Channel Myanmar

Drama

Re/Member(2022) 6.7
Re/Member(2022) Re/Member(2022)*****************အထက်တန်းကျောင်းသူလေး အဆုက က ကျောင်းမှာဆိုရင် ဘယ်လိုကနေဘယ်လိုအပယ်ခံဘဝရောက်လိုရောက်မှန်းမသိ ရောက်သွားတဲ့ တစ်ခန်းလုံးရဲ့ အပယ်ခံကျောင်းသူလေးပါ....တစ်ညမှာ သူ့ရဲ့ဖုန်းထဲကို "အလောင်းရှာဖွေရေး" ဆိုတဲ့ ကစားပွဲကို ကစားဖိုရွေးချယ်ခံလိုက်ရကြောင်း SMS တွေ တောက်လျှောက်ဝင်လာပါတော့တယ်...အဆုကလည်း ကြောက်ပြီး အိပ်လိုက်ပေမယ့် နိုးလာတော့ သူတိုကျောင်းထဲကဘုရားကျောင်းထဲရောက်နေပြီး သူနဲ့တူတူ သူ့အတန်းဖော်တွေဖြစ်တဲ့ ရှိတာ၊အာဆုရှိ၊ တာကာဟီရို၊ ရူမီကိုနဲ့ အတန်းခေါင်းဆောင်ရီအဲ တိုပါ ကစားပွဲထဲအလိုအလျောက်ရောက်နေကြတာကိုတွေ့လိုက်ရပါတယ်...ကစားပွဲရဲ့နာမည်အတိုင်း အလောင်းတစ်ခုရဲ့အစိတ်အပိုင်းတွေကိုရှာရမှာဖြစ်ပြီး ဘာလိုဒီကစားပွဲဖြစ်လာရသလဲ... သူတိုခြောက်ယောက်ဘာလို အရွေးချယ်ခံရသလဲ... ဒီကစားပွဲကို ဘယ်လိုအနိုင်ကစားရမလဲ ဆိုတာတွေကိုသည်းထိပ်ရင်ဖို ဒရမ်မာလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်.......   File Size :(1.6GB) and (616 MB) Quality :WEB-DL 1080P5.1Ch, 720p Format…mp4 Duration…01:42:00 Genre : Horror , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thynn Encoded by Phyo Pyae
movie

Re/Member(2022)

The Son(2022) 6.7
The Son(2022) The Son(2022)************* Wolverine မင်းသားကြီး Hugh Jackman အဓိကပါဝင်သရုပ်ဆောင်ထားပြီးမိဘ‌တစ်ယောက်ရဲ့ ဘေးကျပ်နံကျပ်အခြေအနေတွေ၊ သားသမီးရဲ့စိတ်အပေါ် မိဘရဲ့အိမ်ထောင်ရေးကအများကြီးသက်ရောက်ကြောင်းဖော်ပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ Peter Millerဟာ အလုပ်နဲ့မအားလပ်တဲ့ဖခင်တစ်ယောက်ဖြစ်ပြီး လောလောလတ်လတ်လေးမှ ဒုတိယဇနီးဖြစ်သူနဲ့ကလေးမွေးထားသူပေါ့။ အရင်ပထမအိမ်ထောင်နဲ့တုန်းကလည်း အသက်17နှစ်အရွယ်သားတစ်ယောက်ကျန်ခဲ့ပြီးမိဘတွေရဲ့ အိမ်ထောင်ရေး အကွဲအပြဲကြောင့် စိတ်ဝေဒနာရနေသူပါ။ တစ်နေ့မှာတော့ ဒီသားဖြစ်သူဟာ ကျောင်းကိုတစ်လလုံး‌ ရောက်မလာကြောင်းကိုယခင်ဇနီးဖြစ်သူဆီကသိလိုက်ရတဲ့အခါမှာတော့.... Peter Miller ကိုယ်တိုင်ကလည်း ဖခင်ဖြစ်သူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးရှိတာမဟုတ်တဲ့အတွက်သားဖြစ်သူအလှည့်ကျ ဖခင်ကောင်းဖြစ်ပေးမယ်ဆိုပြီး ကြိုးစားရင်း....File Size :(1.6GB) and (618 MB) Quality :WEB-DL 1080P5.1Ch, 720p Format…mp4 Duration…02:0300 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

The Son(2022)

Summer Frost (2022) 5.7
Summer Frost (2022) Summer Frost (2022) ================၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Un hiver en été (Summer Frost) လို့ အမည်ရတဲ့ ပြင်သစ်ရုပ်ရှင်ကားတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားကို ဒါရိုက်တာ Laetitia Masson ကိုယ်တိုင်ရေးသားရိုက် ကူးခဲ့ပြီး ဇာတ်လမ်းပုံစံကတော့ Drama ရုပ်ရှင်အမျိုးအစားဖြစ် ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ပြင်သစ်နိုင်ငံရဲ့ နွေရာသီတစ်ခုမှာ ရုတ်တရက်အပူချိန်မညီမျှမှုတွေ ဖြစ်ပေါ်ခဲ့ရာကနေ ပြင်းထန်တဲ့ အအေးလှိုင်းဖြတ်ခြင်းကို ခံစားခဲ့ရပါတယ်။ အအေးဓာတ်က (-10C) အထိကျဆင်းသွားခဲ့ပြီး ရေပိုက်လိုင်းထဲကရေတွေပါ ခဲကုန် ကာ လူတွေရော တိရိစ္ဆာန်တွေပါ အစာရေစာပြတ်လပ်မှု၊ အဆုံး စွန်ထိ အေးခဲမှုတွေကြောင့် အသက်သေဆုံးကြတဲ့အထိ ဖြစ်ကုန် ကြပါတယ်။ တဖြည်းဖြည်းပိုအေးလာတာကြောင့် မကြာခင်မှာပဲ ကမ္ဘာပျက်တော့မယ်ဆိုပြီး သတင်းတွေမှာ ကြေညာနေကြပါတယ်။ ပိုက်ဆံသိပ်ချမ်းသာတဲ့ တချို့လူတွေကတော့ အင်္ဂါဂြိုဟ်ပေါ်မှာ သွားနေနိုင်ဖို့အထိ ပြင်ဆင်နေကြပြီး သာမန်လူတွေမှာတော့ စိတ် ဓာတ်ကျကာ မျှော်လင့်ချက်မဲ့နေကြပါတယ်။ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ဆယ်ယောက်ရဲ့ အထီးကျန်ဝမ်း နည်းမှု စိတ်ပျက်မှုတွေကြောင့် ကမ္ဘာမပျက်ခင် မျှော်လင့်ချက်နဲ့ အချစ်ကိုလိုက်ရှာနေကြတဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဇာတ် ကောင်တစ်ယောက်ချင်းစီရဲ့ စရိုက်၊ ခံယူချက်နဲ့ မျှော်လင့်ချက်အ သီးသီးကို ရောနှောပြသထားပြီး ဇာတ်ရှိန်အတက်အကျနည်းပြီး ခပ်အေးအေးဇာတ်လမ်းလို့ထင်ရပေမယ့် ဇာတ်လမ်းထဲမှာ ...
movie

