Channel Myanmar

Documentary

Mickey: The Story of a Mouse (2022) 7
Mickey: The Story of a Mouse (2022) Mickey : The Story of a Mouse(2022)“အရာအားလုံး ကြွက်တစ်ကောင်ကနေ အစပြုခဲ့တာပါ” ~ Walt Disney ~အနီရောင်ဘောင်းဘီတို၊ အဝါရောင်ဖိနပ်၊ အဖြူရောင်လက်အိတ်နဲ့ ကြွက်လေး ဆိုတာနဲ့ မစ်ကီမောက်စ်ကို ပြေးမြင်မိကြမှာပါတစ်ကမ္ဘာလုံးက ချီးကျူး အသိအမှတ်ပြုရတဲ့ Animation လောကရဲ့ ပြယုဂ်ဖြစ်လာမယ့် မစ်ကီမောက်စ်ကို 1928 ခုနှစ်မှာ နာမည်ကျော် ဝေါ့တ်ဒစ်စနေ နဲ့ အာ့ဘ်အိုင်ဝါ့ခ်စ်တို့က ဖန်တီးခဲ့ကြပါတယ်ဝေါ့တ်ဒစ်စနေဟာ အရာအားလုံးဆုံးရှုံးသွားတဲ့အချိန်မှာ မစ်ကီမောက်စ်ကို ရှာတွေ့ခဲ့တာပါ အဲဒီနောက်မှာတော့ တစ်ဟုန်ထိုး နာမည်ကြီးလာတဲ့ မစ်ကီ၊ အမေရိကန်နိုင်ငံ စီးပွါးရေးပျက်ကပ်ကာလထဲက မစ်ကီ၊ ဒုတိယကမ္ဘာစစ်အတွင်းက မစ်ကီ၊ ဒုတိယ ကမ္ဘာစစ်အလွန် စစ်အေးကာလက မစ်ကီ၊ လူမျိုးရေးခွဲခြားမှုတွေ ကြားထဲက မစ်ကီ၊ ဗီယက်နမ်စစ်ပွဲကြားက မစ်ကီ၊ မူပိုင်ခွင့်တွေကြားထဲက မစ်ကီ...အစရှိသဖြင့် မစ်ကီဟာ ကာလမျိုးစုံကို ပုံစံမျိုးစုံနဲ့ ဖြတ်သန်းခဲ့ရပါတယ်ကမ္ဘာပေါ်က အတွေ့အကြုံ အရင့်ကျက်ဆုံး ကာတွန်းဇာတ်ကောင်လို့ ဆိုလိုက်ရင် မစ်ကီကိုပဲ ပြရမှာပါ2022 နိုဝင်ဘာမှာ 94 နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ မစ်ကီကို ကာတွန်းဇာတ်ကောင်ထက်ပိုတဲ့ သက်ရှိပြယုဂ်အဖြစ် ယနေ့ထက်တိုင် တစ်ကမ္ဘာလုံးက ...
movie

Mickey: The Story of a Mouse (2022)

2022
Cristiano Ronaldo interview – Piers Morgan Uncensored (2022)
Cristiano Ronaldo interview – Piers Morgan Uncensored (2022) လွန်ခဲ့တဲ့ တနင်္လာ​နေ့မနက်မှာ တစ်ကမ္ဘာလုံး ဟိုး​​လေးတ​ကျော်ဖြစ်သွား​စေမယ့် သတင်းတစ်ပုဒ် လိုင်း​ပေါ်တက်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် မန်ချက်စတာယူနိုက်တက်အသင်းရဲ့နာမည်​ကြီးတိုက်စစ်ကစားသမားကြီးဖြစ်သလို ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး အားကစားသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုက ဗြိတိန်နာမည်​​ကျော် ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ပီးယာ့စ်​မော်ဂန်နဲ့အတူအင်တာဗျူးတစ်ခု လုပ်ခဲ့ပြီး မန်ယူနိုက်တက်ရဲ့ လက်ရှိနည်းပြ အဲရစ်တန်ဟက်ဂ်၊ နည်းပြ​ဟောင်းရန်းဂ်နစ်အပါအဝင် တချိန်ကအသင်း​ဖော်​ဟောင်းဝိန်းရွန်းနီကိုပါ ​ဝေဖန်ခဲ့တယ်ဆိုတဲ့ topicက ​ဘောလုံး​​လောကတစ်ခုလုံး ​အုတ်​အော်​သောင်းတင်းဖြစ်သွားပြီး အဆိုပါအင်တာဗျူးက အစစ်အမှန်ပဲလား၊ မန်ယူနဲ့ ​စီရော်နယ်ဒိုခွာပြဲသွားပြီလားစသဖြင့် ​နောက်ဆက်တွဲ​​ မေးခွန်း​​ပေါင်းများစွာထွက်လာခဲ့ပါတယ်။အခုဆိုရင်​တော့ အဆိုပါအင်တာဗျူးရဲ့ ရုပ်သံဗီဒီယိုအပြည့်အစုံထွက်ရှိလာပါပြီ။ဒီအင်တာဗျူးမှာ မန်ယူနိုက်တက်နဲ့ပတ်သက်တဲ့ကိစ္စတွေကို စီ​ရော်နယ်ဒိုကိုယ်တိုင်ပဲ ဖောက်သည်ချခဲ့တာလား။ မန်ယူနိုက်တက်ရဲ့အတွင်း​ရေးက တကယ်ပဲရှုပ်​ထွေး​နေတာလား။ မီဒီယာ​တွေကပဲ လိုအပ်တာထက် ချဲ့ကားထားတာလား စသဖြင့် မေးခွန်း​တွေရဲ့အ​ဖြေ​တွေ တစ်ခါတည်းပါလာမှာပါ။ ​သေချာတာတစ်ခုက ဒီအင်တာဗျူး​ကြောင့် မန်ယူနိုက်တက်နဲ့ စီ​ရော်နယ်ဒိုရဲ့ အနာဂတ် မ​ရေရာ​တော့သလို ​ဘောလုံးပရိသတ်​တွေကြားမှာပါ ဂိုဏ်းဂဏ​​တွေ ကွဲကုန်တဲ့အထိ သက်​ရောက်မှု ကြီးသွားခဲ့ပါပြီ။အင်တာဗျူးက ၂ ပိုင်းရှိတာဖြစ်ပြီး 2 ပိုင်းလုံးကို တင်ဆက်လိုက်ပါပြီ။ File size…Part-1 & Part-2 Quality….HDRip 1080p and 720p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thaung Htike Zaw & ...
movie

