Channel Myanmar

Drama

In from the Side (2023) 6.8
In from the Side (2023) မာ့ခ်ဟာ ရက်ဂ်ဘီအသင်းက ကစားသမား တစ်ယောက်ဖြစ်ပြီး အသင်းပွဲစဉ် ပြီးဆုံးလို့ ကလပ်တက်ကြတဲ့အခါအမှတ်မထင် ဝါရန်နဲ့ တွေ့ဆုံခဲ့ပါတယ်ထိုတွေ့ဆုံမှုကနေ အစပျိုးခဲ့တဲ့ သူတို့ဆက်ဆံရေးဟာ တကယ်တော့ ရပ်တန့်ပစ်ရမှာပဲဖြစ်ပါတယ်။အကြောင်းကတော့ မာ့ခ်နဲ့ ဝါရန်မှာ ကိုယ်ဆီကိုယ်ငှဆိုင်သူရှိနေကြလို့ပါ။သူတို့ရဲ့ ဇာတ်လမ်းလေးကို တိတ်တဆိတ်ပဲ ဆက်လှုပ်ရှားမှာလား... ပတ်ဝန်းကျင်က သတိထားမိသွားမလား... အသိ သတိကပ်ပြီး စိတ်ကို ချုပ်တည်းသွားနိုင်မလားဆိုတာကို ကြည့်ရှုရမှာပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(2.4GB) / (1.2GB) Quality__WEB-DL_1080p, 720p IMDb Rating__6.8/10 Format__mp4 Duration__02:04:00 Type__Drama, Sport Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt
movie

In from the Side (2023)

The Last Flight (2009) 5.4
The Last Flight (2009) The Last Flight (2009) ================ဒီဇာတ်ကားလေးကတော့ 1933 ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာ ဆာဟာရကန္တာရထဲ လေယာဉ်ပျက်ကျသွားတဲ့ William Newton Lancaster ခေါ် Bill Lancaster နဲ့ သူရဲ့ ချစ်သူ Jessie Miller အကြောင်းကိုအခြေခံပြီးဇာတ်အိမ်တည်ထားတဲ့ Le Dernier Vol ဆိုတဲ့ ဝတ္ထုလေးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်ဆောင်တွေအနေနဲ့ကတော့ ကျွန်တော်တိုငယ်စဉ်က သည်းခြေ ကြိုက် “Taxi” ကား အပါအဝင် ဇာတ်လမ်းကောင်းပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဆုတွေအများကြီးကိုသိမ်းပိုက်ထားတဲ့ မင်းသမီး Marion Cotillard ပါဝင်သလို၊ “Love Me If You dare” အပါအဝင် အခြားဇာတ်လမ်းကောင်းများတွင်လည်း သရုပ်ဆောင်၊ ဒါရိုက်တာ အဖြစ် လျှောက်လှမ်းလာပြီး ဆုတွေလည်းအများကြီး ရခဲ့ ဖူးတဲ့ မင်းသား Guillaume Canet တို့က လိုက်ဖက်ညီစွာ ပါဝင်သရုပ် ဆောင်ထားတာကိုတွေ့မြင်ရမှာပါ။ဇာတ်ကားလေးရဲ့ အဓိကချပြထားတဲ့အကြောင်းအရာကတော့ ဘေလ်ရဲ့ ချစ်သူ မာရီးဟာ ဘေလ်ကို မနားမနေ ရှာဖွေရင်း ဒုက္ခမျိုးစုံကို အံတုကာ အချစ်ဆိုတဲ့အကြောင်းကို ...
movie

The Last Flight (2009)

2009
Runaway God of Wealth ( 2019 ) 5.9
Runaway God of Wealth ( 2019 ) ကလေကချေလူမိုက် ဝမ်ကျားချန် မသိနားမလည်တဲ့ညီလေးကိုသူ့ကိုယ်သူသူလျိုပါလို့ပြောထားတဲ့ ဝမ်ကျားချန်ဝမ်ကျားချန်တစ်ယောက်မူးပြီးအိပ်ပျော်သွားတိုင်း ကြွယ်ဝခြင်းနတ်မင်းကိုအိပ်မက်မက်ပါတယ်။ တစ်နေ့မှာတော့အိပ်မက်ကနိုးထလာတဲ့အချိန်မှာ ပိုက်ဆံအများကြီးရပြီး ညတွင်းချင်းသူဌေးဖြစ်သွားပါတယ်။ ကြွယ်ဝခြင်းနတ်မင်းကကောင်းချီးပေးတာပဲဆိုပြီး အထိန်းအကွပ်မရှိသုံးဖြုန်းတော့တာပေါ့.....သူထင်ထားသလိုကြွယ်ဝခြင်းနတ်မင်းပေးတာမဟုတ်ဘူးဆိုတာသိလိုက်ရတဲ့အချိန်မှာ...... လူမိုက်ဂိုဏ်းရဲ့လိုက်လံသတ်ဖြတ်တာကိုခံရတဲ့အချိန်မှာ...... ဝမ်ကျားချန်တစ်ယောက်ဘယ်လိုလုပ်ရပါ့မလဲ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုခံစားပါဦး [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Comedy Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK  
movie