Summer Frost (2022)

2022
The Inspection (2022) 7.2
The Inspection (2022) The Inspection (2022)~ IMDb - 7.2/10, Rotten Tomatoes - 89% ~ရွှေကမ္ဘာလုံးဆု ဆန်ကာတင်ဝင်ခဲ့တဲ့ ဖြစ်ရပ်မှန် မရိန်းတပ်တွင်း ဒရာမာ ရုပ်ရှင်ဖြစ်ပါတယ်။ဒါရိုက်တာကတော့ မရိန်းတပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး သူ့ရဲ့ ကိုယ်တွေ့ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတာပါပဲ။ အကြောင်းအရာကတော့... လိင်တူချစ်သူတွေကို မုန်းတတ်တဲ့ စိတ်ရောဂါရှိတဲ့ အမေဟာ သူ့ရဲ့သားဖြစ်သူ ဖရန့်ကို အိမ်ကနှင်ချခဲ့တာကြာပါပြီ။ ဖရန့်ဟာ မရိန်းတပ်ထဲကိုဝင်သွားပြီးတော့ သင်တန်းကာလမှာ လိင်တူမုန်းတဲ့လူတွေနဲ့ ကြုံဆုံရပုံ အခက်အခဲတွေကို ပြသထားတာဖြစ်ပါတယ်။အမေရိကန်စစ်တပ်ဟာ လိင်တူတွေနဲ့ပတ်သက်ပြီး မမေးနဲ့မပြောနဲ့ ဆိုတဲ့ တရားဝင်ပေါ်လစီ ရှိပါတယ်။ ၁၉၉၃ လောက်မှာစတင်ခဲ့တာပါ။ အဓိပ္ပါယ်ကတော့ စစ်တပ်ထဲမှာ တားမြစ်ထားတဲ့လိင်တူကိစ္စတွေ မပြုမူမချင်း စစ်သားတစ်ယောက်ကို လိင်တူချစ်သူဟုတ်မဟုတ် လိုက်စုံစမ်းခွင့်မရှိပါဘူး။ ဒါပေမဲ့ လိင်တူချစ်သူပါဆိုပြီး တရားဝင် ထုတ်ဖော်ပြောဆိုခွင့်လည်းမပေးထားပါဘူး။ အဲဒီသဘောပါပဲ။ ဒီတော့ ဒီပေါ်လစီတွေနဲ့ စစ်သားတွေရဲ့ ကွဲပြားတဲ့သဘောထားတွေကြားမှာ ဖရန့်တစ်ယောက်ဘယ်လိုအသက်ရှင်မလဲဆိုတာကတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. ...
movie

The Inspection (2022)

2022
Klondike (2022) 7.0
Klondike (2022) Klondike (2022) ============= IMDb Rating - 7.0/10 Rotten Tomatoes 🍅 ~ 96 % 39 Wins & 18 NominationsRating တွေလည်းကောင်းသလို ဆုတွေလည်း တနင့်တပိုး ရထားတဲ့ ယူကရိန်း ဇာတ်ကားပါ။၂၀၁၄ ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့မှာ အမ်စတာဒမ်ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူကို ပျံသန်းလာတဲ့ ခရီးသည်တင် လေယာဉ် MH 17 ဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၊ ယူကရိန်း- ရုရှားနယ်စပ်ဒေသမှာ ပျက်ကျခဲ့ပါတယ်။ ခရီးသည်​ (၂၈၃) ယောက်နဲ့ လေယာဉ်ဝန်ထမ်း (၁၅) ယောက်လုံးသေဆုံးခဲ့တဲ့ အဆိုပါဖြစ်ရပ်ဟာ ရုရှားတွေ အားပေးအားမြှောက်ပြုထားတဲ့ ယူကရိန်းခွဲထွက်ရေးသမားတွေရဲ့ လက်ချက်လို့ အတည်ပြုနိုင် ခဲ့ပါတယ်။ဒီဇာတ်လမ်းက အဲဒီအချိန်ကာလ အဲဒီဒေသမှာ ခွဲထွက်ရေး သမားတွေရဲ့ဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ မိသားစုတစ်စုအကြောင်း ရိုက်ကူးထားတာပါ။တိုလစ်နဲ့ အီရီခါတို့ ဇနီးမောင်နှံဟာ ယူကရိန်း-ရုရှားနယ်စပ်က ဒွန်နတ်စ်ရွာမှာ နေထိုင်ကြသူတွေပါ။ အီရီခါက ကိုယ်ဝန်အရင့် အမာကြီးနဲ့ဖြစ်ပြီးတော့ အိမ်ကနေ ဘယ်ကိုမှ မသွားဆိုပြီး ခေါင်း မာနေတာကြောင့် သူတို့မိသားစု ရွာမှာပဲ ...
movie