Cristiano Ronaldo interview – Piers Morgan Uncensored (2022)

Conor McGregor: Notorious(2017) 7.1
Conor McGregor: Notorious(2017) Conor McGregor: Notorious(2017) အညွှန်း*************************************Conor McGregor ဆိုတဲ့ ဖိုက်တာကြီးကို သူထိုးတဲ့ပွဲတိုင်းကိုမကြည့်ဖူးရင်သာနေမယ် အမိုက်စား တော်ကီတွေနဲ့တစ်ဘက်ပြိုင်ဘက်ကို ရှယ်လှော်တတ်ဘဲကြီးဆိုပြီးသတိတော့ထားမိကြတယ်မလား..ပြီးရင်ထီမထင်တဲ့သွားဟန်လာဟန်နဲ့ သူဟာ လူငယ်တွေကြားထဲတော့အတော်ရေပန်းစားပါတယ်..Conor McGregor ဆိုရင် အိုင်ယာလန်နိုင်ငံသား ဝိတ်တန်းနှစ်ခုမှာချန်ပီယံဖြစ်ခဲ့တဲ့ပထမဆုံးဖိုက်တာ ဝိတ်တန်းသုံးခုက ပြိုင်ဖက်တွေကို အလဲထိုးပြနိုင်တဲ့ပထမဆုံးဖိုက်တာ UFC ရဲ့ဝင်ငွေအများဆုံးဖိုက်တာတစ်ယောက်ကို ပြေးမြင်မိမှာပါပဲ။ရေပိုက်ပြင်သမားဘဝကနေ UFC ရဲ့ ဝင်ငွေအများဆုံးဖြစ်လာတဲ့ ကော်နာဟာ ဒီလိုဘဝကိုရောက်ရှိဖို့အတွက် သွေးတွေချွေးတွေအများကြီးရင်းနှီးခဲ့ရပြီး ဇွဲကြီးကြီးနဲ့ ပြိုင်ဖက်တွေကိုရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ဘယ်သူပဲလာလာ ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်ဝိတ်တန်းမှာဖြစ်ဖြစ် နိုင်အောင်ထိုးမယ်ဆိုတဲ့ McGregor ရဲ့ UFC မရောက်ခင်ကအကြောင်းတွေ ချန်ပီယံဖြစ်လာဖို့ လမ်းကြောင်းတစ်လျှောက်က အခက်အခဲတွေ ပြင်ဆင်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ဒီ Conor McGregor:Notorious ဆိုတဲ့ Document ကတော့ ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်တစ်ခုဖြစ်မှာ အသေအချာပဲဖြစ်ပါတယ်။File Size :(1.8GB) (908MB) and (271MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…01:30:00 Genre : Documentary , Biography , Sport Subtitle : Myanmar Subtitle ...
movie

Conor McGregor: Notorious(2017)

Selena Gomez: My Mind & Me (2022) 8.2
Selena Gomez: My Mind & Me (2022) Selena Gomez: My Mind & Me (2022)Selena Gomez ဆိုတဲ့ ကောင်မလေးဟာ ကျွန်တော်တို့ ကလေးဘဝတည်းက Disney ဇာတ်လမ်းတွေ သီချင်းတွေမှာ တောက်လျှောက်မြင်တွေ့ခဲ့ရပြီး ဖန်သားပြင်ကနေလည်း ပျောက်မသွားသူဆိုတော့ ကျွန်တော်တို့နဲ့ အတူတကွကြီးပြင်းလာခဲ့ရသလိုပါပဲ။အနုပညာအလုပ်တွေဟာ စိတ်ဖိစီးမှုများတယ်၊ အလွန်ပင်ပန်းတယ်ဆိုတာ ကျွန်တော်တို့ ခဏခဏမြင်‌နေကြားနေကျပါ။ ဒီတော့ ကလေးလေးဘဝတည်းက အနုပညာရှင်ဖြစ်လာသူ Selenaအတွက်ရော စိတ်ပင်ပန်းမှုတွေ ဘယ်လောက်ရှိနေပြီလဲ။Selenaဟာ အသက်၇နှစ်တည်းက အလုပ်တွေမရပ်မနား လုပ်ခဲ့ရပါတယ်။ အသက်၂၀ကျော်အရွယ် Selena အအောင်မြင်ဆုံးအချိန်မှာပဲ အချစ်ရေးလွန်ဆွဲမှုဟာ သတင်းသမားများရဲ့ ထိုးနှက်စရာဖြစ်လာပါတယ်။ ဘယ်သွားသွားဘာလုပ်လုပ် လူပုံအလယ်မှာ ဒီအကြောင်းတွေချည်း အက်ကြောင်းထပ် အမေးခံရတာပါပဲ။တကယ်တမ်း ကျွန်တော်တို့တွေ အနုပညာရှင်တစ်ယောက် သူတို့အနုပညာလက်ရာတွေကို သဘောကျလို့ အားပေးရာမှာ သူတို့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေကိုရော ဝင်ရောက်စွက်ဖက်ခွင့် ရှိပါရဲ့လား။ ရောဂါရဲ့နှိပ်စက်မှုတွေ၊ သတင်းသမားတွေရဲ့ ထိုးနှက်မှုတွေ အစရှိသဖြင့် နေရာပေါင်းစုံကဖိအားတွေနဲ့ပေါ့။ဒီလိုနဲ့ ကောင်မလေးအအောင်မြင်ဆုံးဖြစ်နေချိန်မှာ မှောင်အတိပြီးတဲ့ ချောက်နက်ထဲကို ...
movie

Selena Gomez: My Mind & Me (2022)