Runaway God of Wealth ( 2019 )

Utama (2022) 7.4
Utama (2022) Utama (2022)IMDb - 7.4/10 24 Wins & 17 Nominationsသိမ်းငှက်တစ်ကောင်ဟာ သူ့ဘဝကို ဘယ်အချိန်မှာ အဆုံးသတ်လဲတဲ့ တောင်ပံတွေမဖြန့်နိုင် အားအင်ချိနဲ့တဲ့ ဘဝနေဝင်ချိန်မှာ သိမ်းငှက်‌တစ်ကောင်ဟာ နောက်ဆုံးခွန်အားနဲ့ တောင်ထိပ်ကိုတက်ပြီး အဲ့ကနေ ပြုတ်ကျခံပြီး ကျောက်ဆောင်တွေနဲ့ တိုက်သေပါတယ် တဲ့ဘဝရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုကြည့်ရရင်လဲ အဲ့လိုပါပဲ ကိုယ့်ကိုယ်ကို အသုံးမဝင်တော့ဘူးလို့ ထင်တဲ့တစ်ချိန်ကျရင် ဘယ်သူမှဆက်လက်ရှင်သန်ချင်မှာ မဟုတ်ပါဘူး ဒီစပိန်စကားပြော ဇာတ်ကားလေးထဲမှာ စပိန်ကားတွေရဲ့မြင်နေကျ ကလက်စီကယ်ဂစ်တာတွေ ပေါင်တံရှည်တွေကို ကြည့်ရမှာမဟုတ်ပါဘူး အဲ့အစား သင်တို့ကို ခံစားချက်တွေတနင့်တပိုးနဲ့ တွေးစရာတွေ အပြွတ်လိုက်ထည့်ပေးမှာပါ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုများစွာရရှိထားတဲ့ ဒီဇာတ်ကားလေးမှာ ဘဝရဲ့အဓိပ္ပာယ်ကို ရှာ‌ဖွေကြည့်နိုင်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 887MB | 449MB | 229MB Format… mp4 Duration…. ...
movie

Utama (2022)

2023
About Joan (2022) 6
About Joan (2022) About Joan (2022)IMDb 6.2 ရထားတဲ့ ပြင်သစ်ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ဂျိုအန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးပြထားတာပါ။ ပြင်သစ်ကားတွေရဲ့ ထုံးစံအတိုင်း Love and Relationship ကို အနုပညာမြောက်အောင် တင်ပြထားတာပါ။ဂျိုအန် ဆိုတဲ့ အမျိုးသမီး က အသက်ငယ်ရွယ်တဲ့အချိန်မှာ အချစ်ဦး နဲ့ ရင်သွေးကလေး ရသွားခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သူ့ချစ်သူနဲ့ကွဲသွားပြီး ပြန်ဆုံတဲ့အချိန်ရောက်တော့လည်း သူ့ချစ်သူမှာ သက်ဆိုင်သူအသစ်ရှိနေပါပြီ။ ဒီတော့ ဂျိုအန်တစ်ယောက် ရည်းစားဦးကို ဖွင့်မပြောဘဲ ထားခဲ့ပါတယ်။ ဒီကြားထဲ မိခင်ဖြစ်သူက နောက်ယောက်ျားနဲ့ဖောက်ပြန်ပြီး သူတို့မိသားစုကို ထားသွားပါတယ်။ အဲဒီလို စိတ်ဒဏ်ရာတွေနဲ့ ဂျိုအန်တစ်ယောက် သူ့သားနဲ့အတူတူ ဘဝကို ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာကို အတိတ်ကို ပြန်တွေးတဲ့ပုံစံနဲ့ ရိုက်ကူးပြထားပါတယ်။ Single Mom ဖြစ်တဲ့ ဂျိုအန်ရဲ့ ဘဝဖြတ်သန်းပုံ အသေးစိတ်ကို အနုပညာရသမြောက်အောင် ဘယ်လိုဖန်တီးထားတယ် ဆိုတာတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားလိုက်ပါနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre.....Drama, Romance Quality…. 1080p ...
movie

About Joan (2022)