Klondike (2022)

2022
Malikappuram (2022) 8.3
Malikappuram (2022) Malikappuram (2022) Action, Drama IMDb 8.3/10 (3K)ဒီဇာတ်ကားလေးကတော့ အသက်၈နှစ်အရွယ် ကလေးမလေးတစ်ဦးက တောင်စွယ်၁၈ခုအား အပိုင်စားရထားတဲ့ အရှင်အယာပန်ရဲ့ဆာဗရိမာလဘုရားကျောင်းကို လွန်စွာဘုရားဖူးသွားချင်နေတဲ့ ဆန္ဒလေးကို အခြေပြုပြီး ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။မိဘက ဆင်းရဲလွန်းတော့ ဘဏ်မှာလည်း အကြွေးတွေပိနေပြီး အိုးအိမ်ပါအပေါင်ခံထားရတဲ့ ဖခင်ဖြစ်သူအတွက် သမီးဖြစ်သူရဲ့ဆန္ဒဟာ လွန်စွာ အဖိုးအခကြီးနေခဲ့ပါတယ်။အဲ့ဒီဘုရားကျောင်းဟာလည်း အမျိုးသမီးများ သန္ဓေတည်နိုင်တဲ့အရွယ်ဖြစ်တဲ့ အသက်၁၀နှစ်မှ ၅၀နှစ်အထိ အမျိုးသမီးများကို ဝင်ခွင့်မပေးကြပါဘူး။ဘုရားသခင်ဟာ သူ့ဆီခြေ၁လှမ်းသာရှေ့တိုးလာခဲ့ ကျန်တဲ့၉၉လှမ်းကို သူလှမ်းပါ့မယ်ဆိုတဲ့ကတိအတိုင်း ဒီကလေးမလေးရဲ့ဘုရားဖူးခရီးစဉ်မှာ ဆန်းကြယ်မှုတွေ များမြောင်စွာဖြစ်ပေါ်လာခဲ့ပါတယ်။ဒါတွေကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားလိုက်ပါတော့နော်။ File size…2.6GB / 1.2GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 1mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & BpL & Yunni
movie

Malikappuram (2022)

2022
Message and the Messenger (2022) 5.3
Message and the Messenger (2022) Message and the Messenger (2022) =========================လောကဓံရဲ့ ဖြစ်တတ်တဲ့သဘောလေးတွေကြားထဲမှာ ကျင် လည်နေတဲ့လူထဲကလူတစ်ဦးဖြစ်တဲ့ အိမ်ခြံမြေအကျိုးဆောင် ဂျက်ဆီကာကလာ့ခ်။ သူ(မ)က ဘုရားကျောင်းအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး သဿမေဓအခွန်(ဘုရားကျောင်း‌ကိုသွင်းရတဲ့အလှူငွေ) တွေကို ငွေမရှိလည်းရအောင်လှူတဲ့ ယုံကြည်သူတစ်ဦးပေါ့လေ။သူအဲလိုလှူတဲ့အတွက်လည်း ဘုရားက သူ့ကိုအဆင်ပြေအောင် ပြန်လုပ်ပေးမယ်လို့ မမှိတ်မသုန်ယုံကြည်နေတယ်။ အဲဒါနဲ့တစ်နေ့ သူ့ဘဝထဲကို စီးပွားရေးမိတ်တစ်ယောက်ဝင်လာတယ်။ အစက တော့ ဘုရားက သူဘဝထဲကို မကောင်းတဲ့လူတစ်ယောက်လွှတ် လိုက်တယ်ထင်လိုက်ပေမယ့် တကယ်တမ်းကျတော့ သူကိုကောင်း ချီးပေးလိုက်တယ်ဆိုတာ တဖြည်းဖြည်းသဘောပေါက်လာတဲ့ အကြောင်းကိုကြည့်ရမှာဖြစ်ပါတယ်။ အဲ့အပြင် သူမရဲ့မိသားစုနဲ့ သူငယ်ချင်းတွေလည်း သူတို့ရဲ့ အကျပ်အတည်း‌အခက်အခဲ‌တွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာပါ ကြည့်ရမယ့် ဘာသာရေးနှော ထားတဲ့ ဒရာမာကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naingမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Khant Sett Naing, Momo တို့ဖြစ်ပါတယ်)File Size..........(1.6 GB) / (570 MB) / (370 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Khant Sett Naing, Momo Encoder..........SWM
movie

Message and the Messenger (2022)