2022
A Tribute to Her Majesty – the Queen (2022) 5.3
A Tribute to Her Majesty – the Queen (2022) A Tribute to Her Majesty - The Queen (2022)ဒီ Documentary လေးကိုထွေထွေထူးထူးညွှန်းနေစရာတော့လိုမယ်မထင်ပါဘူး။ မကြာသေးခင်ကမှ နတ်ရွာစံသွားတဲ့ အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီး အဲလိဇဘက် ၂ အကြောင်း BBC ကနေ ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပါ။ဘုရင်မကြီးရဲ့ ကလေးဘဝ၊ ဒုတိယကမ္ဘာစစ်ကို ၁၃နှစ်အရွယ် မိန်းကလေးတစ်ဦးအနေနဲ့ ဖြတ်သန်းခဲ့ပုံတွေ၊ ထီးနန်းဆက်ခံရမယ့် မျိုးဆက်မဟုတ်ပေမယ့် ကံကြမ္မာကြောင့် ထီးနန်းဆက်ခံဖို့ဖြစ်လာတာတွေ၊ မိသားစုကိုချစ်ခင်ပုံတွေ၊ ထီးနန်းဆက်ခံပြီးနောက်မှာ တာဝန်နဲ့မိသားစုကို ဦးထိပ်ပဓာနထားခဲ့တာတွေကို ဒီ မှတ်တမ်းရုပ်ရှင်လေးမှာတွေ့နိုင်ပါတယ်။ရှေးခေတ်ဗီဒီယိုမှတ်တမ်းတွေ အများအပြားထည့်သွင်းရိုက်ကူးထားတဲ့အပြင် ဘုရင်မကြီးရဲ့ မိသားစုဝင်တွေ၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတွေ၊ မင်းမှုထမ်းတွေလည်း ပါဝင်အားဖြည့်ပေးထားလို့ ကြည့်ရအဆင်ပြေတဲ့ Documentary လေးပါပဲ။တော်ဝင်မိသားစုဖက်အမြင်ကနေပဲရိုက်ကူးထားပြီး သွားလေသူကိုအမှတ်တရဖြစ်အောင် တင်ပြထားတဲ့အတွက် တစ်ချို့တစ်ချို့သော ကိစ္စလေးတွေမှာ အငြင်းပွါးစရာလေးတွေတော့ရှိနိုင်ပါတယ်။ ဒါလေးကို သည်းခံနိုင်ရင်တော့ ကြည့်ရတာတန်တဲ့ Documentary လေးပါပဲလို့ တတ်နိုင်သလောက်လေး ညွှန်းခဲ့ပါရစေခင်ဗျား...(ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw ...
movie

A Tribute to Her Majesty – the Queen (2022)

2022
8 Mile (2002) 7.1
8 Mile (2002) ဒီဇာတ်ကားကတော့ 2002 နှစ်မှာ ထွက်ရှိခဲ့ပြီး Rap God ဖြစ်တဲ့ Eminem ရဲ့ဘဝဇာတ်လမ်း အကြောင်းဖြစ်ပြီး ဒါရိုက်တာ Curtis Hanson က ရိုက်ကူးပုံဖော်ထားပါတယ်။Rating တွေ အနေနဲ့က တော့ IMDb မှာ 7/10 ၊Rotten Tomatoes မှာ 76% နဲ့ Metacritic မှာတော့ 77% ရရှိထားပါတယ်။ဆုတံဆိပ်တွေအနေနဲ့ဆိုရင်လည်း Lose Yourself တေးသီချင်းနဲ့ အကောင်းဆုံးဂီတ၊မူရင်းသီချင်း အဖြစ် အော်စကာ ၁ ဆု ရရှိခဲ့သည့်အပြင်အခြားဆုပေါင်း ၁၀ ခုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါ့အပြင် ဆုပေါင်း ၁၉ ခုအတွက်စကာတင်စာရင်းမှာလည်း ပါခဲ့ပါသေးတယ်။Biography တစ်ခုဖြစ်ပြီး ဒီလောက်ထိ rating တွေ၊ဆုတံဆိပ်တွေ ဆုပ်ကိုင်ထားနိုင်တာကအတော်လေးအောင်မြင်တယ် ဆိုရ မှာပါ။ ဇာတ်လမ်းအသွားကတော့သူ့တစ်ဘဝလုံးလိုလို ရုန်းကန်နေရတဲ့ လူငယ် rapper လေးတစ်ယောက်ကသူ့ရဲ့ နောက်ဆုံးအခွင့်အလမ်းတစ်ခုကို စမ်းချင်နေတာပါ။ဒါပေမယ့် ...
movie

8 Mile (2002)

2002
1080p Blu-Ray
Indian Predator: The Butcher Of Delhi (2022)
Indian Predator: The Butcher Of Delhi (2022) Indian Predator: The Butcher of Delhi (2022) =========================================ဒီနေ့မှာတော့ Netflix က ထွက်ရှိထားတဲ့ အိန္ဒိယရဲ့ဖြစ်ရပ်မှန် “ကွင်းဆက်လူသတ်မှု မှတ်တမ်းရုပ်ရှင်စီးရီး” ကိုတင်ဆက်ပေးလိုက်ပါတယ်။ အပိုင်းစုစုပေါင်း ၃ပိုင်းပါရှိပြီး တစ်ချိန်ကအိန္ဒိယရဲ့လူတိုင်းထိတ်လန့်ခဲ့ရတဲ့နာမည်ကြီးကွင်းဆက်လူသတ်မှုကြီးဖြစ်ခဲ့တာမို့ ဖြစ်ရပ်မှန်မှတ်တမ်းရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအဖို့ကတော့ အသည်းတအေးအးနဲ့ကြည့်လို့ကောင်းမှာ အသေအချာပါပဲ။“Chandrakant Jha” .. ဆရာမဖြစ်သူမိခင်နဲ့ ဆည်မြောင်းဦးစီးဌာနမှာအလုပ်လုပ်ကိုင်သူဖခင်တို့ရဲ့သား .. မွေးချင်းညီအစ်ကို ၆ယောက်ရှိတဲ့ထဲကမှ တတိယမြောက်သား။ ကလေးကိုမွေးရုံပဲမွေးထုတ်ပေးခဲ့ပြီး မချစ်ပေးတတ်တဲ့မိဘတွေကြားကြီးပြင်းခဲ့ရသူမို့ ငယ်စဉ်ကတည်းကမိဘမေတ္တာငတ်ခဲ့ပြီး မိသားစုနွေးထွေးမှုကိုမခံစားခဲ့ရတဲ့ Chandrakant တစ်ယောက် အရွယ်ရောက်လာတဲ့အခါ ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ နေထိုင်ရာ Ghosai ရွာလေးကနေ Delhi ကိုပြောင်းလာခဲ့တယ်။ Chandrakant အပေါ် Delhi ရဲ့ကြိုဆိုမှုက မလှပခဲ့ပါဘူး။ ခရီးရောက်မဆိုက်ပဲ မြို့ခံလူဆိုးဂိုဏ်းအဖွဲ့ဝင်နဲ့ထိပ်တိုက်ရင်ဆိုင်မိပြီး ဓားထိုးခံခဲ့ရပါတော့တယ်။ ဗိုက်တစ်ခုလုံးပွင့်ထွက်သွားပြီး ကလီစာတွေပါထွက်ကုန်ပေမယ့် အသိမိတ်ဆွေမရှိတဲ့ Chandrakant တစ်ယောက် ပွင့်နေတဲ့ဗိုက်ကိုပဝါနဲ့ပတ် ကိုယ့်အားကိုယ်ကိုးပြီးဆေးရုံကိုသွားခဲ့ရတယ်။ ဒီအဖြစ်ကပဲ Chandrakant ရဲ့အမုန်းတရား အာဃာတတွေနဲ့ ကလဲ့စားဆိုတဲ့အရာကို အစပျိုးပေးခဲ့ပြီး Chandrakant ကိုယ်တွင်းကနတ်ဆိုးကို လှုပ်နှိုးပေးလိုက်ပါတော့တယ်။ “မြေနိမ့်ရာ လှံစိုက်” ဆိုသလိုပဲ နိမ့်ပါးတဲ့သူကိုမှ ...
movie

