Channel Myanmar

Crime

Angels Of Vengeance ( 2023 ) 5.9
Angels Of Vengeance ( 2023 ) CMပရိသတ်ကြီးကို မှုခင်းရဲမေ လျို့ဝှက်သည်းဖို ဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါတယ်။အထူးရဲကွန်မန်ဒိုတပ်ဖွဲ့ဝင် နတ်မိမယ်လေး(၄)ယောက်ဟာ မူးယစ်တိုက်ဖျက်ရေးရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး မူးယစ်ရာဇာကိုအမြစ်ကနေလှန်ပစ်နိုင်ဖို့အတွက် သူလျှိုအဖြစ်နဲ့ မူးယစ်ဂိုဏ်းထဲကိုရောဝင်ပြီး အမှုကိုဖော်ထုတ်မယ့် မှုခင်းဇာတ်လမ်းပဲဖြစ်ပါတယ်။နတ်မိမယ်(၄)ယောက်ကတစ်ယောက်ချင်းစီဘယ်လိုစွမ်းရည်တွေရှိကြလဲ...... မူးယစ်ဂိုဏ်းထဲမှာ လျို့ဝှက်သည်းဖိုဘယ်လိုဟန်ဆောင်ပြီ းသက်သေတွေရအောင်ယူကြလဲ...... မူးယစ်ဂိုဏ်းကြီးကိုဘယ်လိုနှိမ်နင်းပစ်လဲ......ဆိုတာ ကို ကြမ်းကြမ်းရမ်းရမ်းဖိုက်တင်ခန်းတွေနဲ့အတူ မမတွေကအလှမပျက်တင်ဆက်ပြသွားမှာဖြစ်ပါတယ်။ [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action, Crime Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Angels Of Vengeance ( 2023 )

The Last Boy Scout(1991) 7.0
The Last Boy Scout(1991) ကျွန်တော်တို့ရဲ့ Die Hard မင်းသားကြီး ဘရုစ်ဝီလီရဲ့ 90 ခုနှစ်က ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်.ဂျိုးဟယ်လမ်ဘက်ခ်ဟာ အကောင်ကြီးကြီး တစ်ပွေနဲ့ ပြဿနာဖြစ်ပြီးလျို့ဝှက်စုံစမ်းရေးအဖွဲ့ကနေ ရာထူးချခံခဲ့ရပြီး အလွတ်စုံထောက် လုပ်နေခဲ့သူ ဖြစ်ပါတယ်. တစ်ရက် အိမ်ပြန်လာချိန်မှာတော့.သူ့အချစ်ဆုံးသူငယ်ချင်းက သူ့မိန်းမ နဲ့ တကူကူးနေတာကို မိသွားခဲ့ပြီးသူ့အတွက် ကမ္ဘာကြီးပျက်သလို ခံစားနေရပေမယ့်. ပြောထွက်ခဲ့တဲ့ စကားလုံးတွေကဟာသဆန်နေခဲ့သလို သူ့သူငယ်ချင်း မိုက်အပေါ် လက်သီးတစ်ချက်နဲ့သာ တုံ့ပြန်ခဲ့သော်လည်းကံကြမ္မာက မျက်နှာသာမပေးခဲ့လို့ မိုက်တစ်ယောက် ကားဗုံးကွဲပြီး သေသွားခဲ့ပါတယ်သွားလေသူ မိုက် ရဲ့စောင့်ကြည့်ရေးအလုပ်ကို လကပြောင်းလွှဲယူခဲ့ကာသူ စောင့်ကြည့်ပေးနေတဲ့ မိန်းကလေး ကိုရီပါ အသတ်ခံရတဲ့အချိန်မှာတော့ဒီကိစ္စက သာမန်ကိစ္စမဟုတ်ဘဲ နောက်ကွယ်က အာဏာရှိတဲ့အဖွဲ့အစည်းတစ်ခုရဲ့လက်ချက်မှန်းသဘောပေါက် သွားခဲ့ပါတယ် ကိုရီသေဆုံးမှုကို သူ့ရဲ့ရည်းစား ဘောလုံးကစားသမားဟောင်း ဂျင်မီဒစ်ဇ် နဲ့ပူးပေါင်းပြီး ထောက်လှမ်းဖော်ထုတ်ပုံများကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.File size…2.5GB / 824.2MB Quality…Blu-Ray 1080p 5.1CH ...
movie

The Last Boy Scout(1991)

Control(2004) 6.2
Control(2004) အကျင့်ဟောင်းတွေဆိုတာက ဖျောက်ဖို့ခက်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့အကျင့်ဆိုးတွေကိုပျောက်သွားစေမဲ့ ဆေးဆိုတာပေါ်လာခဲ့ရင်ရော ဘယ်လိုဖြစ်သွားမလဲ။ လီ‌ရေးလ်ဟာ ကလေးဘဝတုန်းကကြုံခဲ့ရတဲ့စိတ်ဒဏ်ရာတွေကြောင့် အသက်ကြီးလာတဲ့အခါမှာလည်း လူဆိုးတယောက်ဖြစ်လာခဲ့ပါတယ်။ တစ်နေ့မှာ သူကျူးလွန်ခဲ့တဲ့ လူသ-တ်မှုတွေကြောင့် သူ့ကို ဆေးထိုးသ-တ်ဖို့ တရားရုံးကအမိန့်ချမှတ်လိုက်ပါတယ်။ ဒီလိုနဲ့သေဒဏ်ကိုကျခံခဲ့လိုက်ရပေမဲ့လည်း သူကတကယ်မသေသေးပဲ သူ့ရဲ့ဘဝမှာကောင်းတာတစ်ခုလောက်လုပ်ဖို့ အခွင့်အရေးပေးလာခဲ့ပါတယ်။ အဲတာကတော့ အန်နာဂရက်စ်ဆိုတဲ့ စိတ်ကို ပြောင်းလဲစေပြီး အပြုအမူတွေကိုပါပြောင်းလဲပေးတဲ့ ဆေးစမ်းသပ်ချက်မှာပါဝင်ပေးဖို့ပါ။ ဆေးကလည်းအသစ်ဖြစ်တဲ့အပြင် အခုမှလူတွေအပေါ်မှာစတင်စမ်းသပ်မှာဖြစ်လို့ ဘယ်လိုဘေးထွက်ဆိုးကျိူးတွေရှိလည်းဆိုတာကိုမသိရသေးတဲ့ဆေးပါ။ ဒီလိုနဲ့ သူ့အတွက်လည်းရွေးချယ်စရာမရှိတဲ့အခြေအနေဖြစ်နေတာမလို့ စမ်းသပ်ခံလုပ်ပေးဖို့ သဘောတူလိုက်ရပြီး ဆေးကတကယ်ပဲ အာနိသင်သက်ရောက်မလား၊ ဘေးထွက်ဆိုးကျိုး တွေရှိပြီးသူ့ရဲ့အတိတ်ဟောင်းကလိုက်ပြီး ခြောက်လှန့်နေဦးမလား ဆိုတာကို အကြမ်းအရမ်းအက်ရှင်ခန်းတွေနဲ့ကြည့်ရှုကြရမှာပါ။Goodfellas မှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Ray Liotta နဲ့ Green Goblin နေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Williem Dafoe တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…1.95GB / 717.5MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ..... Action ...
movie

