Channel Myanmar

Drama

The Point Men (2023) 6/8
The Point Men (2023) The Point Men (2023)Korea ကားကို Korea ကားနဲ့မတူအောင် ရိုက်ပြထားနိုင်တဲ့ The Point Men!ဇာတ်လမ်းအကျဉ်းကတော့ အာဖဂန်နစ္စတန်ဘက်ကို ခရီးသွားရင်း တာလီဘန်လက်နက်ကိုင်တွေရဲ့ဓားစာခံဖြစ်သွားခဲ့တဲ့ ကိုရီးယားလူမျိုး ၂၃ ဦးကို ကြိုးစားကယ်တင်မယ့် သံတမန်တစ်ဦးနဲ့ NIS Agent တစ်ဦးတို့အကြောင်းကို ရိုက်ကူးထားတာပါ။အာဖဂန်နစ္စတန်နိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရပ်တွေကို မီးမောင်းထိုး ပြပေးထားတဲ့အပြင် သံတမန်ရေးရာရဲ့ ရှုပ်ထွေးတဲ့အကြောင်းတရားတွေ၊ အာဖဂန်ဒေသရဲ့ ဘာသာရေးယုံကြည်ချက်တွေ၊ လူမျိုးရေးအစွဲအလမ်းကြီးမှုတွေကိုပါ အနုစိတ် ရိုက်ကူးတင်ပြပေးထားတာဖြစ်လို့ အက်ရှင်စစ်စစ်ကြိုက်တဲ့ ပရိသတ်ကြီးအတွက် လုံးဝကြည့်ပျော်စေမယ့် ဇာတ်ကားတစ်ကားပါပဲ။Casts တွေအနေနဲ့ကလည်း မင်းသားကြီး Hyun Bin, Hwang JungMin နဲ့ Kang Ki-Young တို့လို ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေပဲ ပါဝင်ထားတာဆိုတော့ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ ပြောချင်ပါတယ်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. ...
movie

The Point Men (2023)

2023
Backcountry(2014) 6.0
Backcountry(2014) Backcountry(2014)============== Backcountry ဆိုတဲ့ Survival Thriller ဇာတ်ကားလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်မွန်းကျပ်လှတဲ့ နေ့စဉ်လူမှုဘဝထဲကနေ ရုန်းထွက်ပြီး တောတောင်ရေမြေအလှအပကို ခံစားဖို့အတွက် တောတွင်းခရီးစဉ်တစ်ခု ထွက်လာခဲ့တဲ့အဲလက်စ် နဲ့ ဂျန်းတို့စုံတွဲ..မထင်မှတ်ဘဲ လူထူးဆန်း ဘရက်ဒ်နဲ့ စတင်တွေ့ဆုံရချိန်.အဲလက်စ် နဲ့ ဂျန်းကြားမှာ ကတောက်ကဆမီးပွားလေးများ စတင်ဖြစ်ပေါ်လာရင်း.လူသူမရောက်တဲ့နေရာမှာ မမျှော်လင့်ထားတဲ့အန္တရာယ်တွေ ကြုံလာရချိန်ဘယ်လိုတွေ ဖြေရှင်းကြမလဲ. လူသားနဲ့သားရဲကောင် ကြားက အသက်လုပွဲ.၊ survival ဆိုတဲ့အတိုင်း အသက်ရှင်သန်ဖို့ ဘယ်လောက်ထိ ရုန်းကန်ရမလဲ၊ကံ၊ ဉာဏ်၊ ဝီရိယ စိုက်ထုတ်ရမလဲ ဆိုတာကို ထင်ဟပ်ပြသထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို CM က ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.29GB / 543.9MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 32m Genre ..... Adventure , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Backcountry(2014)

Beautiful Pain (2016) 7
Beautiful Pain (2016) Beautiful Pain (2016)မိဘရယ်လို့ ဖြစ်လာပြီဆိုရင် သားသမီးတွေကို အဖိုးတန်တဲ့ ပြီးပြည့်စုံတဲ့လူအဖြစ်ပဲ မွေးဖွားလာစေချင်ကြမှာပါ။ ဒါပေမဲ့ ကံတရားကတော့ လူတိုင်းကို ကိုယ်ထင်မှတ်သလို မျက်နှာသာပေးတတ်သူတော့ မဟုတ်ပါဘူး။ရာဇ်လန်ဟာ ဇနီးဖြစ်သူအလီနာ သားဖြစ်သူဒန်နီရယ်နဲ့အတူ အေးချမ်းတဲ့မိသားစုငယ်လေးတစ်ခုကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ သားဖြစ်သူဒန်နီရယ်ရဲ့ တစ်နေ့တခြား ပုံမှန်မဟုတ်တဲ့အပြုအမူတွေကြောင့် ရာဇ်လန်ရော အလီနာပါ ရင်ပူနေရပါပြီ။ ရာဇ်လန်ကတော့ ယောက်ျားသားပီပီ အဖြစ်အပျက်တွေကို မသိကျိုးကျွန်လုပ်နေပေမဲ့ အလီနာကတော့ သားဖြစ်သူရဲ့အခြေအနေကို ရိပ်စားမိပြီး ရတက်မအေးဖြစ်နေတာပေါ့။အလီနာတစ်ယောက် ခင်ပွန်းဖြစ်သူမသိအောင် ကွာလာလမ်ပူမှာရှိတဲ့ ညီမဖြစ်သူရဲ့အကူအညီနဲ့ ကလေးအထူးကုနဲ့ပြကြည့်တဲ့အခါမှာ ဒန်နီရယ်တစ်ယောက် အော်တစ်ဇင်ဖြစ်နေကြောင်း သိသွားရတဲ့အခါမှာတော့...သားဖြစ်သူကို မျှော်မှန်းချက်ကြီးမားခဲ့တဲ့အဖေပီပီ ရာဇ်လန်တစ်ယောက် ဒန်နီရယ်ရဲ့အခြေအနေကို အကြောက်အကန် ငြင်းဆန်နေရရင်းနဲ့ ရုတ်တရက် အလီနာဆုံးသွားတဲ့အခါ သူတို့ဘယ်လိုရှေ့ဆက်ကြမလဲ။ ဘယ်အရာကရော ရာဇ်လန်ကို အခြေအနေတွေကို လက်ခံသွားစေတာလဲ။ မသန်စွမ်းဖြစ်နေတဲ့သားဖြစ်သူရဲ့ အနာဂတ်ခရီးမှာ အဆင်ပြေစေဖို့ ဖခင်တစ်ယောက်အနေနဲ့ သူဘယ်လိုကြိုးစားသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူတွေအတွက် လက်တွေ့ဘဝနဲ့ဆက်စပ်တဲ့ အတွေးအမြင်တစ်ခုရသွားစေမှာ အသေအချာပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Drama, ...
movie