Indian Predator: The Butcher Of Delhi (2022)

Girl in the Picture (2022) 7.3
Girl in the Picture (2022) Girl in the Picture (2022)~ IMDb - 7.3/10, Rotten Tomatoes - 95% ~ခင်ဗျား ကြားဖူးတယ်မလား။ လက်တွေ့ဟာ စိတ်ကူးယဉ်ထက် ပိုဆန်းကြယ်သတဲ့။ ဒီဇာတ်လမ်းဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေထက် အများကြီးပိုဆန်းကျယ်တဲ့ ဖြစ်ရပ်မှန် ဒိုကူမန်ထရီဇာတ်လမ်းပါပဲ။1990 ခုနှစ်မှာ မိန်းကလေးတစ်ယောက် ကားတိုက်ခံရပြီး ဆုံးသွားတယ်။ ဆရာဝန်တွေ စစ်ကြည့်တော့ သူ့ကိုယ်မှာ ကားတိုက်ခံရတာအပြင် တခြားအနာပေါင်းသောင်းခြောက်ထောင် ရှိနေခဲ့တယ်။ ရဲတွေက သွေးရိုးသွေးသား မဟုတ်ဘူးလို့ ယူဆပြီး စုံစမ်းစစ်ဆေးခဲ့ကြတယ်။ ကောင်မလေးရဲ့ ယောက်ျားနဲ့ ကောင်မလေးအလုပ်လုပ်တဲ့နေရာကို စစစ်တော့ ကောင်မလေးယောက်ျားက ကောင်မလေးထက် အသက်နှစ်ပြန်လောက်ကြီးတဲ့ အဘိုးကြီးဖြစ်ပြီး ကောင်မလေးအလုပ်လုပ်တဲ့နေရာက အဖော်အချွတ်ကလပ်ဖြစ်နေခဲ့တယ်။ ဒီကောင်မလေးနဲ့ပတ်သက်သမျှ ဘာတစ်ခုမှ သွေးရိုးသားရိုး သာမန်ဖြစ်မနေခဲ့...။ဒီလိုနဲ့ ဆက်စုံစမ်းကြည့်တော့ ဒီမြို့မှာ သူတို့ကို လင်မယားအဖြစ်သိထားကြပေမဲ့ နောက်တစ်မြို့မှာ သားအဖအဖြစ်သိထားကြတာပါ သိလိုက်ရတယ်။ ထူးခြားဆန်းကြယ်စွာပဲ ကိုယ့်သမီးကို ...
movie

Girl in the Picture (2022)

2022
The Lost Leonardo (2021) 7.5
The Lost Leonardo (2021) The Lost Leonardo (2021)~ IMDb - 7.5/10, Rotten Tomatoes - 97% ~ကမ္ဘာကျော် မိုနာလီဇာရဲ့ အပြုံးကို အသက်သွင်းခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီကို မသိတဲ့သူမရှိဘူးပေါ့။ လီယိုနာဒို ဒါဗင်ချီဟာ ရီနေးဆန့်ခေတ်ရဲ့ နာမည်ကျော် အနုပညာသည်ကြီးတွေထဲက တစ်ယောက်ဖြစ်ပြီး မိုက်ကယ်အိန်ဂျလိုနဲ့ ခေတ်ပြိုင်လည်း ဟုတ်သလို ပန်းချီတင်မက သိပ္ပံ မက္ကင်းနစ်အပါအဝင် တခြားလိုင်းပေါင်းများစွာမှာ ထူးချွန်တဲ့ ဂျီးနီးယပ်တစ်ယောက်ပါပဲ။လိုင်းပေါင်းများစွာထူးချွန်ပေမဲ့လည်း သူလုပ်သမျှတွေက ခပ်ပေါပေါတွေတော့မဟုတ်ခဲ့ပါဘူး။ မိုနာလီဇာက သက်သေတစ်ခုပဲမို့လား။ ဒီရုပ်ရှင်ကတော့ မိုနာလီဇာအထီးလို့ခေါ်တဲ့ မိုနာလီဇာနဲ့ ဒီဇိုင်းခပ်ဆင်ဆင် ယောက်ျားပုံတစ်ပုံကို တွေ့ရှိတဲ့အကြောင်းပါ။ အဲဒီပန်းချီကားကို Salvator Mundi လို့ခေါ်ပြီး လီယီုနာဒိုလက်မှတ်မထိုးထားတဲ့ ဟန်ကိုကြည့်ပြီး ဆုံးဖြတ်ရတဲ့ ပန်းချီကားလည်းဖြစ်ပါတယ်။ထူးတာက ဒီကားက လီယီုနာဒိုရဲ့ ကားဟုတ်မဟုတ် အငြင်းပွားမှုတွေအတော်များခဲ့ပြီး အခုထိလည်း မသဲကွဲကြသေးပါဘူး။ ၁၅ရာစုကပန်းချီဟာ ၂၀၀၅လောက်မှာပေါ်လာခဲ့ပြီး လီယိုနာဒိုရဲ့ ပျောက်ဆုံးနေတဲ့ကား ...
movie

