Channel Myanmar

Crime

Free Fire (2016) 7.0
Free Fire (2016) Free Fire 2016ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုကိုပြောပြပါဆိုရင်တော့ ပါသမျှသရုပ်ဆောင်တိုင်းက နာမည်ကြီးတွေဖြစ်နေတာပါပဲ။ Captain Marvel အဖြစ်လူသိများတဲ့ မင်းသမီးချော Brie Larson ရယ် Peaky Blinders ထဲက Thomas Shelby နေရာမှာ သရုပ်ဆောင်တဲ့ မင်းသားချောကြီး Cillian Murphy ရယ်၊ Call me by your name ထဲက မင်းသားအခန့်ကြီး Armie Hammer ရယ် အက်ရှင်ကားတွေနဲ့ဆို နာမည်ကြီးတဲ့သရုပ်ဆောင်တွေ အခြားရုပ်ရှင်ကားပေါင်းများစွာ ပါဝင်ထားတဲ့ အလန်းစားအက်ရှင်ဇာတ်ကြမ်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့... ဂျက်စတင်ဆိုတဲ့ကောင်မလေးတယောက် ဒုစရိုက်ဂိုဏ်းနှစ်ဂိုဏ်းအရောင်းအဝယ်ကိစ္စမှာကြားဝင်စေ့စပ်ရင်း ပြဿသနာသေးသေးလေးကနေစပြီး ပစ်ခတ်ကြတဲ့အခါမှာတော့ သေနတ်ပစ်ရတာပျော်နေတဲ့လူတွေကြား သူ့ခမျာပတ်ပြေးရပါတော့တယ်။ ပတ်လည်ရိုက်အောင် ပစ်ကြခတ်ကြလွန်းလို့ ကြည့်ရတဲ့သူတောင်မောလာစေမယ့်ဇာတ်ကားပါ။ နောက်ဆုံးတော့ ဒီလိုအရှုပ်ထုပ်တွေကနေ ဂျက်စတင်တစ်ယောက်ဘယ်လိုလွတ်မြောက်လာမလဲ။ ဒီအရှုပ်အရှင်းတွေကြားမှာ တယောက်ယောက်ကများ အကျိုးအမြတ်ရသွားမလားဆိုတာ.....။Action/Comedy/Crime အမျိုးအစားဖြစ်တာကြောင့် အက်ရှင်ကြမ်းကြမ်းတွေ အခွီတွေနဲ့ တကယ့်အလန်းစားဇာတ်ကားမျိုးပါပဲ။File size…(1.5 GB)/(650 MB) Quality…BluRay 1080p / 720p Format…mp4 Duration….01:30:34 Subtitle….Myanmar Subtitle ...
movie

Free Fire (2016)

Khatta Meetha (2010) 5.8
Khatta Meetha (2010) Khatta Meetha (2010) ******************** ဒီဇာတ်ကားလေးကတော့ IMDb rating 5.8အထိရရှိထားပြီး ပရိတ်သတ်အချစ်တော် မင်းသားကြီးအက်ရှေးကုမားရ်နဲ့မင်းသမီးတရီရှာခရစ်ရှ်နန်းတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Romance/Comedyအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဆာချင်ဟာ ဘယ်သူတွေဘာပြောပြော ကိုယ့်အလုပ်ကိုပဲကိုယ်အာရုံစိုက်ပြီး မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွည်ချက်ရှိတဲ့ ရိုးသားကြိုးစားတဲ့ ကန်ထရိုက်တာတစ်ယောက်ပါ။ သူဟာ ဘာလုပ်လုပ် တလွဲတချော်တွေချည်း ဖြစ်ကုန်တဲ့အတွက် သူ့ကို အလုပ်ကလူတွေရော သူ့ရဲ့အိမ်သားတွေကပါ တစ်ခါမှ အကောင်းမပြောကြပါဘူး။ဒီလိုနဲ့ပဲ ကိုယ့်အတွက်ပဲ ကိုယ်သိပြီး ဘဝင်မြင့်တဲ့ ဆာချင်တစ်ယောက် တစ်နေ့မှာတော့ သူ့ရဲ့ အချစ်ဦးကို ပြန်တွေ့လိုက်ရတဲ့ခါ ဘာတွေဆက်ဖြစ်မှာလဲ ...? ဆာချင်တစ်ယောက် သူလုပ်ချင်တာကိုရော အောင်မြင်အောင်လုပ်နိုင်မှာလား ...? အချစ်၊ဟာသနဲ့ အကျင့်ပျက်ချစားမှုတွေအကြောင်း စုံစုံလင်လင်ပါဝင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး ဘောလိဝုဒ်ချစ်သူများ လုံးဝလက်မလွှတ်သင့်ပါကြောင်း.... ဘာသာပြန်သူတွေကတော့ Intelligence,Soe Kalayarနဲ့ Thaik Sanတို့ပဲဖြစ်ပါတယ် File size…3.13GB  / 1.59GB Quality…1080p WEBRIP /720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San & Intelligence & Soe Kalayar
movie

Khatta Meetha (2010)