Control(2004)

Bullitt (1968) 7.4
Bullitt (1968) Bullitt (1968)~ IMDb - 7.4/10, RT - 98%, Meta - 81% ~၁၉၆၈ ခုနှစ်က မှုခင်းအက်ရှင်ဇာတ်ကားတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ တစ်ချိန်က ရွှေထီးဆောင်းခဲ့တဲ့ Warner Bros. production ရဲ့ ဇာတ်ကားကြီးပေါ့။ အဲဒီခေတ်က အကြီးကျယ်အခမ်းနားဆုံးဆိုတဲ့ ဆန်ဖရန်စစ်စကိုလမ်းမပေါ်မှာ ကားချင်းယှဉ်မောင်းပြီး လူဆိုးလိုက်ဖမ်းတဲ့ဇာတ်ဝင်ခန်းက သမိုင်းတွင်ခဲ့ပါသတဲ့။ ဇာတ်ကားက Box Office မှာလည်း Hit ဖြစ်ခဲ့ပြီး လေးသန်းလောက်သုံး၊ သန်းလေးဆယ်ကျော်ပြန်ရခဲ့တာဆိုတော့ ဒီဘက်ခေတ်ငွေတန်ဖိုးနဲ့တွက်ကြည့်ရင် တကယ့်ငွေပမာဏပဲဗျ။အော်စကာဆုပေးပွဲကြီးမှာလည်း ရုပ်ရှင်တည်းဖြတ်ဆုကို ထိုက်ထိုက်တန်တန် ရခဲ့တဲ့ဇာတ်ကားကြီးပါ။ ဒီဘက်ခေတ်အမြင်နဲ့တော့ သိပ်မစွံလှဘူးပေါ့လေ။ အမေရိကန် ရုပ်ရှင်ထိန်းသိမ်းရေးအဖွဲ့ကြီးက ရွေးချယ်လိုက်တဲ့ သမိုင်းအရ၊ ယဉ်ကျေးမှုအရ၊ လှပမှုအရ ထူးခြားပြောင်မြောက်သော ဇာတ်ကားကြီးပါတဲ့ဗျို့။ ဒီတော့ ဟိုဘက်ခေတ်တွေက ဂန္ထဝင်ရုပ်ရှင်ကြီးကို ပြန်မြည်းစမ်းလို့ရပြီပေါ့လေ။မင်းသားကြီးကတော့ Steve McQueen ပဲဗျာ။ ၆၀ ခုနှစ်ရဲ့ ...
movie

Bullitt (1968)

1968
Elite Squad(2007) 8.0
Elite Squad(2007) Elite Squad(2007)****************IMDb...8.0ရီယို ဒီဂျနေယိုဆိုတာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးမြို့တော်တွေထဲကတစ်ခုဖြစ်ပြီး၊ဆင်းရဲသားရပ်ကွက်တွေမှာဆိုရင် မူးယစ်ရာဇာတွေ၊ မူးယစ်ဂိုဏ်းသားတွေက မူးယစ်ရောင်းဝယ်ပြီးလက်နက်ကိုယ်စီကိုင်ကာအုပ်ချုပ်ပါတယ်။ ဒီကရဲတွေဆိုတာကလည်း အကျင့်ပျက်ခြစားကာ မူးယစ်ဂိုဏ်းတွေနဲ့ပေါင်းစားငွေညစ်ဖို့သာ ခြေဆန့်ပြီး မှုခင်းတိုက်ဖျက်ဖို့ဆိုရင်တော့ကိုယ့်နယ်မြေမှာဖြစ်တဲ့လူသေအလောင်းကို အခြားနယ်မြေကိုရွှေ့ပြီး မှုခင်းကျဆင်းရေးကို ဒီလိုစွမ်းဆောင်ကြသူတွေပါ။ ဒီလိုနေရာမျိုးမှာ ပစ်ကြခတ်ကြရဲတွေလည်းမထိန်းသိမ်းနိုင်ဖြစ်လာပြီဆိုရင် ဝင်ပါရသူတွေကတော့ တိုက်ပွဲဝင်အထူးတပ်ဖွဲ့ BOPEတပ်ဖွဲ့ပါပဲ။ဒီတပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူ နက်စီမန်တိုဟာဆိုရင် ဖခင်ဖြစ်တော့မှာမလို့ တပ်ဖွဲ့ကနေလူစားထိုးရှာပြီး အနားယူဖို့ပြင်ဆင်နေချိန်၊ဆင်းရဲသားရပ်ကွက်တွေကို ပုပ်ရဟန်းမင်းကြီးလာလည်မယ်ဆိုတော့ လုံခြုံရေးကို ဦးစားပေးကာစစ်ဆင်ရေးဆင်းလုပ်ဖို့ ပြင်ဆင်ရပါတော့တယ်...အဲ့ဒီနောက်မှာတော့..ဒီဇာတ်ကားဟာ ဆုတံဆိပ်တွေများစွာရရှိထားတဲ့ ဘရာဇီး၊ ရီယီုရဲ့အခြေအနေတွေကိုမြင်တွေ့ရမယ့်အက်ရှင်ဇာတ်ကားကောင်းမို့လက်မလွှတ်တမ်းကြည့်ရှုလိုက်ပါဗျ။File Size :(5.3GB)(1.7GB) and (629MB MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:48:00 Genre :Action, Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Elite Squad(2007)