2022
Raincoat (2004) 7.7
Raincoat (2004) Raincoat (2004) *************** ဒိဇာတ်ကားလေးကတော့ ကမ္ဘာ့အလှဆုံးမင်းသမီးတစ်ယောက်လို့ တင်စားခံရတဲ့ အက်ရှ်ဝါးရိယားရွိုင်နဲ့ မင်းသားကြီး အာဂျေးဒေ့ဗ်ဂန်းဒ်တို့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ Romance/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားတစ်ကားဖြစ်ပြီး IMDb ratingကလည်း 7.7အထိ ရရှိထားပါတယ်။ဇာတ်လမ်း အကျဉ်း မာနိုးဂ်ျနဲ့ နီရူးတို့ဟာ တစ်ချိန်က တစ်ယောက်နဲ့ ‌တစ်ယောက်ချစ်ခင်စုံမက်ခဲ့ကြတဲ့ သမီးရည်းစားတွေ ဖြစ်ကြပါတယ်။ တစ်နေ့မှာတော့ နီရူးဟာ ပစ္စည်းဥစ္စာ ပေါကြွယ်ဝတဲ့သူတစ်ယောက်နဲ့ လက်ထပ်တော့မှာဖြစ်ကြောင်းနဲ့ သူ့ကို မေ့လိုက်ဖို့အတွက် မာနိုးဂ်ျကို ဖွင့်ပြောလာပါတော့တယ်။အချိန်အတော်အတန် ကြာပြီးတဲ့နောက်မာနိုးဂ်ျနဲ့ နီရူးတို့ ပြန်လည်ဆုံတွေ့ကြရာဝယ်.... လွမ်းစွတ်တမ်းတမှုတွေ နောင်တတွေနဲ့ ပြန်ဆုံကြရတဲ့သူတို့နှစ်ယောက်ရဲ့ ဘဝကဘယ်လိုတွေဖြစ်နေပြီလဲ ပြန်ရောပြောင်းလဲနိုင်ဦးမှာလား... အရမ်းနောက်ကျသွားပြီလား... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ...သရုပ်ပေါ်လွန်းလှတဲ့သူတို့ရဲ့ သရုပ်ဆာင်မှုတွေနဲ့ ရိုးရှင်းပြီး ထိရောက်တဲ့ဇာတ်လမ်းဇာတ်အိမ်တွေကြောင့် ကြည့်ဖူးသမျှ လူတွေမမေ့နိုင်တဲ့ဇာတ်ကားလေးတစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ်ပရိတ်သတ်များ လုံးဝ လက်မလွှတ်သင့်ပါကြောင်း... ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe Kalayarတို့ပဲ ဖြစ်ပါတယ်။ File size…2.9GB / 830MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San ~ ...
movie

Raincoat (2004)

2004
Mahaveeryar (2022) 6.4
Mahaveeryar (2022) Maharveerya 2022 IMDb - 6.4/10Maharveerya 2022 IMDb - 6.4/10အိန္ဒိယနာမည်ကြီး မင်းသား Nivin Pauly နဲ့ မင်းသမီးချောလေး Shanvi Srivastavaတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာဆိုရင် ချစ်ကြိုက်ကွဲညား ကလဲ့စားစသဖြင့်မြင်နေကျအိန္ဒိယရုပ်ရှင်တွေလိုမျိုးမဟုတ်ပါဘူး။ အချိန်ခရီးသွားတွေပါမယ်၊ ရယ်စရာတွေပါမယ်၊ လူ့စရိုက်ကိုသရော်ထားတာပါမယ်၊ တရားခွင်မှာ အပြန်အလှန်လျှောက်လဲချက်တွေပါမယ် ဒါ့အပြင် rating ကောင်းကောင်းနဲ့ နာမည်ကြီးသရုပ်ဆောင်တွေပါတာ ကြိုက်ရင်တော့ ဒီကားကိုညွှန်းပေးချင်ပါတယ်ဇာတ်လမ်းလေးကတော့ တရားခွင်မှစပြီး တရားခွင်မှာဆုံးတယ်ဆိုရလောက်အောင် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရတာအားရလှပါတယ် ဆင်းတုတော်တွေအရမ်းပျောက်တဲ့မြို့မှာ ကိုယ်ရောက်လာမှ ဆင်းတုတော်သူခိုးလို့ စွပ်စွဲခံရလို့ကိုယ်တိုင်ရှေ့နေလုပ်မဲ့ စိတ်ဝင်စားဖွယ်ရသေ့ကြီး ဘုရင်ကြီးက မင်းတုန်းမင်းလို တစ်ထောင်တစ်ညပြည့်အောင် တော်ကောက်ခံလိုက်ရတဲ့ အသည်သားမိန်းကလေးတစ်ယောက်ရဲ့ တိုင်ကြားချက်ကို အပြိုင်အဆိုင်လျှောက်လှဲချက်တွေနဲ့ တရားခွင်တရားခွင်က လျှောက်လဲချက်ကနေတစ်ဆင့် ဇာတ်ကြောင်းကို narration လုပ်ပေးသလိုမျိုး ဇာတ်လမ်းကိုပြန်ရိုက်ပြထားတဲ့ စတိုင်နဲ့ ကြည့်ရတာ ပေါ့လဲမပေါ့ ပျင်းစရာမကောင်းပဲနဲ့ တရားကိုဘာနတ်စောင့်မလဲဆိုတာ အဆုံးထိခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် File size…1.43GB / 614MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ...
movie

Mahaveeryar (2022)

2022
Elephant (2003) 7.1
Elephant (2003) Elephant (2003)~ IMDb - 7.1/10, Rotten Tomatoes - 74% ~ဒီကားနာမည်ကိုကြည့်ပြီး ဆင်လေးတွေအကြောင်းရိုက်ထားတယ်ထင်ပြီး လာတယ်ဆိုရင်တော့ မှားပါမယ်။ ဒီလိုပါပဲ ဆင်တွေအကြောင်းမို့ မကြည့်ချင်လို့ ကျော်သွားမယ်ဆိုလည်း မှားမှာပါပဲ။ ဘာကြောင့် ဒီနာမည်ပေးထားမှန်း မသိပေမယ့် ကားအစ ကားအဆုံး ဆင်တစ်ကောင်မှ မပါ,ပါဘူး။ကိုင်း ဒါဖြင့် ဘာအကြောင်းများလဲ...။လူအတော်များများကတော့ ရုပ်ရှင်တွေထဲမှာ အမေရိကန် အထက်တန်းကျောင်းတွေ၊ ဆယ်ကျော်သက်အိပ်မက်တွေကို ရင်းနှီးကြမှာပါ။ ဒါပေမဲ့ ကြိမ်ဖန်များစွာဖြစ်နေကြတဲ့ ကျောင်းတွင်းပစ်ခတ်မှုတွေအကြောင်းရော… ရုပ်ရှင်တွေထဲ အကျွမ်းတဝင်ရှိကြပါပြီလား။ဟုတ်ပါတယ်...။ လက်နက်ကိုင်ဆောင်ခွင့် မတင်းကြပ်ထားတဲ့ အမေရိကန်နိင်ငံမှာ ကျောင်းက ကလေးတွေအပစ်ခံရတာကို သတင်းတွေမှာ မကြာခဏတွေ့ဖူးမှာပါ။ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာတင် ကျောင်းတွင်းသေနတ်ပစ်ခတ်မှုပေါင်း ၃၀၂ ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီ ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတောင် မီချီဂန်က တက္ကသိုလ်မှာပစ်သွားလို့ ၃ယောက် ဆုံးသွားပါသေးတယ်။ ...
movie