2010
Ca$h(2010) 5.9
Ca$h(2010) Ca$h(2010)===========ဒီဇတ်ကားကတော့ 2010 ခုနှစ်မှာ ထွက်ရှိထားတဲ့အ‌‌မေရိကန် crime-thriller အမျိုးအစားဇတ်ကားတစ်ခု ဖြစ်ပါတယ်။ နံမည်ကြီးဇတ်ကားများဖြစ်တဲ့ The Lord of the Rings တွင်ပါဝင်သရုပ်ဆောင်ထားသော မင်းသားကြီးSean Bean ၊Marvel ရဲ့ဇတ်ကားများတွင်မိုးကြိုးနတ်ဘုရား Thor အဖြစ်သရုပ်ဆောင်ထားသောကမ္ဘာကျော်မင်းသားChris Hemsworth နှင့်မင်းသမီး Victoria Profeta တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာကြောင့် ကြည့်မကောင်းမှာတော့ စိုးရိမ်စရာမလိုပါဘူးနော။ဇတ်လမ်းလေးကတော့ Sam (Chris Hemsworth)နှင့် Leslie (Victoria Profeta) တို့က ပိုက်ဆံအပြည့်ပါတဲ့ လက်ဆွဲအိတ်ကို ကောက်ရခဲ့ပြီးသူ့တို့ ရဲ့ ဘဝကြီး ပြောင်းလဲသွားတော့မယ်လို့ထင်နေကြပါတယ်။ အဲ့ဒီအချိန်မှာ လက်ဆွဲအိတ်ရဲ့ပိုင်ရှင်ဆိုသူ Pyke Kubic ( Sean Bean )တစ်ယောက်ရောက်လာပြီး သူ့ရဲ့ ပိုက်ဆံတွေကိုပြန်လာတောင်းပါတော့တယ်။ ပိုက်ဆံတစ်ချို့ကိုသုံးပြီးသွားတဲ့ Sam တို့ လင်မယားနှစ်ယောက် နဲ့လက်ဆွဲအိတ်ပိုင်ရှင်တို့ ဘယ်လိုနှစ်ပါးသွားကြမလဲ။သူတို့ရဲ့ ပိုက်ဆံတွေကို ပြန်ရအောင်ဘယ်လိုလုပ်ကြမှာလဲဆိုတာကို ...
movie

Ca$h(2010)

The Big 4 (2022) 6.1
The Big 4 (2022) The Big 4 (2022)The Raid ဇာတ်ကားလို အမှန်အကန်ကြမ်းတဲ့ netflix ကအသစ်စက်စက်ထွက်လာတဲ့ အင်ဒိုဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ်နာမည်အတိုင်းပါပဲ။ မြန်မာလိုဆို ကြီး ၄ ကြီး ပေါ့ဗျာ။ တကယ့်ကို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူကြမ်းကြီး ၄ ယောက်ရဲ့ဇာတ်လမ်းပါ။ဇာတ်ကြမ်းကားစစ်စစ်ကို အသောအထေ့အခွီအနှောက်လေးတွေနဲ့ဆိုတော့ ရသကို နှစ်ဆတိုးစေတဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ပစ်ခတ်မှုတွေ သွေးသံရဲရဲတွေကိုလည်း အားမနာတမ်းရိုက်ပြထားပြီး စနိုက်ပါပစ်လိုက်လို့ ခေါင်းကွဲထွက်သွားတာမျိုးတွေကိုပါ ရိုက်ပြထားတာပါ။ဇာတ်အိမ်လေးကတော့ လူဆိုးဂိုဏ်းတွေကိုလိုက်နှိမ်နင်းတဲ့အဖွဲ့ကို တည်ထောင်သူ မွေးစားအဖေဖြစ်သူလုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အဖွဲ့သားလေးယောက် ဇာတ်မြှုပ်နေကြပြီ။ မွေးစားအဖေရဲ့သမီးအရင်းက သူ့အဖေရဲ့လူသတ်တရားခံကိုလိုက်ရှာရင်း ကြီးလေးကြီးနဲ့တွေ့ပြီး လူဆိုးလူလွန်မသားလေးတွေကို ဖိုက်ကြတာပါပဲ။ ကြမ်းမှရမ်းမှဆို ပြေးသာကြည့်လိုက်တော့။ဇာတ်ကြမ်းကားမို့ ဘာသာပြန် အတန်ငယ် ကြမ်းသွားတာတော့ သည်းခံပေးကြပါ။ လူဆိုးလူမိုက်ကြီးတို့ရဲ့ သရုပ်သကန်ကို အမှန်အကန် အပြည့်အဝ ခံစားမိစေဖို့ပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 2.68GB | ...
movie

The Big 4 (2022)

2022
xXx (2002) 5.9
xXx (2002)   XXX ဆိုလို့ 18+ မထင်လိုက်ပါနဲ့ ....2002ခုနှစ်မှာ နာမည်ကြီးခဲ့တဲ့ Vin Diesel ရဲ့အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ 2002 မှာ အောင်မြင်ခဲ့ပြီး 2005 မှာ xXx-2 ကို မင်းသားပြောင်းလဲရိုက်ကူးခဲ့သလို ၂၀၁၇ မှာ Vin Diesel ပြန်ပါဝင်တဲ့ xXx-3 ကိုလဲ ထပ်မံရိုက်ကူးခဲ့ပါတယ်။ ၃ ကားလုံးက အက်ရှင်ကြမ်းကြမ်းတွေ စတန့်လန်းလန်းတွေကြောင့် နာမည်ကြီးပါတယ်။ X လို့ စတန့်လောကမှာ နာမည်တွင်နေတဲ့ X(vin diesel)ဟာ အစိုးရအရာရှိတစ်ဦးရဲ့ ကားကိုခိုးယူပြီး တံတားပေါ်ကနေခုန်ချပြခဲ့တာကြောင့် ရဲတွေရဲ့ဖမ်းဆီးထိန်းယူခြင်းခံရပါတယ်၊ တစ်ချိန်တည်းမှာပဲ အစိုးရအကြမ်းဖက်ဖမ်းဆီးနှိမ်နှင်းရေး အဖွဲ့ဟာလည်း မှောင်ခိုးသမားတွေကိုဖမ်းယူဖို့ကြိုးစားတိုင်း သူတို့ရဲ့ အေးဂျင့်တွေသာ အသက်ပေးလိုက်ရတဲ့အဖြစ်ကြောင့် အကြံအစီတစ်ခုအဖြစ် ဖမ်းဆီးထားတဲ့လူတွေထဲကမှ ထူးချွန်သူများကိုပြန်လည်ရွေးချယ်ပြီး အခွင့်ရေးတစ်ချို့နဲ့ အလဲအလှယ်လုပ်ကာ မှောင်ခိုသမားတွေကိုပြန်လည်ဖမ်းဆီးစေပါတယ်...ဒီလိုနဲ့ X တစ်ယောက် နိုင်ငံတော်ကြီးအတွက် ဘယ်လိုတွေစွန့်စားမလဲဆိုတာ...။ File size…(2.3 GB)/(1 GB) Quality…BluRay Remastered HEVC ...
movie

