်တရက်ပြန်ရောက်လာပြီး သူမရဲ့လက်ရှိချစ်သူ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးကို ပြန်ပေးဆွဲကာ စိတ်ကျန်းမာရေးဆေးရုံပို့ဖို့ ကြံစည်နေကြောင်း ပြောပြသည်။Doc က ထိုဇာတ်ရှုပ်တွင် သူဘယ်လိုပါဝင်ပတ်သက်ရမှန်း မသိ ပေ။ ဇနီးဟောင်းပြောပြသောကိစ္စကို သူယုံရခက်နေသည်။ ပင်လယ်လှိုင်း စီးသူများ၊ အကြံအဖန်များ၊ ဇိမ်ခေါင်းများ၊ ဘိန်းစားများ၊ ရော့ခ်ဂီတသမားများ၊ လူသတ်သော ငွေတိုးချေးစားသူများ၊ စုံထောက်လုပ်သော ဆက်ဇိုဖုန်းပညာ၊ Golden Fang အမည်ရှိ ပဟေဠိဆန်သူတစ်ဦးနှင့် သွားရောဂါကုဆရာဝန်တစ် ဦး စသည့် ဇာတ်ကောင်စရိုက်မျိုးစုံပါဝင်သော ဤဇာတ်ကားမှာ အရောင်း ရဆုံး အမေရိကန်စာရေးဆရာThomas Pynchon ၏၀တ္ထုကို Paul Thomas Anderson က ...
movie
Inherent Vice (2014)
2014
Traders (2015) 6.1
Traders (2015) လောကကြီးမှာ အရေးအကြီးဆုံးအရာတွေ အများကြီးရှိတယ် အဲ့ဒီအရေးအကြီးဆုံးအရာတွေထဲကမှ... ပထမဦးစားပေးလို့ လူတိုင်းလက်ခံထားတဲ့ ပိုက်ဆံ... အဲဒီပိုက်ဆံဆိုတဲ့ စာရွက်လေးတွေအတွက် လူလူချင်း သတ်ဖြတ်ရမှာ တန်ပါ့မလား... Rotten Tomatoes - 67% IMDB - 6.2 ဟယ်ရီဖော့စ်ဆိုတာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဇိမ်ခံတိုက်ခန်းလဲရှိသလို ကားအကောင်းစားပါပိုင်တဲ့လူတစ်ယောက် ဒါပေမယ့် တစ်နေ့တော့ သူ့ကုမ္ပဏီဒေဝါလီခံရဖို့ဖြစ်လာတော့ သူပိုင်ဆိုင်ထားသမျှတွေ ဆုံးရှုံးရတော့မယ် အဲ့ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဗာနွန်ဆိုတဲ့ လူက လာပြီးကမ်းလှမ်းတယ် ရှင်းရှင်းလေးပါ သူပိုင်ဆိုင်ထားသမျှတွေ အကုန်ချရောင်း ပိုက်ဆံတွေကို အိတ်ထဲထည့် သူ့လိုပဲ လူတစ်ယောက်ကို ရှာ အဲ့လူကိုလည်း ပိုင်ဆိုင်သမျှတွေ အကုန်ချရောင်း နှစ်ဦးနှစ်ဖက်ရင်ဆိုင် လောင်းကစားသဘောနဲ့ နိုင်တဲ့လူက ပိုက်ဆံတွေအကုန်ယူ အဲဒီဉာဏ်ကြီးရှင်ဗာနွန်ကတော့ ပြောပါတယ် ဒါ စီးပွားရေးပဲ အမြန်ဆုံးချမ်းသာနိုင်တဲ့ စီးပွားရေးပဲတဲ့ ဟယ်ရီ့ခမျာလည်း မလုပ်လို့ကမဖြစ်တော့လည်း သူပြောတဲ့အတိုင်းလက်ခံလိုက်ရတော့တယ် နောက်တော့ သူနဲ့ပြိုင်ရမယ့်သူက ... ဒီကားရဲ့ဇာတ်လမ်းက အရင်တုန်းက ကျွန်တော်တို့ တစ်ခါမှ မကြားဖူးတဲ့ အကြောင်းအရာပုံစံမျိုးပါ... ဒါကြောင့်လားပဲမသိ ခရမ်းချဉ်သီးတောင် ၆၂ရာခိုင်နှုန်းနဲ့ လတ်လတ်ဆတ်ဆတ်လေးပဲ ကောင်းလားမကောင်းဆိုတာတော့ ကြည့်မှသိမှာပေါ့ ဒီကားက ဆုတစ်ခုတောင်ရခဲ့သေးတယ် ဒီကားက ကားကောင်းတစ်ကားဖြစ်တဲ့အတွက် လက်လွတ်မခံစေဖို့ပြောလိုက်ပါရစေ...... (ဇာတ်လမ်းအညွန်းကို ...