Fruitvale Station(2013) 7.5
Fruitvale Station(2013) Creed နဲ့ Black panther တွေမှာ နာမည်ကြီးစတားဖြစ်လာတဲ့ Michael B. Jordan ကိုလူတွေ (လူမည်းအများစု)သိပြီး နာမည်ကြီးလာစေမယ့် ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ။ ၂၀၀၈ ခုနှစ်က Fruitvale ဘူတာမှာဖြစ်ခဲ့တဲ့လူမည်းကောင်လေးကို ရဲကပစ်သတ်မိတဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ အော်စကာ ဟာအရင်ကဆေးခြောက်ရောင်း‌တဲ့သူပေမယ့် ထောင်ကျပြီးနောက် သမီးလေးလဲရှိတော့ လိမ္မာတော့မယ် ဆုံးဖြတ်ပြီးကာမှ အလုပ်ပြုတ်ပြီး ဇနီးဖြစ်သူရဲ့ ငြိုငြင်ခံနေရပါတယ်။ ဒီလိုနဲ့ နှစ်ကူးညမှာမီးပန်းကြည့်ဖို့ မြို့ထဲကိုရထားစီးပြီးသွားကြရာမှာတော့ အဖြစ်ဆိုးနဲ့ကြုံရပါတော့တယ်။ သာမန်ရန်ပွဲလေးတခုကို လာဖြေရှင်းကြတဲ့ ရဲကစိတ်တိုပြီး ပစ်သတ်လိုက်ပေမဲ့ တရားရုံးမှာ အမှုရင်ဆိုင်ရာမှာတော့ လျှော့တိုက်သေနတ်နဲ့ သေနတ်အစစ်မှားပစ်မိတာဖြစ်ကြောင်းလျှောက်တင်ပြီး ထောင်၂နှစ်သာကျခဲ့လို့ ဆန္ဒပြပွဲတွေဖြစ်ခဲ့တဲ့အမှုတခုပါ။ ဖြစ်ရပ်မှန်မှုခင်းတွေကို စိတ်ဝင်စားတဲ့သူတွေ အတွက်ကြည့်သင့်တဲ့ကားလေးပါ။ File size…2.65GB / 614MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 25m Genre ..... Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Fruitvale Station(2013)

Am I Next (2023) 7.4
Am I Next (2023) Am I Next (2023) IMDb 7.3/10ဒီကားကတော့ မင်းသားမင်းသမီးဘယ်သူဆိုတာမကြည့်အားဘဲ အဆုံးထိ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ Crime/ Drama ဇာတ်ကားမျိုးပါ ။ဟန်နီဆိုတဲ့ကလေးမလေးက ၁၄နှစ်သာရှိပါသေးတယ် အဖေရော အမေရောကပါ တုန်နေအောင်ချစ်ကြတဲ့သမီးငယ်လေး စာလည်းတော်တဲ့ကလေးက တစ်ရက်တော့ကျောင်းမှာမူးလဲလို့ ဆေးရုံတင်လိုက်ရပါတယ် ဆေးစစ်ချက်ထဲ ထင်မထားတဲ့ကိစ္စကြီး ပေါ်လာပါတော့တယ် ဒီ၁၄နှစ်အရွယ်ကလေးမလေးမှာ ကိုယ်ဝန်ရှိနေတာပါအဖေရော အမေပါယူကြုံးမရဖြစ်ကြပြီး တရားမျှတမှုကိုမြေလှန်ရှာပါတော့တယ် ဒါပေမဲ့ကိုယ်ချင်းစာတရားမရှိတဲ့မီဒီယာရဲ့ဖိအားတွေ ပတ်ဝန်းကျင်ဖိအားတွေကြား သူတို့ဘယ်လိုနှစ်ပါးသွားမလဲ ကလေးမလေးကို Rape လုပ်ခဲ့တဲ့ မုဒိမ်းကောင်ဘက်ကလည်းခေသူမဟုတ်တော့ အိန္ဒိယထိပ်တန်းရှေ့နေနဲ့ ဟန်နီ့ဘက်က အမျိုးသမီးလူမှုဖူလုံရေးထိပ်တန်းရှေ့နေတို့ရဲ့အပြိုင်အဆိုင်တွေကို အားပါးတရကြည့်ရှုရမဲ့ဇာတ်လမ်းကောင်းပဲဖြစ်ပါတယ် File size…1GB / 500MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 26mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ Cherry
movie

Am I Next (2023)