xXx (2002)

1080p HEVC
Freeway(1996) 6.8
Freeway(1996) Freeway(1996) =============ဒီတစ်ခေါက်မှာတော့ Freeway ဆိုတဲ့ စိတ္တဇလူသတ်သမားကားကို မိတ်ဆက်ပေးချင်ပါတယ်။အသက်၁၅နှစ်သာရှိသေးတဲ့ ဗန်နက်ဆာဆိုတဲ့ကောင်မလေးဟာ သူမမွေးခင်ကတည်း အဖေမရှိတော့ဘဲ အမေရယ် ပထွေးရယ်နဲ့အတူ နေထိုင်ရတာဖြစ်ပါတယ်။ သူတို့ဟာ သာမာန်မိသားစုမဟုတ်ဘဲအမေကအပျော်မယ်လုပ်ကိုင်သူဖြစ်ပြီး ပထွေးဖြစ်သူကဆေးစွဲနေတဲ့ထောင်ထွက်တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ သူ့တို့နှစ်ယောက်လုံး ဆေးမှုနဲ့ ထောင်ကျသွားတဲ့အချိန် ဗန်နက်ဆာတစ်ယောက် မိဘမဲ့စောင့်ရှောက်ရေးဆီ အပို့ခံရဖို့ဖြစ်လာပါတယ်။ဒါပေမယ့် အရင်ကတည်း ရောက်ဖူးပြီးတဲ့ဗန်နက်ဆာဟာအဲဒီကို ထပ်မသွားချင်တာကြောင့် တစ်ခါမှမတွေ့ဖူးတဲ့အဘွားဆီကို ထွက်ပြေးလာခဲ့ပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ ဗန်နက်ဆာတစ်ယောက် အဝေးပြေးလမ်းမှာကားပျက်ပါတော့တယ်။ လမ်းမှာဒုက္ခရောက်နေတဲ့အချိန် ကူညီမယ့်သူပေါ်လာခဲ့ပေမယ့် သူ့ကိုလာကူညီတဲ့သူဟာသတင်းတွေထဲနာမည်ကြီးနေတဲ့ အဝေးပြေးလမ်းစိတ္တဇလူသတ်သမားဖြစ်တဲ့ အိုင်ဖိုက် လူသတ်သမား ဖြစ်နေတဲ့အခါ.... File size…1.44GB / 653MB Quality…Web-Rip 1080p  / 720p Format…mp4 Duration….1h 42m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

Freeway(1996)

Half Baked (1998) 6.6
Half Baked (1998)  ဒီဇာတ်ကားလေးကတော့ အမေရိကန် ဟာသ Show တွေမှာ တွေ့ရတဲ့ David Khari Webber Chappelle ပါဝင်သရုပ်ဆောင်ထားတဲ့ Stoner တို့အကြိုက် ဟာသဇာတ်နှောလေးပဲဖြစ်ပါတယ်။ Stoner တို့ဖြတ်သန်းနေရတဲ့ ဘဝအကြောင်းတွေ၊ လွဲချော်မှုတွေ၊ ပညာပေးကဏ္ဍလေးတွေ၊ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ကိစ္စတွေရော ဖြစ်လေ့ဖြစ်ထမရှိတဲ့ကိစ္စတွေကိုပါပေါင်းထုပ်ဇာတ်လမ်းဆင်ပြီး ဟာသလေးနှောကာ တင်ဆက်ပြသထားတဲ့ဇာတ်ကားဖြစ်လို့ ကြည့်ရကျိုးနပ်စေမှာတော့အမှန်ပါပဲ။ stoner life အကြောင်းကို ကောင်းကောင်းကြီး ဖော်ပြပေးနိုင်တဲ့ ဇာတ်ကား တစ်ကားဆိုတာတော့ငြင်းမရပါဘူး။ဇာတ်လမ်းလေးရဲ့အစမှာတော့ သားဂွတ်ဂျန်ကင်း တို့ ငယ်သူငယ်ချင်း ၄ယောက် ဝေါ်ကိဆိုတဲ့ အရာကို စပြီးထိတွေ့မိလိုက်တဲ့အချိန်ကို အခြေပြုထားပါတယ်။ ဝေါ်ကိကို အရမ်းသဘောကျသွားတဲ့ သူငယ်ချင်း ၄ယောက်နဲ့အတူ ဘယ်လိုတွေ ချိတ် ရှာကြတယ်၊ ဘယ်လိုနေရာကဘာတွေရတယ်၊ ဘယ်သူတွေက ဘယ်လိုဂျင်းကျွေးတယ်၊ ဘယ်သူတွေကတော့ ထုံးစံအတိုင်း နေလှန်းတယ်ဆိုတာတွေကို ပေါ်ပေါ်လွင်လွင် ရိုက်ကူးတင်ဆက်ပေးထားပြီး ဝေါ်ကိရဲ့ကောင်းကွက် ဆိုးကွက်တွေကိုပါ မျှမျှတတ ဖော်ပြပေးထားပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှာ အစာကောက်ကြတဲ့အချိန် ...
movie