movie
Traders (2015)
2015
Scherzo Diabolico(2015)
Scherzo Diabolico(2015) IMDb rating 5.5 ရရှိထားတဲ့ ပြန်ပေးဇာတ်ကားတစ်ကားကိုတင်ဆက်ပေးပါရစေ ဇာတ်ကားလေးကကြမ်ကြမ်း ရမ်းရမ်းနဲ့ အလန်းစား ဇာတ်ကားလေးတစ်ကားပါ ဇာတ်လမ်းလေးက ၂၀၁၆ခုမေလမှာထွက်ခဲ့တာဖြစ်ပြီး စကာတင်နာမည်စာရင်းတခါဝင်ခဲ့ပါသေးတယ် 7ဇာတ်လမ်းအကျဉ်းလေးကတော့ သာမန်ဘ၀ကို ရိုးရှင်းစွာ  ဖြတ်သန်းလာခဲ့တဲ့စာရင်းကိုင်တယောက်ဟာ မထင်မှတ်ထားတဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်ကြာင့် မထင်မှတ်ထားတာတွေဖြစ်လာရာမှ နောက်ဆုံး အလုပ်ရာထူးတိုးဖို့အခွင့်အလမ်းအတွက် နောက်ဆုံကြံရာမရဖြစ်ကာ  ပြန်ပေးဆွဲမှူကိုကျူးလွန်မိရာမှ နောက်ဆုံး ဘယ်လိုတွေဖြစ်ပျက်ကြမယ်ဆိုတာကို ပရိတ်သတ်ကြီးကဆက်လက်ရှူစာကြရမှာပဲဖြစ်ပါတယ်Download On Pcloud Large File Download On Pcloud Small File
movie
Scherzo Diabolico(2015)
Naam Hai Akira (2016)
Naam Hai Akira (2016) ကဲဒီတစ်ခါတော့ ခပ်ကြမ်းကြမ်း အက်ရှင် ဘောလိဝု သဲထိပ် ရင်ဖိုဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါအုံးမယ် ဇာတ်ကားလေးကတော့ IMDb Rating 6 ထိရရှိထားပြီးတော့ ဇာတ်ကားလေးထဲမှာ ACTION/CRIME/DRAMA/THRILL စတဲ့ ရသပေါင်းစုံကို တကားထဲနဲ့ ခံစား ရမှာဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ အကီရာ ဟာ အိန္ဒိယ နိုင်ငံမြို့ငယ်လေးတစ်မြို့မှာ နေထိုင်ပြီး ငယ်စဉ်ကတည်းက ဖခင်ရဲ့ သင်ကြားမှုကြောင့် မဟုတ်မခံစိတ်ရှိသူတစ်ယောက်ပါ အသက်၁၄ နှစ်အရွယ်မှာ မတော်တဆ အမှုအခင်းတစ်ခုဖြစ်ပွားမှုကို မြင်တွေ့မိခဲ့ပြီး မိခင်ဖြစ်သူမှာ သမီးဖြစ်သူ ရဲ့ ပညာရေးအတွက် မွမ်ဘိုင်းမြို့ပေါ်သို့ ပြောင်းရွေ့နေထိုင်ခဲ့ပြီး ကောလိပ်တက်နေရာမှ တစ်နေ့မှာ ကောလိပ်က အမည်မသိ ကျောင်းသားရဲ့ ခြိမ်းခြောက် မှုကိုခံရရာမှ မဟုတ်မခံစိတ်ရှိသူ အကီရာတယောက် မှုခင်းတစ်ခုအတွင်းမှာ ပါဝင်နေခဲ့မိရာမှ ဘယ်လိုတွေများဆက်ဖြစ်ကြမလဲဆိုတာကို ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ
movie
Naam Hai Akira (2016)
Parker (2013) 6.2