Beautiful Pain (2016)

2016
Kamu Tidak Sendiri (2022) 5.2
Kamu Tidak Sendiri (2022) Kamu Tidek Sendiri (2022)-အင်ဒိုနီးရှားဇာတ်ကားထဲမှာ ဒီကားသဘောအကျဆုံးပဲ ။ အင်ဒိုနီးရှားနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် အထူးသဖြင့် ငလျင်၊ ဒါတွေကြောင့် လူတွေထိခိုက်သေဆုံးရတာတွေ ၊ အပျက်အစီးအောက်မှာ ပိတ်မိနေတဲ့သူတွေ ခံစားရတာတွေ ၊ ကိုယ်ချစ်တဲ့သူ တန်ဖိုးထားရတဲ့သူတွေကို မေ့လျော့ပစ်ပယ်မထားသင့်ဘူးဆိုတာတွေ၊ စတာစတာတွေကို အရိုးရှင်းဆုံး ဘာလှည့်ကွက် ဘာဝှက်ကွက်မှမပါပဲ ရိုက်ပြထားတာပါ။ဇာတ်လမ်းက ဓာတ်လှေကားမှာ စပြီးတော့ ဓာတ်လှေကားမှာပဲ ဆုံးသွားတာပါ။ မင်းသားကြီး Ryan Reynolds ရဲ့ Burn ကိုတောင် သွားသတိရမိတယ် အဲ့လောက်တော့ မမွန်းကျပ်ဘူးပေါ့လေ။-ဇာတ်အိမ်ကတော့ မင်းသမီးက ကုမ္ပဏီမှာ အထက်လူကြီးတစ်ယောက်၊မသိတဲ့သူကိုစကားပြောဖို့ဝန်လေးသူ ။ အပေါက်ဆိုးတယ် ဆက်ဆံရေးမကောင်းဘူးလို့ သတ်မှတ်ခံထားရတဲ့သူ။ တစ်နေ့ မနက်ဖြန်အမှီအလုပ်အပြီးသတ်ရမှာဆိုတော့ ညနက်မှအလုပ်ကဆင်းမယ့်အချိန် ဓာတ်လှေကားကနေအဆင်း တစ်လွှာတည်းအလုပ်လုပ်ကြတဲ့ကောင်လေးနဲ့ကြုံ ဓာတ်လှေကားစီးနေတုန်း ငလျင်လှုပ်ရာ ကြုံရဆုံရ လူ့ဘဝကို ဘယ်လိုတွေ ဖြတ်သန်းခဲ့ကြလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Drama, Thrillee Quality…. 1080p | 720p | ...
movie

Kamu Tidak Sendiri (2022)

2022
The Twelve Stories of Glen Anggara (2023) 7.1
The Twelve Stories of Glen Anggara (2023) The Twelve Stories of Glen Anggara (2023)ဒါလေးကတော့ မနှစ်ကမှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့ အင်ဒိုနီးရှားကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ နာမည်လေးက The Twelve Stories of Glen Anggaraတဲ့။ ဒီကားလေးက Romance/Drama အမျိုးအစားလေးဖြစ်ပြီး ရုပ်ရှင်ရဲ့ Dialogue တွေက တကယ့်ကိုရင်ထဲထိပါတယ်။IMDbမှာဆိုရင်လည်း 7.1/10 တောင်ရရှိထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ အသက်ရှင်ဖို့အချိန်သိပ်မကျန်တော့တဲ့ ရှန်နာ့ရဲ့ ​မသေခင်လုပ်သွားချင်တဲ့ ဆန္ဒဆယ့်နှစ်ခုကို သူ့ရဲ့ ချစ်သူကောင်လေး ဂလန်က ရအောင်လိုက်ပြီး ဖြည့်ဆည်းပေးတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီ ဆန္ဒဆယ့်နှစ်ခုက ဘာတွေဖြစ်မလဲ။ နောက်ပြီး ဂလန်ကရော ရှန်နာ့ရဲ့ ဆန္ဒတွေအကုန် ပြည့်ဝအောင်လုပ်ပေးနိုင်မလားဆိုတာကို ပျော်ရွှင်ဖွယ်ကောင်းစွာကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။အညွန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File size… 1.4GB | 768MB | 384MB Format… mp4 Duration…. ...
movie

The Twelve Stories of Glen Anggara (2023)