2022
(21+) Story of White Coat: Indecent Acts (1984) 6.6
(21+) Story of White Coat: Indecent Acts (1984)  မျှော်လင့်ချက်တွေ တစ်ပွေ့တပိုက်နဲ့ သူနာပြုရာမလေး သူက သူနာပြုအဆင့်မရောက်သေးတဲ့ အလုပ်သင်မလေး အရမ်းကို ချောမောပြီးတော့ အချစ်အကြောင်းနာမလည်တဲ့ ပညာရည်သောက်စို့နေတဲ့ မာနခဲလေး သူက သူနာပြု မဖြစ်မချင်း အိမ်မပြန်ဘူးတဲ့လေ ဒါပေမဲ့ သူအလုပ်သင်တာဝန်ကျတဲ့ ဆေးရုံက...ဆေးရုံမှာ ဩဇာအရှိဆုံး လူကြီးတစ်ယောက်ရဲ့သား သူက အတော်တဏှာရူးပါတယ် တွေ့သမျှ ကောင်မလေး အိပ်မယ်ဆိုပြီး တာစူနေတဲ့သူသူက ထုံစံအတိုင်းမနူးမနပ် သူနာပြုအလုပ်သင်လေးကို ကြံပါတော့တယ် သူကအမျိုးမျိုးကြံပြီးတဲ့နောက်ပိုင်းမှာတော့ အရမ်းလှ အရမ်းကိတ် ရေဆေးငါလို မနူးမနပ်လေးကို ဘယ်လို အပီအပြင် ဖွတ်မလဲဆိုတာ DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် File size…1.03GB / 500MB Quality…1080p  /720p Format…mp4 Duration….55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

(21+) Story of White Coat: Indecent Acts (1984)

1984
Heavenly Forest(2006) 7.4
Heavenly Forest(2006) Heavenly Forest (2006) ================ ဒီဇာတ်ကားဟာ စာရေးဆရာ Takuji Ichikawa ရေးသားထားတဲ့ (Collage of Our Life - Another Story) ဆိုတဲ့ ၀တ္ထုကိုအခြေခံပြီး ရိုက်ကူးထားတဲ့ Romance,Drama ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင် အနေအေးပြီး အရမ်းရှက်တတ်တဲ့ ကျောင်သား မာကိုတို ဟာ ဓာတ်ပုံရိုက်ဝါသနာပါသူ တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့တက္ကသိုလ်ပထမဆုံးနှစ်မှာ အပေါင်းအသင်းမရှိဘဲ အချိန်အတော်ကြာတဲ့အထိ တစ်ယောက်တည်း ကျင်လည်နေခဲ့ရင်းကနေ တစ်ရက်မှာတော့ ရှိဇူရူဆိုတဲ့ ကျောင်းသူလေးတစ်ယောက်နဲ့ အမှတ်မထင် တွေ့ဆုံပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ ကျောင်းအလှပဂေးလေးဖြစ်တဲ့ မိယုကိတို့ ဘော်ဒါအုပ်စုထဲ မာကိုတိုရောက်သွားပြီး အချောအလှ မိယုကိကို ကြိတ်သဘောကျမိသွားတဲ့အချိန်မှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး စတင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘ၀ကို ဘယ်လိုမျိုး အတူတကွကုန်ဆုံးကြမလဲ၊ ဘယ်သူ့ရဲ့အချစ်ကို ဘယ်သူကလက်ခံသွားမလဲဆိုတာကို ကြည့်ရှုရမှာပါ။ဂျပန်ကားတို့ရဲ့ထုံးစံအတိုင်း Happy Ending မဟုတ်သော်ငြားလည်း ဝမ်းနည်းပြီး ရင်ထဲတစ်ခုခုကျန်ခဲ့ချင်တဲ့ ပရိတ်သတ်များအတွက် ဇာတ်အိမ်ခိုင်ပြီး နောင်တမရစေနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါရစေ။ File size…2.6GB / 987MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle(Hard ...
movie

Heavenly Forest(2006)

2006
Oh! My Assistant: The Movie (2023)
Oh! My Assistant: The Movie (2023) Oh! My Assistant : The Movie (2022)ရင်ခုန်ဖို့ကောင်းပြီး ပေါ့ပေါ့ပါးပါး ဟာသ‌လေးနှောထားတဲ့ Korea BL Movie လေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ရှင်းဆွန်းဟိုကတော့ လူကြီးပိုင်းကာတွန်းတွေကိုရေးရာက‌နေ နာမည်ကြီးလာတဲ့ကာတွန်းဆရာတစ်ယောက်ဖြစ်ပါ။ အလုပ်တွေပုံလာတဲ့ ဆွန်းဟိုတစ်ယောက် လက်ထောက်တစ်ယောက်ငှားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီး သူ့ကမ္ဘာထဲကို အေးတိအေးစက်ပုံစံပေါက်ပေမယ့်ကြင်နာတတ်တဲ့ ကောင်လေးတစ်ယောက်ဝင်လာခဲ့ပါတော့တယ်။ဂိုမူယောင်းကတော့ ကာတွန်းဆရာရှင်းဆွန်းဟိုရဲ့ အကြီးစားဖန်ဖြစ်တာမို့ လက်ထောက်လုပ်ဖို့ဆုံးဖြတ်လိုက်တဲ့ Bisexual ကောင်လေးပါ။ ကာတွန်းဆရာရှင်းဆွန်းဟိုကို တိတ်တိတ်လေးသဘောကျနေတဲ့ မူယောင်းရယ် ဆွန်းဟိုတို့ရဲ့ကြားမှာ အရက်သောက်ရင်းအတူတူရှိဖြစ်ခဲ့ကြတဲ့ညကစပြီး တွယ်ငြိတဲ့ခံစားချက်တွေက ပိုပိုတိုးလာပါတော့တယ်။ မူယောင်းရဲ့ ငယ်ငယ်ကတည်းကခ‌င်ရတဲ့ ဂျွန်ဆော့ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကလည်း မူ‌ယောင်းအပေါ်စပြီး သဘောကျလာမိတဲ့အခါ .....၃ ပွင့်ဆိုင်အချစ်ကို ဟာသနှောထားတဲ့ဇာတ်လမ်းလေးမို့ သေချာပေါက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတကတော့ Shin Shin, Cali, Thantsin, Lai Laii တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p | 480p File size… 1GB ...
movie