2023
Shangri-La Suite (2016) 5.1
Shangri-La Suite (2016) Kill the King (0r) Shangri-La Suite (2016) =============================ဂျက်ဘလူးဘလဒ်ဟာ ကံဆိုးတဲ့ဂေါက်ဘဲတစ်ပွေပဲ။ မိခင်ဟာ မီးတွင်း ထဲမှာပဲဆုံးပါးခဲ့တယ်။ အဲဒီအတွက်သူ့ကို ခွင့်မလွှတ်နိုင်တဲ့အဖေနဲ့ ကြီး ပြင်းခဲ့ရတယ်။ ငယ်စဉ်တောင်ကျေးထဲက ဖခင်ရဲ့အငြိုးကြီးစွာနဲ့ရိုက်နှက် မှုကိုခံရင်း အရွယ်ရောက်ခဲ့ပေါ့။ ရော့အင်ရိုးလောကရဲ့ဘုရင်တစ်ပါးလို့ တင်စားကြတဲ့ အဲလ်ဗစ်ပရတ်စလေ(Elvis Presley) ဟာသူ့ဘဝရဲ့ကိုး ကွယ်ရာဖြစ်ခဲ့တယ်။ အထီးကျန်ညတွေကို အဲလ်ဗစ်သီချင်းတွေနားထောင် ရင်းကျော်ဖြတ်ခဲ့ရ။ နောက်ပိုင်းအရွယ်ရောက်လာတော့ ဆေးစွဲပြီး ဆေး ဖြတ်ခန်းကိုပို့ခံခဲ့ရတယ်။ အဲလ်ဗစ်ကိုလည်း ခင်ဗျားတော့ လိုင်းကြောင် နေပြီဘာညာရေရွတ်လို့ပေါ့။ အဆိုပါ ဆေးဖြတ်ခန်းမှာပဲ သူဟာ ကယ်ရင် ဘဒ် ဆိုတဲ့ မိန်းမချော လေးနဲ့တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့တယ်။ နောက်တော့ နှစ် ယောက်သား အတူတူထွက်ပြေးပြီး အဲလ်ဗစ်ပရတ်စလေကို လုပ်ကြံသတ် ဖြတ်ဖို့ခရီးနှင်ခဲ့ကြတယ်။ ဇာတ်လမ်းကတော့ဒါပါပဲ။၁၉၇၄ နွေရာသီ၊ ကိုယ်စီကိုယ်စီအိပ်မက်တွေနဲ့ ချစ်သူနှစ်ယောက်၊ ဂေါက် ဘဲရဲ့ဘဝရည်မှန်းချက်ကရှင်းရှင်းလေး အဲလ်ဗစ်ကိုသတ်မယ်။ ဒီဇာတ်လမ်းမှာ ကောင်မလေးအကြောင်းလည်းနည်းနည်းထည့်ပြောရလိမ့်မယ်။ သူနေထိုင်တဲ့ လူ့အဖွဲ့စည်းကို စိတ်ကုန်နေတဲ့အမျိုးသမီးငယ်တစ်ယောက်။ ကောင်းကောင်း မွန်မွန်ကြီးပြင်းခဲ့ပေမယ့် မိသားစုနဲ့အစေးမကပ်သူ။ ကဗျာတွေရေးတယ်။ သူများတွေမတွေးမိတာတွေတွေးပြီး ငေးချင်ငေးမယ်။ ရှင်သန်ခြင်းအပေါ်မှာ တုံဏိဘာဝေဖြစ်နေသူ။ ဂျက်နဲ့တွေ့တော့ ဂျက်ရဲ့စောက်ဂရုမစိုက်တဲ့ အထာတွေ၊ ကမူးရှူးထိုးပုံစံတွေ၊ ထီမထင်တဲ့ပြောပေါက်တွေဟာ သူမကိုကိုင်လှုပ်လိုက်သလို ဖြစ်သွားတယ်။ အဲဒီမှာ ...
movie

Shangri-La Suite (2016)

2016
In His Shadow(2023) 6.7
In His Shadow(2023) In His Shadow(2023)********************Ibrahim ဆိုတဲ့ကောင်လေးဟာ တစ်ဦးတည်းသောသားလေးမို့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေရတဲ့ ကလေးတစ်ယောက်ပေါ့... ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့အပျော်တွေအားလုံး ပျောက်ဆုံးရမယ့်နေ့ ရောက်ရှိလာပါတယ် ...Osumane ဆိုတဲ့ သူ့ရဲ့အဖေဟာ ခရီးတစ်ခုထွက်သွားရာကနေ ပြန်အလာမှာ မိန်းမမတစ်ယောက်ကို ခေါ်လာခဲ့ပါတယ်...အဲ့ဒီမိန်းမဟာ သူ့ရဲ့မိထွေး သူ့အဖေရဲ့ နောက်မိန်းမပေါ့... အဲ့ဒီကတည်းက ပြဿနာတွေတက်နေခဲ့ပေမယ့် သူ့ရဲ့မိထွေးက ကလေးမွေးလာတဲ့ အခါမှတော့သူဟာ ဖခင်မေတ္တာကို ရသင့်သလောက်မရနိုင်တော့ပါဘူး... အဲ့ဒီလိုပြဿနာတွေကြောင့် လုပ်မိလုပ်ရာ လုပ်ရာကနေ လူမိုက်နီးပါးကိုဖြစ်လာပါတော့တယ်..ဒါကိုသိသွားတဲ့ သူ့အဖေက သူ့ကို အိမ်ပေါ်ကနေဆင်းခိုင်းလိုက်ပါတယ်... အိမ်ပေါ်ကနေ ဆင်းသွားပြီးတော့ သူဘာတွေဆက်လုပ်မလဲ.. သူ့မိထွေးကမွေးတဲ့သူ့အဖေတူအမေကွဲညီလေးနဲ့ရော ဘယ်လိုဆက်ဆံရေးတွေ ရှိမလဲဆိုတာကိုတော့...File Size :(1.2GB) and (553MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:48:00 Genre : Crime , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

In His Shadow(2023)