Parker (2013) Parker (2013) IMDb - 6.2/10_____Rotten - 41%   Parker ဟာ အမေရိကန်စုံထောက်ဝတ္ထုရေးဆရာကြီး Richard Stark ခေါ် Donald E. Westlakeရဲ့ဇာတ်ကောင်ကို မှီငြမ်းအသက်သွင်းပြီး Alexander McLanughlin က ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ Taylor Hackford ရိုက်ကူးတဲ့ စုံထောက်ဇာတ်ကြမ်းကားဖြစ်ပါတယ်...... အဓိကသရုပ်ဆောင်ထားသူတွေက အက်ရှင်မင်းသား Jason Statham, Jennifer Lopez, Micheal Chiklis နဲ့ Nick Nolte တို့ဖြစ်ကြပါတယ်.... ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသားStathamဟာ သူ့စတန့်အားလုံးကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ကြောင်း သိရပါတယ်.... လူဆိုး က သေနတ်နဲ့ပစ်စဉ် အရှိန်ပြင်းစွာမောင်းနှင်နေတဲ့ကားပြတင်းပေါက်ကနေ ဒိုင်ဗင်ထိုးထွက်တဲ့အခန်းဟာ အသက်အန္တရာယ်ရှိပေမဲ့ ဒါရိုက်တာ စိတ်တိုင်း ကျ မဖြစ်မချင်း Jason က ငါးခါ ခြောက်ခါ သရုပ်ဆောင်ပေးခဲ့ပါတယ်..... ဒါရိုက်တာကြီးHackford ဟာ ‘Parker’ကို သူ့ရဲ့ပထမဆုံး film-noir ဇာတ်ကားဖြစ်အောင် ရိုက်ကူးရလို့ ...
movie
Parker (2013)
2013
The Infiltrator (2016) 7.0
The Infiltrator (2016) The Infiltrator (2016)IMDb - 7.0/10_____Rotten - 72%    2016 ထွက် IMDB 7.0 ရ ဒရာမာစုံထောက်ကားကောင်းတစ်ကားပါ။ ၁၉၈၀ မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားပါတယ်။ အမေရိကန် Undercover အေးဂျင့်တစ်ယောက်ရဲ့ ကမ္ဘာအကြီးဆုံး စပိန်ဒုစရိုက်ဂိုဏ်းကြီးထဲကို အသွင်ယူစိမ့်ဝင်ပြီး ဒုစရိုက်ခေါင်းဆောင်တွေနဲ့အတူ ငွေကြေးခဝါချပေးနေတဲ့ ကမ္ဘာ့ နံပါတ် ၇ အကြီးဆုံး ဘဏ်ကြီးကိုပါ သက်သေနဲ့အတူ ဖမ်းမိစေခဲ့တဲ့ဇာတ်ကြောင်းပါပဲ။ လူဆိုးတွေကြားမှာ သရုပ်တူအောင်နေရင်း စကားတစ်ခွန်းမှားတာနဲ့ အသက်ပျောက်သွားနိုင်တဲ့ အသွင်ယူစုံထောက်တွေရဲ့ ဘဝ၊ နောက်ဆုံးဖမ်းဆီးရတော့မယ် အချိန်မှာ တကယ်အကြာကြီးပေါင်းသင်းလာတဲ့ ဒုစရိုက်ခေါင်းဆောင်မိသားစုနဲ့ မိတ်ဆွေသံယောဇဉ်၊ အသွင်ယူနေစဉ် မိမိမိသားစုအစစ်နဲ့ ဆက်ဆံရေး အခက်အခဲတွေကို လှလှပပ ပုံဖော်ပြတားတဲ့ ဇာတ်ကားပါပဲ။ ရင်တဖိုဖိုနဲ့ စုံထောက်ဖြစ်ရပ်မှန်ကြိုက်သူတွေအတွက်တော့ အရသာရှိမယ့် ဟင်းကောင်းတစ်ခွက်လိုပါပဲဗျာ။    File Size     :   900 ...