The Lost Leonardo (2021)

2021
Home2Home (2022) 7.8
Home2Home (2022) Home2Home (2022) ================ IMDb Rating - 7.8/10ဒန်းနစ်ကိုင်လန်း ဆိုတဲ့ ဂျာမန်လူမျိုးတစ်ယောက်က မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၇ နိုင်ငံကို စက်ဘီးနဲ့ပတ်ပြီး သူသွားတဲ့ နိုင်ငံတိုင်းက လူတွေရဲ့အမျိုးမျိုးအဖုံဖုံသော ဘဝတွေနဲ့ ရှုခင်းအလှအပတွေကို ဒီ documentary ‌လေးထဲမှာကြည့်ရမှာ ဖြစ်တယ်။ဒီကားက ကမ္ဘာပတ်ပြီး ရိုက်ပြထားတဲ့ documentary ဆိုတော့ ညွှန်းစရာသိပ်မရှိတဲ့အတွက် CM ပရိတ်သတ်ကြီးကပဲ ကိုယ်တိုင် ကြည့်ရှုခံစားပေးလိုက်ပါဗျ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(2.85 GB) / (1.4 GB) / (887 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 51mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Documentary Translator.......Khant Sett Naing Encoder..........SWM
movie

Home2Home (2022)

2022
Oprah + Viola: A Netflix Special Event (2022)
Oprah + Viola: A Netflix Special Event (2022) Viola Davis ဟာ အမေရိကန်ရုပ်ရှင်လောကမှာ အောင်မြင်မှုအင်တန်ကြီးမားတဲ့ လူမဲအမျိုးသမီးသရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ How to get away with murder, Fences, Ma Rainey's Black Bottom, Suicide Squad စတဲ့ ဇာတ်လမ်းကောင်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး Academy, Emmy Award, Tony award တို့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့သူပါ။ သို့ပေမယ့် သူ့ရဲ့ငယ်ဘဝကတော့ ပျော်ရွှင်ဖွယ်ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။ Viola ဟာ အင်မတန်ဆင်းရဲချို့တဲ့ပြီး ကြမ်းတမ်းတဲ့ဖခင်နဲ့အတူ ကြီးပြင်းလာခဲ့ပါတယ်။ ၁၉၆၀ဝန်းကျင်က လူမဲတွေအပေါ် အသားအရေခွဲခြားရှုံ့ချခြင်းတွေကို အလူအလဲခံရင်း အနုပညာလမ်းကြောင်းပေါ်မှာ မားမားမတ်မတ်ရပ်တည်နိုင်ဖို့ ပြင်းထန်တဲ့ကြိုးစားအားထုတ်မှုတွေကို ပြုခဲ့ရသူပေါ့။ 2022 April 26မှာ Viola ဟာ Finding Me : A Memoir ဆိုတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတစ်အုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်မှာ ရေးသားထားတဲ့ အကြောင်းအရာတွေ အများကြီးထဲက အင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေဖြစ်တဲ့ ငယ်ဘဝကမိသားစုအခြေအနေ၊ အနုပညာပါရမီကို ရှာဖွေတွေ့ရှိခဲ့ပုံ၊ အနုပညာလမ်းကြောင်းပေါ် ရောက်ရှိရန်ကြိုးပမ်းခဲ့မှု၊ အဖိုးမဖြတ်နိုင်တဲ့လူအချို့နဲ့ တွေ့ဆုံခြင်း စတဲ့အကြောင်းအရာတွေကို ...
movie

Oprah + Viola: A Netflix Special Event (2022)

2022
Halftime (2022) 6.4
Halftime (2022) Halftime (2022)ဆယ်စုနှစ်သုံးခုစာလောက် မပြောင်းလဲဘဲရှိနေတာက ဒီကမ္ဘာမှာ ဘယ်လောက်များနိုင်မှာလဲ ဒါပေမဲ့ သူ(မ) တစ်ယောက်ကတော့ Immortal နတ်ဘုရားမလိုမျိုး ကျွန်တော်တို့မမွေးခင်ကတည်းကနေ အခုထိရှင်သန်ဆဲပါ ကျွန်တော်ပြောတဲ့ သူ(မ)ဆိုတာကတော့ အားလုံးနဲ့ရင်းနှီးကြတဲ့ Jennifer Lopez ပါ ဒီတစ်ခေါက် သူ(မ)ရဲ့ ဘဝတစ်ခုလုံးကို Netflix က Documentary အနေနဲ့ရိုက်ထားတာကို CM ကတင်ဆက်ပေးလိုက်ပါပြီ အခုလိုအောင်မြင်မှုတွေက လွယ်လွယ်နဲ့မရနိုင်ဘူးဆိုတာ လူတိုင်းသိကြသလိုမျိုးပဲ သူ(မ) ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့တယ် ဒီနေရာအထိရောက်အောင် ဘယ်လိုတွေစွမ်းဆောင်ခဲ့သလဲဆိုတာနဲ့ သူ(မ)ရဲ့ မိသားစုအကြောင်းအပြင် သူမရဲ့အတွေးအခေါ်၊ ခံယူချက်တွေကိုပါ အင်တာဗျူးအနေနဲ့ ပြောပြပေးသွားမယ့် အကောင်းဆုံးအစီအစဉ်တစ်ခုပါ အများကြီးညွှန်းစရာတော့မရှိပါဘူး J.Lo ဆိုတာကို မသိတဲ့လူမရှိသလောက်မို့လို့ fan မဟုတ်ရင်တောင် ကြည့်ကိုကြည့်သင့်တဲ့ Documentary တစ်ခုပါပဲနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Thuu, Hmwe နဲ့ NoX တို့ပဲ ဖြစ်ပါတယ်။Genre..... Documentafy, Music Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB ...
movie

Halftime (2022)