Elephant (2003)

2003
When Harry Met Sally… (1989)
When Harry Met Sally… (1989) When Harry Met Sally... (1989)~ IMDb - 7.7/10, Rotten Tomatoes - 91% ~ဆယ်လီနဲ့ဟယ်ရီရဲ့ဇာတ်လမ်းဟာ ၁၉၉၇ မှာ စခဲ့တယ်။ ချီကာဂိုတက္ကသိုလ်ကနေ ကျောင်းပြီးလို့ အိပ်မက်မြို့တော်ကြီး နယူးယောက်ကို လာတဲ့လမ်းမှာ သူတို့စတွေ့ခဲ့ကြတယ်။ ဒီနောက် ဘာမှဆက်မဖြစ်ခဲ့ကြဘူး။၁၉၈၂ ရောက်တော့ လေဆိပ်မှာ သူတို့ထပ်တွေ့ကြတယ်။ ၂ယောက်စလုံး အလုပ်အကိုင် ကိုယ်စီနဲ့ ဖြစ်နေကြပြီ။ အချင်းချင်းမှတ်မိလိုက်ပြီး စကားတွေပြောဖြစ်ကြပေမဲ့ ဘာမှဆက်မဖြစ်လိုက်ဘူး။၁၉၈၇ ကျ စာအုပ်ဆိုင်တစ်ဆိုင်မှာ ဟယ်ရီနဲ့ ဆယ်လီထပ်တွေ့ခဲ့ကြတယ်။ ဟယ်ရီက အိမ်ထောင်ကျပြီးလို့ သူ့မိန်းမက သူ့ကိုထားခဲ့တာတောင် ခံရပြီးပြီ။ ဆယ်လီကလည်း သူ့ရည်းစား ထားခဲ့တာ ခံခဲ့ရတယ်။ ဒီလိုနဲ့ ဒီတစ်ခေါက် သူတို့ပြန်တွေ့တဲ့အချိန်မှာ အသည်းကွဲနေတဲ့လူ၂ယောက် သူ့ဘဝအကြောင်းတွေ ကိုယ့်ဘဝအကြောင်းတွေပြောရင်း သူငယ်ချင်းတွေ ဖြစ်လာကြတယ်။ ဒီနောက် အဆင့်ထက်တက်ရင်း တစ်ယောက်အကြောင်းတစ်ယောက်သိနေတော့ ပြဿနာတွေတက်ပြီး ထပ်ကွဲသွားတယ်။နောက်ဆုံးအနေနဲ့ ...
movie

When Harry Met Sally… (1989)

1989
Son of a Gun(2014) 6.4
Son of a Gun(2014) Son of a Gun(2014)=============== ပြစ်မှုတစ်ခုနဲ့ ထောင်ထဲကို ပထမဆုံးရောက်လာတဲ့ ဂျက်စီ ရိုင်ယန်ဝှိုက်ဆိုတဲ့ ၁၉ နှစ်အရွယ် ကောင်လေးတစ်ယောက်..ထောင်ထဲမှာ ဆပ်ပြာတုံးပြုတ်ကျလို့တောင် မကောက်ရဲဖြစ်နေချိန်Criminal Mastermind တဖြစ်လည်း စစ်တုရင်ပညာရှင် တစ်ဦးဖြစ်သူဘရန်ဒန် နှင့် တွေ့ဆုံပြီး စစ်တုရင်ကစားကွက်တွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ကျွမ်းကျင်စွာ ကစားနိုင်တဲ့ ဂျက်စီကို သဘောကျသွားတဲ့ ဘရန်ဒန်က ဂျက်စီနဲ့ပူးပေါင်းပြီး အပြင်လောကမှာပါ Perfect Crime တစ်ခုကို ကျူးလွန်ဖို့ကြိုးစားတဲ့အခါ သူတို့ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ လှည့်ကွက်တွေ၊ပညာသားပါမှု၊ အနိမ့်အမြင့်အတက်အကျ များ စုပေါင်းပြီး ဘယ်လိုစိတ်ကျေနပ်စရာ ရသများကို ပေးစွမ်းနိုင်မလဲဆိုတာCM က ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.31GB / 548MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 48m Genre ..... Crime , Drama , Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Son of a Gun(2014)

Assault on Precinct 13(2005) 6.3
Assault on Precinct 13(2005) Assault on Precinct 13(2005)=======================ဒီဇာတ်ကားလေးကတော့ အက်ရှင်နဲ့ သည်းထိတ်ရင်ဖို ကြိုက်နှစ်သက်သူတွေအတွက်ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ရာဇဝတ်သားတွေကို ထောင်ပြောင်းဖို့သယ်ဆောင်လာတဲ့ကားက လမ်းခရီးလမ်းကြမ်းတာကြောင့်မကြာခင် ပိတ်တော့မယ် စခန်း အမှတ် ၁၃ မှာ ခရီးတစ်ထောက်နားဖို့ဖြစ်လာခဲ့ပါတယ်မင်းသားကတော့ အတိတ်က ဒဏ်ရာတွေကြောင့် အနာမကျက်သေးပဲဒီရာဇဝတ်သားတွေနဲ့ အတူပူးပေါင်းဖို့အကြောင်းပေါ်လာခဲ့ပါတယ်လူဆိုးတွေနဲ့ လူကောင်းတွေကြား မျဉ်းလေးနည်းနည်းပဲ ခြားတာကိုသေချာသရုပ်ဖော်ထားတာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…1.23GB / 507MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 41m Genre ..... Crime , Drama , Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phone Myint Maw
movie