Oh! My Assistant: The Movie (2023)

Garuda (2022) 9.2
Garuda (2022) Garuda(2022)IMDb-9.2/10ကန်နာဒါရုပ်ရှင်မင်းသမီးချောလေးနှစ်ယောက် ဖြစ်တဲ့ Ashika Ranganath နဲ့ Aindrita Ray တို့ရဲ့ အလှကိုခံစားရင်းကြည့်ရှူရမယ့်အက်ရှင် ဇာတ်ကြမ်းလေးဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းကတော့ ဂိုအာဆိုတဲ့ကမ်းခြေမြို့လေးဟာ သာယာလှပသလောက် အကြမ်းဖက်မှုပေါင်းစုံ၊ လူသတ်မှုပေါင်းစုံ စသဖြင့် အကြမ်းဖက်သမားနဲ့ ရဲတွေလက်ဝါးချင်းရိုက်နေတဲ့ ဒုစရိုက်နေရာပါ။ အဲ့နေရာမှာ ရမ်ဆိုတာက သူ့ဘဝကိုဇာတ်မြှုပ်ပြီး ဟိုတယ်အသေးစားလေးဖွင့်ကာ လုပ်ကိုင်စားသောက်နေတဲ့သူ‌ပေါ့တစ်နေ့မှာ မြို့ကိုအုပ်စိုးနေတဲ့ လူဆိုးဂိုဏ်းတစ်ဖွဲ့ ဟိုတယ်စား‌သောက်ဆိုင်ထဲ၀င်ကာ စားသောက်ပြီးငွေမရှင်းဘဲ စားပွဲထိုးကိုပါ ပါးရိုက်လိုက်ပါတယ်။ သူဌေးဖြစ်တဲ့ရမ်က သူ့၀န်ထမ်းကိုစော်ကားသွားတဲ့ လုပ်ရပ်ကို သူလက်ပိုက်ကြည့်မနေနိုင်တဲ့အခါ မြို့ကိုအုပ်စိုးနေတဲ့ လူဆိုးဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ဖြစ်လာတော့တယ်။ ဒုစရိုက်မြို့ကြီးထဲမှာ ဒုစရိုက်သမားကို ရမ်တစ်ယောက်ဘယ်လိုဖြေရှင်းရမလဲ သူ့ရဲ့မြှုပ်ထားတဲ့ ဘဝဇာတ်ကြောင်းကရောဘာဖြစ်မလဲဆိုတာကို အမိုက်စားအက်ရှင်တွေနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…2.6GB/ 1.4GB Quality…1080p HD RIP  /720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Yunni ~ Nyein Aye
movie

Garuda (2022)

2022
Bank of Dave(2023) 7.2
Bank of Dave(2023) ဒီဇာတ်လမ်းရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ Daveအနေနဲ့ James Bondရုပ်ရှင်တွေဖြစ်တဲ့ No time to die , Skyfall , Being James Bondတို့အပြင် The imitation game၊ Peterloတို့လို ဇာတ်ကားကောင်းတွေအပြင် တခြားသောရုပ်ရှင်တွေ၊ စီးရီးတွေထဲမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ Rory Kinnearကြီးက ဒီဇာတ်ကားကိုဦးဆောင်သရုပ်ဆောင်ထားပါတယ်။ ထို့အပြင် Game of Thrones၊ Cruella၊ Paddington 2၊ A boy called Christmasအစရှိတဲ့ ဇာတ်လမ်းကောင်းတဲ့ရုပ်ရှင်တွေထဲမှာ ပါဝင်သရုပ်ခဲ့ဖူးတဲ့ Joel Fryကလည်း Daveရဲ့ရှေ့နေ ဟူ့စတော့ဝဲလ်အနေနဲ့သရုပ်ထားပြီး Bridgertonထဲက မင်းသမီးချောလေး Phoebe Dynevorလည်းDaveရဲ့တူမအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။သင်ဟာဘောလုံးပရိသတ်တွေဆိုရင် သိမှာသေချာတဲ့ ဘန်လေမြို့လေးက ဒေ့ဖစ်ဝစ်ဆိုတဲ့ အသေးစားသူဌေးတစ်ယောက်က ဘန်လေမြို့က လူတွေ စီးပွားရေးတွေအတွက် ထောက်ပံ့ဆောင်ရွက်ကူညီပေးနေသူဖြစ်ပါတယ်။ သူက တစ်နေ့မှာ ဒေ့ရဲ့ဘဏ်လို့ခေါ်တဲ့ဘဏ်အသေးစားလေးတစ်ခုကိုဖွင့်လှစ်ချင်လာပါတယ်။ ဒါပေမဲ့ UKနိုင်ငံရဲ့ ...
movie