2022
Eating Our Way to Extinction (2021) 7.5
Eating Our Way to Extinction (2021) Eating Our Way to Extinction (2021) ~ IMDb Rating - 7.5/10 ~လူ​တွေအသက်ရှင်ဖို့ အာဟာရဖြစ်ဖို့ စား​နေတဲ့ စားနပ်ရိက္ခာ​တွေက တစ်ချိန်မှာ လူသားမျိုးနွယ် မျိုးတုန်းမှုရဲ့ အဓိကအ​ကြောင်းရင်းကြီးတစ်ချက်လို့ပြောရင် ဟာသပြက်လုံးလို ဖြစ်​​နေမှာ​သေချာပါတယ်။ ဒါ​ပေမဲ့ ကဏ္ဍ​ပေါင်းစုံက သု​တေသနပညာရှင်​တွေ နှစ်​ပေါင်းများစွာ လုပ်လာတဲ့ သု​တေသန​ရလဒ်​တွေ၊ အစီရင်ခံစာ​တွေက ဒီယူဆချက် မှန်ကန်​ကြောင်း သက်​​သေထူ​နေပါတယ်။ကမ္ဘာ့လူဦး​ရေတစ်​နေ့တခြား များလာတာနဲ့အမျှ စားနပ်ရိက္ခာ​တွေ ပိုလိုအပ်လာသလို အသားစားသုံးမှုနှုန်းက တိုးပွားလာတဲ့အတွက် ​မွေးမြူ​ရေးလုပ်ငန်း​တွေ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တွင်ကျယ် လာပါတယ်။ ဒီ Documentary ထဲမှာ ​မွေးမြူ​ရေးလုပ်ငန်း​တွေနဲ့ ပတ်သက်ပြီး သင်တို့လုံးဝမသိရှိထားတဲ့၊ လုံးဝမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်​တွေ အဖြစ်မှန်​တွေကို သု​တေသနရလဒ်​တွေနဲ့အညီ ​သေချာ​ဖော်ထုတ်တင်ဆက်ထားတာပါ။မင်းသမီးကြီး ကိတ်ဝင်းစလတ်ကိုယ်တိုင် Narrator အဖြစ်ပါဝင်ပြီး တစ်ကမ္ဘာလုံးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ပညာရှင်​တွေ၊ မိုး​လေဝသပညာရှင်​တွေ၊ အစာအာဟာရပညာရှင်​တွေ စုံစုံလင်လင် ပါဝင်ထားပြီး ...
movie

Eating Our Way to Extinction (2021)

2021
Women of the White Buffalo (2022) 5.8
Women of the White Buffalo (2022) အ​မေရိကကို ဒီမိုက​ရေစီဘိုး​တော်နိုင်ငံ၊ လူ့အခွင့်အ​ရေးကို တန်ဖိုး အထားဆုံး နိုင်ငံ​တွေထဲက တစ်ခုအဖြစ်ပြောကြလျှင် လူတချို့က ရယ်ကြလိမ့်မည်၊ ထိုလူ​တွေက တခြားမဟုတ် အ​မေရိကန်နိုင်ငံမှာ ​နေထိုင်ကြတဲ့ ယူအက်စ်နိုင်ငံသား​​တွေလို့ ​ပြောရင် နည်းနည်း​တော့ ဆန်း​နေလိမ့်မည်၊ နိုင်ငံသားဟုဆိုရာ​တွင် ကိုလံဘတ်စ်​ရောက်ပြီး ​​နောက်ပိုင်း တစ်စတစ်စ​ ရောက်လာသည့် ဥ​ရောပမျိုးစပ်များကို ​ပြောတာမဟုတ်​ပေ၊ အင်ဒီးယန်းအပါအဝင် ​အ​မေရိကတိုက်ဟူ၍ ရှိကတည်း​က ​နေထိုင်လာကြသည့် ​ဒေသခံ တိုင်းရင်းသားများကို ဆိုလိုခြင်းဖြစ်သည်။ အင်ဒီးယန်းသားတို့ ဤသို့ ခံစားရသည်မှာ အ​​ကြောင်းရှိသည်၊ ကိုလံဘတ်စ် အ​မေရိကတိုက်ကို စတင်​တွေ့ရှိခဲ့သည့် ၁၄၉၂တွင် သန်း၈၀​ကျော်ရှိခဲ့​သော ​​​ဒေသခံတိုင်းရင်းသားများသည် ၂၁ရာစု အ​စောပိုင်း​တွင် ၉၀%​ကျော် ဆုံးရှုံးသွားပြီး ​​သိန်းဂဏန်းခန့်သာ ကျန်ရစ်​​တော့သည်အထိ ဥ​ရောပမျိုးစပ် - အ​မေရိကန်များသည် ​ဒေသခံ အ​မေရိကန်နိုင်ငံသား စစ်စစ်များအ​ပေါ် ဖိနှပ်ချိုးနှိမ်မှု ​ပေါင်းစုံ ကျူးလွန်ခဲ့သည်၊ နယ်​မြေများကို သိမ်းပိုက်ပြီး သီးသန့် နယ်​မြေငယ်များ ဖွဲ့စည်းပြီး ပြည်မပြည်သူများနှင့် အဆက်ဖြတ် ခဲ့သည်၊ ဒါတင်မကဘဲ နိုင်ငံသားစာရင်းက​နေ ​ဖျောက်ပစ်ဖို့အထိ စနစ်တကျ​ဆောင်ရွက်ခဲ့သည်၊ စာအဖြစ်သာ​ပြောရရင် ယုံနိုင်စရာမရှိ​​ပေမယ့် အင်ဒီးယန်းနွယ် ဖြစ်သည့် လာကိုတာမျိုးနွယ်များသည် ဒီလိုဖိနှိပ်မှုဒဏ်များကို အဆိုးဆုံး ခံစားခဲ့ရသူ​တွေဖြစ်သည်၊ ယခုDocumentaryတွင် အထက်ပါ ဖိနှိပ်မှုများအပြင် အ​မေရိကန်သမိုင်း၏ အရုပ်ဆိုး အကျည်းတန်ဆုံးWounded Knee ...
movie

Women of the White Buffalo (2022)