Half Baked (1998)

How to Steal a Dog (2014) 6.9
How to Steal a Dog (2014) How To Steal A Dog (2014)"လောကကြီးမှာ ရှင်သန်နေထိုင်ရတာ ခက်ခဲပင်ပန်းနေရင်တောင် ဒါက မင်းတစ်ယောက်ထဲ ရင်ဆိုင်နေရာတမဟုတ်ပါဘူး။ မင်းထက် ပိုဆိုးတဲ့ အခြားသူတွေလည်းရှိနေနိုင်ပါတယ်" တဲ့ကမ္ဘာကျော် Storyteller Aesop ရဲ့ "The hares and the fogs" ဆိုတဲ့ ​ပုံပြင်လေးနဲ့ ဇာတ်လမ်းကို စထားပါတယ်။ဒီဇာတ်လမ်းမှာ ဂျီဆူဆိုတဲ့ကလေးမလေးတို့ မိသားစုက အိမ်ခြေရာမဲ့အနေနဲ့ ကားထဲမှာ နေထိုင်ရင်း ဘဝကို ဖြတ်သန်းနေရပုံကို ဦးစားပေးရိုက်ကူးထားပါတယ်။ကားထဲမှာနေရတဲ့ဂျီဆူက ဝမ်၅သန်းနဲ့ အိမ်တစ်လုံးရနိုင်တယ်လို့ထင်သွားတဲ့အခါမှာတော့ ဝမ်၅သန်းရဖို့အတွက် ခွေးတစ်ကောင်ကို သူမရဲ့သူငယ်ချင်းနဲ့အတူ ခိုးဖို့ ကြံစည်ပါတော့တယ်။ ခွေးကိုခိုးပြီးတဲ့နောက် ပိုင်ရှင်က ခွေးပျောက်ကြော်ငြာဝေပြီး ဆုကြေးငွေ ဝမ်၅သန်း ချီးမြင့်မယ်ဆိုရင် ခွေးကို ပြန်ပေးဖို့အတွက် စဉ်းစားခဲ့ပါတယ်။ဒါပေမဲ့ သူခိုးလာခဲ့တဲ့ခွေးက သူ့အမေအလုပ်လုပ်ဖူးတဲ့ မာရစ်ချယ်စားသောက်ဆိုင်ပိုင်ရှင်ရဲ့ ခွေးဖြစ်နေတဲ့အခါ... အခြေအနေတွေက သူမထင်သလို ရိုးရှင်းမနေတဲ့အခါမှာတော့ သူမဘယ်လိုဖြေရှင်းပြီး ကျော်လွှားမလဲ? နောက်ဆုံး သူမလိုချင်တဲ့ ဝမ်၅သန်းကိုရပြီး အိမ်တစ်လုံးပိုင်ဆိုင်နိုင်မှာလားဆိုတာကို ရသစုံလင်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အညွှန်း နဲ့ ...
movie

How to Steal a Dog (2014)

Overheard (2009) 7.1
Overheard (2009) Overheard ( 2009 )ဟောင်ကောင်ဂန်း မာစတာပိစ်ကားဖြစ်တဲ့ Infernal Affairsကားကို ရိုက်ခဲ့တဲ့ ဇာတ်ညွှန်းရေးခဲ့တဲ့ ၂ယောက်ဖြစ်တဲ့ Felix Chongနဲ့ Alan Mak တို့ ပူးတွဲ ရိုက်ထားတဲ့ကားပါ။ Infernal Affairsလိုပဲ ၃ကားထွက်ရှိထားပြီး ဟောင်ကောင်မှုခင်းကားကောင်း စာရင်းဝင်ကားဆိုလည်း မမှားပါဘူး။မင်းသားတွေ ဇာတ်ပို့တွေကတော့ တကယ့်နာမည်ကြီးတွေချည်းပါပဲ။ The Mitchells vs. the Machines ကို ဆိုနီနဲ့ပူးတွဲထုတ်ခဲ့တဲ့ One Cool Group Limited ရဲ့ဖောင်ဒါ 1994က ရုပ်ရှင်စရိုက်ခဲ့ပြီး ဟောင်ကောင်ရဲ့ သရုပ်ဆောင်အကောင်းဆုံးမင်းသားတွေထဲ အပါအဝင်ဖြစ်သလို Johnnie Toလို ဆရာကြီးရဲ့ လက်စွဲတော်ဖြစ်ခဲ့တဲ့ တလောကတင်နာမည်ကြီးခဲ့တဲ့ ဟောင်ကောင်သိပ္ပံကား Warriors of Futureရဲ့မင်းသား Louis Koo , ဂျက်ကီချမ်းရဲ့ New Police Story နဲ့ လူသိများတယ်ပြောလို့ရတဲ့ ...
movie

Overheard (2009)