Eden (2012) 6.6
Eden (2012) Eden (2012)ဒီဇာတ်လမ်းဟာ လူကုန်ကူးမှုအကြောင်းပါ။ လူကုန်ကူးတယ်ဆိုပေမဲ့ နိုင်ငံရပ်ခြားတွေကို ရောင်းစားပစ်တာမျိုးမဟုတ်ဘဲ ဖမ်းထားပြီး ခိုင်းချင်တဲ့နေရာခိုင်း သုံးချင်တဲ့နေရာသုံး လူမဆန်စွာ ရက်ရက်စက်စက်ခိုင်းစားတာမျိုးပေါ့။ မြန်မာနိုင်ငံမှာလည်း ဒီလိုအဖြစ်မျိုး ခပ်ဆင်ဆင်တွေ သိပ်မကြာသေးခင် နှစ်တွေတုန်းကရှိခဲ့ဖူးတာပါပဲ။ မလှိမ့်တပတ်နဲ့ခေါ်သွားပြီး ကျားဖောင်ပေါ် ရောင်းစားတယ်ဆိုတာမျိုးတွေပေါ့။ ဒီရုပ်ရှင်က အဲဒီလိုဖြစ်သွားတဲ့ ဘဝတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ဒီရုပ်ရှင်ကို ၉၀ခုနှစ်အလယ်လောက်မှာ တကယ်ဖြစ်ခဲ့တဲ့ လူကုန်ကူးမှုအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ထားတယ်။ အမေရိကန်က ပြည်ပဝင်တွေ လူကုန်ကူးခံရတဲ့အကြောင်းတွေကိုလည်း အူမချေးခါးမကျန်ပြထားတယ်။ ဇာတ်လမ်းအစမှာတော့ ကိုရီးယား-အမေရိကန်သူလေးဟာ သူ့အမေကို ဆိုင်စောင့်ပေးနေရင်း ညဘက်တစ်ခေါက်လောက် နိုက်အောက်ထွက်ဖို့ကြံပါတယ်။ ကံမကောင်းချင်တော့ အဲဒီညမှာပဲ သူပြန်ပေးဆွဲခံလိုက်ရတယ်။ ဒီလိုနဲ့ သူနိဗ္ဗာန်လို့ထင်ထားခဲ့တဲ့ ကမ္ဘာကြီးရဲ့ ဟိုဘက်ခြမ်းငရဲကိုရောက်သွားတယ်။ ဒီကမ္ဘာမှာဖြစ်နေတာတွေက ကောင်းတာတော့တစ်ခုမှမရှိဘူး။ စစချင်း သူတို့တွေကိုဖမ်းထားတဲ့လူတွေက အမိန့်နာခံလာအောင် ခိုင်းသမျှလုပ်အောင် နှိပ်စက်ညဉ်းပန်းတယ်။ ခိုင်းစားလို့ရပြီထင်တော့မှ သူတို့ရဲ့ဈေးကွက်ထဲပို့တယ်။ ဈေးကွက်ထဲပို့တယ်ဆိုတော့ အပြင်ရောက်သွားတာပါပဲ။ အပြင်ရောက်သွားတာတောင် မလွတ်နိုင်ဘူးလားဆိုတဲ့ အမေးတော့ရှိမယ်။ လွတ်ဖို့ကြိုးစားကြပါတယ်။ ထွက်ပြေးကြတယ်။ ဒါပေမဲ့ သူတို့ဟာ လူကောင်းသူကောင်းလို့ထင်ရတဲ့လူတွေနဲ့ သွားတိုးရင်တောင် မလွတ်နိုင်ဘူး။ ဘာလို့ဆို လူတွေက ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မပါချင်ကြသလို လူကုန်ကူးတဲ့ကောင်တွေကလည်း လူတွေအထာနပ်ကြလို့ပါပဲ။ ခင်ဗျားဆီက ...
movie

Eden (2012)

2012
Boston Strangler (2023)
Boston Strangler (2023) Boston Strangler 2023 ( ဘော်စတွန် လည်ပင်းညှစ်လူသတ်သမား )IMDb - 6.5/10, RT - 63%Pirates of the Caribbeanရုပ်ရှင်တွေ၊ Star War Episode 1နဲ့ IV၊ The Imitation Game၊ Begin Againနဲ့ Jack Ryanတို့လို ရုပ်ရှင်ကားကောင်းတွေပါ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ ဝါရင့်မင်းသမီးKeira Knightleyနဲ့အတူ Avenger infinity war, Avenger end gameနဲ့ Animated series What ifတို့မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ Carrie Coonတို့က ဇာတ်လမ်းကို ဦးဆောင်ပြီး ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ 1960ခုနှစ်အစပိုင်း 1962ခုနှစ်က ဖြစ်ရပ်မှန်ကွင်းဆက်လူသတ်မှုအပေါ် အခြေခံထားပါတယ်။ လိုရက်တာမက်လောက်လင်က Record Americaသတင်းဌာနက သာမည သတင်းထောက်မလေးပါ၊ သူက မှုခင်းအမှုတွေကို လုပ်ဆောင်ချင်တာဖြစ်ပြီးတော့ စိတ်ကူးနဲ့လက်တွေ့အကောင်ထည်မဖော်နိုင်သေးသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ...
movie

Boston Strangler (2023)

The Sentinel(2006) 6.1
The Sentinel(2006) ဒီဇာတ်ကားက ဂန္ဓ၀င်မင်းသားကြီး Michael Douglas ရဲ့ဇာတ်ကားလေးပါ။ ပိထ်ဂါရစ်ဆန် နဲ့ ဘရက်ကင်ရစ်ခ်ျ တို့ဟာ သမ္မတ လုံခြုံရေးတပ်ဖွဲ့မှာ တာ၀န်ထမ်းဆောင်လာခဲ့တာ နှစ်ပေါင်းများစွာရှိနေပါပြီ။ သူတို့နှစ်ယောက်ဟာ ခင်မင်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးကိစ္စကြောင့် စိတ်၀မ်းကွဲနေကြတဲ့သူတွေဖြစ်ပါတယ်။ တစ်ရက်မှာတော့ လုံခြုံရေးအဖွဲ့ရဲ့ အဖွဲ့၀င်တစ်ဦးဟာ သမ္မတကိုလုပ်ကြံဖို့စီစဉ်‌နေတာသိလိုက်ရတော့ လုံခြုံရေးအဖွဲ့တစ်ခုလုံး သို့လော သို့လော ဖြစ်ကုန်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံမရတော့တဲ့အနေအထားကြောင့် မုသားဖော်စက်နဲ့ တစ်ဦးချင်းစစ်ဆေးရာမှာ ပိထ် လိမ်နေတယ်လို့သိလိုက်ရပါတယ်။ ဒါပေမယ့် ပိထ်ကအဖမ်းမခံဘဲ အကွက်ချခံရကြောင်းပြောပြီး တရားခံအစစ်ကိုရှာဖို့ကြိုးစားပါတော့တယ်။ ပိထ်ဟာ သူပြောသလို အကွက်ချခံရတာလား ကိုယ်တိုင်ကပဲလုပ်ကြံရေးသမားဖြစ်နေတာလား.... File size…1.69GB / 708.9MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