2022
Look At Me: XXXTENTACION (2022)
Look At Me: XXXTENTACION (2022) Look at Me: XXXTentacion IMDb-7/10, Rotten Tomatoes-89%ဒီ Documentary မှာတော့ ရက်ပ် ဆိုရင်လည်း ကြမ်းပြီး သီချင်းဆိုရင်လည်းချိုတဲ့ ကျွန်တော်တို့ရဲ့ ကွယ်လွန်လေပြီးသော စွယ်စုံရအဆိုတော်ကြီး XXXTentacion (Jahseh Onfroy) ရဲ့ဘဝဇာတ်ကြောင်းကို မြင်တွေ့ရမှာဖြစ်ပါတယ်X ဟာ အသက် ၁၀နှစ်အရွယ်တည်းက စိတ်ကျဝေဒနာရှင်ဖြစ်ခဲ့တာပါ သူ့ရဲ့ဂီတလမ်းကြောင်းကလည်း ဟိုးအစတည်းကသူ့ရဲ့ရွေးချယ်မှုကြောင့်ရော ဘေးလူတွေကြောင့်ပါ မထင်မှတ်ထားလောက်အောင်ကြမ်းတမ်းပြီးအကျည်းတန်ခဲ့ပါတယ် သို့သော် သူ့သီချင်းတွေကတော့ လူအများကြီးရဲ့ဘဝကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်...သူ့အကြောင်းကိုဖော်ပြသွားတဲ့နေရာမှာလည်း မိသားစု သူငယ်ချင်း ချစ်သူ လုပ်ဖော်ကိုင်ဖက် ပရိတ်သတ် စသဖြင့်ရှုထောင့်ပေါင်းစုံကနေရိုက်ပြထားတာဖြစ်တဲ့အတွက် X ကိုအမြင်မျိုးစုံနဲ့မြင်ရမှာပါ အားလုံးထက်X ကိုယ်တိုင်ဖြေထားတဲ့ Interview တွေနဲ့ ဗီဒီရိုတွေကိုပါ ထည့်သွင်းပြသထားတာကြောင့်X တစ်ယောက် အသက်ရှင်နေသေးသလားလို့တောင် အောက်မေ့ရမှာဖြစ်ပါတယ်...ဂီတလောကကို ကိုင်လှုပ်ခဲ့တဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ခံစားချက်မျိုးစုံနဲ့ကြည့်ရှုရမှာဖြစ်တဲ့အတွက် ဒီ Documentary လေးကို X fan တွေအတွက်ရောX fan ...
movie

Look At Me: XXXTENTACION (2022)

2022
Cyber Hell: Exposing an Internet Horror (2022)
Cyber Hell: Exposing an Internet Horror (2022) Cyber Hell : Exposing an Internet Horror (2022)IMDb - 6.5/10ဒီDocumentaryဟာ ၂၀၁၉ ​တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြီးကျယ်ဆုံး ဆိုက်ဘာပြစ်မှု​တွေထဲက၂ခုအ​ကြောင်း ဖြစ်ရပ်မှန်​တွေကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်၊ IT​ခေတ် ဖြစ်တာနဲ့အညီ နည်းပညာနဲ့ ကျွမ်းဝင်သူ​တွေ များသလို ဒီနည်းပညာကိုသုံးပြီး မသိနားမလည်သူ​တွေအ​ပေါ် ကျူးလွန်လာတဲ့ဆိုက်ဘာပြစ်မှု​တွေက တစ်​နေ့တခြား များလာသလို နည်းလမ်း​တွေလည်း ပိုစုံလာပါတယ်၊ ဒီ Documentary မှာဆိုရင်​ နည်းပညာကိုအသုံးချပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စီးပွားရှာသွားသူ​တွေအ​ကြောင်း မြင်​တွေ့ရမှာပါ။ဘယ်လိုပုံစံမျိုး​ ကျူးလွန်သွားမလဲဆိုတာ အညွှန်းထဲရေးတာထက် ကိုယ်တိုင်ကြည့်လိုက်တာက ပိုပြီးအ​ဆင်​ပြေပါတယ်၊ ​ ဒီ​​နေ့​ခေတ်မှာ လူတိုင်းကြုံ​တွေ့​နေရတဲ့ အခက်အခဲတစ်ခုကိုပဲချနင်းပြီး ငွေသန်းချီ ရှာသွားခဲ့ကြတာတွေ၊ သူတို့ရဲ့​ကျော့ကွင်းထဲ သက်​ဆင်းသွားတဲ့ မိန်းမပျို​တွေ ဘယ်​လောက်ထိ ထိခိုက်နစ်နာခဲ့ရလဲ ဆိုတာ​တွေကို မြင်​တွေ့ရမှာပါ၊ နစ်နာသူ မိန်းက​လေး​တွေထဲမှာ အသက်မပြည့်​သေးသူ​တွေပါ ပါဝင်​နေတာက အ​တော်ကို ဆိုးပါတယ်၊ မြန်မာနိုင်ငံမှာလည်း လိင်ထိပါး​စော်ကားမှုအဖြစ်အပျက်​တွေ မကြာခဏဆိုသလို မြင်​တွေ့​နေရချိန် ဒီ Docuကို ကြည့်ပြီး ​ရှောင်သင့်၊ ဆောင်သင့်တာ​တွေ သိသွားနိုင်ဖို့ ​မျှော်လင့်ပါတယ်၊ ဘယ်သူ​တွေ ...
movie

Cyber Hell: Exposing an Internet Horror (2022)