2023
The Whale (2022) 7.9
The Whale (2022) The Whale (2022)~ IMDb - 7.9/10, RT - 65%, Meta - 60% ~Directed By "Darren Aronofsky"ဖြစ်စေချင်ဝာာကတော့ ဘာမှဆက်ဖတ်မနေပါနဲ့။ ဒီတိုင်းသာ ကောက်ကြည့်လိုက်ပါ။ ပေါင်၆၀၀လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ "ဝေလငါး ( သို့ ) ဝမ်းနည်းခြင်းအက်ဆေး"ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်လို့ စကားဦးပျိုးလိုက်ရင် မှန်ပါ့မလား။ ဟင့်အင်း... မမှန်တာ သေချာတယ်။ ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်ထင်ရပေမဲ့ တကယ်တမ်းကျ လူဝကြီးက ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ လူဝကြီးအကြောင်းပြောပြရရင် လူဝကြီးက အလေးချိန် ပေါင်၆၀၀ရှိတယ်။ ဇနီးဟောင်းတစ်ယောက်၊ သမီးတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ရှိတယ်။ လူဝကြီးမှာ ကောင်လေးတစ်ယောက်ရှိခဲ့ပေမဲ့ အခုတော့ မရှိတော့ဘူး။ လူဝကြီးစကားအရတော့ အဲဒါကြောင့်ပဲ သူ့ကိုယ်အလေးချိန် တက်လာခဲ့တယ်တဲ့။ လူဝကြီးရဲ့ အ၀လွန်နေတဲ့ကိုယ်ပေါ်မှာ ဖက်ခွက်နာ၊ ...
movie

The Whale (2022)

2022
Chasing Mavericks(2012) 7.1
Chasing Mavericks(2012) Chasing Mavericks(2012)************************လှိုင်းကြီးလှေအောက် တောင်ကြီးဖဝါးအောက် စကားဟာ လူသားတွေရဲ့ အားမာန်ကိုပြသတဲ့စကား ဖြစ်ပါတယ်။ဒါပေမယ့် ဒီစကားဟာ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ဘက်ကမ်းခြေက မားဗရစ်ခ်(Mavericks) လှိုင်းလုံးကြီးတွေကိုစီးနင်းဖို့ ကြိုးစားတဲ့ လှိုင်းစီးသမားတွေအတွက် အမြဲတမ်းမမှန်ကန်ပါဘူး။ဂျေးမော်ရီယာတီ ဟာ ဖခင်ရဲ့ စွန့်ပစ်မှုကြောင့် သောကရောက်နေတဲ့ မိခင်နဲ့ အတူနေထိုင်သူဖြစ်ပြီးရေလွှာလှိုင်းစီးရတာကို ကလေး ကတည်းက နှစ်သက်သူဖြစ်ပါတယ်။ တစ်ရက်မှာ သူရဲ့အိုင်ဒေါဖြစ်တဲ့လှိုင်းစီးသမား ဖရော့စ်တီတို့ လှိုင်းစီးသွားတာ လိုက်ချောင်းရင်း ဧရာမကြီးမားတဲ့ မားဗရစ်ခ်ရေလှိုင်းတွေကိုဖရော့စ်တီစီးလေ့ရှိတာကို သိသွားပါတယ်။ ဒါနဲ့ပဲ ဖရော့စ်တီ့ဆီမှာ အပူကပ်ပြီး သူ့ကို မားဗရစ်ခ်ရေလှိုင်းကိုစီးနိုင်တဲ့အထိသင်ပေးဖို့ ပူဆာပါတော့တယ်။ တစ်ဖက်မှာ လည်း ဖရော့စ်တီဟာ သူ့မိန်းမဖြစ်သူကိုအန္တရာယ်ရှိတဲ့ရေလှိုင်းတွေ ထပ်မစီးတော့ဘူးလို့ ကတိပေးထားပြီးသား ဖြစ်နေပါတယ်။ဂျေးမော်ရီယာတီကတော့ ဘယ်လိုဖြစ်နေနေ မားဗရစ်ခ်ရေလှိုင်းတွေကို စီးဖို့ စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်ပါတယ်။မားဗရစ်ခ်ရေလှိုင်းတွေကို သူတကယ်စီးနင်းနိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေ သူရင်ဆိုင်ခဲ့ရလဲ၊သူဖြစ်ချင်တဲ့ရေလွှာလှိုင်းစီးသမားဘဝကို လွယ်လွယ်ကူကူတက်လှမ်းနိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုရမှာပါ။ ဒီဇာတ်ကားဟာ ရေလွှာလှိုင်းစီးသမား ဂျေးမော်ရီယာတီ(Jay Moriarity)ရဲ့ အတ္ထုပ္ပတ္တိဖြစ်ပါတယ်။သူ့ဘဝအနိမ့်အမြင့်၊ အတက်အကျနဲ့ အချစ်ရေးကိစ္စတွေကို ...
movie

Chasing Mavericks(2012)