Lethal Weapon 2(1989) 7.2
Lethal Weapon 2(1989)  1987 မှာ Lethal weapon ပထမကားထွက်အပြီးနောက်နှစ်နှစ်အကြာမှာ ၂ ထွက်လာခဲ့ပါတယ်ပထမကားမှာကတည်းက အတွဲညီညီနဲ့ အခွီတွေရော အတည်တွေရောလုပ်တတ်တဲ့ အဓိကဇာတ်လိုက်ကျော်ကြီးနှစ်ဦးဖြစ်တဲ့ ရစ်ဂ် နဲ့ မားတာချ် တို့ရဲ့ ရှုပ်ထွေးလှတဲ့ အမှုပေါင်းသောင်း‌ခြောက်ထောင်ကို အက်ရှင်အကြမ်းစားတွေ၊ ခွက်ထိုးခွက်လန်ရယ်နေရမယ့် ဟာသတွေနဲ့အတူ ထပ်ကြည့်ရဦးမှာပါဒီဒုတိယကားမှာတော့ ရစ်ဂ်နဲ့ မားတာချ်တို့ကြားက bond ကပိုခိုင်မာလာတာကို မြင်ရမှာဖြစ်ပြီး ပထမကားမှာ မပြောသွားခဲ့တဲ့ ရစ်ဂ်ရဲ့ဇနီးဖြစ်သူ သေဆုံးရတဲ့အကြောင်းလည်း ပြောပြသွားမှာပါ။ဆိုတော့ကာ အသက်အရွယ်မတူ၊ အသားအရောင်မတူ၊ တွေးခေါ်ပုံတွေကအစ မတူညီတဲ့ ရဲအရာရှိနှစ်ယောက် ဒီတစ်ခါရော ဘယ်လိုအတွဲညီညီနဲ့ လှုပ်ရှားသွားမလဲ၊ အတည်ပေါက်နဲ့ ဘယ်လိုတွေခွီကြဦးမလဲဆိုတာကို ခံစားကြည့်ရှုလိုက်ကြပါဦးဗျာ။ File size…(3.16GB)  / (`1.43GB) / (712.65GB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre... Action / Crime / ThrillerSubtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

Lethal Weapon 2(1989)

Lethal Weapon (1987)
Lethal Weapon (1987) အက်ရှင်ဇာတ်လမ်းကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် Old but Gold ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။Cast အနေနဲ့လည်း Hacksaw Ridge ရဲ့ပဲ့ကိုင်ရှင်တဖြစ်လဲ Braveheart တို့၊ Conspiracy Theory တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ စွယ်စုံရမင်းသားကြီး Mel Gibson နုစဥ်က ဇာတ်ကားမလို့ ကြည့်သင့်နေပါပြီ။ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ ရဲအရာရှိ ရော်ဂျာဟာ အသက် ၅၀ ပြည့်မွေးနေ့မှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးခဲ့ပြီး ခါတိုင်းလိုပဲ အလုပ်သွားခဲ့ပေမယ့် ရောက်ရောက်ချင်း မထင်မှတ်ထားတဲ့ သတင်းဆိုးတစ်ခု ကြားလိုက်ရပါတယ်။ဒါကတော့ သူနဲ့ ၁၂ နှစ်ကြာ အဆက်အသွယ်ပြတ်နေတဲ့ စစ်ပွဲမှာအတူတိုက်ခဲ့ပြီး သူ့အသက်ကိုကယ်တင်ခဲ့တဲ့ သူငယ်ချင်းဟောင်းရဲ့သမီးဖြစ်သူ တိုက်ပေါ်က နေခုန်ချသွားတဲ့ အမှု​ပါပဲ။ဒီအမှုကို သူနဲ့ အတူလိုက်ဖို့အတွက် တာဝန်ကျတဲ့ တွဲဖက်အသစ်ကတော့ အရင်င်က အထူးတပ်ဖွဲ့ဝင်ဟောင်းဖြစ်ခဲ့ပြီး သိပ်တော်ပေမယ့်လောလောလတ်လတ်ကမှ သိပ်ချစ်ရတဲ့ဇနီးဖြစ်သူ ဆုံးပါးသွားလို့ စိတ်အခြေအနေ မတည်မငြိမ်ဖြစ်နေပြီး ...
movie

Lethal Weapon (1987)

Lethal Weapon 4(1998) 6.6
Lethal Weapon 4(1998)    Lethal Weapon series ရဲ့ နောက်ဆုံးကားဖြစ်တဲ့ Lethal weapon 4 မှာတော့ ရစ်ဂ်စ်ဟာ ဆံပင်ညှပ်လိုက်ပါပြီ။ ရစ်ဂ်စ်ရော မာတော့ဖ်ရောဟာ အသက်အရွယ်တစ်ခုရောက်လာတာကြောင့် ဇရာရဲ့ဒဏ်ကို မသိမသာခံစားလာကြရပါပြီဗျ။ ဒါပေမဲ့ ရစ်ဂ်စ်ကတော့ အခုထိ ငါမအိုသေးဆိုပြီး ရူးရူးမိုက်မိုက် စွန့်စားခန်းတွေလုပ်ဆဲပါပဲ။ ဒီ နံပါတ် ၄ မှာလည်း ရစ်ဂ်စ်နဲ့ မာတော့ဖ်တို့ဟာ ကိုယ့်ဘာသာနေရင်း ပြဿနာက သူတို့ဆီ ရောက်လာပြန်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဒီကားထဲမှာ မင်းသားကြီး ဂျက်လီနဲ့အတူ ဟာသ သရုပ်ဆောင် Chris Rock လည်း ပါဝင်လာပါတယ်ဗျ။ မင်းသားကြီး မယ်လ်ဂစ်ဘ်ဆင်တို့နှစ်ယောက်နဲ့ ဂျက်လီတို့ အပြိုင်ကြဲကြတာကြောင့် ဒီကားက အရင်ကားတွေထက် အက်ရှင်ခန်းတွေ ပိုမိုက်လာတဲ့အပြင် Chris Rock လည်း ပါဝင်လာတဲ့အတွက် ကြည့်ရတာလည်း အရင်ထက် ပိုခွီနေရပါသေးတယ်။ ဒီ Lethal Weapon 4 ဟာဆိုရင် ဇာတ်လမ်းတစ်ခုကို လှလှပပလေးအဆုံးသတ်ပေးထားတဲ့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်ဗျ...။File ...
movie