The Sentinel(2006)

Sneakers (1992)
Sneakers (1992) IMDb - 7.1 Rotten tomatoes - 80% မင်းသားကြီး Robert Redford နဲ့ Ben Kingsley တို့ရဲ့ 1992 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ထွက်ထားတာ အနှစ်သုံးဆယ်ကျော်ကြာခဲ့ပြီဆိုပေမဲ့လည်း ယနေ့ခေတ်ရဲ့ hacker ရုပ်ရှင်တွေကိုကြည့်နေရသလိုမျိူး ဖြစ်နေစေမဲ့ နည်းပညာဆိုင်ရာ Old but Gold ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ မာတင်နဲ့ ကော့စမိုဆိုတဲ့ လူငယ် ကွန်ပြူတာဟက်ကာလူငယ်လေးနှစ်ယောက်၊ လူငယ်သဘာဝလက်စွမ်းပြပြီး နောက်တဲ့သဘောနဲ့ ဘဏ်စနစ်တွေကို hack ပြီး ငွေတွေလွှဲနေကြရင်း ရဲတွေလာဖမ်းရာမှာ မာတင်ကတော့ ထွက်ပြေးလွတ်သွားခဲ့ပေမဲ့ ကော့စမိုကတော့ ထောင်ကျသွားပြီး ထောင်ထဲမှာသေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်အပြီး အနှစ်နှစ်ဆယ်အကြာမှာ မာတင်ကသူရဲ့နာမည်ကိုပြောင်းပြီး ကုမ္ပဏီတွေရဲ့ လုံခြုံရေးစနစ်ကို စမ်းသပ်ပေးတဲ့အဖွဲ့တစ်ခုတည်ထောင်ခဲ့ပါတယ်။ ‌တနေ့မှာတော့သူ့ဆီကို အစိုးရဘက်လွှတ်လိုက်တယ်ဆိုတဲ့ လူနှစ်ယောက်က သိပ္ပံပညာရှင်တယောက်တီထွင်ထားတဲ့ သေတ္တာလေးတစ်ခုကို ခိုးယူဖို့ခြိမ်းခြောက်အကြပ်ကိုင်ပြီး ခိုင်းစေလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီသေတ္တာလေးကသာမာန်မဟုတ်ပဲ ...
movie

Sneakers (1992)

A Bronx Tale (1993)
A Bronx Tale (1993)  နာမည်ကျော်မင်းသားကြီးတွေဖြစ်ကြတဲ့ Robert De Niro, Chazz Palminteri, Joe Pesci တို့အပြိုင်အဆိုင် ပါ၀င်ထားကြတဲ့ဇာတ်ကားလေးပါ။ Bronx မှာနေတဲ့ Calogero ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ ရပ်ကွက်ထဲက ဘ၀ကို ဇာတ်တည်ထားတာပါ။ Calogero ရဲ့အဖေက ရိုးရိုးသားသား ဘက်စကားမောင်းပြီး အသက်မွေး၀မ်းကြောင်းပြုနေပေမယ့် Calogero ကတော့ ရပ်ကွက်ထဲက ဂိုဏ်းခေါင်းဆောင် Sunny ကိုလေးစားအားကျနေမိပါတယ်။ Calogero လည်းအဖေဖြစ်သူရဲ့ ဖြောင့်မတ်ကြိုးစားဖို့ ဆုံးမစကားတွေနဲ့ Sunny ရဲ့ငွေကြေး အာဏာရမယ့်မက်လုံးတွေကြား လွန်ဆွဲရင်း ကြီးပြင်းလာပုံကို ကြည့်ရှုရမှာပါ။ ရင်ထဲထိပြီး သင်ခန်းစာတွေရမယ့် ဇာတ်ကားကောင်းလေးပါ။ File size…(2 GB)/(1.5 GB)/(900 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama,Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

A Bronx Tale (1993)

Timecop(1994) 5.9
Timecop(1994) ဒီဇာတ်ကားလေးကတော့ လူတိုင်းသိကြတဲ့ ရုပ်ရှင်မင်းသားကြီး ဗန်ဒိမ်း ငယ်ရွယ်စဉ်က ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို အက်ရှင် ဇာတ်ကြမ်းကားလေးပဲဖြစ်ပါတယ် အက်ရှင်ကားတွေကို ကြိုက်နှစ်သက်သူတွေ သိပ္ပံကားတွေ ကြိုက်နှစ်သက်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ လူသားမျိုးနွယ်တွေ အချိန်ခရီးသွားခြင်းကို တီထွင်နိုင်တော့ အစိုးရက မသမာမှုတွေကို ကာကွယ်ဖို့ အေဂျင်စီ တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ် အေဂျင်စီဖွဲ့တော့ ဗန်ဒိမ်း ပါဝင်ခဲ့ရပြီး မသမာမှုတွေကို တိုက်ခိုက်ရင်း ရှာဖွေတွေ့ရှိလာတဲ့ အမှန်တရားတွေကနေ သူချစ်ရတဲ့သူတွေကို ကာကွယ်ဖို့ ကြိုးစားတဲ့အကြောင်းကို သည်းထိတ်ရင်ဖို ရင် တလှပ်လှပ်နဲ့ ကြည့်ရမှာပဲဖြစ်ပါတယ် File size…1.68GB / 609.9MB Quality…Blu-Ray 1080p5.1CH / 720p Format…mp4 Duration….1h 39m Genre ..... Action , Crime , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phone Myint Maw
movie