Harry Brown(2009) 7.2
Harry Brown(2009) Harry Brown (2009)================တော်ဝင်ရေတပ်သားဟောင်းကြီး ဟယ်ရီဘရောင်းဟာ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အထီးကျန်လှတဲ့ဘဝကို ပင်စင်ယူထားတဲ့ သူငယ်ချင်းလီယိုနာ့အက်ဝယ်လ်နဲ့ပဲ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ဟယ်ရီတို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာလည်း အရမ်းသောင်းကျန်းပြီး ဆိုးသွမ်းတဲ့ လူငယ်လေးတွေအုပ်စုရှိပါတယ်။ လူ့အသက်တွေကို ကစားစရာလိုသတ်မှတ်ပြီး သေနတ်တစ်လက်နဲ့ ဆေးမူးပြီးလုပ်ချင်တာလုပ် ထင်ရာစိုင်းနေတဲ့လူငယ်လေးတွေပါ။ ဒီလိုမျိုး ပြဿနာပဲရှာချင်နေတဲ့ ကောင်လေးတွေက ပင်စင်စားဖြစ်ပြီး အင်အားနည်းတဲ့ မစ္စတာအက်ဝယ်လ်ကိုလည်း အနိုင်ကျင့်နှောင့်ယှက်ကြပါတယ်။ တစ်ရက်မှာတော့ ဟယ်ရီဆီကို စုံထောက်နဲ့ စုံစမ်းရေးအရာရှိတို့က မိတ်ဆွေမစ္စတာအက်ဝယ်လ်သေဆုံးသွားကြောင်းလာအကြောင်းကြားပါတယ်။ ဟယ်ရီတစ်ယောက် တစ်ဦးတည်းသောမိတ်ဆွေကိုဆုံးရှုံးလိုက်ရတဲ့အချိန်ကနေစပြီး ဘယ်လိုတွေပြောင်းလဲမလဲ.. မိတ်ဆွေအတွက်ရော ရေတပ်သားဟောင်းကြီးအနေနဲ့ ဘယ်လိုအကွက်ကျကျလက်တုံ့ပြန်မလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်… File size…0.99GB / 330.9MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 43m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kyawt Kay Zin
movie

Harry Brown(2009)

Rimini (2022) 7
Rimini (2022) Rimini (2022)~ IMDb - 7/10, RT - 94%, Meta - 81% ~အခုမိတ်ဆက်ပေးမှာကတော့ မနှစ်က ထွက်ခဲ့တဲ့ ဩစတြေးလျကားသစ်လေးတစ်ကားပါ။ ရီမီနီဆိုတာ အီတလီနိုင်ငံက မြို့တစ်မြို့ပေမယ့် ဩစတြေးလျပေါ့ပ်အဆိုတော်ကြီးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီး အီတလီ၊ ရိုမေးနီးယား၊ ဂျာမနီ၊ ဩစတြေးလျတို့မှာ ရိုက်ထားတာပါ။ရီချီဘရာဗိုလို့ ခေါ်တဲ့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ ပေါ့ပ်စတားတစ်ဦးဟာ မှေးမှိန်သွားပြီဖြစ်တဲ့ သူ့အောင်မြင်မှုလေးတွေ လိုက်လံဖမ်းဆုပ်ရင်း သူ့သီချင်းတစ်ချို့ ခေတ်စားနေသေးတဲ့ အီတလီနိုင်ငံ ရီမီနီမြို့မှာ အခြေချဖြစ်ပါတယ်။ ဘဝကို အနိမ့်တကာ့အနိမ့်ဆုံးထိ ကိုယ်တိုင်ထိုးဆင်းပြီး အရက်၊ ဆေးလိပ်၊ (အထူးသဖြင့်) မိန်းမ အပျော်အပါးမှန်သမျှ အကုန်ချပြီး လူမဝင်သလောက်နီးပါး ရုံလေးတွေမှာ ဖျော်ဖြေရင်း မဖြစ်စလောက် ဝင်ငွေလေးနဲ့ ရပ်တည်နေပါတယ်။ဒီလိုမျိုး ဘဝကို စိတ်ကြိုက်ဖြုန်းတီးပြီး ဖြစ်သလိုနေထိုင်နေတဲ့ ရီချီ့ဘဝထဲကို ငယ်ငယ်လေးကတည်းက သူပစ်ထားခဲ့တဲ့ သမီးဖြစ်သူရောက်လာပြီး သူရထိုက်တဲ့ ...
movie

Rimini (2022)

2022
A Family Man (2016) 7
A Family Man (2016) A Family Man (2016)********************အဓိကဇာတ်ဆောင်အဖြစ် မင်းသားကြီး Gerard Butler ကသရုပ်ဆောင်ထားပြီးWilliam Dafoe၊ Alfred Molina၊ Alison Brie၊ Gretchen Molစတဲ့ ပရိသတ်နဲ့ရင်းနီးပြီးသားသရုပ်ဆောင်တွေချည်းပါပဲ။ဇာတ်လမ်းလေးကတော့Head-hunter ဆိုတာ ကုမ္ပဏီတွေအတွက်လူသစ်ရှာဖွေရေးဝန်ဆောင်မှုလုပ်ရင်း အလုပ်ဖြစ်ရင်၊ပွဲဖြစ်ရင် ကုမ္ပဏီဘက်ကနေ ဝန်ဆောင်ခရတဲ့ အလုပ်ကိုမျိုးကို ပွဲစားလိုလုပ်တဲ့ အလုပ်ပွဲစားတွေပေါ့။အလုပ်လုပ်ဖို့ကလည်း စားပွဲတစ်လုံး ဖုန်းတစ်လုံး ထိုင်ခုံတစ်ခု လူတစ်ယောက်ပဲ လိုပါတယ်။ကလိမ်ကကျစ်ကျတတ်ဖို့၊ ကွက်ကျော်ရိုက်တတ်ဖို့ ၊လိမ်လည်တတ်ဖို့ကတော့ အဆစ်ပေါ့ဗျာ။သူဌေးဖြစ်သူကိုယ်တိုင်က အလုပ်မဖြစ်တဲ့ အလုပ်ပွဲစားတွေကို အလုပ်ဖြုတ်တဲ့စနစ်၊ရာထူးတိုးချင်ရင်လည်း လအလိုက်အပြိုင်အဆိုင် ငွေရှာခိုင်း၊ နိုင်တဲ့သူမှ ရာထူးတိုးပေးတဲ့စနစ်ကိုပဲသွေးအေးအေးကျင့်သုံးတဲ့သူပေါ့။ဘယ်လောက်တောင်ဆိုးလဲဆိုရင် အလုပ်ထွက်သွားတဲ့သူတွေ သူ့ကိုပြန်မတုနိုင်အောင်မယှဥ်ပြိုင်ရသဘောတူညီချက်(non-compete aggreement)တွေထားပြီးကိုယ့်ဆီကအလုပ်ထွက်သွားရင်တောင် ဒီအလုပ်လုပ်လို့မရအောင် ခေါင်းပုံဖြတ်ထားသတဲ့။ဒီအလုပ်ကိုပိုင်နိုင်ကျွမ်းကျင်သလို အရမ်းလည်းအလုပ်ကြိုးစားတဲ့ David Jensenတစ်ယောက်အလုပ်ကိုပဲ မဲလုပ်နေတော့ မိသားစုအပေါ်လစ်လပ်လာတာတွေ၊ သားသမီးကိုဂရုမစိုက်မိတာတွေဖြစ်လာတယ်။ ပိုကံဆိုးချင်တော့ သားဖြစ်သူက သွေးကင်ဆာ ဖြစ်ပြီး သေမလားရှင်မလားဖြစ်အလာ၊အလုပ်ကလည်း အပြိုင်အဆိုင်ဆိုတော့ Dane တစ်ယောက် ဘာ‌တွေဘယ်လို့ရှေ့ဆက်မလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ File Size ...
movie