The Mystery of Marilyn Monroe: The Unheard Tapes (2022) 6.3
The Mystery of Marilyn Monroe: The Unheard Tapes (2022) The Mystery of Marilyn Monroe: The Unheard Tapes (2022)==========================================IMDb Rating - 6.3/10တစ်ချိန်က World's Sex Symbol လို့ တင်စားခံရတဲ့ ဒီအမျိုးသမီးကို ကျွန်တော်တို့ မွန်ရိုးလို့ ချစ်စနိုး ခေါ်ကြတယ်။ အနုပညာလမ်းကြောင်း ပေါ်ကို ရောက်ရောက်ချင်းမှာပဲ အလှနဲ့ အရည်အချင်းကြောင့် တစ်မဟုတ်ချင်း ကမ္ဘာကျော် ကြယ်တစ်ပွင့်ဖြစ်လာခဲ့တယ်။ ဒီလောက်ပြောနေတာမှ မသိသေးဘူးဆိုရင် စကတ်လေဟပ်လို့ လက်နဲ့အုပ်ပြီး ရယ်နေတဲ့ ပါးမို့မှာ အင်မတန် ဆွဲဆောင်မှု ရှိတဲ့ မှဲ့ပိုင်ရှင် မိန်းမလှလေးက မာရီလင် မွန်ရိုးပဲဗျာ။ ကဲ မျက်လုံးထဲ ပေါ်ပြီမလား။ဒီလိုကမ္ဘာချစ်ပြီး တောက်ပတဲ့ အနာဂတ်ရှိတဲ့ အမျိုးသမီးဟာ တစ်နေ့မှာ ရုတ်ချည်းသေဆုံးသွားခဲ့တယ်။ ပြောကြတာတော့ အိပ်ဆေးလွန်တာတဲ့။ ဒါပေမဲ့ ဒီစတားရဲ့သေဆုံးမှုဟာ သွေးရိုးသားရိုး မဟုတ်ဘဲ ဖုံးကွယ်မှုတွေ ရှိနေသတဲ့ဗျ။ ဒီ Docu မှာမာရီလင် မွန်ရိုးရဲ့ ဘ၀နဲ့ သူ့ရဲ့ အချိန်မတိုင်ခင် သေဆုံးမှု နောက်ကွယ်က အကြောင်းတွေကို လူတွေကို ...
movie

The Mystery of Marilyn Monroe: The Unheard Tapes (2022)

2022
Whitney, a Look Back (2022) 6
Whitney, a Look Back (2022) Whitney : A Look Back (2022)ဝစ်‌တနေ ဟူစတန် (Whitney Houston)လို့ ပြောလိုက်တာနဲ့ မသိသူမရှိလောက်အောင် ဩဇာတိက္ကမကြီးမားလွန်းလှတဲ့ ကမ္ဘာကျော်အမျိုးသမီး အဆိုတော်ဖြစ်ပါတယ်။ အနည်းဆုံးတော့ သင်ဟာ သူ့ရဲ့ vocal အားကောင်းကောင်းနဲ့ သီဆိုထားတဲ့ I will always love you ဆိုတဲ့ သီချင်းကိုတော့ ရင်းနှီးနေမှာပဲဖြစ်ပါတယ်။သူမကို ၁၉၆၃ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ နူးဝါ့ခ် မြို့မှာ ဖွားမြင်ပါတယ်။ အာဖရိကန်အမေရိကန်လူမျိုး၊ အဆိုကျော်၊ ရုပ်ရှင်သရုပ်ဆောင်ဖြစ်သူ ဒီအမျိုးသမီးဟာ ၂၀၁၂ ခုနှစ် ရဲ့ဂရမ်မီမကျင်းပခင် တစ်ရက်အလိုဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။သူမဘဝဇာတ်ကြောင်းကို ရိုက်ကူးထားပြီး ၂၀၁၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Whitney ဆိုတဲ့ရုပ်ရှင်ကားဟာဆိုရင် IMDb 7.3 ရရှိတဲ့အထိကို ကောင်းမွန်ခဲ့တာဖြစ်ပြီး သူ့မဘဝအကြောင်းရိုက်ထားတဲ့ ဇာတ်ကားတွေ၊ တီဗီစီးရီးတွေများစွာထွက်ရှိခဲ့ရတဲ့အထိကို အောင်မြင်ကျော်ကြားခဲ့တဲ့ အမျိုးသမီးဖြစ်ပါတယ်။၁၉၉၂ ခုနှစ်မှာ သူမနဲ့ မင်းသားကယ်ဗင်ကော့စနာတို့ ...
movie

Whitney, a Look Back (2022)

2022
The Real Charlie Chaplin (2021) 7.3
The Real Charlie Chaplin (2021) The Real Charlie Chaplin (2021) ~ IMDb - 7.3/10, RT - 95%, Meta - 66% ~" ကံအကြောင်းတိုက်ဆိုင်လို့ ချာလီချက်ပလင် ဇာတ်ကားတွေကို ကြည့်ဖြစ်ရင် ဒီအတိုင်းပဲကြည့်ပါ။ တခြားတွေ့ဖူးကြည့်ဖူးထားတဲ့ ချာလီချက်ပလင်တွေနဲ့ ဆက်စပ်ဖို့ မကြိုးစားပါနဲ့။ ချာလီချက်ပလင်တွေ အများကြီးရှိလို့ပါပဲ... " - မက်စ်အိစ်မန်း (စာရေးဆရာ၊ ချာလီချက်ပလင်၏ မိတ်ဆွေတစ်ဦး)ချာလီချက်ပလင်ဆိုတာနဲ့ ဘောင်းဘီအပွကြီးဝတ်ထားပြီး ဦးထုပ်ဝိုင်းလေးဆောင်း တုတ်ကောက်ကိုင်ထားတဲ့ တံမြက်စည်းနှုတ်ခမ်းမွေးနဲ့ လူညှက်ကလေးကို ပြေးမြင်မိကြမှာပါ။ ချက်ပလင်ကပ်ရောဂါလို့ တင်စားရလောက်အောင် ချာလီချက်ပလင်ကို နှစ်သက်သဘောကျ အတုခိုးကြသူတွေ ချက်ပလင်ရောဂါဖြစ်ကြသူတွေ တစ်ကမ္ဘာလုံးအနှံ့မှာရှိခဲ့ဖူးပါတယ်။ ဒီလူပိန်လေးက ဘုရင်တွေ၊ ဘုရင်မတွေ၊ တွေးခေါ်ပညာရှင်တွေ၊ ဘာသာရေးအထင်ကရပုဂ္ဂိုလ်တွေထက် နာမည်ကျော်ကြားခဲ့ပါတယ်။ ဒါပေမဲ့ သူက ချာလီချက်ပလင်မဟုတ်ပါဘူး ချာလီချက်ပလင်သရုပ်ဆောင်တဲ့ Tramp ဆိုတဲ့ ဇာတ်ကောင်လေးပါ။အဲဒီတော့ ချာလီချက်ပလင်က အစစ်က ဘယ်သူလဲ.....ချာလီက ...
movie

The Real Charlie Chaplin (2021)

2021