Bank of Dave(2023)

Found Wandering Lost(2022) 6.7
Found Wandering Lost(2022) Found Wandering Lost(2022)****************************ပဟေဠိဆန်ဆန်နဲ့ အစပျိုးလာတဲ့ဇာတ်လမ်းလေးမှာတော့ အယ်လီနဲ့ထရန့်ဆိုတဲ့ ချစ်ကြည်နူးစလူငယ်စုံတွဲလေးနဲ့ အစဖွင့်လာခဲ့ပါတယ်။ စွန့်စားခန်းတွေကို သိပ်သဘောကျကြောင်း ပြောနေခဲ့တဲ့ ထရန့်မှာအယ်လီမသိထားတဲ့ ဇာတ်ကြောင်းတစ်ခု ရှိနေခဲ့ပါတယ်။ အမှန်မှာတော့ ထရန့်ဟာ ဒုစရိုက်မှုတွေကိုကြေးစားလုပ်ကိုင်သူတစ်ဦးဖြစ်ခဲ့ပြီး အယ်လီနဲ့ မေတ္တာသက်ဝင်ကြပြီးတဲ့နောက်မှာသာမန်ဘဝလေးမှာ အေးအေးချမ်းချမ်း နေထိုင်ဖို့ အားလုံးကို ကျောခိုင်းခဲ့သူတစ်ဦးပါ။သို့ပေမယ့်လည်း အမှောင်လောကဆိုတာမျိုးက ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်လို့မရနိုင်တာမျိုးမို့ ထရန့်တောင့်တခဲ့တဲ့ ပျော်ရွှင်အေးချမ်းတဲ့ဘဝလေးဟာ ရမလားဆိုတာကိုတော့... File Size :(1.9GB) and (806 MB) Quality : WEB-DL 1080P , 720p Format…mp4 Duration…01:39:00 Genre : Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hae Areum Encoded by Phyo Pyae
movie

Found Wandering Lost(2022)

Goodbye 2 ( 2023 ) 6
Goodbye 2 ( 2023 ) သိပ်မကြာသေးခင်က တင်ဆက်ပေးထားတဲ့ Good Bye 1 ရဲ့ အဆက်လေးပါ အရင်ကားကိုကြည့်ချင်တယ်ဆိုရင်တော့အောက်ကလင့်မှာဝင်ရောက်ကြည့်နိုင်ပါတယ်Goodbye I ( 2022 ) – Channel Myanmarတုန်းပေမှာ အသုဘကိစ္စတွေကိုလုပ်ဆောင်တဲ့ ဖန့်တမင်ပိုင် ဆိုသူဟာ အမှားတွေ မြောက်များစွာ ကျူးလွန်ခဲ့ပေမဲ့လို့ သူ့ရဲ့ အမှားတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် အဖွဲ့ပြန်လည်ဖွဲ့စည်းကာ သုဘရာဇာအလုပ်ကိုပြန်လည်လုပ်ကိုင်ခဲ့ပါတယ် ။ဖခင်ရဲ့ သေဆုံးမှုနဲ့ သမီးငယ်ဖြစ်သူရဲ့ ခွဲစိတ်စရိတ် အစရှိတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဖန့်တမင်ပိုင် တစ်ယောက် စျာပနာတစ်ခုစီစဥ်ပေးဖို့အတွက် မထင်မှတ်ပဲ လက်ခံရရှိခဲ့ပါတော့တယ် ။ ဒီကိစ္စတွေ လုပ်ကိုင် နေစဥ်အတွင်းမှာပဲ ပြဿနာတွေအများကြီး ကြုံတွေ့ခဲ့ရသလို အလုပ်အပ်သူရဲ့ ထူးဆန်းမှုတွေကလဲ တစ်ဖြည်းဖြည်းနဲ့ ပေါ်ပေါက်လို့လာခဲ့ပါတယ် ။❏ ဒီတော့ ဒီဆန်းကျယ်လှတဲ့ စျာပနကို ဖန့်တမင်ပိုင် တစ်ယောက် ဘယ်လိုကိုင်တွယ်မှာလဲ ? ❏ ဒီစျာပနရဲ့ နောက်ကွယ်က အဖြစ်မှန်ကရော ဘယ်လိုဖြစ်နေမလဲ ? ❏ သူနဲ့ရော ဘာအညှိုးအတေးတွေ ရှိနေနိုင်မလဲ ? ဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ ။ ဒီဇာတ်ကားအတွင်းမှာ ...
movie