A Family Man (2016)

2016
The Last Coffee(2023) 6.9
The Last Coffee(2023) The Last Coffee (2023) IMDb 6.7/10နာမည်လေးကိုကနောက်ဆုံးကော်ဖီတစ်ခွက်တဲ့ ‌ကြည့်ရင်းနဲ့ သင်ခန်းစာယူစရာတွေနဲ့ အတွေးတစ်ခုခုရနိုင်မဲ့ဇာတ်ကားမျိုးပါ ဘဝမှာပြန်ပြင်လို့မရတဲ့အမှားတွေလုပ်ဖူးကြမှာပေါ့ ဒီထဲမှာအိမ်ထောင်ရေးလည်းပါဝင်မှာပါဒီကားမှာဆိုရင်တော့ သိပ်ချစ်ကြတဲ့လင်မယား၂ယောက် ရီဟန်နဲ့ အီရမ်တဲ့ ရီဟန်ကအိမ်ထောင်ကွဲပေမဲ့ အရာရာနားလည်ပေးပြီးလက်ထပ်ပေးခဲ့တဲ့အီရမ်...ပြဿနာတစ်ခုကြောင့် ကွာရှင်းရမဲ့အထိဖြစ်လာတဲ့အခါ ဘယ်သူမှားမလဲဘယ်သူမှန်မလဲ အိမ်ထောင်ရေးတစ်ခုမှာယုံကြည်မှုက အဓိကမဏိုင်ဖြစ်ပြီး တစ်ဖက်လူကိုမယုံကြည်နိုင်တော့ရင်တောင်မှ ပြဿနာကိုအဆုံးထိနားထောင်ပြီးမှ အိမ်ထောင်တစ်ခုကိုအဆုံးသတ်ကြဖို့ လွယ်လွယ်နဲ့လက်မလျော့ကြဖို့မီးမောင်းထိုးပြထားတဲ့ကားပဲဖြစ်ပါတယ် File size…855MB / 422MB Quality…1080p Zee5 WEB DL / 720p Format…mp4 Duration….1h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

The Last Coffee(2023)

2023
[18+]Sibyl(2019) 6.7
[18+]Sibyl(2019) [18+]Sibyl(2019)***************ပြင်သစ်ကားပီပီ အကြမ်းပတမ်း အိပ်ရာခန်းတွေပါတာမို့ မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်း...စီဘီလ်ဆိုတဲ့ စိတ်ရောဂါကု ဆရာဝန်တယောက်ဟာ သူသဘောအကျရဆုံး စာရေးတဲ့အလုပ်ကိုလုပ်ဖို့ဆရာဝန်အလုပ်ကို စွန့်လွှတ်လိုက်ပါတယ်။ တနေ့မှာတော့ မားဂေါ့ဆိုတဲ့ မင်းသမီးတလက်ဟာ သူ့ဆီကဆေးကုသမှု ခံယူဖို့ ရောက်လာပါတော့တယ်။ လူနာတွေ ထပ်မကြည့်တော့တဲ့ စီဘီလ်တယောက် မားဂေါ့ကို လူနာအဖြစ်လက်ခံပြီးမားဂေါ့ဘဝထဲကို တစနဲ့တစ ဝင်ရောက်လာပါတော့တယ်။စာရေးဖို့ ဇာတ်လမ်းရှာနေတဲ့စီဘီလ်တယောက် မားဂေါ့ရဲ့ ဘဝအကြောင်းကို အခြေခံပြီး ဘယ်လိုဝတ္ထုတွေ ဖန်တီးမလဲ မားဂေါ့ကရော ဘယ်လိုပြသနာတွေနဲ့ရင်ဆိုင်နေရလို့ စီဘီလ်ဆီရောက်လာရတာလဲဆိုတာကို ကြည့်ကြရမှာပါFile Size :(1.5 GB) and (618 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:40:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Ko Myo Encoded by SD
movie

[18+]Sibyl(2019)