Lethal Weapon 4(1998)

Lethal Weapon 3(1992) 6.7
Lethal Weapon 3(1992) သေစေတတ်သော လက်နက် တတိယပိုင်းမှာတော့ အမြင်မတော်တာမှန်သမျှ ကိုယ့်ကိစ္စဟုတ်ဟုတ်မဟုတ်ဟုတ် ဝင်ပါတတ်တဲ့ ရစ်ဂ်စ်ဟာ ထုံးစံအတိုင်း ဘယ်သူ့စကားကိုမှနားမထောင်ဘဲ စွန့်စားခန်းတွေဖွင့်ရင်း ပြဿနာကြားထဲ ဝင်ရှုပ်မိနေဆဲပါပဲဗျ။ ပင်စင်ယူဖို့အတွက် ၈ ရက်ပဲကျန်တော့တဲ့ ဆာဂျင်မာတော့ဖ်ဟာလည်း ထုံးစံအတိုင်း သူ့ရဲ့တွဲဖက် ရစ်ဂ်စ်ကြောင့် ပဲလှော်ကြား ဆားညှပ်ကာ ပင်စင်ယူခါနီးမှ ပြေးရ၊ လွှားရ၊ ပစ်ရ၊ ခတ်ရ ဖြစ်နေဆဲပါပဲ။ သူတို့နှစ်ယောက်ဟာ ရဲဘက်သုံး အမာခံသံချပ်ကာကားတစ်စီး အခိုးခံရတာကို ဝင်တားမိရင်းကနေ လက်နက်မှောင်ခိုတွေလုပ်နေတဲ့ ဂိုဏ်းတစ်ခုနဲ့ ထိပ်တိုက်ပတ်သက်မိပြီး အရှုပ်အရှင်းတွေ ဖြစ်လာပါတော့တယ်ဗျ...။File size…(2.24GB)  / (1.18GB) / (705.29MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:58:00 Genre... Action / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Yan NaingLethal ...
movie

Lethal Weapon 3(1992)

8MM(1999) 7.0
8MM(1999) 8MM(1999)***********အဖော်အချွတ်နဲ့ ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းအချို့ပါတဲ့အတွက်ကြောင့်မိသားစုနဲ့အတူကြည့်မယ်ဆိုရင်သတိထားစေလိုပါတယ်...မင်းသားကြီး နစ်ကိုလပ်ကေ့ခ်ျခေါင်းဆောင်ပါဝင်ထားတဲ့ neo-noir psychological thriller အမျိုးအစားရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျိုကင်းဖီးနစ်၊ ဂျိမ်းစ်ဂန်ဒိုလ်ဖနီတို့ဇာတ်ပို့အနေနဲ့ သရုပ်ဆောင်အားဖြည့်ထားပြီး ဒါရိုက်တာဂျိုးရှမက်ချာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တွမ်ဝဲ့လ်စ်တစ်ဖြစ်လဲ နစ်ကိုလပ်ကေ့ခ်ျဟာ ချမ်းသာကြွယ်ဝတဲ့မုဆိုးမတစ်ဦးဖြစ်တဲ့ မစ္စစ်ခရစ်ရှင်ရဲ့ရှေ့နေဖြစ်သူ မစ္စတာလောင်းဒေးလ်ရဲ့ဆက်သွယ်ပေးမှုကြောင့်ခရစ်ရှင်မိသားစုစံအိမ်ကြီးကို ရောက်လာခဲ့ရပါတယ်။ မစ္စစ်ခရစ်ရှင်ရဲ့ အမျိုးသားဖြစ်သူ မစ္စတာခရစ်ရှင်ဟာမကြာသေးမီကမှ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူရဲ့ကိုယ်ပိုင်စာကြည့်ခန်းထဲမှာမီးခံသေတ္တာတစ်လုံးကို ပဟေဠိဆန်ဆန်ချန်ထားခဲ့ပါတယ်။သော့နံပါတ်ကို မစ္စတာခရစ်ရှင်တစ်ဦးသာသိတာကြောင့် သူဆုံးပါးသွားတဲ့အခါကျန်ရစ်သူမိသားစုဟာ မီးခံသေတ္တာကိုလူငှားဖွင့်ပြီး စစ်ဆေးကြည့်ခဲ့ပါတယ်။အဲ့ဒီအခါမှာ မစ္စစ်ခရစ်ရှင်အနေနဲ့ ထူးဆန်းဖွယ်ဖလင်လိပ်တစ်ခုကိုတွေ့ရပြီး ဖွင့်ကြည့်တဲ့အခါမှာတော့အဆိုပါဖလင်ဟာ မိန်းမငယ်လေးတစ်ယောက်ကို ဖဖွယ်မရာပြုပြီး သတ်ပြတာကိုရိုက်ထားတဲ့ လူသတ်ညစ်ညမ်းကားမျိုးဖြစ်တယ်ဆိုတာကို အော်ဂလီဆန်ဖွယ်စိတ်မချမ်းသာစွာ တွေ့လိုက်ရပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်ရေးကိုယ်တာအမှုတွေကို ထောက်လှမ်းရာမှာသိုသိပ်ပြီး ထူးချွန်တဲ့ အလွတ်တန်းစုံထောက် တွမ်ဝဲ့လ်စ်အကြောင်းကို မစ္စတာလောင်းဒေးလ်ကတစ်ဆင့် သိရပြီးဆက်သွယ်ခေါ်ယူလိုက်ရခြင်းဖြစ်ပါတယ်။ မစ္စစ်ခရစ်ရှင်ရဲ့ မေတ္တာရပ်ခံမှုအရ တွမ်ဝဲ့လ်စ်အနေနဲ့အဆိုပါရုပ်ရှင်မှာရိုက်ပြထားတဲ့ စိတ်မသက်သာဖွယ်လူသတ်ပြကွက်ဟာအစစ်အမှန်ဟုတ်မဟုတ် စုံစမ်းပေးဖို့ မတတ်သာပဲ လက်ခံလိုက်ရတဲ့နောက်……။ တွမ်ဝဲ့လ်အနေနဲ့ ရုပ်ရှင်ထဲမှာပါတဲ့ မိန်းကလေးဟာ တကယ်အသတ်ခံရတာ ဟုတ်၊မဟုတ် ဖော်ထုတ်နိုင်ပါ့မလား… သူ ဘယ်လိုအခက်အခဲတွေနဲ့ ...
movie