movie
The Infiltrator (2016)
2016
London Boulevard (2010) 6.2
London Boulevard (2010) London Boulevard (2010)_____IMDb - 6.2/10    IMDb (6.2/10) မင်းသား ကောလင်းဖာရဲလ်နဲ့ မင်းသမီး ကီရာနိုက်တလေ တို့အဓိကပါဝင်ထားတဲ့ Crime , Drama အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ Mitch အဖြစ်သရုပ်ဆောင်ထားတဲ့ Colin Farrell ဟာ Pentonville အကျဉ်းထောင်ကနေ လောလောလတ်လတ် ထွက်လာသူပါ။ ရိုးရိုးသားသားပဲ ဘဝကို ဖြတ်သန်းတော့မယ်ဆိုတဲ့ စိတ်ကူးတွေ အပြည့်နဲ့ပေါ့။ ဒါပေမယ့် ရုတ်တရက်ဆိုသလိုပဲ ကျွန်တော်တို့ရဲ့ ပြစ်ချက်တွေနဲ့ သူရဲကောင်းကြီးဟာ ရွေးချယ်ရခက်တဲ့ အနေအထားတစ်ခုထဲကို အမှတ်မထင်ရောက်ရှိသွားပါတယ်။ Mitch တစ်ယောက် သူ့ရဲ့ရည်ရွယ်ရင်းကနေ သွေဖယ်ပြီး အကြမ်းဖက်မှုတွေ ပြည့်နှက်နေတဲ့ ဒုစရိုက်အမှောင်လောကထဲကို ပြန်ဆွဲသွင်းခံရသင့်သလား... ဒါမှမဟုတ် Keira Knightley သရုပ်ဆောင်ထားတဲ့ ခပ်ပျော့ပျော့ စူပါစတား ကောင်မလေး Charlotte ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးပြီး ပါပါရာဇီတွေရန်ကနေ ကာကွယ်ပေးရမယ့် သတ္တိခဲကိုယ်ရံတော်ပဲ ဖြစ်သင့်သလား.. ကောင်မလေးအတွက် အသက်ကိုပေးဆပ်ပြီးကာကွယ်ရမယ့် သူရဲကောင်းကြီး ဖြစ်လာသင့်သလား...ဆိုတာကို ပရိသတ်ကြီးက ဆက်လက်ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Ken Bruen ရဲ့ဝတ္ထု London ...
movie
London Boulevard (2010)
2010
Frequency (2000) 7.3
Frequency (2000) Frequency (2000) IMDb - 7.3/10_____Rotten - 70%   ရုပ်ရှင်အညွှန်းလေးကို မပြောပြခင် ဒီရုပ်ရှင်ကားကို Video Type ခေတ်ကတည်းက ကြည့်ရှုခဲ့တာမို့ အဟောင်းတွေ ပြန်လည်တူးဆွရင်း ပြန်လည်တွေ့ရှိပြီး ဘာသာပြန် Moe Myint Lwin ကို ဘာသာပြန်ဖို့ တိုက်တွန်းခဲ့ပြီး ယခု ကြည့်ရှုသူများလက်သို့ အရောက် အပ်ခဲ့ပါပြီ.... ဇတ်လမ်းရဲ့ ပုံစံကတော့ ဂျွန် ဟာ သူငယ်စဉ်ကတည်းက ဖခင်ကို ဆုံးရှုံးခဲ့ရသူဖြစ်ပြီး မီးသတ်တပ်ဖွဲ့အတွက် ဖခင်ဟာ အသက်ပေးသွားရသူပါ ဘ၀ တစ်လျှောက်လုံး ဂျွန် ဟာ ဖခင် မေတ္တာငတ်မွတ်ခဲ့ရပါတယ်... ဂျွန် မှာ မိခင်ကြီးသာ ရှိပြီး အမေ နှင့်လဲ မတွေ့ဖြစ်တာ ပိုများနေပါတယ်... ဂျွန် ၏ အလုပ်မှာ ရဲစုံထောက်ဖြစ်ပြီး ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးရန် စုံစမ်းစစ်ဆေးနေတဲ့ အချိန်ဖြစ်ပါတယ်... တစ်ရက်မှာတော့ ဂျွန် သူငယ်ချင်း နှင့် သူငယ်ချင်း၏ သားဖြစ်သူတို့ ဂျွန်အိမ်ကို လာပြီး ဖခင်ကြီး သိမ်းဆည်းသွားသော မီးသက်တပ်ဖွဲ့ဝန်ထမ်း သေတ္တာကို ဖွင့်စစ်ရာ ဖခင်ကြီး ...