Assault on Precinct 13(2005)

Dear David (2023) 6.0
Dear David (2023) Dear David (2023)******************ဇာတ်လမ်းလေးကတော့ဂျာကာတာမြို့က ကဟရာအထက်တန်းကျောင်းမှာDear David ဆိုတဲ့ အပြာဇာတ်လမ်းဟာ ကျောင်းသားကျောင်းသူတွေကြားမှာအရမ်းရေပန်းစားလာပါတယ်။ ဒါပေမယ့် ကျောင်းမှာကလည်းကျောင်းသူတွေကြားမှာ‌နာမည်ကြီးနေတဲ့ ဒေးဗစ်ဆိုတဲ့ကျောင်းသားလေးတစ်ယောက်ကလည်းရှိနေပြန်တယ်။ဒီလိုဇာတ်လမ်းထွက်လာတော့ ဒေးဗစ်က အနေအထိုင်ကျပ်လာပြီးစာရေးတဲ့သူကိုလိုက်တဲ့အခါ ကျောင်းသားရေးရာဥက္ကဌလည်းဖြစ်စကော်လာရှစ်ရထားတဲ့အတန်းဖော်ကျောင်းသူလေး လာရာစ်ဖြစ်နေတာကိုသိလိုက်ရတယ်။တကယ်ရေးခဲ့လား မရေးခဲ့လားဆိုတာမေးခဲ့အခါမှာ‌တော့လာရာစ်ဟာ သူရေးခဲ့ကြောင်းဝန်ခံတယ်။လာရာစ်က ကျောင်းမှာဘယ်သူ့ကိုမှလျှောက်မပြောဖို့နဲ့ ဘာမဆိုလုပ်ပေးမယ်လို့ပြောလိုက်တယ်။အဲ့ဒီနောက်မှာတော့....File Size :(1.29GB),(572.9 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:58:00 Genre : Comedy , Romance ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Dear David (2023)

2023
Mohabbatein (2000) 7.1
Mohabbatein (2000) IMDb Rating (7/10)အမီတာဘချမ်း ၊ ရှရွတ်ခန်း ၊ Aishwarya Rai တို့နဲ့ ဒီဇာတ်ကားက Musical,Romanace,Drama အမျိုးအစား နာမည်ကြီး ဘောလိဝုဒ် ဇာတ်ကားဖြစ်ပါတယ်။ဟင်ဒီလို Mohabbatein ဆိုတဲ့ဇာတ်ကားနာမည်က မြန်မာလိုဆို " အချစ်ပုံပြင် " လို့ဆိုရမှာပေါ့...ဇာတ်လမ်းကတော့...ကျောင်းမှာ ကျောင်းသူကျောင်းသားအချင်းချင်း မချစ်ရမကြိုက်ရရိုမန့်တစ်ဆန်ခြင်းတွေကို မလုပ်ရဆိုပြီး တားမြစ်ထားတဲ့အရမ်းကိုစည်းကမ်းကြီးတဲ့ ကျောင်းအုပ်ကြီး...သူ့ရဲ့သမီးဖြစ်သူနဲ့ ကောင်လေးတစ်ယောက်ချစ်ကြိုက်နေကြတာကိုသိသွားတဲ့အခါမှာတော့...ချစ်သူနှစ်ဦးကို မကွဲကွဲအောင်ခွဲကြတဲ့ အတ္တမာန်မာနတွေကြား အချစ်ပုံပြင်တစ်ပုဒ်ဟာ ဝမ်းနည်းဖွယ်ရာဖြစ်သွားပါတော့တယ်။ဒါပေမယ့် နှစ်အနည်းငယ်ကြာပြီးနောက် ကောင်လေးက ကျောင်းအုပ်ကြီးကို လက်စားချေဖို့ ဂီတဆရာအဖြစ်နဲ့ ကျောင်းကိုပြန်လည်ရောက်ရှိလာတဲ့အခါမှာ....စည်းကမ်းအရမ်းကြီးပြီး အချစ်ကိုအယုံအကြည်မရှိတဲ့ ကျောင်းအုပ်ကြီးနဲ့ အချစ်ကိုအပြည့်အဝယုံကြည်ပြီး ချစ်တတ်တဲ့လူငယ်တစ်ယောက်ရဲ့ အားပြိုင်မှုတွေကို ခံစားမှုရသပေါင်းစုံနဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ဘာသာပြန်သူနဲ့ အညွှန်းရေးထားသူကတော့ Iker Zaw ဖြစ်ပါတယ်။) File size…(4.6 GB) and (2.2 GB) Quality….BluRay 1080p HEVC and 720p Format…mkv/mp4 Duration….03:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated ...
movie

Mohabbatein (2000)