8MM(1999)

The Iceman(2012) 7.0
The Iceman(2012) The Iceman(2012)****************လူပေါင်း (၁၀၀) လောက်ကို သတ်ခဲ့တဲ့သူဆိုတာ လူဆိုးကြီးတစ်ယောက်ဖြစ်မယ်ဆိုတာလူတိုင်း အလွယ် တကူ သိနိုင်ပါတယ်။ ဒီလို လူအကြောင်းကို ဇာတ်လမ်းရိုက်ပြတော့ သတ်တာဖြတ်တာ၊မကောင်းတာတွေပဲ ဆို ရင်တော့ မှားသွားနိုင်ပါတယ်။ ဘာကိုမှ မကြောက်မရွံ့ သွေးအေးအေးနဲ့လူသတ်တတ်လို့ ရေခဲလူသား (Iceman) လို့ အမည်ပေးခံထားရ တဲ့ကူကလင်စကီးဟာ ပြင်ပလောကမှာ တကယ်ရှိခဲ့တဲ့ ကြေးစားလူသတ်သမား ဖြစ်ပါ တယ်။မာဖီးယားဂိုဏ်းတွေအတွက် အခကြေးငွေနဲ့ ရက်ရက်စက်စက်သတ်တဲ့လူဆိုးကြီးဟာတစ်ဖက်မှာတော့ ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်၊ မိသားစုကို တန်ဖိုးထားအလေးပေးသူ၊ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် ကလေး တွေနဲ့ မိန်းကလေးတွေကို လုံးဝမသတ်သူစတဲ့ဂုဏ်ပုဒ်တွေနဲ့ ပိုင်ဆိုင်ထားပါသေးတယ်။ လောကဓံနဲ့ အကြင်နာမဲ့ တဲ့လူကြီးတချို့ကြောင့် ဒီလိုကြေးစားလူသတ်သမားဘဝကို ကူကလင်စကီး ရောက်သွားရပုံ၊သူ့ဘဝ အနိမ့်အမြင့် ဖြစ်ပျက်ပုံတွေ၊ ဇာတ်သိမ်းပုံတွေကို ကြမ်းကြမ်းရမ်းရမ်းရော၊နုနုရွရွရော ပေါင်းစပ်ထားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့Michael Shannon နဲ့ Chris Evans တို့ ဦးဆောင်ပါဝင်တဲ့ဇာတ်ကား ဖြစ်လို့ မကောင်းမှာတော့ ...
movie

The Iceman(2012)

Father and Guns (2009)
Father and Guns (2009) Father and Guns (2009) ================== IMDb rating ~ 6.6/10 1 Win and 5 Nominationsရှားရှားပါးပါး ပြင်သစ်စကားပြော ကနေဒီ ဟာသ ဇာတ်ကား ကောင်းလေးပါ။ဂျာ့ခ် နဲ့ မာ့ခ်ဆိုတဲ့ သားအဖ နှစ်ယောက်ရှိပါတယ်။ နှစ်ယောက်လုံး ရဲတွေဖြစ်ပြီး တွေ့တာနဲ့ ရန်ဖြစ်ကြတဲ့ တစောင်းဆေးနဲ့ မျက်ချေးလို သားအဖပါ။ သူတို့လိုက်နေတဲ့ လူဆိုးဂိုဏ်းရဲ့ အကျိုးတော်ဆောင် ရှေ့နေချားစ်မှာလည်း depression ဝင်ပြီး သတ်သေဖို့ လုပ်နေတဲ့ သားတစ်ယောက် ရှိပါတယ်။ချားစ်ရဲ့ မိန်းမက သူတို့သား ဒီလိုဖြစ်ရတာ သားအဖနှစ်ယောက် မတည့်လို့ဆိုပြီး စိတ်ရောဂါကု ဆရာဝန် ဂစ်ဘတ်ဦးဆောင်တဲ့ “သားအဖ ပြန်လည်သင့်မြတ်ရေး” ခရီးစဉ်မှာ လိုက်ပါဖို့ စာရင်းပေး လိုက်ပါတော့တယ်။ လူမိုက်ဂိုဏ်းရဲ့ အကျိုးတော်ဆောင်ရှေ့နေကြီး ဖြစ်ပေမဲ့ မိန်းမစကားဆို မြေဝယ်မကျ နားထောင်ရတဲ့ ချားစ်လည်း အဓွန့်မတက်ရဲဘဲ ခရီးထွက်ဖို့ပြင်ရပါတော့တယ်။လူဆိုးဂိုဏ်းကို လက်ရဖမ်းနိုင်ဖို့အတွက် ချားစ်ရဲ့ ထွက်ဆိုချက်ကို အပူတပြင်းလိုအပ်နေတဲ့ ဂျာ့ခ်တို့ သားအဖလည်း အဲဒီသတင်း ကြား ပြီးတဲ့နောက် “သားအဖ ပြန်လည်သင့်မြတ်ရေး”ခရီးစဉ်မှာ လိုက်ပါပြီး ချားစ်နဲ့ ...
movie