movie
Frequency (2000)
2000
War Dogs (2016) 7.2
War Dogs (2016) ဒီကားဟာ ထူးခြားတဲ့ ပေါင်းစပ်မှုကားလေးပါ။ ဟိုးအရင်တုန်းက နာမည်ကြီးခဲ့တဲ့ Hot Shot ကားလို စစ်ကားဟာသလိုင်းလေး ဖြစ် ပါတယ်။ ဟောလိဝုဒ်မှာ Genre ကို တစ်မျိုးတစ်စားတည်း မလုပ်ကြတော့ဘဲ Multi တွေ လုပ်လာကြတယ်။ ဘယ်လိုလဲဆိုတော့ ဟာသဆိုရင် လည်း ဟာသတစ်ခုတည်း မဟုတ်ဘဲ အချစ်လေးပါထည့်ပြီး comedy romance လေးတွေ လုပ်ကြတယ်။ ဥပမာ ကိုရီးယားနိုင်ငံရဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲလေးတွေလိုပေ့ါ။ ဟာသသရဲကား၊ ဟာသအက်ရှင်ကား စသဖြင့် အစုံပေါင်းစပ်ပြီး ပရိသတ်စိတ်ဝင်စားလာအောင် လုပ်ကြတယ်။ ဒီတစ်ပတ်မှာတော့ ပေ့ါပေါ့ပါးပါးအနေနဲ့ ဟာသအက်ရှင်၊စစ်ကားလေးကို ဖော်ပြလိုက်ရပါတယ်။War Dogs ... မြန်မာလိုဘာသာပြန်ရင် လက်နက်ရောင်းဝယ်သူလို့ အမည်ရပါတယ်။ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတဲ့ Documentary အမျိုးအစားဖြစ်ပြီး ထူးခြားတာက ပျင်းစရာမကောင်းတာပါပဲ။ တစ်ခြားသော ဇာတ်ကားအမျိုးအစားတွေနဲ့ မတူပဲ တစ်ကားလုံး စိတ်ဝင်စားဖို့ကောင်းပြီး  အဆုံးထိဆွဲဆောင်နိုင်တဲ့ ကားတစ်ကားပါ။ ဇာတ်လမ်းကြောရိုးကတော့ ...