Goodbye 2 ( 2023 )

Goodbye I ( 2022 ) 6
Goodbye I ( 2022 ) CM Chinese Fanလေးတွေအတွက် ဆန်းဆန်းပြားပြားခမ်းနားကြီးကျယ်တဲ့ အသုဘတစ်ခုဖြစ်လာအောင်စီမံတဲ့ဇာတ်ကားလေးတစ်ပုဒ်တင်ဆက်ပေးလိုက်ပါတယ်။ဖန့်တမင်ပိုင်ဟာတုံးပေမှာအဖြူရောင်လုပ်ငန်း(သုဘရာဇာလုပ်ငန်း) လုပ်ငန်းလုပ်ကိုင်တဲ့သူတစ်ယောက်ဖြစ်တယ်။ သူများနဲ့မတူတာက ထောင်ကထွက်လာတဲ့သူတွေကိုအလုပ်အကိုင်ပေးလက်ခံပေးခဲ့တယ်။တစ်နေ့မှာတော့ နျိုရင့်လန်ဆိုတဲ့လူတစ်ယောက်ရောက်ချလာပြီး အသုဘတစ်ခုအတွက် ယွမ်သိန်း၃၀သုံးမယ်လို့ဆိုပါတယ်။ ဖန့်တမင်ပိုင်တို့အဖွဲ့ကအရမ်းကိုအံ့ဩခဲ့ရတာပေါ့.....ဒီလိုနဲ့အသုဘအခမ်းအနားပြင်ဆင်နေတဲ့အချိန်မှာ ကျောက်တမင်ပိုင်နဲ့နျိုရင့်လန်က သူတို့နှစ်ယောက်ကြားက ရေစက်ဟာဒီလောက်ပဲမဟုတ်ဘူးဆိုတာသိလိုက်ရတယ်...... သူတို့နှစ်ယောက်ကြားမှာရောဘယ်လိုဆက်စပ်မှုတွေရှိနေသေးလဲ...... ယွမ်သိန်း၃၀တန်အသုဘအခမ်းအနားကြီးဟာဘယ်လိုဖြစ်လာမလဲ......ဒီဇာတ်ကားလေးရဲ့အတွဲ ၂ ကြည့်မယ်ဆိုရင် အောက်ကလင့်မှာဝင်ကြည့်ပါGoodbye 2 ( 2023 ) – Channel Myanmar [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Family , Drama Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK  
movie

Goodbye I ( 2022 )

Guru (2007) 7.7
Guru (2007) Guru (2007) Drama IMDb 7.7/10 (24K)အခုတစ်ခါမှာလည်း အရှ်တို့လင်မယားရဲ့ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါ့မယ်။ ဒီဇာတ်ကားမှာ မင်းသား အဘီရှိခ်ဘဂျမ်း..3Idiots ဇာတ်ပို့မင်းသား ရန်ဂါနာဒန်မာဒဗန်..မင်းသားကြီး မီထွန်းချက်ကရဗာတီ(ကုလားကျော်ဟိန်း)..မင်းသမီးအရှ်ဝါရီယားရိုင်းဘဂျမ်းနဲ့ ဗစ်ဒယားဘာလန်တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဒီဇာတ်ကားလေးက ရွာတစ်ရွာကနေ ဘုံဘေမြို့ကိုတက်လာပြီး လမ်းဘေးဘဝကနေ အိန္ဒိယစီးပွားရေးသမားကြီးတစ်ယောက်ဖြစ်လာခဲ့တဲ့ ဂုရုကန့်ဒေဆိုင်းဆိုသူရဲ့အကြောင်းကို တင်ဆက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ရွာကနေ မြို့တက်စီးပွားရေးလုပ်ဖို့ မတည်ငွေကို မိန်းမယူပြီး ရတဲ့တင်တောင်းငွေနဲ့ စတင်လုပ်လာခဲ့ပုံ...။လက်ရှိဦးဆောင်နေတဲ့ စီးပွားရေးသမားကြီးတွေရဲ့အတ္တကိုဖြိုဖျက်ပြီး နေရာယူခဲ့ပုံ...။သူ့ထက်ငါနှာတစ်ဖျားသာစေရမယ်ဆိုတဲ့ စိတ်နဲ့ကြိုးစားရင်း အားလုံးအပေါ်ဩဇာလွှမ်းမိုးသက်ရောက်ခဲ့ပုံ...။ စသဖြင့် ဗဟုသုတရစေမယ့် အချက်တွေအများကြီးပါပါတယ်။သူ့ရဲ့လက်ကိုင်ဆောင်ပုဒ်က "ကျွန်တော်က ငြင်းတဲ့စကားလုံးဆို မကြားရဘူးဗျ" တဲ့လေဆိုတော့ ဂုရုကန့်ဒေဆိုင်းဖြစ်ချင်ရင်တော့ ဂုရုကန့်ဒေဆိုင်းလိုပြုမူနေထိုင်မှဖြစ်မယ်နော်ဆိုတဲ့ ဇာတ်ကားပါ ဒိုင်ယာလော့ခ်နဲ့အတူ ဇာတ်ကားလေးကို စီးမျောလိုက်ကြပါဦးနော်။ File size…3.1GB / 1.4GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Guru (2007)