Samsara (2001) 7.7
Samsara (2001) Samsara (2001)~ IMDb - 7.7/10, Rotten Tomatoes - 100% ~Directed By " Pan Nalin "ကားနာမည်ကိုက သံသရာဆိုတော့ သိတော့သိသာပါတယ်။ ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အတိအကျဆို တိဘက်ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အဓိကဇာတ်လိုက်က တိဘက်က ကိုယ်တော်တစ်ပါး။ ထူးတာက ဇာတ်ကတော့ ဒီကိုယ်တော်ကိုပဲ တည်ထားပေမဲ့ အဲဒီကိုယ်တော်ကို သိဒ္ဓတ္ထမင်းသားရဲ့ ပုံစံငယ်လိုလိုသဘောမျိုးနဲ့ပြသွားတယ်။ ပုံစံငယ်လို့ပြောရတာလည်း သိပ်တော့မဟုတ်သေးဘူး။ ပြောရရင် သိဒ္ဓတ္ထမင်းသားနဲ့ ခပ်ဆင်ဆင်အဖြစ်မျိုးတွေ ဒီကိုယ်တော်ဘဝထဲ သွတ်သွင်းပြီး ပြသွားတယ်ပေါ့။ ဒီတစ်ကားလုံးရဲ့ Main Plot ဟာလည်း ဒီကိုယ်တော်ရဲ့ သံသရာကလွတ်မြောက်ရာရှာခြင်းခေါ်မလား၊ ဉာဏ်အလင်းရှာခြင်းခေါ်မလား၊ အာသဝက္ခယဉာဏ်ကို ရှာတယ်ခေါ်မလား၊ အဲဒီအရာကို ရှာတဲ့ အကြောင်းအရာပဲ။" ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ "ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ...
movie

Samsara (2001)

2001
Thankam(2023) 7.2
Thankam(2023) Thankam (2023)2023 ခုနှစ်ထွက် မှုခင်းဒရမ်မာ ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေအဓိကပါဝင်ထားပြီး IMDb rating မှာ 7.2/10 အထိရရှိထားပါတယ်။အိန္ဒိယရဲ့ ရွှေမြို့တော်လို့ တင်စားခံရတဲ့ ထရီဆူးမြို့က ရွှေကုန်သည်သူငယ်ချင်းသုံးယောက် မူတူး ၊ ကန်နန် နဲ့ ဘီဂျွိုင်း...ဇာတ်လမ်းကတော့ မွန်ဘိုင်းကို သုံးယောက်သားရွှေအရောင်းအ၀ယ်လုပ်ဖို့သွားရာကနေ ပြဿနာတစ်ခုခုပြီးတစ်ခုစဖြစ်ပါတော့တယ်။အိတ်ဖောင်းရင်စိတ်ပြောင်းတတ်တဲ့ လူတွေရဲ့အချိုးဟာ ကြောက်ဖို့ကောင်းလှပါတယ်။ တစ်နေ့မှာတော့ ကန်နန်ဟာရွှေအိတ်တွေကိုယူပြီး ပျောက်ချင်းမလှပျောက်သွားတဲ့အခါ သူငယ်ချင်းတွေဟာ အချင်းချင်းသံသယ၀င်ကုန်ပါတော့တယ်။ဒီလိုနဲ့အမှုက ကြီးထွားလာပြီး ရဲတွေနဲ့ပါပတ်သက်လာတဲ့အခါ...ကန်နန်က သူငယ်ချင်းတွေကိုတကယ်သစ္စာဖောက်သွားတာလား...အမှုမှန်ကိုဘယ်လိုဖော်ထုတ်ကြမလဲ....နောက်ကွယ်ကအကြောင်းအရင်းကရော ဘာဖြစ်မလဲဆိုတာ စိတ်၀င်စားဖွယ် ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…1.9GB / 800MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Nyein Aye
movie

Thankam(2023)

2023
The Ghost and the Darkness (1996) 6.8
The Ghost and the Darkness (1996) 90 born တွေဆို ငယ်ဘဝတုန်းက လူသားတွေနဲ့ ခြင်္သေ့တွေ အသဲတယားယား ဘတပြန်ကျားတပြန် တိုက်ခိုက်ခဲ့တာကို မှတ်မိကြမယ်ထင်ပါတယ်။ ဇာတ်လမ်းအကြောင်းမပြောခင် ဒီဖြစ်ရပ်ကြီးက အပြင်လောကမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဆိုတာ ပြောပြချင်ပါတယ်... ဇာတ်လမ်းကတော့ လန်ဒန်က တံတားအင်ဂျင်နီယာ ကယ်နယ်တစ်ယောက်ကို အာဖရိကတိုက် ဆာဗိုဆိုတဲ့နေရာမှာ ငါးလအတွင်း တံတားတစ်ခု အပြီးဆောက်ခိုင်းတာပါ။ ဒါပေမဲ့ ကာနယ်ရောက်သွားတဲ့အချိန်မှာ အခက်အခဲပေါင်းစုံ ကြုံတွေ့ရပါတော့တယ် အလုပ်သမားအချင်းချင်း မတည့်တာမျိုး ဆေးရုံကောင်းကောင်းမရှိတာမျိုး စသဖြင့်ပေါ့၊ ဒါပေမဲ့ တကယ်ပြဿနာကြီးကတော့ ခြင်္သေ့တွေ လူလာလာဆွဲတဲ့ကိစ္စပါ။ ပထမပိုင်းတော့ ကာနယ်တစ်ယောက် အပင်ပေါ်ကနေ တစ်ကောင်သတ်ပေးလိုက်တော့ အလုပ်သမားတွေလည်း ပျော်ရွှင်၊ သူလည်း သူရဲကောင်းဖြစ် တံတားထိုးတာလည်း အဆင်ပြေပြေနဲ့ပေါ့၊ နောက်ပိုင်းကျတော့ ခြင်္သေ့တွေက ပိုအတင့်ရဲလာ လူတွေပိုသတ်လာပြီး တံတားလည်းမဆောက်နိုင် ခြင်္သေ့လည်းမသတ်နိုင်နဲ့ ဒုက္ခတွေရောက်လာတဲ့အချိန် အာဖရိကလူမျိုးစုတွေနဲ့အတူ အမဲလိုက်တတ်တဲ့ နာမည်ကျော်မုဆိုးတစ်ယောက် ရောက်ရှိလာခဲ့ပါတော့တယ်။ အဲဒီမှာ ဆိုးသွမ်းနေတဲ့ခြင်္သေ့တွေကို ...
movie