Timecop(1994)

The Girl Who Escaped: The Kara Robinson Story (2023) 6.1
The Girl Who Escaped: The Kara Robinson Story (2023) The Girl Who Escaped: The Kara Robinson Story (2023)ယခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ 2023 ခုနှစ်ထဲမှာပဲထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ကူးထားတဲ့ Rating မြင့် Documentary Crime-Drama ရုပ်ရှင်ဇာတ်ကား‌ေကာင်းလေးပါဇာတ်လမ်းခေါင်းစဉ်အတိုင်းပဲ ပြန်ပေးဆွဲမုဒိန်းကျင့်ခံရတာကနေ လွတ်မြောက်လာခဲ့တဲ့ ၁၅ နှစ်အရွယ်ကောင်မလေးတစ်ယောက်အကြောင်းပါ ဒီဖြစ်ရပ်မှာကံကောင်းတာတွေ ကယ်တင်ရှင်တွေမပါပါဘူး ကာရာဆိုတဲ့ကောင်မလေးက ရုတ်တရက်ကြုံတွေ့ရတဲ့အန္တရာယ်ကို ခေါင်းအေးအေးထားရင်ဆိုင်ကာ လွတ်မြောက်အောင်လုပ်ခဲ့တဲ့အပြင် တရားခံလည်ပင်းကိုပါကြိုးကွင်းပြန်စွပ်ပေးနိုင်လောက်အောင် နေရာတွေအချက်အလက်တွေအကုန်လုံးကို မှတ်သားလာခဲ့ပုံက ပြောစမှတ်ပြုလောက်ပါတယ်။ပြီးတော့ သူ့ရဲ့ဒီဖမ်းဆီးမုဒိမ်းကျင့်ခံရပြီးနောက်ပိုင်းကိစ္စတွေကို တည်ငြိမ်စွာရင်ဆိုင်ပုံကလဲ အတုယူဖွယ်ရာပါပဲ ခံလိုက်ရတဲ့သူတွေမှာ အပြစ်လဲမရှိ အမှားလဲမရှိပါဘူး လုပ်‌တဲ့သူတွေကသာ လူ့ဘောင်မဝင် ခွေးလောက်တောင် အဆင့်မရှိတဲ့ကောင်တွေပါ အဲ့ဒီတော့ ဒီဇာတ်ကားလေးကနေတစ်ဆင့် မိဘတွေရော မိန်းကလေးအရွယ်သုံးပါးလုံးရော သင်ခန်းစာယူနိုင်ကြမယ်အပြင် ဇာတ်‌လမ်းကိုရိုက်ပြထားပုံကလဲ အိုဗာတွေမပါစိတ်ဝင်စားဖို့ကောင်းတာမို့ ပရိသတ်များခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 720p File size… 470MB Format… mp4 Duration….1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

The Girl Who Escaped: The Kara Robinson Story (2023)

2023
Immerstill(2023) 6.7
Immerstill(2023) Immerstill(2023)***************2023 မှာ အသစ်ထွက်ရှိတဲ့ Crime ဇာတ်ကား အမျိုးအစားလေးပါ။ပဟေဋိဆန်ဆန် မှုခင်း ဇာတ်ကားတွေကို နှစ်သက်တဲ့ ရုပ်ရှင် ချစ်သူတို့အတွက်သင့်တော်တဲ့ ဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Immerstill မြို့ငယ် (ရွာ) လေးမှာ ရဲအရာရှိတွေ မြို့သူ မြို့သားတွေဟာအမျိုးသမီးတွေကိုဆိုရင် အထင်သေးကြပြီး လူပျောက်တာကို ပေါ့ပျက်ပျက်သဘောထားပြီး မရှာဖွေကြဘူး။ဒီလိုနဲ့ ကက်သီဆိုတဲ့ ကောင်မလေးက မားကုစ်ဆိုတဲ့ ကောင်လေးနဲ့ နယူးဇီလန်ကို ခိုးပြေးသွားတဲ့ပုံစံ စာပို့ပြီးပျောက်သွားကြတယ်။ ကက်သီရဲ့ သူငယ်ချင်းဖြစ်သူ မာရီနဲ့ နာတာလီတို့က ကက်သီက မားကုစ်နဲ့တူတူ ထွက်သွားတယ်ဆိုတာ ယုတ္တိမရှိကြောင်း လူကြီးတွေကို ရဲတွေကို ပြောပြပြီး ဘယ်သူမှ မယုံကြတဲ့အဆုံး သူတို့ဘာသာ လိုက်ရှာခဲ့ကြတယ်။ ဒီလိုနဲ့ တစ်နေ့ သူတို့ ၂ ယောက်ပါ ပျောက်သွားကြတယ်။မာရီရဲ့အစ်မဖြစ်သူ လီဆာတစ်ယောက် Vienna မြို့ကနေ ချက်ချင်း Immerstill ကို ပြန်လာပြီးသူ့ညီမလေးနဲ့ နာတာလီကို ရှာပုံတော် ဖွင့်ခဲ့တယ်။ ...
movie

Immerstill(2023)