2000
1080p HEVC
[18+] Crazed Fruit (1981) 5.9
[18+] Crazed Fruit (1981) Crazed Fruit (1981)တက်ဆုဟာ မြို့ကြီးပေါ်မှာတက်ပြီး နေ့အလုပ်ညအလုပ်နှစ်ခုနဲ့ နယ်မှာကျန်ခဲ့တဲ့ မိခင်ကိုပြန်ထောက်ပံ့နေတဲ့ ရိုးအေးတဲ့ကောင်လေးတစ်ယောက်ပါ။ ညအလုပ်အနေနဲ့ မိန်းကလေးတွေနဲ့ဧည့်ခံတဲ့ဘားတစ်ခုမှာ အလုပ်လုပ်ပြီး ဘားပိုင်ရှင်နဲ့ရော သူ့ဇနီးဘားမယ်နဲ့ပါ ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။တစ်နေ့တော့ ချီကာဆိုတဲ့ သူဌေးသမီးလေးတစ်ယောက် သူ့ဘဝထဲကို မဖိတ်ခေါ်ဘဲဝင်ရောက်လာရာကနေ တည်ငြိမ်နေတဲ့သူ့ဘဝ ဗြောင်းဆန်ဖို့ဖြစ်လာပါတော့တယ်။ လှပသွက်လက်သလို တစ်ဇွတ်ထိုးဆန်တတ်တဲ့ ချီကာ၊ လူချမ်းသာသူငယ်ချင်းတစ်စုနဲ့ ချီကာ၊ ပထွေးဖြစ်သူရဲ့ အမြှောင်မယားအဖြစ်ပါ ခံယူထားသေးတဲ့ ချီကာဟာ သူ့ဘဝကိုကောင်းကောင်းမွှေနှောက်ပါတော့တယ်။Roman Porno လိုင်းထဲကဆိုပေမယ့် Mainstream ကားတွေလို ဇာတ်လမ်းဇာတ်အိမ်ကောင်းတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.5GB, 630MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 25Min Genre - Drama, Romance, Drama Subtitle - Myanmar Subtitle ...
movie

[18+] Crazed Fruit (1981)

1981
Scorpion (2007) 5.3
Scorpion (2007) Scorpion (2007) ============="ရန်သူတစ်သိန်းကို အနိုင်ရတာထက်ကိုယ့်စိတ်ကိုယ် အနိုင်ရတာကပိုပြီး အောင်မြင်မှုကြီးတယ်"တဲ့။ စိတ် လေးတစ်ချက်မထိန်းနိုင်လိုက်တဲ့ ခဏအတွင်း ပျက်စီး သွားတဲ့ဘဝတွေမနည်းဘူး။ ကွဲကွာသွားတဲ့ မိသားစုတွေ လည်း အများကြီးပဲ။အခုလည်းပဲ လက်ဝှေ့သမားကောင်းတစ်ယောက်ဖြစ် ချင်လွန်းလို့ အရာအားလုံးပုံအောပြီး အသေလဲကြိုးစား ခဲ့​​ပြီးမှ စိတ်လေးတစ်ချက်မထိန်းနိုင်လိုက်လို့ ထောင်ထဲမှာ ခြောက်နှစ်လောက်သွားနေလိုက်ရတဲ့ အန်ဂျလိုဆိုတဲ့အရွယ် ကောင်း လက်ဝှေ့သမားတစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို ကြည့်ရမှာဖြစ်ပါတယ်။ သူထောင်ကပြန်ထွက်လာတဲ့အခါ တလွဲတွေအပြည့်နဲ့ ဒုစရိုက်လောကကြီးထဲမှာ မငယ်တော့ တဲ့ သူ့အသက်အရွယ်နဲ့ သူ့အိမ်မက်တွေကို အကောင်အထည် ဖော်နိုင်ပါဦးမလားဆိုတာကို ဥပဒေမဲ့ လက်ဝှေ့ပွဲတွေနဲ့ အတူ ပြင်သစ်ဒုစရိုက်လောကနဲ့ပါယှဥ်တွဲပြီးကြည့်ရှုခံစားရမှာပါ။ မဆိုးလှတဲ့ဇာတ်ကားလေးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Momo ဖြစ်ပါတယ်)File Size..........(1.95 GB) / (854 MB) / (507 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 56Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama Translator.......Momo Encoder..........SWM
movie

Scorpion (2007)

2007
[18+] La Querida (2023)
[18+] La Querida (2023) La Querida (2023)ဂျိုဝယ်ဟာ မိခင်စီစဉ်ပေးတဲ့ အိမ်ထောင်ရေးကိုလက်မခံပဲ တစ်သက်တာအတူဖြတ်သန်းရမယ့် မိန်းမဟာ သူတကယ်မြတ်နိုးတဲ့ အမျိုးသမီးတစ်ဦးသာဖြစ်စေရမယ်ဆိုပြီး ကြွေးကြော်ရင်း အိမ်ပေါ်ကဆင်းလာခဲ့တဲ့သူ။ မကြာခင်မှာပဲ သူရှာဖွေနေတဲ့ အချစ်စစ်ကို သမိုင်းမေဂျာကျောင်းသူ မာရီယာဆိုတဲ့ မိန်းမလှလေးတစ်ဦးဆီမှာရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ မာရီယာဟာ တရားလွန်ချုပ်ချယ်လွန်းတဲ့ ဖခင်တစ်ဦးရဲ့သမီး၊ နောက်ကွယ်မှာမပြီးပြတ်သေးတဲ့အတိတ်တစ်ခုရှိနေခဲ့တာကို သူသိလိုက်ရပြီးနောက် သူတို့ပြတ်စဲသွားခဲ့ကြတယ်။ဆယ်စုနှစ်တစ်ချို့ကြာပြီးတဲ့နောက်မှာ လီယိုဆိုတဲ့ သက်လတ်ပိုင်းအမျိုးသားတစ်ဦးဟာ သူအိမ်ထောင်ရှိနေတယ်ဆိုတာ သိသိရက်နဲ့ လိုက်လံတွယ်ကပ်နေတဲ့ ကော်နီဆိုတဲ့သက်တူရွယ်တူအမျိုးသမီးတစ်ယောက်နဲ့ တိတ်တခိုးချစ်ကြိုးသွယ်မိခဲ့ပါတယ်။ မချစ်ပဲလက်ထပ်ခဲ့ရတဲ့၊ သမီးလေးသံယောဇဉ်ကြောင့်သာ ပေါင်းဖက်နေရဆဲဖြစ်တဲ့ မသာယာတဲ့အိမ်ထောင်ရေးကနေ ကော်နီနဲ့ဆုံတွေ့မိချိန်ဟာ သူ့ဘ၀ တစ်ဖန်ပြန်လည်ရှင်သန်လာသလို ဖြစ်ခဲ့ရပါသတဲ့။ပထမဇာတ်လမ်းလေးဟာ အလွမ်းနဲ့အဆုံးသတ်ခဲ့ရသလို ဒုတိယဇာတ်လမ်းလေးမှာ ပျော်စရာဇာတ်သိမ်းရနိုင်ပါ့မလား။ ဂျိုဝယ်၊ မာရီယာ၊ လီယို နဲ့ ကော်နီတို့ကြားက ဆက်နွယ်မှုတွေက ဘာဖြစ်လေမလဲဆိုတာကို ဇာတ်လမ်းလေးမှာအဖြေရှာကြပါ။ 18 နှစ်အထက်ဇာတ်ကားမဆန်ပဲ အချစ်ဒရာမာ ကားလေးတစ်ကားလိုဇာတ်အိမ်မျိုးပေမယ့် ထုံးစံအတိုင်း အချစ်ခန်းတွေကတော့ ကြမ်းကြမ်းရမ်းရမ်းပါဝင်ထားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ...
movie