The Ghost and the Darkness (1996)

Sling Blade (1996) 8.0
Sling Blade (1996) 1996မှာထွက်ရှိခဲ့တဲ့ sling bladeဟာ imdb 8/10 ရရှိထားတဲ့အပြင် rotten tomatoes မှာ 97%အထိရရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Billy bob Thornton ဟာ ကိုယ်တိုင် သရုပ်ဆောင်ပြီး ကိုယ်တိုင်ဒါရိုက်တာ လုပ်ခဲ့တဲ့အပြင် ကိုယ်တိုင် ဇာတ်ညွှန်းရေးခဲ့တဲ့ကားလည်းဖြစ်ပါတယ်။ သူဟာ ဒီဇာတ်ကားနဲ့ပဲ 1997 Academy awards မှာ အကောင်းဆုံး ဇာတ်ညွှန်းဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ဇာတ်လမ်း ကတော့ ကားလ် ချိူင်းလ်ဒါဆိုတဲ့လူတစ်ယောက်ဟာ ငယ်ကလေးဘဝကတည်း သူ့အမေနဲ့ သူ့အမေရဲ့ချစ်သူကိုသတ်ခဲ့လို့ ဆေးရုံတင်ထားခဲ့ရတယ်။သူဟာဆေးရုံကနေလွတ်လာပြီး သူမွေးဖွားခဲ့တဲ့ မြို့ငယ်လေးမှာ ပဲနောက်ဘဝအသစ်ကို စဖို့ကြိုးစားခဲ့တယ် ဒါပေမယ့် သိပ်မကြာခဲ့ဘူး သူဟာ သူရဲ့အတိတ်ကဖြစ်ရပ်ပုံစံမျိုး တစ်ဖန် ထပ်မံပြန်ရောက်လာတဲ့ အဖြစ်အပျက်ကို သူဘယ်လိုရင်ဆိုင်လဲဆိုတဲ့ အကြောင်း ဇာတ်ညွန်းကောင်းကောင်းနဲ့ ရိုက်ကူးထားတဲ့ Drama indie ကားလေးတစ်ကားဖြစ်ပါတယ်။File size…(3.5GB)  / (1.38GB) / (599.43MB) Quality…. ...
movie

Sling Blade (1996)

Fly Away Home (1996) 6.9
Fly Away Home (1996) အေမီ အော်လ်ဒန်ဟာ မိခင်ဖြစ်သူကိုမတော်တဆမှုမှာဆုံးရှုံးခဲ့ရပြီးနောက် ကွာရှင်းထားတဲ့ဖခင်ဖြစ်သူ သောမတ် အော်လ်ဒန်နဲ့ကနေဒါမှာလိုက်နေရဖို့အကြောင်းဖန်လာခဲ့ပါတယ်။ တနေ့မှာသူမရဲ့အိမ်ဘေးစိမ့်တောထဲမှ ကနေဒါဘဲငန်းဥလေးတွေကိုဖျက်စီးခံရမယ့်အရေးကနေကယ်တင်ခဲ့တာကနေဖခင်ဖြစ်သူနဲ့အတူ သူတို့ကိုကြီးပြင်းတဲ့အထိမွေးမြူဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ကနေဒါဘဲငန်းတွေဟာရွှေ့ပြောင်းကျက်စားတဲ့မျိုးနွယ်ဖြစ်သည့်အတွက် ဆောင်းရာသီမှာတောင်ဘက်ကိုဆင်းဖို့လိုအပ်လာခဲ့ပါပြီ။အေမီအတွက်ကတော့မိုင်500ကျော် ခရီးရှည်ကြီးကိုဖခင်ဖြစ်သူနဲ့အတူ အသေးစားလေယာဉ်နှစ်စီးနဲ့ဒီဘဲငန်းတွေကိုဘေးမသီရအောင်လမ်းပြဖို့လိုအပ်လာခဲ့ပါတယ်။ အေမီတို့ရဲ့ ခရီးမစခင် အခက်အခဲတွေ လမ်းတလျှောက်ကအတွေ့အကြုံတွေနဲ့ အေမီနဲ့သူ့ဖခင် ဒီဘဲငန်းလေးတွေအကြားကချစ်ခြင်းမေတ္တာတွေကိုရှုစားကြရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ဤဇာတ်လမ်းမှာဖန်တီးမှုသာဖြစ်သော်လည်း ဘဲငန်းများကို လေယာဉ်အပေါ့စားများနှင့်စားကျက်သို့လမ်းပြခဲ့ခြင်းမှာ အစစ်အမှန်ကြိုးစားအောင်မြင်ခဲ့သည့်ဖြစ်ရပ်ဖြစ်ပါသည်။ File size…(1.91GB)  / (1.38GB) / (639MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:47:00 Genre...Adventure / Drama / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Brackman
movie

Fly Away Home (1996)