The Long Kiss Goodnight (1996)
The Long Kiss Goodnight (1996)  ဇာတ်ကြမ်းကားကောင်းတွေကို စောင့်စားနေတဲ့ CM ပရိသတ်တို့အတွက် "မေယိုး" မူပိုင်ရှင် မင်းသားကြီး Samuel L. Jackson နဲ့ မင်းသမီးကြီး Geena Davis တို့ရဲ့ 1996 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက နယူဂျာစီရဲ့ ကမ်းခြေမှာလာပြီး ကမ်းတင်နေခဲ့တဲ့ ဆမန်သာ ကိန်း (Geena Davis) တစ်ယောက် အတိတ်မေ့ရောဂါကြောင့် အတိတ်ဘဝဟောင်းကိုလည်း မမှတ်မိသလို သူနဲ့ပတ်သတ်တဲ့ပစ္စည်းကလည်း သော့တစ်ချောင်းနဲ့ ကိုယ်ဝန်နှစ်လပဲပါလာခဲ့ပါတယ်။ တစ်နေ့မှာတော့ ကားမတော်တဆမှုတစ်ခုကြောင့် သူမေ့နေခဲ့တဲ့ အတိတ်ကစွမ်းရည်တွေပြန်ပေါ်လာခဲ့ပြီး သူ့ကို လှည့်လည်ပွဲတစ်ခုမှာ သူ့ကိုမြင်ခဲ့မိတဲ့ အတိတ်ကရန်ဘက်ဟောင်းကလာသတ်ဖို့ကြိုးစားပါတော့တယ်။ ဒီအချိန်မှာ သူ့ရဲ့ဘဝဟောင်းကို‌ ဖော်ထုတ်ဖို့အတွက် သူငှားရမ်းထားတဲ့ အလွတ်စုံထောက် မစ်ခ်ျ (Samuel L. Jackson) ကသူစုံစမ်းထားသမျှသတင်းတွေနဲ့ ရောက်လာပြီး နှစ်ယောက်သားအမှန်တရားကိုရှာဖွေဖို့ထွက်ခဲ့ကြရင်း ဆမန်သာ ရဲ့ဘဝဟောင်းကို တဖြည်းဖြည်းသိရှိလာခဲ့ရတဲ့အခါမှာ ဘဝဟောင်းက ရန်ဘက်တွေကဘယ်သူ‌တွေလဲ၊ ဘယ်လိုအဖွဲ့တွေပါဝင်နေလဲ၊ ...
movie

The Long Kiss Goodnight (1996)

Kuttey (2022) 6.4
Kuttey (2022) Kuttey (2023)IMDb-6.4/10ဇိုးတွေကြားကပဋိပက္ခတွေ လှည့်ကွက်ပရိယာယ်တွေ ကြိုက်တဲ့ညိုကီတို့အတွက်ရုံတင်ဇာတ်ကားကောင်းသရုပ်ဆောင်စွမ်းရည်ကောင်းတယ်လို့ နာမည်ကြီးတဲ့ အာဂျွန်ကပူးလ်နဲ့ Drishyam ထဲကရဲမေမင်းသမီးကြီးက ဒီထဲမှာလည်းရဲမေအဖြစ်သရုပ်ဆောင်ထားပါတယ် ဒီကားဟာ Aasmaan Bhardwaj ဆိုတဲ့ တက်သစ်စဒါရိုက်တာတစ်ယောက်ရဲ့ ပွဲဦးထွက်ကားပါကိုယ့်လိုအပ်ချက်နဲ့ကိုယ် ငွေပမာဏကြီးကြီးလိုချင်နေကြသူတွေ ငွေရပေါက်ကြီးကိုမထင်မှတ်ပဲအားလုံးပြိုင်တူလိုက်မိချိန်မှာ.....ဇလည်းရှိ ဉာဏ်လည်းများတဲ့သူတို့တွေ ဒီငွေတွင်းကို ဘယ်လိုအနိုင်တိုက်ယူကြမလဲ မြွေမြွေချင်းခြေမြင်နေကြတဲ့သူတွေအချင်းချင်း ဘယ်လိုတွေအကွက်ကျော်ရိုက်ချကြမလဲခံစားကြည့်ပါဦး File size…1.54GB / 700MB Quality…1080p TRUE WEB DL /720p Format…mp4 Duration….1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~ Khin Khin
movie

Kuttey (2022)

2023
The Whole Nine Yards (2000) 6.7
The Whole Nine Yards (2000) The Whole Nine Yards (2000)~ IMDb rating - 6.7/10 ~Nicholas "Oz" Oseransky ဟာ လူချစ်လူခင်များပြီး စိတ်ထားကောင်းတဲ့ ကူညီတတ်တဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အိမ်မှာတော့ သူ့ကိုတစ်ချိန်လုံးထိုင်နှိပ်စက်နေတဲ့ဇနီးဆိုးနဲ့ ယောက္ခမဆိုးတွေကြောင့် ဒီအိမ်ထောင်ရေးကနေထွက်ပေါက်ရှာချင်နေတဲ့သူပါ။တစ်နေ့မှာတော့ သူတို့ဘေးအိမ်ကိုပြောင်းလာတဲ့လူဟာ သူ့ဂိုဏ်းခေါင်းဆောင်ကိုလက်ထောက်ချပြီး လာရှောင်တိမ်းနေတဲ့ နာမည်ကျော် ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy The Tulip ဆိုတာကို သူသိလိုက်ရပြီး သူ့မိန်းမကိုပြောပြမိခဲ့ပါတယ်။ အဲဒီမှာပဲ မလည်ရှုပ်လုပ်ချင်တဲ့ သူ့မိန်းမဟာ ကြံကြီးစည်ရာလို့ပြောရမယ့် အကြံကြီးတစ်ခုကိုစိတ်ကူးပေါက်ပြီး သူ့ကိုအတင်းအကျပ်ခိုင်းပါတော့တယ်။ အဲဒီအကြံကတော့ Jimmy ရဲ့ ဂိုဏ်းကိုသွားဆက်သွယ် Jimmy ကို လက်ထောက်ချပြီး ဂိုဏ်းကပေးတဲ့ဆုကြေးကိုထုတ်ဖို့ပါပဲ။ ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy ကတော့ Oz ကိုခင်ခင်မင်မင်လာပေါင်းတဲ့အတွက် Oz ကသူ့ဇနီးခိုင်းတာကိုမလုပ်ချင်ပေမယ့် မလွန်ဆန်နိုင်တဲ့အတွက် ရှေ့ဆက်တိုးရတဲ့အခါမှာတော့...ကြေးစားလူသတ်သမားဖြစ်ချင်တဲ့ Oz ရဲ့ လက်ထောက်ကောင်မလေး Jill, ...
movie

The Whole Nine Yards (2000)

2000