[18+] La Querida (2023)

2023
Last Knights(2015) 6.2
Last Knights(2015) Last Knights(2015)===============ကိုယ်ကိုယ်တိုင် မတရားမခံရမချင်း မတရားမှုကို လက်ပိုက်ကြည့်နေခဲ့ရင်ဘာဖြစ်လာနိုင်မလဲဧကရာဇ်ရဲ့ အတိုင်ပင်ခံတစ်ဦးဖြစ်တဲ့ ဂီးဇာမော့တ်ဟာ အာဏာကို တလွဲအသုံးချပြီး ကိုယ်ကျိုးအတွက် သူကောင်းမျိုးတွေဆီကနေ လက်ဆောင်ပဏ္ဍာတွေ အတင်းအကျပ် တောင်းယူပါတယ် ပြည်သူတွေဆီကနေ အခွန်တွေအဆမတန် တိုးကောက်ပါတယ် သူကောင်းမျိုးတွေကလည်း သူနဲ့ အဆင်ပြေမှအခွင့်အရေးရမှာမို့ မတရားမှုတွေကို ဒီတိုင်းကြည့်နေကြပါတယ်တစ်နေ့မှာတော့ လော့ဒ်ဘားတော့ခ်အလှည့် ရောက်လာခဲ့ပါပြီ အကြောင်းပြချက်ပေးပြီး လာဘ်တောင်းဖို့ သူ့ကို မြို့တော်ဆီ ဆင့်ခေါ်လိုက်ပါတယ်မတရားမှုကို‌ ခေါင်းငုံ့မခံနိုင်တဲ့ လော့ဒ်ဘားတော့ခ် တောင်းဆိုချက်တွေကိုပြောင်ပြောင်တင်းတင်းဘဲ ငြင်းဆန်လိုက်ပါတယ် မတရားမှုကို ခုခံတဲ့အတွက်ပြစ်ဒဏ်အနေနဲ့ သူ့အသက်ကို ပေးရပါတော့မယ်လော့ဒ်ဘားတော့ခ်ရဲ့ တပ်မှူး ရေဒင်နဲ့ နောက်လိုက်တွေဟာ သခင့်နာမည်ကိုပြန်အဖက်ဆယ်နိုင်ဖို့ ဘာတွေလုပ်ကြမလဲ မတရားမှုကို အောင်အောင်မြင်မြင်တွန်းလှန်နိုင်ပါ့မလားမြင်းစီးစစ်သည်တွေရဲ့ တာဝန်နဲ့ သစ္စာတရားကို သရုပ်ဖော်ထားပြီး Dialogueကောင်းကောင်းတွေလည်း ပါဝင်တာကြောင့် ခံစားကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်... File size…1.51GB / 574MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ..... Action ...
movie

Last Knights(2015)

The Eagle(2011) 6.2
The Eagle(2011) The Eagle (2011)==============IMDb 6.2 / Rotten Tomatoes 39%အမေရိကန် နိုင်းနိုင်း😜 Channing Tatum ရဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ နိုင်ငံရဲ့အဖိုးတန် ဆုတံဆိပ် ရွှေလင်းယုန်ငှက်ရုပ်တုပျောက်ဆုံးမှုကြောင့် နာမည်ပျက်ခဲ့ရတဲ့ တပ်မှူးရဲ့ သား မားကပ်စ်မားကပ်စ်ရဲ့အမိန့်ကြောင့် မိသားစုဝင်တွေအားလုံး သေဆုံးပြီး ကျွန်ဘဝရောက်ခဲ့ရတဲ့ အက်စကာ ဖခင်ရဲ့ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ဖို့တိုက်ပွဲဝင်ရင်း ဒဏ်ရာရကာ တပ်မှ ထွက်လိုက်ရတဲ့ မားကပ်စ်တစ်ယောက်လူသတ်ပွဲတစ်ပွဲမှာ အက်စကာ့အသက်ကို ကယ်တင်ပေးလိုက်တဲ့အခါ...နှစ်ယောက်အတူ လူရိုင်းတွေရဲ့ နယ်မြေမှာ လင်းယုန်ငှက်ရုပ်တုကို သွားရှာကြချိန်မှာတော့...အနိုင်ကျင့်သူနဲ့ အနိုင်ကျင့်ခံရသူကနေ သခင်နဲ့ ကျွန်အဖြစ်ကို ရောက်ခဲ့ကြတဲ့သူတို့နှစ်ယောက် တစ်ဖန် ရန်သူတွေဖြစ်သွားကြမလား...ဆိုတာစိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Adventure / Action ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်... File size…2.35GB / 825MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 54m Genre ..... Action ...
movie

The Eagle(2011)