movie
War Dogs (2016)
2016
Elektra (2005) 4.8
Elektra (2005) Elektra 2005 ဟာ ကနေဒါအမေရိကန်စူပါဟီးရိုးရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်....Elektra  ရဲ့အစွမ်းကတစ္ဆေတစ်ကောင်လို လျင်မြန်စွာသွားလာနိုင်တာပဲဖြစ်ပါတယ်...Elektra ရုပ်ရှင်ကိုဇန်န၀ါရီလ ၁၄ ရက် ၂၀၀၅ ခုနှစ်ကထွက်ရှိခဲ့ပြီး ထုတ်လုပ်မှု့ငွေကြေး ဒေါ်လာ ၄၃ သန်း နဲ့ ၀င်ငွေ ဒေါ်လာ ၅၆ သန်းရရှိခဲ့တဲ့စူပါဟီးရိုးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်...Elektra သည်သူမရဲ့မိခင်ကိုသတ်ခဲ့သောလူသတ်သမားကိုမြင်လျှင် သူမရဲ့ဒေါသနဲ့အကြောက်တရားကိုမထိန်းချုပ်နိုင်ပဲ စိတ်အလိုတိုင်းလုပ်တတ်လို့ သူမရဲ့မျက်မမြင်ဆရာထံမှ တပည့်အဖြစ်ထုတ်ပယ်ခြင်းခံခဲ့ရသည်....ကြေးစားလူသတ်မှု့များကိုတစ်ခုပြီးတစ်ခုလုပ်ကိုင်ရင်း....အမည်မသိဌားရမ်းတဲ့လူတစ်ယောက်ဆီကနေ ကြီးမားသောကမ်းလှမ်းမှု့တစ်ရပ်ကိုလက်ခံရရှိခဲ့ပါတယ်....ထို့ကြောင့် သူမရဲ့သားကောင်ဖြစ်တဲ့ လူရဲ့အနီးကပ်ဆုံးနေရာကျွန်းပေါ်တွင် အိမ်ဌားကာ သူမအတွက်အမိန့်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်....ထိုသို့စောင့်ဆိုင်းနေစဉ်အတွင်း ကျွန်းပေါ်ရှိသားအဖနှစ်ယောက်နဲ့တွေ့ဆုံမိပြီး သံယောဇဉ်ဖြစ်လာရာကနေ ထိုသားဖနှစ်ယောက်မှာသူသတ်ရမယ့် လူနှစ်ယောက်ဖြစ်လာသောအခါ ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်....File Size : 905.0MB , 393.8MBQuality : BlueRay 720p HD Duration : 01:39:50Subtitle : Myanmar Subtitle (Hardsub)Encoder : Moe Myint Lwin Download 720 HD (905.0MB) Download 360p Small File (393.8MB)
movie
Elektra (2005)
2005
22 Jump Street (2014) 7.0
22 Jump Street (2014) 22 Jump Street (2014) IMDb - 7.0/10_____Rotten - 84%    2014 ခု နှစ်မှာထွက်ရှိထားတဲ့ 22 Jump Street ဇာတ်ကားဟာ IMDb Rating 7 အထိရရှိထားတဲ့ရဲဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..2012 က ထွက်ရှိခဲ့တဲ့ 21 Jump Street ရဲ့ အဆက်အဖြစ်နဲ့ထွက်လာပါတယ်..2ကားလုံးကတော့ ဟာသအက်ရှင်ဇာတ်ကားတွေပဲဖြစ်ပါတယ် ဇာတ်လမ်းဇာတ်အိမ်ဖန်တီးထားတဲ့နေရာမှာလည်းသေသပ်သလို ဟာသလည်းမြောက်ပါတယ် 21 Jump Street မှာတော့ ကျောင်းတုန်းက မတည့်တဲ့ သူငယ်ချင်း2ယောက် ကျောင်းပြီးလို့ရဲထဲဝင် တဲ့အခါ အလုပ်အတူတူတွဲလုပ်ရင်း ထူးခြားတဲ့အမှုအတွက် ကျောင်းပြန်တက်ရပြန်ပါတယ်.. ကျောင်းတက်ရင်းဘယ်လိုတလွဲတွေနဲ့ အမှုလိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ ယခု တင်တဲ့ဇာတ်ကား 22 Jump Street ကတော့ အဆက်အနေနဲ့ဆက်လက်ရိုက်ကူးထားပါတယ်   21 Jump Street ကို မကြည့်ရသေးသူများ အတွက်လည်း အောက်မှာလင့်ပြန်ပေးထားပါတယ်..။   21 Jump Street (2012)   2014 ခု နှစ်မှာထွက်ရှိထားတဲ့ 22 Jump Street ဇာတ်ကားဟာ IMDb Rating ...
movie
22 Jump Street (2014)
2014
21 Jump Street (2012) 7.2
movie
21 Jump Street (2012)
2012