2007
Lords of Dogtown(2005) 7.1
Lords of Dogtown(2005) Lords of Dogtown(2005)**********************Heath Ledger ရဲ့ အလန်းကားများစွာထဲက တစ်ကားဖြစ်ပါတယ်..အားကစားတွေထဲက စကိတ်စီးတာကလည်းတစ်ခေတ်ထခဲ့သလို ခုထိလည်းရိုးမသွားသေးပါဘူး၊ ဒီဇာတ်ကားကတော့ စကိတ်ကိုရူးရူးမူးမူးစွဲလမ်းခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်အကြောင်းဖြစ်ရပ်မှန်လေးပါပဲ။ ဇာတ်လမ်းလေးကတော့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ လူငယ်ခြေတက် ဆယ်ကျော်သက်ကောင်လေးတစ်စု ‌ရေလွှာစီးလိုက် စကိတ်စီးလိုက်ပျော်ပျော်နေကြတယ်ပေါ့လေ။ တိုနီ၊ဂျေး နဲ့ စတေဆီတို့ပါပဲ။ စကိတ်စီးတာကလည်းခေတ်ထလာတော့ စီးပွားရေးသမားတွေက ကောင်လေးတွေကိုသုံးပြီးငွေရှာဖို့ကြံ၊ ကောင်လေးတွေကလည်း စကိတ်စီးနေရရင်ပြီးရောဆိုတဲ့ ငယ်ဘဝကနေ ငွေရေးကြေးရေ၊ အချစ်ရေးတွေပါ စိတ်နှစ်ရမယ့်အရွယ်ရောက်လာခဲ့တဲ့အခါမှာတော့..... လူငယ်သဘာဝပျော်ပျော်နေတာတွေ၊ စကိတ်စီးတာတောင် သူများခြံထဲဘယ်လိုခိုးဝင်စီးခဲ့တာတွေ၊ သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲတာတွေ၊မိသားစုလိုသံယောဇဉ်တွေကိုပါမြင်တွေ့ရမယ့် ဖြစ်ရပ်မှန်ကားကောင်းလေးပါပဲFile Size :(1.8 GB)(931 MB) and (230 MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:48:00 Genre : Biography , Drama , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Lords of Dogtown(2005)

On the Road(2012) 6.0
On the Road(2012) On The Road (2012)================IMDb-6/10ဒီဇာတ်လမ်းလေးက အမေရိကန်စာရေးဆရာ Jack Kerouac ရဲ့“ On the Road” ဆိုတဲ့ အထင်ကရစာအုပ်ကို အခြေခံပြီးရိုက်ကူးထားပါတယ် ။ စာအုပ်ထဲမှာ ဆိုရင် Jack က ဆယ် အဖြစ်နဲ့သူ့သူငယ်ချင်း စာရေးဆရာ Allen Ginsberg ကို ကာလို အဖြစ်နဲ့တခြားသူငယ်ချင်းတွေနဲ့ ခရီးတွေ သွားဖြစ်ကြတဲ့အကြောင်း ၊ကြုံရဆုံရ လူ့ဘဝအကြောင်းတွေကို ရေးသားထားပါတယ်။ ဒါကိုဒါရိုက်တာ Walter Salles က သူ့ရဲ့ ရုပ်ရှင်ရုပ်ရှင်ပိတ်ကားထက်မှာပညာသားပါပါ အနုပညာပညာဆန်ဆန် ရိုက်ကူးပြသထားပါတယ်။လူငယ်စာရေးဆရာ ဆယ် ပါရာဒိုက် ဟာ သူ့အဖေသေဆုံးပြီးနောက်စာရေးဖို့ စိတ်ကူးဉာဏ်တွေ ပျောက်ဆုံးနေတဲ့အချိန်…ဒင်း နဲ့ တွေ့ဆုံပြီးစိတ်တူကိုယ်တူ သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ ဒင်း ကဆေးသုံးတယ် မိန်းမလိုက်စားတယ် အရှုပ်ထုပ်တွေ လုပ်တတ်တဲ့ သူပါ။ဆယ် တစ်ယောက် ဒင်းနဲ့ အတူ အမေရိကတစ်ခွင်က ...
movie