Dos Estaciones (2022) 6.3
Dos Estaciones (2022) Dos Estaciones (2022)~ IMDb - 6.3/10, Rotten Tomatoes - 85% ~မက္ကဆီကန်ဒါရိုက်တာ Juan Pablo ရိုက်တဲ့ ဒီရုပ်ရှင်ဟာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေရထားတဲ့ကားဖြစ်ပြီး မက္ကဆီကန်က တက်ကွီလာလုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်ရဲ့ လုပ်ငန်းအကြောင်း ဘဝအကြောင်းတွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ ဇာတ်ဟာ အချိန်ထက်စာရင် ဇာတ်အိမ်တော်တော်ကျဉ်းတယ်လို့ ပြောရမယ့်ဇာတ်ပေမဲ့ ဒါရိုက်တာဟာ သူပြချင်တာကိုတော့ သူအရပြသွားခဲ့ပါတယ်။ လူတွေအကြောင်းနည်းနည်း နေရာအကြောင်းနည်းနည်းနဲ့ နိုင်ငံခြားလုပ်ငန်းရှင်တွေ သူများပြည်ထဲ ချဉ်းနင်းဝင်ရောက်ပြီး အမြတ်ထုတ်ဖို့ကြိုးစားရာက ဒေသခံလုပ်ငန်းရှင်တွေ အခက်အခဲရင်ဆိုင်ရပုံတွေကိုလည်း တည့်တိုးတော့မဟုတ်ပေမဲ့ တော်တော်လေး မြင်သာထင်သာရှိအောင်တော့ ပြသွားပါတယ်။ဒီရုပ်ရှင်ရဲ့ထူးခြားချက်ကတော့ ဒီရုပ်ရှင်ဟာ ခင်ဗျားကို ခင်ဗျားသိတောင်မသိတဲ့ နေရာတစ်နေရာကို မိတ်ဆက်ပေးပြီး အဲဒီကလူတွေ သူတို့ရဲ့ဒုက္ခတွေကို မိတ်ဆက်ပေးပေမဲ့ အဲဒီဒုက္ခတွေကို အတုံးလိုက်အတစ်လိုက် ပြတာမဟုတ်ဘဲ ဖော့ဖော့လေးပြသွားရင်း စူးစူးနစ်နစ်ဝင်စေတဲ့ အချက်ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ကာရိုက်တာတွေကိုမြင်ရပါလိမ့်မယ်။ ...
movie

Dos Estaciones (2022)

2022
November (2022) 6.9
November (2022) November (2022) ============= IMDb Rating - 6.9/10၂၀၁၅ နိုဝင်ဘာသောကြာနေ့မှာပြင်သစ်နိုင်ငံ ပါရီမြို့တော် တစ်ဝှမ်းအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီး လူပေါင်း ရာချီသေဆုံးခဲ့ရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေဟာ ပြင်သစ်နိုင်ငံအတွက် ဒုတိယကမ္ ဘာစစ်ပြီးတဲ့နောက် အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်ခဲ့သလို၊ EU အတွက်လည်း ၂၀၀၄ မှာဖြစ်ပွားခဲ့တဲ့ မက်ဒရစ်ရထား ဗုံးဖောက်ခွဲမှုအပြီး လူသေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ အဲ့ဒီဖြစ်ရပ်နောက်ကွယ်က လက်သည် တရားခံတွေကိုစုံစမ်းဖော်ထုတ်ကြတဲ့ ပြင်သစ်အကြမ်းဖက် တိုက်ဖျက်ရေးဌာနရဲ့ ငါးရက်တာကာလ လှုပ်ရှားရုန်းကန်ကြိုး စားမှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ရုံတင်ဝင်ငွေကြမ်းသလို ဝေဖန်ရေးဆရာတွေရဲ့မှတ်ချက်ကောင်းတွေကိုလဲရရှိထားပြီး လာမယ့် César Awards အတွက်လည်း ဆန်ကာတင် ခုနှစ်ဆု ထိဝင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ဖြစ်ရပ်မှန် မှုခင်းကြိုက်ပရိသတ်တွေအနေနဲ့လက်လွတ်မခံသင့်တဲ့ ဇာတ် ကားတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.36 GB) / (555 MB) / (313 MB) Quality............Blu-Ray 1080p / 720p / 480P Duration.........1Hr 40Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Thriller Translator.......Alias Encoder..........SWM
movie

November (2022)

2022
Grand Central(2013) 6.7
Grand Central(2013) Grand Central(2013)*******************Blue Is the Warmest Colour နဲ့လူသိများခဲ့တဲ့မင်းသမီး Léa Seydoux အချစ်ရိုမန့်ကားလေးဖြစ်ပါတယ်.အလုပ်လက်မဲ့ဖြစ်နေတဲ့ ဂါအီဟာ ပြင်သစ်နိုင်ငံရဲ့ နူကလိယလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာအလုပ်လျှောက်ပါတယ်။ စက်ရုံမှာ training ပေးပြီးတော့မှအလုပ်ကိုဝင်လုပ်ခွင့်ရမှာဖြစ်တဲ့အတွက် လူငယ်တစ်ချို့ကို စီနီယာတစ်ချို့နဲ့တွဲပြီးလေ့ကျင့်ခိုင်းတယ်။ တိုနီနဲ့အခြားစီနီယာတွေက သူတို့ကိုကြီးကြပ်စေပြီးတော့လေ့ကျင့်မှုစမ်းသပ်မှုအောင်မြင်အောင်ကြိုးစားပေးကြတယ်။ နူကလိယစက်ရုံဆိုတာသိတဲ့အတိုင်းပဲ ဓာတ်ရောင်ခြည်သင့်မှုတွေရှိတဲ့အတွက် ဂါအီအစ်မ မာမီကတော့ သူ့ကိုမလုပ်စေချင်ဘူး။ ဒါပေမယ့်လည်း ပိုက်ဆံရတဲ့အတွက် ဂါအီဟာဒီအလုပ်ကိုပဲလုပ်ဖို့ဆုံးဖြတ်ထားတယ်။ စက်ရုံမှာနေနေရင်းနဲ့ တိုနီနဲ့ဇနီးလောင်း ကာရိုးနဲ့ ချစ်မိသွားတယ်။ အဲ့ဒီနောက်မှာတော့..File Size :(1GB) and (398MB) Quality : BLU-RAY720P Format…mp4 Duration…01:34:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Grand Central(2013)