Father and Guns (2009)

Holy Spider (2022) 7.3
Holy Spider (2022) Holy Spider ( 2022 ) --------------------လာမယ့် ၂၀၂၃ အော်စကာရဲ့ best Interanational Features ဆုအတွက် တစ်ပြေးနေတဲ့ ထိပ်ဆုံးငါးကားထဲက တစ်ကားဖြစ်တဲ့ “Holy Spider”ဟာ ကားကတော့ အီရန်ကားဖြစ်ပေမဲ့ ဂျော်ဒန်မှာရိုက် ပြင်သစ်မှာ Release လုပ်ပြီး အော်စကာအတွက် နိုင်ငံကိုယ်စားပြုတာကတော့ ဒိန်းမတ်အနေနဲ့ ဝင်ထားပါတယ်။ အီရန်မှာတော့ အပိတ်ခံထားရရုံတင်သာမကပဲ Ministry of Culture and Islamic Guidanceကနေ ဒီရုပ်ရှင်ကမင်းသမီးကို best actress ဆုပေးခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်ကို ပြဿနာရှာထားသလို ဒီရုပ်ရှင်ဟာ မွတ်စလင်တွေရဲ့ယုံကြည်မှုကို စော်ကားတယ်လို့လည်း ဆိုကြပါတယ်။ ဒီရုပ်ရှင်ကို ရိုက်ကူးတာမှာ ပါဝင်ပတ်သက်နေတဲ့ အီရန်ပြည်တွင်းကလူတွေရှိခဲ့ရင် အီရန်ရုပ်ရှင်အစည်းအရုံးက ဒဏ်ခတ်မယ်လို့ပါ ကြေညာထားခဲ့ပါတယ်။ဒီရုပ်ရှင်ဟာ ၂၀၀၀ခုနှစ်တုန်းက ပြည့်တန်ဆာ၁၆ယောက်ကိုသတ်ခဲ့တဲ့ အီရန်ကွင်းဆက်လူသတ်သမား တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ထားတဲ့ရုပ်ရှင်ဖြစ်ပြီး တစ်ချို့ကလည်း မာစတာပိစ်ကားလို့ ပြောကြပါတယ်။ အမျိုးအစားကတော့ crime thrillerရုပ်ရှင်ဖြစ်ပြီး အီရန်ရဲ့ မြင့်မြတ်တဲ့ဘာသာရေးမြို့လို့ ပြောလို့ရတဲ့ Mashhadမြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီမြို့မှာ ပြည့်တန်ဆာလုပ်စားနေတဲ့ အမျိုးသမီးတွေ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းစွာ ...
movie

Holy Spider (2022)

2022
Dragon Fight (1989) 5.9
Dragon Fight (1989) Dragon Fight (1989)ခင်ဗျားတို့ ကလေးဘဝကို ပြန်တွေးကြည့်ရင် အဓိကပေါ်လာမယ့် တရုတ်မင်းသားတွေဆို ဂျက်လီ၊ ဂျက်ကီချမ်းနဲ့ စတီဖင်ချောင်ပဲရှိတယ်မလား။ သူတို့၃ယောက်ဟာ ဒီနိုင်ငံမှာ ဗီစီဒီခေတ်ကတည်းက လူတွင်ကျယ်လုပ်ခဲ့ကြသလို တခြားနိုင်ငံတွေအထိလည်း ထိုးဖောက်နိုင်ခဲ့တဲ့သူတွေပါပဲ။ ဂျက်လီနဲ့ ဂျက်ကီချမ်းဟာ The Forbidden Kingdom (2008) မှာမှ စတွဲရိုက်ဖြစ်ပေမဲ့ ချောင်နဲ့ ဂျက်လီကတော့ 1989 ကတည်းက အခုကားနဲ့ တွဲရိုက်ဖြစ်ခဲ့ပါတယ်။ ဂျက်ကီချမ်းနဲ့ ချောင်ကတော့ King of Comedy (1999) မှာ ဆုံဖူးသလို Gorgeous (1999) မှာလည်း ဆုံဖူးပါတယ်။ The Founding of a Republic (2009) ဆိုတဲ့ ပေါ်လစီကားမှာတော့ ၃ယောက်စလုံးပါပေမဲ့ ဘောင်မဝင်လို့ ထည့်မတွက်တော့ပါဘူး။Dragon Fight (1989) မှာတော့ ဂျက်လီဟာ သူ့ဟန်အတိုင်း လူရိုးလူအ ကွန်ဖူးတော်တဲ့ကောင်နေရာက ...
movie

Dragon Fight (1989)

1989