On the Road(2012)

The Past(2013) 7.7
The Past(2013) The Past(2013)============= မိန်းမနှင့်ကွာရှင်းစာချုပ်တွင်လက်မှတ်ထိုးရန် အာမက်တစ်ယောက်အီရန်မှပြန်ရောက်လာခဲ့သည်။ သံယောဇဉ်တွယ်ခဲ့သည့်ကလေးများနှင့်ပျော်ရွှင်စွာနှုတ်ဆက်ပြီး ပြင်သစ်မှထွက်ခွာရန်စီစဉ်လာရာ မမျှော်လင့်သောအိမ်ထောင်ဉီးစီးအသစ်နှင့်တွေ့ရှိလိုက်ရသည်။၎င်းနောက်ဘာတွေဆက်ဖြစ်မလဲ။ပြဿနာပေါင်းစုံရှာနေတဲ့ သမီးကြီးကရောဘာတွေသိထားတာလဲ။ချစ်တဲ့ကလေးအတွက် စောင့်ရှောက်ပေးရာက နှစ်မိသားစုရဲ့အလယ်မှာအာမက်တစ်ယောက် မဆီမဆိုင်ပြဿနာတွေထဲဝင်ပါရပါတော့တယ်။ဒါတွေအားလုံးရဲ့လျှို့ဝှက်ချက်နောက်ကွယ်ကဘာလဲ။လူတိုင်းက အမှားကိုပြုလုပ်တတ်ကြကြောင်းကိုဂရုပြုရိုက်ပေးထားတဲ့The Past ကားလေးမှာဒရာမာကောင်းကောင်းကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ကြည့်နေကျအမေရိကန်ရုပ်ရှင်တွေနဲ့မတူပဲ ဉရောပကားလေးမိုလို့ပရိသတ်တွေ ခံစားချက်အသစ်အဆန်းတစ်မျိုးကိုရရှိမှာပါ။ပုံမှန်ရုပ်ရှင်တွေလို ဇာတ်ကွက်မရှုပ်ဘဲ မိသားစုတွေကြားမှာဖြစ်တဲ့ အဖြစ်အပျက်တွေကိုရိုက်ထားတာပါ။ယောကျ်ားနဲ့မိန်းမ အမေနဲ့သမီး မိသားစုတွေကြားမှာထားတဲ့ မေတ္တာ သံယောဇဉ်ကိုရိုက်ပြထားပုံကိုလည်းတွေ့ရမှာပါ။ဇာမ်းလမ်းအေးပေမဲ့ လှပစွာရေးသားထားတဲ့ဇာတ်ညွှန်းနဲ့ လူ့သဘာဝတွေအသေးစိတ်ရိုက်ပြထားပုံက ပရိသတ်တွေကိုအဆုံးထိကြည့်ဖြစ်အောင်ဆွဲဆောင်စေမှာပါ။တွေ့နေကျကားများထက် သဘာဝကျတဲ့ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။မင်းသမီးကလည်း အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကိုဆွတ်ခူးထားပါတယ်။ဒါကြောင့် အချိန်ပေးပြီးကြည့်ရူရင်း ပြင်သစ်ရုပ်ရှင်ရဲ့ကောင်းမွန်ပုံကို ခံစားလိုက်ကြပါစို့။ File size…2.92GB / 990MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 10m Genre ..... Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin
movie

The Past(2013)

Raze(2013) 5.7
Raze(2013) Raze(2013)============Saw နဲ့ခပ်ဆင်ဆင်ဖြစ်တဲ့ ဒီဇာတ်ကားမှာတော့ မိန်းကလေးတွေကိုပဲမြေအောက်အချုပ်ခန်းထဲဖမ်းထားပြီး အချင်းချင်း လက်ဗလာနဲ့မသေမချင်းချခိုင်းတယ်။ အကြောင်းကတော့ အဲ့လိုသတ်ပွဲမျိုးကိုမှကြိုက်တဲ့ လူချမ်းသာတွေကြောင့် အဖွဲ့အစည်းထောင်ပြီး အဲ့လိုသတ်ပွဲတွေကိုစီစဉ်ပေးတာကြောင့်ပါ။တစ်ယောက်နဲ့တစ်ယောက်တောင်မသိကြပဲ အပြန်အလှန်သတ်ကြတာကိုသွေးသံရဲရဲပါတဲ့ အခန်းတွေနဲ့ကြည့်ရမှာမို့ action ကြိုက်တဲ့သူတွေအတွက်တော့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။(ဘာသာပြန်နဲ့အညွှန်းကတော့ Kasashi ဖြစ်ပါတယ် ) File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ..... Action , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi
movie

Raze(2013)